Thursday, September 5, 2013

စက်ဘီးဆွဲတဲ့ သရဲ







သရဲအကြောင်းရေးကြလွန်းလို့ သရဲအကြောင်းမရေးရင်ခေတ်မမှီ
မှာစိုးလို့
ဒီအကြောင်းလေးကိုရေးလိုက်တာပါ..ရွာသူ/ရွာသားတို့၏မည်သည်ရေးသားချက်ကိုမျှမှီငြမ်းခြင်းမပြုပါကြောင်းထပ်လောင်းတင်ပြအပ်ပါသည်။

လှမြင့်..သေခြင်း။။။။။
မနက်ပိုင်းဝင်လာတဲ့ သတင်း….အဆန်လော်ကယ် ရထားကြိတ်သွားပြီ အကြိတ်ခံရတဲလူသေတယ် အခုကြိတ်တဲ့ရထားနဲပဲ အလောင်းကိုပြန်တင်လာတယ်။။

အလုပ်တော့ရှုပ်ပြီ ။။။။။။။
ကိုယ်ဂျူတီတော့မဟုတ် ဒါပေမယ့်မနေနိုင် ကျွန်တော်နေတဲ့နေရာနဲခြောက်မိုင်လောက်ဝေးတဲ ရှေ့ကဘူတာမှာဖြစ်သွားတာပါ ဘူတာမှာရထားစထွက်ထွက်ခြင်း
တွဲကြားမှာစီးတဲ့လူက ရထားအထွက်တွဲဆက် စပရိန်တွေဆောင့်ဆွဲရုန်းကန်တဲ့အခါ အရက်မူးနေတော့ ပြုတ်ကျပြီး တက်ကြိတ်တာပါပဲလူတွေဝိုင်းအော်ကြလို့
ရထားရပ်ပြီး ဆွဲထုတ်တော့အသက်မရှိတော့ပါ။
ကျွန်တော်တို့ဆီကိုရောက်ဘို့ ရထားဟာ မိနစ်နှစ်ဆယ်ခန့်မောင်းရမှာပါ ကျွန်တော်အောက်က စီနီယာများကို။။ ဟေ့ကောင်တွေစာရွက်စာတမ်းတွေအသင်လုပ်ထား
အလောင်းသယ်လာတဲရထားလာတာနဲ့ တစ်ခါတည်းတက်လိုက်သွား ဒီက ဘူတာရုံပိုင်ကြီးကိုလည်းတစ်ခါတည်းဆေးရုံပို့လိုက်ပြီပြောလိုက် တစ်ယောက်ကစက်ခေါင်းမောင်းနဲ
ဂါတ်ဗိုလ်ကိုသွားပြော ငါတို့ထွက်ခိုင်းမှရထားထွက်လို့ သေတဲလူ ဘယ်သူဆိုတာသိအောင်အရင်စုံစမ်းသူ့ပစ္စည်းတွေကိုစစ်။။ကြားလား

ရထားထွက်ရင် ငါနဲ့လူသုံးယောက် ရှေ့ဘူတာ ရထားကြိတ်တဲနေရာကိုသွားမယ် အသင့်ပြင်ထားကြ။
ရထားဝင်လာပါပြီ ဘယ်တွဲမှာလဲအလောင်းက ကြုံရာလူကိုမေးလိုက်တော့ ….ဟိုအလယ်တွဲမှာ…..အလောင်းကိုကြည်လိုက်တော့။။။။။။။။။
ဘယ်လက်မောင်းဂွကိုကြိတ်မိတော့ပြတ်လုပြတ်ခင်အနေအထား ခြေထောက်နှစ်ချောင်းလုံးကကြေမွနေပြီ သေရတဲ့အကြောင်းကတော့လယ်လက်မောင်းရင်းကို
တက်ကြိတ်တဲအတွက် ရင်ဘတ်ပိုင်းအတွင်းကလိစာတစ်ချိုပျက်စီးမှုကြောင့် ချက်ခြင်းသေရတာပါ။။အိတ်တွေရှာစမ်း ။။မှတ်ပုံတင်တွေ့တယ်အကို့ နာမည်က
လှမြင့် တဲ့ သာရဝေါအနောက်ဘက်ကမ်းက ငှက်ပျောတောလိပ်စာနဲ့““အေးဒါဆို ပို့လိုက်တော့။။ရထားထွက်ခိုင်းလိုက်။။““

အသားစတွေ။။။။။
ရထားကြိတ်တဲနေရာသွားမယ်။။။။စက်ဘီးကိုယ်စီနဲ့ ရထားလမ်းကြီးအတိုင်း ရှိနေတဲ့ခြေသွားလမ်းအတိုင်း ရှေ့ဘူတာကိုထွက်လာခဲ့ကြပါတယ်
ေ၇ှဘူတာကိုရောက်တော့လူအုပ်က မကွဲသေးပါတစ်ယောက်တစ်ပေါက်ပြောဆိုဝေဖန်နေကြတုန်းပါ ကြိတ်မိတဲနေရာက သွေးကွက်တွေကတော့အေးခဲနေပါပြီ
ရထားလမ်းဘေးအိမ်က ရေတွေသယ်ပြီး သွေးတွေပျောက်အောင်ရေလောင်းခိုင်း လိုက်ရပါတယ်။။
ရထားသံလမ်း တစ်လျှောက်ကြည့်လိုက်တော့ လူသားအစတွေ ကပ်နေတာတွေလို့ ။။။ ဟေ့ကောင်တွေရေ မြင်လို့မကောင်းဘူဟ တစ်ခုခုရှာပြီးခြစ်ထုတ်ပစ်

အဲဒီအသားစတွေခပ်ဝေးဝေးလွှင်ပစ်လိုက် ကျန်တဲလူတွေရပ်ကြည်နေမယ်အတူတူ ခင်ဗျာတို့ရွာထိပ်မှာဖြစ်တာ မြင်မကောင်းဘူးဝိုင်းကူကြဗျာ။။။
ဝက်ရဲအသားဖတ်တွေလိုဖြစ်နေတဲ့ အစတွေကို လူအများခြစ်ထုတ်လွင်ပစ် သဲတွေဖြူးနဲ့နေ့လည်ပိုင်လောက် အားလုံးနေသားတကျဖြစ်တယ်ဆိုရင်ပဲ
ကဲပြန်မယ်ကွာ ဟိုရောက်မှလုပ်စရာရှိတာဆက်လုပ်တာပေါ့။။။

စက်ဘီးတွေဆွဲလှဲတယ်။။။။။
နောက်တနေ့ မနက်ပိုင်းဝင်လာတဲ့သတင်း….ရထားကြိတ်တဲနေရာမှာစက်ဘီးစီးလာတဲလူတွေကို အဲဒီနေ့ညနေပိုင်း တစ်ယောက်ယောက်ကဆွဲလှဲသလို
အဲဒီနေရာမှာလဲကုန်ကြတယ်တဲ့ ဒူးကွဲတဲသူကွဲ နဖူးကွဲတဲသူကွဲနဲတဲ့ ညဘက်ရထားလမ်းဘေးက အရက်ဆိုင်မှာအရက်လာသောက်တဲ့လူတွေ ရပ်ထားတဲ့

စက်ဘီးတွေကိုလည်းနောက်ပြန်ဆွဲပြေးလို့ ညက အဲဒီနေရာဘယ်သူမှမဖြတ်ရဲ မသွားရဲ ရထားလမ်းဘေးကအိမ်တွေလဲစောစောအိပ် ဆိုင်တွေလည်းလဲစောစောပိတ်
တစ်ရွာလုံးတိတ်နေရတယ်တဲ့။။။။
။။။။ဟေ။။။ဟုတ်ရဲလားဟ
။။။အာ….ဟုတ်တာပေါ့ ကျွန်တော်အရက်ကြိုက်တဲ့သူတောင် ပုလင်းဆွဲပြီးအိမ်မှာပဲသောက်လိုက်ရတယ်ဒါတောင် စောစောအပြေးမြန်လို့
။။။။အင်း ဒီလိုဆိုဒုက္ခ မနက်ပိုင်းရောကွ
။။။ဒီမနက်ကျွန်တော်လာတာတော့ ဘာမှမထူးဘူးဗျ
။။။။ရထားလမ်းဘေးမှာပဲဖြစ်တာမှတ်လား
။။။ဟာအကိုကလည်း ဒီလမ်းလေးနဲသွားလာနေရတာလေ ဒီညနေလည်းဘယ်သူမှဖြတ်သွားရဲမှာမဟုတ်ဘူး
။။။။ဒီညနေငါလာမယ်ကွာ မင်း ရွာမတံတားအကူးလေးကစောင့် ညနေငါးနာရီထိုးတာနဲ့ ရောက်လာမယ်

။။။အကိုကဘာလုပ်မလို့လဲ
။ဲ။။သရဲဖမ်းမလို့
။။။ဗျာ
။။။။ဒီကောင် လှမြင့် ပဲဖြစ်မယ်ကွ မင်းကကြောက်လို့လား
။။။မကြောက်ပါဘူး နည်းနည်းတော့ဖြုံတယ်ဗျ ..ဟီး
။။။။လူကြမ်းရင်ဘယ်နတ်သရဲမှ မခံနိုင်ပါဘူးကွာငါလာခဲ့မယ်။

ညိမ်နေတဲ့သရဲ။။။။။
။။။။ဟေ့ေ၇ာက်နေတာကြာပြီလား
။။။အကိုကလည်းဒီလမ်းကဖြတ်ပြီးလာစောင့်ရမှာဆိုတော့ လေးနာရီလောက်ထဲကရောက်နေတာနည်းနည်းနောက်ကျရင်မှောင်မှာစိုးလို့
။။။။အေး သွားမယ်
လှမြင့် ရထားကြိတ်တဲနေရာနဲ့ တည့်တည့်ကအရက်ဆိုင်လေးရှေရောက်ရင်ပဲ ကျွန်တော်နဲအတူပါသူ စက်ဘီးရယ်ကျွန်တော့စက်ဘီးကိုပါ
ရထားလမ်းဘေးက မြေလမ်းလေးမှာပဲရပ်ထားခဲ့ပြီး အရက်ဆိုင်ထဲဝင်ထိုင်နေလိုက်ပါတယ် ဆိုင်ထဲမှာတော့ လူရှင်နေပြီး အရက်ေ၇ာင်းတဲ့
လင်မယားနှစ်ယောက်နဲသူ့တိုသားလေးတစ်ယောက်သာရှိပါတယ် ရထားကြိတ်သေတဲလှမြင့်သရဲညက သောင်းကျန်လို့ ဒီနေ့ညနေ လာသောက်

