Tuesday, October 1, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ကျောက်တော်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး


From : ..သမ္မတရုံး





နေပြည်တော် အောက်တိုဘာ ၁


နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဌေးအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိသည်။


ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်တို့ လိုက်ပါလျက် ရဟတ်ယာဉ် ဖြင့် မြောက်ဦးမြို့သို့ ရောက်ရှိပြီး မြို့တည်ငြိမ် အေးချမ်းမှု အခြေအနေကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။


ယင်းနောက် မြောက်ဦးမြို့ နဝရတ်ဟိုတယ် ဧည့်ခန်းမ၌ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဦးတို့က မြောက်ဦးမြို့ သို့ နှစ်အလိုက် နိုင်ငံခြားသား လာရောက်လည်ပတ်မှုနှင့် ခရီးသွားလုပ်ငန်း အခြေအနေ၊ ခရိုင်အတွင်း စိုက်ပျိုးမြေ ဧရိယာနှင့် စိုက်ပျိုးထားမှု၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတ က ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ဖွယ်ရာများကို ဆွေးနွေးမှာကြားခဲ့သည်။


ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း (ခေါ်) ရန်အောင်ဇေယျ ပုထိုးတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ လှူဒါန်းသည်။


ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်တော်မြို့သို့ ရောက်ရှိကြပြီး သမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော် ကြည်ညိုကာ ရွှေသင်္ကန်းကပ်လှူ ပူဇော်သည်။


ယင်းနောက် မြို့နယ်ရှိ နဝရတ်ခန်းမ၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေမှု၊ မိမိမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင် များက ဝိုင်းဝန်းစဉ်းစား ဆွေးနွေး၍ လိုအပ်သည်များကို အဆင့်ဆင့် တင်ပြဆောင်ရွက် သွားရန်လိုအပ်မှု၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြန်လည် ထူထောင်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဒေသခံပြည်သူများက ဝိုင်းဝန်း ဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာသူများက မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကို တင်ပြကြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မောင်တောခရိုင်၊ မောင်တောမြို့သို့ ရောက်ရှိသည်။


ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်မှူးရုံး ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် အတူတကွ ဝိုင်းဝန်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးမှာကြားသည်။


ယင်းနောက် နိုင်ငံတော်သမ္မတသည် ဒုက္ခသည်များအတွက် လူနေအိမ်များ ပြန်လည် ဆောက်လုပ်ပေးထားမှုကို ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး ညနေပိုင်းတွင် စစ်တွေ မြို့သို့ ပြန်လည်ရောက်ရှိသည်။

သံတွဲ ရခိုင်-ကုလား အဓိကရုဏ်း ၁ ဦးသေ၊ အိမ် ၁၄ လုံး မီးလောင်



From : ..bbc


ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ၁၇ မိုင် အကွာမှာရှိတဲ့ ရွှေလှေ ကျေးရွာ အုပ်စု ထဲက သပြုချိုင်၊ ပေါက်တောနဲ့ ရွှေလှေ ကျေးရွာ ၃ ခုမှာ မွတ်ဆလင် အိမ်တွေကို လူအုပ်နဲ့ ဝိုင်းပြီး မီးရှို့ တိုက်ခိုက်တဲ့ အတွက် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အိမ်ခြေ ၁၄ လုံးထက်မနည်း မီးလောင် သွားတယ်လို့ သံတွဲ ခရိုင် ဒုရဲမှူးကြီး ကျော်တင့်က ပြောပါတယ်။

အခုအခါ အဲဒီ ကျေးရွာတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ဆောင်ရွက် ပေးနေပြီး အခြေ အနေကို ထိန်းချုပ်ထားနိုင်ပြီလို့ သူက ဆိုပါတယ်။

ဒေသတွင်းမှာ ရောက်နေတဲ့ သတင်းထောက် တစ်ဦးရဲ့ အပြော အရတော့ ညနေ ၅ နာရီအထိ ကျေးရွာတွေမှာ မီးလောင်နေတာ တွေ့ရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သံတွဲ မြို့နယ် အတွင်းမှာ ညမထွက်ရ အမိန့်ကို အရင်က ည ၉နာရီကနေ မနက် ၆ နာရီအထိ သတ်မှတ် ထားရာ ကနေ အခုအခါ ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့် သတ်မှတ် ထားတယ်လို့ သိရပါတယ်။

မကြာသေးခင်ကလည်း မတ္ထီလာမှာ မွတ်ဆလင်များက ဗုဒ္ဓဘာသာ ဆရာတော် ဦးသောဘိတကို ဗလီတွင်းစွဲသွင်းပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုကို မခံနိုင်လို့ မြန်မာ-ကုလား အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။

အိမ်အကူ အလုပ်လုပ်ရမည်ဟုဆိုပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများကို အမှုဖွင့်

Facebook ကို like လေးပေးခဲစေချင်ပါတယ်





အိမ်အကူ အလုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်ပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူများကို အရေးယူပေးရန် စက်တင်ဘာ ၂၉ ရက်တွင် တိုင်ကြားသဖြင့် ဒလရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၄ ရက်က လှိုင်သာယာမြို့နယ်အတွင်း အိမ်အကူ အလုပ်ရမည်ဟု မ-----က ပြောဆိုကာ လိမ်လည်စေခိုင်းခဲ့သည်ဟု ဒလမြို့နယ်တွင် နေထိုင်သည့် အသက် (၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းလိုက်သည်။

လှိုင်သာယာမြို့နယ် ရပ်ကွက်မသိ၊ ဘုရားလမ်းရှိ ကို-----ဆိုသူ အသက်(၃၀)နှစ်ခန့် အမျိုးသားတစ်ဦး၏ နေအိမ်တွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် မ-----က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း တိုင်တန်းသူက ဆိုထားသည်။

ယင်းအပြင် ကို-----ဆိုသူနှင့် ၎င်း၏ ဇနီး----တို့က သူမအား ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းနှင့် ထွက်ပြေးလျှင် ခြေထောက်များအား ရိုက်ချိုးပြီး ခန္ဓာကိုယ်အား ဓါးနှင့် မွန်းခြင်းတို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ကြသဖြင့် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ရသည်ဟုလည်း ရဲအား ထွက်ဆိုထားသည်။

ထို့နောက် စက်တင်ဘာ ၂၇ ရက်တွင် ဒလမြို့ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ စက်တင်ဘာလ ၂၉ ရက်တွင် မ---နှင့် လှိုင်သာယာမှ ကို----တို့ဇနီးမောင်နှံတို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက (ပ)၄၃၂ /၂၀၁၃ဖြင့် အမှုဖွင့်ကာ စွပ်စွဲတိုင်တန်းခံထားရသူများကို ဖမ်းဆီးစစ်ဆေးမည်ဖြစ်ကာ ပြစ်မှုထင်ရှားပါက ပုဒ်မ၃၇၂ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနမှ စုံစမ်းသိရသည်။

