Saturday, September 28, 2013

NLDငွေရတုပွဲတွင် တက်ကြွလှုပ်ရှားသူ မစုစုနွေး မောင်းထုတ်ခံရ




From : .. အိမ့်သံစဉ် ~
ဧရာဝတီ











မစုစုနွေး ရုံးရှေ့တွင်တားဆီး၊ အဖယ်ရှား ခံနေရစဉ်၊ ဓာတ်ပုံ- Su Su Nway
စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် ပါတီရုံးချုပ်မှာ စည်စည်ကားကား ကျင်းပခဲ့ ပါတယ်။

အဲဒီအခမ်းအနားကို NLD ပါတီမှာ တက်တက်ကြွကြွ လူ့အခွင့်အရေး၊ လယ်သမားအရေး တက်ကြွ လှုပ်ရှားတဲ့ ထန်းမနိုင်ရွာသူ မစုစုနွေးက တက်ခွင့် မရခဲ့ဘူးလို့ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသား ထားပါတယ်။

ဘာကြောင့်များ မစုစုနွေးဟာ NLD ပါတီ ရဲ့ မွေးနေ့ပွဲ တက်ခွင့်မရတာလဲ၊ ဒီလို တက်ခွင့်မရလို့ မစုစုနွေး ဘာတွေ ပြောထားလဲဆိုတာ...

"ဒီနေ့ကျရောက်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ဆယ့်ငါးနှစ့်ပြည့် ငွေရတုအခမ်းအနားကို ကျွန်မ သွားပါတယ်။ 1990 ခုနှစ်၊ အသက်(၁၈)နှစ် ပြည့်ကတည်းက ဝင်ရောက်ခဲ့တဲ့ ပါတီ။ ကျွန်မဘဝရဲ့ အချိန် ထက်ဝက်ကျော် ပေးဆပ်ခဲ့တဲ့ ပါတီ။ စစ်အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးကို ကျွန်မတတ်စွမ်းနိုင်သလောက် အတူတူ ရုန်းကန်ရင်ဆိုင်ခဲ့ရတဲ့ ပါတီမို့ ကျွန်မနဲ့လည်း သက်ဆိုင်တယ်လို့ ယူဆပြီး သွားရောက်ခဲ့တာပါ။ အတူတူ လက်တွဲ ရင်ဆိုင်ခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေနဲ့ ဆုံဆည်းချင်တာလည်းပါ ပါတယ်။ ဒါပေမဲ့ အခန်းအနားကျင်းပတဲ့ အရှေ့နားမှာတောင် ကျွန်မ ရပ်ခွင့်မရခဲ့ပါဘူး။ ကျွန်မ မသိတဲ့၊ ကျွန်မကိုလည်း မသိတဲ့ ပါတီဝင် လုံခြုံရေးတာဝန်ကျတွေက ခန်းမထဲကို ဝင်ခွင့်မပေးတဲ့အပြင်၊ အရှေ့မှာ လာ မရပ်ဖို့တောင် တားဆီးဖယ်ရှားခဲ့ကြပါတယ်။ ဒါ့ကြောင့် NLD ငွေရတုပွဲကို ပါဝင်ဆင်နွှဲ ခွင့်မရခဲ့ပါဘူး။ 1990 ကတည်းက ပါတီနဲ့အတူ တက်ကြွစွာ လှုပ်ရှားခဲ့ကြ သူတွေ အတော်များများလည်း ကျွန်မလိုပဲ ဝင်ခွင့်မရခဲ့ကြပါဘူး .... ။ "




ဒီလို မစုစုနွေးက ရေးသား ထားတဲ့အတွက် သူ့ ဖေ့စ်ဘုတ်မှာ မှတ်ချက်တွေပေးထားကြတာလည်း မနည်းပါဘူး။ဒီအထဲက တခုက "မစုစုနွေးလိုသူတစ်ယောက်ကိုတောင် မသိတာတော့ တော်တော်လွန်လွန်း ပါတယ်" လို့ ဆိုထားပါတယ်။

ဒါဟာ NLD ပါတီအတွက် ကောင်းမွန်တဲ့ လက္ခဏာ တခုတော့ မဟုတ်ဘူးလို့ ဆိုလာသူတွေလည်း မနည်းပါဘူး။

ပလပ်ဆိုက်အမျိုးသမီးများအား ယောက်ျားများပိုပြီးစိတ်ဝင်စား








Facebook ကို like လေးပေးစေချင်ပါတယ်

“PloS ONE” ဂျာနယ်တွင်၊ လန်ဒန် ဝက်စ်မင်စတာ တက္ကသိုလ်မှ သုတေသီများ၏ လေ့လာ ရေးသားထားချက် များအရ အမျိုးသားများသည် ခပ်ဝဝအမျိုးသမီးများအပေါ်တွင် စိတ်ဝင်စားမှုပိုမိုကြောင်း ရေးသားထားသည်။ သို့သော် အဝလွန်ကဲသူများကိုမူ စိတ်ဝင်စားမှုနည်းကြသည်ဟုဆိုသည်။

ဒေါက်တာ တိုဗီး မာတင်က “ကိုယ်ခန္ဓာအချိုးအစားဆိုတာ ပတ်ဝန်းကျင်၊ အလေ့အထတွေနဲ့လည်း သက်ဆိုင် တယ်။ သာမန်လောက်ဝတာ အတိုးအလျှော့ လုပ်လို့ရပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အနေ အထားကိုလိုက်ပြီး သူတို့အပေါ် သုံးသပ်လို့ရတယ်” ဟုပြောကြားသည်။

သုံးသပ်ချက်များအရ ပိန်သောအမျိုးသမီးများ အပေါ်တွင် ယောက်ျားတို့ စိတ်ဝင်စားမှုမှာ သာမန်အနေအထား လောက်သာဖြစ်ကြောင်း၊ ပိန်သောသူ ရောဂါထူသဖြင့်လည်း စိတ်ပျက်ခြင်းဖြစ်နိုင်ကြောင်း၊ ပိန်သောအမျိုးသမီး များသည် ရာသီပုံမှန်မဆင်းခြင်း၊ ကိုယ်ဝန်ဆောင်နိုင်ရန် ခက်ခဲခြင်းစသည့် အကြောင်းအချက်များကြောင့်လည်း ဝသောအမျိုးသမီးများထက် စိတ်ဝင်စားမှုနည်းရခြင်းဖြစ်ကြောင်း ဆောင်းပါးရှင် တိုဗီး မာတင်က လေ့လာ သုံးသပ်ပြထားသည်။

Miss Tourism Queen International 2013 ပြိုင်ပွဲဝင် ခင်လပြည့်ဇော်ကို အီးမေးလ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့

Facebook ကို like လေးပေးစေချင်ပါတယ်





ပန်းမြတ်ဇော် | သောကြာနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၁၇ မိနစ်

Miss Supranational Myanmar မှ စီစဉ်သူများမှ Miss Tourism Queen International ပြိုင်ပွဲကျင်းပသူများအား ပေးပို့ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပလျက်ရှိသည့် Miss Tourism Queen Inter- national 2013 ပြိုင်ပွဲတွင် ယှဉ်ပြိုင်လျက်ရှိသည့် ခင်လပြည့်ဇော်အား အီးမေးလ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ယခုပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီခြင်းမရှိသူဖြစ်သည့်အပြင် မြန်မာနိုင်ငံကိုယ်စားပြုရွေးချယ်ရာတွင်လည်း တရားမျှတမှု မရှိသည့်အပြင် ရွေးချယ်ရန် တာဝန်ကျသည့် အေဂျင်စီမှာ တရားဝင်လိုင်စင်မရှိသည့် အေဂျင်စီဖြစ်ကြောင်း စသည့်အချက်များကို ထည့်သွင်းရေးသားထားသည်။ ဒါ့အပြင် ပေးပို့သူ Miss Supranational Myanmar Organizationမှ ကိုဝေယံအောင်ကပေးပို့သည့်အနေဖြင့် ယခုပွဲစီစဉ်သူများကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပေးပို့မှုများကြောင့် ပွဲတာဝန်ရှိသူများက ခင်လပြည့်ဇော်၏ စီစဉ်သူ Star & Model Int'L အား ပြန်လည်အကြောင်းကြားခဲ့ပြီး ခင်လပြည့်ဇော်၏ ယှဉ်ပြိုင်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများလည်း ရှိခဲ့သည်။


“ဒီမေးလ်က ဘယ်သူပို့မှန်းလည်းမသိဘူး။ ကျွန်တော့်ဆီကို ရောက်လာတဲ့အတွက် ပထမပိုင်းတုန်းကတော့ ကျွန်တော့်အနေနဲ့ စိတ်ကသိကအောက်ဖြစ်ပြီး ဖေ့ဘွတ်ပေါ်မှာတင်ခဲ့ပါတယ်။ ခင်လပြည့်ဇော်နဲ့ ပတ်သက်ပြီးတော့လည်း ဟိုဘက်က တာဝန်ရှိတဲ့သူတွေနဲ့ ပြောဆိုခဲ့ပါတယ်။ မေးလ်မှာဖော်ပြထားတဲ့ လိပ်စာက တကယ့် လိပ်စာဟုတ်မဟုတ် ပြန်လည် စုံစမ်းဖို့ပါ။ ခင်လပြည့်ဇော်က ဟိုမှာ တစ်ပွဲတောင် ယှဉ်ပြိုင်လို့ ပြီးသွားပါပြီ။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အီးမေးလ်လိပ်စာမှာ ဖော်ပြထားတဲ့ အေဂျင်စီကို တရားစွဲဖို့တို့၊ ဘာတို့ စတဲ့ အစီအစဉ်တွေ ဘာမှမရှိပါဘူး”ဟု စတား မော်ဒယ်လ်အေဂျင်စီက ဂျွန်လွင်က မဇ္ဈိမသို့ဖြေကြားခဲ့သည်။