မယ်သူမရှိဖြစ်နေကြောင်းရင်ဖွင့်ရှာပါတယ် ။
။။။။ကျွန်တော်ဒီညဒီမှာစောင့်ဖမ်းမလို့
။။။မလုပ်ပါနဲ့ ငါလူရာ ညကတစ်ကယ်စက်ဘီးတွေနောက်ပြန်ဆွဲပြေးတာ ငါမျက်စိနဲတပ်အပ်မြင်တာကွ လူသုံးလေယောက်စုပြီးလိုက်ကောက်ရတယ်
အရက်သမားတွေလည်အကုန်လစ်ကြရောဟ
။။။။ရပါတယ်ဗျာ အခုကျွန်တော်တို့စက်ဘီးတွေရပ်ထားခဲ့တယ် ညမှောင်ရင်ဆွဲပြေးမလားစောင့်ကြည်မယ်ဗျာ
။။။အေးလုပ်ကွာငါလည်းစောင့်မယ်
တစ်ဖြည်းဖြည်းနဲ့ ရွာတောအုပ် ရထားလမ်းလေးဟာမှောင်ရီသန်းလို့ လာပါပြီ ညနေလော်ကယ်ရထားအစုန် ဘူတာမှာရပ်ပြီးပြန်ထွက်သွားတဲ့နောက်
ရုံပိုင်ကြီးမရှိပဲလက်မှတ်ရောင်းသာထားတဲ့ ဘူတာခွဲ ရွာမဘူတာလေးဟာ လူသူကင်းဆိတ်လို့နေပါတော့တယ်။။။

။။။။မှောင်ပြီးဗျ ခြောက်နာရီခွဲနေပြီ
။။။မနေညကဒီအချိန်ဆိုဆွဲချနေပြီဗျ အခု ငါ့လူတို့စက်ဘီးကနေရာမရွေ့သေးဘူး
။။။။လာဗျာအပြင်အမှောင်ရိပ်ကျတဲသစ်ပင်အောက်က ထွက်စောင့်ကြမယ်
သုံးဦးသား လက်နှိပ်ဓါတ်မီးကိုစီနဲ အမှောင်ရိပ်မှာခုံပုလေးတွေချလို့ စက်ဘီးကိုသရဲဆွဲမယ့်အချိန်ကိုစောင့်ကြည်နေကြပါတယ် အရက်ဆိုင်ရှင်ရဲ့
မိန်းမကတော ကြောက်ရွံစိတ်နဲ့ ခြင်ထောင်ထဲမှာနားစွင်နေတယ်ထင်ပါ့။။
ခုနှစ်နာရီထိုးပါပြီ စက်ဘီးနှစ်စီးဟာ ရထားလမ်းသစ်ပင်အုပ်ရဲအမှောင်ထုမှာ ထောင်ရက်သား မျက်တောင်မခတ်တမ်းစောင့်ကြည့်နေတဲ့ ကျွန်တော်
တို့သုံးယောက် ခြင်တွေဝိုင်းအုံကိုက်တဲဒဏ်ကိုကြိတ်မှိတ်ခံရင်း ဇွဲနဘဲနဲစောင့်ကြည်နေဆဲပါ
ရှစ်နာရီ မထူးခြားပါ စက်ဘီတွေကအမှောင်ထဲမှာ ဒီတိုင်း။။။

။။။။ဒီကောင်ဒီမှာမရှိဘဲ သူအိမ်များပြန်သွားလားမသိဘူးဗျ
။။။ဖြစ်နိုင်တယ်အကိုသေတဲ့ညနေကတော့သူမသိလိုလျှောက်လုပ်နေတာနေမယ် အခုနေ့လည်အိမ်သတိရပြီးပြန်သွားလားမသိဘူး
ဒီမှာရှိရင်တော့ဒီကောင်လုပ်မှာဗျ။
။။။။အေးကွာရှစ်နာရီခွဲလို့မှမထူးခြားရင်ပြန်ကြမယ်…မင်းပြန်ရဲလား
။။။ရတယ် ကျွန်တော်ရွာထဲရောက်တဲ့ အထိလမ်းအတိုင်းဓါတ်မီးတော့ ထိုပြဗျာ
။။။။အေးပါကွာမင်းရွာထဲရောက်မှငါပြန်မယ်..ဆိုင်ရှင်အကိုရောအိပ်ရဲတယ်မှတ်လား
။။။ရတယ်ငါ့ညီ
ရှစ်နာရီခွဲတဲ့အချိန်မှာတော့ ဓါတ်မီး ကိုယ်စီထိုးကာစက်ဘီးတွေပြန်ယူလိုက်ကြပါတယ် လိုက်စောင့်တဲ့အဖေါ် ကိုရွာထဲဝင်တဲ့အထိ ဓါတ်မီးနဲထိုးပြပြီး
အရက်ဆိုင်ရှင်ဦးလေးကြီးကိုနှုတ်ဆက်ကာပြန်ခဲ့ပါတယ်။။အဲဒီည က သရဲမမိခဲ့ပါ။။တောက်နာတယ်ကွာ။။

နောက်ညများမှာတော့ သရဲဆွဲသံမကြားရဘဲ သုံးရက်မြောက်ညမှာအဲဒီအဖြစ်မျိုးထပ်ဖြစ်ခဲ့ပါတယ်။။။
နောက်တစ်ကြိမ်စောင့်ဖမ်းခြင်ပေမယ့် အလုပ်မအားတာကြောင့် သရဲဖမ်းအစီစဉ်ကို လက်လွတ်လိုက်ရပါတယ် နောက်ပိုင်းရွာမှလူကြီးများက သေသွား
တဲ့နေရာမှာ ပရိတ်ရွတ်ခြင်း သံဃာမျာကို ပင်ဖိတ်ဆွမ်းကပ်ခြင်းများပြုလုပ်ခဲ့တာကြောင့် သရဲခြောက်တယ်လို့တော့အသံမကြားရတော့ပါ။။
ကိုတိုင်သရဲဖမ်းခဲတာပါ။ ဒါပေမယ်မတွေခဲ့ရပါဘူး ….သာရဝေါ ရွာကြီးရဲ့ မလှမ်းမကမ်းကရွာ လေးတစ်ခုမှာ တစ်ကယ်ကြုံခဲ့ရတဲ့ အဖြစ်ပါ။

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး မော်ဒယ်လ် ဂီဆယ်လီ ဘန့်ချန်း



မော်ဒယ်လ် ဂီဆယ်လီ ဘန့်ချန်းသည် အနုပညာ သက်တမ်း ခုနစ်နှစ် အတွင်း ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး မော်ဒယ်လ်အဖြစ် ဆက်လက် ရပ်တည်လျက် ရှိကြောင်း Forbes မဂ္ဂဇင်းမှ ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။

သူမ၏ အနုပညာ ၀င်ငွေမှာ ယခင် နှစ်ကထက် နည်းသော်လည်း ဂီဆယ် လီဘန့်ချန်းသည် ကမ္ဘာကျော် မော်ဒယ်လ်များ ဖြစ်သည့် မီရန်ဒါကားနှင့် အေဒရီရာနာ လိုင်မာတို့ကို ဖြတ်ကျော်၍ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး မော်ဒယ်လ် ဖြစ်လာခဲ့သည်။

အသက် ၃၃ နှစ်အရွယ် ကလေး နှစ်ဦး၏ မိခင် ဘရာဇီး မော်ဒယ်လ် ဂီဆယ် လီဘန့်ချန်းသည် အမေရိကန် ဘောလုံး အကျော်အမော် တွမ်ဘရာဒီ၏ ဇနီးချော ဖြစ်သည်။ သူမသည် ကမ္ဘာကျော် အလှပြင် ပစ္စည်း ကုမ္ပဏီ ဖြစ်သည့် Sejaa ကုမ္ပဏီ၊ Pantene ကုမ္ပဏီ၊ Oral-B ကုမ္ပဏီ၊ ဘရာဇီး နိုင်ငံမှ နာမည်ကြီး Grendene အတွင်းခံ အ၀တ်အထည် ကုမ္ပဏီ တို့၏ ပင်တိုင် မော်ဒယ်လ်အဖြစ် စာချုပ်ချုပ်ဆို ထားသည်။

ဂီဆယ် လီဘန့်ချန်း၏ ယခုနှစ် ၀င်ငွေမှာ အမေရိကန် ဒေါ်လာ ၄၂ သန်း ရှိကြောင်း Forbes မဂ္ဂဇင်းက ခန့်မှန်းထားသည်။


 

 

သချာင်္ဂဏန်းလေးတွေရဲ့ လျှို့ ဝှက်ချက်






သချာင်္ကိုစိတ်ဝင်စားတဲ့ သူတွေအတွက် အပျင်းပြေ စာလုံးလေးစီကြည့်ရအောင်
ပထမမြှောက်ပြီး ပေါင်းလို့ရတဲ့ အဖြေတွေက 9 ကနေပြီး 1အထိအစီအစဉ်လိုက်သွားကြတာပေါ့။
ခေါင်းတော့စားတယ်..။ သိသွားရင်တော့လွယ်ပါတယ်။
သူ့အစဉ်လိုက်တိုင်းလုပ်သွားရုံပါ။
1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 = 987654321 ကဲရသွားပြီဗျာ...။
နောက်တစ်ခုက 1 တွေပဲ အစဉ်လိုက်သွားပါ့မယ်။
1 ဆယ်လုံးရအောင် မြှောက်ပြီးပေါင်းကြစို့။
စီနီယာ 1 ကစေနပြီးပဲ မြှောက်ပါ။

1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9 +10= 1111111111 ဟော ရသွား ပြီဗျာ 10 လုံး။
ကဲနောက်တစ်ခုနော်.. ဒါကတော့ 8 တွေအစဉ်လိုက်ရအောင်လုပ်တာပါ။
စလိုက်စို့။


9 x 9 + 7 = 88
98 x 9 + 6 = 888
987 x 9 + 5 = 8888
9876 x 9 + 4 = 88888
98765 x 9 + 3 = 888888
987654 x 9 + 2 = 8888888
9876543 x 9 + 1 = 88888888
98765432 x 9 + 0 = 888888888 8ဆယ်လုံးရသွားပါပြီ။

Brilliant, isn't it?

