Monday, September 2, 2013

Breaking News:


ပေါ်တို အသင်းမှ ဘရာဇီးလ် ကွင်းလယ်လူ ဖာနန်ဒိုကို ခေါ်ယူရန် အဲဗာတန်အသင်းက ပေါင်စတာလင် (၁၅)သန်းတန် ပြောင်းရွှေ့ကြေးဖြင့် သဘောတူညီသွားပြီ ဖြစ်သည်။

ပေါ်တိုသည် ဖာနန်ဒို၏ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း(၃၀)ထိ သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် အဲဗာတန်၏ ကမ်းလှမ်းမှုကို လျှော့ပေါ့ညှိနှိုင်း လက်ခံခဲ့သည်။ အဲဗာတန်သည် ဖာနန်ဒို၏ အလုပ်လုပ်ခွင့် ပါမစ်ကိစ္စကို နာရီပိုင်းမျှ စောင့်ဆိုင်းခဲ့ပြီးနောက် ယခုအခါ အဆိုပါ ကိစ္စပါ အာမခံချက် ရရှိခဲ့ပြီ ဖြစ်သည့်အတွက် ဖာနန်ဒိုကို ဈေးကွက် မပိတ်မီ နာရီပိုင်းအတွင်း စာချုပ်သွားမည် ဖြစ်သည်။

ဖာနန်ဒို အပြောင်းအရွှေ့သည် အဲဗာတန်၏ ဘယ်လ်ဂျီယံ လက်ရွေးစင် မော်ရိုဖယ်လိုင်နီ မန်ချက်စတာ ယူနိုက်တက်သို့ ရောက် ရှိရေးအတွက် အဓိက တွန်းအားလည်း ဖြစ်လာနိုင်ကြောင်း Daily Mailက ဖော်ပြသွားသည်။ ယခုအခါ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းသည် ဖယ်လိုင်နီကို အပြောင်းအရွှေ့ ကိစ္စအတွက် ဆွေးနွေးရန် ခွင့်ရက် သတ်မှတ် ပေးခဲ့ကြောင်းလည်း Independent သတင်းစာ က ရေးသားထားသည်။

Planet Myanmar Network

၁၅ နှစ်ကျောင်းသားလေး ချစ်မိသော ဆရာမ ထောင်(၁)နှစ်





အသက် ၃၂ နှစ်အရွယ် ကလေး ၂ ယောက်မိခင် ကျောင်းဆရာမ တစ်ဦးဟာ ၁၅ နှစ် အရွယ် ကျောင်းသား လေးကို လက်ဆောင်တွေနဲ့ စည်းရုံးပြီး လိင်ကိစ္စပြုမူဖို့ စည်းရုံးခဲ့ပါသတဲ့။

ထိုသို့ ပြုလုပ်ခဲ့တာ ဟာ ကောင်လေး ရဲ့ မိဘတွေ သိတဲ့အချိန်ထိ တစ်လကျော်လောက် ကြာခဲ့ပါရော။



ဒီလိုလုပ်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ စင်္ကာပူတရားရုံးက ဆုံးဖြတ်ပြီး တနင်္လာနေ့က ထောင်ဒဏ် ၁နှစ် ချမှတ်ခဲ့ပါတယ်။ သူမရဲ့ ကလေး ၂ ယောက်မျက်နှာကတော့ ဘယ်မှာ သွားထားရမှန်း မသိဘူး။

အသားအရေထိန်းနည်းရှစ်မျိုး၏လျှို့ဝှက်ချက်



ဘယ်အသက်အရွယ်ပဲရောက်ရောက် အသားအရေ ကျန်းမာပြီးကြည့်ကောင်းနေစေဖို့ အောက်ပါ မြန်ဆန် ထိရောက်တဲ့အလွယ်နည်းတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။



အသားအရေထိန်းနည်း (၁)

အသားအရေ ထိခိုက်စေသော အမူအကျင့်များ ရှောင်ရှားခြင်း
လျှို့ဝှက်ချက် - အသားအရေ ထိခိုက်စေတဲ့ ဆေးလိပ်သောက်တာ၊ နေပူဆာ လှုံတာနဲ့ အရက်သောက် တာတို့လို အသားအရေထိခိုက်စေတဲ့ အမူအကျင့်သုံးရပ်ကို ရှောင်သင့်ပါတယ်။ နေပူထဲကို မဖြစ်မနေသွား ရတဲ့အခါ SPF ပါတဲ့ နေကာခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ ဆေးလိပ်သောက်တာနဲ့ အရက်ကို အလွန် အမင်းသောက်တာတွေက အသားအရေကို ထိခိုက်စေတဲ့အပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေ ပါတယ်။

အသားအရေထိန်းနည်း (၂)

မျက်နှာကိုတစ်နေ့ နှစ်ကြိမ် သန့်စင်ခြင်း
လျှို့ဝှက်ချက် - မျက်နှာနဲ့ လည်ပင်းကိုပုံမှန်ဆေးကြောသန့်စင်ပေးတာကြောင့်အရေပြားထိခိုက်စေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ကင်းစင်စေရုံသာမက အရေပြားကို ကြည်လင်ဝင်းပလာစေပါတယ်။

အသားအရေထိန်းနည်း (၃)

မျက်နှာကို လက်ဖြင့် ထိတွေ့မှု မရှိခြင်း
လျှို့ဝှက်ချက် - လက်ဆိုတာ မျက်နှာပြင်အမျိုးမျိုးကို ထိတွေ့ကိုင်တွယ်တဲ့ အရာဖြစ်လို့ လူ့ခန္ဓာကိုယ်မှာ အညစ်ပတ်ဆုံးအင်္ဂါအစိတ်အပိုင်းလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီလို ညစ်ပတ်နေတဲ့လက်နဲ့ မျက် စိကို ပွတ်တဲ့အခါ၊ မေးစေ့ကို ထိတွေ့တဲ့အခါ၊ ပါးပြင်ကို အုပ်မိုးပြီးကိုင်တဲ့အခါ သင့်လက်က ပိုးတွေကို မျက် နှာပြင်ဆီရောက်အောင် ပို့ဆောင်သလိုဖြစ်စေပါတယ်။


အသားအရေထိန်းနည်း (၄)

အယ်လ်ကိုဟောကို ရှောင်ခြင်း
လျှို့ဝှက်ချက် - အရက်ကို မသောက်တာ အကောင်းဆုံးပါ။ မနေနိုင်ပါက သင့်အသားအရေ ကျန်းမာလှပ
ရေးအတွက်အယ်လ်ကိုဟောကို အနည်းဆုံး ပမာဏသောက်ပါ။ အရက်ကို အလွန်အမင်းသောက်သုံးတာ
ကြောင့် မျက်နှာအရေပြားအပေါ်ယံလွှာနဲ့ ကပ်နေတဲ့ သွေးကြောတွေကို ကျယ်စေနိုင်ပါတယ်။

အသားအရေထိန်းနည်း (၅)

အဆီပိုများ ကင်းစင်စေခြင်း
လျှို့ဝှက်ချက် - မျက်နှာပေါ်က အဆီပိုတွေ ကင်းစင်စေဖို့ရာအတွက် ပေါင်ဒါမှုန့် လိမ်းပေးပါ။ ဒါမှမဟုတ် အဆီစုပ်တဲ့ စက္ကူနဲ့ သုတ်ပေးပါ။ အဆီပြန်တဲ့ အသားအရေအတွက် အဆီပါဝင်တဲ့ ပေါင်ဒါကို ရှောင်ပါ။

အသားအရေထိန်းနည်း (၆)

နူးညံ့သော မျက်ဝန်းတစ်ဝိုက်ကို ပွတ်သပ်မှုမပြုခြင်း
လျှို့ဝှက်ချက် - မျက်နှာအသားအရေအထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အရေပြားနေရာက အလွန့်အလွန်
နူး ညံ့သိမ်မွေ့လွန်းပါတယ်။ ဒါကြောင့် မျက်ဝန်းတစ်ဝိုက် မိတ်ကပ်လိမ်းရင်လည်း ညင်ညင်သာသာပွတ်သပ်ပြီး လိမ်းသင့်ပါတယ်။ မျက်စိယားယံနေရင် မျက်ဝန်းတစ်ဝိုက်ကိုအေးမြတဲ့ ပိတ်စ ဒါမှမဟုတ် ရေခဲဝတ်ကပ်ပေး ပါ။


အသားအရေထိန်းနည်း (၇)

အသားအရေထိန်းပစ္စည်း အမျိုးအစားတစ်မျိုးကိုသာ သုံးခြင်း
လျှို့ဝှက်ချက် - အသားအရေထိန်းပစ္စည်းအမျိုးမျိုးကို ဝယ်ပြီးသုံးရင် ပါဝင်ပစ္စည်းတွေက တစ်ခုနဲ့ တစ်ခု အဟန့်အတားဖြစ်စေတာ၊ ဓာတ်မတည့်မှုဖြစ်စေတာနဲ့ အာနိသင်ကို ယုတ်လျော့စေတာတို့ဖြစ်စေနိုင်ပါ တယ်။ အကောင်းဆုံးရလဒ်လိုချင်ရင် အတူပေါင်းစပ်သုံးနိုင်အောင်ဖော်စပ်ထုတ်လုပ်ထားတဲ့ အသားအရေ ထိန်းပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက်အရ သုံးပါ။