ဇော်ဇော်ထွေး |Mizzima

လူပေါင်း (၁၅ဝ)ခန့် သေဆုံးစေသော ကင်ညာ mall အကြမ်းဖက်မှု

Facebook ကို like လေးပေးခဲစေချင်ပါတယ်


ကင်ညာနိုင်ငံ Nairobi mall တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု၌ အကြမ်းဖက်သမားများက ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့သူများအား တုန်လှုပ်ခြောက်ခြားစရာ ကောင်းလောက်အောင်ကို နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြသည်ဟု ကင်ညာစစ်သားများက ပြောဆိုခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများက ဓားစာခံများအား မျက်လုံးများ ဖောက်ထွင်းထားခဲ့ခြင်း ၊ ကိုယ်လက်အင်္ဂါ အပိုင်းပိုင်း ဖြတ်တောက်ထားခဲ့ခြင်း ၊ မျက်နှာကြက်တွင် တွဲလောင်းဆွဲထားခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသတ်ခံခဲ့ရသော အမျိုးသားများဟာဆို သင်းကွပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ၎င်းတို့၏ မျက်လုံးများ မဖောက်ထွင်းမီ ၎င်းတို့၏ လက်ချောင်းများအား ပလာယာများဖြင့် ဖြတ်တောက်ခံခဲ့ရကြောင်း ၊ ထို့နောက် မျက်နှာကြက်တွင် တွဲလောင်း ဆွဲထားခြင်းတို့ကို ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။

mall အတွင်းရှိ စားသောက်ဆိုင်များ၏ ရေခဲသေတ္တာထဲတွင် ကလေးငယ်များ၏ အလောင်းများဟာ ဓါးတန်းလန်း ထိုးစိုက်လျက် ဒီအတိုင်းထည့်ထားခဲ့တာ ဖြစ်ကြောင်းလည်း သိရသည်။

ရှုံးနိမ့်နိုင်ချေရှိသော အကြမ်းဖက်သမားများက ၎င်းတို့ ဘယ်သူ ၊ ဘယ်ဝါဆိုတာတွေကို သိရှိခြင်းမှ ကာကွယ်ရန် ပြာဖြစ်အောင် မီးလောင်စေသော အပြင်းဆုံးသော ကိုယ်ကို မီးရှို့ခြင်းဖြင့် ၎င်းတို့အား ပြာအဖြစ်သာ တွေ့ရှိခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့သော သေဆုံးသူများ၏ အလောင်းများဟာ mall ကြမ်းပြင်တွင် ပြန့်ကျဲနေခဲ့ပြီး တတိယ mall ကိုမူ ကင်ညာ စစ်ဆင်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက်သမားများ တိုက်ခိုက်ကြရာ၌ မီးရှို့ခဲ့ကြောင်း သိရသည်။

ကင်ညာ ကြက်ခြေနီတပ်ဖွဲ့က ထုတ်ပြန်သောစာရင်းအရ လူ(၇၁)ဦးဟာ ထိုအကြမ်းဖက်မှု၌ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ အပြောအရ အကြမ်းဖက်သမားများဟာ မျက်လုံးတွေ ၊ နားရွက်တွေ ၊ နှာခေါင်းတွေကို လှီးဖြတ်ပစ်ခဲ့ပြီး လက်များကို ဓါးများ ၊ ပလာယာများဖြင့် ခဲတံချွန်သလိုမျိုး လှီးဖြတ်ခဲ့ကာ မိမိ၏သွေးဖြင့် မိမိ၏နာမည်ကို ရေးစေခဲ့ကြောင်း ၊ ကလေးများကိုလည်း ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။


Mall ခေါင်မိုးရှိ ကားရပ်နားရာနေရာကို အစိုးရအဖွဲ့များ ရောက်ရှိချိန်တွင် ကင်ညာစစ်သားများက ဒုံးကျည်ဖြင့် ပစ်ပြီးကူသောကြောင့် အမိုးပြိုကျခဲ့ပြီး mall အပေါ်အလွှာ သုံးထပ်လည်း ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူပေါင်း (၁၅၀)ခန့်အထိဟာ ထို mall အတွင်းတွင် အသတ်ခံထားရဟန် ရှိကြောင်းလည်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန်တွင် ဓါးစာခံများအား တဘက်နားမှ တဘက်နားအထိ လှီးဖြတ်ခြင်း ၊ လည်ဖြတ်ခံရခြင်းတို့ဖြင့် သုံးလွှာလသာဆောင်များမှ ပစ်ချခြင်း ခံခဲ့ရကြောင်းလည်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့တွေ လာချိန်တွင် အကြမ်းဖက်သမားထဲက လက်ဖြောင့်သေနတ်သမားက ကယ်ဆယ်ရေးအဖွဲ့များအား (၂၄)နာရီနီးပါး ကြာအောင်ပင် တန်ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

၎င်းအားရှင်းလင်းရန် မျက်ရည်ယိုဗုံး သုံးခဲ့ချိန်တွင် အကြမ်းဖက်သမားတစ်ဦးက အသေခံဖောက်ခွဲခဲ့သဖြင့် supermarket အတွင်းရှိ ဒါဇင်ပေါင်းများစွာသော လူများ သေဆုံးစေခဲ့သော မီးလောင်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်နာရီဝက်ကြာချိန်တွင် mall ဟာ တာဝန်ရှိသူများ လက်ထဲသို့ ပြန်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဆေးဝန်ထမ်းများ ၊ စစ်ဆင်ရေးအဖွဲ့များနှင့် အနံ့ခံခွေးများဟာ သေဆုံးသူများ ၊ mall အတွင်း ပိတ်မိနေသူများနှင့် ဖောက်ခွဲရေး ပစ္စည်းများအား ရှာဖွေတွေ့ရှိနိုင်ဖို့ အလို့ငှါ အထူးအားသွန်ခွန်စိုက် ကြိုးစားလျက် ရှိကြောင်း သိရသည်။

လွန်ခဲ့သော စနေနေ့က အကြမ်းဖက်သမား (၁၀)ဦးကနေ (၁၅)ဦးခန့်ဟာ mall ထဲကို ဝင်စီးခဲ့ တာဖြစ်ကြောင်း ကင်ညာ ရှိ တာဝန်ရှိများက ပြောဆိုခဲ့သည်။

ထိုစစ်ဆင်ရေးတွင် ကင်ညာ စစ်သားများအား အသေပစ်ဖမ်းဖို့ အမိန်းခြင်းခံခဲ့ရပြီး နှိမ်နင်းရာ၌ အကြမ်းဖက်သမား (၅)ဦး သေဆုံးခဲ့ကာ အခြား (၁၀)ဦးအား ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။

Source : Daily Mail

ပါကစ္စတန်သည် အကြမ်းဖက်သမားများ မွေးဖွားရာ ဗဟိုချက်ဖြစ်နေကြောင်း အိန္ဒိယ၀န်ကြီးချုပ်ပြော

Facebook ကို like လေးပေးခဲစေချင်ပါတယ်





ပါကစ္စတန်နိုင်ငံအနေဖြင့် “အကြမ်းဖက်သမားများအား မွေးဖွားရာ ဗဟိုချက်ဖြစ်ခြင်းမှ ရပ်တန့် သင့်ကြောင်း” အိန္ဒိယ၀န်ကြီးချုပ် မိုဟာမန်ဆင်းက ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှရစ်အား ၎င်းနှင့် မတွေ့ ဆုံမီ ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၂၉ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ထို့အပြင် ဒေသတွင်းပြိုင်ဘက်များ ဖြစ်ကြသော အိနိ္ဒယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုကောင်း လိုသည့် ပါကစ္စတန်နိုင်ငံ၏ ဆန္ဒနှင့် မိမိ၏ ဆန္ဒမှာလည်း တစ်ထပ်တည်းဖြစ်သည်ဟု မစ္စတာဆင်းက ပြောကြား လိုက်သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်ကလည်း ဒေလီအစိုးရနှင့် “ဆက်ဆံရေးအသစ် ထူထောင်ရန်” နယူးယောက်မြို့ တွင် တွေ့ဆုံခြင်း မပြုမီ ဆော်သြထားသည်။ အိနိ္ဒယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးမှာ ကက်ရှ်မီးယား နယ်စပ် အငြင်း ပွားရာမှ တစ်ဆင့် ပေါ်ပေါက်လာသော သွေးထွက်သံယို တိုက်ခိုက်မှုများကြောင့် အေးစက် လျက်ရှိ သည်။

