Tuesday, November 19, 2013

မြဝတီအလှမယ်များ မဲဆောက်မှာ အလှပြိုင်


စနေနေ့ညက နယ်စပ်မြို့ မဲဆောက်မှာပြုလုပ်တဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲနဲ့ မီးမျှောပွဲ(လွိုင်းကထုံး) အထိမ်းအမှတ် မယ်ရွေးပွဲ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။  ဒီပွဲကို မြ၀တီမြို့က အလှဆုံးတွေထဲက   ၁၀ ဦး လာရောက်ယှဉ်ပြိုင်ကြပါတယ်။   မသိမ့်သိမ့်စိုးသိန်း -ပထမ  မပိုးဇာခြည်ကျော် -ဒုတိယ  မခိုင်ဇာဇာအောင် -တတိယ  ရရှိကြပါတယ်။   ဒီပွဲကို မဲဆောက်မှာရှိတဲ့ ထာ့စိုင်လို့ဝပ်အပိုင် မြူနီစပါယ်အဖွဲ့က ပြုလုပ်တာပါ။  ထိုင်းနဲ့မြန်မာအလှမယ်ရွေးပွဲကို တရက်ခြား ကျင်းပတာဖြစ်ပြီး ထိုင်းမယ်ရွေးပွဲကိုတော့ တနင်္ဂနွေညမှာ ကျင်းပါတယ်။  ရက်ခြားပေမဲ့ ဆုကြေးငွေကတော့ အတူတူပါပဲ။   ပထမ ဘတ် ၁၀၀၀၀  ဒုတိယ ဘတ် ၇၀၀၀  တတိယ ဘတ် ၄၀၀၀ - ဖြစ်ပါတယ်။   အထူးဆုဖြစ်တဲ့ ပရိသတ်ပေးတဲ့ဆုအတွက်ကတော့ ဘတ် ၃၀၀၀ ဖြစ်ပါတယ်။





















Sunday, November 17, 2013

မဲဇလီဖူး ဆေးဖက်ဝင်အောင်သုပ်နည်း






Saturday, November 16, 2013

''လပြည့်ည မှာ သုပ်စား တဲ့ မဲဇလီ ဖူးသုပ် က ဆေးဖက် ဝင် တယ်။ ကျေးလက် တော ရွာတွေ မှာ နေတဲ့ သူတွေ ဆိုရင် လပြည့်နေ့ လရောင် ကျထား တဲ့ မဲဇလီဖူး တွေကို ခူးသင့် ပါတယ်။ လရောင် ထိထား တဲ့ မဲဇလီတွေ ကဆေး ပေါင်းခ ပြီး ဆေးစွမ်း ထက်ပါ တယ်။ မြို့မှာ နေတဲ့ သူတွေ ဆို ရင်တော့ လပြည့်ည မတိုင်မီ ခူးထား တဲ့ မဲ ဇလီဖူးတွေ ကို လပြည့်ည နက္ခတ် စုံချိန်ကျ မှာ ရေနွေး ဖျော ပြီး သုပ် စား သင့် ပါတယ်။ နက္ခတ် စုံချိန် နှစ်ချိန် ရှိပါတယ်။ လပြည့်နေ့ ည ၉ နာရီ ၁၆ မိနစ်နဲ့ လပြည့် နေ့ သန်းခေါင် ယံ အချိန်မှာ မဲဇလီ ဖူးသုပ် ကို သုံးဆောင် သင့် ပါတယ်'' ဟု ယင်း က ဆိုသည်။ ဆေးပေါင်း ခချိန်တွင် မဲ ဇလီဖူး သုပ်စားခြင်း ဖြင့် အသက် ရှည်ပြီး အနာ ရောဂါ ကင်းမဲ့စေ နိုင်ကြောင်း၊ မဲဇလီရွက် သည် နတ်ပြည် တွင် နတ်သက် ရှည်ရန် စားလေ့ ရှိသည့် မဉ္ဇူသက နတ် ပန်း နှင့်ဆင် တူသော ကြောင့် မဲဇလီ ရွက်များ ကို စားသုံး ခြင်းဖြင့် အ သက် ရှည်၊ အနာကင်း နိုင်ကြောင်း ရှေးသူ ဟောင်း တို့မှ အကြံပြု ခဲ့သ ဖြင့် ယင်း ဓလေ့မှာ ယနေ့ တိုင် ထွန်းကား နေဆဲ ဖြစ်ကြောင်း သိ ရသည်။

Aung Zaw Oo
အေးမြသာစည်ရွာ

Miss Htar Htet Htet With Bikini Swimming Suit












B ပိုး C ပိုးသမားတွေ အတွက် သတင်းကောင်း *ဣဿရမူလီ*







ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochiaindica)* သာမညဣဿရီတဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီးတရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။

အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလိုအိမ်မှာအလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီးအဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလိုခပ်ဆင်ဆင်ဖြစ်ပြီးအရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီးအရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်ကသိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေနန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေးမိတ်ဆွေတစ်ဦးဘီပိုးရောဂါဖြစ်ပြီးယိုးဒယား၊ စင်္ကာပူအထိသွားကုတာသိန်းပေါင်းများစွာကုန်ပေမယ့် ရောဂါကမပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်ကဣဿရမူလီကိုသုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကိုအစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်းသူ့ရဲ့ အသားအရေလည်းအရင်လိုနီကြောင်ကြောင် နီရဲရဲမဟုတ်တော့ပဲအသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်းတော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကိုဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်းမေးလာတော့ သူကတိုင်းရင်းဆေးဣဿရမူလီဆေးကိုသုံးကြောင်းပြောလိုက်တယ်။
အခုသူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*

(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်းရပါတယ်။ (၃) အရွက်ကိုအခြောက်လှမ်းပြီးလက်ဖက်ရည် သောက်သလိုမျိုးသောက်ရင်လည်းရတယ်တဲ့။
ဓါတ်ပုံကိုလားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာသွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီမှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံဆက်လက် လက်ဆင့်ကမ်းပြီးဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *

မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)

ကိုထွန်းလွင် ( သုတဘုံ )

ရေကူးနေတဲ့ Waso Moe Oo












စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ








အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။
နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။ အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။ စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ ပါဘူး။ စက်ဘီး လေထိုး၊ ကျွတ်ဖာတာကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်း ကျောင်းသွားချိန် အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။


ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။ သူ အသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို တိုးချဲ့ လာတာ အမေရိကန်က စက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင် တစ်ခု ဖြစ်လာပါတယ်။ ယနေ့မှာ Chris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့ Entrepreneur တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: inc
အောင်ခမ်း

အသားပိုကြီး ပိုင်ရှင်ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့





အိန္ဒိယ နိုင်ငံမှ Lalit Ram ဆိုသူတွင် မျက်နှာ၌ ကြီးမားသော အသားပိုကြီးကို တွေ့ရှိခဲ့ ရပါတယ်။ သူ၏ အသက်ကတော့ ၂၃ ဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ မြို့နှင့် အလွန်ဝေးသော ဒေသတွင် နေတယ်လို့ ဆိုပါတယ်။ လယ်ယာ စိုက်ပျိုးခြင်းကို လုပ်ကိုင်ကာ အသက်မွေးတယ်လို့ ဆိုပါတယ်။