အသားအရေထိန်းနည်း (၈)

စပျစ်ဆီသုံးခြင်း
လျှို့ဝှက်ချက် - အသားအရေထိန်းသိမ်းရေးအတွက် ချွေးပေါက်ကျဉ်းဆေးရည်(Toner)ထဲမှာ စပျစ်ဆီ လက်ဖက်စားဇွန်းတစ်ဇွန်းထည့်သုံးပါ။ စပျစ်ဆီဟာအရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတာနဲ့ အား
ဖြည့်တာတွေကို လုပ်ဆောင်ပေးတဲ့အတွက် အိုမင်းမှုတားဆီကြည်အနေနဲ့ အသုံးဝင်ပါတယ်။

အရွယ်မတိုင်မီ သေဆုံးနိုင်သည့် အချက်သုံးရပ်


သင့်ကို အရွယ်မတိုင်မီ စောစောသေဆုံးစေနိုင်တဲ့ အချက်
"သုံးရပ်" ရှိပါတယ်။



(၁)စီးကရက် တစ်နေ့တစ်လိပ် သောက်ခြင်း



စီးကရက် တစ်နေ့တစ်လိပ် သောက်ရင်တောင် အရွယ်မတိုင်ခင်၊ သက်တမ်းမစေ့ခင် သေဆုံးနိုင်တဲ့ ကာလက ၁ဝ နှစ် ဖြစ်ပါတယ်။




(၂) နေ့စဉ် အရက် အလွန်အမင်းသောက်ခြင်း


အရက်မသောက်တာ အကောင်းဆုံးပါ။ ဒါပေမဲ့ အရက်မသောက်ရ မနေနိုင်တဲ့ အမျိုးသားတွေအတွက် တစ်နေ့တာသောက်နိုင်တဲ့ အတိုင်းအတာက အရက်နှစ်ပက်ဖြစ်ပါတယ်။ ဒီထက်ပိုပြီး နေ့စဉ် သောက်နေ မယ်ဆိုရင် အရွယ်မတိုင်ခင်သေဆုံးနိုင်တဲ့ ကာလက နှစ် ၃ဝ ဖြစ်ပါတယ်။





(၃) ကိုယ့်ကိုပြန်မချစ်သော သူအား အလွန်အမင်းချစ်မြတ်နိုးနေခြင်း






ကိုယ့်ကိုလုံးဝ လှည့်မကြည့်တဲ့၊ ပြန်မချစ်တဲ့သူကို ချစ်မြတ်နိုးနေရတဲ့ စိတ်ဒုက္ခဟာ သင့်ကိုနေ့စဉ် အသက်
သေဆုံးသလို ကြေကွဲရစေပါတယ်။ ဝမ်းနည်းကြေကွဲမှုကြောင့် စိတ်ဆင်းရဲကာ ကျန်းမာရေးထိခိုက်ပြီး အရွယ်မတိုင်မီ သေဆုံးနိုင်ခြေများပါတယ်။


ဇွန်

Facebook Fun page Hack ခံထားရပေမဲ့ စိတ်အားမငယ်ပါ ချစ်ပရိတ်သတ်များအတွက် ....

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ မှတ်သားဖွယ်





(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။

(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေ နဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြ ပါတယ်။

(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုး စားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာ ခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်း ရှိပါတယ်။ဦးနှောက်ရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက် သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ် တန့်သွားပြီး နှာခေါင်းနဲ့နားရွက် ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။



(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုး အဆစ်တွေ ဟာ နေ့ခင်းပိုင်း မှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ် သွားလေ့ရှိပါတယ်။

(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး ဖြစ်ပါတယ်။

(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက် တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။

(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ။

(30)မိနစ်တိုင်းမိနစ်တိုင်းမှာခန္ဓာကိုယ်ပေါ်ကမီလျံသန်းတစ်ရာမျှသောဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ ကြာ အသက်ရှင်နေနိုင်ပါ တယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ် ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ် ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်။

(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေး အမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုးအစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေ အသက် ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါ တယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရ ပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲ သုံးစရာလိုပါတယ် တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန် ရအောင် အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။တကယ်လို့များပေါ့...ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့ လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ် သက်ကြောင်းလည်းအမူအရာနဲ့မျက်မှောင်ကြုတ်ပြမနေပါနဲ့...။အလွယ်ဆုံးနည်းဖြစ်တဲ့...ကြွက်သားလေးခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...


(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သောအံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာ ရှင်တွေ ယနေ့တိုင်ရှာတွေ့နေ ဆဲပါ။

ချစ်သောသူနှင့် ကွေကွင်းရသောအခါ...




ကိုယ်ချစ်တဲ့ သူဆုံးရှုံးသွားတာကြောင့် ချစ်တဲ့သူနဲ့ သေကွဲကွဲရသောအခါမျိုးနဲ့ အကြောင်း အမျိုးမျိုးကြောင့် ချစ်တဲ့သူနဲ့ ရှင်ကွဲကွဲရတဲ့အခါမျိုးတွေမှာ ကျွန်မတို့ ပုထုစဉ်လူသားတွေ အနေနဲ့ ၀မ်းနည်းကြေကွဲမှုကို ခံစား ရတတ်တာ ဓမ္မတာပါ။ တချို့လူတွေကတော့ ပူဆွေးမှုကို ၀မ်းနည်းကြေကွဲပြီး ခံစားတတ်ကြပေမယ့် အချိန် ကာလရဲ့ကုစားမှုကြောင့် အချိန်အတိုင်းအတာတစ်ခု အတွင်းမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ကြပါ တယ်။

ကံမကောင်းစွာပဲ လူတိုင်ေးတာ့ ဒီလိုမဖြစ်တတ်ပါဘူး။ တချို့လူတွေကတော့ ပုံမှန် ၀မ်းနည်းကြေကွဲ မှုသောကကိုပဲ အပြစ်ရှိသလိုထင်မြင်ယူဆနေခြင်း၊ ဒေါသဖြစ်ခြင်းနဲ့ တုန်လှုပ်ခြောက်ခြားခြင်း စတာတွေကို ပါရောပြွမ်းခံစားကြရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ၀မ်းနည်းပူဆွေးမှုကတောင်
နောက်ဆက်တွဲ ပြဿနာတွေနဲ့ နာကျင်ကြေကွဲကာ ခံရခက်တဲ့ ဝေဒနာတွေကို ခံစားရစေနိုင်တာကြောင့်
ပြင်းပြင်းထန်ထန်ပူဆွေးသောက ရောက်နေတဲ့သူတွေအဖို့ စိုးရိမ်ရတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို
ဖြစ်စေနိုင်ပါတယ်။

ချစ်သောသူနှင့် ကွေကွင်းရချိန်မှာ ဖြစ်တတ်သော ဝေဒနာများ
ချစ်တဲ့သူနဲ့ ကွေကွင်းရပြီးချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာတွေဟာ ဆေးကုသမှုလို အပ်သလား၊ မလိုအပ်ဘူး လားဆိုတာကို စိတ်ကျန်းမာရေးဆရာဝန်တွေအနေနဲ့ လေ့လာခွဲခြမ်းစိတ်ဖြစ်နေဆဲပါပဲ။ ချစ်တဲ့သူတစ်ဦးကို ဆုံးရှုံးရပြီးတဲ့ ပထမလအနည်းငယ်အတွင်းမှာ ပူဆွေးသောကရောက်ရတဲ့ ဝေဒနာတွေ ခံစားရတာက ပုံမှန် ပါပဲ။ ဒါပေမယ့် မေ့ပျောက်သင့်တဲ့အချိန်ကာလ ကျော်လွန်တဲ့အထိ ပူဆွေးသောကခံစားနေရတာဟာ ပုံမှန်မဟုတ်တော့ပါဘူး။ တချို့လူတွေမှာ ပူဆွေးသောကဟာ လျော့ပါးသွားရမယ့်အစား ပိုတိုးလာတာ၊ ပိုပြင်းထန်တဲ့ နောက်ခံစားမှု တစ်မျိုးနဲ့ဒွန့်တွဲ ဖြစ်ပေါ်လာတာ (ဥပမာ ပြောရရင် ပူဆွေး သောကနဲ့တွဲပြီး အသက်မရှင်ချင်တော့ လောက်အောင် စိတ်ဓာတ်ကျလာတာမျိုး) တွေကို ခံစားလာရရင်တော့ ဒါဟာ နာတာရှည် စိတ်ဝေဒနာဖြစ်လာပြီး ဖြစ်တဲ့အတွက် လျစ်လျူရှုထားလို့တော့ မရတော့ပါဘူး။ ပူဆွေးသောက
ရောက်နေကြောင်း သိသာထင်ရှားတဲ့ လက္ခဏာတွေကတော့ -