အီးမေးလ်တွင် ပေးပို့သူအဖြစ် ဖော်ပြထားသည့် ကိုဝေယံအောင်က “ဒီမေးလ်က ကျွန်တော်တို့ ပေးပို့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့သုံးတဲ့ မေးလ်လိပ်စာလည်း မဟုတ်ပါဘူး။ ကိုဂျွန်လွင်နဲ့လည်း အဆက်အသွယ်ရပါပြီ။ ကျွန်တော်တို့မဟုတ်ကြောင်းလည်း ရှင်းပြပြီးပါပြီ။ Miss Tourism Queen International ရယ်၊ Miss Myanmar.org ဘက်ကို စုံစမ်းကြည့်ဖို့ အကြံပြုခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘက်ကလည်း ဖြေရှင်းချက်ထုတ်မှာပါ”ဟု တုံ့ပြန်ဖြေကြားခဲ့ပါသည်။

အဆိုပါပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲကို အောက်တိုဘာလ ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ Dynasty Brand Promotion မှ ဦးစီးကျင်းပခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၉၀ ကျော်မှ မော်ဒယ်လ်များ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ကုလားလို့ခေါ်ရင် မိမဆုံးမ ဖမဆုံးမ ဆရာမဆုံးမ ဖြစ်အောင်ဒေါ်စုပြော



အော်... ဟိုးရှေးပဝေသဏီထဲက ခေါ်လာခဲ့တဲ့ ကုလားကို ကုလားလို့ ခေါ်ရင် မိမဆုံးမ ဖမဆုံးမ ဆရာ မဆုံးမ ထားတဲ့ သူတွေ ဖြစ်အောင် ဒေါ်စုက ပြောခဲ့ပါတယ်...

ဒေါ်စု ကုလားကို ချစ်ပုံက ကုလားကို ကုလားလို့ ခေါ်ခဲ့တဲ့ ကိုယ့်အဖေ ဗိုလ်ချုပ်အောင်ဆန်းကိုလဲ မိမဆုံးမ ဖမဆုံးမ ဆရာ မဆုံးမ ဖြစ်အောင် ပြောထားလေရဲ့....

သူပြောတဲ့ အတိုင်းသာ ဆိုရင် ဟိုးရှေးတုန်းက တင်စားပြီး ခေါ်ရလွယ်အောင် ခေါ်ခဲ့တဲ့ ကုလား ဆိုတဲ့ နာမည်ကို မသုံးပဲ ဒေါ်စုပြောသလို ခေါ်ရအောင် ခင်ဗျားက ဘာလူမျိုးလဲ အိန္ဒိယမျိုးနွယ်လား... ဘင်္ဂလီမျိုးနွယ်လား ဆိုပြီး လိုက်မေးရမယ့် ပုံပဲ... ကုလားအော်သီးတို့... ကုလားထိုင်တို့... ကုလားပဲ... တို့... ကိုလဲ ဘယ်လို ခေါ်ရပ...

အင်းးးး ဒေါ်စုလက်ထပ်ရောက်တော့မှပဲ ကုလားကို ကုလားလို့ ခေါ်ရင် မိမဆုံးမ ဖမဆုံးမ ဆရာမဆုံးမ သူ ဖြစ်တော့လေရဲ့...

(မှတ်ချက် - အခုလို ပြန်တင်တယ် ဆိုတာ ဒေါ်စု ဒီလိုတွေ ပြောခဲ့တယ် ဆိုတာကို မယုံဘူး ဆိုတဲ့ သူတွေ အတွက်ပါ)


Thway Thit Sar

Friday, September 27, 2013

"သိလျက် အပြစ်ကျူးလွန်သူနှင့် မသိ၍ အပြစ်ကျူးလွန်သူ မည်သူက ပိုအပြစ်ကြီးသနည်း..."







••••••••••••••••••••••••••


Q. အရှင်ဘုရား…
မကောင်းမှုအကုသိုလ် တစ်ခုခုကို ကျူးလွန်ရာတွင် အပြစ်ရှိမှန်းသိလျှက် ကျူးလွန်သူနှင့် အပြစ်ရှိမှန်းမသိ၍ ကျူးလွန်သူ မည်သူက ပိုပြီးအပြစ်ကြီးပါသနည်း။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။ ဦးတင်ပါတယ်ဘုရား။
(မျိုးအောင်)

A.ကမ္မနိယာမ သဘောအရ အပြစ်ရှိပါလျက်
အပြစ်မရှိဘူးလို့ ထင်မြင်ခြင်း(အပြစ်ကို အပြစ်လို့ မသိခြင်း)
ဟာ မှားယွင်းတဲ့အမြင်၊ မှားယွင်းတဲ့အယူဖြစ်လို့
"မိစ္ဆာဒိဋ္ဌိ" ဖြစ်ပါတယ်။

ဒီလို မိစ္ဆာဒိဋ္ဌိအယူရှိပြီး အပြစ်မရှိဘူးလို့ ယူဆကာ
အပြစ်ကို အပြစ်မမြင်တဲ့ ပုဂ္ဂိုလ်ဟာ မကောင်းမှုကို
ပြုလုပ်တဲ့အခါ ကြောက်ရွံ့ခြင်းမရှိ
ရဲရဲတင်းတင်း ပြုလုပ်မိတတ်ပါတယ်။
အဲလို မကြောက်မရွံ့ပြုလုပ်တဲ့အတွက် အကုသိုလ်ရဲ့
အကျိုးပေးမှုဟာလည်း ပိုပြီးကြီးလေးတတ်ပါတယ်။


♦ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့ သံတုံးသံခဲတွေကို
ရွှေလို့ထင်ပြီး ကိုင်တဲ့သူဟာ ပိုပြီးပြင်းထန်နာကျင်စွာ
ပူလောင်ခံရသလို အပြစ်ကို အပြစ်လို့မသိဘဲ
ကျူးလွန်သူအတွက် အကုသိုလ်ရဲ့ အကျိုးပေးမှုဟာလည်း ပိုပြီးပြင်းထန်တတ်တဲ့သဘောပါ။

♦ ဒီလိုပါပဲ အပြစ်ကို အပြစ်လို့ သိပြီး ကျူးလွန်တဲ့သူဟာ
မလွဲမရှောင်သာလို့ လုပ်ရပေမယ့် အပြစ်လို့သိနေတဲ့အတွက် ကြောက်ရွံ့တွန့်ဆုတ်ပြီး လုပ်ရတဲ့သဘောရှိပါတယ်။

ဒီလို အသိရှိနေတဲ့အတွက်လည်း ကျူးလွန်ရပေမယ့်
ထိမ်းထိမ်းသိမ်းသိမ်း ကျူးလွန်လေ့ရှိပါတယ်။
အဲဒါကြောင့် တန်ပြန်သက်ရောက်တဲ့ အကုသိုလ်
အကျိုးဟာလည်း ပြင်းပြင်းထန်ထန် ကြီး မလာတတ်ပါဘူး။

♦ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့
သံတုံးသံခဲတွေကို မီးရဲရဲတောက်နေတာကို
သိတဲ့အတွက် မလွဲသာလို့ ကိုင်ရပေမယ့်
အပူသက်သာအောင်ကိုင်တဲ့ သဘောမျိုးပါ။

ဒီလိုဆိုရင် ရာဇသတ်ဥပဒေကိုလည်းကောင်း ဘုရားပညတ်တော်ကိုလည်းကောင်း သိလျက်
လွန်ကျူးသူတွေဟာ လောကကြောင်းအရ
ဘာကြောင့် ကြီးလေးတဲ့အပြစ်ကို ခံရတာလဲလို့
စောဒက တက်စရာရှိပါတယ်။ မှန်ပါတယ်။

♦ လောကကြောင်းအရ သတ်မှတ်ထားတဲ့
ဥပဒေစတာတွေကို သိလျက်ကျူးလွန်တဲ့သူဟာ
ဒီဥပဒေပညတ်ချက်များကို ကျူးလွန်တဲ့အပြစ်အပြင် ဥပဒေပညတ်စတာတွေကို မလေးစားတဲ့
အဂါရ၀စိတ်များပါ ရှိနေတဲ့အတွက် လောကကြောင်းအရ သိလျက်နဲ့ကျူးလွန်တာဟာ ပိုပြီးကြီးလေးတဲ့ အပြစ်ဖြစ်တာပါ။
ဒါ့အပြင် ဒီဥပဒေ ပညတ်များကို မသိနားမလည်ခြင်းဟာ
မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိ မဟုတ်ပါ။

သတိမမူမိလို့ မောဟဖုံးလွှမ်းမှုသာဖြစ်ပါတယ်။
ဒါကြောင့် လောကသတ်မှတ်ချက် ဥပဒေများ၊
ဝိနည်းပညတ်ချက်များကို မသိလို့ ကျူးလွန်ခြင်းဟာ ဥပဒေပညတ်တဲ့ပုဂ္ဂိုလ်များကို မလေးစားတဲ့
အဂါရ၀စိတ် မရှိတဲ့အတွက် အပြစ်ပေးတဲ့အခါလည်း
ညှာညှာတာတာပေးခြင်း ဖြစ်ပါတယ်။
အပြစ်ခံရတဲ့အခါမှာလည်း သိလျက်ကျူးလွန်သူထက် ပိုပြီးလျော့လျော့ပေါ့ပေါ့ပဲ ခံရခြင်းဖြစ်ပါတယ်။
(မဟာဂန္ဓရုံဆရာတော်ရဲ့ သဂြိုဟ်ဘာသာဋီကာကို ကိုးကားပါသည်။)