သူသည် ထိုအသားပိုကြီးကြောင့် အပေါင်းအသင်း မရှိသည့်အပြင် အစားစားရာတွင်လည်း အလွန်ပဲ အခက်အခဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိုသူသည် လွန်စွာပင် စိတ်ဓာတ်ကျခဲ့ တယ်လို့ ဆိုပါတယ်။ ကံကောင်းစွာပဲ သူ၏ အသားပိုကြီးကို ဆရာဝန်များ ဖယ်ရှားနိုင်ခဲ့ပါတယ်။
ထိုဒေသမှ ခရစ်ယာန် ဘုန်းတော်ကြီးတွေက " သူသည် အလွန်ပင် သနားစရာ ကောင်းသော သူတစ်ယောက် ဖြစ်ပါတယ်။ လူငယ်တစ်ယောက် ဖြစ်ပေမယ့် အသားပိုကြီးကြောင့် မည်သည့် သူကမျှ အပေါင်းအသင်း မလုပ်၊ ဘယ်အမျိုးသမီး ကမှ ပြန်မကြိုက် ခဲ့ပါဘူး"။
ယခုတော့ သူ၏ ဘဝဟာ လွန်စွာပင် လှပခဲ့ပါတယ်။ အသက်အန္တရာယ် မရှိစွာပဲ အသားပိုကြီးကို ကောင်းစွာပင် ဖယ်ရှားနိုင်ခဲ့ ပါတယ်။ ထို့ကြောင့် လာခြင်းမကောင်းသော ထိုသူအတွက် ဝမ်းသာစရာပင် ဖြစ်ပါတယ်။
Lalit Ram " ကျွန်တော် အလွန်ပဲ ဝမ်းသားပါတယ်။ အစကတော့ ကျွန်တော် လူများတဲ့ ဘယ်နေကိုမှ မသွားရဲဘူး။ ပိုက်ဆံလည်း ရအောင် မရှာနိုင်ဘူး။ ချစ်သူလည်း မရှာနိုင်ဘူး။ ဒီနေ့မှာတော့ ကျွန်တော် အရင်က စိတ်ကူးယဉ်တာတွေ အားလုံးကို လုပ်ပါ့မယ် " လို့ သူက ဝမ်းမြောက် ပျော်ရွှင်စွာ ပြောခဲ့ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

Hot Photo Model- Baby Mg














Friday, November 15, 2013

Viber v4.0.0.1707 For Android 13MB / ၀ယ်ရတဲ့ Viber stickers များ





viber ဆိုရင် သိပ်မရှင်းပြထိတော့ပါဘူး 12 ရက် 11လ မှာအသစ်ထွက်လာတဲ့ ဗားရှင်းလေးတင်ပေးလိုက်ပါတယ်
ဗားရှင်းအသစ်မှာ stickers အသစ်လေးတွေ အများကြီးပိုလာပါတယ်
အသံမတ်ဆေ့တွေလည်းပိုလို့ရပါတယ်
ဒီဇိုင်းလည်းပြောင်းသွားပါတယ် တော်တော်လန်းတယ်ဗျာ သူငယ်ချင်းတို့ အကြိုက်တွေ့မှာပါ
အသစ်သုံးချင်တဲ့သူငယ်ချင်းတွေအတွက်
Play Store မှာ ယူမရသေးရင် အောက်ကလင့်မှာရယူုနိင်ပါတယ်

zippyshare




ဝယ်ရတဲ့ Viber stickers များ 40MB


ဒေါ်လာနဲ့ပေးရတဲ့ stickers လေးတွေကို
ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် stickers အသုံးပြုတဲ့
သူငယ်ချင်းတွေအတွက် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်



zippyshare

ဒေါင်းရတဲ့ ဖိုင်ကို Extract လုပ်လိုက်ပါ သူကို ဓာတ်ပုံ ပို့တဲ့ နေရာ နေသာ ပို့လို့ရပါတယ်
free ၀ယ်ချင်တဲ့ သူငယ်ချင်းတွေအတွက် မြန်မာမိုဘိုင်း ဂရုမှာတင်ထားတဲ့ပို့လေးတင်ပေးလိုက်ပါတယ်
ကျွန်တော်မစမ်းရသေးပါ
https://db.tt/XYAI8wDz

အဲ့ဒါလေးပါ ။ Feeedom လို့ပြောရင် သိတဲ့သူတွေ သိကြမှာပေါ့ ။ Version အသစ်လေးပါ ။ လက်ရှိ Play store အထိ အလုပ်လုပ်ပါတယ် ။ အရင်ကလို app တိုင်းကိုတော့ အလုပ်မလုပ်ပါဘူး ။ Viber ကိုတော့ရတယ် ။ Rooted ဖုန်းဖြစ်ရပါမယ် ။ မြန်မာနိုင်ငံက Play store နဲ့ အလုပ်လုပ်လား မလုပ်လားတော့ ကျွန်တော်က ပြည်ပမှာမို့ မစမ်းဖူးပါ ။ အဲ့ကောင်လေး အင်စတောလုပ် ။ ဖွင့် ။ Root access ပေး ။ ပြီးရင် Menu key ကိုနှိပ် ။ Start လုပ် ။ ပြီးရင် Viber ကိုသွား ။ Sticker ၀ယ် ။ ၀ယ်တဲ့အခါ သူက Free card xxx ဆိုပြီး ဖြည့်ပေးထားမယ် ။ Buy ကိုနှိပိလိုက်ရင် Purched error ဖြစိသွားမယ် ။ ပြီးရင် Buy ကိုထပ်နှိပ်ကြည့် ။ ဒေါင်းလုဒ်လုပ်နေပါပြီ ။
ဒေါင်းချင်တာတွေ ကုန်ပြီဆိုရင် Freedom ကိုပြန်သွား ။ Menu နှိပ် ။ Stop လုပ် ။ အဲ့ဒါအရေးကြီးတယ်နော် ။ Stop မလုပ်ပဲ ဒီတိုင်းထားလိုက်ရင် Play store ကို ၀င်လို့မရတော့ဘူး ။ Freedom ကို Uninstall လုပ်ပစ်ရင်တောင်မရဘူး ခင်ဗျ ။ Stop လုပ်ကိုလုပ်ပေးပါ ။
အဆင်ပြေပါစီ
========================
အဆင်ပြေတာ တစ်ခုခုဖြစ်ခဲ့ရင် https://www.facebook.com/groups/mmua.mobile/permalink/566689973413549/ မှာ ကွန်မန့်ပေးပြီးမေးမြန်းနိုင်ပါတယ်

Camera Fv 5 v1.56 Full Apk 3MB





Camera FV-5 အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 10ရက်နေ့ထွက်လေးပါ
သူလုပ်ဆောင်ချက်တွေကတော့ တော်တော်လေးမိုက်တယ် တကယ့် ကင်မရာ တစ်လုံးအတိုင်းနီးပါဘဲ
ဖုန်းရဲ့ original camera setting ထက်အများကြီးပိုကောင်းအောင် features အလန်းစားတွေထည့်သွင်းပေးထားပြီး ဓာတ်ပုံရိုက်ဖို့ ရုပ်ထွက်အတွက် အမျိုးမျိုးချိန်ညှိပေးနိုင်ပါတယ်။ Google Play မှာဝယ်ရင် ဈေးကြီးပါတယ်။
https://play.google.com/store/apps/details?id=com.flavionet.android.camera.pro


မှာလေ့လာပြီး အသုံပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်




zippyshare 



အမျိုးကောင်း သား

သတိပြုဖွယ် တရုတ်ဆေးကုမ္ပဏီများ




ပြောရပြန်ပြီဗျိုး... တရုတ်တိုင်းရင်းဆေးတွေ အကြောင်း..