ချစ်တဲ့သူသေဆုံးရတဲ့အကြောင်းနဲ့ ချစ်တဲ့သူထားရစ်ခဲ့တဲ့ အသုံးအဆောင်တွေကိုပဲ ကိုင်တွယ်ကြည့် ရှုနေတာမျိုး၊
ဆုံးရှုံးမှုကို ပြန်ရနိုင်ဖို့ ပြင်းပြင်းထန်ထန်ပြန်လည် တောင့်တနေတာမျိုး၊ ရင်ကွဲနေကျမတတ် ငိုကြွေးနေတာမျိုး၊
သေဆုံးသွားတယ်ဆိုတာကို ဘယ်လိုမှလက်မခံနိုင်တာမျိုး၊
တုန်ယင်ခြင်း ဒါမှမဟုတ် ကတုန်ကယင် ဖြစ်နေတာမျိုး၊
ဝမ်းနည်းကြေကွဲမှုကို ဘာနဲ့မှ ပြန်အစားမထိုးနိုင်တာမျိုး၊
ဆုံးရှုံးမှုကို ခါးသီးနာကျင်နေတာမျိုး၊
ပျော်ပျော်နေနိုင်ဖို့ မစွမ်းဆောင်နိုင်တာမျိုး၊
စိတ်ဓာတ်ကျခြင်းနဲ့ နက်နက်ရှိုင်းရှိုင်း ၀မ်းနည်းခြင်းတို့ကို ခံစားနေရတာမျိုး၊
ပုံမှန်လုပ်ငန်းဆောင်တာတွေကိုတောင် မလုပ်ဆောင်နိုင်တာမျိုး၊
ဘ၀မှာ နေသားတကျမဖြစ်တော့တာမျိုး၊ လေလွင့်နေတာမျိုး၊
လူမှုရေးတွေမှာ ပါဝင်ဆောင်ရွက်ခြင်း မရှိတော့တာမျိုး၊
ဘ၀မှာ ရပ်တည်နေထိုင်ရတဲ့ အဓိပ္ပာယ်နဲ့ ဦးတည်ချက်မရှိတော့တာမျိုး၊
စိတ်ကသိကအောက်ဖြစ်နေတာမျိုး၊
တခြားသူတွေအပေါ် မယုံကြည်တော့တာမျိုး ... အစရိတဲ့ခံစားချက်တွေကို ခံစားရတတ်ပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်သလား
စောစောက ပြောပြထားတဲ့ ဝေဒနာတွေကို ခံစားရတာကြောင့် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်နေ သလားဆိုတာကို ခံစားနေရသူရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေက သိဖို့လိုအပ်ပါတယ်။ ချစ်တဲ့သူနဲ့ သေကွဲ ပဲကွဲ ကွဲ၊ ရှင်ကွဲပဲကွဲကွဲ... ၀မ်းနည်းပူဆွေးမှုကိုတော့ အနည်းနဲ့ အများခံစားတတ်တာ သဘာဝပါ။ လူအများ စုဟာ ပူဆွေးသောကခံစားရချိန်မှာ မိဘနဲ့မိတ်ဆွေသူငယ်ချင်းတွေရဲ့ ဖေးမအားပေးမှုတွေကြောင့် တဖြည်း
ဖြည်း ပုံမှန်ဘ၀ကို ရောက်ရှိလာတတ်ပါတယ်။ ချစ်တဲ့သူနဲ့ ကွေကွင်းရတဲ့ အချိန်ကာလကကြာပြီဆိုရင် ဒါမှ မဟုတ် တဖြည်းဖြည်းလျော့သွားရမယ့်အစား ဝေဒနာ ပိုပိုတိုးလာရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။

ချစ်တဲ့သူရဲ့ သေဆုံးမှုကိုပဲတွေးမိနေရင်
ချစ်တဲ့သူသေဆုံးရာမှာ ကြာရှည်ခံစားနေရရင်
ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့အတွေးတွေဝင်နေရင်
ဘ၀က ဘာမှအဓိပ္ပာယ်မရှိဘူးလို့တွေးမိနေရင်
သင်ချစ်တဲ့သူနဲ့အတူ လိုက်သေဆုံးသင့်သလားဆိုတာကိုပါ တွေးမိနေရင်... စိတ်ကျန်းမာရေးဆရာ ၀န်နဲ့တွေ့ဆုံဆွေးနွေးသင့်နေပါပြီ။
နောက်ဆက်တွဲ ပူဆွေးသောကခံစားနေရသော အကြောင်းရင်းများ
ချစ်တဲ့သူနဲ့ ကွေကွင်းပြီးချိန်မှာ နောက်ဆက်တွဲပူဆွေးသောက ခံစားနေရတဲ့အကြောင်းရင်းကို တိတိကျကျ မသိကြသေးပါဘူး။ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ ခန္ဓာကိုယ်ရဲ့ သဘာဝဓာတုဖြစ်စဉ်နဲ့ ကိုယ် ရည်ကိုယ်သွေးတို့အပေါ် ပူတည်ပြီးခံစားရတဲ့ စိတ်ကျန်းမာရေးပြဿနာတွေဟာ လူတွေမှာ ပြောင်းလဲနေ ပါတယ်။
အဆင့်(၁) - ဆုံးရှုံးသွားပြီဆိုတာကို တကယ်လက်ခံလိုက်ခြင်း၊
အဆင့်(၂) - ဆုံးရှုံးတဲ့နာကျင်မှုကို ခံစားခွင့်ပြုလိုက်ခြင်း၊
အဆင့်(၃) - ဆုံးရှုံးမှုကို မေ့ပျောက်နိုင်ဖို့ လက်တွေ့အခိုက်အတန့်နဲ့ ညှိနှိုင်းခြင်း၊
အဆင့်(၄) - တခြားဆက်ဆံရေးတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်း၊
အဆင့်(၅) - ပုံမှန်အတိုင်းဖြစ်အောင်နေထိုင်ပြီး တိုက်ဆိုင်မှုရှိမှသာ လွမ်းဆွတ်တတ်ခြင်း စတဲ့အချက်တွေပဲ
ဖြစ်ကြပါတယ်။

ပူဆွေးသောကကြောင့်ဖြစ်တတ်သော နောက်ဆက်တွဲ အန္တရာယ်များ
ချစ်တဲ့သူနဲ့ ကွေကွင်းရပြီးတဲ့အချိန်မှာ ပူဆွေးသောကရောက်ရတဲ့အပြင် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ
ပြဿနာတွေကတော့ -

မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးရခြင်း၊
ချစ်တဲ့သူက ကိုယ့်ကိုကိုယ်သတ်သေခြင်းကြောင့် ကိုယ်ပါကြံစည်ချင်စိတ်ပေါ်ခြင်း၊
အားပေးကူညီမယ့် မိတ်ဆွေ အပေါင်းအသင်းမရှိခြင်း၊
ကလေးဘ၀တုန်းက လျစ်လျူရှုခံရတာ၊ ပစ်ပယ်ခံရတာ စတဲ့နာကျင်ဖွယ်ရာ အတိတ်ဆိုးရှိခြင်း၊
ကလေးဘ၀က မိဘာတွေကွဲသွားတာနဲ့ စွန့်ပစ်ခံရတာ စတဲ့အဖြစ်အပျက်မျိုး ကြုံဖူးခြင်း၊
ဆုံးရှုံးသွားတဲ့သူအပေါ် မှီခိုအားထားနေရခြင်း၊
သေဆုံးမည်ကို ကြိုမတွေးထားမိဘဲ မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရခြင်း၊
ဘ၀အပြောင်းအလဲအပေါ် လိုက်လျောညီထွေနေနိုင်စွမ်း နည်းပါးခြင်းစတဲ့ အချက်တွေကို ခံစားရ တတ်ပါတယ်။
အန္တရာယ်ရှိသော အပြုအမှုများ
ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်းကြောင့် ခံစားရတတ်တဲ့ ပူဆွေးသောကဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်း
တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ ကုသမှုကို မခံယူရင် အောက်ပါပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

စိတ်ကျရောဂါ၊
ကိုယ့်ကိုကိုယ်သတ်သေလိုတဲ့ အတွေးပေါ်ခြင်း၊
နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ သွေးတိုးရောဂါတွေလို အန္တရာယ်ရှိတဲ့ ရောဂါတွေ ခံစားရနိုင်ခြေ မြင့်မားခြင်း၊
စိတ်ဖိစီးမှုခံစားရခြင်း၊
မူးယစ်ဆေးဝါးစွဲခြင်း၊
ဆေးလိပ်နဲ့ အရက်စွဲခြင်း။ ပူဆွေးသောကကြောင့် နောက်ဆက်တွဲဝေဒနာမရအောင် ကာကွယ်မှု
ချစ်တဲ့သူနဲ့ ကွေကွင်းပြီးချိန်မှာ နောက်ဆက်တွပြဿနာမခံစားရအောင် ပူဆွေးသောကကို ဘယ်လိုထိန်း ချုပ်သင့်တယ်ဆိုတဲ့ တိကျတဲ့ အကြံပြုချက်တော့မရှိသေးပါဘူး။ ၀မ်းနည်းပူဆွေးမှုကို စခံစားရတဲ့အခိုက်မှာ အကြံဥာဏ်တောင်းခံတာ၊ စိတ်ပိုင်းဆိုင်ရာအကြံပေးနိုင်သူနဲ့ တွေ့ဆုံဆွေးနွေးတာတွေက ကောင်းတဲ့နည်း လမ်းတွေပါပဲ။
မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စုရုံးနေထိုင်တာက တစ်ယောက်တည်းနေထိုင်တာထက် ပိုမိုကောင်း မွန်တဲ့နည်းလမ်းပါ။
ဘာသာတရားကိုင်းရှိုင်းတာနဲ့ ကုသိုလ်ကောင်းမှုများများပြုလုပ်တာတွေဟာလည်း ပူဆွေးသောကကို ခံနိုင် ရည်ရှိစေပြီး လောကဓံတရားကို အံတုရင်ဆိုင်နိုင်စေပါတယ်။