ဒါကြောင့် အချုပ်ပြောရရင် အကုသိုလ်အပြစ်ကို
အပြစ်လို့ မမြင်တာဟာ မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိဖြစ်တဲ့အတွက်
အပြစ်ကို အပြစ်လို့မသိဘဲ ကျူးလွန်တာနဲ့
အပြစ်ကိုအပြစ်လို့ သိပေမယ့် မလွဲမရှောင်သာလို့
ကျူးလွန်လိုက်ရတာ နှစ်မျိုးမှာ အပြစ်ကို မသိဘူးဘဲ
ကျူးလွန်တာက ပိုပြီးကြီးလေးပါတယ်။
လောကကြောင်းအရ သတ်မှတ်ချက်များမှာတော့
သိလျက်ကျူးလွန်တာက ပိုပြီးအပြစ်ကြီးပါတယ်။

- [ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]

လိင်တူဆက်ဆံတဲ့ မိန်းမတွေက ယောက်ျားတွေထက် ပိုအတင့်ရဲကြောင်း လေဒီဂါဂါ ပြော

Facebook  ကို like ပေးစေချင်ပါတယ် ချစ်ပရိတ်သတ်ကြီးရယ်





အမေရိကန်ပေါ့(ပ်) အဆိုတော် လေဒီဂါဂါ ဟာ လိင်ဆက်ဆံခဲ့တဲ့မိန်းမတွေနဲ့ တန်းတူစွမ်းအင်ရှိတယ်လို့ ယုံကြည်ရတဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့မှ ချစ်နိုင်မှာ ဖြစ်ကြောင်း Watch What Happens Live ရုပ်သံအစီအစဉ်မှာ ၁၄-၉-၂၀၁၃ နေ့က ဖွင့်ပြောလိုက်ပါတယ်။ "လိင်တူ ဆက်ဆံတဲ့ မိန်းမတွေဟာ လိင်ကွဲ ဆက်ဆံတဲ့ ယောက်ျားတွေထက် ပိုပြီး အတင့်ရဲကြမှန်း ကျမသိရလို့ သူတို့ကို ပိုပြီးနှစ်သက်ပါတယ်။ ကျမ ချစ်ခဲ့ဖူးတဲ့ လိင်တူဆက်ဆံသူ မိန်းမတစ်ယောက်လောက် သန်စွမ်းတဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့မှ သူ့ကို ကျမချစ်နိုင်မှာပါ" လို့ ပြောပါတယ်။ ယခုအခါ ရုပ်ရှင်မင်းသား တေလာကင်နီနဲ့ ဂါဂါဟာ လိင်နဲ့ ပတ်သက်လို့ အဲဒီစကားပြောကြားတာဟာ တေးချစ်ပရိသတ်တွေ သွေးလန့်စေချင်လို့ မဟုတ်ပဲ မိန်းမတွေကို သူအမှန်တကယ် စိတ်ဝင်စားလို့ ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားပါတယ်။

8 Day

ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက တရားရင်ဆိုင်ရန် အသင့်ရှိဟု ၀ဲကြီး တောင်သူများဆို

Facebook


ထုတ်ပြန်ထားသည့် ဥပဒေအတိုင်း ဘက်လိုက်မှုမရှိ မှန်မှန်ကန်ကန် ဆောင်ရွက်မည်ဆိုပါက
တရားရင်ဆိုင် သွားမည်ဟု နေပြည်တော်နယ်မြေ၌ ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သည့်
ဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် တောင်သူများက စက်တင်ဘာလ ၂၃ ရက်နေ့က မြန်မာတိုင်း(မ်)ကို
ပြောသည်။

ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာနေ တောင်သူလေးဦးကို (ပ)၆၁/၂၀၁၃၊ (ပ)၆၂/၂၀၁၃၊ (ပ)၁၀၄/
၂၀၁၃၊ (ပ)၁၀၅/၂၀၁၃ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁) အမှု
အတွက် တရားခံဟု သတ်မှတ်၍ စက်တင်ဘာလ ၁၉ ရက် နေ့ နံနက် ၂ နာရီတွင် ရဲတပ်ဖွဲ့ဝင်
၂၀ ခန့် က လက်နက်အပြည့်ဖြင့် ၀င်ရောက် ဖမ်းဆီးခဲ့ရာမှ ရဲတပ်ဖွဲ့နှင့်ရွာသား များ အချင်းများမှု
ဆက်လက်ဖြစ်ပွားခဲ့သည်။

ရွာသားများက ၀ိုင်းဝန်းကာ လာ ရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များ ကို ဖမ်းဆီးချုပ်နှောင်ထား
သည့်အတွက် ရဲတပ်ဖွဲ့က အင်အားဖြင့် ပြန် လည်သွားရောက် ကယ်တင်မှု ဆောင်ရွက်ခဲ့ရသည်ဟု
သိရသည်။

"တကယ်ဆို သူတို့အနေနဲ့ အခင်း ဖြစ်ချိန်တုန်းက အဖမ်းမခံချင်လို့ ပြေး မယ်ဆိုလည်း ပြေးလို့ရ
တယ်။ ကျွန်တော် တို့ကိုတော့ ဘာမှပြန်မလုပ်သင့် ဘူး။ ပြေးရင်လည်း ကျွန်တော်တို့က ဖမ်းဖို့ပဲ
ရှိတယ်။ ရွာသားတွေကို ဘာမှ ပြန်ခုခံဖို့ မရှိပါဘူး။ အခုက ဖြေရှင်း နည်း မှားနေတယ်။ ပြီးတော့
ဒီလို အော်မယ်၊ ဒီလို လုပ်မယ်ဆိုပြီး အစီ အစဉ်တကျ လုပ်တယ်လို့ ထင်တယ်"ဟု ပုဗ္ဗသီရိမြို့နယ်၊
နယ်ထိန်း ဒုရဲအုပ် ၀င်းဘိုက ပြောသည်။

ဖမ်းဆီးသည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထပ်မံဖြစ်ပွားသည့်အချင်း ကိစ္စကို ဇေယျာသီရိ
မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက ၀ဲကြီးရွာသား ငါးဦး ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၃၃/ ၂၉၄/
၁၁၄ ဖြင့် အမှုဖွင့်အရေးယူပေး ပါရန် ကျည်တောင်ကန်နယ်မြေရဲ စခန်းသို့ ထပ်မံတိုင်ကြားထား
ကြောင်း သိရသည်။

အထက်ပါတိုင်ကြားစာ၌ ရဲတပ်ဖွဲ့ ၀င်များသည် တရားခံလေးဦးကို ဖမ်းဆီးရန် သက်သေ
ဆယ်အိမ်မှူး၊ ရပ်မိ ရပ်ဖနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဖြင့် ၀င်ရောက်ဖမ်းဆီးစဉ် တရားခံကိုဖမ်းဆီး
ရမိခဲ့သော်လည်း တရားခံမိသားစု များက သူခိုး၊ ဓားပြ၊ မီးမီးဟု အော်ဟစ်ခြင်းကြောင့် ရွာသားများ
ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံရာတွင် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးကို ရွာသားများက ရွာပြင်
သို့ပြန်မထွက်နိုင်အောင် ပိတ်ဆို့ဝိုင်းထားခဲ့သည်ဟု ပါရှိသည်။ ထို့အတွက် စက်တင်ဘာလ
၁၉ ရက် နေ့၊ နံနက် ၅ နာရီတွင် ရဲတပ်ဖွဲ့အင်အား ဖြင့် ကယ်ထုတ်ခဲ့ရသည်ဟု ဆိုသည်။

"ဖမ်းဆီးစဉ် ပါလာတဲ့ ဆယ်အိမ်မှူး က ဟိုဘက်ရွာကပါ။ ကိုယ့်ရွာက ပါမလာတာတော့ သေချာ
တယ်။ ၀ဲကြီး ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း တကယ်တမ်း နေတာက ကိုယ့်မြို့နယ်ထဲမှာမနေ
ဘူး။ ဇေယျာသီရိအုပ်စုထဲ မှာ နေတယ်။ အိမ်ပေါ်ကို အကြမ်းဖက်ဆန်ဆန် တက်လာတယ်။
လည်ပင်းကို နင်းပြီး လက်ထိတ်ခတ်တယ်။ ဒါလား ပြည်သူတွေအတွက် ပြည်သူ့ရဲဆိုတာ" ဟု
ရွာသားတစ်ဦးက ပြောသည်။

"တရားရင်ဆိုင်ရမှာ ကြောက်လို့ မဟုတ်ပါဘူး။ တပ်ချင်တဲ့ပုဒ်မတပ်၊ ညှဉ်းပန်းနှိပ်စက်ပြီး ဖမ်းဆီး
တာတွေကို ဘယ်လိုမှ လက်မခံနိုင်လို့ပါ။ ကိုယ်တွေဘက်ကနေ တရားဥပဒေအတိုင်း ခိုင်ခိုင်မာမာ
ရပ်တည်ပေးမယ့် ကိုယ်စားလှယ်တေ၊ွ အဖွဲ့အစည်းတွေနဲ့ဆို ရင်ဆိုင်သွားမှာပါ။ လာရောက်ဖမ်းဆီး
စဉ်က အခြေအနေကို ဘာမှ ထပ်မပြောချင်ဘူး။ "အမှန်အတိုင်း သိချင်တယ်ဆို အိမ်ခြေ ၃၈၀
ကျော်ရှိတဲ့ ၀ဲကြီးရွာသားတွေကို လာမေးကြပါ"ဟု ကိုဇော်လတ် မိသားစုဝင် တစ်ဦးကပြောသည်။