And look at this symmetry:

1 x 1 = 1
11 x 11 = 121
111 x 111 = 12321
1111 x 1111 = 1234321
11111 x 11111 = 123454321
111111 x 111111 = 12345654321
1111111 x 1111111 = 1234567654321
11111111 x 11111111 = 123456787654321
111111111 x 111111111 = 12345678987654321
မလွယ်ဘူးလားဗျာ သချာင်္ဂဏန်းလေးတွေမှာ သူ့အစဉ်အတိုင်းလုပ်ကြည့်ရင်
ပျော်စရာကောင်းတဲ့ စီနီယာ ၊ ဂျူနီယာနံပတ်လေးတွေ ထွက်လာပါလိမ့်မယ်ဗျာ...။***

Credit to Sharing For All

ပြည်ပန်းညို ( Cassia glauca Lam )




အပင်-- အပင်ငယ် မျိုး ဖြစ်သည်။ အမြင့် ၁၀ ပေ ကျော် ထိ ရှိ၏။ အကိုင်း အခက် များ၍ တောက်ပြောင် သော အရောင် ရှိသည်။

အရွက်-- ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ၅ လက်မ ၉ လက်မ ထိ ရှည်သည်။ရွက်မြွှာ များ ရွက်ဆိုင် ထွက်ပြီး ထိပ်ဝိုင်းသည်။ ရွက်ပြား ချော၍ ရွက်နား ညီသည်။ သေးငယ် သော ရွက်စွယ် ပါရှိသည်။

အပွင့်-- ကြီးသည်။ တောက်ပသော အ၀ါရောင် ရှိသည်။ ၀ါဆို၊ ၀ါခေါင်လ တွင် ပွင့်သည်။
အသီး-- သီးတောင့် ရှည်မျိုး ဖြစ်၍ ၆ လက်မ ၈ လက်မ ထိ ရှည်သည်။ ပြား၍ ပါးလှပ်ပြီး ပြောင်ချော သည်။ အစေ့ ၂၀ မှ ၃၀ ထိ ပါရှိသည်။ အသီးညှာ ထင်ရှား သည်။ တော်သလင်း မှ တန်ဆောင်မုန်း လ အတွင်း သီးသည်။


မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : ပေါက်ရောက်သည့်ဒေသ-- မြန်မာ နိုင်ငံ အနှံ့ အပြား တွင် ပေါက်ရောက် သည်။

ပေါက်ရောက်ပုံ--သဘာဝ အလျောက် ပေါက် ရောက်သည်။
အသုံးဝင်ပုံ : အာနိသင်-- မြန်မာ ဆေးကျမ်း များ အလို အရ ပြည်ပန်းညို သည် အေး၏။ အရသာ ဖန်ခါး၏။ ဆီးကို များစေ၍ ညောင်းကျ ရောဂါကို ပျောက်ကင်း စေနိုင်သည်။


အသုံးပြုပုံ--အရွက်--
၁။ အရွက် ကြိတ်ညှစ်ရည် ကို နို့ရည် သကြားတို့နှင့် သောက်လျှင် ဆီးအောင့် ရောဂါ နှင့် ညောင်းကျ ရောဂါ ပျောက်စေ၏။
၂။ ပြုတ်၍ ပုစွန်ခြောက် ဖြင့် သုပ်စားက လေထိုး လေအောင့် ရောဂါ၊ လေလုံး ရောဂါ၊ အဖျား ရောဂါ ၊ဆီးချို ရောဂါ၊ ညောင်းကျ ရောဂါ ပျောက်၏။
၃။အမှုန့် ပြု၍ စားပါက လေရောဂါ၊ အပူရောဂါ၊ ဆီးအောင့် ရောဂါ များ ပျောက်၏။
၎။အရွက် ကို ဟင်းချို ချက်သောက် က ပိတ်ဝမ်း ရောဂါ၊ သွေးဝမ်း ရောဂါ၊ လေရောဂါ၊အစာ မကြေ ၊ သည်းခြေ ပျက် ရောဂါ များ ပျောက်၍ အားကို ဖြစ်စေ၏။

ဘဏ်ကိုဓားပြတိုက်ပြီး တဒေါ်လာပဲယူတဲ့သူ




ဘဏ်ကို ဓားပြတိုက်၊ ငွေတဒေါ်လာပဲတောင်းပြီး အဖမ်းခံဖို့ ရဲကိုစောင့်နေတဲ့အဖြစ်အပျက် တခု သောကြာနေ့  က အမေရိကမှာဖြစ်ပွားခဲ့ပါတယ်။ အသက် ၅၀အရွယ်အဲလ်စစ်ဆို သူဟာ အော်ရီဂွန်ပြည်နယ်က အမေရိကဘဏ်တခုကိုဝင်ပြီး
ကဲ၊ဒါ ဘဏ်ကိုဓားပြတိုက်တာပဲ။ ငါ့ကိုတဒေါ်လာပေးစမ်းဆိုပြီးပြောပါတယ်။
ငွေတဒေါ်လာရပြီးတဲ့နောက်တော့ ဧည့်သည်ထိုင်တဲ့နေရာမှာထိုင်ပြီးသူ့  ကိုလာဖမ်းမယ့်ရဲ ကိုစောင့်နေ လိုက်ပါတယ်။

အဲလ်စစ် ဟာ အိမ်ယာမဲ့တယောက်ဖြစ်ပြီးတော့မူးယစ်ဆေးစွဲနေသူတယောက်လည်းဖြစ်ပါတယ်။

သူအဖမ်းခံချင်ရတဲ့အကြောင်းကတော့ သူ့ ရဲ့ သွားရောဂါနဲ့ ဆေးစွဲနေတဲ့ပြဿနာ ကိုကုသမှုခံယူချင် လို့  ဒီလိုအဖမ်းခံချင်ရတာလို့ သူကရဲ အရာရှိကိုပြောပါတယ်။

ဂျင်ဆင်း၏ကျန်းမာရေးအကျိုးပြုအာနိသင်များ






ဂျင်ဆင်း (Ginseng)မြစ်၏ လူ့ကျန်းမာရေးကို အကျိုးပြုစေမှုမှာ အံ့မခန်းပင်ဖြစ်သည်။ တရုတ်နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း၅၀၀၀ခန့်မှ ယနေ့အချိန်ထိဆေးဝါးအဖြစ် သုံးစွဲနေသော အပင်တစ်မျိုးလည်းဖြစ်သည်။ ယင်းကိုလိုက်လျောညီထွေဖြစ်စေသောပစ္စည်း “Adaptogen” ဟုလည်း ခေါ်ဆိုကြသည်။ ကိုယ်ခန္ဓာကိုစိတ်ဖိစီးမှုနှင့် အခြားရောဂါများမှ ကာကွယ်ရန်လိုက်လျောညီထွေဖြစ်စေသော ကြောင့် ခေါ်ဆိုခြင်းဖြစ်သည်။
ဂျင်ဆင်းမြစ်ကိုရေနွေးထဲသို့ လက်ဖက်ခြောက်ကဲ့သို့ခတ်ခြင်းသို့ မဟုတ်ပြုတ်ပြီး သုံးဆောင်လေ့ရှိသည်။ ယနေ့ခေတ်တွင် ဆေးပြား၊ဆေးတောင့်၊အရည်ပုံစံများနှင့်လည်း ရရှိနိုင်နေပြီဖြစ်သည်။
၁။ ဂျင်ဆင်းသည်စိတ်ဖိစီးမှုကိုသက်သာစေပါသည်။ စိတ်ဖိစီးမှုပမာဏကိုလျော့ပါးသွားအောင်လှုံ့ဆော် ပစ္စည်း (stimulant) အဖြစ်ဆောင်ရွက်ပေးပြီး ဇီဝကမ္မဆိုင်ရာဖြစ်ပျက်မှုများနှင့် စွမ်းအင်ကိုလည်း မြှင့်တင်ပေးနိုင်သည်။
၂။ အရွယ်မတိုင်မီအိုမင်းရင့် ရော်ခြင်းကိုလည်းကာကွယ်ပေးနိုင် သည်။ယင်းတွင်ပါဝင်သောဓာတ်တိုး ဆန့်ကျင်ပစ္စည်း (anti-oxidants) များက အိုမင်းရင့်ရော်ခြင်းကို ကာကွယ်စေနိုင်ရုံသာမက အခြားနုပျိုစေသော ပစ္စည်းတစ်မျိုးဖြစ်သည့် maltol ကိုထွက်ရှိစေသည်။
၃။ တက်ကြွရွှင်လန်းစေသည်။ ဂျင်ဆင်းလက်ဖက်ရည်ကို သောက်သုံးခြင်း ကဦးနှောက်ဆဲလ်များကို လှုံ့ဆော်ပေးနိုင်ပြီးအာရုံစူးစိုက်မှု၊ အတွေးအခေါ်များနှင့် မှတ်ဥာဏ်ကိုပိုမိုတိုး တက်စေသည်ဟုသိရသည်။
၎။ အမျိုးသားစွမ်းရည်ကိုမြင့်တက်စေသည်။ အမျိုးသားများတွင် ပန်းသေ၊ပန်းညှိုးဖြစ်ခြင်းကို ကာကွယ် နိုင်ပြီး အိမ်ထောင်ရေးသုခကို ပိုမိုခံစားရစေနိုင်သော အာနိသင်ရှိပြီးလိုအပ်သော ကျားဟော်မုန်းများကို သင့်တော်သော ပမာဏအတိုင်းရှိစေသည်။
၅။ ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးနိုင်သည်။ဂျင်ဆင်းသည် သဘာဝမှရရှိသောအစာစားချင်စိတ်ကို ထိန်းချုပ်ပေးသည့်အပင်ထွက် ပစ္စည်းဖြစ်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သည်။
၆။ သွေးအချိုဓာတ်ကိုထိန်းပေးနိုင်သည်။ လေ့လာမှုများအရ ဂျင်ဆင်းသည် ဆီးချို၊သွေးချိုရောဂါရှင်များ၏ သွေးအချိုဓာတ်ပမာဏကို ထိန်းချုပ်ရာတွင် အထောက်အကူပြုပြီး သွေးတွင်းသကြားဓာတ်လျော့ပါးစေသော အာနိသင်လည်းရှိနေသည်။
၇။ ဓမ္မတာပြဿနာများကိုဖြေရှင်းပေးနိုင်သည်။ အမေရိကန်နိုင်ငံတွင် ပြုလုပ်သောသုတေသနအရ အမျိုးသမီးများတွင်ဂျင်ဆင်းက ဓမ္မတာလာခါနီးနာကျင်မှုကိုလျော့ပါးစေနိုင်သည်ဟု သိရသည်။
သတိပေးချက်။ ။အခြားသောဆေးဝါးနှင့် တိုင်းရင်းဆေးအာနိသင်များကဲ့သို့ပင် ဂျင်ဆင်းသည်လည်း ဆရာဝန်၏ညွှန်ကြားချက်အတိုင်းအသုံးပြုသင့်သော အပင်ထွက်ပစ္စည်းဖြစ်သည်။ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များတွင် အခြားဆေးဝါးများနှင့် တွဲဖက်မသောက်သုံးသင့်ကြောင်းကိုကျန်းမာရေးပညာရှင်များက တိုက်တွန်းထားသည်။