ပူဆွေးသောကရောက်နေခိုက်မှာ ပြုလုပ်သင့်သော အပြုအမူများ
"သေသောသူကြာရင်မေ့" ဆိုတဲ့စကားနဲ့ မညီညွှတ်ဘဲ မမေ့နိုင်၊ ဆွေးမြည့်ခံစားနေရရင်တော့ သင်ပြုလုပ် သင့်တဲ့ နည်းလမ်းတွေရှိပါတယ်။။

ကုသမှုအစီအစဉ်ချပါ - ဆရာဝန်နဲ့ တွေ့ဆုံပြီး ဆေးကုသမှုခံယူဖို့အတွက် တိုင်ပင်ဆွေးနွေးပါ။
ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ - ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာက စိတ်ဓာတ် ကျခြင်း၊ စိတ်ဖိစီးမှုနဲ့ ပူပင်သောကတို့ကို သက်သာလျော့ပါးစေပါတယ်။
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ - ကိုယ့်ဘ၀ကို တန်းဖိုးထားပြီး ကျန်ရှိနေတဲ့အချိန်အပိုင်းအခြား အတွင်း မှာ ကျန်းမာနေအောင် နေမယ်ဆိုတဲ့စိတ်ကိုမွေးပါ။ အနားများများယူပါ၊ အာဟာရပြည့်ပြည့်၀၀ စားသောက်ပါ၊ အရက်နဲ့ မူးယစ်ဆေးဝါးကို မသုံးပါနဲ့။
လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပါ - သင့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကို တတ်နိုင်သမျှ အကျိုးပြု နိုင်ဖို့အတွေက် စေတနာ့ဝန်ထမ်းအလုပ်တွေကို ပါဝင်လုပ်ဆောင်ပေးပါ။
နှစ်ပါတ်လည်အခမ်းအနားများအတွက် ကြိုတင်ပြင်ဆင်ပါ - သင်ချစ်တဲ့သူအတွက် အလှူ ဒါန ကောင်းကောင်းပြုလုပ်နိုင်အောင် ကြိုတင် စဉ်းစားထားပြီး ပြင်ဆင်နေတာကလည်း ၀မ်းနည်း ပူဆွေးမှုကို လျော့ပါးစေပါတယ်။
ခံစားချက်ကို ဖွင့်ဟပြောပါ - သင့်စိတ်ထဲမှာ မြုံပြီး တစ်ယောက်တည်း ကျိတ်ခံစားမနေသင့်ပါဘူး။ သင်ချစ်တဲ့သတွေကို အလွန်အမင်းသတိရလွမ်းဆွတ်တဲ့အခိုက်မှာ သင့်ကို နားလည်စာနာပေးနိုင် မယ့်သူကို ဖွင့်ဟပြောပြလိုက်ပါ။

မြန်မာ့ငွေဈေး (2.9.2013 3:00PM)


ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 965(~) Ks 973(~)
1 စင်္ကာပူ SGD = Ks 756(~) Ks 766(~)
1 ဥရောပငွေ EUR = Ks 1274(~) Ks 1291 (~)

ကမ္ဘာ့ငွေဈေး(2.9.2013 3:00PM)
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2735(-0.0014)
ထိုင်း Baht 32.1000(-0.0200)
မလေးရှား Ringgit 3.2749 (-0.0326)
တရုတ် Yuan 6.1190(-0.0005)
အိန္ဒိယ Rupee 66.1300(-0.5500)
ဘင်္ဂလားဒေ့ရှ် Taka 77.7100(-0.1350)
တောင်ကိုရီးယား Won 1099.0850 (-11.8151)
ထိုင်ဝမ် TWD 29.8530 (-0.0870)
ဂျပန် Yen 99.2650(+0.8500)
ဥရောပငွေ EUR 0.7569 (+0.0015)
ၾသစေၾတးလ် AUD 1.1131 (-0.0082)
အင်္ဂလန် Pound 0.6429(-0.0022)

ကမ္ဘာ့ရွှေဈေး(2.9.2013 3:00PM)
1 အောင်စ USD 1394.9500(-0.1001)
မြန်မာ့ရွှေဈေး(2.9.2013 3:00PM)
Ks 719,500 (-100)
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကူညီပေးပို့ပါသည်)

Premium Diesel (1L) Ks 940
Diesel (1L) Ks 920

Octane (95) (1L) Ks 1090

Octane (92) (1L) Ks 920

ဓာတ်ဆီ (1L) Ks 814

လိုင်းကား နှင့် တက္ကစီများ တုတ် ၊ ဓား ၊လက်နက် တွေ့က အရေးယူမည်


လိုင်း ကားနှင့်တက္ကစီများတွင် တုတ်ဓား လက်နက်များကို စစ်ဆေးတွေ့ ရှိပါက တရားမဝင်လက်နက်ကိုင် ဆောင်မှုဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း မှုခင်းကျဆင်းရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။ ယင်းကဲ့သို့ တရားမဝင် တုတ်၊ ဓားလက်နက် သယ်ဆောင်မှုများ ရှိလာခြင်းကြောင့် အများပြည် သူများ၏လုံခြုံရေးကို ထိခိုက်လာ နိုင်ပြီး တစ်ဦးချင်းအလိုက်ဖြစ် စေ၊ အဖွဲ့လိုက်ဖြစ်စေ အချင်း များပါက သေဆုံးထိခိုက် ဒဏ်ရာ ရမှုများ ပိုမိုဖြစ်ပွားစေနိုင်ကြောင်း ယင်းတပ်ဖွဲ့ဝင်များမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

မှုခင်းကျ ဆင်းရေး ရဲတပ် ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ''ကျွန် တော်တို့အနေနဲ့ တွေ့နေတာက တော့ တချို့လိုင်းကားတွေ၊ တက္ကစီ တွေမှာတွေ့တယ်။ အဓိကကိုင် တဲ့ အကြောင်းအရင်းကတော့ ပြဿနာတစ်ခုခုဖြစ်ရင် ဖြေရှင်း ဖို့ပါ။ တချို့တက္ကစီ တွေဆို သံတုတ် ဆောင်ထားတယ်။ ဓားဆောင် တာကတော့ တချို့လိုင်းကားမောင်း တဲ့ယာဉ်မောင်းတွေမှာ တွေ့တယ်။ ဒါပေမဲ့ ဓားက အရွယ်အစားသေး တယ်။ ဓားမြှောင်လေးလိုပုံစံမျိုး၊ ခါးကြားမှာလဲ ဖွက်လို့ရတဲ့ပစ္စည်း မျိုးတွေ ကိုင်ဆောင် တာတွေ့ ရင် တော့ တရားမဝင်လက်နက်ကိုင် ဆောင်မှုနဲ့ အရေးယူနေပါတယ်''ဟု ပြောသည်။

ယင်းကဲ့သို့ ယာဉ်များပေါ် တွင် တုတ်၊ ဓားလက်နက်များကိုင် ဆောင်ခြင်းနှင့်ပတ်သက်ပြီး တက္ကစီ ယာဉ်မောင်း ဦးအောင်သင်းက ''သံတုတ်၊ ရိုးရိုးတုတ်ရယ်လို့ မ ဟုတ်ဘူး။ လိုအပ်လို့ဆောင်တာ ရှိသလိုရန်ဖြစ်ရင်လဲ ရှင်းဖို့ဆောင် တာရှိတယ်၊ အမျိုးမျိုး ပါပဲ''ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ဩဂုတ်၂၈ရက်က ယာဉ်ထိန်းရဲ တစ်ဦးကို ယာဉ်မောင်းတစ်ဦးက ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့သဖြင့် စကေဘာဖြင့်ထိုးခဲ့သည့် ဖြစ်ရပ် တစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ကျော်မြတ်ဇံ
Yangon Media Group

ဆယ်ကျော်သက်ပျိုမေတို့ သိသင့်သော ကျန်းမာရေး






ကျောင်းမှာ ကျန်းမာရေးဟောပြောပွဲတစ်ခု လုပ်မယ်လို့သိရတုန်းက စုစုနဲ့ယုမွန်သိပ်မတက်ကြွသေး ဘူး။ ဟောပြောမယ့်သူက ဒေါက်တာနီလာ လို့လည်းသိရော စုစုနဲ့ ယုမွန်တင်မက မိုးနွယ်ပါရင်ခုန်ပြီး စိတ် လှုပ်ရှားမိတယ်။
''တို့ ဒေါက်တာလား မသိဘူးနော်'' ဆိုပြီးအချင်းချင်းလက်တို့ရင်း စိတ်ထဲကပါ အလိုလိုပျော်နေမိ တယ်။ ဟောပြောပွဲလုပ်မယ့် ခန်းမထဲကိုလည်းအစောဆုံးနဲ့ ရှေ့ဆုံးက နေရာဦးတဲ့သူတွေက သူတို့လေး
တွေ သုံးယောက်ပါပဲ။
''ဘာအကြောင်း ပြောမှာလဲ မသိဘူး''လို့ မိုးနွယ်ရဲ့ အမေးကို ''ငါတို့ ချစ်တဲ့ ဒေါက်တာဖြစ်ပါစေ''လို့ ကျိတ် ဆုတောင်းနေတဲ့ ယုမွန်က မကြားလိုက်ဘူး။ စုစုက ''ဘာအကြောင်းပဲပြောပြော ငါတို့ ဒေါက်တာဖြစ် လို့ကတော့ ငေးပြီး နားထောင်မှာ''လို့ ပြန်ဖြေတော့ မိုးနွယ်လည်း ခေါင်းညိတ်လက်ခံတယ်။
- - - -
ဟောပြောပွဲမစမီ ကျောင်းအုပ်ဆရာမကြီးအဖွင့်အမှာစကားပြောကတည်းက ဒေါက်တာနီလာကို တွေ့