"အမှန်တကယ် ကျူးလွန်တဲ့သူ တွေကိုဘဲ ဥပဒေအကြောင်းအရပဲ ဆောင်ရွက်သွားမယ်။ ဒါက
သူတို့အခု လိုလုပ်တယ်ဆိုပြီး ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ခြင်း မဟုတ်ဘူး။ နောက်ပြီး ဥပဒေအရ
သာ ဆောင်ရွက်ခြင်းဖြစ်တယ်"ဟု ကျည်တောင်ကန်စခန်းမှူး ရဲအုပ်စိန်သောင်းက စက်တင်ဘာလ
၂၁ ရက်နေ့တွင် ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနပိုင်မြေ ပေါ်တွင် ၀ဲကြီးရွာသားများက လယ်ယာမြေ ၀င်ရောက်ခုတ်ထွင်
ရှင်းလင်းခဲ့ရာမှ အဆိုပါ အမှုများ စတင်ဖြစ်ပွား လာခြင်းဖြစ်သည်ဟု ဆိုသည်။

"ခုတ်ထွင်ရှင်းလင်းတဲ့ လယ်ထဲမှာ ယူကလစ်ပင်ပါလို့ ဆိုရင်တော့ နိုင်ငံအနှံ့မှာ ခရိုနီအုပ်စုကြီးတွေ
ကို လုပ်ပိုင်ခွင့်ပေးထားတဲ့ မြေကွက်တွေထဲက ယူကလစ်ပင်တွေ ခုတ်လိုက်တာတွေကိုရော
ဘယ်ပုဒ်မနဲ့အရေးယူတာရှိခဲ့ဘူးလဲ။ ကျွန်တော်တို့လယ်ထဲက ယူကလစ်ပင်ကိုလည်း ကျွန်းလို့ဆို
ပြန်တယ်။ ယူကလစ်ငုတ် ရှိပါတယ်။ လာကြည့်ကြပါ"ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ၀ဲကြီး ရွာသားများ ဖြစ်ပွားနေသည့် လယ်ယာ မြေပြဿနာများတွင်
ပြန်ကြားရေးဘက်မှ ထိုက်တန် သည့်နစ်နာကြေးပေး အပ်ပြီးဟု ဆိုသော်လည်း ယခုအမှုဖွင့်ခံထား
ရသည့်တောင်သူ ၁၀ ဦးကမူ မည်သည့်လျော်ကြေး၊ နစ်နာကြေးတို့ ကိုမှ ရရှိခြင်း မရှိသေးဟု
ဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့အထိ သိရှိရသည်မှာ ဆေးရုံရောက်ထိခိုက်ဒဏ်ရာရ ရဲတပ်ဖွဲ့ခုနစ်ဦးကို
စစ်ဆေးခြင်း၊ မင်္သာကာဖွယ် ရွာသားများကို ဖမ်းဆီးစစ်ဆေးခြင်းများ ဆောင်ရွက် ရန်စီစဉ်လျက်
ရှိသည်ဟု ဆိုသည်။

တရားစွဲဆိုခြင်းခံထားရသည့် ရွာသား ၁၀ ဦးတို့အနက် လက်ရှိအချိန်တွင် လေးဦးမှာ ထွက်ပြေး
တိမ်းရှောင်နေပြီး ကျန်ရှိသူများမှာ ၀ဲကြီးရွာတွင်အမှုရင်ဆိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

"ဖြစ်တုန်းက ကျွန်တော်မရှိတော့ သိပ်မသိဘူး။ ကျွန်တော့်အနေနဲ့တော့ ဒီကိစ္စမှာ တစ်ရွာလုံးက
ပါဝင်နေတယ်ဆိုပေမယ့် မသက်ဆိုင်တဲ့သူတွေ မပါစေချင်ဘူး။ အဲဒါကြောင့် ရွာသားတွေ အားလုံး
ကို မနစ်နာစေချင်တဲ့အတွက် အမှန်တကယ် အပြစ်ရှိတဲ့သူကိုပဲ တရားဥပဒေအတိုင်း လုပ်စေချင်
တယ်"ဟု ၀ဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက မြန်မာတိုင်း(မ်)ကို ပြောသည်။

စုလှိုင်ထွန်းနှင့် ပြည့်သက်ဖြိုး (မြန်မာတိုင်းမ်)

မန္တလေးရှိ ဟိုတယ်တစ်ခုတွင် နိုင်ငံခြားသားတစ်ဦး ဝတ်လစ်စားလစ်ဖြင့် သေဆုံး

Facebook ကို like ပေးစေချင်ပါတယ်

From : ..the voice

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြိုနယ် ဟေမာဇလရပ်ကွက် ၂၈ လမ်း၊ ၇၆x၇၇ ကြားရှိ ဟိုတယ်တစ်ခုတွင် စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က နိုင်ခြားသားတစ်ဦး အိပ်ရာပေါ်တွင် ဝတ်လစ်စားလစ်ဖြင့် စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ သေဆုံးသူ သြစတြေးလျနိုင်ငံသား Mr.Wayne Gibson Mikchel (၆၈) နှစ်သည် အဆိုပါ ဟိုတယ်သို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တစ်ဦးတည်း တည်းခိုခဲ့ပြီး စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဟိုတယ် သန့်ရှင်းရေးဝန်ထမ်းက သန့်ရှင်းရေး ပြုလုပ်ရန်အတွက် တံခါးခေါက်ရာ တုံ့ပြန်မှု မရှိသဖြင့် ဟိုတယ်ရှိ သော့အပိုဖြင့် ဖွင့်ခဲ့ရာ စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသေဆုံးနေသည့် နိုင်ငံခြားသားကို မန္တလေးဆေးရုံးကြီး ရင်ခွဲရုံတွင် ခွဲစိတ်စစ်ဆေးရာ နှလုံးသွေးကြောပိတ်၊ နှလုံးကြွက်သား ဆွေးမြည့်ရောဂါဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆေးရုံဆေးစာအရ သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဟိုတယ်မန်နေဂျာကို ဆက်သွယ်မေးမြန်းခဲ့ရာ ဟိုတယ်တွင် သေဆုံးခြင်း မဟုတ်ဘဲ ဆေးရုံတွင် သေဆုံးခြင်း ဖြစ်သည်ဟု ၎င်းက ပြန်လည် ဖြေကြားသည်။

သေဆုံးသူ နိုင်ငံခြားသား၏ အနီးတွင် ရေသန့်တစ်ဘူး၊ Red Ruby ဆေးလိပ်တစ်ဘူး၊ CocaCola တစ်ဘူးနှင့် အခြားဆေးကတ်များ (စိစစ်ဆဲ) တွေ့ရှိပြီး အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ မြို့နယ်ရဲစခန်းများ၊ အမှတ် (၁၃) မှုခင်းတပ်ဖွဲ့စု (မန္တလေး) တို့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လ၀က) အဖွဲ့များက ပူးပေါင်း၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကထပ်မံပြောကြားသည်။

သြစတြေးလျ နိုင်ငံသား၏ အခန်းအတွင်းမှ တွေ့ရှိသော ခရီးဆောင်အိတ် အတွင်းမှ Canon အမျိုးအစား ကင်မရာအကြီးတစ်လုံး၊ မှန်ဘီလူးသုံးခု၊ Sony ကင်မရာ အသေးတစ်လုံး၊ှ Samsung အမျိုးအစား လက်ကိုင်ဖုန်း အခွံနှစ်လုံး၊ မြန်မာငွေ ၅၀၀၀ ကျပ်တန် ၄၉ ရွက်၊ ၁၀၀၀ တန် နှစ်ရွက်၊ ၂၀၀ တန် နှစ်ရွက်၊ ၁၀ တန် တစ်ရွက်၊ စင်ကာပူဒေါ်လာ ၁၀ တန် နှစ်ရွက်၊ ၅ ဒေါ်လာ တစ်ရွက်၊ ၂ ဒေါ်လာ တစ်ရွက်၊ တရုတ်ယွမ် ၁၀၀ တန် ငါးရွက်၊ ၅ ယွမ်တန် သုံးရွက်၊ ၂၀ ယွမ်တန် သုံးရွက်၊ ၁၀ ယွမ်တန် တစ်ရွက်၊ ၁ ယွမ်တန် သုံးရွက်၊ သြစတြေးလျ နိုင်ငံသုံးငွေ ၁၀၀ တန် ၂၀ ရွက်၊ အမေရိကန် တစ်ဒေါ်လာတန် နှစ်ရွက်နှင့် အခြားအသုံးအဆောင် ပစ္စည်းများ ၅၁ မျိုးကို ဒုတိယ လဝကမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဟိုတယ်မန်နေဂျာနှင့် သက်ဆိုင်ရာ ရဲစခန်းတို့က မှတ်တမ်းပြုစု သိမ်းဆည်းထားကြောင်း အဆိုပါ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၅/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကားရထားနှင့် ပါဂျဲရိုးတိုက်မိ

ချစ်ပရိတ်သတ်များ  Facebook ကို Like ပေးစေချင်ပါတယ်





စစ်ကိုင်းတိုင်းဒေသကြီး တင်းတိမ်ရံမှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကားရထားနှင့် သံလမ်းဖြတ်ကူးသည့် ပါဂျဲရိုးကားတစ်စီးတို့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်က မုံရွာမြို့ အောင်ချမ်းသာ ရပ်ကွက်တွင် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် မြန်မာ့မီးရထား ဝန်ထမ်းများက ပြောကြားသည်။

