Saturday, August 31, 2013

ဖားခြေထောက်ဖြင့် မွေးလာသော မိန်းကလေး လမ်းလျှောက်နိုင်ပြီ

 
အခုချိန်မှာ အသက်လေးနှစ်အရွယ် ရှိပြီဖြစ်တဲ့ Lilliaဆိုတဲ့ သမီးငယ်ဟာ မွေးခါစမှာ ခြေတစ်ဖက်စီမှာ ကြွက်သားနှစ်ခုပဲ ပါဝင်လာတာကြောင့် တခြားကလေးတွေ လမ်းလျှောက်နိုင်တဲ့အရွယ်မှာ သူမအနေနဲ့ လမ်းမလျှောက်နိုင်ဘူးလို့ သိရပါတယ်။ လီလီယာဟာ မွေးရာပါြွကက်သားအားနည်း ရောဂါရှိခဲ့ပါတယ်။ ပုံမှန်အားဖြင့် ခြေထောက်တစ်ဖက်စီမှာြွကက်သား ၁၅ခုစီရှိရမယ့်အစား နှစ်ခုစီသာရှိတာကြောင့် သူမရဲ့ ဒူးခေါင်းဟာ အမြဲတမ်းကွေးနေတယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေက ဒူးခေါင်းနောက်က အရွတ်ကို ခွဲစိတ်ဖြတ်တောက်ပြီး ခြေထောက် ဆန့်နိုင်ရန်အတွက် ခြေထောက်ကို ညှပ်စည်း(Splint) ပေးခဲ့ပါတယ်။ လီလီယာ ခြေထောက်ခွင်နေတာကို သူမမိခင်က ကိုယ်ဝန်အပတ် ၂ဝကတည်းကစတင် သိရှိခဲ့ပါတယ်။
သူမကိုမွေးရမယ့် အချိန်ထက် လေးပတ်စောမွေးခဲ့ပြီး မွေးကင်းစအလေးချိန်က လေးပေါင်ငါးအောင်စ ရှိတယ်လို့ဆိုပါတယ်။ သူမအသက် ၁၇ပတ်အရွယ်မှာ သူမရဲ့ခြေထောက် ဖြောင့်ပေးဖို့အတွက် ဆရာဝန်တွေက အထူးပြုလုပ်ပေးထားတဲ့ ဘွတ်ဖိနပ်ကို စီးခိုင်းခဲ့ပါတယ်။ သူမကို ခွဲစိတ်မှု၁၃ကြိမ် ပြုလုပ်ခဲ့ပေးခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ဘူးလို့ သိရပါတယ်။ အခုအချိန်မှာ သူမရဲ့ခြေထောက်နှစ်ဖက်ကို ပုံမှာပြထားတဲ့ ပုံသဏ္ဌာန်အတိုင်း အထောက်အပံ့ပေးထား ခဲ့တဲ့အတွက်သူမအနေနဲ့ လမ်းလျှောက်နိုင်ပြီလို့ သိရပါတယ်။ သူမအနေနဲ့ ယင်းပစ္စည်းကိုဖြုတ်ကာ သက်သောင့်သက်သာ ထိုင်နိုင်တယ်လို့ ဆိုပါတယ်။
By ပြည်မြန်မာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...