သက်ကို

လှလွန်းသူရဲ့ အငြိုး


တခါတုန်းက ကောသမ္ဗီပြည်ရဲ့ ရွာငယ်တခုမှာ ထင်ရှားတဲ့ လက္ခဏာဆရာ ဇနီးမောင်နှံ နှစ်ဦး ရှိပါတယ်။ အဲဒီ ဇနီးမောင်နှံမှာ အင်မတန်ချောမောလှပတဲ့ သမီးကညာ တဦးလည်း ရှိပါသတဲ့။ မာဂဏ္ဍီဟာ တောမှာမွေးတဲ့ တောသူမလေးဆိုပေမယ့် ရုပ်ရည်လက္ခဏာဟာ ကတော်ဆယ်ပါး တပါးအပါအ၀င်ဆိုတဲ့ ရုပ်မျိုးဖြစ်သလို ဗေဒင်လက္ခဏာ ကိန်းခန်းတွေအရ ကြည့်ရင်လည်း မလွဲမသွေ ကတော်ဖြစ်မယ့် ဇာတာရှင်ပါတဲ့။ ဒီတော့လည်း မိဘတွေက သူတို့ကညာ အရွယ်ရောက်ပြီဆိုကတည်းက ရုပ်ရည်လက္ခဏာနှင့် တထပ်တည်းဖြစ်နိုင်ဖို့ သူ့သမီးရဲ့ ကြင်ဖက်ကို ဂရုတစိုက် ရွေးချယ်ကြပြီပေါ့။

သူတို့သမီးကိုလည်း အမြဲလို ဒီလို ဆုံးမစကား ပြောတတ်သေးသတဲ့။
(ဖခင်) သမီး-သမီးရဲ့ ရုပ်ရည်လက္ခဏာဟာ အင်မတန်ထူးခြားတယ်နော်၊ တော်ရုံ တန်ရုံများ စိတ်ထဲတောင် မထည့်နဲ့ သမီးရေ၊ မှန်းကတည်းက အမြင့်ဆုံးကို မှန်း၊ ရင်လောက်မှန်းမှ ဒူးလောက်ကျ ဆိုတဲ့စကားလည်း ရှိသေးတာကလား-

(သမီး) စိတ်ချပါ အဖေရယ်၊ ဒီရွာက လူတွေများတော့ သမီးဖြင့် စိတ်ကူးထဲကို မထည့်ဘူး၊

မိဘနဲ့သမီး ညှိပြီးသားဆိုပေမယ့် အမေလုပ်တဲ့သူက တမျိုးပူပြန်သတဲ့၊ သူတို့သမီးက ဘုရင်ကတော်ဖြစ်ဖို့ ဇာတာကောင်းပေမယ့် ကောသမ္ဗီဘုရင် ဥတေနရဲ့ စရိုက်ကိုလည်း သူတို့လင်မယားက မကြိုက်ချင်ပြန်ဘူးဆိုပဲ၊ သူတို့လင်မယားရဲ့ လက္ခဏာဟောပြောမှု ထင်ရှားချက်က ရွှေနန်းတော်ထိ ပေါက်သတဲ့၊ ဒီတော့ မင်းစိုးရာဇာတွေနဲ့ အဆက်အဆံတွေကလည်းရှိတော့ တဆင့်စကား တဆင့်နားနဲ့ ဥတေနဘုရင်ဟာ ဒေါသကြီး စရိုက်ကြမ်းတယ်လို့ သိထားခဲ့တယ်။ အိမ်က သူတို့သမီးကလေးကလည်း အဖေအမေ အစွမ်းကုန် အလိုလိုက်ထားတဲ့ ခပ်ကြမ်းကြမ်းလေးဆိုတော့ တချိန်ချိန် ဘုရင်က အမျက်တော်ရှရင် ဘယ်လိုလုပ်မလဲ ဆိုတာထိ မိဘအနေနဲ့ တွေးပူကြတာပေါ့။ ဒီလိုနဲ့ပဲ ဖူးစာမဆုံသေးတဲ့ ဘုရင်ကိုတောင် စိတ်ကူးနဲ့မှန်းပြီး သဘောမကျဖြစ်နေတဲ့ မိဘတွေက မာဂဏ္ဍီရဲ့ သတို့သားလောင်းကို ဇွဲကောင်းကောင်းနဲ့ ရှာကြစမြဲပေါ့။

တနေ့မှာ ဘုရားရှင်ဟာ ဒီနေ့အတွက် ကျွတ်ထိုက်တဲ့သူတွေကို ဉာဏ်နှင့်ဆင်ခြင်ကြည့်တဲ့အခါ မာဂဏ္ဍီရဲ့ မိဘနှစ်ပါးကို မြင်သတဲ့။ ဒါကြောင့်လည်း ခရီးအနီးအဝေးကို ဂရုမပြုဘဲ တပါးတည်း ကြွချီတော်မူလာခဲ့တယ်။ ဒီလိုအချိန်မှာပဲ မာဂဏ္ဍီရဲ့ မိဘနှစ်ပါးကလည်း အကြောင်းကိစ္စတခုနဲ့ ရွာပြင်ဘက်ကို ရောက်နေကြသတဲ့။ ဒီမှာတွင် မြေမှာထင်ကျန်နေတဲ့ ဘုရားရှင်ရဲ့ ခြေရာကို အဖေကြီးက စမြင်ခဲ့တယ်။
( ဖခင် ) အိုး-မကြုံစဖူး ထူးကဲလှချည်လား ရှင်မရေ၊ ဒီမှာ-ကြည့်စမ်းပါဦးဟဲ့၊ ဒီခြေရာဟာ သာမန်ယောက်ျား တယောက်ရဲ့ ခြေရာမဟုတ်ဘူး။ စကြ၀တေးမင်းတောင် ဖြစ်နိုင်တဲ့ ခြေရာကွဲ့။
( မိခင် ) ဟင်-ဟုတ်လား၊ ကြည့်စမ်းပါရစေဦး၊ အင်း-ထူးခြားတာတော့ ဟုတ်တယ်ရှင့်၊ ဒါပေမယ့် ဒီခြေရာရှင်ဟာ လူ့လောကနဲ့ ကင်းလွတ်မယ့်သဘောရှိတယ်၊ ရှင်းရှင်းပြောရရင် အာသဝေါကုန်ခန်းနေတဲ့ ခြေရာရှင်ပဲ။

ဇနီးမောင်နှံ နှစ်ယောက်သား သူ့အထင်မှန်တယ်၊ ငါ့အထင်မှန်တယ်နဲ့ ငြင်းခုံဆက်လျှောက်လာကြရင်းမှ သစ်ပင်ရိပ်တခုရဲ့ အောက်မှာ ဘုရားရှင် သီးတင်းသုံးနေတာကို တွေ့လိုက်ရတယ်။ ဇနီးမောင်နှံရဲ့ စိတ်ထဲမှာ ဘုရားရှင်ကို ဖူးတွေ့ရပေမယ့် ဘုရားရှင်မှန်း မသိဘူးတဲ့။ အဲဒီအချိန်အခါက ဘုရားရှင်နဲ့အတူ တခြားသော သာသနာအတုအယောင်တွေလည်း အများကြီးဆိုတော့ သာမန်ရဟန်းတပါးအဖြစ်ပဲ ထင်နေသတဲ့။ ဒါကြောင့်လည်း
( ဖခင် ) အရှင်ရဟန်း-ကျွန်ုပ်ကို စကားပြောခွင့်ပေးပါ၊ အရှင်ရဟန်းရဲ့ ခြေရာကို ကျွန်ုပ်တို့ တွေ့မြင်ကတည်းက ထူးခြားမှန်း သိပါတယ်။ စကြ၀တေးမင်းတောင် ဖြစ်နိုင်တဲ့ ခြေရာရှင်ပါ။ ကျွန်ုပ်တို့မှာ ရှင်ရဟန်းလိုပဲ ထူးခြားတဲ့ ကြန်အင်လက္ခဏာရှိတဲ့ သမီးကညာတယောက် ရှိပါတယ်။ ထူးခြားသောသူနှစ်ဦး ပေါင်းဖက်မယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲ အရှင်ရဟန်း၊ ကျွန်ုပ်၏သမီးကို လက်ခံပေးပါလော။

ဒီအချန်မှာ အမိအဘနောက်ကို လိုက်လာတဲ့ မာဂဏ္ဍီဟာလည်း အနားကို ရောက်ရှိနေသတဲ့။ အဖေလုပ်သူက ဒီလို စကားလမ်းကြောင်းနေတာဆိုတော့ မာဂဏ္ဍီရဲ့ စိတ်ထဲမှာလည်း အနည်းနဲ့အများတော့ စိတ်လှုပ်ရှားတာပေါ့။ ဒီရဟန်း ဘယ်လိုတုံ့ပြန်မလဲဆိုပြီး ကျက်သရေအပေါင်းနဲ့ပြည့်စုံတဲ့ ရဟန်းကို ခိုးကြည့်နေခဲ့တာပေါ့။ ဒီအခါမှာ-

( ဘုရားရှင် ) ဒါယကာကြီး-ငါဘုရားဟာ စည်းစိမ်ဥစ္စာအားလုံးကို စွန့်ပယ်ခဲ့ပြီး ဖြစ်ပေတယ်။ လှပပါတယ်ဆိုတဲ့ သင့်ရဲ့သမီးကို မဆိုထားနဲ့ ၀သ၀တ္တီနတ်ပြည်က နတ်သမီးတွေကိုတောင် ပိုင်ဆိုင်လိုစိတ် ကင်းခဲ့ပြီဖြစ်တယ်။ မိန်းမနှင့်တကွ ပိုင်ဆိုင်ချင်စရာကောင်းတဲ့ စည်းစိမ်ဥစ္စာမှန်သမျှဟာ ဆင်းရဲမျိုးစုံဖြစ်စေဖို့ အကြောင်းအရာတွေ ချည်းပါပဲ ဒကာ။ ဓားသွားပေါ်က ပျားရည်စက်တွေလို မက်စရာမရှိပေဘူး၊ တကယ်တော့ ချောပေ့ လှပေ့ဆိုတဲ့ သင့်သမီးဟာလည်း လှယမင်းထင်နေတဲ့ အပုပ်အသိုးသာ ဖြစ်တယ်။ လက်ခံဖို့မဆိုထားပါနဲ့ ခြောက်ထောက်နဲ့တောင် မထိလိုပါ။