နေရပြီဖြစ်လို့ စုစုတို့သုံးယောက် မျက်နှာမှာ အပြုံးကိုစီနဲ့။ ဒေါက်တာနီလာပြောမှာ ဖြစ်ကြောင်း ကြေညာ လိုက်တာနဲ့ စုစုတို့ လက်ခုပ်သံကအကျယ်ဆုံးနဲ့ အကြာဆုံးလို့ စုစုထင်မိတယ်။

'' ဒီနေ့ သမီးတို့ကို အန်တီပြောပြမယ့် အကြောင်း အရာက 'ဆယ်ကျော်သက်ပျိုမေတို့သိသင့်သော ကျန်းမာရေး' ပဲ ဖြစ်ပါတယ်'' လို့ ဒေါက်တာနီလာက အစချြီပီး အမျိုးသမီး တွေရဲ့အရွယ်ရောက်လာပုံ အဆင့်ဆင့်နဲ့ ကျန်းမာရေးကောင်းမွန်အောင်ထိန်းသိမ်းရမယ့် နည်းလမ်းတွေကို ပြောပြပါတော့တယ်။ ပြီး
တော့ စုစုတို့ သေချာမှတ်သားဖို့ဆိုပြီး အောက်ပါအချက်တွေကို အလေးထားရှင်းပြပါတယ်။
အပျိုစင်ဘဝကို တန်ဖိုးထားရပါမယ်
သမီးတို့အနေနဲ့ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပဲပေါက်ရမယ့်အဖြစ်ကို တကယ်ဆင်ခြင်ပြီး သိထားစေချင်ပါတယ်။အခုခေတ်မှာမိန်းကလေးတွေဟာ ချစ်သူရည်းစားကို အပြင် မှာ တွေ့ပြီး ချစ်ကြိုက်ကြတာမျိုးမဟုတ်ဘဲအင်တာနက်ကနေ တွေ့ဆြုံပီး ချစ်ကြိုက်တာမျိုး တွေတောင် ရှိလာနေပါတယ်။ ဒီလိုအင်တာနက်ကနေချိန်းဆိုတာတွေကို အယုံမလွယ်သင့်ပါဘူး။ အခုခေတ်မှာအချို ရည်ထဲ ဆေးခတ်ြပီး မိန်းကလေးတွေကို အဓမ္မပြုကျင့်တာ၊ လူကုန်ကူးတာတွေလည်းကြားနေရပါတယ်။ ပြီးတော့သမီး တို့ကိုယ်တိုင်ကိုက အညှာ မလွယ်ဖို့၊ စည်းကို အကျော်မခံဖို့ အရေးကြီး ပါတယ်။ ဒီစကားက သမီးတို့လိုဆယ်ကျော်သက်လေးတွေကိုပြောပြဖို့စောလွန်းသေးတယ်ဆိုပေမယ့် အန်တီမှာချင်ပါတယ်။ အိမ်ထောင်ရက်သား မကျခင်အချိန်အထိ ကိုယ်ရဲ့ အပျိုစင်ဘဝကို တန်ဖိုးထားထိန်းသိမ်းမယ်ဆိုတဲ့ စိတ် ဓာတ်ကို ခိုင်ခိုင်မာမာချမှတ်ထားသင့်ပါတယ်။


ငြင်းဆန်တတ်ပါစေ အခုခေတ်မှာ ရေပန်းစားနေတဲ့ Valentine's Day လိုနေ့တွေ၊ ချစ်သူရဲ့ မွေးနေ့၊ ကိုယ့်မွေးနေ့ .. စသဖြင့် အပြင်ထွက်ပြီး လျှောက်လည်ကြပြီဆိုရင်ဘယ်အချိန်မှာမဆို လိင်ကိစ္စနဲ့ ပတ်သက်လာရင်တော့ ယတိ
ပြတ် ငြင်းဆန်သင့်ပါတယ်။ သမီးတို့အတွက် ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ လိင်ကိစ္စမှာ လက်တည့် စမ်းလိုက်တာဟာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘဝတက်လမ်း အစစအရာရာအတွက် ထိခိုက်နစ်နာ စရာတွေချည်းပဲရှိပါတယ်။


ကြောက်စရာကောင်းသော ရောဂါပိုး
ကိုယ့်ချစ်သူရဲ့ ကျန်းမာရေးရာဇဝင်အကြောင်းကောင်းကောင်းမသိသေးဘဲနဲ့ အချစ်နယ်ကျွံမိရာကနေ HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ ကာလသားရောဂါပိုးစတဲ့ ရောဂါပိုးတွေ ကူးစက်တတ်ပါတယ်။ အဲ ဒီလိုကူးစက်ခံခဲ့ရတဲ့ သာဓကတွေလည်း အများကြီးပါပဲ။ HIV လို ပိုးမျိုးကို ကူးစက်ခံခဲ့ရပြီဆိုရင် တစ်သက် လုံးအချိန်အတိအကျနေ့စဉ်မှန်မှန် ဆေးသောက်နေရပါလိမ့်မယ်။ အခန့်မသင့်ရင် စိတ်ဓာတ်ကျပြီး ဘဝရှေ့ ရေးကို ဆက်မလှမ်းချင်တော့လောက်အောင် ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။ တကယ်လို့ နောက်ထပ် ကိုယ်လျှောက်လှမ်းတဲ့ ဘဝခရီးလမ်းမှာ ကိုယ်တကယ်နှစ်နှစ်ကာကာချစ်ရပြီး ရိုးမြေကျ လက်တွဲလိုသူကို တွေ့ဆုံရပြီဆိုရင် ကိုယ့်မှာရှိနေတဲ့ ရောဂါပိုးကြောင့်လက်ထပ်ပွဲ ပျက်ပြယ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ တကယ်လို့ သဘောတူကြည်ဖြူလို့ လက်ထပ်ခဲ့ရင်တောင် သားသမီးယူမယ့် ကိစ္စရပ်တွေမှာ တခြားကျန်းမာ သန်စွမ်းပြီး ရောဂါပိုးကင်းတဲ့ မိန်းမသားတွေလောက်တော့ ဘယ်မှာ အဆင်ပြေချောမွေ့နိုင်ပါတော့မလဲ။ ဒါကြောင့် သမီးတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး တတ်နိုင်သမျှ ထိန်းသိမ်းကာကွယ်ဖို့လိုပါတယ်။


မိန်းမကိုယ်ကျန်းမာရေး
မိန်းမကိုယ်တစ်ဝိုက်မှာရှိတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဘက်တီးရီးယားပိုးတွေ မညီမျှရာကမိန်းမကိုယ်ရောင်ရမ်းမှု ဖြစ်လာတတ်ပါတယ်။ မိန်းမကိုယ်တစ်ဝိုက်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပိုးတွေ များလာတဲ့အခါ ပိုးကူးစက်ခံရနိုင်ပါတယ်။ မိန်းမကိုယ်ရောင်ရမ်းမှုဖြစ်စေတဲ့ အချက်တွေကတော့ အနံ့မွှေးလွန်းတဲ့ မိန်းမကိုယ်သုံးပစ္စည်းတွေသုံးတာ၊ အပြင်းစားဆပ်ြပာတွေသုံးတာ၊ ယောနိထဲကို သန့်စင်ဆေးရည်တွေ ထည့်ပြီး အလွန်အကျွံဆေးကြောတာ၊ မထိန်းချုပ်နိုင်တဲ့ ဆီးချိုသွေးချိုရောဂါနဲ့ ကိုယ်ဝန်ဆောင်ရတာ၊ ပဋိဇီဝပိုးသတ်ဆေးတွေ မှီဝဲရတာ၊ တချို့ ကူးစက်ပိုးတွေဝင်တာ.. စတဲ့ အခြေအနေတွေပဲ ဖြစ်ကြပါတယ်။

