Monday, September 2, 2013

အပျိုမလေးတွေ မငိုရလေအောင်




ဆရာ အတ္တကျော်ရဲ့ စာစုလေးတွေ ကို မိန်းကလေးများ အတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။


ကလေးမလေးတစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြန်တယ်။


လူမှုရေးကိစ္စတွေစေတနာ့ဝန်ထမ်းနား ထောင်ပေး၊ကူတွေးပေးတဲ့ အလုပ်ကလေးလုပ်နေတာ တစ်နှစ် ကျော်၊ နှစ်နှစ် နီးခဲ့ပြီ ဆိုတော့လည်း ကျွန်တော့်ဆီကိုရောက်ရောက်လာသူတွေ မနည်းလှပါဘူး။ ဒါပေမယ့်
အများစုကတော့အိမ်ထောင်ရှင်အမျိုးသမီးတွေသာ ဖြစ်ပါတယ်။


အမျိုးသားတွေထဲကလည်း အခုနောက်ပိုင်းမှာတော့ အမျိုးသမီး အရေအတွက်လောက် မများဦးတောင် တိုးတိုးပြီးရောက်လာနေကြတာ တွေ့ရတော့ ကြည်နူးရတယ်။


လာကြတဲ့အထဲမှာ အင်မတန်နည်းတာကတော့ အပျိုပေါက်အရွယ် ကလေးမလေးတွေပါ။


သည်တစ်ခေါက်ရောက်လာတဲ့ ကလေးမလေးနဲ့ တွေ့ဖြစ်ချိန်မှာ ကျွန်တော့်အတွက်ရေးစရာက ရလို့ သွားပြန်တယ်။ တစ်ဆက်တည်းမှာပဲ ယောက်ျားတွေရဲ့အချစ်ကိုအကျယ်တဝင့် ရေးပြဖြစ်ခဲ့မိတဲ့ အတွက် လည်း ကျေနပ်ကြည်နူးမိသွားရတယ်။



(တချို့ယောက်ျားတွေကတော့ ကျွန်တော့်ကို ချီးမွမ်းခြေကျောက် လုပ်ကြတယ်။ဘာလို့ ဖွင့်ချရတာတုန်းတဲ့ ဗျား။)


သည်လိုပါ။ ကလေးမလေးမှာက ချစ်သူ ရှိတယ်။ ကလေးမလေးက အသက် ၁၈နှစ်၊ ဒုတိယနှစ်တက်နေတဲ့ ကျောင်းသူလေး။ အဲဒါ သူ့ချစ်သူက သူ့ကိုဆိတ်ကွယ်ရာသွားဖို့ မရမကခေါ်နေသတဲ့။ ကလေးမလေးက လည်း ငြင်းတယ်။ ကလေးမလေးရဲ့စကားက ရှင်းပါတယ်။


“သမီး အိမ်ထောင်မပြုချင်သေးဘူးဆရာ၊ သမီးမှာ ရည်မှန်းချက်တွေလည်း ဘာဆိုဘာမှ မပြည့်စုံသေးဘူး။ မိဘတွေကိုလည်း သမီး လုပ်ကျွေးချင်သေးတယ်”



သိပ်ကောင်းတဲ့ စကားလေး။

Credit to ဇော်သိင်္ခ ..
မိုးကောင်းကင်

လူကိုယူပါ ဘုရားကိုချမ်းသာပေးပါ


From : ..wirathu


ရန်ကုန်တိုင်း၊ သံလျင်မြို့၊ သိပ္ပံလမ်းမှာနေသည့် ဗမာမိန်းကလေးတစ်ယောက်။ အမည်က(……)၊ အသက်(…..) နှစ်။ ဘွဲ့ရပြီးသူ။

သူမအလုပ်လုပ်သည့်ဆိုင်ရှင် အိမ်အမှတ်(၁၄)၊ သီရိလမ်းမှ ဦးဝင်းမောင်+ဒေါ်သန်းသန်းဝင်း၏သား အောင်ကျော်ထွန်းနှင့် လက်ထပ်ယူကြသည်။ မယူခင် လွတ်လပ်စွာကိုးကွယ်ကြဖို့ ကတိပေးခဲ့ကြသော်လည်း ရက်ပိုင်းအတွင်း အောင်ကျော်ထွန်း သဘောထားပြောင်းလဲလာခဲ့။
နှစ်ဖက်မိဘများအိမ်မှာ မနေကြဘဲ အိမ်ငှားနေကြခြင်း၏ ရည်ရွယ်ချက်က ဘာသာရေးလွတ်လပ်မှု ရှိစေချင်၍ ဖြစ်သော်လည်း အစ္စလာမ်ဘာသာထဲ ဝင်ရမည်ဟု အောင်ကျော်ထွန်းက ဆိုလာသည်။ ဗလီတက်ပြီး ပြန်လာချိန်မှ စဖောက်ခြင်းဖြစ်သည်ဟု မိန်းကလေးက ဆိုလာသည်။
မိန်းကလေးက မကူးပြောင်းသည့်အခါ အောင်ကျော်ထွန်းက ပညာစပြတော့သည်။ ဈေးဖိုးလုံးဝ မပေးတော့။ ဟင်းချက်စရာမရှိ၍ ထမင်းမချက်ဘဲ ကောင်မလေးက သူမ မိဘများအိမ် လိုက်စားဖို့ အောင်ကျော်ထွန်းကို ခေါ်သွားသည်။ ဘုရားစင်မြင်လျှင် စားမရ-သောက်မရဟုဆိုကာ ထမင်းလည်းမစားနိုင်၊ ရေလည်းမသောက်နိုင် ဖြစ်ခဲ့သူက အောင်ကျော်ထွန်း။
ဤသို့ဖြင့် လင်မယားနှစ်ယောက်လုံး သူ့အိမ်သူပြန်စား၊ ကိုယ့်အိမ်ကိုယ်ပြန်စားစနစ်ဖြင့် ဆက်လက်ပေါင်းသင်း နေထိုင်ကြလေ၏။

မကြာလိုက်ပါ အောင်ကျော်ထွန်းက ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှု ပြုလာတော့သည်။ မဝင်လျှင် ကွာရှင်းပေးရမည်ဟု အောင်ကျော်ထွန်းက တောင်းဆိုလာသည်။ ကောင်မလေးက "ခုယူ ခုကွဲ မလုပ်နိုင်" အရှက်တရားဖြင့် ရပ်တည်ရသောမိန်းကလေးတစ်ယောက်ဖြစ်၍ ချက်ခြင်းကြီး မကွာရှင်းနိုင်ဟု ငြင်းဆိုလိုက်သည့် အခါ အောင်ကျော်ထွန်းက ရှေ့နေခေါ်လာပြီး လက်မှတ်ထိုး ကွာရှင်းခိုင်းတော့၏။ ကောင်မလေးဘက်မှ အသိသက်သေမရှိသည့်အခါ ဆိုင်ကယ် ကယ်ရီသမားကို လက်မှတ်ထိုးခိုင်းကြလေသည်။

15.8.2013 ရက်နေ့မှာ လက်မှတ်ထိုးကွာရှင်းပေးပြီးသည့်အခါ ကောင်မလေးက ညှဉ်းပန်းနှိပ်စက်ပြီး ဘာသာသိမ်းသွင်းမှုဖြင့် တရားစွဲလိုက်၏။ ရဲစခန်းက တရားရုံးကို ဦးတိုက် လျှောက်ခိုင်း၏။ တရားရုံးက လက်ခံပြီး ရဲကိုပင် ပြန်စစ်ဆေးခိုင်း၏။ ယခုလ (၆) ရက်နေ့ (6.9.2013) မှာ တရားခွင်မှာ စတင်စစ်ဆေးမည် ဖြစ်သည်။
အောင်ကျော်ထွန်း(ခ) ဘစ်တာ ကလည်း ပြန်တိုက်သည်။ မီးရှို့မည်၊ အကြမ်းဖက်မည်ဟု ခြိမ်းခြောက်သည်ဟု ကောင်မလေး၏ မိဘများကို ပြန်တရားစွဲခြင်း ဖြစ်၏။
သူတို့ဇာတ်လမ်းလေးက သိပ်မကြာလိုက်
3.7.2013 မှာ မန္တလေးသို့ ခိုးပြေးကြသည်။
6.7.2013 မှာ ပြန်ရောက်သည်။
15.8.2013 မှာ ကွာရှင်းသည်။
6.9.2013 မှာ တရားရုံးချိန်းသည်။
ဤမျှသာ ဖြစ်ပါ၏။
သူတို့နှစ်ယောက်သည် တိုက်အမှတ် (၆)၊ အခန်း (၄)၊ အောင်နိမိတ်လမ်း၊ အောင်မင်္ဂလာရပ်ကွက်မှာ အိမ်ငှားနေထိုင်ကြပြီးမှ ကွာရှင်းခဲ့ကြခြင်းဖြစ်ရာ အိမ်ရှင်များက မိန်းကလေးဘက်မှ သက်သေလိုက်ပေးကြမည် ဆို၏။
အောင်ကျော်ထွန်း(ခ) ဘစ်တာက ပထမ-အေးအေးဆေးဆေး သိမ်းသွင်း၏။ ဒုတိယ-အကြမ်းဖက်လာ၏။ တတိယ- ဓားကြိမ်းကြိမ်းလာ၏။
မိန်းမယူထားပြီး မိန်းမကို ဘာသာသိမ်းသွင်းနိုင်မှ ငါ့အသိုင်းအဝိုင်းမှ လက်မထောင်နိုင်မှာ။ မသိမ်းသွင်းနိုင်ရင် မျက်နှာငယ်ရတယ်။ ဘာသာခြားမိန်းကလေးတွေကို လက်ထပ်ယူပြီးရင် ဘာသာသိမ်းသွင်းရတာဟာ အစ္စလာမ်ရဲ့ တာဝန်ပဲ ဟု အောင်ကျော်ထွန်း(ခ)ဘစ်တာက အမြဲပြောသည်ဆို၏။
ယခုတော့ ဘာသာမတူ၍ အိမ်သူမဖြစ်နိုင်တော့။ တစ်ခြားမည်သည့်အကြောင်းမျှ မရှိဘဲ၊ ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြ၏။
ဘာသာက အဓိကလား၊ လူကအဓိကလား….?
ဘာသာကိုချစ်တာလား၊ လူကိုချစ်တာလား….?
ဘာသာကိုယူတာလား၊ လူကိုယူတာလား…..?
ဘာသာကိုလိုချင်တာလား၊ လူကိုလိုချင်တာလား….?
အားနွဲ့သည့် လူများစုကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးကြပါဗျာဟု ဗျိုး….ဟစ်လိုက်ချင်တော့၏။
လူကိုယူပါ၊ ဘုရားကိုချမ်းသာပေးပါ မစ္စတာကုလားတို့ရာ- ဟုတ်ဘူးလား….?။
အကြောင်းစုံသိလိုက-ဦးပညာဓဇ=09-421007251 သို့ဆက်သွယ်ပြီး၊ ကောင်မလေးနှင့် တိုက်ရိုက် ပြောနိုင်ပါသည်။



