Sunday, August 18, 2013

မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်မည့် မာဒေးကားဖလား ပွဲစဉ်များထုတ်ပြန်


ရန်ကုန် ၊ ၁၈-၈-၂၀၁၃

မလေးရှား အမျိုးသား အထိမ်းအမှတ် အဖြစ် ကျင်းပမည့် ၂၀၁၃ မာဒေးကား ဘောလုံးပြိုင်ပွဲ ကို မြန်မာလက်ရွေးစင် ယူ-၂၃ အသင်း ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာလ ၇ ရက်တွင် မြန်မာ အသင်းသည် ထိုင်း လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှုအဖြစ် မလေးရှား ဘောလုံး အဖွဲ့ချုပ်က ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင် ၄ သင်းဖြစ်သည့် အိမ်ရှင် မလေးရှား ၊ စင်ကာပူ ၊ မြန်မာ နှင့် ထိုင်း အသင်းတို့သည် ယူ-၂၃ အသင်းများဖြင့် ၀င်ရောက် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

၂၀၁၃ ခုနှစ် မာဒေးကားဖလား ပြိုင်ပွဲ ပွဲစဉ်များကို

(၇-၉-၂၀၁၃)
ညနေ(၅း၃၀) မလေးရှား - စင်ကာပူ ( Darul Malcumur Stadium )
ညနေ(၈း၄၅) မြန်မာ - ထိုင်း ( Darul Malcumur Stadium )

(၉-၉-၂၀၁၃)
ညနေ(၅း၃၀) ထိုင်း - စင်ကာပူ ( Darul Malcumur Stadium )
ညနေ(၈း၄၅) မလေးရှား - မြန်မာ ( Darul Malcumur Stadium )

(၁၁-၉-၂၀၁၃)
ညနေ(၈း၄၅) မလေးရှား - ထိုင်း ( Darul Malcumur Stadium )
ညနေ(၈း၄၅) စင်ကာပူ - မြန်မာ ( Temerolh Stadium )

(၁၄-၉-၂၀၁၃)
ညနေ(၅း၃၀) တတိယလုပွဲ
ညနေ(၈း၄၅) ဗိုလ်လုပွဲ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...