ဘုရားရှင်ရဲ့ တရားတော်ကြားမှာ မိဘနှစ်ပါးဟာ တထိုင်တည်းနဲ့ တရားရသွားပေမယ့် မာဂဏ္ဍီကတော့ အမျက်ဒေါသမီးတွေ ဟုန်းဟုန်းထပြီပေါ့။ ငါ့ကို အပုပ်အသိုးလို့ တင်စားတဲ့ရဟန်း ဘာမို့လို့လဲ။ တနေ့ ငါ့အကြောင်းကို သိစေမယ်ဆိုပြီး စိတ်ထဲက ကြုံးဝါးခဲ့သတဲ့။ နောင်တချိန်မှာ ဦးလေးဖြစ်သူရဲ့ အုတ်ထိန်းမှုအောက်မှာ ဆင်လက်ကြီးပြင်းခဲ့တဲ့ မာဂဏ္ဍီဟာ ကောသမ္ဗီဘုရင် ဥတေနရဲ့ မိဖုရားတပါး ဖြစ်လာခဲ့ပါတယ်။ တနေ့မှာ ဘုရားရှင်ဟာ ပင့်ဖိတ်သူရှိတဲ့အတွက် ကောသမ္ဗီမြို့တော်ကြီးကို ကြွချီဖို့အကြောင်း ဖြစ်လာတယ်။ အခွင့်အရေးကို စောင့်နေတဲ့ မိဖုရား မာဂဏ္ဍီဟာလည်း လက်စားချေဖို့ စပြီပေါ့။ ဘုရားရှင်နဲ့ နောက်တော်ပါး သံဃာတော်တွေ ကြွလာတဲ့လမ်းမှာ ကောသမ္ဗီလူမိုက်တွေငှါးပြီး မကြားဝံ့ မနာသာ နည်းမျိုးစုံနဲ့ ဆဲရေးခိုင်းခဲ့တယ်။

ဒီတော့ နောက်တော်ပါးက ပါလာတဲ့ အရှင်အာနန္ဒာက ဘုရားရှင်အစား မခံသာတော့ဘဲ ဒီအရပ်ကို ဆက်မကြွဖို့ လျှောက်သတဲ့။ ဒီအခါ ဘုရားရှင်က
(ဘုရားရှင်) အာနန္ဒာ-နောက်တနေရာရောက်လို့ ဒီလိုမျိုး ဆဲခံရဦးမယ်ဆိုရင်ရော
(အာနန္ဒာ) နောက်ထပ် ရွှေ့တာပေါ့ဘုရား
(ဘုရားရှင်) ဟုတ်ပြီ-ရွှေ့တဲ့နေရာမှာ ထပ်တွေ့ရင်ရော
(အာနန္ဒာ) ထပ်ရွှေ့ကြတာပေါ့ဘုရား
(ဘုရားရှင်) အာနန္ဒာ-ဒီလိုမဟုတ်ဘူး။ စစ်မြေပြင်ကိုဝင်တဲ့ ဆင်ပြောင်ကြီးဟာ ကျလာတဲ့ လေးမြှားဒဏ်ကို ကြံ့ကြံ့ခံနိုင်ရသလို ပြဿနာတို့ကို သည်းခံပါ။ သည်းခံခြင်းလက်နက်ကို ဘယ်အရာမျှ မထိုးဖောက်နိုင်ပါဘူး။

အာနန္ဒာ-အခု ဆဲဆိုနေတဲ့ လူမိုက်တွေဟာ ခုနစ်ရက်ထက် ပိုပြီး မဆဲနိုင်ပါဘူး။ သည်းခံခြင်းတရားနဲ့ ဆင်ခြင်ပါ အာနန္ဒာ။
ဘုရားရှင်ရဲ့ စကားဟာ အင်မတန် မှန်ပါတယ်။ နောက်ဆုံးမှာ လူမိုက်တွေ လက်လျှော့သွားရတဲ့အထိ ဘုရားရှင်ရဲ့ သည်းခံခြင်းတရားက အောင်မြင်ခဲ့ပါတယ်။

ကလေးတို့ရေ-ဒီဇာတ်တော်ကို ဖတ်ပြီးရင် ကဲ့ရဲ့ ခုနစ်ရက်၊ ချီးမွမ်းခုနစ်ရက် ဆိုတာ ဒီကနေများ ဖြစ်လာသလား စဉ်းစားစရာပါပဲ-နော်။

( မိုးမိုးစောဝင်း )

Michell တဲ့....




 





 


 
 

မိုးတွင်းချိန်ခါ ဝမ်းရောဂါ



ဝသန်ရာသီ၏ မိုးရေစက်များနှင့်အတူ ဖြစ်ပွားတတ်သော ရောဂါများထဲတွင် ဝမ်းလျှောဝမ်းပျက်ရောဂါသည် အဓိကပါဝင်နေကြောင်း သိရှိရပါသည်။ မိုးဥတုသည် စွတ်စိုသော သဘာဝရှိပြီး အချို့လူများမှာ မိုးရေထဲတွင် ကြာမြင့်စွာ သွားလာလှုပ်ရှားခြင်းကြောင့် အအေးပတ်ကာ ခြေအေးဝမ်းရောင် ဆိုသကဲ့သို့ ဝမ်းဖောဝမ်းရောင် ဝမ်းပျက်ခြင်း ဖြစ်စေပါသည်။ မိုးရာသီတွင် အစားအစာ မဆင်မခြင် စားသုံးခြင်းကြောင့်လည်း ဤရောဂါဖြစ်စေပါသည်။ ထိုရာသီ၌ အသီးအနှံများ များစွာသီးသဖြင့် ရာသီပေါ်သီးနှံဖြစ်သည့် သရက်သီး၊ သင်္ဘောသီး၊ ဒူးရင်းသီး၊ နာနတ်သီး၊ စသည်တို့သည် အများအပြား ဈေးကွက်ထဲသို့ ရောက်ရှိလာခဲ့ပါသည်။
ဈေးကွက်ထဲရှိ အသီးများထဲတွင် လတ်ဆတ်သည့် အသီးများ ပါသကဲ့သို့ အမှည့်လွန်အသီးများလည်း ပါရှိပါသည်။ ထိုအမှည့်လွန် အသီးများထဲတွင် ဝမ်းပျက်စေသည့် ရောဂါပိုးများ ဝင်ရောက်တတ်ပါသည်။ ထို့ကြောင့် ထိုအသီးများကို စားသုံးခြင်းဖြင့် ထိုရောဂါဖြစ်စေနိုင်ပါသည်။


၎င်းအပြင် မသန့်ရှင်းသော လက်လုပ်ချဉ်များ၊ လက်သုပ်စုံများနှင့် ရောဂါပိုးသယ်ဆောင်လာသည့် ယင်ကောင်များနားသည့် အစားအစာများကို စားသုံးမိလျှင်လည်း ထိုရောဂါဖြစ်စေနိုင်ပါသည်။ မသန့်ရှင်းသော ရေကို သောက်သုံးမိခြင်း၊ သန်ကောင်၊ တုပ်ကောင်များ ရှိခြင်းတို့ကြောင့်လည်း ဝမ်းလျှောရောဂါ ဖြစ်ပွားစေနိုင်ပါသည်။


ဝမ်းလျှောဝမ်းပျက်ရောဂါသည် အသက်အရွယ်မရွေး၊ ကျားမမရွေး လူတိုင်းလိုလို ကြုံဖူးသည့် ရောဂါ
ဖြစ်သဖြင့် ဂရုပြုစရာ ရောဂါမဟုတ်ဟု အချို့က ထင်မြင်ယူဆကြပါသည်။ ကလေးများ ဝမ်းသွားလျှင်လည်း ထိုင်ခါစ အရွယ်ဖြစ်၍ ဝမ်းသွားတတ်သည်ဟူ၍၄င်း၊ မတ်တတ်စမ်းခါစ အရွယ်ဖြစ်၍ ဝမ်းလျှောခြင်းသည် သဘာဝဟု ယူဆကာ အမှတ်တမဲ့ထား၍ ဆေးကုသမှု မပြုသဖြင့် အသက်အန္တရာယ် ထိခိုက်သွားသည့် ကလေးငယ်များကိုလည်း တွေ့ခဲ့ဖူးပါသည်။


ဝမ်းလျှောခြင်းသည် သာမန်ရောဂါဟု ထင်ကြသော်လည်း ဂရုမပြုပါက နောက်ဆက်တွဲ ရောဂါများ ဝင်ရောက်ကာ အန္တရာယ်ရှိနိုင်သဖြင့် သတိထားရမည့် ရောဂါပင် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ဝမ်းလျှောခြင်း လက္ခဏာမှာ တနေ့လျှင် သုံးကြိမ်ထက်ပိုကာ ဝမ်းအရည်များ သွားခြင်းပင် ဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် ဝမ်းရောဂါ စတင်ဖြစ်နေကြောင်း သတိထားရပေမည်။ ဝမ်းလျှောခြင်းနှစ်မျိုး ရှိပါသည်။ ရုတ်တရက် ဝမ်းလျှောခြင်း (Acute Diarrhoea) နှင့် နာတာရှည် ဝမ်းလျှောခြင်း (Chronic Diarrhoea) တို့ ဖြစ်ပါသည်။


ဓာတ်ခွဲခန်းမှာ အဖြေရှာ---
ဝမ်းလျှောရောဂါဖြစ်သည်ဟု ယူဆရသော လူနာ၏ဝမ်းကို ဓာတ်ခွဲခန်းသို့ပို့ကာ ဝမ်းစစ်ဆေးခြင်း ပြုရပါသည်။ (Stoot for R.E)အဏုဇီဝမှန်ပြောင်းနှင့် ကြည့်သောအခါ အစာမကြေသော အစားအစာများ (Undigested Food Particals)များ ဘက်တီးရီးယားများကို တွေ့ရှိရသည်။ ၄င်းအပြင် E.Histo-lytica, Giardia Lumblia စသည့် ပရိုတိုဇိုးဝါးများနှင့် Ascaris Lumbrieoid, Trichuris Trichiura စသည့် သန်ကောင် အမျိုးမျိုးနှင့် Candida Albican စသည့် ပန်းကပ်မှိုများလည်း တွေ့ရှိတတ်ပါသည်။


ဘက်တီးရီးယား အများအပြား တွေ့ရှိလျှင် (Stool for culture) ခေါ် ကျောက်ကျော်ပေါ်တွင် တင်၍ ပိုးမွေးခြင်း ပြုလုပ်ရပါသည်။ ရောဂါပိုးကြောင့် ဝမ်းလျှောခြင်းဖြစ်လျှင် အောက်ပါပိုးများကို တွေ့ရှိရတတ်သည်။ အီးကိုလိုင်းပိုး၊ ဗိုင်ဗရီယိုကော်ရောဒါပိုး၊ ဆဲလ်မိုနဲလားပိုး၊ ရှီဂဲလားပိုး၊ စတက်အော်ဒီယပ်ပိုး၊ ဗက်ဆဲလပ်ပိုး စသည်တို့ကို တွေ့ရှိရတတ်ပါသည်။


