Tuesday, August 20, 2013

တောင်ကိုရီးယားနှင့် အမေရိကန်စစ်ရေးလေ့ကျင့်

Tuesday, August 20, 2013

တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် တနင်္လာနေ့တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု အသစ် တစ်ပွဲကို စတင်ပြီဖြစ်ကြောင်း၊ ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှုကို ယခုနှစ်အတွင်း မှပင် ပြုလုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ကွန်ပျူတာများ၏ အထောက်အကူဖြင့် ခံစစ်စွမ်းရည်ကို စမ်းသပ်သည့် တိုက်ပွဲပုံစံလေ့ကျင့်ရာတွင် စစ်သည် ထောင်ပေါင်းများစွာ ပါဝင်သည်။ ယခင်စစ်ရေးလေ့ကျင့်မှုအပေါ် ဒေါသ ထွက်ခဲ့သော မြောက် ကိုရီးယားအား ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း တောင်ကိုရီးယားက ပြောကြားသည်။

စစ်ရေးလေ့ကျင့်

ကွဲကွာနေသော ကိုရီးယားမိသားစု များ ပြန်လည်ဆုံစည်းရန်နှင့် စက်မှု ဇုန်အရေးကို တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားက သဘောတူညီခဲ့ ချိန်မှာ ဤသို့စစ်ရေးလေ့ကျင့်မှုစတင် ခြင်းဖြစ်သည်။

၁၂ ရက်ကြာ

အူချီလွတ်လပ်မှု ကာကွယ်ရေးဟု အမည်ပေးထားသည့် အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် တောင်ကိုရီးယား စစ်သည် ၅၀၀၀၀ ခန့်နှင့် အမေ ရိကန်စစ်သည် ၃၀၀၀၀ ပါဝင်ပြီး အနည်းဆုံး ၁၂ ရက်ကြာမြင့်မည်ဟု မျှော်လင့်ရကြောင်း ယွန်ဟပ်သတင်း ဌာနက ဖော်ပြသည်။

ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေး၊ လုံခြုံရေးကို အထောက်အကူပေးရန် နှင့် အရှေ့မြောက်အာရှအပေါ် ကတိ ကဝတ် ထပ်မံအတည်ပြုပေးရန် ရည် ရွယ်ခြင်းဖြစ်ကြောင်း တောင်ကိုရီး ယားရှိ အမေရိကန် တပ်ဖွဲ့၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...