အိနိ္ဒယတို့ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသအတွင်းရှိ ရဲစခန်းတစ်ခုနှင့် စစ်စခန်းတစ်ခုအား လွန် ခဲ့သော ကြာသပတေးနေ့တွင် စစ်သွေးကြွများမှ ၀င်ရောက်တိုက်ခိုက်ရာ အနည်းဆုံး လူ ၁၀ ဦးခန့်သေဆုံး သွားခဲ့ ရသည်။

၂၀၀၈ ခုနှစ်တွင် မွန်ဘိုင်းမြို့တွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယို တိုက်ခိုက်မှုများမှာ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွများ၏ လက်ချက်ဖြစ်သည်ဟု အိနိ္ဒယနိုင်ငံမှ ကြေညာထားပြီး ပါကစ္စတန် အစိုးရ အနေဖြင့် အကြမ်းဖက်မှု ကျူးလွန်သူများအား အပြစ်ပေးရန် တောင်းဆိုထားသည်။

မစ္စတာဆင်းက မိမိအနေဖြင့် ပါကစ္စတန် ၀န်ကြီးချုပ် ရှရစ်၏ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လိုသည့် မျှော်လင့် ချက်နှင့် တစ်သဘောထားတည်းရှိသော်လည်း ကက်ရှ်မီးယားမှာ “အိန်္ဒိယနိုင်ငံ၏ နယ်မြေဒေသ တစ်ခု ဖြစ်သည်” ဟု အလေးအနက် ပြောကြားသွားသည်။

AFP/ Mizzima Burmese

တောင်ကျရေပြင်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် ပျက်ဆီးရှုံးမှုများ



Facebook ကို like လေးပေးခဲစေချင်ပါတယ်





စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စက်တင်ဘာ(၂၉) ရက်ညပိုင်းမှ စ၍ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် နေရဉ္ဇရာချောင်း၊ ဥပုသ်ချောင်း၊ နန်းကလိန်
ချောင်းတို့ ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ပျက်ဆီးဆုံးရှုံးမှုများစွာ
ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းချောင်းများ ရေကြီးရေလျှံမှုကြောင့် ဆိပ်ကမ်းသာတံတား ၊ ဥပုသ်ချောင်းတံတား၊ နတ်တံခါးချောင်းတံတားများ အပါအဝင် တံတားစုစုပေါင်း (၁၅)စင်းပျက်စီးခဲ့ကြောင်း မြို့နယ်ပြည်ခိုင်ဖြိုးရုံးမှ တိုင်းဒေသကြီးအစိုးရသို့ ပေးပို့သည့် စာရင်းအရ သိရသည်။
“ကာယကံမေတ္တာ လူမှုကူညီရေးက မော်လိုက်ကလေးရွာနှင့် သဖန်းအိုင်ရွာကို သွားပြီး ရေဘေးဒုက္ခ ရောက်သူတွေကို ကူညီမှုလုပ်ခဲ့ပါတယ်။ ဆန်(၁၀)တင်းနှင့်ငါးပိ၊
ဆား၊ ဆီတွေ လှူခဲ့ပါတယ်။ ခိုင်းနွားနှင့်ကျွဲတွေ ဆုံးရှုံးမှု များတယ်လို့ သိရတဲ့အတွက် စာရင်းပြုစုဖို့ ပြောထားပါတယ်။ မနက်ဖြန်တော့ ကာယကံမေတ္တာ ကုသိုလ်ဖြစ် ဆေးခန်းက ရေဘေး ဒုက္ခသည်တွေကို လှည့်လှည် ဆေးကုသမှု ပေးပါမယ်။ ရန်ကုန်နာကူက လှူထားတဲ့ ဆေးပစ္စည်းတွေကို လက်တွေ့ သွားလှူကြမှာပါ”ဟု ကာယကံမေတ္တာ လူမှုကူညီသူများ ဦးဆောင်ဆရာတော် ဥုးဓမ္မိက က
မိန့်ကြားသည်။

“မြို့ပေါ်မှာတင် ဒုက္ခသည် စခန်း (၇)ခု ဖွင့်ထားရတဲ့ အခြေနေကို ရောက်နေပါတယ်။ မြို့အနီးနားရွာတွေက ရေဘေး ဒုက္ခသည်တွေ အပါအ၀င် ရေဘေးဒုက္ခသည်
အိမ်ထောင်စု စုစုပေါင်း(၂၈၉)စုခန့် ရှိနေပါတယ်။ တိုင်းဒေသကြီး အစိုးရရဲ့ အစီအစဉ်နဲ့ ရေဘေးဒုက္ခသည် အိမ်ထောင်စု တစ်စုကို ဆန်လေးပြည်စီ
လှူပါတယ်။ နန်းကလိန်ချောင်း တံတားကိုလည်း ဖြတ်သန်း သွားလာနိုင်အောင် နေ့ချင်းပြီး ဆောင်ရွက်ထားမှု အခြေနေရှိပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောသည်။

ကလေးမြို့ ရေကြီးမှုသည် မြစ်သာမြစ်နှင့် ချင်းတွေမြစ်ရေထောက်၍ တက်သည့်
ပုံစံမျိုး မဟုတ်ဘဲ တောင်ကျချောင်း ရေများပြီး ရေစီးသန်သောရေကြီးမှု ပုံစံဖြစ်ကြောင်း၊ တောင်သူများ အတွက် ခိုင်းနွားနှင့်ကျွဲများ မျောပါဆုံးရှုံးမှု
ပမာဏများပြီး စာရင်းပြုစုလျက်ရှိကြောင်း၊ ကျေးရွာများတွင် ရေစီးမျောပါသည့် လူပျောက်စာရင်းကိုလည်း ပြုစုလျက်ရှိကြောင်း၊ စက်တင်ဘာ(၃၀)ရက်နေ့ အထိ မြစ်သာဖြစ်ရေမှာ ၁၁၅၈ စင်တီမီတာနှင့် ချင်းတွင်းမြစ်ရေမှာ ၁၁၅၆ စင်တီမီတာရှိ နေကြောင်း ကလေးဝမြို့ မိုးဇလ ဌာနမှ သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

Khin Lapyay Zaw ပုံများစုစည်း ဖေါ်ပြလိုက်ပါတယ်

Facebook ကို like လေးပေးခဲစေချင်ပါတယ် 





















 



Star & Model Int'l Agency born Khin La Pyae Zaw(star & model) going to contest in china xianning city Miss Tourism Queen intl 2013







Monday, September 30, 2013

မသန်စွမ်းသူများကို ကြိုတင်တောင်းပန်ထားချင်ဟု ခန့်စည်သူ ပြောကြား








Facebook    ကို like လေး ပေးစေပါတယ် 

 


The Voice Weekly

ရန်ကုန်၊ စက်တင်ဘာ၂၉

ရွှေ့မိုးသည်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးကာ၊ အောက်တိုဘာလအတွင်း ရုံတင်ပြသမည့် ကိုယ့်အထာနဲ့ကိုယ် ရုပ်ရှင်ဇာတ်ကားသည် မသန်စွမ်းသူများကို လှောင်ပြောင် သရော်ထားသည်ဟု အမြင်လွဲမှားမည် စိုးသည့်အတွက် ကြိုတင် တောင်းပန်ထားချင်ကြောင်း၊ ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင် ခန့်စည်သူက The Voice သို့ ပြောကြားသည်။

ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်မှုများသည် မသန်စွမ်းသူများကို လှောင်ပြောင်ထားသည်ဟု အမြင်လွဲမှားမည်ကို စိုးရိမ်ကြောင်း၊ ဇာတ်ကား၏ အဓိက ပေးချင်သော သတင်းစကားမှာ လူတစ်ယောက်သည် ကျန်းမာသန်စွမ်းသော်လည်း အသက်ရှင်နေစဉ် ကာလအတွင်း လောကကြီးအတွက် ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်အတွက် အကျိုးမပြုနိုင်ပါက လူသန်သော်လည်း စိတ်မသန်စွမ်းသူအဖြစ် မှတ်ယူရမည် ဖြစ်ပြီး အချို့သောလူများသည် မျက်စိမမြင်၊ နားမကြား၊ စကားမပြောတတ်သော်လည်း တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုနိုင်ပါက လူမသန်သော်လည်း စွမ်းသူများအဖြစ် မှတ်ယူရမည်ဆိုသည့် အကြောင်းကို တင်ပြထားခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကျွန်တော်က ဟာသကားတွေမှာ သရုပ်ဆောင်တဲ့အခါ လွတ်လွတ်လပ်လပ် သရုပ်ဆောင် တတ်တယ်။ ဒါပေမဲ့ ဒီကားမှာ မျက်မမြင်အဖြစ် သရုပ်ဆောင်ရတဲ့အခါ အခက်တွေ့တော့တာပဲ။ သရုပ်ဆောင် တစ်ယောက်ရဲ့ အသက်က မျက်လုံးလေ။ ဒီကားမှာက မျက်လုံးနဲ့ သရုပ်မဆောင်ရဘဲ ပါးစပ်နဲ့ပဲ ပြောခဲ့ရတယ်။

သရုပ်ဆောင်တဲ့ နေရာမှာလည်း ကျွန်တော်ရဲ့ဇာတ်ကောင်က မမြင်တာကို မြင်တဲ့သူ တစ်ယောက်လို အမြဲတမ်း ဟန်ဆောင်နေတာဆိုတော့ သရုပ်ဆောင်တဲ့အခါ သတိထားပြီး သရုပ်ဆောင်ရတယ်” ဟု ကိုယ့်အထာနဲ့ကိုယ် ဇာတ်ကားတွင် သရုပ်ဆောင်ထားသည့် မျက်မမြင် ဇာတ်ကောင်စရိုက်နှင့် ပတ်သက်၍ ခန့်စည်သူက ဆိုသည်။

ကိုယ့်အထာနဲ့ကိုယ် ဇာတ်ကားကို လွန်ခဲ့သော ၂ နှစ်ခန့်က ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း၊ ဇာတ်ကားတွင် လိုအပ်ချက်များ ရှိသည်ကို သိသော်လည်း ဈေးကွက် အနေအထားနှင့် ရရှိနိုင်သည့် ငွေကြေး အတိုင်းအတာကြောင့် ထိုမျှသာ ရိုက်ပြနိုင်ခဲ့ကြောင်း၊ လာရောက် ကြည့်ရှုသော ပရိသတ်များ စိတ်အပန်းပြေမည် ဆိုပါက ကျေနပ်ကြောင်း ယင်းဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ဆိုသည်။

ကိုယ့်အထာနဲ့ကိုယ် ရုပ်ရှင်ဇာတ်ကားသည် ဟန်နီ၏ ဝတ္ထုကို ဒါရိုက်တာကိုဇော် (အရုဏ်ဦး) က ရိုက်ကူးထားခြင်း ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ခန့်စည်သူ၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ မိုးဟေကို၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံ၊ သန္တာဗိုလ်တို့က ပါဝင် သရုပ်ဆောင်ထားသည်။

စာရေးဆရာ သည်ခေတ်နေ၏ ဇာတ်လမ်းကို ဒါရိုက်တာနေပိုင် ရိုက်ကူးပြီး သရုပ်ဆောင်မြင့်မြတ်နှင့် အိချောပိုတို့ ပါဝင် သရုပ်ဆောင် ထားသည့် ဂျောင်းဇာတ်ကားတွင် ရခိုင် အမျိုးသမီးများကို ထိခိုက်စေသည့် အသုံးအနှုန်း ပါဝင်ခဲ့မှုကြောင့် ရခိုင်လူမျိုးများနှင့် ပရိသတ်များကို တောင်းပန်ကြောင်း ဇာတ်ကားနှင့် သက်ဆိုင်သူများက ပြောကြားခဲ့ဖူးသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် Ytalk မှ ဖုန်းခေါ်ဆိုမှုများကို အခမဲ့ကူညီပေးသွား မည်ဖြစ်ကြောင်း စမိုင်းပြော

Facebook    ကို like လေး ပေးစေပါတယ်





Popular Journal

အနုပညာလောကမှာ သရုပ်ဆောင်အဖြစ် အောင်မြင်မှုရခဲ့သလို ဂီတအနု ပညာ အလုပ်ကိုလည်း ဝါသနာအရ ပထမဆုံး တေးစီးရီးကို အောက်တို ဘာလထဲမှာ ထွက်နိုင် ဖို့ကြိုး စားနေသူ စမိုင်းလ်က ကိုယ်ပိုင်စီးပွားရေးဖြစ် တဲ့ Ytalk ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးလာမည့် ဆီးဂိမ်းပွဲကျင်းပရာ ကာလတစ်လျှောက်လုံးမှာ နိုင်ငံ တော် ကိုယ်စားဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး အခမဲ့ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ ဆီးဂိမ်းမှာ နိုင်ငံသား တစ်ဦးပီပီပါဝင်ပံ့ပိုးတဲ့သူမရဲ့ခံစားချက်ကို မေးကြည့်တော့ “ဆီးဂိမ်း မှာ အစ်မတို့ပါဝင်ပြီး ဒီဆက်သွယ်ရေးကို လှူဒါန်းတာကတော့ ဒီဆီးဂိမ်း မှာ လာရောက်ကစားမယ့် နိုင်ငံခြားသားတွေကို ဘာပဲဖြစ်ဖြစ် မြန်မာနိုင် ငံရောက်လို့ သူတို့မိ သားစုတွေဆီ ဆက်သွယ်လို့ရအောင်ဆိုပြီး စီစဉ်ပေးတာပါ။ သူတို့ခေါ် ချင်တဲ့နိုင်ငံကို ခေါ်လို့ရအောင် အခမဲ့စီစဉ်ပေး ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။ အဓိက ဒီဆက် သွယ်ရေးကိုလှူဖြစ် တာက အစ်မ အမျိုးသားနဲ့တိုင်ပင် ပြီးလှူဖြစ်တာလားလို့မေးကြည့်တော့ “နိုင်ငံခြားသားတွေက မြန်မာပြည်လာလို့ရှိရင် မြန်မာပြည် က ကော်မြူ နီကေး ရှင်း ခက်ခဲတယ်။

