အသင်...ဆံပင်တွေ ဖြူနေပြီ စိတ်ထားမဖြူနိုင်သေးဘူးလား?
အသင်...ဆံပင်တွေကျွတ်နေပြီ အကျွတ်တရား မရနိုင်သေးဘူးလား?
အသင်...ထိပ်ပြောင်နေပြီ ကိလေသာ ပြောင်အောင်မလုပ်နိုင်သေးဘူးလား?
အသင်...မျက်စိ မှူန်နေပြီ တရားအတွက် စမ်းတ၀ါးဝါး ဖြစ်နေတုံး ပဲလား?
အသင်... နားထိုင်းနေပြီ တရားနာဖို့ ထိုင်းမှိုင်းနေတုံးပဲလား?
အသင်...အသက် ရှူသံ ချို့ တဲ့နေပြီ အာနာ ပါန လုပ်ဖို့ ချို့ တဲ့နေတုံး ပဲလား?
အသင်...လျှာထူနေပြီ မကောင်းမှူမှာ ထူပူနေတုံးပဲလား?
အသင်...သွား ကျိုးနေပြီ မာန်မာန မကျိုးနိုင်သေးဘူးလား?
အသင်...ပါးစပ် ရွဲ့ နေပြီ ကုသိုလ် ကိုအရွဲ့တိုက်နေတုံးပဲလား?
အသင်...အသံပြာနေပြီ ခုထိ ဗျာ များနေတုံးပဲလား?
အသင်...လက်တွေတုန်နေပြီ ပုတီး ကိုင်ဖို့  ချီတုံချတုံ ဖြစ်နေတုံးပဲလား?
အသင်...ခြေထောက်တွေ ယိုင်နေပြီ အမှားဘက်ကို ယိုင်နေတုံးပဲလား?
အသင်...အသားအရေတွေ တွန့် နေပြီ ကုသိုလ် လုပ်ဖို့ တွန့် နေတုံးပဲလား?
အသင်...ခါးကိုင်းနေပြီ ရတနာ သုံးပါးကို မကိုင်းရှိုင်းနိုင်သေးဘူးလား?
အသင်...စိတ်တွေဝေနေပြီ ၀ိပဿနာလုပ်ဖို့  တွေဝေနေတုံးပဲလား?
အရှင် သုခမိန္ဒ
တက္ကသီလ မဟာဓမ္မာစရိယ
0 comments:
Post a Comment