ဒီပုံကတော့ ကျွန်တော့်ဆီ လာပြတဲ့ လူနာတစ်ယောက်ရဲ့ ခြေထောက်ပါပဲ။ ဆေးပညာအရတော့ Deformity လို့ခေါ်ပါတယ်။ တကယ်က အဲဒီခြေထောက်ကို လာပြတာတော့ မဟုတ်ပါဘူး။ တစ်ခြားရောဂါ လာပြရင်း ကျွန်တော်က စပ်စုကြည့်လိုက်တာပါ။ ဒီခြေထောက်က အစကတော့ အကောင်းပါတဲ့။
သူ့မှာ လေးဖက်နာရောဂါရှိတော့ မကြာခဏ အဆစ်ရောင်အဆစ်ကိုက်တာ ခံရတယ်။

တစ်ရက်တော့ တရုတ်တိုင်းရင်းဆေး ကုမ္ပဏီတစ်ခုက ဒူးနာ အဆစ်နာ ပျောက်ရမယ်ဆိုပြီး အပြောကောင်းကောင်းနဲ့ လာရောင်းသွားတဲ့ ဆေးပလာစတာကို ကပ်မိရာက ဖြစ်သွားတာပါတဲ့။ ပလာစတာတစ်ခုကို (၆၅၀၀) ဆိုပဲ။ ဘာတွေနဲ့ လုပ်ထားလဲတော့ မသိဘူး။ ခြေဖဝါးအောက်မှာ ညဘက် ကပ်အိပ်ရပါတယ်တဲ့။ ဆေးတွေလည်း ပေးပါတယ်။ ပလာစတာက (၁၅) ရက်ကပ်ရမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒီအန်တီကြီးက ကပ်အိပ်ပြီး ဆေးတွေလည်း သောက်လိုက်တာ ၂ ရက်မြောက်နေ့ အိပ်ရာက နိုးတော့ ခြေထောက်တစ်ခုလုံး နီရဲဖူးရောင်နေတာ တွေ့ရတာပါပဲတဲ့။ အဲဒါနဲ့သူလည်း လန့်ဖြန့်ပြီး ပလာစတာရော ဆေးတွေရော ဆက်မသောက်တော့ဘဲ အဲဒီဆေးလာရောင်း တဲ့ ကောင်မလေး
ကို ပြန်ခေါ်ပြီး ပြောတော့ သူ့ဆေးကြောင့် မဟုတ်ရပါဘူးလို့ အကြောက်အကန်ငြင်းတယ်။

ကုမ္ပဏီကိုလည်း ခေါ်သွားပြီး ပြန်ကုပေးမယ်ပြောပါတယ်တဲ့။ အန်တီကြီးလည်း တော်ပါပြီ ထပ်တော့ မဆိုးချင်တော့ပါဘူးဆိုပြီး လိုက်မသွားဘဲ နေလိုက်တယ်။ နောက်နေ့ရောက်တော့ အရောင်ကျပြီး နဂိုအတိုင်းပြန်ဖြစ်လာတယ်။ နောက် လေးငါးရက်လောက်ကြာတော့ သူ့ခြေချောင်းတွေဟာ အခုလို ကျဲကျဲလာတာ သတိထားမိတာပါပဲတဲ့။ အဲဒါနဲ့ အရိုးဆေးရုံကိုသွားပြီး ဓာတ်မှန်ရိုက် စစ်ဆေးတာတွေ လုပ်ကြည့်တော့ အဆစ်တွေဟာ ပျက်ဆီးသွားပြီး အခုလိုပုံဖြစ်သွားတာဆိုတာ သိရပါတော့ တယ်။ ပြန်ကု လို့မရတော့ဘူးပေါ့။ ကျွန်တော်ထင်တာကတော့ ပလာစတာတစ်ခုတည်းကြောင့် အဲလိုဖြစ်တာတော့ မဟုတ်လောက်ပါဘူး။ ပလာစတာကြောင့် သွေးထဲက ပိုးသော်လည်းကောင်း ပဋိပစ္စည်းတွေ ကသော်လည်းကောင်း ထကြွလာပြီး အဆစ်ကို ဆိုးဆိုးရွားရွားတိုက်ခိုက်ပစ်လိုက်တာ ဖြစ်နိုင်ပါတယ်။
သို့သော်လည်း ပလာစတာ လက်သည်တရားခံဆိုတာတော့ ငြင်းလို့မရဘူးပေါ့။

ကျွန်တော်ဆေးခန်းထိုင်နေတဲ့ တလျှောက်လည်း လူနာတွေဆီက ခဏခဏ ပြန်ကြားရပါတယ်။
"တရုတ်ကုမ္ပဏီတွေကနေ ဘာအပြီးပြတ် ပျောက်ဆေး၊ ညာအပြီးသတ်ပျောက်ဆေး ဆိုပြီး လာကြော်ငြာကြောင်း လာရောင်းကြောင်း၊ အဲ့ဆေးတွေက ဈေးအလွန်ကြီးကြောင်း၊ အဲ့ဒီဆေးတွေ ကို သောက်သင့်လား ဆရာ.." ဆိုပြီး လာလာမေးကြပါတယ်။ ကျွန်တော်ကလည်း အစပိုင်းတုံးက ကိုယ်လည်း သေချာမသိသေးတော့ (ပြောရရင် အခြေအမြစ်မရှိဘဲ ရမ်းအပြစ်မတင်တာကြောင့်) "မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်ဆေးနဲ့ တိုင်းရင်းဆေးကိုသာ ဆေးကုသခွင့်ပေးထားကြောင်း၊ တိုင်းရင်းဆေးဆိုရာမှာလည်း တိုင်းရင်းဆေးတက္ကသိုလ်က အသိအမှတ်ပြုတဲ့ ခွင့်ပြုချက်ရထား တဲ့ ဆေးတွေကိုသာ သောက်သင့်ကြောင်း၊ ခုက တရုတ်တိုင်းရင်းဆေး ဖြစ်တာကြောင့် ကျွန်တော်ကတော့ အာမမခံနိုင်ကြောင်း" ပဲ ဝိနည်းလွတ် ပြောလိုက်တယ်။
အဲဒီလူနာတွေထဲကနေ ကျွန်တော့်စကားကြားပြီး မသောက်တဲ့ လူနာတွေရှိသလို စမ်းသောက်ကြည့် မယ်ဆိုတဲ့ လူနာတွေလည်း ရှိပါတယ်။ စမ်းသပ်ကြည့်ချင်လည်း ကြည့်ချင်စရာပါ။ ဘာလို့ဆို သူတို့ ကြော်ငြာပုံက ကျွန်တော်တို့ အပြီးပျောက်အောင် မကုနိုင်တဲ့ သွေးတိုးရောဂါ ဆီးချိုရောဂါတွေကို တစ်လအတွင်း ပျောက်အောင် ကုပေးတယ်ဆိုတာမျိုး၊ ဆေးရုံက ခွဲစိတ်တော့မယ်လို့ ချိန်းထားတဲ့ လိပ်ခေါင်းရောဂါတွေကို ဆေးသောက်ရုံနဲ့ ပျောက်မယ်ဆိုတာမျိုး၊ လေးဖက်နာရောဂါကို ပလာစတာ (၁၅) ရက်လောက် ကပ်ရင် အမြစ်ပြတ်ပျောက်မယ်ဆိုတာမျိုး ကြော်ငြာတာပါ။ ဒီတော့ ကျန်းမာရေးဗဟုသုတ အားနည်းပြီး ရိုးသားတဲ့ မြန်မာပြည်သူအဖို့ ယုံကြည်မိတာက အပြစ်လို့လည်း ပြောမရပြန်ပါဘူး။ ကျန်းမာရေးဗဟုသုတ လုံလုံလောက်လောက် မပေးနိုင်တဲ့ ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းတွေ၊ အဲလိုဆေးမျိုးတွေ လူထုထဲရောက်မလာအောင် မထိန်းသိမ်းနိုင်တဲ့ မြန်မာနိုင်ငံဆေးဝါးကွပ်ကဲရေး နဲ့ ကျန်းမာရေးဝန်ကြီးဌာနမှာတော့ တာဝန်ရှိတာပေါ့။