၁၆နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို လိင်မှု ကျူးလွန်ရန် အားထုတ်ကြိုးပမ်းခဲ့ သည့် ဟိန္ဒူဂုရုကြီး အဖမ်းခံရ


From : ..YMG







ဆိတ်ငြိမ်သော ဘာသာရေး ရိပ်သာတစ်ခု၌ ၁၆နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို လိင်မှု ကျူးလွန်ရန် အားထုတ်ကြိုးပမ်းခဲ့ သည်ဟုစွပ်စွဲခံရပြီးနောက် ကျော် ကြားသော၊ ကိုးကွယ်ယုံကြည်ခံ
ရသော အိန္ဒိယဂုရုကြီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသခံအရာရှိတစ်ဦးက စက် တင်ဘာ ၁ရက်တွင်ပြောကြား ခဲ့သည်။

နောက်လိုက်များစွာကို ဆွဲ ဆောင်ပြီး ကိုယ်ပိုင်ဟန်ရှိသူဟိန္ဒူ ဂုရုများစွာအနက်တစ်ဦးဖြစ်သူ အာဆာရမ်ဘာပူကို စက်တင်ဘာ ၁ရက်က အင်ဒိုးမြို့လယ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် အသက် ၇၂နှစ်အရွယ် ဂုရုကြီးကို မိန်းကလေးအား လိင်မှုကျူးလွန် ရန် အားထုတ်ကြိုးပမ်းခဲ့သော အ နောက်ပိုင်းရှိ ဂျော့ဒ်ပူရ်မြို့သို့ လေယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ သည်။ မိန်းကလေး၏မိဘများ မှာလည်း ၎င်းဂုရုကြီးကို ကိုးကွယ် နေသူများဖြစ်သည်ဟု ဒေသခံရဲ အရာရှိ အဂျေးပါးလ်လမ်ဘာက ပြောကြားခဲ့သည်။
''ဂုရုကြီးကို သူ့ကိုစွပ်စွဲထား တာနဲ့ပတ်သက်ပြီး ဂျော့ဒ်ပူရ်ရဲ စခန်းသို့လာရောက်ဖြေရှင်းဖို့ ပြောခဲ့ပေမယ့် သူကျန်းမာရေး မကောင်းလို့ နောက်ထပ်အချိန် ပေးဖို့ တောင်းဆိုခဲ့တယ်''ဟု ရဲ တပ်ဖွဲ့ကလည်း အခွင့်အရေးပေး ခဲ့သော်ကြောင်း ဂျော့ဒ်ပူရ်မှ ဒုရဲ မင်းကြီးလမ်ဘာက အေအက်ဖ် ပီသို့ ပြောကြားခဲ့သည်။

မုတ်ဆိတ်ဖြူဂုရုကြီး ၎င်း အပေါ်စွပ်စွဲချက်များကို ပယ်ချခဲ့ ပြီး နိုင်ငံရေးနှင့်ဆိုင်သော ကြံ စည်မှုဟုဆိုသည်။ လိင်ပိုင်းဆိုင် ရာတိုက်ခိုက်မှုမှာ ဩဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည်။ ထိုစဉ်က အာဆာရမ်သည် လိင်ပိုင်းဆိုင် ရာတိုက်ခိုက်ခံရသူ မိန်းကလေး ၏မိဘများအပါအဝင်နောက် လိုက်များအတွက် တရားကျင့် ရိပ်သာတစ်ခုကို ပြုလုပ်ပေးနေ ခဲ့ချိန်ဖြစ်သည်။

သမီးဖြစ်သူတွင် မကောင်း ဆိုးဝါးဝိညာဉ်များပူးဝင်စွဲကပ်နေ ပြီး ၎င်းအနေဖြင့် သမီးဖြစ်သူ နှင့် နှစ်ဦးတည်းတွေ့ရန်လိုအပ် ကြောင်း ဂုရုက မိန်းကလေး၏မိဘများကို ပြောကြားခဲ့သည်။ ဂုရုကြီးအခန်းကို မိန်းကလေး တစ်ဦးက ခိုးဝင်ရောက်ပြီးနောက် နှစ်ရက်ကြာ ဂုရုကြီးက ၎င်းအား လိင်ပိုင်းဆိုင်ရာ စော်ကားရန် အားထုတ်ခဲ့ကြောင်း မိန်းကလေး က ၎င်း၏မိဘများကိုတိုင်သည်။ မိန်းကလေးမိသားစုက ဂုရုနှင့် ထိပ်တိုက်တွေ့ရန်ကြိုးစားသော် လည်း ဂုရုက အတွေ့မခံသဖြင့် ရဲကိုတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးကပြောခဲ့သည်။




Google Glass ရောင်းချမည့်ရက်ကို ၂၀၁၄ ခုနှစ်သို့သတ်မှတ်












Ref & Credit: Smart Pro Journal

ဘောလုံးအဖွဲ့ချုပ် ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး နေပြည်တော်အသင်း ဖီဖာအထိ အယူခံဝင်မည်







နေပြည်တော်အသင်းသည် ၎င်းတို့ ၏ အယူခံလွှာအား ဘောလုံးအ ဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ထံ အယူခံတင်သွားရန် ရည်ရွယ် ထားကြောင်း သိရသည်။


နေပြည်တော် အသင်းအ နေဖြင့် ၎င်းတို့အား ချမှတ်ထား သော ပြစ်ဒဏ်များကို ဩဂုတ် ၁၉ ရက်က အယူခံတင်သွင်းထား ခဲ့ပြီး ၂၀၁၄ င်္ဗဃ ဃကစ ပြိုင်ပွဲ များအား အိမ်ကွင်းတွင် လက်ခံ ကျင်းပခွင့်ရရန် ဘောလုံးအဖွဲ့ ချုပ်ထံ တောင်းဆိုထားခဲ့သော် လည်း ဘောလုံးအဖွဲ့ချုပ်မှ လက် ခံရရှိသေးခြင်း မရှိကြောင်း သိ ရသည်။


နေပြည်တော်အသင်း၏ စီမံမန်နေဂျာ ဦးဇော်ဝင်းက ''ကျွန် တော်တို့အနေနဲ့ ဘောလုံးအဖွဲ့ ချုပ်ကို အယူခံတင်ထားတာ ဩ ဂုတ် ၁၉ ရက်ကတည်းကပါ။ ကျွန် တော်တို့ဆီမှာ စာလက်ခံ ရှိပါ တယ်။ ကျွန်တော်တို့ရဲ့စာက ဘာ ဖြစ်လို့ တာဝန်ရှိသူတွေဆီ မ ရောက်တာလဲဆိုတာ နားမလည် ဘူး။ အဲဒီတော့ ကျွန်တော်တို့အ နေနဲ့ နောက်ထပ်တစ်ပတ် စောင့် ကြည့်ဦးမယ်။ ဘာမှထူးမလာဘူး ဆိုရင် ကျွန်တော်တို့ တခြားဟာ ကို စဉ်းစားမယ်။ အရင်က ဖီဖာ မှာ အယူခံဝင်ဖို့ စီစဉ်ခဲ့ပေမယ့် အဆင့်မကျော်ချင်လို့ ဘောလုံး အဖွဲ့ချုပ်ကို အရင်စာတင်ခဲ့တာ ပါ။ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြည့်ပြီး ဖီဖာအထိ အယူခံဝင် သင့် မဝင်သင့် ဆုံးဖြတ်သွားမှာ ပါ''ဟု ပြောသည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ''နေ ပြည်တော်အသင်းဘက်က တ ရားဝင် တင်သွင်းလာတဲ့ အသ နားခံစာရော၊ အယူခံစာရော မ ရောက်ရှိ သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆီကို ရောက်ရှိလာ ခဲ့မယ်ဆိုရင်တောင် အခုအချိန် မှာ ချက်ချင်းဆုံးဖြတ်ပေးမှာ မ ဟုတ်ပါဘူး။ ဒီကိစ္စကို သေသေ ချာချာ ပြန်လည်သုံးသပ်သွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆုံး ဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချ မှတ်လို့ မရပါဘူး။ င်္ဗဃ ဃကစ ပြိုင်ပွဲကို အိမ်ကွင်းမှာ ကျင်းပနိုင် ဖို့ဆိုတာကိုလဲ အခုအချိန်မှာ ပြော လို့မရနိုင်သေးပါဘူး''ဟု ပြောကြား ခဲ့သည်။


စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေး ကလည်း နေပြည်တော်အသင်း ၏ အယူခံဝင်စာအား လက်ခံမ ရရှိသေးကြောင်းနှင့် အယူခံလွှာ ရရှိလာပါကလည်း ယင်းကိစ္စ အား အယူခံကော်မတီ ဖွဲ့စည်းပြီး မှ ဆုံးဖြတ်သွားမှာဖြစ်ပြီး ၎င်း တို့နှင့် မသက်ဆိုင်ကြောင်း ပြော သည်။