သံလမ်းဖြတ်ကူးခဲ့သည့်ကားမှာ အင်းရွာသစ်ရပ်ကွက် အောင်မင်္ဂလာလမ်း အတိုင်းအရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကားမှာရထားနှင့် အတူကိုက် ၁၀၀ ခန့်အထိ တွဲလျက်ပါသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူ မုံရွာမြို့ခံများက ဆိုသည်။
“ဒုန်းဆိုပြီး အသံကြီးတစ်သံ ကြားလိုက်ပြီး ရထားလမ်းနဲ့ ပွတ်တိုက်ပြီး ဆွဲသွားတဲ့ အသံကြီးတစ်ခုတော့ ကြားလိုက်ရတယ်။ ကြည့်လိုက်တော့ ရထားရှေ့မှာ ပါဂျဲရိုးကားတစ်စီး ရောက်နေပြီ။ တော်သေးတယ် ကားမောင်းတဲ့သူက ဒဏ်ရာအကြီးအကျယ် မဖြစ်လို့” ဟု ဖြစ်စဉ်အား ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အင်းရွာသစ်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောကြားသည်။

ကားနှင့်ရထားမှာ တွဲလျက် တောက်လျှောက် ပါသွားပြီး ယာဉ်မောင်းသူမှာ ရထားအရှိန်လျှော့သည့်အခါမှ ကား၏ အခြားတံခါးပေါက်တစ်ခုမှ ထွက်ခဲ့ရကာ၊ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။
“မြို့အဝင်ထဲက ရထားကိုအရှိန်လျှော့ပြီး မောင်းနှင်လာခဲ့တာပါ။ လမ်းသွယ်ထဲက ကားကိုအဝေးကနေ လှမ်းမြင်နေရလို့ ဟွန်းရှည်ဆွဲပေမယ့် ကားကမှန်အကုန် ပိတ်ထားတော့ မကြားရဘူး ထင်တယ်။ သံလမ်းပေါ်ထိ ရောက်လာတော့ တိုက်မိခဲ့တာပါ” ဟု တင်းတိမ်ရံမှ မုံရွာသို့ မောင်းနှင်လာသည့် ရထားအမှတ် (၂၁၈) မှ စက်ခေါင်း မောင်းသူတစ်ဦးက ပြောကြားသည်။

အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

Facebook ကို like ပေးစေချင်ပါတယ်


From : ..mizzima


မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ်္မပြုကျင့်ခြင်းခံရသဖြင့် အရေးယူပေးရန် စက်တင်ဘာ ၂၅ ရက်က အမှုဖွင့် တိုင်တန်းထားသည်။

အမှုတွင် စက်တင်ဘာ ၂၀ ရက်နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ်နေ ဦး-----(၅၃)နှစ်က အိပ်ရာထစဉ် အတူနေ သမီး ဖြစ် သူမ----(၁၈)နှစ်၏ လုံချည်တွင် သွေးများပေနေသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခြင်း ခံရသည်ကို သိရှိခဲ့ကြောင်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သမီးဖြစ်သူက ပြောပြရာတွင် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီအချိန်က နေအိမ်တွင် မီးပျက်နေသဖြင့် လမ်း အတွင်းရှိ ဈေးဆိုင်သို့ ဖယောင်းတိုင် သွားဝယ်ရာမှ ဈေးဆိုင် မရောက်ခင် လမ်းတွင် ပြစ်မှုကျုးလွန် ခံရခြင်း ဖြစ်သည်ဟုလည်း ဖခင်က ရဲကို ထွက်ဆိုထားသည်။

သူမမှာ လမ်းအတွင်းတွင် မျိုးမင်းထိုက် (၃၂)နှစ် မင်္ဂလာဒုံမြို့နယ်နေသူ ပါသုံးဦးကို အရက်မူးလာသည်ကို တွေ့ရှိ ခဲ့ရသည်ဟု ဆိုထားသည်။ ထို့နောက် အမည်မသိသူ နှစ်ဦးက သူမအား လမ်းဘေးသို့ ဆွဲချ၍ မျိုးမင်းထိုက်က သားမယားပြုကျင့်ခဲ့ပြီးကျန်နှစ်ဦးကလည်း ဘေးမှ နေ၍ မဖွယ်မယာပြုလုပ်ခဲ့ကြသည်ဟု ရဲအား တိုင်တန်းထွက်ဆို ထားသည်။

ထို့ကြောင့် မျိုးမင်းထိုက် အပါအ၀င် သုံးဦးစလုံးကို အရေးယူပေးရန် ကာယကံရှင်၏ ဖခင်ဖြစ်သူက စွပ်စွဲ တိုင်တန်း လိုက်ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကြောင့် မင်္ဂလာဒုံ ရဲစခန်းက စက်တင်ဘာ ၂၅တွင် (ပ)၅၉၅/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထား ရသူ မျိုးမင်းထိုက်ကို ဖမ်းဆီးစစ်ဆေးနေကာ ကျန်နှစ်ဦးကိုလည်း ဖမ်းဆီးရမိရေး စုံစမ်းနေသည်။

ယင်းတို့ကို ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၇၆/၁၁၄ဖြင့် တရား စွဲတင်မည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။

ယင်းနေ့တွင်ပင် အသက် (၁၁)နှစ်အရွယ် ကလေးငယ်အား အသက်(၂၈)နှစ်ရှိ အိမ်ထောင်သည် အမျိုးသားတစ်ဦး က အဓမ္မပြုကျင့်ဟုဆိုကာ တိုင်တန်းထားမှု တစ်ခုကိုလည်း တာမွေရဲစခန်းက(ပ) ၄၁၈/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံး၏ မှတ်တမ်းများအရ သိရသည်။

မုဒိမ်းကြံစည်ကုလားအား ထောင်ဆယ်နှစ်ချမှတ်









"ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း" ခေါင်းစဉ်ဖြင့် 19.4.2013 နေ့က တင်ခဲ့တဲ့ သတင်းထဲက တရားခံ ဦးတင်အေး (ခ)မာမက်ဇလီ (၄၃)နှစ်ကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် (၁ဝ)နှစ် ချမှတ်လိုက်ပါတယ်။
25.9.2013 ရန်ကုန်၊ မြောက်ပိုင်းခရိုင်တရားရုံး (အင်းစိန်)မှာ နောက်ဆုံးစီရင်ချက် အမိန့်ချမှတ်ခဲ့တာပါ။
အမှုအမှတ် (ပ) ၂၅၉/၁၃ဖြစ်ပြီး၊ ပုဒ်မ ၃၇၆/၅၁၁။ ၄၅၈ အရ ထောင်ဒဏ် ငါးနှစ်စီ အသီးသီးကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်။
အဆိုပါ နောက်ဆုံးဒီဂရီချမှတ်ရာနေ့၌ ပြည်သူလူထု ၀ (၁ဝဝ)ဦးခန့်နှင့် ရဟန်းသံဃာ (၂ဝ)ပါးကျော် တက်ရောက် အားပေးခဲ့ကြောင်း သိရပါတယ်။
(ပို့စ်အဟောင်းလေးကို ပူးတွဲ ဖော်ပြလိုက်ပါတယ်။)
"ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်း၍ မုဒိမ်းမှုကို ဖြေရှင်း"
7.4.2013မနက်အစော (3:00)နာရီခန့်မှာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ မုဒိမ်းကြံစည်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက် ကံ့ကော်လမ်းနေဦးသန်းနိုင်+ဒေါ်သူဇာတို့အိမ်မှာ ဖြစ်ပွားခဲ့တာပါ။
သမီးဖြစ်သူ အသက်(၁၂) နှစ်အရွယ်၊ (၇)တန်းကျောင်းသူလေးကိုကြံစည်တဲ့အမှုပါ။ ကြံစည်သူက ဦးတင်အေး(ခ) မာမက်ဇလီ အသက်(၄၃)နှစ် အရွယ်ရှိ မူဆလင်တစ်ဦးဖြစ်ပါတယ်။
ကျောင်းသူလေး အိပ်မောကျနေတုန်း ခြင်ထောင်ထဲဝင်ပြီးလည်ပင်းညှစ်ထားတာပါ။ ကလေးမလေးက မအော်နိုင်လို့ ရုန်းရင်း ကန်ရင်း ခြေထောင်နဲ့ ကြမ်းခင်းဆောင့်သံပြင်းထန်တာကြောင့် မိသားစုများနိုးလားပြီး ခြင်ထောင်လှပ်ကြည့်ရာမှ တွေ့ရှိခဲ့တာပါ။
မာမက်ဇလီက လက်သည်းညှပ်အကြီးစားထဲမှာပါတဲ့ဓားချွန်နှင့်ထောက်ထားပြီး လက်တစ်ဖက် ကလည်းလည်ပင်းညှစ်ရက်ကြီးနဲ့ "ငါ့မထိနဲ့၊ထိရင်ကောင်မလေးကို ထိုးသတ်ပစ်မယ်"ဟု ကြိမ်းဝါးပါတယ်။ ခဲအိုးဖြစ်သူ ကိုအောင်မျိုးဇော်ကနာသလယ်ကိုဖြတ်ကန်လိုက်လို့ မာမက်ဇလီလဲကျသွားတဲ့အခါ ဖခင်ဦးသန်းနိုင်ကပါ ၀င်ချုပ်ဖမ်းဆီးပြီးလက်သည်းညှပ်ဓားကို လုယူနိုင်ခဲ့ပါတယ်။
ဒီအခါ မာမက်ဇလီက သူ့ကို ဝိုင်းရိုက်နေကြပါတယ်ကယ်ပါအုံး အကူအညီတောင်းလို့ တစ်ရပ်ကွက်လုံးလန့်နိုးကုန်ကြပါတယ်။
ဦးသန်းနိုင်က ရွှေပြည်သာလူငယ်ခေါင်းဆောင်ကိုအောင်ကြီးကို ဖုန်းဆက်ခေါ်ပါတယ်။ ကိုအောင်ကြီးက မြို့နယ်ရဲမှူးထံ သတင်းပို့ပြီး ရဲမှူးနှင့်အတူကားနှစ်စီးနဲ့ ထွက်လာကြတဲ့အခါ နယ်ထိန်းခေါင်းဆောင်ရောက်နေပါပြီ။ မာမက်ဇလီကို လက်ထိပ်ခတ်ထားပါပြီ။ မာမက်ဇလီကို တစ်ရပ်ကွက်လုံးက ဝိုင်းရိုက်မယ်လုပ်လို့ ကိုအောင်ကြီးက "ထောက်ခြောက်ထဲဝင်သွားမယ်။ မလုပ်နဲ့"တားလို့ပြည်သူများသဘောပေါက်သွားကြပါတယ်။
ရဲစခန်းမှာ ပုဒ်မ (၃၇၆/၅၁၁- ၃၂၃၊ ၄၅၆) နှင့်စွဲဆိုထားပြီး 10.4.2013 နေ့မှာ ထောင်ကြီးချုပ်သို့ ပို့ထားပါတယ်။
မာမက်ဇလီဟာ အမဲပေါ်(နွား/ဆိတ် သတ်သမား ) ဖြစ်ပြီး၎င်း၏မိန်းမဟာ ဗမာလူမျိုး အစ္စလာမ်ဘာသာဝင်ဖြစ်ကာ မ တရုတ်မလို့ လူသိများတဲ့ ငါးရောင်းသူတစ်ယောက်ပါ။မ တရုတ်မကို တရားဝင်မယား (ကြီး) အဖြစ်ပေါင်းသင်းကာ သားသမီးသုံးယောက်ရှိပါတယ်။ အခြားအမြှောင်မယားသုံးယောက်လုံးကလည်း ဗမာတွေပဲလို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်မှာ ပြဿနာများ ပူပေါင်းဖြေရှင်းဖို့အတွက်ဘာသာပေါင်းစုံအဖွဲ့ ဖွဲ့စည်း ထားတာ 31.3.2013 ရက်နေ့ကဖြစ်ပါတယ်။
မုဒိမ်းကြံစည်မှုဖြစ်လာတဲ့အခါ မူစလင်ခေါင်းဆောင်များနဲ့ညှိုနှိုင်းပြီး ဆောင်ရွက်ခဲ့ရာမှာ မူဆလင်များက မာမက်ဇာလီတို့ရဲ့ ထရံကာကြမ်းခင်းအိမ်ကိုဖျက်ယူရွှေ့ပေးကြတဲ့အပြင် မုဒိမ်းမှုကို ရှုတ်ချကြောင်းပါ ကြေငြာချက်ထုတ်ပြန်ပေးခဲ့ကြပါတယ်။မူဆလင်းခေါင်းဆောင်ကြီးက"သဘာဝကျပါတယ်။ လုပ်ပေးရမှာပေါ့" လို့ ပြောဆိုပြီးဆောင်ရွက်ပေးခဲ့တာပါ။ အမှိုက်ဆိုတာ ရှုပ်တတ်တဲ့အမျိုးပဲနော် ရှုပ်လာပြီဆိုရင်တော့ မဖြစ်မနေရှင်းရမှာပဲပေါ့။ဒီတစ်ခါ အမှိုက်ကစ ပြသာဒ်မီးလောင်မဖြစ်ရလေအောင် ရှင်းတတ်ဖို့တော့လိုမယ်နော်။
ရွှေပြည်သာမှ ကိုအောင်ကြီးတို့ဖြေရှင်းပုံကိုစံနမူနာယူရမယ်မဟုတ်လားဗျာ။