အဆိပ်ရှိသောမှိုများကို စားမိလျှင်လည်း အဆိပ်သင့်ပြီး ဝမ်းလျှောတတ်ပါသည်။ အချို့ ပီလောပီနံများတွင် အဆိပ်ဓာတ် ပါဝင်တတ်သဖြင့် အခန့်မသင့်ပါက ပီလောပီနံ စားသုံးခြင်းကြောင့်လည်း ဝမ်းလျှောခြင်း ဖြစ်စေပါသည်။ အလွန်အမင်း ပူစပ်သော အစားအစာများနှင့် ပင်လယ်အစားအစာများ စားသုံးခြင်းကြောင့်၎င်း၊ ဓာတုဆေးများဖြင့် ကြာရှည်ခံအောင် ပြုလုပ်ထားသည့် အစားအစာများ စားသုံးခြင်းကြောင့်၎င်း ဤရောဂါဖြစ်နိုင်ပါသည်။


နာတာရှည် ဝမ်းရောဂါဖြစ်စေသည့် အကြောင်း---
အူလမ်းကြောင်း၌ ကင်ဆာအလုံးအကျိတ်ရှိသူများ၊ တီဘီပိုးကြောင့် ဖြစ်စေ၊ အခြားအကြောင်းကြောင့် ဖြစ်စေ အူလမ်းကြောင်း ရောင်ရမ်းသူများ၊ အူသိမ် ဦးကျဉ်းခြင်း၊ အူသိမ်လမ်းကြောင်း ပိတ်ဆို့ခြင်း၊ အီးဟစ်စတိုလိုက်တီကာ ပိုးရှိခြင်း၊ ဂျာရီယာလမ်ဘရီယာ ပရိုတိုဇိုဝါးရှိခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါရှိခြင်း ဖြစ်လျှင် နာတာရှည်ဝမ်းလျှောခြင်း ဖြစ်စေပါသည်။


အဘယ်ကြောင့် ဝမ်းလျှောရသနည်း---
အထက်ပါအကြောင်းအချက်များကြောင့် ဝမ်းလျှောခြင်းကို ဖြစ်စေပါသည်။ ထိုအကြောင်းအချက်များကြောင့် ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကြောင့် အူအတွင်း၌ အရည်ပမာဏ များပြားလာပြီး အူညှစ်အား များပြားခြင်းတို့ကြောင့် ထိုရောဂါ ဖြစ်ရပါသည်။


ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသော ကော်လော်ဒါပိုးသည် အဆိပ်ဓာတ်တမျိုးကို ထုတ်လွှတ်ပြီး ထိုအဆိပ်ဓာတ်သည် အူသိမ်နံရံကို လှုံ့ဆော်မှုပြုကာ Cyclic AMP များ အများအပြား ထွက်လာပါသည်။ ၄င်းဓာတ်ကြောင့် ခန္ဓာကိုယ်၏ အခြားနေရာများတွင်ရှိသော အရည်များသည် အူသိမ်၊ အူမွှားများမှတဆင့် အူမကြီးဆီသို့ ရောက်ရှိသွားပါသည်။ အူမကြီးတွင် အရည်အမျာအပြား ရောက်ရှိလာသည့်အတွက်
စုပ်ယူနိုင်သော စွမ်းအားမှာ လုံလောက်မှုမရှိသည့်အတွက် ဝမ်းရည်အဖြစ် ဒလဟော သွားရပါသည်။ သိုင်းရွိုက်ဟော်မုန်းများပြားလျှင်လည်း အူလမ်းကြောင်းကို လှုံ့ဆော်သည့်အတွက် အူ၏ညှစ်အား များလာပြီး ဝမ်းလျှောခြင်းကို ဖြစ်စေပါသည်။


ဝမ်းလျှောခြင်းဖြစ်သည့်အတွက် ခန္ဓာကိုယ်၌ရှိသော ရောဓာတ်နှင့် ဓာတ်ဆားများ လျော့နည်းလာပြီး ဓာတ်ဆားများနှင့် ခန္ဓာကိုယ် ညီညွတ်မျှတခြင်းကို ထိန်းချုပ်ထားသည့် ဓာတ်များ ချို့ယွင်းကာ ရေနှင့် ဓာတ်ဆားများ နည်းပါးသွားခဲ့ရပါသည်။ ထိုသို့ခန္ဓာကိုယ်တွင်း ရေနှင့်ဓာတ်ဆားများ လျော့နည်းသွားသည့် အတွက် ရေငတ်ခြင်း၊ မောပန်းခြင်း၊ နုံးခြင်း၊ အသံတိမ်ဝင်သွားခြင်း၊ ကြွက်တက်ခြင်းတို့ ဖြစ်စေပါသည်။ ထို့ထက် ကျော်လွန်သွားပါက အခန့်မသင့်လျှင် သွေးလန့်ခြင်း (Shock) ရကာ သတိလစ်ပြီး အသက်အန္တရာယ် ရှိစေနိုင်သည့် ရောဂါဖြစ်ပါသည်။


ဝမ်းလျှောသူအတွက် အဓိက လိုအပ်ချက်---
ဝမ်းလျှောသူများအတွက် အဓိကလိုအပ်ချက်မှာ ရေနှင့် ဓာတ်ဆား ပြန်လည်ဖြည့်တင်းပေးခြင်းပင် ဖြစ်ပါသည်။ ဝမ်းများများသွားခြင်းကြောင့် လူနာသည် ရေငတ်ခြင်း၊ မျက်လုံးဟောက်ပက်ဖြစ်ခြင်း၊ သွေးဖိအား ကျခြင်းတို့ ဖြစ်လျှင် ဓာတ်ဆားဖျော်ရည်ကို တိုက်ကျွေးရပေမည်။ လူနာသည် ထိုထက် အခြေအနေပိုဆိုးကာ ပျော့ခွေခြင်း၊ ခြေလက် မသယ်နိုင်အောင် ဖြစ်ခြင်း၊ ကြွက်တက်ခြင်း၊ သွေးဖိအား
အလွန်အမင်း ကျဆင်းကာ သတိလစ်လုလု အခြေအနေမျိုးရှိလျှင် နီးရာဆေးကုဌာနသို့ အမြန်ဆုံးပြသသင့်ပါသည်။ ဆေးရုံဆေးခန်းများတွင် ထိုလူနာမျိုးကို Ringers Lactate သို့မဟုတ်-Normal Saline (drip)ပုလင်းများကို သွေးပြန်ကြောမှ သွင်းကာ ကုသပေးပါသည်။ ဝမ်းလျှောရောဂါအတွက်
ရှေးဦးအသက်ကယ်ဆေးသည် ဓာတ်ဆားဖျော်ရည်နှင့် ဓာတ်ဆား Drip ပုလင်းသွင်းခြင်းပင် ဖြစ်ပါသည်။


ဝမ်းလျှောရောဂါသည် နို့စို့အရွယ် ကလေးငယ်များ၌ ပိုမိုဖြစ်စေပါသည်။ နို့စို့ကလေးငယ်များ ဝမ်းသွားလျှင် နို့တိုက်ခြင်းကို ရပ်ထားတတ်ပြီး ဗိုက်ထဲ၌မည်သည့်အစာမျှ မရှိလျှင် ဝမ်းပိတ်မည်ဟု အယူအဆမှားများဖြင့် ယူဆတတ်သည်ကိုလည်း တွေ့ရှိရပါသည်။ ကလေးငယ်များသည် တွေ့ရာပစ္စည်း
များကို ပါးစပ်ထဲသို့ ထည့်တတ်ကြသဖြင့် ရောဂါပိုးဝင်လွယ်ပါသည်။ မတ်တတ်စမ်းခါစ အရွယ်တွင်လည်း အစားစုံ စားလာသည့်အတွက် ဝမ်းလျှောစေမည့် အစားအသောက်ကြောင့် ဤရောဂါ ဖြစ်လွယ်ပါသည်။ ထိုသို့ဖြစ်၍ နို့တိုက်ခြင်း ရပ်တန့်ခြင်းမှာ မှားယွင်းသော အယူအဆတရပ် ဖြစ်ပါသည်။


ထိုသို့ နို့တိုက်ခြင်း ရပ်ထားသည့်အတွက် ရေနှင့် ဓာတ်ဆား မလုံလောက်ဖြစ်ကာ အရေပြားများ ရှုံ့တွပြီး စိုးရိမ်ထိတ်လန့်ကာ သတိလစ်ခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း ဖြစ်လျှင် အနီးဆုံး ဆေးရုံဆေးခန်းသို့ အမြန်ဆုံး သွားပြသင့်ပါသည်။ ထိုသို့ ဝမ်းလျှောခြင်း စတင်ဖြစ်ပွားလျှင် ကလေးငယ်များအား မည်သို့ပြုစုရမည်ကို ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။


သင်၏ကလေးငယ် ဝမ်းလျှောဝမ်းပျက်ဖြစ်လျှင် ကလေးအား အရည်ပို၍ တိုက်ကျွေးပေးရမည်။ (ဥပမာ-ထမင်းရည်၊ ဓာတ်ဆားရည်၊ ရေကောင်းရေသန့်) နို့စို့အရွယ်ဖြစ်ပါက မိခင်နို့ ဆက်တိုက်ပါ။ နို့တိုက်မရပ်ပါနဲ့။ ကလေးအား အာဟာရရရှိပြီး အစာကြေလွယ်သော အစာများကျွေးပါ။ (သားငါး၊ ဆန်ပြုတ်၊ စွပ်ပြုတ်နှင့် ခြေထားသော သီးနှံများ) ဖျားနာလာလျှင် ရေအငတ်လွန်လျှင် အော့လန်လျှင် အခြေအနေ ပိုဆိုးလာလျှင် အနီးဆုံးဆေးခန်းသို့ ခေါ်သွားပါ။


လူသားအားလုံးအတွက် သတိထားဆင်ခြင်ရမည့် အကြောင်းအချက်များမှာ ဖုန်ဝင်၊ ယင်နားသော အစားအစာများ၊ လက်လုပ်ချဉ်များ၊ လက်သုပ်စုံများကို ရှောင်ရှားသင့်ပါသည်။ အစားအစာကို သေသေချာချာ ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးသင့်ပါသည်။ ချက်ပြီးသား အစားအစာများကို သေချာစွာ ဖုံးအုပ်ထားရမည်။ ချက်ပြုတ်သူသည် မိမိ၏လက်ကို စင်ကြယ်အောင် ဆေးကြောရမည်။ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ်စသည့် ပိုးမွှားတိရစ္ဆာန်များကို ချက်ပြုတ်သည့် နေရာသို့ မဝင်နိုင်အောင် ကာကွယ်ထားရမည်။ သန့်ရှင်းသောရေကို သုံးရမည်။


၎င်းအပြင် အမှည့်လွန်သော အသီးအရွက်များ စားသုံးခြင်း၊ ဓာတုဗေဒ ဆိုးဆေးများနှင့် တာရှည်ခံရန် ပြုလုပ်ထားသည့် အစားအစာများ ပိုးသတ်ဆေးပါဝင်သော အစားအစာများကို စားသုံးခြင်းမှ ရှောင်ရှားသင့်ပါသည်။