ညီမိုဃ်း၊စက်တင်ဘာ(၂) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

ငါးပိ ဓာတ်ခွဲစမ်းသပ်မှု ရက်ပိုင်းအတွင်း ထုတ်ပြန်မည်









ဈေးကွက်အတွင်းမှ ဓာတ်မြေသြဇာ အသုံးပြုထားသည်ဟု ယူဆရသော ငါးပိများကို စစ်ဆေးရန် အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေး ဦးစီးဌာနသို့ သြဂုတ်လ ၂၆ ရက်နေ့တွင် ပေးပို့ထားရာ ဓာတ်ခွဲ ခန်းအဖြေကို ရက်ပိုင်းအတွင်း ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။


ဓာတ်ခွဲစစ်ဆေးရန် ဧရာဝတီတိုင်းဒေသကြီး ဘောလယ်ရွာမှ ငါးပိများနှင့် ရန်ကုန်မြို့ အင်းစိန်ဈေး မှငါးပိများကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဓာတ်ခွဲခန်းအဖြေ ထွက်ရှိလာလျှင် တရားဝင် ထုတ်ပြန် ကြေညာသွားရန် ရှိကြောင်း ၎င်းကဆိုသည်။


“ဒီလိုငါးပိစစ်တာက ပထမဦးဆုံးဆိုတော့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေအတွက် လယ်ယာစိုက်ပျိုးရေးကို ဆက်သွယ်ထားတယ်လို့ FDA ကပြောတယ်” ဟု ဦးဗအုပ်ခိုင်က ထပ်မံပြောကြားသည်။


သြဂုတ်လအတွင်းက စားသုံးသူ ကာကွယ်ရေးအသင်းမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကျို ငါးပိများတွင် ငါးအရိုးများ လျင်မြန်စွာ နူးစေရန် ဓာတ်မြေသြဇာထည့်သွင်း အသုံးပြုနေကြောင်း ပြောကြား ခဲ့သည်။


ယင်းကြောင့် စားသုံးသူ ကာကွယ်ရေးအသင်းက နေရာဒေသ သုံးမျိုးမှ ရေကျိုငါးပိများကို ကျန်းမာရေး ဝန်ကြီးဌာနရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်သည်။


“စစ်ဆေးချက်အဖြေ ဘယ်လိုထွက်ထွက် စားသင့်တဲ့ ငါးပိကို ရွေးတတ်ဖို့ ပညာပေးလုပ်သွားမယ်။ ဒါပေမဲ့ ဧရာဝတီတိုင်းက လုပ်နေတာတော့ သေချာတယ်” ဟု ဦးဗအုပ်ခိုင်က ဆက်လက်ပြော ကြားသည်။


ငါးပိအတွင်း ဓာတ်မြေသြဇာ ပါဝင်ခဲ့သောသတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ရေကျိုငါးပိ ဈေးကွက်တွင် ရောင်းအား ကျဆင်းခဲ့ကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောကြားသည်။


၂၀၀၉ ခုနှစ်က ငါးပိအတွင်း ဆိုးဆေး အသုံးပြုသည့် ပြဿနာများကြောင့် ဈေးကွက်အတွင်းရှိ ငါးပိ အမျိုးအစားအချို့ကို ကျန်းမာရေးဝန်ကြီးဌာနက စားသုံးရန် မသင့်ကြောင်း ကြေညာခဲ့သည်။


The Voice Weekly

အပျိုကြီးများ အတွက် ကြေငြာချက်များ...

 
 

ကြေညာချက် အမှတ် ၃/၂၀၀၉ ( အပျိုကြီးများ သိသာရန် )

၁. သတ်မှတ်ချက်(က)

အသက် ၂၇နှစ်ကျော်ပြီး လက်ဆုပ်လက်ကိုင်ရည်းစားမပြသေးနိုင်သူ အမျိုးသမီးများအား အပျိုကြီးအဖြစ် သတ်မှတ်သည်။

(ရှိပါက ဆုပ်လည်း ဆုပ်ပြရမည် ကိုင်လည်းကိုင်ပြရမည် ... အော် ... လက်ကိုပြောတာပါ..)

ယခင်က experience ဟောင်းများကို ခံစားခွင့်ရမည်မဟုတ်ချေ။ လက်ရှိမျက်မှောက် အခြေအနေကိုသာ ဆိုလိုသည်။

သတ်မှတ်ချက်နှင့် အကျုံးမ၀င် စေရန်အလို့ငှာ... လိမ်ညာခြင်း၊ အယောင်ဆောင်ခြင်းအစား ထိုးခြင်း ပြု လုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံရမည်ဖြစ်သည်။


၂. သတ်မှတ်ချက်(ခ)

လက်ရှိရည်းစား ရှိသော်လည်း လစာကို လည်းကောင်း ကုန်ဈေးနှုန်းကို လည်းကောင်း အမျိုးမျိုး အကြောင်းပြပြီး လက်ထပ်ရန်အချိန်ဆွဲနေ သူများသည်လည်း နောက်တိုးစာရင်းဖြင့် အကျုံးဝင်ကြောင်း ရှင်းလင်းစွာ သိရှိစေရမည်။





တားမြစ်ချက်(က/၁)

အမျိုးသားများနှင့်ပါတ်သတ်ပြီး . ထိုသတ်မှတ်ချက်နှင့်ကိုက်ညီသော အပျိုကြီးများသည် အချင်းချင်းသော် လည်းကောင်း အုပ်ဖွဲ့ပြီးသော် လည်းကောင်း ငယ်ရွယ်သူ အမျိုးသမီး ငယ်လေးများကိုသော် လည်းကောင်း ယောက်ျားမကောင်းကြောင်း ပြောကြားပါက အပြစ်ကြီးပါက ချက်ခြင်း ကတုံးရိတ်ပြီး သီလရှင် ၀တ်ပေးခံရမည် ဖြစ်သည်။(သို့မှသာ ယောက်ျားများနှင့်ကင်းအောင်နေနိုင်မည်ဖြစ်သည်)

တားမြစ်ချက်(က/၂)

အချစ်ရေးနှင့်ပါတ်သတ်ပြီး အချစ်သည် မကောင်းကြောင်း အထက်ပါအတိုင်း ကျူးလွန်ပါက မြို့လည်ခေါင် လူစည်ကားရာ (ရန်ကုန်မြို့ဖြစ်ပါက ဆူးလေအ၀ိုင်း၊ အခြားနယ်မြို့များဖြစ်ပါက မြို့နာရီစင်ရှေ့တွင်) ၁ နာရီတိတိ မချစ်ရင်မနေနိုင်တာကလွဲလို့ သီချင်းကို အော်ဆိုရမည်။

(သို့မှသာ အပြစ်ကို အကျိုးဆောင်ပြီးကျေစေနိုင်မည်ဖြစ်သည်)

တားမြစ်ချက်(က/၃)

အိမ်ထောင်ရေးနှင့် ပါတ်သတ်ပြီး အထက်ပါ အကျုံးဝင်သူ အပျိုကြီးများသည် အိမ်ထောင်ရေး မကောင်းကြောင်းကို (ဟုတ်သော်ရှိမဟုတ်သော်ရှိ) မကောင်းကြောင်း ပြောကြားခဲ့သည်ဖြစ်သော် အိမ်ထောင်ရေးကောင်းကြောင်း နှစ်သိမ့်ဆွေးနွေးပညာပေးသင်တန်းတွင် စာတွေ့လက်တွေ့ကို ကာလအပိုင်း အခြားတခုအထိ သင်တန်းတက် ရောက်ရမည်။

မှတ်ချက်(၁)။ ။ ကာလအပိုင်းအခြားဆိုသည်မှာ ကျူးလွန်သည့်အပြစ် အလေးအပေါ့ ရုပ်ရည်နှင့် အမူအကျင့် အပေါ် မူတည်ပြီး ကွဲပြားကြောင်း သိရှိစေရမည်။

တဆက်တည်းတွင် ထိုသင်တန်းအတွက် သင်တန်းနည်းပြ ဆရာများ အလိုရှိနေသည်ဖြစ် ရာ ယောက်ျားတို့ တတ်အပ်သော ပညာများ ကျွမ်းကျင်သူ ယောက်ျားတိုင်း အသက်အပိုင်းအခြား ကန့်သတ်မှုမရှိဘဲ လာရောက်လျောက်ထားနိုင်သည်။

(လူဦးရေ ကန့်သတ်မထားသော်လည်း ဦးရာလူ နေရာကောင်း ရမည်)

မှတ်ချက်(၂)။ ။ အဆိုပါအပျိုကြီးများပြစ်မှုကျူးလွန်ရာတွင် ပါးစပ်ဖြင့် မပြောသော်လည်း Online မှ chat ခြင်း Blog တွင်ရေးသားခြင်း Mail ပို့ခြင်းစသည် media-based ပြစ်မှုများလည်း အကျုံးဝင်သည်။

Final တားမြစ်ချက်

ယောက်ျားများ၏အချစ်သည် မယုံကြည်ရသောကြောင့် ၄င်းတို့နှင့်အိမ်ထောင်မပြုသင့်ဟု ပြောဆိုခဲ့ပါမူ တားမြစ်ချက် (၁။က/ခ/ဂ)တို့အား တပြိုင်နက်ကျူးလွန်သူဖြစ်သောကြောင့် အထက်ပါအပြစ် (၃) ခုစလုံးအား တလှည့်စီကျခံရမည်ဖြစ်သည်။



နောက်ဆုံးပိတ်ကြေညာချက်

အကျုံးဝင်သူအားလုံးတို့သည် ပြစ်မှုမကျူးလွန်ရသေးလင့်ကစား အချိန်မရွေးပြစ်မှုကျူးလွန်နိုင်သူများဟု သတ်မှတ်ပြီး အပြည်ပြည်ဆိုင်ရာ လူသားမျိုးနွယ်စောင့်ရှောက်ရေး အသင်းကြီးမှ နေ့ည မပြတ်ေ စာင့်ကြည့်ခြင်း ခံရမည်။

အခါအခွင့်သင့်သော လူသားမျိုးနွယ်စောင့်ရှောက်ရေး ဆွေးနွေးပွဲများတွင် ဓါတ်ပုံနှင့်တကွ ရှုံ့ချခြင်းခံ ရမည်။

အပျိုကြီးများ ရှင်းလင်းစွာ နားလည်သဘောပေါက်စေလိုသည်မှာ မိမိတို့ ညံ့ဖျင်းသောကြောင့်သာ ဘ၀ကြင်ဖော် ရှာမရသေးသည် ဖြစ်ကြောင်း ပင်ဖြစ်သည်။

(ကြေညာချက် ၄/၂၀၀၉ မကြာမီ မျှော် ... )

အပြည်ပြည်ဆိုင်ရာ လူသားမျိုးနွယ်စောင့်ရှောက်ရေး အသင်းကြီး၊မြန်မာပြည်ရုံးခွဲ။

တဒင်္ဂပြုံးပျော်ရင်း အမောပြေနိုင်ပါစေ...........................

