အဆိုပါ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သြဂုတ် ၁၉ ရက်တွင် အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် လွှတ်တော် ကိုယ်စားလှယ် ငါးဦးက ပြင်ဆင် ပယ်ဖျက်သင့်သည့် အချက်များအား ဆွေးနွေးခဲ့ကာ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ကြားနာရန် ဆုံးဖြတ်ခဲ့သည်။
ထိုသို့ မဆွေးနွေးမီ တစ်ရက်အလိုတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီသည် သြဂုတ် ၂၇ ရက်၌ ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများကို ဖိတ်ခေါ်၍ အစည်းအဝေး ပြုလုပ်ခဲ့ပြီး လိုအပ်ချက်များကို မေးမြန်း ဆွေးနွေးခဲ့ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ကိုမူ ခေါ်ယူဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။
''ကျွန်တော်တို့ကို တွေ့ဖို့ချိန်းတာရှိတယ်။ ပျက်သွားတယ်လေ။ သူတို့ အစီအစဉ် ဖျက်လိုက်တယ် ပြောတယ်။ ကျွန်တော်တို့ သွားတွေ့ဖို့ ရှိတယ်။ သူတို့ မတင်ခင်မှာ။ ကျွန်တော် ကြားသလောက်ကတော့ အဆင်ပြေပါတယ်ပေါ့ဗျာ။ ကျွန်တော်တို့တင်တဲ့ မူကြမ်းအပေါ်မှာ အကုန်လုံး နီးပါးကိုပဲ ဥပဒေကြမ်း ကော်မတီက သဘောတူတဲ့ အတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးစရာ မရှိဘူးလို့ သူတို့ပြောတယ်လို့ ကျွန်တော် ကြားတယ်လေ။ အဲဒီတုန်းက သူတို့သာ ကျွန်တော်တို့ကိုခေါ်ပြီး မရှင်းလင်းတာတွေ ရှိတာကိုပြောရင် ကျွန်တော်တို့ ဖြေနိုင်တာပေါ့'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ပြောကြားသည်။
ထိုသို့ ပြင်ဆင်ပြီး အတည်ပြုရာတွင် သတင်းသမားများကို ကာကွယ်စောင့်ရှောက် ရန်အတွက် ရည်ရွယ် ထည့်သွင်းခဲ့သော ဥပဒေကြမ်း အခန်း (၈) ပုဒ်မ ၂၅ တွင်ဖော်ပြခဲ့သည့် ''ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း တည်ထောင်ထားသော သတင်းမီဒီယာ လုပ်ငန်းအားလုံးရှိ သတင်းမီဒီယာ သမားတို့၏ တာဝန်၊ ကျင့်ဝတ်၊ သိက္ခာဖောက်ဖျက်မှုနှင့် တားမြစ်ချက်များကို ချိုးဖောက်သည့် အမှုများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များ အရသာ အရေးယူရမည်'' ဆိုသော အချက်ကို လုံးဝ ပယ်ဖျက်ခဲ့ခြင်း၊ ဂျာနယ်လစ် အဖွဲ့အစည်းများ လိုလားသည့် မူပိုင်ခွင့်နှင့် မော်ကွန်းဌာန စာသားကို သုံးစွဲခွင့် မပြုခြင်းများ အပါအ၀င် အခြားသော အချက်အချို့၌ အငြင်းပွားဖွယ် အချက်များ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခြားပြင်ဆင် အတည်ပြုလိုက်သော အချက်များမှာ ပုဒ်မ (၂)ပုဒ်မခွဲ(ည)ပါ ''အများပြည်သူ အကျိုးစီးပွား အလို့ငှာ'' စကားရပ်အား တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်လိုကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးခဲ့သော်လည်း ဥပဒေကြမ်း ကော်မတီက ယင်းစကားရပ်သည် ဥပဒေ အသုံးအနှုန်း တစ်ရပ်ဖြစ်ပြီး သီးခြားအဓိပ္ပာယ် ဖွင့်ဆိုရန် မလိုအပ်သဖြင့် ပယ်ဖျက်သင့်ကြောင်း အကြံပြုချက်အား လွှတ်တော်မှ အတည်ပြု၍ ယင်းပုဒ်မအား ပယ်ဖျက်ခဲ့သည်။
အလားတူ အဆိုပါပုဒ်မ(၂) ပုဒ်မခွဲ(ည)နှင့် ဆက်စပ်သော ပုဒ်မ (၈) ပုဒ်မခွဲ(က)ပါ ''ကျင့်ဝတ်နှင့်အညီ မိမိအမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူမည် ဖြစ်သော်လည်း အများပြည်သူ အကျိုးစီးပွား အလို့ငှာ စုံစမ်း ဖော်ထုတ်ရမည်'' စကားရပ်အစား ''ကျင့်ဝတ်နှင့်အညီ မိမိအမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူရမည်။ သို့ရာတွင် အများပြည်သူနှင့် သက်ဆိုင်သော ကိစ္စရပ်များဖြစ်သည့် ပြည်သူ့ကျန်းမာရေး၊ ပြည်သူတို့၏ ဘေးကင်းလုံခြုံရေးနှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို ထိခိုက်စေနိုင်သော ကိစ္စရပ်များ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် မမှန်မကန် ဆောင်ရွက်မှုများ၊ အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်ရန် မဖြစ်မနေ စုံစမ်းရမည်'' ဟု ပြင်ဆင် အတည်ပြုခဲ့သည်။
ကျွန်တော်တို့ကို တွေ့ဖို့ချိန်းတာရှိတယ်။ ပျက်သွားတယ်လေ။ သူတို့ အစီအစဉ် ဖျက်လိုက်တယ် ပြောတယ်။ ကျွန်တော်တို့ သွားတွေ့ဖို့ ရှိတယ်။ သူတို့ မတင်ခင်မှာ။ ကျွန်တော် ကြားသလောက်ကတော့ အဆင်ပြေပါတယ်ပေါ့ဗျာ။ ကျွန်တော်တို့တင်တဲ့ မူကြမ်းအပေါ်မှာ အကုန်လုံး နီးပါးကိုပဲ ဥပဒေကြမ်း ကော်မတီက သဘောတူတဲ့ အတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးစရာ မရှိဘူးလို့ သူတို့ပြောတယ်လို့ ကျွန်တော် ကြားတယ်လေ။ အဲဒီတုန်းက သူတို့သာ ကျွန်တော်တို့ကိုခေါ်ပြီး မရှင်းလင်းတာတွေ ရှိတာကိုပြောရင် ကျွန်တော်တို့ ဖြေနိုင်တာပေါ့... |
ယင်းပုဒ်မ (၁၁) ကို ပြင်ဆင် အတည်ပြုရာ၌ လွှတ်တော် သဘော၏ သဘောတူ၊ မတူ တောင်းခံရာတွင် လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မူလပြဋ္ဌာန်းချက်တွင် ပါဝင်သော ''လုပ်ငန်း အမျိုးအစားအလိုက် ၀န်ကြီးဌာန၏ မူပိုင်ခွင့်နှင့် မော်ကွန်းဌာနတွင်'' စကားရပ်အား ''လုပ်ငန်း အမျိုးအစားအလိုက် ၀န်ကြီးဌာနတွင်'' ဟု ပြင်ဆင်ပြီး မူလပြဋ္ဌာန်း ချက်အတိုင်း အတည်ပြုသင့်ကြောင်း ကန့်ကွက်သဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ဦးဖုန်းမြင့်အောင်၏ အဆိုမှာ ရှုံးနိမ့်ခဲ့သည်။