အဓိကအားဖြင့် ဆိုသော် ဝမ်းလျှောဝမ်းပျက်ရောဂါသည် အခြားရာသီဥတုများထက် မိုးရာသီတွင် အဖြစ်များ တတ်ပါသည်။ ရာသီဥတု၏ စိုစွတ်ခြင်းကြောင့် အအေးပတ်ချိန်တွင် အမှည့်လွန်သီးနှံများ စားသောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း အစာခြေမှု အစီအစဉ်များ ကစဥ့်ကရဲဖြစ်ကာ ဝမ်းလျှောလွယ်ပါသည်။ ဤရောဂါအား အမှုမဲ့အမှတ်မဲ့ထားကာ လျစ်လျူရှုနေပါက ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်နှင့် ဓာတ်ဆားများ လျော့နည်းမှုကြောင့် ဇီဝကမ္မဖြစ်စဉ်များ ချို့ယွင်းပြီး အသက်အန္တရာယ် ရှိစေနိုင်သဖြင့် ဤမိုးဥတု အခါသမယတွင် အထူးဂရုပြုကြဖို့ တိုက်တွန်းလိုက်ရပါသည်။


ရီရီဌေး

တေးသံရှင်ဆိုတေး အရေးပေါ်ဆောင်မှ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသဆောင်သို့ ပြောင်းရွှေ့




From : ..the voice



မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဦးခေါင်းပိုင်းဒဏ်ရာဖြင့် ၄၈ ရက်ကြာ တက်ရောက်ဆေးကုသလျက် ရှိသော တေးသံရှင်ဆိုတေး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာသည့်အတွက် စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းမှ စတင်ကာ အရေးပေါ် အထူးကြပ်မတ်ကုသဆောင်မှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသဆောင်သို့ ပြောင်းရွှေ့ကုသလျက် ရှိကြောင်း အဆိုပါဆေးရုံကြီးမှ ဆေးနှင့်လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင် က The Voice သို့ ပြောကြားသည်။

"လူနာက စကားတော့ မပြောသေးပါဘူး။ အသိတော့ ဝင်လာပါတယ်။ အဆောင်ပြောင်းတဲ့ နေ့တုန်းကဆို ဝှီးချဲ ပေါ်မှာထိုင်ပြီး ဆေးရုံကို လျှောက်ပတ်ပြတယ်။ ပြောရရင်တော့ စိုးရိမ်ရတဲ့ အခြေအနေကနေ လွတ်သွားတယ်ဆိုတဲ့ သဘောပေါ့" ဟု ဦးမင်းလွင်က ထပ်မံပြောကြားသည်။

တေးသံရှင် ဆိုတေးသည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၉၁/၃ နှင့် ၄ ကြားတွင် ယာဉ်တိမ်းမှောက် ခဲ့သောကြောင့် မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင်သို့ ပြောင်းလဲကုသလျက် ရှိကြောင်း ဆိုတေး၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ချိုချိုဝင်းက ပြောကြားသည်။
"သူ့ကို ဆေးရုံစတင်တုန်းကတော့ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဆောင်မှာ တင်တာလေ၊ အရေးပေါ် အခြေအနေကြောင့် အထူးကြပ်မတ်ဆောင်ကို ပြောင်းလိုက်ရတာ။ အခုကျန်းမာရေးကလည်း တဖြည်းဖြည်း ကောင်းလာပါပြီ။ ဟိုတစ်နေ့က လေကောင်းလေသန့် ရအောင်လို့ ဆေးရုံထဲကို ပတ်ပြီး လိုက်ပြပေးတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

ရန်ကုန်မှမန္တလေး တောင်သာဘက်သို့ အသွား မိုင်တိုင် ၂၉၁/၃ မိတ္ထီလာ အမြန်လမ်းမပေါ်တွင် ဇူလိုင်လ ၁၄ ရက် နေ့က အဆိုတော် ဆိုတေး၊ ဇနီး၊ ခယ်မနှင့် ယာဉ်မောင်းတို့ စီးနင်းလာသည့် မော်တော်ယာဉ်မှာ ဘီးပေါက်ကာ ယာဉ်တိမ်းမှောက်ခဲ့ပြီး ၄င်းဖြစ်စဉ်ကြောင့် ဇနီးဖြစ်သူ မဝင့်ကုဋေသူ (ခ) ချောချောမှာ ကွယ်လွန်ခဲ့သည်။

ပြင်ပကျူရှင်များ မှတ်ပုံတင်ရမည်




From : ..YMG


ပြီး ခဲ့သည့် ဩဂုတ်က တနင်္သာရီ တိုင်းဒေသကြီးအတွင်း ကျူရှင် များမှတ်ပုံတင်ထားခြင်းရှိ မရှိ စာရင်းကောက်ခံခြင်းမှာ ပြင်ပ ကျူရှင်ဆရာများကိုသာ ရည်ရွယ် ကြောင်း လူမှုရေးဝန်ကြီး ဒေါက် တာဝင်းအောင်က ပြောသည်။
ပြင်ပကျူရှင်ဆရာ၊ ဆရာမ တချို့မှာ မှတ်ပုံတင်ထားခြင်းမရှိ ဘဲ သင်ကြားနေခြင်းကြောင့် အ ဆိုပါကျူရှင်များအား မှတ်ပုံတင် ရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက် သည့်အခွန်များရရှိစေရန် ရည် ရွယ်ပြီး ကျူရှင်စာရင်းကောက်ခံ စေခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။
ဒေသအတွင်းမှတ်ပုံတင်ထားခြင်းမရှိသည့်ကျူရှင်များ ရှိနေသည့်အတွက် ကျူရှင်များကို စာရင်းကောက်ခံရန် တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ တိုင်းပညာရေး မှူးရုံးမှတစ်ဆင့် ညွှန်ကြားလာ သည့်အတွက် ယခုနှစ်တွင် ကျူ ရှင်မှတ်ပုံတင်သူများ ယခင်နှစ် ထက်ဦးရေတိုးလာကြောင်း ထား ဝယ်မြို့နယ် ပညာရေးမှူးရုံးမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
''မနှစ်က ၄၂ဦးပဲတင်တယ်။ ဒီနှစ် ၅၅ဦးလာတင်ကြတယ်''ဟု ၎င်းက ပြောသည်။
ဩဂုတ် ၂ရရက်အထိ လျှောက်လွှာတင်ထားသူ ၅၅ဦး ကို တင်ပြပေးပြီးဖြစ်ပြီး နောက်ထပ် ကျူရှင်မှတ်ပုံတင်ရန် လျှောက်ထား သူများရှိလာပါက တိုင်းပညာရေး မှူရုံးထံမှ ညွှန်ကြားချက်တောင်း ခံပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။
လတ်တလောတွင် ပုံမှန် ပညာသင်ကြားရေးကို မထိခိုက် စေရန်အတွက် တရားဝင်မှတ်ပုံ တင်ခွင့်မရှိသည့် ကျောင်းဆရာ၊ ဆရာမများကိုရော၊ ပြင်ပကျူရှင် များကိုပါ အရေးယူသွားရန် အစီ အစဉ်မရှိသေးသော်လည်း သင် ကြားရေးနှင့်ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက အ ရေးယူသွားမည်ဖြစ်ကြောင်း လူ မှုရေးဝန်ကြီး ဒေါက်တာဝင်း အောင်က ပြောသည်။
ကျောင်းဆရာ၊ ဆရာမ များကို တိုးမြှင့်ခန့်ထားခြင်း၊ အရည် အသွေးပိုမိုကောင်းမွန်လာအောင် သင်တန်းပေးခြင်းနှင့် ၎င်းတို့၏ လစာများကို တိုးမြှင့်ပေးနိုင်မည် ဆိုလျှင် ကျူရှင်များအရေးယူ စရာမလိုဘဲ တဖြည်းဖြည်းကွယ် ပျောက်သွားနိုင်မည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးဒေါက်တာဝင်း အောင်က မှတ်ချက်ပြုသည်။
ဩဂုတ် ၁၄ရက်က ညွှန် ကြားစာပေးပို့ပြီးနောက်တွင် မှတ် ပုံတင်ထားခြင်းမရှိသည့် ပြင်ပ ကျူရှင်တချို့နှင့် ကျောင်းကျူရှင် များ တစ်ပတ်ခန့်ပိတ်ထားခဲ့ကြပြီး လက်ရှိတွင် ပုံမှန်အတိုင်း ပြန် လည်သင်ကြားလျက်ရှိကြောင်း သိရသည်။

သည်းခြေကျောက်တည်ခြင်း ...........




သည်းခြေရည် (Bile) ကို အသည်း ကနေ ထုတ်ပြီး သည်းခြေအိတ်ထဲမှာ သိုလှောင် ထားပါတယ်။ သည်းခြေရည်ထဲမှာ ဘီလီ ရူဘင်၊ သည်းခြေရည်ထဲမှာ ဘီလီရူဘင်၊ သည်းခြေဆား (Bile Salt) ၊ ဖက်တီး အက်စစ်၊ ကိုလက်စရောနဲ့ တခြား ဓာတု ပစ္စည်းတွေ ပါဝင်နေပါတယ်။ အူသိမ်ရဲ့ အပေါ်ပိုင်းမှာရှိတဲ့ အစာထဲက အဆီတွေဟာ သည်းခြေအိတ်ကနေ သည်းခြေရည် ထုတ်အောင် လှုံ့ဆော်ပေးပါတယ်။

အဲဒီအခါ သည်းခြေရည်ထဲမှာ ကိုလက်စထရော ပမာဏ စုဆောင်းမိရင် ပုံဆောင်ခဲအဖြစ် အနည်ကျရာက သည်းခြေ ကျောက်ဖြစ်လာတတ်ပါတယ်။

သည်းခြေကျောက်တည်တာက ပုံမှန်ထက် ပိုဝတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

အသင့်အတင့်ဝရင်တောင် သည်းခြေ ကျောက်တည် နိုင်တဲ့ အခွင့်အလမ်း ရှိနေတတ်ပါတယ်။

လေ့လာမှုအရ အသက် ၂၀-၃၀ အရွယ် ဝတဲ့ အမျိုးသမီးတွေဟာ ပုံမှန် ကိုယ်အလေးချိန် ရှိတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် သည်းခြေရောဂါဖြစ်နိုင်ခြေ ခြောက်ဆပိုများကြောင်း သိရပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်များခြင်းနဲ့ သည်းခြေကျောက်တည်ခြင်း ဆက်စပ် ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပါဘူး။

ကိုယ်အလေးချိန် ပုံမှန်ထက်များတာဟာ သည်းခြေအိတ်ရဲ့ စွမ်းဆောင်အားကျစေကာ ကိုလက်စထရော ထုတ်လုပ်မှုများတာကြောင့် သည်းခြေကျောက်တည်ရတာလို့ သိပ္ပံ ပညာရှင်တွေက ယုံကြည်ကြပါတယ်။

