Tuesday, November 19, 2013

မြဝတီအလှမယ်များ မဲဆောက်မှာ အလှပြိုင်


စနေနေ့ညက နယ်စပ်မြို့ မဲဆောက်မှာပြုလုပ်တဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲနဲ့ မီးမျှောပွဲ(လွိုင်းကထုံး) အထိမ်းအမှတ် မယ်ရွေးပွဲ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။  ဒီပွဲကို မြ၀တီမြို့က အလှဆုံးတွေထဲက   ၁၀ ဦး လာရောက်ယှဉ်ပြိုင်ကြပါတယ်။   မသိမ့်သိမ့်စိုးသိန်း -ပထမ  မပိုးဇာခြည်ကျော် -ဒုတိယ  မခိုင်ဇာဇာအောင် -တတိယ  ရရှိကြပါတယ်။   ဒီပွဲကို မဲဆောက်မှာရှိတဲ့ ထာ့စိုင်လို့ဝပ်အပိုင် မြူနီစပါယ်အဖွဲ့က ပြုလုပ်တာပါ။  ထိုင်းနဲ့မြန်မာအလှမယ်ရွေးပွဲကို တရက်ခြား ကျင်းပတာဖြစ်ပြီး ထိုင်းမယ်ရွေးပွဲကိုတော့ တနင်္ဂနွေညမှာ ကျင်းပါတယ်။  ရက်ခြားပေမဲ့ ဆုကြေးငွေကတော့ အတူတူပါပဲ။   ပထမ ဘတ် ၁၀၀၀၀  ဒုတိယ ဘတ် ၇၀၀၀  တတိယ ဘတ် ၄၀၀၀ - ဖြစ်ပါတယ်။   အထူးဆုဖြစ်တဲ့ ပရိသတ်ပေးတဲ့ဆုအတွက်ကတော့ ဘတ် ၃၀၀၀ ဖြစ်ပါတယ်။





















0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...