ဆက်သွယ်မှုဈေးနှုန်းမြင့်တယ်။ အဆင် မပြေဘူးဆိုတဲ့အသံကို အမြဲ ကြားရတယ်။ ပြီးတော့ ဒီဆီးဂိမ်းမှာက နိုင်ငံပေါင်း များစွာကလာပြီး ပြိုင်မှာ ဆိုတော့ အဲဒီလိုမျိုး ဟာကို ကိုယ့်တိုင်းပြည်မျက်နှာ မငယ် စေချင်တာ လည်းပါတယ်။ သူတို့ အားကစားသမားတွေကို အခမဲ့ပေးခေါ်တယ်ဆိုတာ တိုင်းပြည်လည်း ဂုဏ်တက် မယ်။ အစ်မ တို့ကုမ္ပဏီကိုလည်း လူတွေအမှတ် ပိုရလာ မယ်” လို့ ပြောပြခဲ့ပါတယ်။ ဒီလိုမျိုးစီးပွားရေးတစ်ခုဖြစ် လာဖို့ အချိန်ရော၊လူရော၊ငွေရောအကုန်ခံ ပြီးလုပ်တယ်။ ဒါငါတို့ စီးပွားရေးပဲတွေး ရင် ပိုက်ဆံယူပြီးအစ်မတို့ပဲ ချမ်း သာသွားမှာလေ။ အသွားအပြန် ဆိုတာ ရှိတယ်လေ။ အခု အဲဒီလို လုပ်တာလည်း နှစ်ဖက်စလုံးစိတ်ချမ်းသာမယ်။ ပြီးတော့ ဆီးဂိမ်းက ဒီမှာမလုပ်တာတော်တော် ကြာပြီ။ စည်းလုံးမှ တိုင်းပြည်ကလုပ် လို့ရမှာလေ။ ဒါကြောင့် ကိုယ် တတ်နိုင်တဲ့အားနဲ့ ပါဝင်ပြီး နိုင်ငံသားတစ်ယောက် အနေနဲ့ ကိုယ့်နိုင်ငံကို ကူညီပံ့ပိုး ပေး တာပါ” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး

ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို


Facebook    ကို like ပေးစေလိုပါတယ်





ရန်ကုန်၊ စက်တင်ဘာ ၂၉

ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ်ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင်။ ရခိုင်တွေ အဆမတန် ခက်ခက်ခဲခဲ ထမ်းဆောင်နေကြတဲ့ နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်မြဲရေး များစွာ အခက်အခဲရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လုံခြုံရေး မျက်ခြည်ပြတ် မခံနိုင်သည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ဦးရွှေမန်းက ပြောကြားသည်။
“လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိလားဆိုရင် မရှိသေးဘူးလို့ ဖြေရမှာပဲ။ ရှိတယ် ဆိုရင်လည်း မလုံလောက်သေးဘူးလို့ ကျွန်တော်ပြောရမှာ ဖြစ်တယ်” ဟု ဦးရွှေမန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရုံဖြင့် ငြိမ်းချမ်းရေးဟု ပြောဆို၍ မရကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများသည်လည်း ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်ဆောင်နိုင်သည့် ပဋိပက္ခများ ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသား လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွင်း ဥပဒေများ ပြဋ္ဌာန်းကာ အကာအကွယ်ပေးရန် လိုအပ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့မှာ လွန်စွာ အရေးပါကြောင်း အထက်ပါ ဆွေးနွေးပွဲကို တက်ရောက်သည့် ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ သိရှိရသည်။
“နယ်စပ်မှာ ခြံစည်းရိုး ကာထားရုံနဲ့ လုံခြုံမှု မရှိသေးဘူး။ ခြံစည်းရိုးမရှိတဲ့ ချောင်းတွေက နေ့စဉ်နဲ့အမျှ လှေတွေ ဝင်ထွက်နေကြတယ်။ ပိုက်ဆံတစ်ထောင် ပေးလိုက်ရင် နတ်မြစ်ကို လှေနဲ့ ထွက်လို့ရတယ်” ဟု ရခိုင်ပြည်နယ်ကိုယ်စား တင်ပြသည့် တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အနီးရှိ ကျေးရွာများတွင် လက်နက်ကိုင် အုပ်စုများ ဝင်ရောက်မှုကို မကြာခဏ ကြုံတွေ့နေရပြီး ရခိုင်ပြည်နယ်တွင် RSO ခေါ် လက်နက်ကိုင် တပ်ဖွဲ့များ စစ်သင်တန်း ပေးနေသည်ဆိုသည့် သတင်းများကြောင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်မည်ဆိုသည့် အစီအစဉ်ကြောင့် နယ်စပ်က ခိုးဝင်မှုများ များပြားလာကြောင်း ရခိုင်ပြည်နယ် ကိုယ်စားလှယ်များက ဆိုသည်။

ရခိုင်နှင့် ဘင်္ဂါလီလူဦးရေ အလွန်ကွာဟသည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တိုင်းရင်းသား ကျေးရွာများကို တိုးမြှင့်ချပေးရန်၊ ဒေသခံများကို ပြည်သူ့စစ် သင်တန်းများပေးရန် လိုအပ်ကြောင်း ၎င်းတို့၏ တင်ပြချက်များအရ သိရှိရသည်။

ယခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နယ်စပ်ဒေသသို့ အနည်းနှင့်အများ ဂယက်ရိုက်မှုများ ရှိနိုင်သဖြင့် နယ်စပ် အခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

ခင်ဝင့်ဝါရဲ့ လျော်ကြေး တချို့ကိုလှူမယ့် ဂျွန်လွင်နဲ့ စကားစမြည်






Star & Model Agency နဲ့ စာချုပ်ချုပ်ဆိုထားတာကို ဖျက်သိမ်းပေးဖို့ လျော်ကြေး အနေနဲ့ Miss Supranational ပြိုင်ပွဲမှာ မြန်မာ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ခင်ဝင့်ဝါက လျော်ကြေး ကျပ်သိန်း ၃၀ ပေးခဲ့တဲ့အတွက် အေဂျင်စီရဲ့ ဦးဆောင်သူ ဂျွန်လွင်က ဒီငွေထဲက တချို့ကို လှူပြီး ကျန်တာနဲ့ ဖိနပ်ကောင်းကောင်း ဝယ်စီးမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပုပ္ပါးမှာ ရေကန်ပြင်မယ်လို့ ခင်ဝင့်ဝါဦးလေး ရန်ကုန် ဦးဝင်းလှိုင်က ဟြေလို့ ကျနော်က သူ့ကို ခင်ဗျားတူမ လျော်ထားတဲ့ ငွေ သိန်းသုံးဆယ်ထဲက ခင်ဗျားကို ငါးသိန်းလှူတယ် ဆိုပြီး ရေကန်ပြင်ဖို့ ကျနော်လှူခဲ့တယ်။ ၂၅ သိန်း ကျန်တယ်။ ဘန်ကောက် မှာ ဖိနပ် မှာထားတယ်၊ ၂၈ ရက်နေ့ ဘန်ကောက်ကို ရောက်မယ်။ အဲဒီမှာ သွားယူမယ်။ ဖိနပ်က ၂၈ သိန်း တန်တယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။