အစားအသောက်ကို ရုတ်တရက်လျှော့ချလိုက်တာနဲ့ ထမင်းတနပ် မစားဘဲ နေတာ တွေဟာလည်း သည်းခြေအိတ်ရဲ့ ကျုံဆန့်နိုင်စွမ်း ကျစေကာ ကိုလက်စထရောနဲ့ သည်းခြေဆား ဟန်ချက်ညီမှု ပြောင်းလဲပြီး သည်းခြေကျောက်တည် စေနိုင်ပါတယ်လို့ လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။

ဒါကြောင့် အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွှတ်တာစားပြီး အဆီပါဝင်မှုနည်းတာကို ရွေးစားပါ။

ကိုယ်အလေးချိန် ပုံမှန်ထက်များနေလို့ ဝိတ်လျှော့ချင်ရင် ဖြည်းဖြည်းချင်း လျှော့သွားပါ။ တကယ်လို့ သင့်မှာ သည်းခြေကျောက်တည်တဲ့ ပြဿနာ ခံစား နေရ ရင်တော့ ဝိတ်မလျှော့ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။Health

Mg Mandalay

KhinYupa ရဲ့ အလှ အပ များကို လည်း ခံစားပေးစေချင်




 

 
 

 


မိခင်တို့၏ နုပျိုအောင် နေထိုင်နည်းများ






အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသား အရေကို ထိခိုက် စေနိုင် ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသား အရေ တောက်ပမြဲ တောက်ပနေအောင် မိခင်တွေ ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) သင်္ဘောသီး

သင်္ဘောသီးမှာ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ မရှိမဖြစ် သတ္တုဓာတ်နဲ့ ပက်ပိန်း အင်ဇိုင်း ပါဝင်မှု များတာကြောင့် သဘာဝ အသားအရေ ချောမွေ့စေတဲ့ အစိုဓာတ်ထိန်း ခရင်မ်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးကို ပါးပါးလှီးပြီး ပုံမှန် လိမ်းပေးတာက အသားအရေကို တောက်ပစေပြီး သက်ကြီး အစက် အပြောက်တွေကို လျော့ကျစေပါတယ်။ သင်္ဘောသီးဟာ ချွေးပေါက်ပိတ် ဆို့တာကို ပွင့်စေတာကြောင့် အရေပြားကို နူးညံ့ပြီး ချောမွေ့ တောက်ပစေပါ တယ်။

ဘယ်လို လိမ်းသင့်သလဲ

သင်္ဘောသီးက အသုံးပြုရ လွယ်ပါတယ်။ သင်္ဘောသီး အနှစ်ကို ကြေညက် အောင် ချေပြီး မျက်နှာပြင်ပေါ်ကို စက်ဝိုင်းပုံစံ လှည့်ပြီး တိုက်ရိုက် လိမ်းပေးပါ။ လိမ်းတဲ့အခါ နည်းနည်းပဲ ကုန်မှာ ဖြစ်တာကြောင့် ကျန်တဲ့ သင်္ဘောသီးကို စားပေး နိုင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက် စီယမ်နဲ့ ဗီတာမင်အေ၊ စီတို့ ပါဝင် တာကြောင့် အကျိုးရှိပါတယ်။

၂) ထောပတ်သီး

အသားအရေ နူးညံ့ ချောမွတ်နေစေဖို့ အတွက် ဗီတာမင်တွေ လိုအပ်နေပါ တယ်။ ထောပတ်သီးမှာ ဗီတာမင်အေ၊ ဘီ၊ ဒီနဲ့ အီးတွေ ပါဝင်မှု များပါတယ်။ ငှက်ပျောသီး တစ်လုံးမှာထက် ပိုတက်စီယမ် ပါဝင်မှု ပိုများပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါတာကြောင့် သဘာဝ အစိုဓာတ်ထိန်း ပစ္စည်းအဖြစ် သုံးနိုင်ပါတယ်။ ထောပတ်သီးဟာ အရေးကြောင်းတွေ ထင်တာနဲ့ ပါးရေ တွန့်တာတွေလို အိုမင်းတဲ့ လက္ခဏာတွေကို လျော့ကျ စေပါတယ်။ ထောပတ် သီးမှာ ပါတဲ့ သဘာဝ အဆီဓာတ်က မျက်နှာပြင်က အညစ်အကြေးတွေကို ကင်းဝေးစေပြီး နှင်းခူ၊ အနီရောင် အစက်အပြောက်နဲ့ ထိလွယ် ခိုက်လွယ်တဲ့ အသားအရေအတွက် အကောင်းဆုံး ကုသနည်း ဖြစ်ပါတယ်။

ဘယ်လို လိမ်းသင့်သလဲ

ထောပတ်သီးကို မျက်နှာပေါင်းတင် ပစ္စည်းအဖြစ် အသုံးပြုတာက ဆိုးကျိုး မရှိဘဲ အဆင်ပြေတဲ့ နည်းပါ။ ပြုလုပ်နည်းကတော့ ထောပတ်သီး အမှည့် တစ်လုံးကို နုညက်တဲ့အထိ ကြိတ်ခြေပြီး မျက်နှာပေါ်ကို ညင်ညင်သာသာ လိမ်းပေးပါ။ အချိန် ၁၀ မိနစ်လောက် ကြာမှ အေးမြစိုစွတ်တဲ့ ပိတ်စသန့်သန့်နဲ့ သုတ်ပေးပါ။ ပိုပြီး အစိုဓာတ် ရစေဖို့အတွက် နွားနို့ အနည်းငယ် ဒါမှမဟုတ် ပျားရည် လက်ဖက်စားဇွန်းရဲ့ လေးပုံတစ်ပုံလောက် ထည့်ပြီး မျက်နှာပေါ် လိမ်းပေး နိုင်ပါတယ်။

၃) ပျားရည်

ပျားရည်ထဲမှာ အရေပြားကို ပြန်လည် ကောင်းမွန် စေနိုင်တဲ့ အင်တီအောက် ဆီးဒင့်တွေ ပါဝင်တဲ့အပြင် ဘက်တီးရီးယားကို ကင်းစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် ပျားရည်ကို မျက်နှာသန့်စင် ပစ္စည်းအနေနဲ့ နေ့စဉ် သုံးပေးသင့်တာ ဖြစ်ပါတယ်။

ဘယ်လို သုံးသင့်တာလဲ

ပျားရည် အနည်းငယ်ကို ရေနွေးအနည်းငယ် ရောထည့်ကာ ချောမွတ်တဲ့အထိ မွှေပါ။ ဆံပင်တွေကို အကုန်စု သိမ်းပြီး မျက်နှာပေါ်ကို ပျားရည်လိမ်းကာ သန့်စင် ပေးပါ။ ကြေးချွတ်တဲ့ အာနိသင် ရလိုရင် အဆိုပါ အရည်ထဲကို အညို ရောင်သကြား ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပြီး သန့်စင် သင့်ပါတယ်။ ပြီးမှ ရေနဲ့ ဆေးကြောချလိုက်ပါ။

ကြယ်စင်

စကတ်တိုဝတ်သောမိန်းကလေးများသတိ









(သတိထားကြဖို့ ပါ။ ဒါပေမယ့်အောက်ကဖိုင်တွေကတော့ ဖွင့်မကြည့်တော့ပါဘူး။ ဘာမှန်းမသိပဲသွားမဖွင့် တော့ အန္တရာယ်ကင်းပါတယ်။ ကောင်မလေးတွေလည်း စကတ်တိုဝတ်ရင်တော့ဒီလိုမျိုးကြုံနိုင်တာ သတိပြုကြပေါ့။ ဒီလောက်တိုရင်တော့ ကိုယ်က မရိုက်ရိုက်ချင်အောင်ဖိတ်ခေါ်သလိုလည်းဖြစ်နေသပေါ့။

Shopping centre(City Mart,Sein Gay Har,Ocean . . . ,အများပြည်သူသုံးနေရာများတွင်သွားလာနေကြသော ကောင်မလေးများ၏
အတွင်းခံဘောင်းဘီမပေါ် ပေါ်အောင် ဗီဒီယိုချောင်းရိုက်ပြီးတင်နေပါသည်။

မယုံကြည်သူများ အဆိုပါဗီဒီယိုဖိုင်များကို
အောက်ပါ

လင့်များတွင် သွားရောက်လေ့လာနိုင်ပါသည်။

သူငယ်ချင်းများသိစေရန် ဆင်ခြင်နိုင်စေရန် Share ပေးခြင်းဖြင့်
မြန်မာ့ယဉ်ကျေးမှု့ကိုထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် ။







GTC ကျောင်းသူလေးများသတိထားရန်
အွန်လိုင်းညစ်ညမ်းဝက်ဘ်ဆိုဒ်တစ်ခုတွင် ကန်ဒသစ်ဖွင့်လှစ်ပြီး
GTC ကျောင်းသူလေးများ၏ ၀တ်လစ်စလစ်ပုံများ ၊ အနောက်ပိုင်းအလှပုံများကိုအများဆုံးဖော်ပြပေးနိုင်သူအား ရမှတ်များပင်ပေးနေ ။

ဆိတ်ကွယ်ရာမရှိ








ယနေ့အချိန်ထိ ကျွန်တော်တင်သမျှပို့စ်များမှာ
အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲရေးကို မူတည်ခဲ့ပါသည်။

သာမန်အရပ်သူလေးများ၏ နောက်ပိုင်းအလှများကို ညစ်ညမ်းဝက်ဘ်ဆိုက်တွင် ဖော်ပြနေခြင်း . . .ပိုစ့်ကိုလည်း
သူငယ်ချင်းများ အွန်လိုင်းမင်းသမီးဖြစ်ခြင်းမှကာကွယ်နိုင်စေရန် ဖော်ပြပါသည်။

သို့သော်လည်း အဆိုပါဝက်ဆိုက်ကိုအသုံးပြုနေသူ
ထို http://www.facebook.com/ne.ro.393?ref=ts&fref=ts အကိုမှ ညစ်ညမ်းစွာဆဲဆိုခြင်း အသက်အန္တရာယ်ကိုရန်၇ှာမည်ဟု ခြိမ်းခြောက်ခြင်းတို့ကို ခံခဲ့ရပါသည်။

ပုံများကို ညစ်ညမ်းသောအတွေးဖြင့်မကြည့်ပဲ ငါ့ညီမသာ အမသာဖြစ်ခဲ့လျှင်ဘယ်လိုနေရှာမလဲဆိုသည့်အတွေးဖြင့် ကြည့်ပေးစေလိုပါသည်။

စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သို့

" နိုင်ငံကြီးသားပီသကြပါစေ "

 

Related Posts Plugin for WordPress, Blogger...