Credit - Original Writer

ဆန္ဒပြ ပြည်သူများကို သတ်ဖြတ်ရန် လှုံ့ဆော်မှုဖြင့် မော်စီကို စွဲချက် တင်မည်


Monday, September 2, 2013

အီဂျစ်အစိုးရသည် သမ္မတဟောင်း မိုဟာမက် မော်စီအား ဆန္ဒပြ
ပြည်သူများကို သတ်ဖြတ်ရန် လှုံ့ဆော် စေခိုင်းမှုဖြင့် စွဲချက်တင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ အီဂျစ် အစိုးရ ရှေ့နေများက ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလတွင် ကိုင်ရိုမြို့တော်ရှိ သမ္မတနန်းတော် အပြင်ဘက်တွင်
ဖြစ်ပွားသော အကြမ်းဖက် ပဋိပက္ခများနှင့် စပ်လျဉ်းပြီး မော်စီကို စွဲချက်တင်ရန် ကြိုးစားနေကြောင်း ပြောဆိုခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့များနှင့် ဆန္ဒပြသူများကြား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ထိုစဉ်က အနည်းဆုံး လူ(၇)ဦးမျှ သေဆုံးခဲ့သည်။ မော်စီ အစိုးရကို အားပေး
ထောက်ခံခဲ့သည့် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့မှ အဖွဲ့ဝင် (၁၄)ဦးကိုလည်း အလားတူ စွဲချက်ဖြင့် တရားစွဲဆိုရန် စီစဉ်နေသည်။

မော်စီသည် ဇူလိုင်လက အာဏာသိမ်းခံရပြီး ကတည်းက လျှို့ဝှက်နေရာ တစ်ခုတွင် ထိန်းသိမ်း ခံထားရသည်။ ၎င်းသည် အခြားစွဲချက် အများ
အပြားနှင့်လည်း ရင်ဆိုင်ရဖွယ် ရှိနေသည့်တိုင် ယခုစွဲချက်သည် ပထမဆုံး တရားရုံးတင်မှု ဖြစ်လာနိုင်ကြောင်း သိရသည်။

၎င်းရာထူးမှ ပြုတ်ကျပြီးကတည်းက စစ်တပ်က ထောက်ခံသော ကြားဖြတ် အစိုးရသည် မော်စီလိုလားသည့် ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုများ
ပြုလုပ်ခဲ့သည်။ (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာလက (၄)ရက်နေ့က ထောင်နှင့်
ချီသော ဆန္ဒပြသူများသည် မော်စီအစိုးရကို ဆန့်ကျင်ကြောင်း သမ္မတ နန်းတော်ရှေ့တွင် စုရုံးခဲ့ပြီး ထိုစဉ်က လုံခြုံရေး တပ်ဖွဲ့များနှင့် ပဋိပက္ခများ
ဖြစ်ပေါ်ခဲ့ပြီး ယင်းအတွက် ယခုအချိန်တွင် စွဲချက်တင်ရန် စီစဉ်လာခြင်းလည်း
ဖြစ်သည်။

Planet Myanmar Network

လန်ဒန်မြို့မှ နော့တင်ဟေးလ် ကာနေဗယ်လ်ပွဲတော်


အဆိုပါ ပွဲတော်ကို (၁၉၆၆)ခုနှစ် ကတည်းက ပုံမှန် ကျင်းပလာခြင်း ဖြစ်သည်။ နော့တင်ဟေးလ် ကာနေဗယ်လ်သည် လူအများ လမ်းပေါ်ထွက်လာကာ ကျင်းပကြသည့် ဥရောပ၏ အကြီးဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ကန်ဆင်တန်နှင့် ချယ်လ်ဆီးအရပ်ရှိ လမ်းမများပေါ်တွင် နှစ်စဉ် ပြုလုပ်မြဲဖြစ်သည့် နော့တင်ဟေးလ် ကာနေဗယ်လ် ပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲတော်ကို (၁၉၆၆)ခုနှစ် ကတည်းက ပုံမှန် ကျင်းပလာခြင်း ဖြစ်သည်။ နော့တင်ဟေးလ် ကာနေဗယ်လ်သည် လူအများ လမ်းပေါ်ထွက်လာကာ ကျင်းပကြသည့် ဥရောပ၏ အကြီးဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။ ယခုနှစ်တွင်မူ (၂)ရက်ကြာ အချိန်သတ်မှတ် ကျင်းပခဲ့သည်။ ကာရေဘီယန် ဒေသတွင် ခေတ်စားသည့် ကာနေဗယ်လ် ပွဲတော်များကဲ့သို့ပင် လှပဆန်းကျယ်စွာ တောက်တောက်ပြောင်ပြောင် တန်ဆာဆင်ထားသော ဘီကနီများ၊ ငှက်မွှေးငှက်တောင်နှင့် အလှဆင်ထားသည့် ဖက်ရှင်များ၊ ထူးထူးဆန်းဆန်း ဝတ်စားဆင်ယင်ပုံများနှင့်အတူ လူအများအပြား လမ်းပေါ်လှည့်လည် ကပြကြသည်။

ထူးခြားသော အသွင်အပြင်နှင့် ယာဉ်ကြီးများကိုလည်း အလှဆင် ဖန်တီးပြီး လှည့်လည်ကြသည်။ ယခုနှစ် နော့တင်ဟေးလ် ကာနေဗယ်လ် ပွဲတော်တွင် လုံခြုံရေး ဆောင်ရွက်ရင်း လူအများနှင့်အတူ ပျော်ရွှင်စွာ ဝင်ရောက်ကခုန်ခဲ့သည့် လန်ဒန်ရဲတပ်ဖွဲ့ဝင် အချို့၏ ဗီဒီယိုမှာ အင်တာနက်တွင် လူကြိုက်အများဆုံး ရယ်ရွှင်ဖွယ် မှတ်တမ်း တစ်ခုလည်း ဖြစ်လာခဲ့သည်။ ပွဲတော်တွင် အရက်သေစာ သောက်စားမှု၊ ရမ်းကားမှုကြောင့် လူပေါင်း (၁၆၀)ကျော်ကိုမူ ရဲများက ခေတ္တ ထိန်းသိမ်းခဲ့ရကြောင်းလည်း သိရသည်။ ထို့အပြင် လန်ဒန် ကြက်ခြေနီ ရဲတပ်ဖွဲ့သည် ခိုက်ရန်ဖြစ်ပွားမှု ပြဿနာ အချို့ကြောင့် လူ(၃၀၀)ဝန်းကျင်ကို အသေးစား ကုသမှုများ ပြုလုပ်ပေးခဲ့ရကြောင်းလည်း ဆိုသည်။ ယခုနှစ် နော့တင်ဟေးလ် ကာနေဗယ်လ်တွင် နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည်များ အပါအဝင် လူ(၁)သန်းကျော် တက်ရောက်ခဲ့သည်ဟုလည်း သတင်းများက ခန့်မှန်း ဖော်ပြသွားသည်။

Planet Myanmar Network

ဒေါ်လာ ၉၀၀၀ နီးပါးတန်ကြေးရှိ ပုလဲလည်ဆွဲနှင့် ပုလဲရင်ထိုးနှစ်ခုကို အမေရိကန်သမ္မတကတော်အတွက် မြန်မာသမ္မတ လက်ဆောင်ပေးခဲ့


ဒေါ်လာ ၉၀၀၀ နီးပါးတန်ကြေးရှိ ပုလဲလည်ဆွဲနှင့် ပုလဲရင်ထိုးနှစ်ခုကို အမေရိကန်သမ္မတကတော်အတွက် မြန်မာသမ္မတ လက်ဆောင်ပေးခဲ့

Credit:ပြည်မြန်မာ

"မိခင်တစ်ယောက်ရဲ့ မုသားဖြူ ၈ ခု"




အလွန် ဆင်းရဲနုံချာလှတဲ့ ဘ၀တွေအဖြစ် မွေးဖွားခဲ့ရတဲ့အတွက် အဲဒီ့ အိမ်လေးမှာ ၀လင်အောင်စားဖို့ စားစရာ လုံလုံလောက်လောက် ဘယ်တော့မှ မရှိခဲ့ပါဘူး ...။
စားစရာ နည်းနည်းလောက် ရလာခဲ့ရင် ... အမေဖြစ်သူက သူ့သားလေးကို ပြောလေ့ရှိတယ် ...
"ဒီထမင်းခဲလေးကို သားလေး စားလိုက် .. အမေကတော့ မဆာဘူး သားရဲ့ ..."