အကြမ်းဖက်ခံရသောကလေးမလေးသည် ဆံပင်စဆွဲဆောင့်ခံထားရ၍ ဦးရေများ နာကြင်နေပြီး ညအခါတွင်စိတ်ခြောက်ခြားကာ အိပ်မပျော်ဘဲဖြစ်နေပါသည်။ နေ့အခါတွင်လည်းခါတိုင်းလိုပုံမှန်စကားပြောခြင်းမရှိဘဲ ငေးမှိုင်တွေဝေနေကြောင်း သိရပါသည်။ ဦးဝီရသူက ဂုဏ်တော် ပွားအိပ်ဖို့ မှာကြားခဲ့ကြောင်း သိရပါသည်။

ဆက်သွယ်ရန်-
ကိုအောင်ကြီး-09.43070794
ရဲတပ်ဖွဲ့မှူး-09.450542933
နယ်ထိန်းခေါင်းဆောင်-09.43170716
ရဲစခန်း-01.610667







မယုံချင်ပေမယ် ကြုံခဲ့ရသည် (Ghost Story)


Facebook ကို like လေး ပေးစေချင်ပါတယ်



2001 ခုနှစ် ၀ါဆိုအဖိတ်နေ့ ရယ် လပြည့်နေ့ရယ်က ကျွန်တော် အရင် နေခဲ့တဲ့ အိမ်ရဲ့ သုံးအိမ်ကျော် အိမ်မှာ အဲဒီ ကိစ္စတစ်ခု ဖြစ်တယ်ဗျ

မောင်နှစ်မ လေးယောက် နေတယ် ပေါ့ဗျာ.. အကြီးဆုံးက မိန်းမ ရှိတယ် သားက ကိုးတန်း သမီးက ခြောက်တန်း၊ ညီအလတ်ရယ် ညီမအငယ်ရယ် ညီအထွေးရယ်က လူလွတ်တွေ

ညီမအငယ်က စိတ်ထားဆိုးတယ်ဗျ သူ့ အလုပ်မှာ သူ့ရာထူးတိုးရေးအတွက် အောက်လမ်း ဆရာတွေနဲ့ ပင်းတာတွေဘာတွေ လုပ်တယ်

အိမ်ရှေ့ လမ်းမမှာ ညသန်းခေါင် အမဲသားစိမ်း ငါးဆယ်သား ခေါစာ ခဏခဏ ထွက်ကျွေးတယ်

တခါသား သူက ခရီး ထွက်သွားတော့ သူ့မောင် ကို ကျွေးဖို့ မှာသွားရော

သူ့မောင်က ကြောက်ကြောက်နဲ့ အိမ်ပြင်မှာ မကျွေးပဲ အိမ်ခြံထောင့်မှာ ကျွေးလိုက်ရောဗျာ.

အဲဒါ သူကလဲ ပြန်မပြောဘူး နောက် သုံးလလောက်အတွင်းမှာ စောစောက ပြောတဲ့ ညီမငယ်ဟာ ဘာရောဂါမှန်း ရှာမရပဲ ဆေးရုံတင်လိုက်ရရောဗျာ...

အဲဒီ ၀ါဆိုလပြည့် အဖိတ်နေ့ ကျတော့ သူက မသေပဲ ပုပ်နေပြီ ဆေးရုံမှာ။

အိမ်မှာလဲ သူ့ကိစ္စ ဗာဟီရတွေ အခြား အိမ်မှုကိစ္စတွေ မနိုင်ကြတော့ အစ်ကိုကြီးရဲ့ မိန်းမရဲ့ အစ်မ၊ တောမှာ နေတဲ့ အမျိုးသမီးကြီးကို ခေါ်ထားကြတယ်ပေါ့ဗျာ။

ညနေ ခြောက်နာရီလောက် ကျွန်တော် အလုပ်က ပြန်လာပြီး (အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ programming group လေး ထောင်ထားတယ်ဗျ) နေတုန်း အိမ်က အဖိုးကို အစ်ကိုကြီးရဲ့ မိန်းမက လာပြေးခေါ်ရောဗျာ သူတို့ ညီအစ်ကိုတွေက နဲနဲသောက်တတ်တယ်ဗျ

ဒါနဲ့ မူးပြီး ရမ်းတယ် ထင်လို့ လိုက်သွားတာ.. ဟိုအိမ်လဲ ရောက်ရော တကယ်ရမ်းနေတာက ပိန်တာရိုး မိန်းမ ဖစ်နေရော.. ယောက်ျားကြီး သုံးယောက် အိမ်ထောင့်သုံးထောင့် မှာ ကုပ်လို့ ဗျား

အဲဒီ မိန်းမက ပေါင် ကိုးဆယ် မပြည့်ဘူး လက်ချောင်းကလေးတွေက ပုသိမ်ထီး ထီးရိုး သာသာ ဘဲ ရှိတယ် ကျွန်တော်ရယ် ရပ်ကွက်က ယောက်ျား နှစ်ယောက်ရယ် ၀ိုင်းချုပ်တာ

ဟင်းဟင်း.. နောက်တစ်ယောက်က လက်ဖျံကိုချုပ်ထားပေးပြီး ကွေးထားတဲ့ လက်သန်းကို ကျွန်တော်က ဆွဲဖြည်တာ ဖြည်မရဘူးဗျ

အဲဒါ ဘယ်လက်နော်.. တပြိုင်ထဲပဲ ညာလက်နဲ့ ဖိလစ် သရီးဒိုး ရေခဲသေတ္တာကြီးကို တွန်းထဲ့လိုက်တာ ရေခဲသေတ္တာ လွင့်ကို ထွက်သွားတာ ...... လဲသွားတာ မဟုတ်ဘူးနော်

အတွင်းအားတယ်ပြင်းတယ်နော်

သပ်သပ်သပ်စီနော်.. ခေါစာကျွေးတဲ့ ညီမငယ်က ဆေးရုံမှာ ခုဟာက အစ်ကို အကြီးဆုံးရဲ့ မရီး.. တောက လာနေတဲ့ အမျိုးသမီးကြီးနော်