ခင်ဝင့်ဝါဟာ ဂျွန်လွင်နဲ့ စာချုပ်ရှိထားပေမယ့် တဘက် ကုမ္ပဏီနဲ့ တနှစ်စာ ကျပ်သိန်းတထောင် စာချုပ် ထပ်ချုပ်ခဲ့တာကြောင့် ဂျွန်လွင့်ထံကို ခင်ဝင့်ဝါရဲ့ အဒေါ်က ခင်ဝင့်ဝါ ကိုယ်စား လျော်ကြေး ကျပ် သိန်းသုံးဆယ် ပြန်လျော် ပေးခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့ဆီမှာ အေဂျင်စီ စာချုပ်ရှိတယ်။ ခင်ဝင့်ဝါရဲ့ အဒေါ်က ရောက်လာတယ်၊ ဟိုဘက်က ကုမ္ပဏီက ကျမတို့ကို သိန်းတထောင်နဲ့ ချုပ်ထားပါတယ်တဲ့၊ အဲဒါကြောင့် သိန်းတထောင်နဲ့ ချုပ်ထားတော့ကျမတို့က သိန်းတထောင် ဟိုဘက်ကို မလျော်နိုင်င်ပါဘူးတဲ့၊ စော်ကားတယ်လည်း မထင်ပါနဲ့ သိန်းသုံးဆယ်ကို လက်ခံပြီးတော့ စာချုပ်ကို ပယ်ဖျက်ပေးပါဆိုတော့ ကျနော်က ဘာဟြေရမှာလဲ။ ခင်ဝင့်ဝါက အဲဒါကို အင်တာဗျူးတွေထဲမှာ ဟြေတာက ကောလာဟလပါလို့ ဆိုတော့ အဲဒါကို ကျနော်က ဘာလုပ်ရမှာလဲ။ ကျနော့်အတွက်ကတော့ သိန်းသုံးဆယ်လည်း ရတယ်၊ သူက ကျနော်နဲ့ လက်မတွဲချင်လို့ သူ့အဒေါ်က လာပြီးလျော်တယ်၊ ဒါကြောင့် ကျနော့်အနေနဲ့ကျေနပ်တယ်၊ ကျေနပ်တော့ သူ့အလုပ်သူဆက်လုပ်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီကို ရှင်းပြပါတယ်။

သူ့သင်တန်းမှာတော့ သင်တန်းတက်တဲ့ သူတွေ စည်းစနစ်ရှိအောင် အေဂျင်စီ စာချုပ်နဲ့ ချုပ်ထားတယ်၊ သင်တန်းဆင်းတဲ့ နေ့မှာ မော်ဒယ်လ် တယောက်ကို သဘောကျတယ်ဆိုရင် အဲဒီမော်ဒယ်လ်နဲ့ စာချုပ်ချုပ်တယ်လို့ သိရပါတယ်။

“ကျနော့်တို့ဆီမှာ သင်တန်းတက်တဲ့ သူတွေလည်း ကျနော့်သင်တန်းက စည်းကမ်းတွေ၊ အချက်အလက်တွေကို သိတာမှ Clearly ပါပဲ၊ ကျနော်စာချုပ်ချုပ်ကတည်းက သူတို့ဆီက လျော်ကြေးလိုချင်လို့လည်း မဟုတ်ဘူး၊ ကျနော်တို့ ပွဲတပွဲလုပ်ရင် စည်းနဲ့ဘောင်နဲ့ လုပ်လို့ရအောင်၊ လူတွေခေါ်ရင် စည်းကမ်းရှိအောင်၊ စည်းနဲ့ဘောင်နဲ့ စာချုပ်ချုပ်မှသူတို့က ကြောက်မှာလေ၊ မဟုတ်ရင် သူတို့ကလာချင်လာမယ်၊ မလာချင်မလာဘူး၊ ကျမ ဒီနေ့မနက် မအားပါဘူးလို့ လုပ်ချလိုက်ရင် ကျနော်က ဘယ်လို အလုပ်လုပ်ရမှာလဲ။ သူ့အိမ်ရှေ့မှာ သွားအော်ဆဲရမှာလား။ အဲဒါကြောင့် စည်းနဲ့ဘောင်နဲ့ လုပ်ထားတာပါ” လို့ ဂျွန်လွင်က ဆက်ပြောပါတယ်။

သူ့ရဲ့ အေဂျင်စီသက်တမ်း တလျှောက်လုံးမှာ ချောရတနာက လျော်ဖူးကြောင်း၊ နောက်ပိုင်းမှာ ချောရတနာက သူတို့နဲ့ ဆက်လက် လက်တွဲကြောင်း၊ ချောရတနာရဲ့ ညီမ သန္တာဗိုလ်ကလည်း သူတို့ အေဂျင်စီမှာပဲ အလုပ်လုပ်ကြောင်း သူက ဆိုပါတယ်။

“အခု နောက်တယောက် လျော်တာက ခင်ဝင့်ဝါပေါ့နော်။ ဒါပေမယ့် ကျနော့်အနေနဲ့ ဘာမှခံစားချက်မရှိဘူး၊ ဘာလို့လဲ ဆိုတော့ ကျနော်နဲ့ ပြဿနာဖြစ်တဲ့ မော်ဒယ်လ် တော်တော်များများက ကျနော့်ကို လာတောင်းပန်လိုက်တယ် ဆိုရင် ကျနော်က ဘာမှ အရေးယူခြင်းလည်းမရှိဘူး၊ အခု သူတို့က ကျမတို့ဟိုဘက်ကို သိန်းတထောင် မလျော်နိုင်ပါဘူး၊ ကျနော့်ရဲ့ သိန်းသုံးဆယ်ကတော့ ပေါလို့ပေါ့နော်၊ ရှင်းရှင်းလင်းလင်း ဟြေရရင် ပေါတဲ့အတွက် လာလျော်နိုင်တယ် ဆိုတော့ ဒါကို ကျနော် လက်ခံရမယ်လေ။ ဒါကိုကျနော်က လျော်ခွင့် မပေးနိုင်ဘူး၊ ငါနဲ့ပဲ ဆက်လုပ်ပါဆိုပြီး ဒူးထောက် တောင်းပန် ရအောင်လည်း အကြောင်းမရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော့် အေဂျင်စီက မြန်မာနိုင်ငံမှာတင် မကဘူး၊ ကမ္ဘာကပါ သိထားတဲ့ အေဂျင်စီ ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့က ဘယ်သူ့ကိုမှလည်း တောင်းပန်မှာ မဟုတ်ဘူး။ လုပ်ချင်ရင် ပွင့်ပွင့်လင်းလင်း လာလုပ်လို့ရတယ်၊ ထွက်ချင်ရင်လည်း ပွင့်ပွင့်လင်းလင်း ထွက်လို့ရတယ်။ ဒါပေမယ့် ကျနော်တို့ ကုမ္ပဏီသည် ဘုရားလည်း မဟုတ်သလို၊ ဇရပ်လည်း မဟုတ်တဲ့အတွက် ၀င်ချင်တဲ့အချိန်ဝင်ပြီး ထွက်ချင်တဲ့အချိန် ထွက်လို့မရဘူး။ ရွှေတိဂုံဘုရား တောင်မှပဲ သတ်မှတ်တဲ့ အချိန်မှာပဲ ၀င်လို့ရသလို၊ သတ်မှတ်တဲ့အချိန်မှာပဲ ထွက်ပေးရတယ်။ ဒါကြောင့် စည်းနဲ့ဘောင်နဲ့ ကတော့ အမြဲတမ်း ရှိနေရမယ်” လို့ ဂျွန်လွင်က ဟြေပါတယ်။

သူ့ရဲ့ အေဂျင်စီမှာ မင်းသားမင်းသမီး အများစု စာချုပ်နဲ့ အလုပ်လုပ်ခဲ့ပေမယ့် ပြဿနာ မရှိခဲ့ဘူး၊ အောင်ရဲလင်း၊ မြင့်မြတ်၊ ရွှေမှုံရတီ စတဲ့ နာမည်ရ အောင်မြင်တဲ့ သူတွေအပြင် Miss Now How ရထားတဲ့ နှင်းယမုံဦးလည်း Star & Model Agency နဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ခင်ဝင့်ဝါ အလှည့်ကျမှ စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်ရတယ်လို့ ဂျွန်လွင်က ဆိုပါတယ်။

