Thursday, September 5, 2013

ဘဏ်ကိုဓားပြတိုက်ပြီး တဒေါ်လာပဲယူတဲ့သူ




ဘဏ်ကို ဓားပြတိုက်၊ ငွေတဒေါ်လာပဲတောင်းပြီး အဖမ်းခံဖို့ ရဲကိုစောင့်နေတဲ့အဖြစ်အပျက် တခု သောကြာနေ့  က အမေရိကမှာဖြစ်ပွားခဲ့ပါတယ်။ အသက် ၅၀အရွယ်အဲလ်စစ်ဆို သူဟာ အော်ရီဂွန်ပြည်နယ်က အမေရိကဘဏ်တခုကိုဝင်ပြီး
ကဲ၊ဒါ ဘဏ်ကိုဓားပြတိုက်တာပဲ။ ငါ့ကိုတဒေါ်လာပေးစမ်းဆိုပြီးပြောပါတယ်။
ငွေတဒေါ်လာရပြီးတဲ့နောက်တော့ ဧည့်သည်ထိုင်တဲ့နေရာမှာထိုင်ပြီးသူ့  ကိုလာဖမ်းမယ့်ရဲ ကိုစောင့်နေ လိုက်ပါတယ်။

အဲလ်စစ် ဟာ အိမ်ယာမဲ့တယောက်ဖြစ်ပြီးတော့မူးယစ်ဆေးစွဲနေသူတယောက်လည်းဖြစ်ပါတယ်။

သူအဖမ်းခံချင်ရတဲ့အကြောင်းကတော့ သူ့ ရဲ့ သွားရောဂါနဲ့ ဆေးစွဲနေတဲ့ပြဿနာ ကိုကုသမှုခံယူချင် လို့  ဒီလိုအဖမ်းခံချင်ရတာလို့ သူကရဲ အရာရှိကိုပြောပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...