သူတို့ (တရုတ်) တွေက တကယ်တော့ မြန်မာတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာ ခင်ဗျာ့။ သူတို့ ကုမ္ပဏီတွေက Member စနစ်နဲ့ လည်ပတ်တယ်။ ဘယ်လိုလဲဆိုတော့ Member စဝင်ဝင်ချင်း တစ်လကို (၅၀၀၀) ကုမ္ပဏီက ပေးတယ်ဆိုပါတော့ (ကုမ္ပဏီတစ်ခုနဲ့ တစ်ခုတော့ ပေးတဲ့ပမာဏချင်း မတူဘူးပေါ့လေ)။ အဲဒီ Member က နောက်ထပ် Member အသစ်ကို ထပ်ဆွယ်နိုင်ရင် (Referal လုပ်နိုင်ရင်) သူ့ကို ကုမ္ပဏီက ပေးတဲ့ တစ်လ ဝင်ငွေကလည်း အချိုးကျ တက်တက်သွားတယ်။ အဲဒီလိုနဲ့ တစ်ချို့ဆို ပညာအရည်အချင်းရှိစရာမလို၊ ရုံးတက်စရာမလို၊ ဘာအလုပ်မှ လုပ်စရာ မလိုဘဲ တစ်လကို ကုမ္ပဏီကနေ ၈ သောင်း ၉သောင်း လောက်ရနေတယ်။ အဲ.... သူတို့ကိုလည်း ကုမ္ပဏီက ပစ္စည်းဘယ်လောက်ကို ဘယ်နှစ်လအတွင်း ကုန်အောင် ရောင်းပေးပါဆိုတာမျိုး သတ်မှတ်ပေးထားတာပေါ့။ ဒီတော့ သူတို့ လိုတာကဘာလဲ။ ပစ္စည်းမထွက်ထွက်အောင် သူတို့နဲ့ ခင်နေတဲ့ မျက်နှာနာသူတွေ၊ အဲဒီကနေတစ်ဆင့် နီးစပ်ရာလူတွေကို သူတို့ဆေး သုံးအောင်ဆွယ်ရတော့တာပေါ့။ Member ဝင်အောင်လည်း ဆွယ်ရတာပေါ့။ သူတို့ဆေးကိုလည်း အမွှန်းတင်ရွှန်းရွှန်းဝေအောင် ဟုတ်တာရော၊ မဟုတ်တာရော အကုန်လျှောက်ပြောရတာပဲ။ လျှောက်ပြောနိုင်အောင်လည်း ကုမ္ပဏီကနေ ဆေးအကြောင်းရေးထားတဲ့ စာအုပ်လေးတွေ ထုတ်ပေးထားတယ်။ တကယ့်တကယ်က သူတို့လည်း မသုံးဖူးဘူး။ ဒီဆေးတွေ ဘယ်လိုဖော်စပ်ထုတ်လုပ်ထားတယ်ဆိုတာ စာအုပ်ထဲ ရေးထားတာက လွဲလို့ သူတို့ဘာမှမသိဘူး။ နောက်ပြီး ဆေးနဲ့ပတ်သက်လို့ ဘာအာမခံချက်မှ မရှိဘူး။ ကြော်ငြာထဲမှာတော့ ဘာဆိုးကျိုးမှ မရှိကြောင်း၊ လူတိုင်းနဲ့သင့်တော်ကြောင်းတော့ ရေးထားတာပဲ။ တကယ်ဖြစ်ရင် ဘယ်သူတာဝန်ယူမလဲ။ MBBS ဘွဲ့ရမှာ ဆေးကုသခွင့်လိုင်စင် (ဆမ)ရှိတယ်။ တိုင်းရင်းဆေးဆရာမှာလည်း ဆေးကုသခွင့် လိုင်စင်ရှိတယ်။ ဒီတော့ မကျေနပ်ရင် ကုသမှုမှားယွင်းရင် တရားစွဲလို့ ရတယ်ပေါ့။ ပြစ်မှုမှန်ရင် ဆေးကုသခွင့် ရုတ်သိမ်းခံရနိုင်တယ်။ သူတို့မှာတော့ ဘာမှ မရှိတော့ တရားစွဲချင်လည်း စွဲမရဘူး။ အလွန်ဆုံး ကုမ္ပဏီပိတ်ပြီး တရုတ်ပြည်ပြန်ရုံပဲ။ အဲဒီအခါ စားလို့လည်း ဝပြီလေ။ တကယ်ခံရမှာက သုံးစွဲသူတွေပဲ။
ဒါတွေ ဘာလို့ သိရသလဲဆိုတော့ ကျွန်တော့် အဒေါ်တစ်ယောက်က အဲဒီလို တရုတ်ကုမ္ပဏီတစ်ခုမှာ Member ဝင်ပေါ့။ သူကတော့ ဆေးကုမ္ပဏီ မဟုတ်ဘူး... အလှပြင်ပစ္စည်း ကုမ္ပဏီ။ ဒါပေမယ့် Member စနစ်ကတော့ အတူတူပါပဲ။ Member စနစ်အကြောင်းကတော့ သူပြောပြတာပေါ့။ သူလည်း အဲဒီ အလှပြင်ပစ္စည်းတွေအကြောင်း ဘာမှသိတာရယ် မဟုတ်ဘူး။ ကျွန်တော်သူ့အိမ် ရောက်သွားတိုင်း အိမ်လာတဲ့ သူတွေကို ရွှန်းရွန်းဝေအောင် ကြော်ငြာနေတာတော့ ကြားနေရတာပဲ။ ကိုယ်ကလည်း မပြောသာလို့သာ မပြောဘဲနေတာ။ ကိုယ်တောင် အကြော်ငြာခံရသေး။ ဒီဆပ်ပြာက အသားကို ဘယ်လိုဖြူတာ... ဟို မျက်နှာသစ်ဆေးက မျက်နှာလေး ဖြူဝင်းစေတာ.. ဆိုတာမျိုးတွေပေါ့။ တူဝရီးချင်း အညှာကိုကိုင်တာလေ။
နောက်ထပ် ကျွန်တော်ကြားဖူးတဲ့ သူတို့ဆေးတွေနဲ့ ပတ်သက်လို့တော့.... ကျွန်တော့် အဖိုးက စပြောရမယ်။ အဖိုးက လွန်ခဲ့တဲ့ လေးငါးလလောက်က အစာအိမ်သွေးကြောပေါက်လို့ ဆေးရုံတက်ရပြီး သွေး ၅ လုံးလောက် သွင်းလိုက်ရတယ်။ အသက်ကလည်း ၈၀ ကျော် လူကြီးဆိုတော့ နာလန်ထဖို့ တော်တော်ကြာတာပေါ့ဗျာ။ ဆေးရုံကဆင်းပြီး တစ်လလောက်ထိ သူ့ပုံစံက ဖြူဖတ်ဖြူလျော် ဖြစ်နေတယ်။ လမ်းလျှောက်ရင် ယိုင်တိုင်တိုင် ဖြစ်တုံးပဲ။ ကျွန်တော့်ကိုလည်း သူ့ကို အားရှိအောင်လုပ်ပေးဖို့ ပြောနေတာပါပဲ။ ကျွန်တော်လည်း သံဓာတ်အားဆေးတွေ ပေးထားတာပဲ။ ဒါကိုပဲ သူက အားမရနိုင်သေးဘူး။ တစ်ရက်တော့ အဲလို ကုမ္ပဏီက Member တစ်ယောက်ပေါ့ဗျာ။ အိမ်လာလည်ရင်းနဲ့ အဖိုးကို ဆွယ်ပါလေရော။ သူ့ကုမ္ပဏီက အားဆေးကို ရောင်းပါတယ်။ နာမည်က Enzyme တဲ့။ ကြော်ငြာကောင်းတော့ ကပ်စေးနည်းအဖိုးတောင် ၂၅၀၀၀ ဖိုး ဝယ်လိုက်မိတယ်။ ကျွန်တော် အဖိုးအိမ်ရောက်တော့ သူက ထုတ်ပြတာပေါ့။ သူအားဆေးအသစ် ဝယ်ထားတယ်... ဘာတွေကောင်းလဲ ကြည့်ပါဦးပေါ့။ ၂၅၀၀၀ ဖိုးဆိုလို့ အများကြီး မထင်ပါနဲ့။ ထုတ်ပိုးပုံက တစ်ရာတန် ကော်ဖီမစ်လောက်တောင် မသားနားတဲ့ နို့မှုန့်လို အမှုန့်လေးတွေပါတဲ့ အထုတ်လေး ၁၀ ထုတ်ပါ။ တစ်ထုတ်ကို ၂၅၀၀ ပေါ့ဗျာ။ တစ်ထုတ်လုံးလည်း တရုတ်စာ ဘူးသီးကြော်တွေဆိုတော့ ကျွန်တော်လည်း မဖတ်တတ်ဘူး။ ဖတ်လို့ရတာက Enzyme တစ်ခုပဲရှိတယ်။ Vitamin တော်တော်များများက Co-enzyme တွေဆိုတော့... အင်း Vitamin တွေ ဖြစ်နိုင်လောက်ပါတယ်လို့ မနည်းဆွဲပြီး ဖြည့်တွေးလိုက်ရတယ်။ ဒါနဲ့ အဖိုးကတော့ ဘာမှမထူးပါဘူး။ ဒုံရင်းက ဒုံရင်းပါပဲ။ ကျွန်တော်လည်း ထပ်မဝယ်နဲ့ ကျွန်တော်ပဲ အားဆေးဝယ်ဝယ်ပေးပါ့မယ်လို့ ဖြေရှင်းပေးလိုက်ရတယ်။
နောက်တစ်ယောက်က ကျွန်တော့် လူနာဗျ။ ကျွန်တော့်ဆီကို လာပြတယ်။ သူအစက သမားတော်(Physician)နဲ့ ဆီးချိုကို ကုနေတာတဲ့။ နောက်တော့ အဲလို ကုမ္ပဏီတစ်ခုရဲ့ ဆီးချိုကျကော်ဖီဆိုတာကိုပဲ သောက်ပြီး ဆီးချိုဆေးတွေ မသောက်ဘဲနေတာ ခုသုံးလေးလလောက်ရှိတာ ရောဂါ မသက်သာတဲ့ အပြင် ပိုဆိုးလာတယ်ထင်တယ်ပေါ့။ အဲဒီဆီးချိုကျကော်ဖီဆိုတာကလည်း တစ်ခွက်ကို လေးထောင်တန်တယ်ဆိုပဲ။ အဲဒါနဲ့ ကျွန်တော် ဆီးချိုဖောက်စစ်လိုက်တော့ ဆီးချိုပမာဏက ၅၀၀ ကျော်နေတယ်လေ။ ကျွန်တော်လည်း လေးငါးရက်ဆက်တိုက်လောက် ကျွန်တော်ပေးနိုင်တဲ့ ဆီးချိုကျဆေးတွေ အဆင့်ဆင့် တိုးပေးတာ ဆီးချိုက ၄၀၀ ကျော်ကနေ အောက်မဆင်းတာနဲ့ တစ်ခြားလိုအပ်တာတွေ စစ်ဆေးတာရော ဆီးချိုကိုပါ သေချာကုဖို့ သမားတော်တစ်ယောက်ဆီပဲ လွှဲလိုက်ရတယ်။
ကဲ... အဲဒီတော့ နိဂုံးချုပ်ပြောရရင်... ဆေးလောကရဲ့ အန္တရာယ်တွေထဲမှာ ကျွန်တော်တို့ ဆရာဝန်တွေ တိုင်ပင်အဖြေရှာနေရတဲ့ စပ်ဆေး အန္တရာယ်အပြင် တရုတ်ဆေးအန္တရာယ်ကလည်း ခုတလော တော်တော်ဆိုးလာတယ်ထင်ပါတယ်ဗျာ။ ပြည်သူတွေကိုလည်း ကြော်ငြာကောင်းတိုင်း မယုံဖို့... အားနာပြီး ဝယ်လိုက်တာ ခါးပါပါသွားတတ်တယ်ဆိုတာ သတိပေးလိုက်ပါရစေ။ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း ဒီကိစ္စကို လက်ပိုက်ကြည့်မနေကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