အဲဒါနဲ့ ညီအငယ်ဆုံးက လုပ်မိလုပ်ရာ ပုတီး ကောက်စွပ်လိုက်တော့ မျက်လုံးကြီး ပြူး၊ လျှာကြီး တစ်လစ် ထွက်ပြီး ငြိမ်သွားရောဗျ.. အဲတော့မှာ အဖိုးက ၀ိပဿနာ လုပ်နေတာဆိုတော့ ဦးဆောင်ပြီး ပုတီး ပြန်ချွတ်ရင် ငြိမ်ငြိမ်နေမလား မေးရောဗျ .. ဟိုက ခေါင်း ညိမ့်ပြတာနဲ့ ပုတီး ချွတ်ပြီး မေးတော့မှ

အဲလို ပဲ အလုပ်တွေ ခဏခဏခိုင်း.. အိမ်ထဲခေါ်ပြီး ခေါစာ တစ်ခါပဲ ကျွေး ပြန်လဲ မနှင်လို့ ဘာမှလဲ ရှာစားလို့မရလို့ လုပ်ထည့်လိုက်တာ ဆိုရောကိုး

ဟုတ်ပြီ ဒါဆိုရင် ချက်ပြီးသား ထမင်းတွေ ဟင်းတွေရှိတယ် ခုစားမလား ဆိုတော့ မစားဘူးတဲ့ဗျ

ဒါဆို ဘာစားမှာတုန်း ဆိုတော့ အမဲသား ငါးဆယ်သားတဲ့

ဟုတ်ပြီ ခုက ညခုနစ်နာရီ ထိုးတော့မယ် ဈေးတွေလဲ ပိတ်ကုန်ပြီ စားချင်တာ စားရရင် ထွက်မှာလား အေးအေးလူလူ ပြန်မှာလား ပေးထားတဲ့ ဒုက္ခတွေ ပြန်နှုတ်ပေးမှာလား မေးတော့ အင်း.... တဲ့

ဒါဆို နက်ဖြန် ညနေ ခြောက်နာရီကို ကျွေးမယ် ဖြစ်မလား ဆိုတော့ အင်း.. တဲ့

ဖြတ်မေးဦးမယ် ခင်ဗျား လျှာကို ဘယ်လောက်ထိ ထုတ်လို့ရသလဲ

ဲဟဲ သူ့လျှာ ထွက်လာတာ ဇလုပ်ကို ထိတယ်ဗျ

သွားမှာပါ အစွယ် ထွက်လာတာ.. ဖလင် တစ်လိပ်တိတိ ကျွန်တော် ဓာတ်ပုံ ရိုက်ထားတယ်ဗျ (ပုံတွေတော့ ကာယကံရှင်တွေကို လေးစားသောအားဖြင့် မတင်ပါရစေနဲ့ဗျာ)

ဒါနဲ့ နက်ဖြန် ရက်ချိန်းရတော့ အိုကေ ပေါ့..

ပြင်စရာဆင်စရာရှိတာ ပြင်ဆင်ပြီး စောင့်နေကြတာပေါ့..

နောက်နေ့က ၀ါဆိုလပြည့်နေ့လေ..

အဲဒီတော့ကျွန်တော်က အစ်ကိုအကြီးဆုံးရဲ့သားကို တိုးတိုး မှာထားတယ်..“ဟေ့ကောင်အခြေအနေ မကောင်းရင် တီဗီ ပြေးဖွင့်..“ လို့ ညနေ ခြောက်နာရီဆိုရင် တီဗီကနေသပိတ်အိုင်ဆရာတော်ရဲ့ ၀ါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့ တရားလာတယ်လေ

အမဲသားစိမ်း ငါးဆယ်သားကို ကျွေးမှာက ခြံထဲမှာ အရင် ကျွေးထားတဲ့ ဒေါင့်ပဲ.. ဟဲဟဲ နံကရိုင်းမယ်တော် နတ်စင် အောက်တည့်တည့် ဗျား.....

ဒါနဲ့ အဲဒီအမျိုးသမီးကြီးနဲ့ ကျွန်တော်နဲ့ ဆေးလိပ် တစ်ယောက်တစ်လိပ်စီ ဖွာနေကြတာပေါ့ဗျာ ..

အဲသရဲက ဒိတ်သွားတော့ ကျွန်တော်လဲ ကင်မရာ နှစ်လုံးကို အယ်လကာလိုင်း ဘက်ထရီအသစ်စက်စက်တွေ ထည့်.. ကွန်နီးကာ စင်ကျူရီယာ 500 တစ်လိပ်စီ ထည့်လို့ အသင့်ပြင်ထားတာပေါ့ဗျာ.. တစ်လုံးက ကျွန်တော့် အဖေဟာ မီနော်လ်တာ ပရိုသုံးဗျအသစ်ကြီး ကျွန်တော့်ဟာကတော့ ကင်နွန်35mm အစုတ်ကလေး.. ဖလင်က စင်ကျူရီယာ 500တော့ ဟုတ်တယ်/ သုံးလေးရက်ကမှ မန္တလေးက ပြန်လာတော့ အဲဒီဖလင်လိပ် ပထမဆုံးအကွက်မှာ မဟာမြတ်မုနိဘုရားကြီးပုံ တစ်ပုံ ရိုက်ထားတယ်/

ဒါနဲ့ခုန ပြောပါရော ဆေးလိပ် တစ်ယောက်တစ်လိပ်စီ ထိုင်ဖွာနေတုန်း သူ့လက်က ဆတ်ဆတ်ဆတ်ဆတ်နဲ့ တုန်လာရောဗျ.. အဲဒီအမျိုးသမီးက အလွန် သိမ်မွေ့တာဗျ. စကားပြောတာကအစ ဘယ်တော့မှ အသံမာမာ မပြောဘူး.. ဒါနဲ့ အဲလို တုန်လာတော့ ကျွန်တော်က အစ်မဘာဖြစ်တာလဲ ဆိုပြီး သူ့လက်ကို လှမ်းထိလိုက်တော့

မျက်စောင်းနီကြီး ထိုးတဲ့ပြီး ဖယ်စမ်း ငါ့မထိနဲ့ တဲ့ အော်ရော..

အဲတော့မှ ပွဲစပြီ ဆိုပြီး ကိုယ့်နေရာ ကိုယ်ယူကြတာပေါ့ဗျာ..

အဲဒီမှာခုနက ကိုးတန်း ချာတိတ်က တီဗီ ပြေးဖွင့်မလို့ လုပ်ရော. ဟဲဟဲ သရဲကအသံနက်ကြီးနဲ့ ကျုံးအော်တယ် မဖွင့်နဲ့ တဲ့... အဲဒါက ထူးဆန်းတာ တချက်ဗျ

ဒါနဲ့ သူ့ကို ကျွန်တော့် အဖိုးက မေးတယ် ဘယ်မှာနေတုန်း ဘာညာပေါ့ဗျာ.. နောက်ဒို့မှာ ကုသိုလ်တွေ ရှိတယ် မင်းကို အမျှဝေမယ် ကိုင်း သာဓုခေါ် ဆိုပြီး အမျှဝေကြရောဗျ.. အဲဒီမှာဗျာ လည်ချောင်းထဲက တစီစီနဲ့ အသက်ငင်သလို အသံကြီးဖြစ်လာပြီး ရှိုက်ကြီးတငင် ငိုရှာရောဗျာ...

မခေါ်နိုင်ဘူးတဲ့ သူက အရိမေတ္တေယျဘုရားပွင့်မှ ကျွတ်မှာတဲ့... ငိုရင်း ပြောရှာတယ်ဗျ

ကျွန်တော်ကတော့ ဖလက်ရှ်ရော ဇွန်းရော စိတ်ကြိုကဖွင့်ပြီးရိုက်တော့တာပေါ့ဗျာ မီနော်လ်တာကို ပရို ဓာတ်ပုံသမား တစ်ယောက်ကို ပေးထားတယ်ကျွန်တော်က ကင်နွန်နဲ့ ရိုက်တယ်

အဲလိုငိုငို ပြောပြော နေတုန်း ညီအလတ်က သူ့စိတ်ကူးနဲ့သူ အနီးနားဘုန်းကြီးကျောင်းက ဆွမ်းစားကျောင်း ဘုန်းကြီးကို တက်စီကြီးနဲ့ပင့်ချလာပါရောဗျာ

ကျွန်တော်တို့က မမြင်ဘူးဗျ အိမ်တံခါးမက ကျွန်တော်တို့ နောက်မှာ။ ဧည့်ခန်းထဲမှာ ဖြစ်နေကြတာကိုး.. အိမ်က နှစ်ခန်းတွဲ အိမ်တွေလေ

ဘုန်းကြီးကတံစက်မြိတ်ရိပ်ကို နင်းလိုက်တာနဲ့ တခါထဲ မီးဖိုထဲ ပစ်ချလိုက်သလိုထွန့်ထွန့်လူးပြီး ပူလှချေရဲ့ သေရချေရဲ့နဲ့ အသံနက်ကြီးနဲ့ကျုံးအော်တာဗျာ.. ကျွန်တော်တို့က ဘုန်းကြီးကို မမြင်ရသေးဘူးလေ/ရုတ်တရက်ကြီး တရှုပ်ရှုပ် ငိုနေရာကနေ ထအော်တော့ ဘယ်လောက် လန့်ကုန်ကြမလဲစဉ်းစားသာ ကြည့်ဗျာ/

အဲလို လန့်ဖြန့်ကုန်တုန်း ဘုန်းဘုန်းက အိမ်ထဲကို ကြွလာပါရောဗျာ.. အဲဒီမှာငါ့ကို အပြင်ထုတ်ပေးကြပါ သွားပါ့မယ် ခုသွားပါ့မယ် ဆိုပြီး သနားစရာတောင်းပန်ပါရောဗျာ...

