Tuesday, August 20, 2013

အမှားကို အမှန် … အမှန်ကို အမှား… ဖန်တီးရှင်များအတွက်





         မီဒီယာ ဥပဒေနှင့်ပတ်သက်ပြီး ထိရောက်သောလှုပ်ရှားမှုများဖြစ်သည့် စာနယ်ဇင်းကောင်စီ တာဝန်ရှိသူများအနေဖြင့် ပြန်ကြားရေးဝန်ကြီးအပြင် လွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်စုကြည်၊ ပြည်ပသတင်း ဌာနများနဲ့ တွေ့ဆုံí တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေကြောင်း တွေ့ရလို့ အားရ ကျေနပ်မိပါတယ်..။ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ရရှိနိုင်မှသာလျှင် ပြည်သူတွေ အချိန်နဲ့တစ်ပြေးညီ သတင်းမှန်များ သိရှိနိုင်မှာဖြစ်ပြီး မျက်စိပွင့်၊ နားပွင့်ဖြစ်လို့ဒီမိုကရေစီစနစ်ကို အပြည့်အ၀ခံစားနိုင်ကြမှာ မဟုတ်ပါလား…။

         သို့သော်လည်း လွတ်လပ်စွာ ထုတ်ဝေခွင့်ဟာ မိမိကိုယ်ကျိုးအတ္တအတွက် မီဒီယာမဖြစ်စေရန် လိုပါတယ်။ ကိုယ်ကျိုးအတ္တဆိုရာမှာ တစ်ဦးတစ်ယောက် … ဒါမှမဟုတ် .. အဖွဲ့အစည်း တစ်ခုအတွက် နိုင်ငံရေး၊ စီးပွားရေး.. အကျိုးဖြစ်ထွန်းမှု ရည်ရွယ်ဆောင်ရွက်ချက်ဟု အဓိကမြင်မိပါတယ်…။ စီးပွားဆန်ဆန် နာမည်ကြီးအောင်.. ငွေရအောင်… လူအများ စိတ်ဝင်စားအောင်… တစ်စိတ်ကို တစ်အိတ်လုပ်.. အပ်ပေါက်ရာကို… ပုဆိန်ရာဖြစ်အောင်လုပ်ရုံတင်မက အမှားကိုအမှန် …. အမှန်ကို အမှား… ဖြစ်စေခြင်း.. ကိုယ်ရည်သွေးခြင်း… အမျိုးဘာသာ၊ သာသနာကို ညစ်နွမ်းစေခြင်း.. ယဉ်ကျေးမှုနှင့် လူငယ်များ အတုယူ မှားစေခြင်းဆိုင်ရာများကို အလေးထား စောင့်ထိန်းရှောင်ကြဉ် သင့်ပါတယ်..။ သတင်းဂျာနယ်များဟာ အစိုးရ မကောင်းကြောင်း ပြောမယ်… ၊ စစ်တပ် မကောင်းကြောင်း ဖော်ပြမယ်…၊ အညှီအဟောက် မလွတ် တာတွေ ဖော်ပြမယ်…၊ အစိုးရ ဆန့်ကျင်ဘက် အဖွဲ့အစည်း ခေါင်းဆောင်များရဲ့ သတင်းကို ဖော်ပြမယ်..၊ အိုကေ ……….. ဒါဆိုရင် … သေချာပြီ အဲဒီ.. သတင်း ဂျာနယ် လူကြိုက်များလို့ ရောင်းအားကောင်းပြီပဲ…။

