Tuesday, August 20, 2013

မိတ္ထီလာမှ မြို့သူမြို့သားများ Mr ကင်တားနား အား ဆန္ဒပြ

မိတ္ထီလာမြို့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အား လူစုလူဝေးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ ကြောင်း သတင်းရှိရပါသည်။

မြို့ခံ တစ်ဦးမှ ဆက်သွယ် ပြောကြားလာသည်မှာ - ယခု ဆန္ဒ ဖော်ထုတ်မှုမှာ မည်သည့် အဖွဲ့ အစည်း မည်သူ တစ်ဦးတစ်ယောက်မှ ဦးဆောင်ခြင်း မဟုတ်ဘဲ မိတ္ထီလာ မြို့သူ မြို့သားများ ၏ ဆန္ဒအလျှောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ၊ မစ္စတာ ကင်တားနား ၏ သံဃာတော်များ အပေါ်တွင် ' အ' ဂါရ၀ ဖြစ်စေသော အပြုအမူများ ပြုမူခြင်းနှင့် ၄င်း တင်သွင်းသော အစီရင်ခံစာ ပါ အချက်အလက်များမှာ အမှန်တကယ် နှင့် ကွဲလွဲ မှားယွင်း နေခြင်း များ အား မကြေနပ်ကြခြင်းကြောင့် ယခုကဲ့ သို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ပြောကြား သွားခဲ့ သည်။


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...