မိန်းမကိုယ် ကျန်းမာရေးအတွက် နေ့စဉ်ထိန်းသိမ်းသင့်တဲ့ နည်းတွေကတော့ -
♦ မိန်းမကိုယ်ထဲကို စအိုတစ်ဝိုက်က ဘက်တီးရီးယားပိုးမွှားတွေ မဝင်အောင် ကာကွယ်နိုင်စေဖို့ အိမ်သာ သွားပြီးတဲ့အခါတိုင်း ရှေ့ဘက်ကနေ နောက်ဘက်ကို သုတ်ပေးရပါမယ်။
♦ ချည်သားနဲ့ လုပ်ထားတဲ့ အတွင်းခံဘောင်းဘီကိုဝတ်ဆင်သင့်ပါတယ်။ ညဘက်မှာ အတွင်းခံဘောင်းဘီ ကျပ်ကျပ်တွေ မဝတ်ထားသင့်ပါဘူး။
♦ တင်းကျပ်ပြီးနိုင်လွန်သားနဲ့ လုပ်ထားတဲ့ အတွင်းခံဘောင်းဘီ မဝတ်သင့်ပါဘူး။
♦ အတွင်းခံဘောင်းဘီတွေကို လျှော်ဖွပ်တဲ့အခါမှာဓာတုဗေဒပစ္စည်း ပါဝင်မှုနည်းတဲ့ အပျော့စားဆပ်ပြာကို သုံးပြီး လျှော်ရပါမယ်။
♦ မိန်းမကိုယ်အတွင်းပိုင်းထဲကို ဆပ်ပြာနဲ့ ဆေးကြောတာမျိုး မလုပ်ပါနဲ့။ မိန်းမကိုယ်အတွင်းပိုင်းကိုအလွန် အမင်း ဆေးကြောရင် ပိုးမွှားတွေရဲ့ သဘာဝဟန်ချက်ညီမှုကို ပြောင်းလဲသွားစေနိုင်လို့ပါ။
♦ မိန်းမကိုယ်အနံ့ဆိုးဟာ မိန်းမကိုယ်ရဲ့အပြင်ဘက်ပိုင်းကနေ ထွက်လာတတ်တာကြောင့် မိန်းမကိုယ်တစ် ဝိုက်ကို အမြဲတမ်း ခြောက်သွေ့သန့်စင်နေအောင်ထားပေးပါ။ မိန်းမကိုယ် အပေါ်ယံကိုသာ ရေနဲ့အပျော့ စားဆပ်ပြာသုံးပြီး ဆေးကြောပေးရပါမယ်။
♦ အပေါ့သွားပြီးတဲ့အခါမှာလည်း မိန်းမကိုယ်ကိုရေနဲ့ ဆေးကြောပြီး အဖြူရောင်တစ်သျှူးနဲ့သုတ်ပေးရပါ မယ်။
♦ ထူလွန်းတဲ့ အမျိုးသမီးသုံးပစ္စည်းတွေက အပူလောင်စေနိုင်တဲ့အတွက် မသုံးသင့်ပါဘူး။


ဒေါက်တာနီလာက သူပြောချင်တဲ့ အကြောင်းအရာတိုင်းကို ပုံတိုပတ်စလေးတွေနဲ့ ပြောပြတတ်ပြီးလိုက် မှတ်စေချင်တဲ့ အကြောင်းအရာဆိုရင်မှတ်ထားဖို့ သတိပေးလေ့ရှိပါတယ်။ ဒါကြောင့် အချိန် တစ်နာရီကျော်
ကြာ ဟောပြောသွားပေမယ့် စုစုတို့တစ်တွေ မပျင်းမရိ ငေးမောနားထောင်ရင်း မှတ်သားစရာလေးတွေကို မှတ်သားဖြစ်ခဲ့ပါတယ်။ ဒီအတွက်ကျန်းမာရေး ပညာပေးဟောပြောပေးခဲ့တဲ့ ဒေါက်တာနီလာကို ကျေးဇူး အထူးတင်ရှိကြောင်း အားလုံးကိုယ်စား စုစုကပဲ ပြောလိုက်ပါရစေ။

ကြယ်စင်

ကမ္ဘာလှည့်များအတွက် ဆွဲဆောင်မှုထိပ်သီး နိုင်ငံများတွင် မြန်မာပါဝင်



From : ..the voice

အပန်းဖြေနှင့် အလည်အပတ် ခရီးသွားလိုသည့် ကမ္ဘာလှည့် ခရီးသည်များအတွက် ဆွဲဆောင်မှု အကောင်းဆုံး ထိပ်တန်းနိုင်ငံများတွင် မြန်မာပါဝင်နေကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Cox & Kings ခရီးသွားအင်စတီကျု၏ သြဂုတ်လ ၂၉ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရှေးဟောင်း စေတီပုထိုးများနှင့် အရုဏ်တက် ရှုခင်းအလှကို မိုးပျံပူဖောင်းဖြင့် ပျံသန်းကြည့်ရှုနိုင်မည့် ပုဂံမြို့တော်၊ အင်္ဂလိပ်ခေတ် ရှေးဟောင်း အဆောက်အအုံ အမွေအနှစ်များစွာဖြင့် သက်ဝင်လှုပ်ရှားနေသော မော်လမြိုင် ဆိပ်ကမ်းမြို့တော်နှင့် တိတ်ဆိတ်ငြိမ်းချမ်းသည့် တောင်ပေါ်ဒေသကို နှစ်သက်သူနှင့် တောင်တက် ခရီးသွားလိုသူများအတွက် ရှမ်းပြည်နယ် ကလောမြို့သို့ ခရီးသွားများ အများဆုံး သွားလေ့ရှိသည်ဟု ယင်းအင်စတီကျု၏ အစီရင်ခံစာပါ ဖော်ပြချက်အရ သိရသည်။

ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကမ္ဘာလှည့် ခရီးသွားများ အများဆုံး သွားရောက် လည်ပတ်သည့်ဒေသနှင့် လည်ပတ်ရန် အကောင်းဆုံး ဒေသများကို စာရင်းပြုစု ဖော်ပြထားသည်။

ပင်လယ်ကမ်းခြေတွင် အနားယူလိုသူများသည် ငပလီကမ်းခြေနှင့် အပျော်စီးသင်္ဘောဖြင့် ခရီးသွားလိုသူများအတွက် ဧရာဝတီ မြစ်ကြောင်း ခရီးစဉ်တို့သည်လည်း ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်လျက်ရှိပြီး နာမည်ကျော် စေတီပုထိုးတစ်ခုဖြစ်သော ကျိုက်ထီးရိုးစေတီတော်သည် တောင်ထိပ်ပေါ်တွင် ထူးခြားဆန်းကြယ်စွာ တည်ရှိနေပုံမှာလည်း ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသားများ၏ စိတ်ဝင်စားမှုကို အစဉ်ရယူလျက် ရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ နွေရာသီ အလည်အပတ်ခရီးစဉ်အဖြစ် လာရောက် လည်ပတ်လိုသည့် ခရီးသည်ဦးရေလည်း နှစ်စဉ် မြင့်တက်လျက်ရှိသည်နှင့် တစ်ပြိုင်နက် အဆင့်မြင့် ဇိမ်ခံဟိုတယ်များစွာ ဆောက်လုပ်ခြင်းနှင့် အလည်အပျော်စီးသင်္ဘောများ စီစဉ်ပေးခြင်း တို့လည်း ဆောင်ရွက်ပေးသင့်ကြောင်း ယင်းအစီရင်ခံစာ တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် Cox & Kings သည် နှစ်ပေါင်း၂၅၀ ကျော် သက်တမ်းရှိ ကမ္ဘာ့အကြီးဆုံး ခရီးသွားလုပ်ငန်းဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

၂၀၁၂ ခုနှစ် ဘဏ္ဍနှစ်အကုန်ပိုင်းအထိ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော နိုင်ငံခြားသား ဦးရေမှာ ယခင်ရှစ်သိန်းကျော် ရှိလာမှ ၁၀ သိန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနထံ စုံစမ်းသိရှိရသည်။

ယင်းဘဏ္ဍာနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ ရရှိသော ဝင်ငွေမှာ ၅၃၄ သန်းရှိပြီး ခရီးစဉ်များ၏ ၆၅ ရာခိုင်နှုန်းမှာ အပန်းဖြေနှင့် အလည်အပတ် ခရီးလာရောက်ကြသူများ ဖြစ်သည်။




အပျိုမလေးတွေ မငိုရလေအောင်




ဆရာ အတ္တကျော်ရဲ့ စာစုလေးတွေ ကို မိန်းကလေးများ အတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။


ကလေးမလေးတစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြန်တယ်။


လူမှုရေးကိစ္စတွေစေတနာ့ဝန်ထမ်းနား ထောင်ပေး၊ကူတွေးပေးတဲ့ အလုပ်ကလေးလုပ်နေတာ တစ်နှစ် ကျော်၊ နှစ်နှစ် နီးခဲ့ပြီ ဆိုတော့လည်း ကျွန်တော့်ဆီကိုရောက်ရောက်လာသူတွေ မနည်းလှပါဘူး။ ဒါပေမယ့်
အများစုကတော့အိမ်ထောင်ရှင်အမျိုးသမီးတွေသာ ဖြစ်ပါတယ်။


အမျိုးသားတွေထဲကလည်း အခုနောက်ပိုင်းမှာတော့ အမျိုးသမီး အရေအတွက်လောက် မများဦးတောင် တိုးတိုးပြီးရောက်လာနေကြတာ တွေ့ရတော့ ကြည်နူးရတယ်။


လာကြတဲ့အထဲမှာ အင်မတန်နည်းတာကတော့ အပျိုပေါက်အရွယ် ကလေးမလေးတွေပါ။


သည်တစ်ခေါက်ရောက်လာတဲ့ ကလေးမလေးနဲ့ တွေ့ဖြစ်ချိန်မှာ ကျွန်တော့်အတွက်ရေးစရာက ရလို့ သွားပြန်တယ်။ တစ်ဆက်တည်းမှာပဲ ယောက်ျားတွေရဲ့အချစ်ကိုအကျယ်တဝင့် ရေးပြဖြစ်ခဲ့မိတဲ့ အတွက် လည်း ကျေနပ်ကြည်နူးမိသွားရတယ်။