ဥပဒေကြမ်းပါ ကောင်စီနှင့် ပတ်သက်၍ ပုဒ်မ (၁၂) တွင်လည်း ''ကောင်စီသည် သတင်းမီဒီယာ သမားများ'' စကားရပ်အစား ''ကောင်စီသည် စာနယ်ဇင်းသမားများ'' ဟု လည်းကောင်း၊ ကောင်စီရန်ပုံငွေ ထူထောင်ရာတွင် လှူဒါန်းမှုများနှင့် ပတ်သက်၍ ပုဒ်မ (၁၉) ပုဒ်မခွဲ (ခ) (ဂ)တွင်''နှောင်ကြိုးမဲ့'' စကားရပ်အစား ''စေတနာအလျောက်'' ဟုလည်းကောင်း၊ နစ်နာသူများမှ တိုင်ကြားမှုများအား အရေးယူခြင်းနှင့် ပတ်သက်၍ ပုဒ်မ (၂၁) တွင် ''ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားရမည်'' စကားရပ်အစား ''ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်'' ဟု ပြင်ဆင် အတည်ပြုခဲ့သည်။
ထို့အပြင် ပုဒ်မ (၂၇) ''မည်သည့် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူမဆို သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့် မရှိဘဲ ယင်းလုပ်ငန်း လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်းအထိ ချမှတ်ရမည်'' ဟု ပြဋ္ဌာန်းချက်တို့အား ပယ်ဖျက်သင့်ကြောင်း အကြံပြုခဲ့ပြီး လွှတ်တော်မှ ပယ်ဖျက်ခြင်းကို အတည်ပြုခဲ့သည်။
သတင်းမီဒီယာ ဥပဒေကြမ်း၏ ပုဒ်မ (၃၅) ပုဒ်မခွဲ (ခ) တွင် ''မူပိုင်ခွင့်နှင့် မော်ကွန်းဌာနတွင် စာရင်းတင်သွင်းခြင်းတို့ ပြုလုပ်ခွင့်ရှိသည်'' စကားရပ်အစား ''၀န်ကြီးဌာနသို့ စာရင်းတင်သွင်းခြင်းတို့ ပြုလုပ်ခွင့်ရှိသည်'' ဟု ပြင်ဆင် အတည်ပြုခဲ့သည်။
ထိုသို့ ဥပဒေကြမ်းပါ အချက်များအား ကိုယ်စားလှယ်များ ဆွေးနွေးချက်များနှင့် ဥပဒေကြမ်း ကော်မတီမှ ပြန်လည်ညှိနှိုင်း သဘောတူညီ ချက်များအား လွှတ်တော်မှ တစ်ပိုဒ်ချင်းအလိုက် အတည်ပြု ခဲ့သော်လည်း ပုဒ်မ (၃၆) ''၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ထုတ်ပြန်ခဲ့သည့် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကို ကန့်သတ်တားမြစ်သော အမိန့်များ၊ ညွှန်ကြားချက်များ၊ အမှာစာများနှင့် ထုတ်ပြန်ချက်များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်သမျှ ပျက်ပြယ်သည်ဟု မှတ်ယူရမည်'' ဟု ပြဋ္ဌာန်းအား ပယ်ဖျက်ရန် မပါဝင်ဘဲ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ အတည်ပြု ထုတ်ပြန်ကြေညာပါက အဆိုပါ ပုဒ်မမှာ မလိုအပ်ကြောင်း သတိပေး ပြောကြားပြီး ဥပဒေကြမ်း ကော်မတီ အနေဖြင့် မည်သို့လုပ်ဆောင်မည်ကို မေးမြန်းခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှလည်း ပုဒ်မ(၃၆)မှာ မလိုအပ်သဖြင့် ပယ်ဖျက်ပေးပါရန် အဆိုတင်သွင်းမှုအား လွှတ်တော်မှ အတည်ပြုခဲ့ပြီး ယင်းပုဒ်မအား ပယ်ဖျက်ခဲ့သည်။