ကလေးလေး အသက်နည်းနည်းကြီးလာတော့ အမေဖြစ်သူက အလုပ်လုပ်ပြီးလို့ အချိန်ပိုရင် အိမ်နားကမြစ်ထဲမှာ ငါးနည်းနည်းလောက် ရလိုရငြား သွားမျှားလေ့ရှိတယ် ...။ သူ့သားအတွက် အာဟာရဖြစ်တဲ့ အစားအသောက်နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ကျွေးချင်လို့ပေါ့ ...။ ငါးသွားမျှားတိုင်း သူမဟာ ငါးနှစ်ကောင်လောက် ရတယ်...။ တစ်ကောင်ကိုတော့ ငါးစွပ်ပြုတ် လုပ်ပေးတယ် ... သူ့သားလေးအတွက်ပေါ့...။
သူ့သား ငါးစွပ်ပြုတ်လေးသောက်ပြီး ငါးကြော်စားနေတဲ့အချိန်မှာ သူကတော့ ကျန်တဲ့ အရိုးလေးတွေနဲ့ ဘေးမှာ ထိုင်စားနေတာပေါ့ ...။
ကလေးဟာ သူ့အမေဒီလို အရိုးအရင်း အကျန်လေးတွေနဲ့ စားနေတာကိုမြင်ရပြီး စိတ်မကောင်းတော့ သူ့အမေကို သူ့ပန်းကန်ထဲက ငါးကြော်အသားလေးတွေဖဲ့ပြီး ထည့်ပေးတယ် ...။ ဒါပေမယ့် အမေဖြစ်သူက
"သားစားမှာသာစားစမ်းပါကွယ် ... အမေက ငါး မကြိုက်ဘူး သားရဲ့ ..." တဲ့။

သားလေးအရွယ်ရောက်လာတော့ အမေဖြစ်သူဟာ သူ့သားပညာရေးအတွက် အလုပ်ပိုပြီး ကြိုးစားလုပ်ရတယ် ...။
အ၀တ်ချုပ်တဲ့အိမ်က အ၀တ်တွေကို အိမ်ယူလာပြီး လက်ချုပ်လိုက်ပေးရတယ် ...။
ဒါက သူ့သားလေး ပညာရေးရှေ့ဆက်ဖို့ ငွေရှာတဲ့နေရာမှာ တစ်စိတ်တစ်ပိုင်းတော့ အထောက်အကူပြုနိုင်တယ်လေ ...။
ဆောင်းညတစ်ည တော်တော်ညဥ့်နက်နေတဲ့အချိန်မှာ ... သားဖြစ်သူ အိပ်ရာကနိုးလာပြီး သူ့အမေတစ်ယောက် ဖယောင်းတိုင်မီးလေးနဲ့ တကုပ်ကုပ် အ၀တ်ချုပ်နေတာကိုမြင်လိုက်တယ် ...။
ကောင်လေးက "အမေ မအိပ်သေးဘူးလား" လို့မေးလိုက်တော့ ...
"သားလေးပြန်အိပ် ပြန်အိပ် .. အမေ မအိပ်ချင်သေးလို့ ရှိတဲ့ အလုပ်လေးတွေ လက်စသတ်နေတာ" ဆိုပြီး သူမက ပြုံးပြီးပြောတယ် ...

သူ့သားလေး အတန်းတင်စာမေးပွဲရောက်တဲ့ အချိန်မှာ ...သားနဲ့အတူ ကျောင်းကို လိုက်စောင့်ပေးခဲ့တယ် ...။ သူ့သားစာမေးပွဲဖြေလို့ မပြီးမချင်း နေပူအောက်မှာ နာရီများစွာ ရပ်စောင့်နေခဲ့တယ် ...။ သူ့သား စာမေးပွဲခန်းထဲက ထွက်လာတော့ ချက်ချင်း အမေရှိရာဆီကို ပြေးလာခဲ့တယ် ...။
အဲဒီ့အချိန်မှာ အမေဖြစ်သူက သားလေးအတွက် ကြိုဝယ်ထားတဲ့ လက်ဖက်ရည်ခွက်လေးကို ကမ်းပေးလိုက်တယ် ...။ သားဖြစ်သူဟာ သူ့အမေ နေပူထဲမှာ ချွေးတွေအတော်ထွက်နေတာကို မြင်သွားတော့ ... လက်ဖက်ရည်ခွက်လေးကို သူ့အမေဆီကိုလှမ်းလိုက်ရင်း "အမေလည်းသောက်လေ"ဆိုပြီး ပြောလိုက်တယ်။ ဒါပေမယ့် အမေဖြစ်သူကတော့ ...
"သားပဲသောက်ပါကွယ် ... အမေ ရေမဆာပါဘူး" တဲ့ ...။

ကလေးရဲ့ အဖေဖြစ်သူ ဆုံးပါးသွားကတည်းက အမေဖြစ်သူဟာ တစ်ယောက်တည်းနဲ့ သူ့သားကို ပြုစုစောင့်ရှောက်ခဲ့တယ် ...။ အလုပ်တွေလုပ်ရတယ် .. စားရိတ်တွေကို မျှတအောင်ကြိုးစားရတယ် ... မငတ်အောင်ရုံးကန်ခဲ့ရတယ် ...။ အိမ်နီးချင်းတွေက ဆင်းရဲတွင်းနက်နေတဲ့ သူတို့ဘ၀ကို မြင်တော့ အမေဖြစ်သူကို နောက်ထပ်အိမ်ထောင်ပြုဖို့ တိုက်တွန်းကြတယ် ...။ ဒါပေမယ့် အဲလိုလာပြောကြတိုင်း အမေလုပ်သူက ငြင်းတယ် ...
"ကျွန်မအတွက် အချစ်ဆိုတာ မလိုအပ်ပါဘူး" တဲ့ ...။

သားဖြစ်သူ ပညာရေးမှာ အောင်အောင်မြင်မြင်ပြီးဆုံးသွားတော့ အလုပ်တစ်ခုရတယ် ... အဲတော့ သူ့အမေကို "အမေပင်ပန်းလှပြီ .. အလုပ်မလုပ်ပါနဲ့တော့" ဆိုပြီး ပြောတယ် ...။ ဒါပေမယ့် သူမဟာ မနက်တိုင်း ဈေးမှာ အသီးအရွက်တွေရောင်းဖို့ သွားမြဲ သွားဆဲပါပဲ ...။ သူ့သား သူ့ကိုပို့ပေးတဲ့ ပိုက်ဆံတွေကို အမြဲတမ်း ပြန်ပို့တယ် ...။ ဒီလိုပြောရင်းနဲ့ပေါ့ ...။
"အမေ့မှာ ပိုက်ဆံရှိပါတယ် သားရယ်"

သားဖြစ်သူဟာ လစာကောင်းတဲ့ အလုပ်ကိုရရှိသွားတော့ သူ့အမေကို အမေရိကားကို ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ... သူအခု ရှိနေတဲ့နေရာပဲလေ ...။ ဒါပေမယ့် အမေဖြစ်သူဟာ သူ့သားကို သူ့အတွက် ဒုက္ခမခံစေချင်ဘူး ... ၀န်ထုတ်ဝန်ပိုးမဖြစ်စေချင်ဘူး ...
"အဆင့်အတန်းမြင့်တဲ့ နေရာ တွေမှာ အမေမနေတတ်လို့ပါသားရယ် ... ကိုယ့်ဇာတိမြေမှာပဲ အမေနေချင်ပါတယ်" တဲ့ ...။

အသက်အရွယ်တော်တော်ရလာတော့ ... အမေဖြစ်သူဟာ ကင်ဆာရောဂါခံစားရပြီး ဆေးရုံတင်ထားလိုက်ရတယ် ...။ ပင်လယ်တွေခြားနေတဲ့ သားဖြစ်သူဟာ ခွဲစိတ်မှုပြီးလို့ အိပ်ယာပေါ်လှဲနေရတဲ့ သူ့အမေဆီကို အလျှင်အမြန်နဲ့ ပြန်လာခဲ့တယ် ...။ သားဖြစ်သူကိုမြင်တော့ သူမကြိုးစားပြီး ပြုံးလိုက်တယ် ...။ ဒါပေမယ့် သူ့အမေဟာ အရမ်းပိန်ပြီး အားနည်းနေရှာတာကိုမြင်လိုက်ရတော့ သားရဲ့ ရင်ထဲမှာ ဆို့နင့်ပြီး ခံစားလိုက်ရတယ် ....
အမေဖြစ်သူ ပြောတယ် ...
"မငိုပါနဲ့သားရယ် ... အမေသက်သာပါတယ်ကွယ် ... အမေဘာမှမဖြစ်ပါဘူး" တဲ့ ...။

ပေးဆပ်ခြင်းများစွာနဲ့ အမေဖြစ်သူဟာ သူမရဲ့ ရှစ်ခုမြောက်သော မုသားစကားကို ပြောပြီးပြီးချင်းပါပဲ ....
သူမရဲ့ ချစ်လှစွာသောသားရဲ့လက်ပေါ်မှာပဲ ကွယ်လွန်သွားရှာခဲ့ပါတယ် .....။

(သားသမီးများထံမှ ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက် တစ်စုံတစ်ရာမရှိပဲ ပေးဆပ်ခြင်းများစွာဖြင့် ပြုစုပျိုးထောင်ပေးကြသော အနန္တဂိုဏ်းဝင် မိခင်များအားလုံးကို ဂုဏ်ပြုလျှက် .....)