(တချို့ယောက်ျားတွေကတော့ ကျွန်တော့်ကို ချီးမွမ်းခြေကျောက် လုပ်ကြတယ်။ဘာလို့ ဖွင့်ချရတာတုန်းတဲ့ ဗျား။)


သည်လိုပါ။ ကလေးမလေးမှာက ချစ်သူ ရှိတယ်။ ကလေးမလေးက အသက် ၁၈နှစ်၊ ဒုတိယနှစ်တက်နေတဲ့ ကျောင်းသူလေး။ အဲဒါ သူ့ချစ်သူက သူ့ကိုဆိတ်ကွယ်ရာသွားဖို့ မရမကခေါ်နေသတဲ့။ ကလေးမလေးက လည်း ငြင်းတယ်။ ကလေးမလေးရဲ့စကားက ရှင်းပါတယ်။


“သမီး အိမ်ထောင်မပြုချင်သေးဘူးဆရာ၊ သမီးမှာ ရည်မှန်းချက်တွေလည်း ဘာဆိုဘာမှ မပြည့်စုံသေးဘူး။ မိဘတွေကိုလည်း သမီး လုပ်ကျွေးချင်သေးတယ်”



သိပ်ကောင်းတဲ့ စကားလေး။

Credit to ဇော်သိင်္ခ ..
မိုးကောင်းကင်

လူကိုယူပါ ဘုရားကိုချမ်းသာပေးပါ


From : ..wirathu


ရန်ကုန်တိုင်း၊ သံလျင်မြို့၊ သိပ္ပံလမ်းမှာနေသည့် ဗမာမိန်းကလေးတစ်ယောက်။ အမည်က(……)၊ အသက်(…..) နှစ်။ ဘွဲ့ရပြီးသူ။

သူမအလုပ်လုပ်သည့်ဆိုင်ရှင် အိမ်အမှတ်(၁၄)၊ သီရိလမ်းမှ ဦးဝင်းမောင်+ဒေါ်သန်းသန်းဝင်း၏သား အောင်ကျော်ထွန်းနှင့် လက်ထပ်ယူကြသည်။ မယူခင် လွတ်လပ်စွာကိုးကွယ်ကြဖို့ ကတိပေးခဲ့ကြသော်လည်း ရက်ပိုင်းအတွင်း အောင်ကျော်ထွန်း သဘောထားပြောင်းလဲလာခဲ့။
နှစ်ဖက်မိဘများအိမ်မှာ မနေကြဘဲ အိမ်ငှားနေကြခြင်း၏ ရည်ရွယ်ချက်က ဘာသာရေးလွတ်လပ်မှု ရှိစေချင်၍ ဖြစ်သော်လည်း အစ္စလာမ်ဘာသာထဲ ဝင်ရမည်ဟု အောင်ကျော်ထွန်းက ဆိုလာသည်။ ဗလီတက်ပြီး ပြန်လာချိန်မှ စဖောက်ခြင်းဖြစ်သည်ဟု မိန်းကလေးက ဆိုလာသည်။
မိန်းကလေးက မကူးပြောင်းသည့်အခါ အောင်ကျော်ထွန်းက ပညာစပြတော့သည်။ ဈေးဖိုးလုံးဝ မပေးတော့။ ဟင်းချက်စရာမရှိ၍ ထမင်းမချက်ဘဲ ကောင်မလေးက သူမ မိဘများအိမ် လိုက်စားဖို့ အောင်ကျော်ထွန်းကို ခေါ်သွားသည်။ ဘုရားစင်မြင်လျှင် စားမရ-သောက်မရဟုဆိုကာ ထမင်းလည်းမစားနိုင်၊ ရေလည်းမသောက်နိုင် ဖြစ်ခဲ့သူက အောင်ကျော်ထွန်း။
ဤသို့ဖြင့် လင်မယားနှစ်ယောက်လုံး သူ့အိမ်သူပြန်စား၊ ကိုယ့်အိမ်ကိုယ်ပြန်စားစနစ်ဖြင့် ဆက်လက်ပေါင်းသင်း နေထိုင်ကြလေ၏။

မကြာလိုက်ပါ အောင်ကျော်ထွန်းက ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပန်းမှု ပြုလာတော့သည်။ မဝင်လျှင် ကွာရှင်းပေးရမည်ဟု အောင်ကျော်ထွန်းက တောင်းဆိုလာသည်။ ကောင်မလေးက "ခုယူ ခုကွဲ မလုပ်နိုင်" အရှက်တရားဖြင့် ရပ်တည်ရသောမိန်းကလေးတစ်ယောက်ဖြစ်၍ ချက်ခြင်းကြီး မကွာရှင်းနိုင်ဟု ငြင်းဆိုလိုက်သည့် အခါ အောင်ကျော်ထွန်းက ရှေ့နေခေါ်လာပြီး လက်မှတ်ထိုး ကွာရှင်းခိုင်းတော့၏။ ကောင်မလေးဘက်မှ အသိသက်သေမရှိသည့်အခါ ဆိုင်ကယ် ကယ်ရီသမားကို လက်မှတ်ထိုးခိုင်းကြလေသည်။

15.8.2013 ရက်နေ့မှာ လက်မှတ်ထိုးကွာရှင်းပေးပြီးသည့်အခါ ကောင်မလေးက ညှဉ်းပန်းနှိပ်စက်ပြီး ဘာသာသိမ်းသွင်းမှုဖြင့် တရားစွဲလိုက်၏။ ရဲစခန်းက တရားရုံးကို ဦးတိုက် လျှောက်ခိုင်း၏။ တရားရုံးက လက်ခံပြီး ရဲကိုပင် ပြန်စစ်ဆေးခိုင်း၏။ ယခုလ (၆) ရက်နေ့ (6.9.2013) မှာ တရားခွင်မှာ စတင်စစ်ဆေးမည် ဖြစ်သည်။
အောင်ကျော်ထွန်း(ခ) ဘစ်တာ ကလည်း ပြန်တိုက်သည်။ မီးရှို့မည်၊ အကြမ်းဖက်မည်ဟု ခြိမ်းခြောက်သည်ဟု ကောင်မလေး၏ မိဘများကို ပြန်တရားစွဲခြင်း ဖြစ်၏။
သူတို့ဇာတ်လမ်းလေးက သိပ်မကြာလိုက်
3.7.2013 မှာ မန္တလေးသို့ ခိုးပြေးကြသည်။
6.7.2013 မှာ ပြန်ရောက်သည်။
15.8.2013 မှာ ကွာရှင်းသည်။
6.9.2013 မှာ တရားရုံးချိန်းသည်။
ဤမျှသာ ဖြစ်ပါ၏။
သူတို့နှစ်ယောက်သည် တိုက်အမှတ် (၆)၊ အခန်း (၄)၊ အောင်နိမိတ်လမ်း၊ အောင်မင်္ဂလာရပ်ကွက်မှာ အိမ်ငှားနေထိုင်ကြပြီးမှ ကွာရှင်းခဲ့ကြခြင်းဖြစ်ရာ အိမ်ရှင်များက မိန်းကလေးဘက်မှ သက်သေလိုက်ပေးကြမည် ဆို၏။
အောင်ကျော်ထွန်း(ခ) ဘစ်တာက ပထမ-အေးအေးဆေးဆေး သိမ်းသွင်း၏။ ဒုတိယ-အကြမ်းဖက်လာ၏။ တတိယ- ဓားကြိမ်းကြိမ်းလာ၏။
မိန်းမယူထားပြီး မိန်းမကို ဘာသာသိမ်းသွင်းနိုင်မှ ငါ့အသိုင်းအဝိုင်းမှ လက်မထောင်နိုင်မှာ။ မသိမ်းသွင်းနိုင်ရင် မျက်နှာငယ်ရတယ်။ ဘာသာခြားမိန်းကလေးတွေကို လက်ထပ်ယူပြီးရင် ဘာသာသိမ်းသွင်းရတာဟာ အစ္စလာမ်ရဲ့ တာဝန်ပဲ ဟု အောင်ကျော်ထွန်း(ခ)ဘစ်တာက အမြဲပြောသည်ဆို၏။
ယခုတော့ ဘာသာမတူ၍ အိမ်သူမဖြစ်နိုင်တော့။ တစ်ခြားမည်သည့်အကြောင်းမျှ မရှိဘဲ၊ ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြ၏။
ဘာသာက အဓိကလား၊ လူကအဓိကလား….?
ဘာသာကိုချစ်တာလား၊ လူကိုချစ်တာလား….?
ဘာသာကိုယူတာလား၊ လူကိုယူတာလား…..?
ဘာသာကိုလိုချင်တာလား၊ လူကိုလိုချင်တာလား….?
အားနွဲ့သည့် လူများစုကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးကြပါဗျာဟု ဗျိုး….ဟစ်လိုက်ချင်တော့၏။
လူကိုယူပါ၊ ဘုရားကိုချမ်းသာပေးပါ မစ္စတာကုလားတို့ရာ- ဟုတ်ဘူးလား….?။
အကြောင်းစုံသိလိုက-ဦးပညာဓဇ=09-421007251 သို့ဆက်သွယ်ပြီး၊ ကောင်မလေးနှင့် တိုက်ရိုက် ပြောနိုင်ပါသည်။