အမျိုးသား လွှတ်တော်၌ အတည်ပြုခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ ပေးပို့မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်၌ ဆက်လက် ဆွေးနွေးမည် ဖြစ်ပါသည်။
အမျိုးသား လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်သည့် အမြင်များ
၇၅၊ ၈၀ ရာခိုင်နှုန်း လောက်ကတော့ ကျေနပ်စရာ ကောင်းတယ်။ သို့သော်
အရေးကြီးတဲ့ သတင်းသမားတွေကို အကာအကွယ် ပေးနိုင်တဲ့ အချက်ကတော့
ပယ်ဖျက်ခံလိုက်တယ်။ နောက်တစ်ချက်ကတော့ သတင်းသမားတွေ စိုးရိမ်တဲ့
ပြစ်ဒဏ်ပေါ့နော်။ ပြစ်ဒဏ်က သူတို့ပြင်ဆင်တဲ့ အတိုင်းဆိုရင် ကျန်တဲ့တည်ဆဲ
ဥပဒေတွေနဲ့ရော၊ သတင်းမီဒီယာနဲ့ဆိုင်တဲ့ ကျင့်ဝတ်ဖောက်ဖျက် မှုတွေက ကျန်တဲ့
ဥပဒေတွေနဲ့ပါ နှစ်ထပ်ကွမ်း အရေးယူခံရမယ့် သဘောမျိုး ဖြစ်နေတာပေါ့နော်။
ပြစ်မှုတစ်ခုတည်းကို နှစ်ထပ်ကွမ်း အရေးယူခံရမယ့်၊ အရေးယူစေချင်တဲ့ သဘောမျိုး
ဖြစ်နေတယ်။ အဲတာကတော့ သတင်းသမားတွေဘက်က နစ်နာနိုင်တဲ့
အချက်ပေါ့။ - ဦးကျော်မင်းဆွေ(အတွင်းရေးမှူး၊ စာနယ်ဇင်းကောင်စီ-ယာယီ) ကျွန်တော်တို့ အမျိုးသား လွှတ်တော်မှာတော့ အတည်ပြုတယ်ပေါ့။ ဥပဒေတစ်ခု ပြုတယ်ဆိုတာက ဥပဒေရေးတဲ့သူရော၊ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ၀န်ကြီးဌာနတွေရော သူ့အမြင် ကိုယ့်အမြင်နဲ့ လုပ်ကြတဲ့ အခါကျတော့ ကိုယ်ဖြစ်ချင်သလို ရာနှုန်းပြည့် ဖြစ်ဖို့ဆိုတာတော့ မလွယ်ဘူးလေ။ ဒါကတော့ ကြိုတင်လက်ခံ ထားပြီးသားပါ။ ယျေဘုယျ အားဖြင့်တော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ အချက်ကို ပယ်ဖျက် လိုက်တာတော့ စိုးရိမ်စရာပေါ့။ သို့သော် တစ်ဖက်မှာ သူတို့က ဘာပြန်ဖြစ်လဲ ဆိုတော့ ကျွန်တော်တို့ ဥပဒေမှာပါတဲ့ ရေးသားချက်နဲ့ ဆိုလိုရင်းတွေ အပေါ်မှာ သဘောပေါက်မှုတွေ လွဲတယ်လို့ ကျွန်တော်မြင်တယ်ဗျ။ ဆက်ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် ကျန်ပါသေးတယ်။ ရှေ့ဆက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာကြောင့် ကျွန်တော်တို့ ထည့်သွင်းတယ်ဆိုတာ သိအောင်လို့တော့ လုပ်ရမယ်။ ကျွန်တော့် ကိုယ်ပိုင်ယူဆချက်ကတော့ (လွှတ်တော် ကိုယ်စားလှယ်တွေ) စိုးရိမ်စိတ် များသွားပုံရတယ်။ - ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်၊ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်) သူတို့ဖျက်လိုက်တဲ့ ပုဒ်မက ဥပဒေကြမ်းမှာ အဟန့်အတား သဘောမျိုး ရှိသင့်တယ်လို့ ထင်တယ်။ တခြားဥပဒေတွေအရ မလိုတစ်မျိုး၊ လိုတစ်မျိုး ဆွဲဆန့်လို့ရတဲ့ အချိန်မှာ၊ ဥပမာ- တကယ်အန္တရာယ်ရှိလို့ ပယ်ဖျက်ပေးဖို့ တောင်းဆိုနေတဲ့ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းဥပဒေတို့ အဲတာမျိုး တွေကို ပီပီပြင်ပြင် မပယ်ဖျက် ပေးနိုင်သေးတဲ့ အချိန်မှာ အဟန့်အတားမျိုး ရှိသင့်တာပေါ့။ အဲတာကို ဖျက်လိုက်တာက သတင်းသမားတွေ အတွက် ပိုပြီး အန္တရာယ် ရှိသွားတယ်။ check and balance ရှိရမှာကိုတော့ ကျွန်တော်တို့ နားလည်ပါတယ်။ လိုသလို ဆွဲဆန့်လို့ရတဲ့ ဥပဒေတွေ ရှိနေတဲ့အတွက် အဲတာကို ပယ်ဖျက်တာကို ကျွန်တော်တို့ လက်မခံဘူး။ - ဦးအောင်လှထွန်း (စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်) အတည်ပြုပြီးတော့လည်း ဘယ်တတ်နိုင်မလဲ။ ကျွန်တော်တို့က သူတို့ကို ယုံကြည်ပြီး အပ်နှံထားတာပဲ။ စောစောစီးစီး ကတည်းက ကျွန်တော်တို့ ကန့်ကွက်ထားတာပဲ။ ကျွန်တော်တို့ကတော့ လက်ရှိ အနေအထား အရဆို ဆက်ပြီး ကန့်ကွက်နေမှာပဲဗျ။ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ ဆိုရင်လည်း ကန့်ကွက်မှာပဲ။ ပြောတာ ဆိုတာလေးတွေ၊ ဦးလှဆွေဆိုတဲ့ အမတ်ပေါ့ဗျာ။ ကျွန်တော်တို့ကပဲ သိပ်အာဏာ လိုချင်တဲ့ အဖွဲ့အစည်းလိုလို၊ အဲလိုပြောတာတွေကို ကျွန်တော်က သိပ်မကြည်ဘူး။ မီဒီယာသမားက အာဏာထူထောင်တာ မဟုတ်ဘူးဗျ။ သြဇာထူထောင်တာ။ ကျွန်တော်တို့က အာဏာထူထောင်ချင်ရင် နိုင်ငံရေး ၀င်လုပ်မှာပေါ့။ - ဦးခင်မောင်လေး(ဖိုးသောကြာ) (ဒုတိယ ဥက္ကဋ္ဌ၊ စာနယ်ဇင်းကောင်စီ-ယာယီ) |
၇၅၊ ၈၀ ရာခိုင်နှုန်း လောက်ကတော့ ကျေနပ်စရာ ကောင်းတယ်။ သို့သော် အရေးကြီးတဲ့ သတင်းသမားတွေကို အကာအကွယ်
ပေးနိုင်တဲ့ အချက်ကတော့ ပယ်ဖျက်ခံလိုက်တယ်။ နောက်တစ်ချက်ကတော့
သတင်းသမားတွေ စိုးရိမ်တဲ့ ပြစ်ဒဏ်ပေါ့နော်။ ပြစ်ဒဏ်က သူတို့ပြင်ဆင်တဲ့
အတိုင်းဆိုရင် ကျန်တဲ့တည်ဆဲ ဥပဒေတွေနဲ့ရော၊ သတင်းမီဒီယာနဲ့ဆိုင်တဲ့
ကျင့်ဝတ်ဖောက်ဖျက် မှုတွေက ကျန်တဲ့ ဥပဒေတွေနဲ့ပါ နှစ်ထပ်ကွမ်း အရေးယူခံရမယ့်
သဘောမျိုး ဖြစ်နေတာပေါ့နော်။ ပြစ်မှုတစ်ခုတည်းကို နှစ်ထပ်ကွမ်း
အရေးယူခံရမယ့်၊ အရေးယူစေချင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ အဲတာကတော့
သတင်းသမားတွေဘက်က နစ်နာနိုင်တဲ့ အချက်ပေါ့။
- ဦးကျော်မင်းဆွေ(အတွင်းရေးမှူး၊ စာနယ်ဇင်းကောင်စီ-ယာယီ)
ကျွန်တော်တို့
အမျိုးသား လွှတ်တော်မှာတော့ အတည်ပြုတယ်ပေါ့။ ဥပဒေတစ်ခု ပြုတယ်ဆိုတာက
ဥပဒေရေးတဲ့သူရော၊ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ၀န်ကြီးဌာနတွေရော သူ့အမြင်
ကိုယ့်အမြင်နဲ့ လုပ်ကြတဲ့ အခါကျတော့ ကိုယ်ဖြစ်ချင်သလို ရာနှုန်းပြည့်
ဖြစ်ဖို့ဆိုတာတော့ မလွယ်ဘူးလေ။ ဒါကတော့ ကြိုတင်လက်ခံ ထားပြီးသားပါ။ ေယ်ဘုယ်