“ဒါပေမယ့် သူက ကျနော့်ဘ၀မှာ သေးမွှားတဲ့ အမှုန်လေးတခုလို့ပဲ ကျနော်မြင်တယ်၊ ပိုက်ဆံ သိန်းသုံးဆယ် လာလျော်တယ်၊ထွက်တယ်၊ ကျနော့်အနေနဲ့ မြင်တာက သူ့အဒေါ် ဟြေတဲ့စကားကတော့ ကျမတို့က သိန်းတထောင်တော့ မလျော်နိုင်ဘူး၊ ဒီလူနဲ့တော့ တနှစ် လက်တွဲရမယ်၊ တနှစ်ပြည့်ရင် ကျမတူမကို လက်ဆွဲပြီး ပြန်လာပါ့မယ်တဲ့။ ကျနော်ကတော့ အစ်မ ပြန်လာချင်လည်းလာ၊ ကြိုက်တဲ့အချိန် ပြန်လာလို့ရတယ်။ အလုပ်ကတော့ အနုပညာ ခွင်ထဲမှာ အစ်မတို့နဲ့ ကျနော်တို့ တွေ့နေကြဦးမှာပဲ၊ ဘာမှပြဿနာမရှိဘူး၊ ဟိုဘက်ကနေ အင်တာဗျူးထဲမှာ ဖြေထားတာက ကျနော်တို့က အဲဒီလိုတွေ စာအချုပ် ချုပ်မထားပါဘူး ဆိုပြီး ဟြေတာကို စာနယ်ဇင်းသမားတွေက အဲဒါကို လက်ခံတယ်ဆိုတော့ စာနယ်ဇင်းတွေက စာချုပ်ကို တောင်းမကြည့်ဘူးလား၊ ဘာလို့ တောင်းမကြည့်ဘဲ ဒီဟာကို ဒီအတိုင်းရေးတာလဲ၊ သူတို့ဟြေတာကိုပဲ ယုံမှာလား” လို့ သူက ဆက်ဟြေပါတယ်။

သူ့အေဂျင်စီကနေ သင်တန်းဆင်းတာနဲ့ အလုပ်လုပ်ချင်ရင် စာချုပ်ချုပ်ရမယ်၊ စာချုပ်မချုပ်ရင်တော့ အလုပ်မလုပ်ဘူးလို့လည်း သင်တန်းစည်းကမ်းနဲ့ အလုပ်စည်းကမ်းကို သူက ရှင်းပြပါတယ်။

“ဥပမာ Forever Wedding Studio ကနေ ကျနော်တို့နဲ့ ပွဲလုပ်မယ်။ အဲဒီမှာ သူတင်လာတဲ့သူတွေ ရှိတယ်၊ အဲဒီလူတွေက ကျနော်နဲ့ အလုပ်မလုပ်ထားဘူး၊ အဆက်အစပ်လည်း မရှိဘူး၊ စာချုပ်လည်း မရှိတဲ့အတွက် ကျနော်လည်း မလုပ်ပါဘူး။ ကုမ္ပဏီက မကျေနပ်ရင် မလုပ်နဲ့၊ ဂျွန်လွင်ကလည်း ပွဲကို အပ်ပါဆိုပြီးတော့ မနက်မိုးလင်းတာနဲ့ ထိုင်ဖုန်းဆက်ပြီး Marketing ဆင်းနေတဲ့သူထဲမှာ မပါဘူး။ ကျေနပ်ရင်အပ်၊ မကျေနပ်ရင် မအပ်နဲ့၊ ကုမ္ပဏီက ပိုက်ဆံပေးတာ မှန်တယ်။ ဂျွန်လွင်က ကိုယ်လုပ်ချင်တဲ့ သူနဲ့ လုပ်မယ်။ မကျေနပ်ရင် လာမအပ်နဲ့၊ ကျနော်လည်း စိတ်မ၀င်စားဘူး” လို့ သူက ဆက်ဟြေပါတယ်။

သူ့အေဂျင်စီကို ချောရတနာ လာလျော်စဉ်ကလည်း သုံးသိန်းကို လူမှုရေး ကိစ္စတခုအတွက် လှူလိုက်တဲ့အကြောင်း ဂျွန်လွင်က ပြောပြပါတယ်။

“FMI Center မှာ ချောရတနာရယ်၊ ကျနော်ရယ်၊ ဦးမြတ်ခိုင်ရယ် သုံးယောက်တိုင်ပင်ပြီးတော့ လှူလိုက်တယ်။ အခုတော့ လှူချင်လည်း လှူမယ်၊ မလှူချင်လည်း မလှူဘူး။ ဒါကျနော့်ပိုက်ဆံ ဖြစ်သွားပြီလေ။ ကျနော့်မှာ ခါးပတ်တွေကလည်း အများကြီးပဲ၊ အိတ်တွေလည်း ပုံပေါနေတယ်၊ ဒါပေမယ့် ဖိနပ်က ကောင်းကောင်း မရှိသေးဘူး၊ ဖိနပ်က ဟောင်းနေတဲ့ အတွက်ကြောင့် ဖိနပ်အသစ် မှာလိုက်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီရဲ့ မေးမြန်းချက်တွေကို ဖြေကြားပေးခဲ့ပါတယ်။

ဧရာဝတီ

မြင်ကွင်းကို 360ဒီဂရီလှည့်ပြီးကြည့်နိုင်တဲ့အဆောက်အဦး

Facebook ကို like လေးပေးစေချင်ပါတယ်





ဘရာဇီးနိုင်ငံရှိ (SuiteVollard) အဆောက်အဦးဖြစ်ပြီး
ဒီအဆောက်အဦးရှိအထပ်တိုင်းကိ
ု 360ဒီဂရီလှည်လို့ ရပါတယ်။

ဒီအဆောက်အဦးရဲ့အထပ်တိုင်းတွင် အခန်းပေါင်း 11ခန်းဖွဲ့ ထားပြီး
ဒီအခိုင်းတိုင်းမှနေ၍မိမိအခန်းကိုမိမိနှစ်သက်ရာမြင်ကွင်းသို့ 
ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။

ဒါ့မှမဟုတ်အထပ်တိုင်းကိုအမြဲလှည့်ပတ်နေအောင်လုပ်ထားလို့ရပြီး
အထပ်တိုင်းမှာအပြင်ရှုခင်းကိုကြည့်တဲ့အချိန်မှာအရသာသုံမျိုးပေးနိုင်ရန်
အမျိုးအစားမတူတဲ့မှန်သုံးမျိုးတပ်ဆင်ထားပြီး နေ၀င်ချိန်မှာဆိုရင်တော့
ထူးခြားတဲ့မြင်ကွင်းသုံးမျိုးကိုခံစားရမှာဖြစ်ပါတယ်။

ဒီအဆောက်အဦးမှာရှိတဲ့အထပ်တိုင်းအတွက်ကုန်ကျစရိတ်ကတော့
အမေရိကန်ဒေါ်လာ 30,000,000 ရှိပါတယ်။


ZK(ကနောင်)
Scientist Myanmar

Burmese Python အမည်ဖြင့်ကျော်ကြားနေသူ နှင့် MMA ၌ ရှုံးပွဲမရှိသေးသူ Jonavin Webbတို့ အောက်တိုဘာ ၂၆တွင် ထိုးသတ်မည်

