Saturday, August 31, 2013

ဘရာဇီး နိုင်ငံစီးပွားရေး မြင့်တက်


ဘရာဇီးနိုင်ငံ ရဲ့ စီးပွားရေး အခြေအနေဟာ ၂၀၁၃ ခုနှစ် ဒုတိယ လေးလ ပတ် ကာလမှာ GDP ၁.၅ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း သိရပါတယ်။

ဘရာဇီးဟာ တောင်အမေရိကနဲ့ မြောက်အမေရိကန်မှာ အကြီးဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး လူဦးရေအသိပ်သည်းဆုံးနိုင်ငံစာရင်းထဲလည်း ပါဝင် ပါတယ်။ အဓိက စီးပွားရေး လုပ်ငန်းထဲမှာ သဘာဝ တွင်းထွက် ပစ္စည်းနဲ့ စိုက်ပျိုးရေး အဓိက ၂ မျိုးပါဝင်ပါတယ်။ ယင်း ၂ မျိုးကြောင့် နိုင်ငံ စီးပွားရေး မြင့်တက်ရခြင်း ဖြစ်ပြီး ကမ္ဘာ့မှာ အဆင့် ၇ ချိတ်တဲ့ ကုန်သွယ်ရေး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရဲ့  ဝင်ငွေကို တတိယ နေရာ ကနေ အရှာပေးနိုင်ဆုံးက ခရီးသွားလာရေး လုပ်ငန်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များ အလည်အပတ် များတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ် ပါတယ်။

နိုင်ငံရဲ့  လူတန်းစား ကွာဟမှုလည်း အင်မတန် သိသာပါတယ်။ နိုင်ငံရဲ့  အချမ်းသာဆုံး လူနည်းစုဟာ နိုင်ငံလူဦးရေရဲ့  ၁ ရာခိုင်နှုန်းသာ ရှိပြီး နိုင်ငံရဲ့  ငွေကြေးချမ်းသာမှုကို ၅၀ ရာခိုင်နှုန်းအထိ ကာမိစေခဲ့ ပါတယ်။ အင်မတန်ကို သိသာလွန်းတဲ့ လူတန်းစားကွာဟမှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ GDP တွက်ချက်မှုအရ ဘရာဇီးဟာ နောက်ကျကျန်ခဲ့ခြင်းဖြစ်ပြီး အမှန်တော့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။ ယခုတော့ တစ်ဦးချင်းစီ ဝင်ငွေနဲ့ GDP ကလည်း မြင့်တက်လာပါပြီ။ ၂၀၁၂ ခုနှစ်နဲ့စာရင် ၁ ရာခိုင်နှုန်းဝန်းကျင် အထိ မြင့်တက်လာတဲ့ နိုင်ငံ GDP ဟာ ၂၀၁၃ အကုန်မှာ အမြင့်ဆုံးအနေအထား တစ်ခုကို ရောက်ရှိမယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။
.
Ref:Xinhua
Aung Kham (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...