ဖိလစ်ပိုင် မုန်တိုင်းကြောင့် သေဆုံးသူတွေ စတင်သဂြုင်္ိဟ်


ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းဒုက္ခသည်တွေအနေနဲ့ အရေးပေါ်အကူအညီတွေရဖို့ အမြန်လိုနေချိန်မှာ မုန်တိုင်းဒဏ်အခံရဆုံးဖြစ်တဲ့ Tacloban မြို့မှာ သေဆုံးသွားသူ ဒါဇင်ပေါင်းများစွာကို စုပေါင်းမြေမြုပ်တာ စတင်လိုက်ပါပြီ။

ပြီးခဲ့တဲ့ သောကြာနေ့ကတိုက်ခဲ့တဲ့ ကမ္ဘာ့အပြင်းထန်ဆုံးတွေထဲကတခုဖြစ်တဲ့ ဒီမုန်တိုင်းဒဏ်ခံရတာ တပတ်နီးပါးကြာလာချိန်မှာ ပုတ်ပွလာနေတဲ့ ဒီအလောင်းပေါင်း ၂၀၀ နီးပါးကို Tacloban မြို့မှာ ဒီနေ့ မြေမြုပ်ခဲ့ကြတာပါ။ ဒီမြို့အပြင်ဖက်မှာ ဒီအလောင်းတွေကို တွင်းတခုထဲ စုပြီးမြေမြုပ်ခဲ့ပေမဲ့ တရားဝင်ဝမ်းနည်းခြင်း အခမ်းအနားတော့ မကျင်းပခဲ့ပါဘူး။

ဒါ့အပြင် ဒီအလောင်းတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုလည်း စစ်ဆေးသတ်မှတ်ပေးနိုင်မှုရှိမရှိ မသေချာသေးပါဖူး။ ဒီ့အပြင်လဲ ဒီမြို့ရဲ့ လမ်းမတွေပေါ်မှာ ခုလိုပုတ်ပွလာနေတဲ့ အလောင်းတချို့ အပျက်အစီးတွေအောက်မှာ ကျန်နေပါသေးတယ်။

ခုချိန်ထိ လူပေါင်း ၂၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်အရာရှိတွေ အတည်ပြုပေးထားပေမဲ့၊ သေဆုံးမှုအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ အများက ခန့်မှန်းထားပါတယ်။

ခုလိုအချိန်မှာ နိုင်ငံတကာဘက်က အကူအညီတွေတိုးမြှင့်ပေးဖို့တွေလုပ်နေပေမဲ့ ဒီလေဘေး ဒုက္ခသည်အတော်များများအနေနဲ့ အကူအညီ အနည်းအကျဉ်းသာ ရနေသေးပြီး၊ တချို့ဒေသတွေမှာ အသက်ရှင်သန်နိုင်ဖို့ လုယက်မှုတွေဖြစ်နေပါတယ်။