Translation Credit To အလင်္ကာမေကျော်

ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား သိန်းရာနှင့်ချီ၍ ၀ယ်ယူမည်ဟုဆို

ဘီလာရုစ်မှာ ကျင်းပနေတဲ့ Miss Supranational 2013 ကိုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား ခင်ဝင့်ဝါပရိသတ်တစ်ဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးမှ သိန်းရာဂဏန်းနီးပါးဖြင့် ၀ယ်ယူရန်ဆက်သွယ်လာကြောင်း ခဲခြစ်ပုံတူဆွဲသူထံမှ ပြောကြားခဲ့တယ်လို့ သိရသည်။ မည်သည့် ငွေပမာဏဖြင့် ၀ယ်ယူမည်ဆိုသည်ကို တိတိကျကျမသိရသေးပေ။
ဝယ်ယူရတဲ့ အကြောင်းရင်းက ယခုကဲ့သို့ နိုင်ငံတကာနှင့်ယှဉ်၍ မြန်မာဆိုတာကမ္ဘာသိအောင် အရှက်တရားကို ဘေးချိတ်ပြီး Miss Supranational 2013မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ 
ခဲခြစ်ပုံတူဆွဲသူကလည်း အဆိုပါရောင်းလို့ ရရှိလာမယ့်  ငွေတွေကို ခင်ဝင့်ဝါကို ပေးအပ်ဖို့စီစဉ်သွား မှာ   ဖြစ်ပြီး လက်မခံပါက လူမှုရေးလုပ်ငန်းတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
အရှက်ကိုမငဲ့ကွက်ဘဲ မြန်မာဆိုတာ ကမ္ဘာကသိဖို့ Bikini ၀တ်ယှဉ်ပြိုင်ရဲတဲ့ ခင်ဝင့်ဝါ အပေါ် အွန်လိုင်းပေါ်မှ ချီးကျူးမှုတွေများပြားခဲ့ပြီး အဆိုပါ ခဲခြစ်ပုံတူကို သိန်းချီပေးဝယ်မည့်သူအား ချီးကျူးလျက်ရှိကြောင်း သိရပါတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေ ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေ ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ခဲ့တဲ့ ဆွယ်တာအဟောင်းကို သိန်း ၆၃၀ ဖြင့် လေလံဆွဲခံခဲ့  ရပါ တယ်။ လေလံဆွဲသူမှ မည်သည့်ရည်ရွယ်ချက်ဖြင့် ၀ယ်ခဲ့တယ်ဆိုတာမသိခဲ့ရသလို ရောင်းရငွေတွေကို လည်း မည်သည့်နေရာတွေမှာ သုံးခဲ့မှန်းမသိခဲ့ရပါဘူး။ ဒါ့အပြင် ၀တ်ပြီးသားဆွယ်တာတစ်ထည်အပေါ် ဘာရည် ရွယ်ချက်နဲ့ အမြတ်ထုတ်ချင်လို့ ၀ယ်ခဲ့မှန်းမသိကြ၍ ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။

အစိမ်းရောင်ဗျူဟာစီမံကိန်းကြောင့်လည်း သယံဇာတခွန်များ ရှမ်းပြည်နယ်မှ ရရှိနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်အတွင်း၌ အကောင်အထည်ဖော်နေသည့် အစိမ်းရောင်ဗျူဟာ ဧက-၉၀၀ ကျော် စီမံကိန်းဖြင့် တောတောင်ထွက် သဘာဝသယံဇာတများကို ကုမ္ပဏီများသို့ တရားဝင်လုပ်ပိုင်ခွင့် ပြုထားသည်ဟု ရှမ်းပြည်နယ် သစ်တောနှင့်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။
အဆိုပါ အစိမ်းရောင်ဗျူဟာစီမံကိန်းမှာ ၂၀၁၁-၂၀၁၂ခုနှစ်အတွင်းမှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကာလမှာ (၁၀)နှစ်ဖြစ်ကြောင်း၊   နိုင်ငံခြားသို့တင်ပို့သမျှ  တောတောင်သယံဇာတ ကုန်ပစ္စည်းများအပေါ်တွင် နိုင်ငံတော်မှ စုစု ပေါင်း အခွန်ငွေ ၃၄ရာနှုန်းရရှိကြောင်း သိရှိရသည်။
 “ နမ့်ခမ်းမှာရှိနေတဲ့ ထုံးကျောက်ထုတ်လုပ်ငန်းတွေက တရားဝင်လုပ်ပိုင်ခွင့်ရရှိထားတာတွေပါ၊ အစိမ်းရောင်ဗျူဟာ စီမံကိန်းက ဧက၉၀၀ကျော် ပါဝင်ပါတယ်။ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်မှာ ၁၀နှစ်တာ ထုတ်လုပ်ခွင့် ကျထားပါတယ်” ဟု ရှမ်းပြည်နယ် သစ်တောနှင့်သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
နိုင်ငံတော်အနေနဲ့ သစ်တောသယံဇာတပြုန်းတီးမှုများမှ ကာကွယ်ရန် လာမည့်နှစ်မှ၍ ရှမ်းပြည်နယ်အတွင်း တစ်နှစ် လျှင် ကျွန်းသစ် တန်ငါးသောင်းကျော်နှင့် သစ်မာခြောက်သောင်းကျော် စုစုပေါင်းတန်တစ်သိန်းကျော်သာ ထုတ်လုပ်မည်ဖြစ်၍ ယမန်နှစ်ထုတ်လုပ်မှုထက် သုံးပုံတစ်ပုံလျော့ချထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ နမ့်ထွန် ထုံးကျောက်တောင်နှင့် အခြားတောင်စွယ်တောင်တန်းများ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေမှုနှင့်ပတ်သက်၍ နမ့်ခမ်းဒေသခံတစ်ဦးက ယခုကဲ့သို့ ဆိုသည်။
“ တရုတ်ကို တင်သွားတဲ့ ထုံးကျောက်တုံးကြီးတွေက ဘယ်လောက်ကြီးသလဲဆိုရင် အချို့ဆို ကားတစ်စီးကို တစ်တုံး၊ နှစ်တုံးလောက်ပဲ တင်လို့ရတယ်။ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ အမြောက်အမြား လုပ်ကိုင်နေလို့လည်း သဘာဝသယံဇာတတွေ ပြုန်းတီးရတယ်။ နောက်ပြီး ဒီဒေသက မီးသွေးကို တရုတ်ပြည်ကို အဓိက ထားပြီးတင်ပို့နေတာဆိုတော့ တရုတ်ကို တစ်နေ့တစ်နေ့ ဘာတွေထွက်နေလဲဆိုတာ အကုန်သိရတယ်” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောသည်။
တရုတ်ပြည်သို့ အနိမ့်ဆုံးတစ်နေ့လျှင် မီးသွေးကားအစီး၂၀ကျော် ထွက်ရှိနေပြီး သစ်လုံးကား အနည်းဆုံး၁၀စီး ပျမ်းမျှ ထွက်ရှိနေသည်ဟု ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ် နယ်စပ်ဒေသနေ ပြည်သူများထံမှ သိရှိရသည်။
ကွတ်ခိုင်ဒေသခံပြည်သူများအနေဖြင့် အစိမ်းရောင်ဗျူဟာစီမံကိန်းမှ ထုတ်လုပ်နေသည်ကို မသိရှိကြသော်လည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မြေလွတ်မြေရိုင်းများပေါ်၌ ဧကခြောက်သိန်းဇီဝလောင်စာထုတ်လုပ်ရေး သစ်ပင်စိုက်ပျိုးမည့် စီမံကိန်းကို ဒေသခံများအနေဖြင့် နိုင်ငံတော်သမ္မတအပါအ၀င်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ကန့်ကွက်စာရေးသားပေးပို့ ထားသည်ဟု သိရှိရသည်။ 
မြစ်မခ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မောင်တောမြို့ ရခိုင်တိုင်းရင်းသား ဒေသခံနေရာသို့ ရောက်ရှိစဉ် တိုင်းရင်းသား ဒေသခံနေရာ ဖြစ်သည့်အတွက် အခြားဒေသသို့ စွန့်ခွာမသွားဘဲ ဆက်လက်နေထိုင်ကြရန် တိုက်တွန်း

Y-2-9
မစ္စတာနမ်ဘီးယား ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း မောင်တောမြို့နယ်၊ မောရ၀တီကျေးရွာမှ ဒုက္ခသည်များနှင့် တွေ့ဆုံစဉ်
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား မောင်တောသို့ ရောက်ရှိစဉ် ဤနေရာ ဤဒေသမှာ တိုင်းရင်းသား ဒေသခံများ၏ နေရာဖြစ်သည့်အတွက် အခြားဒေသသို့ စွန့်ခွာမသွားဘဲ ဆက်လက်နေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနှင့် အဖွဲ့မှာ မောင်တောနယ်စပ်ရှိ မောရ၀တီကျေးရွာသို့ စက်တင်ဘာ ၁ ရက် မွန်းလွှဲ ၁၂ နာရီခွဲ အချိန်တွင် ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး မောရ၀တီကျေးရွာမှ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့စဉ် ယင်းသို့တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့်အတူ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့်အဖွဲ့ လိုက်ပါခဲ့ကြောင်း သိရသည်။
"ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ခုအချိန်မှာ တစ်ဖက်နှင့်တစ်ဖက် ပြန်လည်အဆင်ပြေ လာတာကို ဒီမှာတွေ့ရပါတယ်။ ဒီဒေသဟာ တိုင်းရင်းသား ဒေသခံတွေရဲ့ နေရာဖြစ်လို့ ဒီဒေသကို စွန့်ခွာပြီး တခြားဒေသကို မသွားဘဲ ဆက်လက်နေထိုင်ဖို့ လိုပါတယ်" ဟု မစ္စတာနမ်ဘီးယားက ပြောကြားသည်။
၂၀၁၂ ဇွန်လ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားသည် ရခိုင်သို့ ပထမအကြိမ် ရောက်ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုခရီးစဉ်သည် ၎င်း၏ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။ မောင်တောနယ်စပ်သို့ အောက်တိုဘာလတွင် တစ်ကြိမ်ရောက်ရှိခဲ့ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
"ကင်တားနား လာတုန်းကတော့ ကျွန်တော်တို့ဆီကို မရောက်ခဲ့ဘူး။ ကျွန်တော်တို့ကို မေ့ထားသလို ခံစားရတယ်။ အခု မစ္စတာနမ်ဘီးယားကတော့ ကျွန်တော်တို့ကိုလာပြီး အားပေးစကားပြောလို့ ၀မ်းသာမိပါတယ်။ ပြောရမယ်ဆိုရင် ရခိုင်ပဋိပက္ခမှာ ဘင်္ဂလီတွေ လူမျိုးသုဉ်း သတ်ဖြတ်ခံရတယ်လို့ နိုင်ငံတကာက လုပ်ကြံပြောကြပေမယ့် တကယ့်အဖြစ်မှန် မဟုတ်ပါဘူး။ မောင်တောက တိုင်းရင်းသားတွေရဲ့ အခြေအနေကို အမှန်သိဖို့ လိုပါတယ်" ဟု မောရ၀တီကျေးရွာသား တစ်ဦးက ပြောသည်။

Eleven

အီတာလျံ အာကာသယာဉ်မှူး အာကာသသို့ လမ်းထွက်လျှောက်စဉ် ရေနစ်သလိုဖြစ်ပြီး ကံကောင်း၍ အသက်ဘေးမှ လွတ်မြောက်လာ