၁၆နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို လိင်မှု ကျူးလွန်ရန် အားထုတ်ကြိုးပမ်းခဲ့ သည့် ဟိန္ဒူဂုရုကြီး အဖမ်းခံရ


From : ..YMG







ဆိတ်ငြိမ်သော ဘာသာရေး ရိပ်သာတစ်ခု၌ ၁၆နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို လိင်မှု ကျူးလွန်ရန် အားထုတ်ကြိုးပမ်းခဲ့ သည်ဟုစွပ်စွဲခံရပြီးနောက် ကျော် ကြားသော၊ ကိုးကွယ်ယုံကြည်ခံ
ရသော အိန္ဒိယဂုရုကြီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသခံအရာရှိတစ်ဦးက စက် တင်ဘာ ၁ရက်တွင်ပြောကြား ခဲ့သည်။

နောက်လိုက်များစွာကို ဆွဲ ဆောင်ပြီး ကိုယ်ပိုင်ဟန်ရှိသူဟိန္ဒူ ဂုရုများစွာအနက်တစ်ဦးဖြစ်သူ အာဆာရမ်ဘာပူကို စက်တင်ဘာ ၁ရက်က အင်ဒိုးမြို့လယ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် အသက် ၇၂နှစ်အရွယ် ဂုရုကြီးကို မိန်းကလေးအား လိင်မှုကျူးလွန် ရန် အားထုတ်ကြိုးပမ်းခဲ့သော အ နောက်ပိုင်းရှိ ဂျော့ဒ်ပူရ်မြို့သို့ လေယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ သည်။ မိန်းကလေး၏မိဘများ မှာလည်း ၎င်းဂုရုကြီးကို ကိုးကွယ် နေသူများဖြစ်သည်ဟု ဒေသခံရဲ အရာရှိ အဂျေးပါးလ်လမ်ဘာက ပြောကြားခဲ့သည်။
''ဂုရုကြီးကို သူ့ကိုစွပ်စွဲထား တာနဲ့ပတ်သက်ပြီး ဂျော့ဒ်ပူရ်ရဲ စခန်းသို့လာရောက်ဖြေရှင်းဖို့ ပြောခဲ့ပေမယ့် သူကျန်းမာရေး မကောင်းလို့ နောက်ထပ်အချိန် ပေးဖို့ တောင်းဆိုခဲ့တယ်''ဟု ရဲ တပ်ဖွဲ့ကလည်း အခွင့်အရေးပေး ခဲ့သော်ကြောင်း ဂျော့ဒ်ပူရ်မှ ဒုရဲ မင်းကြီးလမ်ဘာက အေအက်ဖ် ပီသို့ ပြောကြားခဲ့သည်။

မုတ်ဆိတ်ဖြူဂုရုကြီး ၎င်း အပေါ်စွပ်စွဲချက်များကို ပယ်ချခဲ့ ပြီး နိုင်ငံရေးနှင့်ဆိုင်သော ကြံ စည်မှုဟုဆိုသည်။ လိင်ပိုင်းဆိုင် ရာတိုက်ခိုက်မှုမှာ ဩဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည်။ ထိုစဉ်က အာဆာရမ်သည် လိင်ပိုင်းဆိုင် ရာတိုက်ခိုက်ခံရသူ မိန်းကလေး ၏မိဘများအပါအဝင်နောက် လိုက်များအတွက် တရားကျင့် ရိပ်သာတစ်ခုကို ပြုလုပ်ပေးနေ ခဲ့ချိန်ဖြစ်သည်။

သမီးဖြစ်သူတွင် မကောင်း ဆိုးဝါးဝိညာဉ်များပူးဝင်စွဲကပ်နေ ပြီး ၎င်းအနေဖြင့် သမီးဖြစ်သူ နှင့် နှစ်ဦးတည်းတွေ့ရန်လိုအပ် ကြောင်း ဂုရုက မိန်းကလေး၏မိဘများကို ပြောကြားခဲ့သည်။ ဂုရုကြီးအခန်းကို မိန်းကလေး တစ်ဦးက ခိုးဝင်ရောက်ပြီးနောက် နှစ်ရက်ကြာ ဂုရုကြီးက ၎င်းအား လိင်ပိုင်းဆိုင်ရာ စော်ကားရန် အားထုတ်ခဲ့ကြောင်း မိန်းကလေး က ၎င်း၏မိဘများကိုတိုင်သည်။ မိန်းကလေးမိသားစုက ဂုရုနှင့် ထိပ်တိုက်တွေ့ရန်ကြိုးစားသော် လည်း ဂုရုက အတွေ့မခံသဖြင့် ရဲကိုတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးကပြောခဲ့သည်။




Google Glass ရောင်းချမည့်ရက်ကို ၂၀၁၄ ခုနှစ်သို့သတ်မှတ်












Ref & Credit: Smart Pro Journal

ဘောလုံးအဖွဲ့ချုပ် ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး နေပြည်တော်အသင်း ဖီဖာအထိ အယူခံဝင်မည်







နေပြည်တော်အသင်းသည် ၎င်းတို့ ၏ အယူခံလွှာအား ဘောလုံးအ ဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ထံ အယူခံတင်သွားရန် ရည်ရွယ် ထားကြောင်း သိရသည်။


နေပြည်တော် အသင်းအ နေဖြင့် ၎င်းတို့အား ချမှတ်ထား သော ပြစ်ဒဏ်များကို ဩဂုတ် ၁၉ ရက်က အယူခံတင်သွင်းထား ခဲ့ပြီး ၂၀၁၄ င်္ဗဃ ဃကစ ပြိုင်ပွဲ များအား အိမ်ကွင်းတွင် လက်ခံ ကျင်းပခွင့်ရရန် ဘောလုံးအဖွဲ့ ချုပ်ထံ တောင်းဆိုထားခဲ့သော် လည်း ဘောလုံးအဖွဲ့ချုပ်မှ လက် ခံရရှိသေးခြင်း မရှိကြောင်း သိ ရသည်။


နေပြည်တော်အသင်း၏ စီမံမန်နေဂျာ ဦးဇော်ဝင်းက ''ကျွန် တော်တို့အနေနဲ့ ဘောလုံးအဖွဲ့ ချုပ်ကို အယူခံတင်ထားတာ ဩ ဂုတ် ၁၉ ရက်ကတည်းကပါ။ ကျွန် တော်တို့ဆီမှာ စာလက်ခံ ရှိပါ တယ်။ ကျွန်တော်တို့ရဲ့စာက ဘာ ဖြစ်လို့ တာဝန်ရှိသူတွေဆီ မ ရောက်တာလဲဆိုတာ နားမလည် ဘူး။ အဲဒီတော့ ကျွန်တော်တို့အ နေနဲ့ နောက်ထပ်တစ်ပတ် စောင့် ကြည့်ဦးမယ်။ ဘာမှထူးမလာဘူး ဆိုရင် ကျွန်တော်တို့ တခြားဟာ ကို စဉ်းစားမယ်။ အရင်က ဖီဖာ မှာ အယူခံဝင်ဖို့ စီစဉ်ခဲ့ပေမယ့် အဆင့်မကျော်ချင်လို့ ဘောလုံး အဖွဲ့ချုပ်ကို အရင်စာတင်ခဲ့တာ ပါ။ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြည့်ပြီး ဖီဖာအထိ အယူခံဝင် သင့် မဝင်သင့် ဆုံးဖြတ်သွားမှာ ပါ''ဟု ပြောသည်။


မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ''နေ ပြည်တော်အသင်းဘက်က တ ရားဝင် တင်သွင်းလာတဲ့ အသ နားခံစာရော၊ အယူခံစာရော မ ရောက်ရှိ သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆီကို ရောက်ရှိလာ ခဲ့မယ်ဆိုရင်တောင် အခုအချိန် မှာ ချက်ချင်းဆုံးဖြတ်ပေးမှာ မ ဟုတ်ပါဘူး။ ဒီကိစ္စကို သေသေ ချာချာ ပြန်လည်သုံးသပ်သွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆုံး ဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချ မှတ်လို့ မရပါဘူး။ င်္ဗဃ ဃကစ ပြိုင်ပွဲကို အိမ်ကွင်းမှာ ကျင်းပနိုင် ဖို့ဆိုတာကိုလဲ အခုအချိန်မှာ ပြော လို့မရနိုင်သေးပါဘူး''ဟု ပြောကြား ခဲ့သည်။


စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေး ကလည်း နေပြည်တော်အသင်း ၏ အယူခံဝင်စာအား လက်ခံမ ရရှိသေးကြောင်းနှင့် အယူခံလွှာ ရရှိလာပါကလည်း ယင်းကိစ္စ အား အယူခံကော်မတီ ဖွဲ့စည်းပြီး မှ ဆုံးဖြတ်သွားမှာဖြစ်ပြီး ၎င်း တို့နှင့် မသက်ဆိုင်ကြောင်း ပြော သည်။


ညီမိုဃ်း၊စက်တင်ဘာ(၂) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

Related Posts Plugin for WordPress, Blogger...