အားဖြင့်တော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ သတင်းသမားတွေကို
ကာကွယ်စောင့်ရှောက်တဲ့ အချက်ကို ပယ်ဖျက် လိုက်တာတော့ စိုးရိမ်စရာပေါ့။
သို့သော် တစ်ဖက်မှာ သူတို့က ဘာပြန်ဖြစ်လဲ ဆိုတော့ ကျွန်တော်တို့
ဥပဒေမှာပါတဲ့ ရေးသားချက်နဲ့ ဆိုလိုရင်းတွေ အပေါ်မှာ သဘောပေါက်မှုတွေ
လွဲတယ်လို့ ကျွန်တော်မြင်တယ်ဗျ။ ဆက်ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်၊
ပြည်ထောင်စု လွှတ်တော် ကျန်ပါသေးတယ်။ ရှေ့ဆက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး
ဘာကြောင့် ကျွန်တော်တို့ ထည့်သွင်းတယ်ဆိုတာ သိအောင်လို့တော့ လုပ်ရမယ်။
ကျွန်တော့် ကိုယ်ပိုင်ယူဆချက်ကတော့ (လွှတ်တော် ကိုယ်စားလှယ်တွေ)
စိုးရိမ်စိတ် များသွားပုံရတယ်။
- ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်၊ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်)
သူတို့ဖျက်လိုက်တဲ့ ပုဒ်မက ဥပဒေကြမ်းမှာ အဟန့်အတား သဘောမျိုး ရှိသင့်တယ်လို့ ထင်တယ်။ တခြားဥပဒေတွေအရ
မလိုတစ်မျိုး၊ လိုတစ်မျိုး ဆွဲဆန့်လို့ရတဲ့ အချိန်မှာ၊ ဥပမာ-
တကယ်အန္တရာယ်ရှိလို့ ပယ်ဖျက်ပေးဖို့ တောင်းဆိုနေတဲ့ အီလက်ထရောနစ် ဆက်သွယ်
ဆောင်ရွက်ရေး နည်းဥပဒေတို့ အဲတာမျိုး တွေကို ပီပီပြင်ပြင် မပယ်ဖျက်
ပေးနိုင်သေးတဲ့ အချိန်မှာ အဟန့်အတားမျိုး ရှိသင့်တာပေါ့။ အဲတာကို
ဖျက်လိုက်တာက သတင်းသမားတွေ အတွက် ပိုပြီး အန္တရာယ် ရှိသွားတယ်။ check and
balance ရှိရမှာကိုတော့ ကျွန်တော်တို့ နားလည်ပါတယ်။ လိုသလို
ဆွဲဆန့်လို့ရတဲ့ ဥပဒေတွေ ရှိနေတဲ့အတွက် အဲတာကို ပယ်ဖျက်တာကို ကျွန်တော်တို့
လက်မခံဘူး။ - ဦးအောင်လှထွန်း (စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်)
အတည်ပြုပြီးတော့လည်း
ဘယ်တတ်နိုင်မလဲ။ ကျွန်တော်တို့က သူတို့ကို ယုံကြည်ပြီး အပ်နှံထားတာပဲ။
စောစောစီးစီး ကတည်းက ကျွန်တော်တို့ ကန့်ကွက်ထားတာပဲ။ ကျွန်တော်တို့ကတော့
လက်ရှိ အနေအထား အရဆို ဆက်ပြီး ကန့်ကွက်နေမှာပဲဗျ။ ကျွန်တော် တစ်ယောက်တည်း
အနေနဲ့ ဆိုရင်လည်း ကန့်ကွက်မှာပဲ။ ပြောတာ ဆိုတာလေးတွေ၊ ဦးလှဆွေဆိုတဲ့
အမတ်ပေါ့ဗျာ။ ကျွန်တော်တို့ကပဲ သိပ်အာဏာ လိုချင်တဲ့ အဖွဲ့အစည်းလိုလို၊
အဲလိုပြောတာတွေကို ကျွန်တော်က သိပ်မကြည်ဘူး။ မီဒီယာသမားက အာဏာထူထောင်တာ
မဟုတ်ဘူးဗျ။ သြဇာထူထောင်တာ။ ကျွန်တော်တို့က အာဏာထူထောင်ချင်ရင် နိုင်ငံရေး
ဝင်လုပ်မှာပေါ့။ - ဦးခင်မောင်လေး(ဖိုးသောကြာ) (ဒုတိယ ဥက္ကဋ္ဌ၊ စာနယ်ဇင်းကောင်စီ-ယာယီ)
Eleven
0 comments:
Post a Comment