ဒုက္ခသည်အမျိုးသမီးတဦးတော့ အခု Haiyan မုန်တိုင်းတိုက်ခိုက်အပြီး ဒီနေ့ ၆ ရက်ကြာလာချိန်အထိ ဘာအကူအညီမှ မရသေးဖူး သူမိသားစုအဖွဲ့ဝင်တွေ ဖျားနာပြီး သေလုမျောပါးဖြစ်နေပြီလို့ ထုတ်ပြောခဲ့ပါတယ်။

မနေ့က Tacloban မြို့ကိုရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုဆိုင်ရာ အကြီးအကဲ Valerie Amos ကလည်း အထောက်အပံ့တွေ မရောက်သေးပေမဲ့ ဒေသခံတွေရဲ့ ခံနိုင်ရည်အပေါ်မှာ အံ့အားသင့်မိပေမဲ့၊ သူတို့ခံစားနေရတာအတွက် စိတ်မကောင်းလဲ အကြီးအကျယ်ဖြစ်ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဒီအချိန်မှာ သောက်ရေသန့် လီတာ သန်းနဲ့ချီတင်ဆောင်သွားတဲ့ အမေရိကန်နိုင်ငံက လေယာဉ်တင်စစ်သင်္ဘောကြီး USS George Washington ဟာ ဖိလစ်ပိုင်နိုင်ငံကို ဒီနေ့ရောက်ရှိသွားပြီး သွားလာရ ခက်တဲ့ဝေးလံခေါင်ဖျားနေရာတွေ ကို အစာရေစာနဲ့ဆေးတွေ ပို့ပေးဖို့ ဖြင်ဆင်နေပါတယ်။

ခုလိုချိန်မှာ တရုတ်နိုင်ငံဘက်ကလည်း ဒီတိုင်ဖုန်းမုန်တိုင်း အရေးပေါ် အကူအညီအနည်းငယ်အဖြစ် တရုတ်ကြက်ခြေနီအဖွဲ့နဲအတူ အစပိုင်း ဒေါ်လာ ၂ သိန်းပေးအပြီးမှာ၊ အခုနောက်ထပ် အမေရိကန် ဒေါ်လာ ၁.၆ သန်းဖို့ လူမှုရေးအကူအညီတွေပေးဖို့ ထပ်ပေးဖို့ဆုံးဖြတ်ထားတယ်၊ ဒီအထဲမှာ ယာယီရွက်ဖျင်တဲတွေနဲ့ စောင်တွေပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ တဦး (Qin Gang) က ဆိုပါတယ်။

အခြားအင်အားကြီးနိုင်ငံတွေကတော့ တရုတ်ထက် အများကြီးပိုပေးဖို့ရှိနေပြီး၊ ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်း၊ သြစတျေးလျက ဒေါ်လာ ၉.၆ သန်းနဲ့ အမေရိကန်က ဒေါ်လာ သန်း ၂၀ ပေးဖို့ရှိနေပါတယ်။

VOA
ဖိလစ်ပိုင်မုန်တိုင်း တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်နေစဉ်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မှု ပြည်တွင်း ပြည်ပသို့ တင်ဒါခေါ်ယူမည်









ရန်ကုန် ဘူတာကြီး အဆင့်မြှင့် တင်မှုများ ပြုလုပ်ရန် အတွက် ပြည်တွင်း ပြည်ပမှ ကုမ္ပဏီများသို့ တင်ဒါ ခေါ်ယူ သွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။


ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန မှ ရထားလမ်းများ အဆင့်မြှင့် တင်ခြင်း နှင့် ရထား တွဲဆိုင်းများ အဆင့်မြှင့် တင်ခြင်းများကို ဆောင်ရွက်လျက် ရှိရာ ရန်ကုန် ဘူတာကြီး အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများ အတွက်လည်း ပြည်တွင်း ၊ ပြည်ပ ကုမ္ပဏီများ က စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။ ရထားလမ်းပိုင်း အဆင့်မြှင့် တင်ခြင်း နှင့် တွဲဆိုင်းများ အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို ဝန်ကြီး ဌာနမှ လုပ်ဆောင် နေခြင်းဖြစ်ပြီး ရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ တိုးတက် လာစေရန် အများ ပြည်သူ ရထားစီးနင်းမှု ပိုမို လာစေရန် ရည်ရွယ် လုပ်ဆောင် နေခြင်း ဖြစ်ပြီး ရထားပိုင် မြေများ ၊ ရထားဘူတာရုံ များနှင့် ရန်ကုန် ဘူတာကြီး ကဲ့သို့ မြေဧရိယာ ကျယ်ဝန်းသော နေရာ များတွင် ဘူတာ အဆင့်မြှင့် တင်ခြင်း အပြင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက် နိုင်သည့် ဈေးဝယ် စင်တာများ ၊ ဟိုတယ်များ ၊ အဆင့်မြင့် လူနေ တိုက်ခန်းများ အပါအဝင် စီးပွားရေး ဆိုင်ရာ အဆောက်အအုံ များ ဆောင်ရွက်ရန် စိတ်ဝင်စားသူများ ရှိကြောင်း သိရသည်။


လက်ရှိ ရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် ခရီးလမ်းကြောင်း အများစု အရှုံးပေါ်လျက် ရှိရာ ယင်းကဲ့သို့ စီးပွားရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်စေရန် အရှုံးပေါ် နေသော လုပ်ငန်းများ ပြန်လည် ကာမိစေရန် ဝင်ငွေပြန်လည် ရှာဖွေ ပေးသွားမည် ဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန တာဝန် ရှိသူ တစ်ဦးထံက သိရသည်။


ထို့ကြောင့် ရန်ကုန် ဘူတာကြီး အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ အတွက် ပြည်တွင်း ပြည်ပ သို့ မကြာမီ တင်ဒါ ခေါ်ယူမည် ဖြစ်ရာ လက်ရှိတွင် ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံ တို့က စိတ်ဝင်စားလျက် ရှိပြီး ၀န်ကြီး ဌာနသို့ တင်ပြ ထားကြောင်း ၊ ဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ သို့ တင်ပြ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

နတ်မိမယ်များ အလှချင်းပြိုင်ခဲ့သည့် Victoria's Secret နှစ်ပတ်လည်ပွဲ




နယူးယော့ခ်ရှိ မက်ဟမ်တန်တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသော ဖက်ရှင်ပွဲတွင် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက အလှမယ်သည် ဒေါ်လာ (၁၀)သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်ကာ ကိုယ်ဟန်ပြသွားခဲ့

Victoria's Secret၏ နှစ်ပတ်လည် ဖက်ရှင်ပွဲတွင် အများမျှော်လင့်ပြီး ဖြစ်သည့်အတိုင်း ကန်ဒိုက်စ် ဆွမ်နီပိုဝယ်လ်သည် အာရုံအစိုက်ခံရဆုံး အလှမယ် ဖြစ်လာခဲ့သည်။ နယူးယော့ခ်ရှိ မက်ဟမ်တန်တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသော ဖက်ရှင်ပွဲတွင် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက အလှမယ်သည် ဒေါ်လာ (၁၀)သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်ကာ ကိုယ်ဟန်ပြသွားခဲ့သည်။ သူမသည် ပွဲမစမီက ယင်းအခွင့်အရေးအတွက် အလွန်စိတ်လှုပ်ရှားပြီး မတည်မငြိမ် ခံစားနေရကြောင်း ဖွင့်ဟခဲ့သော် လည်း လျှောက်လမ်းပေါ်တွင် တည်ငြိမ်ရဲရင့်စွာဖြင့် ထွက်ပေါ်လာနိုင်ခဲ့သည်။ Victoria's Secret သည် နှစ်စဉ် Fantasy ဘရာစီယာများကို ဖန်တီးပြလေ့ရှိရာ ယခုနှစ် ဖက်ရှင်ပွဲတော်အတွက် ကန်ဒိုက်စ် ကို ရွေး ချယ် ခဲ့ခြင်း ဖြစ်သည်။


