Tuesday, August 20, 2013

"ဖခင်မြတ်နိုးတဲ့ အနုပညာ အလုပ်ကို ပြန်လုပ်ခွင့်ရလို့ ဂုဏ်ယူမိကြောင်း ရာဇာနေဝင်း ပြော"


ဗီဒီယို လောကသို့ သရုပ်ဆောင် တစ်ယောက် အဖြစ် စတင် ဝင်လာခဲ့ပြီး ကြိုးစားမှု နဲ့ အတူ အောင်မြင်မှုတွေ ပိုင်ဆိုင်သူ ကတော့ ရာဇာနေဝင်း ပဲဖြစ်ပါတယ်။ အောင်မြင် လာတဲ့ အနုပညာရှင် ဖြစ်လာသည် မှာလည်း သူ၏ ကိုယ်ပိုင်ဟန် ကိုယ်ပိုင် စတိုင်က အများ နဲ့ ကွဲပြား ထူးခြားမှု ရှိပါတယ်။ ဂီတ ဘက်မှာလည်း ပါရမီရှိသူ တစ်ဦး လည်းဖြစ်ပါတယ်။ ရာဇာနေဝင်းက ကိုယ်ပိုင် စတိုင် ကိုယ်ပိုင်ဟန်နဲ့ အောင်မြင်လာတဲ့ အကြောင်းကို..

“ကျွန်တော် ဒီဇိုင်းတွေ ခုချိန်ထိ ပရိသတ်တွေ ထဲမှာ ရှိနေသေးတာကို ဝမ်းသာတယ်။ အနုပညာရှင် တစ်ယောက်မှာ အောင်မြင်ဖို့ လိုအပ်ချက်တွေ အများကြီးပဲ။ မိဘပံ့ပိုး မှု လည်း လိုအပ်တယ်။ အဓိကက ကိုယ့်မှာ အနုပညာ နဲ့ ပတ်သက်တဲ့ Talent အရည်အချင်း ရှိဖို့ အဓိက အရေးကြီးဆုံး ပါပဲ။ လူတိုင်းမှာ မွေး ရာပါဗီဇ ဆိုတာ ရှိတယ်။ ကျွန်တော် လည်း ပါတယ်” လို့ သူ့ ရဲ့ကိုယ်ပိုင် ဟန် ကိုယ်ပိုင် စတိုင် ဗီဇ အကြောင်း ကို ပြောပြခဲ့ ပါတယ်။ အောင်မြင်မှုနဲ့ အောင်မြင်မှု ဒဏ်ကို မခံနိုင်ကြတဲ့ အပေါ်ကို ရာဇာနေဝင်း ရဲ့ အမြင် ကို မေးကြည့်တော့..

“လူတွေက ပုံစံ အမျိုးမျိုး ရှိကြပါတယ်။ အောင်မြင်မှု ဒဏ်ကို မခံ နိုင်တာ မဟုတ်ပါဘူး။ အဲဒီလို တစ်ခါတလေ အလုပ်က များလာရင် ဖိအားတွေ လည်း များလာတယ်။ ဒါကြောင့်လည်း ပါတယ်။ ကျွန် တော် ဒီအလုပ်ကို လုပ်တာ ဂုဏ်ယူတယ်။ အဖေက ဒီ အနုပညာကို ချစ်တယ်။ သူမြတ်နိုး တယ်။ အခု အဖေလုပ်တဲ့ အလုပ်ကို ပြန် လုပ် ခွင့် ရလို့ ပျော်တယ်။ ဂုဏ်လည်း ယူတယ်” လို့ ပြောပြခဲ့ပါတယ်။

ကိုရာဇာကို ရုပ်ရှင်ဘက်မှာ အားပေးတဲ့ ပရိသတ် နဲ့ ဂီတဘက်မှာ အားပေးတဲ့ ပရိသတ် ဘယ်ဟာက ပိုပြီး များလဲလို့ မေး ကြည့်တော့..

“ရုပ်ရှင် ကြည့်တာ ဝါသနာပါတယ်။ ရုပ်ရှင်လည်း တအား ကြည့် တယ်။ ဂီတလည် ဝါသနာ ပါတယ်။ နှစ်ခုစလုံး ပရိသတ် အားပေးမှုက အတူတူပါ ပဲ။ ပြောရ ခက် တယ်ဗျာ။ လူလူချင်း တူပေမယ့် မွေးရာပါ ပုံစံ မတူကြဘူး ။ မွေးရာပါ ဗီဇကလူတွေ ကို ဘယ်လို ဆွဲဆောင် ရမလဲဆိုတာ သိတယ်။ ကျွန်တော် ကတော့ အား ပေးတဲ့ ပရိသတ် အတူတူပါပဲ” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး

Popular Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...