         ပုထုဇဉ်လူသားတို့၏ သဘာဝစိတ်ခံစားမှုသည် အပြစ်မဟုတ်ပါ..။ ကိလေသာ မချုပ်ငြိမ်းနိုင် သေးတဲ့ .. လောဘ..ဒေါသ… မောဟ တွေကြားထဲမှာ ရုန်းမထွက်နိုင်သေးတဲ့ သူများပဲ မဟုတ်ပါလား..။ ဒါ့ကြောင့် အဓိကအားဖြင့် မှန်ကန်သော ၀ါဒဖြန့်ခြင်း..၊ ပညာပေးခြင်း..၊ အသိပေးခြင်း..၊ သတိပေးခြင်း..၊ နှိုးဆော်ခြင်း..၊ တိုက်တွန်းခြင်း..အဆင့်များကို အစိုးရကို ဖြစ်စေ..၊ အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်ကို ဖြစ်စေ.. ရည်ရွယ် ဖော်ဆောင်မှုသည် ပြဿနာမရှိသော်လည်း… ဥပမာအားဖြင့် …… အမေရိကန် လွှတ်တော်အမတ် Mitch Mc Connel က သူတို့လွှတ်တော်မှာ မြန်မာအစိုးရအတွက် ပြုပြင်ပြောင်းလဲရန် ဆိုပြီး.. လိုရာဆွဲ .. ဖော်ပြတဲ့ အချက် ၄ ချက်ကို အဓိပ္ပာယ်မရှိမှန်းသိလျှက်နဲ့ အပြည့်အ၀ ထောက်ခံ သယောင် အလုအယက် ဘာ့ကြောင့် ဖော်ပြကြတာလဲ..။ “လက်ပံတောင်း တောင်ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ပြည်သူများ ကန့်ကွက်ခြင်း’’ ဟု ဖော်ပြချက်သည် ထောက်ပံ့ကြေးနဲ့ လုပ်စားနေတဲ့ လူတစ်စု၏ ဆန္ဒကို အများဆန္ဒသဖွယ် ဖော်ပြတော့ .. မသိတဲ့ပြည်သူတွေ ဘယ်လိုထင်ကြ မလဲ..။ တစ်ကယ် ဒေသခံ အများစုရဲ့ လိုလိုလားလား ထောက်ခံမှုတွေကိုကြတော့ … ဘာလို့မဖော်ပြဘဲ.. မသိဟန်ဆောင်နေ ကြတာလဲ…။ 

GTC က ကျောင်းသား ကျောင်းသူစုံတွဲ အကြောင်း ထည့်မရေးပဲနေ ရင်ကော… ဘာဖြစ်မှာ မို့လို့လဲ … တိုင်းရင်းသားနယ်မြေတွေမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ဆဲမှာပဲ တစ်ဖက်က လူသစ်စု..၊ ဆက်ကြေးကောက်၊ လူသတ်၊ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ လုပ်ရပ်တွေ မဖော်ပြတာ မသိကြလို့လား..။ လိုင်ဇာမှာ တိုက်ပွဲဖြစ်တော့ ကျည်ဆံကြားကတောင် KIA ရဲ့ သတင်းကောင်းလေးတွေကို ဖော်ပြနိုင်သေး တာမ ဟုတ်လား။ 

နိုင်ငံခြားသား အကြီးအကဲတွေ .. ဒေါ်စုကြည် ကို မြှောက်ကာထောက်ခံအားပေးနေတာ တွေကို ပုံကြီးချဲ့ ဖော်ပြကြပြီး .. သူ့အဖေ မကြိုက်တဲ့ တိုင်းတစ်ပါးသားကို အားကိုးတစ်ကြီးယူတယ်.. ပြီးတော့ .. ပြည်ပမှာ နေချင်သလိုနေ… လုပ်ချင်သလိုလုပ်ပြီး အခွင့်ကြုံ အခြေအနေပေးတော့ လူထု ခေါင်းဆောင်ကြီး ၀င်လုပ်ပေါ့..။ ပြည်ပမှာ နေကြတဲ့ မိသားစုတွေ .. ကိုယ့်သားသမီးကို မြန်မာစာ၊ မြန်မာ စကားမဖြစ်ဖြစ်အောင်သင်ပေးကြတယ်.. ဒေါ်စုကြည်က သူ့သားတွေကို “မင်္ဂလာပါ” ဆိုတဲ့ စကားလုံးတောင် တတ်အောင် ဘာလို့ မသင်ပေးခဲ့တာလဲ..။ မြန်မာပြည်ကို စိတ်နာ နေလို့လား.. အခုတော့ မြန်မာ ပြည်မှာ သမ္မတ လုပ်ချင်တယ်ဆိုတော့ …။ ဒီအကြောင်းတွေ သိကြရဲ့သားနဲ့ ဘာလို့ မရေးကြတာလဲ။