Facebook ကို like လုပ်ပေးစေချင်ပါတယ်







ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲ MMA တွင် Burmese Python အမည်ဖြင့် နာမည်ကြီးနေသည့် Aung La N Sang သည် လာမည့် အောက်တိုဘာ ၂၆ ရက်တွင် Jonavin Webb နှင့် ထိုးသတ်ရန် စီစဉ်ထားကြောင်း သိရသည်။အသက် ၂၈ နှစ် ရှိပြီဖြစ် သည့် Aung La N Sangသည် MMA ၁၅ ပွဲ နိုင်ထားပြီး ရှစ်ပွဲ ရှုံးနိမ့်ထားသူဖြစ်ကာ အသက် ၂၄ နှစ်အရွယ်ရှိ Jonavin Webb မှာ MMA ပြိုင်ပွဲအား ၂၀၁၂ ခုနှစ် ၄ လပိုင်းတွင် ရော်ဘတ်ဂစ်တန်း နှင့်ပွဲတွင် ထိုးသတ်ခြင်းဖြင့် ပရော် ဖက်ရှင်နယ် MMA ထိုးသတ်သူ အဖြစ် ဝင်ရောက်လာသူဖြစ်သည်။ Jonavin Webb သည် လက်ရှိအ ချိန်အထိ သုံးပွဲထိုးသတ်ခဲ့ပြီး သုံးပွဲ စလုံးကို အနိုင်ရရှိထားကြောင်း သိရသည်။

ယင်းပွဲနှင့် ပတ်သက်၍ Aung La N Sang က '' Webb နဲ့ ပွဲက အရမ်းကောင်းတဲ့ပွဲ ဖြစ်လာ လိမ့်မယ်လို့ထင်တယ်။ သူနဲ့ ထိုး သတ်ဖို့ ကျွန်တော့်မှာ အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော့်မှာ ကောင်း မွန်တဲ့ အဖွဲ့အစည်းတစ်ခုရှိထား တယ်။ ကျွန်တော့် အားကစားခန်း မကိုလဲ တကယ်တော်တဲ့ ထိုးသတ် သူတွေ လာလေ့ကျင့်တယ်။ သူတို့ က ကျွန်တော် နေ့စဉ်နေ့တိုင်း တိုး တက်ဖို့ကူညီပေးတယ်''ဟု ပြော ခဲ့သည်။

ထို့အပြင် Aung La N Sang က MMA ပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ဖြစ်ပုံနှင့်ပတ်သက် ၍ ၁၈ နှစ်အရွယ်တွင် အမေရိ ကန်သို့ရောက်ခဲ့ပြီး Elkridge တွင်ရှိသော Crazy 88 BJJ သင် တန်းကျောင်းတွင် ဘရာဇီးဂျူဂျစ် ဆု အားကစားနည်းအား လေ့လာ ခဲ့ကြောင်း၊ ယင်းတွင်လေ့ကျင့်ပြီး လအနည်းငယ်အကြာတွင် MMA လောကထဲသို့ ကူးပြောင်းလာခဲ့ ခြင်းဖြစ်ကြောင်း၊ ၂၀၀၅ ခုနှစ် ကတည်းက ယင်းအားကစားနည်း အား အလွန်သဘောကျခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

Aung La N Sang ဖြင့် ၎င်း၏ MMA ဖိုက်တာက စားသမားဘဝအစမှာ တာထွက် မလှခဲ့ဘဲ အမှားများကြောင့် ရှုံး နိမ့်ခဲ့ပြီး ယင်းနောက်တွင် အမှား များကို သင်ခန်းစာယူနိုင်ခဲ့သည့် အတွက်ကြောင့် နိုင်ပွဲများပြန်လည် ရယူနိုင်ခဲ့သည်။ ၎င်း၏ ပထမဦး ဆုံးပွဲ ရှုံးနိမ့်ပြီးနောက် လေးပွဲကို အနိုင်ရခဲ့သည်။ Aung La N Sang ၏ အကောင်းဆုံး ပွဲရလဒ် မှာ Jeus Martinez အား ၃၆ စက္ကန့်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲဖြစ် ကြောင်းသိရသည်။
ရှုံးပွဲများနှင့်ပတ်သက်၍ Aung La N Sang က''ကျွန်တော့် အနေနဲ့ ပွဲတွေရှုံးခဲ့တယ်ဆိုရင် တောင် ရှုံးနိမ့်ခဲ့တယ်လို့ မထင် ဘူး။ ဒီအရှုံးတွေကို အတွေ့အ ကြုံရတယ်လို့ ယူဆထားတယ်'' ဟု ပြောခဲ့သည်။

(you won my heat ) ဆို့ တတ်တူးလေးနဲ့ Thinzar Wint Kyaw ၁၁ လောက်ရှိတဲ့ ပုံများ

Facebook ကို like လေးပေးစေချင်ပါတယ်












အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ ပစ်ခတ်မှုကြောင့် အိပ်နေတဲ့ ကျောင်းသား အယောက် ၄၀ သေဆုံး








နိုင်ဂျီးရီးယားနိုင်ငံ ​အရှေ့မြောက်ပိုင်းက ​စိုက်ပျိုးရေးဆိုင်ရာ ​ကောလိပ်တခုမှာ ​လက်နက်ကိုင်အဖွဲ့တဖွဲ့က ​၀င်ရောက် ​ပစ်ခတ် ခဲ့တဲ့ အတွက် ​ကျောင်းသူကျောင်းသား ​အနည်းဆုံး ​အယောက် ​၄၀လောက် ​သေဆုံး ခဲ့တယ်လို့ ​နိုင်ဂျီးရီးယား ​စစ်တပ်ကပြောပါတယ်။

အဆိုပါ ​လက်နက်ကိုင်အဖွဲ့တွေဟာ ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ​Boko ​Haram ​အဖွဲ့ဖြစ်နိုင်တယ် လို့ ​ဆိုပါ တယ်။

နိုင်ဂျီးရီးယား ​စစ်တပ်ရဲ့ ​အဆိုအရ ​လက်နက်ကိုင်သမားတွေဟာ ​ညအချိန် ​အိပ်ပျော်နေတဲ့ ​ကျောင်း သားတွေ ကို ​၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ​ကျောင်းစာသင်ခန်းတွေကိုလည်း ​မီးရှို့ခဲ့တယ်လို့ ​ပြောပါ တယ်။

လက်ရှိအခြေအနေအရ ​ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ​နိုင်ငံဂျီးရီးယားနိုင်ငံ ​အရှေ့မြောက်ပိုင်းပြည်နယ်ကို ​အရေးပေါ် အခြေ အနေ ​ကြေညာ ထား တယ်လို့ ​သိရပါတယ်။

တဆက်တည်းမှာပဲ ​အီရန်နိုင်ငံ ​Baghdad ​မြို့မှာလည်း ​အသေခံဗုံးခွဲမှုတစ်ခုကြောင့် ​လူပေါင်း ​၂၄ဦးသေ ဆုံးခဲ့ပြီး ​၂၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ​သိရပါတယ်။ ​အခု ​အသေခံ ​ဗုံးခွဲတိုက်ခိုက် ​မှုနဲ့ဆိုရင် ​စက်တင် ဘာလ အတွင်းမှာပဲ ​ပဋိပက္ခကြောင့် ​သေဆုံးသူအယောက်ပေါင်း ​၇၉၀ ​ရှိသွားပြီး ​ဒီတနှစ်အတွင်းဆိုရင် ​သေဆုံးသူ ​အယောက်ပေါင်း ​၄၆၀၀ ​ကျော်သွားပြီးလို့သိရပါတယ်။

Related Posts Plugin for WordPress, Blogger...