အီတာလျံ အာကာသယာဉ်မှူး အာကာသသို့ လမ်းထွက်လျှောက်စဉ် ရေနစ်သလိုဖြစ်ပြီး ကံကောင်း၍ အသက်ဘေးမှ လွတ်မြောက်လာ
အီတာလျံလူမျိုး အာကာသယာဉ်မှူး လူကာပါမီတာနိုသည်   နိုင်ငံတကာ အာကာသစခန်း International Space Station (ISS) မှ ထွက်၍ အာကာသတွင်းသို့ လမ်းလျှောက်နေစဉ်
သူ၏မျက်စိနှင့် နားရွက်ထဲသို့ ရေများလောင်းထည့် လိုက်သလို ခံစားလိုက်ရပြီး သူ၏ အာကာသ ဆောင်းဦးထုပ်အတွင်း ရေများဝင်ရောက် လာပြီး တဖြည်းဖြည်း ပြည့်လာကာ မြေကမ္ဘာမစ်ရှင် ကွန်ထရိုးမှ သိရှိသွား၍သူ၏ အဖွဲ့သား ခရစ္စတိုဖာ ကက်စီဒီကိုလည်း လမ်းလျှောက် ထွက်ခြင်းကို ဆက်မလုပ်စေတော့ဘဲ နိုင်ငံတကာ အာကာသစခန်း အတွင်းသို့ ပြန်ဝင်နေ ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။
လူကာပါမီတာနိုလည်း သူ၏ အသက်ကယ်ကြိုးကို မျက်စိဖြင့် မြင်နေရပြီး ထိုအသက်ကယ်ကြိုးကို အသုံးပြု၍ နိုင်ငံတကာ အာကာသစခန်းသို့ ပြန်လှည့်ကာ လေလုံပိတ် အခန်းအတွင်းကို ပြန်ရောက်ရန် ကြိုးစားရတော့သည်။ ''ကျွန်တော် လေလုံပိတ် အခန်းဆီင်္ကို နောက်ကြောင်း ပြန်လျှောက်လာတုန်းမှာ ရေတွေကလည်း တဖြည်းဖြည်း ပြည့်သည် ထက် ပြည့်လာနေလိုက်တာ ကျွန်တော့နားကြပ်ကလေး တစ်ခုလုံး ရေမြုပ်ဝင်သွားပြီး နားကြပ်မှ တစ်ဖက်က ကျွန်တော့ကို စကားပြော ဆက်သွယ်တဲ့ အသံကိုလည်း   မကြားရတော့ပါဘူး။ ကျွန်တော့မျက်နှာကာ ရှေ့ပိုင်း တစ်ခုလုံးမှာလည်း ရေတွေပြည့်လု နီးပါးဖြစ်နေပြီး နားမကြားရုံတင်မက မျက်စိလည်း မမြင်ရတော့ဘူး။ ရေတွေက ကျွန်တော့ နှာခေါင်းတစ်ခုလုံးထိ ပြည့်သွားပြီး အဲဒီအချိန်မှာ ကျွန်တော့စိတ်တွေ တကယ်ကို အံ့သြဖွယ်ရာ ခံစားမှု ဖြစ်ပေါ်လာပါတယ်။ ကျွန်တော်ခေါင်းကို ရမ်းခါပြီး ရေတွေ ဖယ်ရှားဖို့ ကြိုးစားကြည့်ပေမဲ့လည်း အချည်းနှီးသာ ဖြစ်ပြီးပို၍ပင် ဆိုးလာပါတော့တယ်'' ဟု ပြောသည်။
ယခုဆို  ကျွန်တော့ အာကာသဆောင်း ဦင်္းထုပ် အပေါ်ပိုင်းတစ်ခုလုံး ရေများ ပြည့်နေသဖြင့် နောက်တစ်ကြိမ် အသက်ရှူသွင်းမည်ဆိုလျှင် ကျွန်တော့ အဆုတ်ထဲ ရောက်အောင်ရှူသွင်းဖို့ မဖြစ်နိုင်တော့ပါ။ သူ့အာကာသယာဉ် အဖွဲ့သားဖြစ်သော ကက်စီဒီ၏ အသံများ ကြားရမလားဟု နားစိုက်ထောင်ကြည့်သည်။ မရ။ ဗစ်ရှင်ကွန်ထရိုးလာ ရှိန်းအင်ဘရာဆီက အသံကြား ရမလား နားစိုက်သော်လည်း မကြားရ။ နောက်ဆုံး ရုတ်တရက် အသက်ကယ်ကြိုးကို သတိရလိုက်သည်။ အသက်ကယ်ကြိုး၏ နောက်ဘက်တွင် ရှိသော မက္ကင်းနစ် ဇင်စက်၏ ဆွဲအားက သုံးပေါင်အား(၁ ဒသမ ၃ ကီလိုဂရမ်) ရှိရာ ထိုအသက်ကယ်ကြိုးက သူ့ကို လက်ဝဲဘက်သို့ ဆွဲနေသည်။  သိပ်အများကြီးတော့ မဟုတ်ပါ။  သို့သော် ကျွန်တော်အသက်ကယ် ကြိုးနောက်လိုက်ပြီး  လေလုံခန်းဆီသို့ သွားရမည်ဆိုသည့် အသိက ဝင်လာ၍ တော်သေးသည်ဟု ဆိုရမည်။
ကျွန်တော် လှုပ်ရှားနေရသည်မှာ ကြာလှပြီဟု ထင်သည်။ အစအဆုံး မရှိသော ခရီးကြီးလိုပါလား။ တကယ်တော့ ဤကာလမှာ မိနစ်ပိုင်းမျှသာ ကြာသည်ဆိုသည်ကို ကျွန်တော် သိပါသည်။ နောက်ဆုံးတော့ စိတ်သက်သာခွင့် ရလိုက်ပါသည်။ ကျွန်တော့ မျက်စိရှေ့ရှိ ရေကန့်လန့်ကာကို ဖြတ်၍ ချောင်းကြည့်လိုက်ရာ  အပူထိန်း လေလုံပိတ်ခန်း တံခါးဆီ  ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။ နောက်ထပ်နည်းနည်းလေး အားစိုက် လိုက်လျှင်  ကျွန်တော့အတွက် စိတ်ချသွားရပြီလေ။
မမျှော်လင့်ဘဲ ဒုက္ခကပေါ်လာသဖြင့် ခြောက်နာရီကြာ အာကာသအတွင်း ထွက်၍ လမ်းလျှောက်ကာ ကြိုးတန်းသွယ်ခြင်း အလုပ်နှင့် အခြားနေ့စဉ် လုပ်ရိုးလုပ်စဉ် ပြုပြင်ထိန်းသိမ်းရေး အလုပ်များကို လုပ်ဆောင်ရန် ရှိသော်လည်း တစ်နာရီတည်းသာ အာကာသထဲကို ထွက်၍ လျှောက်ဖြစ်တော့သည်။
အမေရိကန် အာကာသ အေဂျင်စီနာဆာ အဖွဲ့သည် ယခုကဲ့သို့ လူကာပါမီတာနိုဆိုသူ အီတာလျံ လူမျိုး အာကာသယာဉ်မှူး ဖြစ်သွားရသည့် ကိစ္စကို စုံစမ်း စစ်ဆေးနေသည်။ ဤပြဿနာ ကို ပြန်လည်ပြုပြင်၍ မပြီးမချင်း အာကာသအတွင်းသို့  လမ်းထွက် လျှောက်ခြင်းကို ဆိုင်းငံ့ထားလိုက် ပါတော့သည်။
ကျွန်ုပ်တို့ အင်ဂျင်နီယာများ၏ ကျွမ်းကျင်မှုနှင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ နည်းပညာများက ရှုပ်ထွေး ခက်ခဲသော အရာတို့ကို ရှင်းလင်းလွယ်ကူအောင် ဖန်တီးပေးသည်။ နာဆာကလည်း  ပြီးခဲ့သည့် လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးကိုပို၍ ကျယ်ပြန့်စွာ ကြည့်ရှုပြီးနောက် အနာဂတ်တွင် အာကာသထဲ လမ်းထွက်လျှောက်ခြင်းကို လုံခြုံမှုနှင့် ဘေးကင်းမှုရှိအောင် အသေအချာ လုပ်ဆောင်ပါမည်ဟု ပြောသည်။
ကြာသပတေးနေ့တွင် နိုင်ငံတကာ အာကာသစခန်းတွင် ရှိသော   ရုရှား အာကာသ ယာဉ်မှူးနှစ်ဦးကလည်း အာကာသထဲသို့ လမ်းထွက်လျှောက်ပြီး အဝေးကြည့် မှန်ပြောင်း အသေးစားလေး တစ်ခု ကို တပ်ဆင်နိုင်မည့်ခုံတစ်ခု တပ်ဆင်ကြမည်ဖြစ်သည်။ ထို့ပြင် အာကာသယာဉ် ချိတ်ဆက် ဆိုက်ကပ်ပစ္စည်းများ တပ်ဆင်ရေးကို ဆက်လုပ်ကြဦးမည်ဟု သိရသည်။ ရုရှား အာကာသယာဉ်မှူးများ ဝတ်ဆင်ထားသောအာကာသဝတ်စုံသည် အမေရိကန် အာကာသ ဝတ်စုံနှင့်မတူပေ။ နိုင်ငံတကာ အာကာသ စခန်းတွင်  လောလောဆယ် အာကာသယာဉ်မှူး ခြောက်ဦး ရှိနေသည်။