         ကဲ …. ဇာတ်လမ်းစပါပြီ .. အင်ပါယာ သတင်းက ကောင်းမြတ်ထွဋ် အမှန်တွေရင်ဖွင့်ပြီ….. သူ့အမြင်အတိုင်း ထုတ်ဖော်ပြောတော့ .. အပြောခံရတဲ့သူတွေ ဘယ်သူငြိမ်နေသလဲ … အဆိုးဆုံးက အခု မီဒီယာခွင့်လို့ အတင်းတောင်းဆိုနေတဲ့ သန်းထွဋ်အောင် (EMG) အနာပေါ် ဒုတ်ကြပြီလေ…. သူ့ဂျာနယ်မှာ သူ့ကို အမြဲတမ်း အင်တာဗျူးလုပ်တာ ဖော်ပြပေးတာ.. ကောင်းမြတ်ထွဋ် က မှန်တာပြော တာကို တရားဝင် မတောင်းပန်ရင် တရားစွဲမယ်တဲ့…. မတိကျ.. မရေရာပဲ တစ်ဖက်သား သိက္ခာကျစေတဲ့ သတင်းတွေ.. သူဖော်ပြနေတော့ .. သတင်းလွတ်လပ်ခွင့်တဲ့ .. ကောင်းကြရောပေါ့.. ။ ဘာပဲပြောပြော.. ငါတို့နိုင်ငံမှာ ကောင်းမြတ်ထွဋ်လို လူမျိုးတွေ ရှိဖို့တော့ လိုပြီထင်တယ်..။ ကောင်းမြတ်ထွဋ် ရဲ့ လုပ်ရပ် တွေအားလုံးကို ထောက်ခံတာ မဟုတ်ဘူး..။ အခုလို ပြောရဲတဲ့ သတ္တိကို … Honour လုပ်ပြီး အမှန်နဲ့ အမှား ပေါ်လွင်အောင်ယှဉ်ပြီး ပြောပြတာပါ..။ 

တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို ရည်ရွယ်ပြီး တိုက်ခိုက်ပြောဆိုခြင်း မဟုတ်ပါ။ နိုင်ငံတကာ အဆင့်မီ မီဒီယာတွေမှာ သူတို့ရဲ့ သတင်းဌာန၊ နာမည်၊ သိက္ခာအတွက် ဒီနိုင်ငံက အဖွဲ့တွေလိုလုပ်တာ တွေ့ကြမှာမဟုတ်ပါ။ ဒီမိုကရေစီရပြီဆိုပြီး ပြောချင်သလို ပြော၊ ရေးချင်သလိုရေး လုပ်နေတာတွေ လိုရာဆွဲဖော်ပြတာကို အစိုးရကော၊ စစ်တပ်ကော၊ ၀န်ကြီးဌာန တွေကော၊ အဖွဲ့အစည်းတွေကော၊ တစ်ဦးတစ်ယောက်ကကော.. သူတို့ရဲ့ ကျင့်ဝတ်၊ သိက္ခာ တွေကို စောင့်ထိန်းပြီး ခန္တီစ.. သီးခံခြင်းနဲ့ တရားသမားတွေလိုလို ငြိမ်နေလေ အဲဒီ မဟုတ်မဟတ်.. သတင်းတွေ တင်နေတဲ့… အကောင်တွေ ပိုပြီး ရောင့်တက်လေ မဟုတ်လား..။
         သတင်းသမားလည်း မဟုတ်၊ နိုင်ငံရေးသမားလည်း မဟုတ်၊ အစိုးရ ၀န်ထမ်းလည်း မဟုတ်ပါ..။ ဒါပေမယ့် … သတင်းမှန်ကြိုက်တဲ့ … ပြည်သူတစ်ယောက် အနေနဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းရဲ့ သတင်း မီဒီယာဥပဒေ ၊ ကျင့်ဝတ်၊ စည်းကမ်းတွေကို နားမလည်ပေမယ့် လူ့ကျင့်ဝတ်.. မြန်မာ့ယဉ်ကျေးမှု၊ တရားမျှတခြင်းဆိုတာတွေကို .. လောကပါလ တရားနဲ့ ခံစားပြီး… ရင်ဖွင့်လိုက်ခြင်းသာ ဖြစ်ပါတယ်……..

မီဒီယိုင်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...