သူမသည် မီရန်ဒါကားရ်၊ တိုင်ရာဘန့်ခ်၊ ဂီဆလီဘန်ချန်၊ ဟေဒီကလမ်၊ အလက်ဇန္ဒရာ အမ်ဘရိုစီယို၊ အက်ဒရီယာနာ လီမာနှင့် ကလော်ဒီယာ ရှက်ဖားတို့နောက် ယင်းကဲ့သို့ အခွင့်အရေးကို ရရှိသူ ဖြစ်လာ သည်။ The Royalဟု အမည်ပေးထားသည့် Fantasy ဘရာစီယာကြောင့် ကန်ဒိုက်စ်ကို လူအများ စိတ်ဝင်စားခဲ့သလို အခြားသော Victoria's Secret နတ်မိမယ်များ၏ ကြွရွဝံ့ကြွားသော ကိုယ်ဟန်ပြမှုများကလည်း ပရိသတ်ကို မျက်စိပသာဒ ဖြစ်စေခဲ့သည်။ အလက်ဇန္ဒရာ၊ အက်ဒရီယာနာ တို့အပြင် အီရင်ဟီသာတန်၊ ဟီလာရီရိုဒါ၊ ကွန်စတန် ဂျာဘလိုစကီ၊ ယိုအန်စမောလ်၊ မက်ဂ်ဒါလီနာ ဖရန်ကိုဝိတ်ခ်တို့အပြင် စူပါမော်ဒယ်လ် အများအပြားက ယခုပွဲတွင် အားဖြည့် ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။