လူကာပါမီတာနို  (၃၆ နှစ်)သည်  သူ့အာကာသ ဆောင်းဦးထုပ်ထဲသို့ ရေများဘယ်နေရာက ဘယ်လို ရောက်လာရသလဲဆိုသည့် ကိစ္စကို စဉ်းစားသည်။ သူ့သောက် ရေဘူးထဲက နေ၍ ရောက်ရှိလာခြင်းတော့ မဖြစ်နိုင်ဟု တွေးကြည့်သည်။ ထိုကိစ္စက သူ့ကို စိတ်ရှုပ် ထွေးသွား စေသည်။
သူဒုတိယအကြိမ် အာကာသထဲ လမ်းထွက်လျှောက်ရာတွင် ကြောက်စိတ်က ဖြစ်လာမည်။ သူသည် မေလထဲက နိုင်ငံတကာ အာကာသစခန်းတွင် ရောက်နေခဲ့ပြီး အီတာလျံ လူမျိုးထဲမှ ပထမဆုံး အာကာသထဲ  လမ်းလျှောက်သူ ဖြစ်လာခဲ့သည်။
နာဆာ၏ ဂျီမီနီပရိုဂရမ်ကို ၁၉၆ဝ ပြည့်နှစ်ကျော်နှစ်များက စတင်ခဲ့ရာ ယနေ့အထိ ဤဖြစ်ရပ်သည် ပထမဆုံး အတွေ့အကြုံဖြစ်ပြီး ရုတ်တရက် အာကာသထဲ၌  လမ်းထွက်လျှောက်သည့် အစီအစဉ်ကို ရပ်ပစ်လိုက်ရသည့် အဖြစ်မျိုးဖြစ်သည်။ အာကာသထဲ၌ လမ်းလျှောက်သူမှာ ဘာမျှမမြင်ရ၊ မကြားရ၊ မလုပ်နိုင်၊ မကိုင်နိုင်၊ မသွားနိုင်ဖြစ် သွားရခြင်းမျိုး ဖြစ်သည်။ အာကာသထဲ၌ လမ်းလျှောက်ခြင်းသည် အလွန်အန္တရာယ်ကြီးသည့်ကိစ္စပါ။  အကယ်၍ ချွန်ထက်သော ဥက္ကာခဲအစအန အမှုန်အမွှားလေး တစ်ခုထိမှန်လျှင်ပင် အာကာသဝတ်စုံ ပေါက်ပြဲသွားနိုင်သလို  နည်းနည်းကြီးသည် ဆိုလျှင်   လူကိုချက်ချင်း သေသွားစေမည် ဖြစ်သည်။
ကိုယ်ခန္ဓာအတွက်  အအေးပေးစနစ်မှ ရေတစ်လီတာ သို့မဟုတ် တစ်လီတာ ခွဲလောက်သည်  သူ၏ အာကာသဆောင်း ဦးထုပ်အတွင်းနှင့် အာကာသဝတ်စုံ အတွင်း စိမ့်ဝင်သွားခြင်း ဖြစ်သည်ဟု နာဆာအဖွဲ့က ခန့်မှန်းသည်။ အဆိုပါ စိမ့်ဝင်သွားသော ရေမှာ အိုင်အိုဒင်းပါသော ရေဖြစ်ပြီး အာကာသဝတ်စုံ၏ အောက်မှနေ၍ အတွင်းခံအဖြစ် ဝတ်ထားရပြီး  ပိုက်ဖြင့် သွယ်ထားသည်။ ယင်းစနစ်သည် ရေလေးလီတာ သို့မဟုတ် တစ်ဂါလန်နီးပါးကို အသုံးပြုသည်။ အာကာသထဲ ခပ်ဝေးဝေးလျှောက်သွားသည့် အချိန်တွင် အာကာသယာဉ်မှူး သောက်ရန်အတွက် ရေတစ်လီတာခန့် (၃၂ အောင်စ) ရေအိတ်ထဲ ထည့်ပေးထားသည်။  ယင်းသောက်ရေများ စိမ့်ဝင်ခြင်းတော့ မဖြစ်နိုင်ဟု ဆိုသည်။ အဆိုပါ စိမ့်ဝင်လာသော ရေများသည် သူသောက်နေသော ရေနှင့်မတူဘဲ အရသာတစ်မျိုးကြီး ဖြစ်နေသည်ဟု ပါမီတာနိုက ပြောသည်။
ပထမတော့ သူထင်လိုက်တာက သူသည်ယခင်က လေယာဉ်မောင်းနှင် စစ်ဆေးသူ လေသူရဲဟောင်း ဖြစ်ပြီး အီတလီအနေဖြင့် ပထမဆုံး အာကာသထဲ လမ်းလျှောက်သူ ဖြစ်လာပြီး အတွေ့အကြုံ အနည်းအပါးရှိခဲ့သူ ဖြစ်၍ သူ့ဦးခေါင်း နောက်စေ့ဘက်တွင် ချွေးများထွက်၍ စုမိနေရာ ယင်းချွေးများဟု ထင်လိုက်သည်။ သူထပ် စဉ်းစားမိသည်မှာ ဒီလောက်များများ ချွေးတွေတော့ ထွက်နိုင်မယ်မထင်။ ဒါချွေးမဟုတ်ဘူးဟု သူဆုံးဖြတ် ချက်ချလိုက်၏။ မစ်ရှင်ကွန်ထရိုးက လူတွေက ပါမီတာနိုကို  ချီးကျူး ပြောဆိုကြသည်။ ပါမီတာနိုသည် ယခင်အပတ်က အာကာသထဲ လမ်းလျှောက်ထွက်စဉ်က ဝတ်သော အာကာသ ဝတ်စုံကိုသာ ယခုအပတ် လမ်းထွက်လျှောက်တော့ ဝတ်ထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် အပတ်က ဘာပြဿနာမျှ မဖြစ်ခဲ့ပါ။ ရေတွေစိမ့်မဝင်မီက သူ့ဝတ်စုံတွင်  ကာဗွန်ဒိုင် အောက်ဆိုက် တိုင်းတာပြခြင်း  အာရုံခံကိရိယာက မကောင်းဘူးဟု သူသတင်းပို့ခဲ့သေးသည်။ ယခု နာဆာမန်နေဂျာက ရေတွေဝင်လို့ အာရုံခံကိရိယာ ပျက်ခြင်းဟု ကောက်ချက်ချသည်။
အာကာသစခန်းတွင် ၁၅ နှစ်တာ ကာလအတွင်း အာကာသထဲ လမ်းထွက်လျှောက်သည့် အကြိမ်ပေါင်း (၁၇၁) ကြိမ် ရှိသွားပြီ။ ၂ဝဝ၄ ခုနှစ်ကတည်းက အာကာသထဲ လမ်းထွက်လျှောက်ပြီး အမြန်ဆုံးရပ်ပစ် လိုက်ခြင်းဟူ၍ ယခုတစ်ကြိမ်သာ ရှိသည်။ ယခုအာကာသ ဝတ်စုံပြဿနာကြောင့် ရုရှားနှင့် အမေရိကန် အာကာသထဲ လမ်းထွက်လျှောက် သူများကိုပါ မစ်ရှင်ကွန်ထရိုးမှ  အာကာသစခန်း အတွင်း ချက်ချင်းပြန်ဝင် ခိုင်းလိုက်ရသည်။ သူတို့ လမ်းထွက်လျှောက်သည်မှာ ၁၄ မိနစ်သာ ရှိသေးသည်။ ပါမီတာနိုတို့က တစ်နာရီနှင့် ၃၂ မိနစ် ကြာခဲ့သည်။
ကက်စီဒီလည်း ၂ဝဝ၉ ခုနှစ် စခန်း တည်ဆောက်ရေး အရေအတွက် အာကာသထဲ လမ်းလျှောက်ထွက်ရာမှာ သူ၏ဝတ်စုံအတွင်း ကာဗွန်ဒိုင် အောက်ဆိုက်တွေ အန္တ ရာယ် ဖြစ်လောက်အောင် ဖြစ်လာ၍ ရပ်ခဲ့ရသည်။  အသက် (၄၃ နှစ်) ရှိပြီဖြစ်သော ကယ်စီဒီသည်  ယခင်က အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ယခုဆိုလျှင် အာကာသ၌ လမ်းလျှောက်ခြင်းမှာ (၆) ကြိမ်မြောက် ရှိသွားပြီဖြစ်သည်။ ၁၉၆၆ ခုနှစ်ကလည်း ဂျီမီနီပျံသန်းမှု (၂) ကြိမ်သည် အာကာသ လမ်းလျှောက်မှု မအောင်မြင်ခဲ့ပေ။ ဂျီမီနီ(၉) အာကာသ လမ်းလျှောက်မှုသည် မအောင်မြင်ခဲ့ပေ။ ဂျီမီနီ (၁၁) အာကာသ လမ်းလျှောက်သူ ဂျင်းစာနန်ဆိုလျှင် အသက်ရှူ အရမ်းလေးသွားပြီး ချွေးတွေ အမြောက်အမြား ထွက်ကာ သူ့အာကာသဆောင်း ဦးထုပ်အတွင်း ရှေ့မျက်နှာကာတွင် သွားစုပြီး ခဲနေကြသည်။
ရုရှားတို့ဘက်တွင် ကမ္ဘာ့ပထမဆုံး အာကာသထဲ လမ်းလျှောက်သူ ဆိုဗီယက် အာကာသယာဉ်မှူး အလက်ဇီလီယိုနော့မ်သည် ၁၉၆၅ ခုနှစ်က အာကာသသို့ လမ်းလျှောက်စဉ် အာကာသယာဉ်အတွင်း ပြန်ဝင်လိုက်ရသည်။ သူ၏ အာကာသဝတ်စုံမှာ ဖောင်းကားနေ၍ တံခါးပေါက်နှင့် မဆံ့သဖြင့် အထဲဝင်မရဖြစ်ရာ အသက်နှင့်ထပ်တူ အရေးကြီး တန်ဖိုးရှိသော အောက်ဆီဂျင် ဓာတ်ငွေ့များ  သူ၏ အာကာသဝတ်စုံမှ ပြန်သွင်းယူရသည်။
သို့ဖြစ်၍ အာကာသထဲ လမ်းလျှောက်၍ အလုပ်လုပ်ခြင်းကို မဆိုထားနှင့် ရိုးရိုး လမ်းထွက်လျှောက်ခြင်းသည် ပင်လျှင် မည်မျှအထိ ခက်ခဲသည်ကို သိရှိနိုင်ရန် ရေးသား လိုက်ရပါသည်။     
ကိုကိုဟန်
မြဝတီ

Related Posts Plugin for WordPress, Blogger...