Planet Myanmar Network

Thursday, November 14, 2013

အဆိပ်သင့်အနမ်းများ

arti_astanm_SY
ကော်ဖီဆိုင်ဟု အမည်တပ်ထားသော ဆိုင်လေးထဲသို့ ဆယ်ကျော်သက် စုံတွဲတစ်တွဲ ဝင်ရောက်လာပြီး “အခန်းရှိသေးလား” ဆိုသောအသံက ဆယ်ကျော်သက် လူငယ်ကောင်လေးထံမှ ထွက်ပေါ်လာသည်။
ဆယ်ကျော်သက် ကောင်မလေးက သူ၏ချစ်သူကောင်လေး၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ကော်ဖီဆိုင်နှင့် “အခန်း ရှိသေးလား” ဆိုသော မေးခွန်းက လားလား မျှ မသက်ဆိုင်ဟု ထင်ရသော်လည်း အမှန်တကယ်ပင် ကော်ဖီဆိုင်ဟု အမည်တပ် ထားသည့်ဆိုင်တွင် အတွဲများအတွက် အခန်းငယ်လေးများ စီစဉ်ပေးထား ကြသည်။
အဆိုပါဆိုင်သည် မြို့သစ်ပိုင်းဟု ခေါ်သော မန္တလေးမြို့တွင်းနှင့် မလှမ်းမကမ်းနေရာတွင် တည်ရှိပြီး ဆိုင်သည် အပြင်ပန်းမှ ကြည့်လျှင် Café Shop ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင် မီးရောင် ဖျော့ဖျော့ဖြင့် အခန်းငယ် ကလေးများ ကန့်ထားသည်။
ဆယ်ကျော်သက် လူငယ်စုံတွဲက မီးအရောင်ဖျော့ဖျော့ ထွန်းထားသော အခန်း ငယ်တစ်ခန်းသို့ ဝင်သွားပြီး ဆူညံသော သီချင်းသံများ အဆိုပါ အခန်းငယ်လေးထဲမှ တစ်ချက်တစ်ချက် အခန်းပြင်သို့ ပျံ့လွင့်လာသည်။ အမှောင်ဆိတ်ကွယ်ရာသည် လူတို့၏ မသိစိတ်ကို နိုးကြားစေပြီး မီးရောင်ဖျော့သော အခန်းငယ်တွင် စုံတွဲတို့သည် မတွေ့မကြုံ ဖူးသေးသည့် အတွေ့အကြုံ သစ်နှင့် ပျော်ဝင်မှု အသစ်အဆန်းများ ရှာဖွေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
မန္တလေးသည် မြို့လယ်တွင် ဆေးတက္ကသိုလ်၊ မြို့ပြင်တွင် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်များ၊ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ တည်ရှိပြီး ကျောင်းသားအများစု နေထိုင်ရာ မိန်းဟုခေါ်သော မဟာမြိုင်ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့သစ်များတွင် Café Shop အအေးခန်း ကော်ဖီဆိုင် အမည်တပ်၍ အတွဲများအတွက် အခန်းငယ်လေးများ ဖန်တီးထားသည့်ဆိုင်များ ယခုနှစ်ပိုင်း အတွင်း ပိုမိုတွေ့ မြင်လာရသည်။
အဆိုပါဆိုင်များတွင် အခန်းငှား ရမ်းခသည် နာရီပိုင်းလိုက်၍ ဈေးနှုန်း သတ်မှတ်ထားကြပြီး တစ်နာရီလျှင် ငွေကျပ် ၁၅၀၀ ကျပ်မှ ငွေ ၄၀၀၀ ကျပ်အထိ ရှိကာ နေရာနှင့် အခန်း အမျိုးအစားများကို လိုက်၍ ဈေးအမျိုးမျိုး ရှိကြောင်း စုံစမ်း သိရှိရသည်။
“ကျွန်တော်တို့က လွတ်လွတ်လပ် လပ်တွေ့ချင်လို့ သီးသန့်အခန်းတွေနဲ့ ချိန်းတွေ့ ကြတာပါ။ မန္တလေးမှာက ဘုရားတွေ ပေါတော့ အဲလိုနေရာတွေကို ချိန်းလို့မသင့်ဘူး။ အေးအေးဆေးဆေး ထိုင်လို့ရမယ့် နေရာတွေကို ရွေးချယ်သွားတာပါ” ဟု မန္တလေးမြို့မှ ရတနာပုံတက္ကသိုလ် အဝေးသင် ကျောင်းသားတစ်ဦးက ပြောသည်။
ကော်ဖီဆိုင် အခန်းငယ်လေးများ ကဲ့သို့ပင် မန္တလေးမြို့ကျုံးပတ်လည် သည်လည်း ညနေအချိန် စုံတွဲများ အများဆုံး လာရောက်နေရာ ဖြစ်သည်ဟု ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။
“ကျုံးဘေးမှာ ညနေအချိန်ဆို စပြီ။ အတွဲတွေ နိုင်ငံခြားကားထဲက လိုမျိုး နမ်းတဲ့သူက နမ်း။ ကိုရီးယားထဲကလို ကျောပိုးပြီး သွားတဲ့သူကသွား။ ပေါင်ပေါ်တက်ခွတဲ့သူ ကခွနဲ့။ တစ်ခါတစ်ခါ တော်တော်ဆိုးတဲ့ အတွဲတွေလည်း တွေ့ဖူးတယ်။ မြင်သူမရှက် ယိုသူရှက်ပဲ” ဟု မန္တလေးမြို့ခံ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နေသူ အသက် ၃၂ နှစ် အရွယ်ရှိ ဦးဖြိုးလေးက ဆိုသည်။
မန္တလေးမြို့တွင် ယခင်က ရှိခဲ့သော ဥယျာဉ်များ၊ ကျုံးတောင်ဘက်တွင် ရှိသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် အပါအဝင် ရေပေါ်စားသောက်ဆိုင်များ မရှိတော့ဘဲ KTV၊ စင်တင်များ ခေတ်စား လာပြီး ကျုံးဘေးတွင်လည်း စုံတွဲတို့၏ မဖွယ်မရာ အပြုအမူများကြောင့် အများ ပြည်သူအတွက် အပန်းဖြေ နားခိုစရာ ရှားပါးလာနေပြီဟု မြို့ခံများက ဆိုကြသည်။
မန္တလေးကျုံးပတ်လည်သည် အများ ပြည်သူအတွက် အခမဲ့ အပန်းဖြေနား နေရာတစ်ခု ဖြစ်ပြီး မန္တလေး-စစ်ကိုင်းလမ်း ရှိ ဥယျာဉ်တစ်ခုသည်လည်း အခမဲ့ အပန်းဖြေ နားနေရာ ဖြစ်သည်။ တိရစ္ဆာန် ဥယျာဉ်၊ မြို့တော်ဥယျာဉ်၊ အစရှိသည့် နေရာများသည် အပန်းဖြေနား နေရာများ ဖြစ်သော်လည်း ဝင်ကြေးပေးဆောင်ရသည့် နေရာများ ဖြစ်သည်။
ကျုံးပတ်လည်တွင် အတွဲများက မဖွယ်မရာပြုလုပ်ပြီး ညသန်းခေါင်အချိန်ထိ ရှိနေခြင်း၊ ကျုံးဘေးတွင် အုပ်စုဖွဲ့ဓားခုတ် မှုများ ဖြစ်ပွားခြင်း တို့ကြောင့် ကျုံးဘေးတွင် ည ၉ နာရီ နောက်ပိုင်းတွင် နေထိုင်ခွင့်မရှိဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက တားမြစ်ခဲ့သည်။
“ပိုက်ဆံမပေးရဘဲ လွတ်လွတ်လပ်လပ် အပန်းဖြေလို့ရတဲ့ နေရာက မြို့နဲ့ အလှမ်းဝေးတယ်၊ နောက်တစ်ခုက သွားလို့ မသင့်အောင် အတွဲတွေနဲ့ ရှုပ်နေတယ်။ ဓားခုတ်မှု စတာတွေလည်း ဖြစ်တယ်။ ဝင်ကြေးပေးပြီး သွားရမယ့် နေရာမျိုးကျ ပြန်တော့လည်း တစ်ဦးကို ၅၀၀ ကျပ် လောက်ရှိတယ်။ ကျွန်တော်တို့လို ဆင်းရဲသားတွေ ကတော့ မိသားစုလိုက် ဝင်ကြေးပေး မသွားနိုင်ဘူး။ အဲဒီတော့ အပန်းဖြေဖို့ နေရာရှားလာတယ်” ဟု မန္တလေးမြို့ မြရည်နန္ဒာ မြို့သစ်နေ လက်လုပ် လက်စားလုပ်ကိုင်သူ အသက် ၄၅ နှစ် အရွယ် ဦးဘငွေက ဆိုသည်။
ပြည်သူ့အပန်းဖြေနေရာ ရှားပါးမှု သည် လူငယ်စုံတွဲများအတွက် တစ်နည်းအားဖြင့် လည်ပတ်စရာ နေရာရှားပါးစေပြီး အပန်းဖြေရန် နေရာရှာရာမှ ဆိတ်ကွယ်ရာ နေရာ ရောက်ရှိစေသည့် တွန်းအားတစ်ရပ် ဟု ဆိုရပေမည်။
“အပန်းဖြေ နေရာတွေက နည်းတယ်။ ရှိတဲ့နေရာ တွေကလည်း လူတွေပြည့် သိပ်ကျပ်။ ဥယျာဉ်ထဲ ထိုင်ခုံမရှိဘာမရှိနဲ့ တကယ် အဆင်မပြေဘူး။ ဒါ့ကြောင့် အေးအေးလူလူ နေလို့ရတဲ့ နေရာ ရှာဖွေရင်း သူငယ်ချင်းတွေ ပြောကြတဲ့ နေရာတွေ ရောက်သွားတယ်။ ဒါပေမဲ့ တကယ့်ဥယျာဉ် လိုမျိုး အပန်းဖြေဖို့ ကောင်းတဲ့ နေရာတွေ ရှိရင် ဝင်ကြေးပေးရ ပါစေဦးတော့ ကျွန်တော်တို့ သွားမှာပါ” ဟု မန္တလေးမြို့ နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား တစ်ဦးက ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “လူထုတွေ အတွက် အပန်းဖြေဥယျာဉ်တွေ ဖော်ဆောင် ပေးသင့်တယ်။ အများပြည်သူ လူသွားလမ်း နေရာတွေမှာ ထိုင်ခုံတွေထားပေးတာ တို့လိုမျိုး လုပ်ပေးတာကတော့ အစိုးရက လုပ်ပေးသင့်တယ်။ Entertainment သဘောမျိုး အထဲမှာ- စိတ်အပန်းဖြေ၊ လူ အပန်းဖြေဖို့ လုပ်ဆောင်ပေး ထားတာတွေ၊ ပစ္စည်းတွေ ပါရင်တော့ ပုဂ္ဂလိကကို ကန်ထရိုက် ပေးလုပ်ရမယ်။ ဒါတွေကို ဝင်ကြေးသဘောမျိုး သတ်မှတ်ပြီး လုပ်ပေးလို့ ရတယ်” ဟု ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ လမ်းတံတားဌာနမှ တာဝန် ရှိသူတစ်ဦးက မဟာအောင်မြေမြို့နယ် ၆၂ လမ်းရှိ မနော်ရမံဥယျာဉ်နှင့် လမ်း ၄၀ ကြားတွင် ပေ ၃၅၀ အကျယ် လူထုအပန်းဖြေ နေရာတစ်ခုကို ၂၀၁၄ ခုနှစ် မတ်လကုန် အပြီးတည် ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“အရင်ဆုံး Public Center လုပ်မယ့်ဧရိယာမှာ ရှိနေတဲ့ ပျိုးခြံတွေ အားလုံး ရှင်းပြီးပြီ။ မနော်ရမံ ချောင်းရှေ့က ဧရိယာကိုယူပြီး တံတားအပြည့် ခင်းမယ်။ အောက်ကချောင်း ကိုလည်း ရေစီးရေလာ မထိခိုက်အောင် လုပ်မယ်။ အားကစား ပစ္စည်းတွေ ထားမယ် မထားဘူး ဆိုတာတော့ မသိသေးဘူး။ အဓိကကတော့ ပြည်သူလူထုတွေ အပန်းဖြေ စုစည်းနိုင်အောင်ပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
ဆယ်ကျော်သက်လူငယ် စုံတွဲ က Café Shop ရှိ သီးသန့် အခန်းငယ်လေးမှ ထွက်ခွာလာသည်။ သူတို့နှစ်ဦးမျက်နှာတွင် ကြည်နူးရိပ်များကို တွေ့မြင်ရသည်။ စုံတွဲတို့ သဘာဝ အခန်းငယ်ထဲတွင် ချစ်သူအချင်းချင်း နမ်းရှုတ်ချင် နမ်းရှုတ်ကြဖွယ် ရှိပေလိမ့် မည်။ သို့သော် ထိုအနမ်းများသည် အရွယ် မတိုင်ခင် အိမ်ထောင်ကျခြင်း၊ ကိုယ်ဝန် ဖျက်ချခြင်းနှင့် အန္တရာယ်ရှိသော အတွေ့ အကြုံသစ်များကို စမ်းသပ်ကြခြင်းများ အပါအဝင် လူငယ်တို့၏ အနာဂတ်ကို ဖျက်ဆီးမည့် အဆိပ်သင့်အနမ်းများ မဖြစ်ရန် လိုသည်။

Related Posts Plugin for WordPress, Blogger...