လမ်းမှာညီလတ်က အကြောင်းစုံ လျှောက်လာတော့ ဘုန်းကြီးကလဲဇာတ်ရည်လည်ထားပြီးသားပေါ့ဗျာ.. ဒါနဲ့ ကဲ နင် စားစရာ ရှိတာ စား... ပြီးရင်ပြန်.. ပြသနာ မရှာနဲ့ လို့ မိန့်ရော. သူက ပြန်ပြောတယ်ဗျ ဘုန်းကြီး ရှိရင်သူ စားလို့ မရဘူးတဲ့

ဒါနဲ့ အဖိုးက ဘုန်းဘုန်းကို ပင့်သွားရော ဘုန်းဘုန်းကလဲ ဒါဆိုရင် ငါ ဖယ်ပေးမယ် ပေါ့ဗျာ/ နှစ်ခန်းတွဲမှာ ခုဖြစ်တာက ခေါင်းရင်းခန်း ကိုးဗျ။ ခြေရင်းခန်း အိမ်ကို ပင့်သွားရော။

ဘုန်းဘုန်းလဲ ခြံပြင်ထွက်သွားရော သောင်းကျန်းလိုက်တာ ဗြောင်းကို ဆန်ရောဗျာ သူ့နား ရှိတဲ့လူတွေ အကုန် ရှဲရတော့တာ။

ခဏလဲ နေရော ခုနလို ဆတ်ဆတ်တုန်ပြီး အသံနက်ကြီးနဲ့ အော်ပြန်ရောဗျ

ဘာဖြစ်တာလဲလို့ကျွန်တော် က မေးကြည့်တော့မှ ဘုန်းကြီး ရှိသေးတယ် ဆိုပြီး အော်ရော..မရှိပါဘူး ပြောလဲ မရဘူး.. ရှိတယ် ရှိတယ် ပဲ အော်ရော..

ဒါက ဒုတိယ ထူးဆန်းခြင်းဗျ။ အိမ်တံစက်မြိတ် တစ်ခုတည်း ဆိုရင် အာဏာတည်တယ် ဆိုပဲ။ သူပြောတာ။

ဒါနဲ့ အဲဒီ အပကို ပြောရတာပေါ့ဗျာ ခု ကျွေးမယ် နင် လုပ်ထားတာတွေ နင် နှုတ်ပေး ဆိုတော့

အိမ်မှာရယ် အိမ်သားတွေ ပေါ်မှာရယ် သူလုပ်ထားတာတွေကိုတော့ ဖယ်ပေးတယ်ဗျ။ လက်ကို ဟိုရမ်း ဒီရမ်း လုပ်တာပဲ။

နောက် ဟို ဝေဒနာရှင် ကိုေ၇ာ နင် လုပ်တာလား နှုတ်ပေးလို့လဲ ပြောရော

အဲဒါတော့ မရတော့ဘူး လွန်နေပြီတဲ့ သူက မကြာခင် ငါ့ အောက်ကို ငါ့အစေအပါးအဖြစ် လာရတော့မှာ တဲ့ဗျာ........

တကယ်လဲ ဟုတ်တယ် နောက် သုံးလေးရက်မှာ ဆုံးသွားတယ်။

အဲဒီပူးတဲ့အချိန်မတိုင်ခင် တပတ်လောက်ထဲက ဆေးရုံက လူနာနားကို ဘယ်သူမှ ကပ်လို့မရတော့ဘူးဗျ ပုပ်စော်တွေ နံလိုက်တာ ဆိုတာဗျာ.. နောက် ဆုံးသာသွားရောဘာရောဂါမှန်းကို အဖြေမထွက်ဖူးဗျ ဒါက တတိယ ထူးဆန်းတာ

ဒါနဲ့ နင့်အောက်မှာ ဘယ်လောက်များ ရှိတုန်း ဆိုပြီး မေးတော့..

ဟဲဟဲ

နင်တို့ လူတွေရှိ ရှိသမျှထက်တောင် ငါ့တစ်ယောက်ထဲ အောက်က အစေအပါးက များသေးတယ်တဲ့

ငါလိုမျိုးတွေလဲ အများကြီး ရှိတယ် တဲ့

ငါ့အထက်မှာလဲ အများကြီးပဲ တဲ့

မှတ်ကရောဗျား

သူကတော့ သူ့ကိုယ်သူ ကွင်းပိုင် လို့ ပြောတယ်ဗျ။ ကျွန်တော်တို့ နေတဲ့ မြို့ကြီး မတည်ခင် ဒီနေရာ ပင်လယ်ကနေ ကုန်းပေါ်ကတည်းက သူ ဒီမှာ နေတာ ဆိုပဲ။

အဓိကရ တံတား ကြီးတစ်ခုရဲ့ အဆင်းက ညောင်ပင်ကြီးက သူ့နေရာ တဲ့

(အဲဒါ ကြားကတည်းက အတွဲတွေအစား ကျွန်တော် ရင်တုန်လိုက်တာ ပြောမနေနဲ့)

ဖြတ်ပြောရရင်ဆိုင်ဘာ အဒေါ့ခြံ မရှိခင်ကတည်းက သူက မြန်မာလိုက်ဖ်ရှိုးတွေ ရှယ် ကြည့်ရမှာ ဟိ

ဒါနဲ့ ကျွေးရောဗျ

ခင်ဗျား စဉ်းစားကြည့်ဗျာ အမဲသား ငါးဆယ်သား အစိမ်းနဲ့ ရေသန့် ခြောက်ဗူးကို တထိုင်တဲ ပြိုက်ကနဲပဲ

ထူးထူးဆန်းဆန်း တစ်ခု ကြုံသေးဗျ

သူကခြံထောင့်မှာ ဆောင့်ကြောင့်ကြီး ထိုင်စားနေတာကိုး.. ခြံစည်းရိုးကပုဏ္ဏရိတ်ပင်တွေပဲ ရှိတာဗျာ အရင် လူဟောင်းတွေ ဆိုတာက မြို့တည်ကတည်းကအိမ်နီးချင်းတွေ ဆိုတော့ အုတ်တံတိုင်းတွေ ဘာတွေ မကာဘူး.. ဒီလိုပဲ အားလုံးနှစ်အိမ့်တစ်အိမ်တွေ ချည်းပဲ။ သူတို့အိမ်ရဲ့ ဟိုဘက်အိမ်က အိမ်ရှင်မကပန်းပင် ရေလောင်းနေရင်း လှမ်းနှုတ်ဆက်တယ်။ ဒီဘက်မှာ ဘာတွေ ဖြစ်နေလဲ သူကမသိဘူးကိုး။

“အစ်မ နေကောင်းလားတဲ့“ ဟိုကလဲ စားရင်း တန်းလန်း ”အေး” တဲ့

တော်သေးတယ် ဟိုဘက်က ဒီလောက်နဲ့ ပြီးသွားလို့ ခြံစည်းရိုး သစ်ပင်ကြားဆိုတော့ သေသေချာချာလဲ မမြင်ရဘူးပေါ့ဗျာ ဘယ်သူမှန်းတော့ သိတာပေါ့

တော်ကြာ စားပြီးပြီလား ဘာနဲ့ စားလဲ မေးလို့ အမဲသားစိမ်း ခု စားနေတယ် လို့ ဖြေရင် ဘာတွေ ဆက်ဖြစ်မယ် မသိဘူး။ ဟိုက နှလုံးရောဂါသည်။

ဒါနဲ့စားပြီးတော့ ထွက်သွားရော ဆိုပါတော့ဗျာ... ထွက်တာကလဲ ကြမ်းတယ်ဗျကာယကံရှင်ကို အသေ လုပ်ပစ်ခဲ့တာ.. ခြံတံခါးမကြီးကို အကုန် ဟင်းလင်းဖွင့်ရတာ...

နောက် ခြံပြင်ထိအောင် သူ့ဘာသာ လမ်းလျှောက်ထွက်သွားပြီး ခြံပြင်လဲ ရောက်ရော

နောက်ကနေကိုင်မြှောက်လိုက်သလို (သူ့ဘာသာ ခုန်သလို ဒူး မကွေးပဲနဲ့) လေထဲကိုလူတစ်ရပ်လောက် မြောက်တက်သွားပြီး အုတ်ခဲကျိုးပုံပေါ်ကို ခေါင်းနဲ့ပစ်ကျတာ.. အနီးနားက လူတွေ ပြေးဖမ်းတာ မြန်လို့

ဒါနဲ့ ၀ိုင်းခေါ်တြတော့ ခေါ်မရဘူးဗျ

ပရိတ်ရေလေး နှစ်စက်လောက်နဲ့ တောက်လိုက်တော့မှ သေနတ်မှန်သလို “အင့်” ကနဲ အော်ပြီး သတိပြန်လည်လာတာ

ဒါနဲ့သူတို့ အိမ်သားတွေက အဲဒီအမျိုးသမီးကို ခေါ်ပြီး ချက်ချင်းပဲဓာတ်မှန်သွားရိုက်ကြတယ်ဗျ.. အသားစိမ်းတွေ ဗိုက်ထဲမှာ ရှိနေတော့နေမကောင်းဖြစ်မှာ စိုးလို့ ပေါ့လေ.. ဟဲဟဲ ဘာမှ မရှိဘူးဗျ.. နာရီဝက်တောင်မခြားဘူးနော် . ဒါက နံပါတ်လေး ထူးဆန်းမှု ဗျ

နောက်ဆုံးတစ်ခုကတော့

ကျွန်တော် နောက်နေ့လဲ ကျရော ဓာတ်ပုံတွေ သွားကူးရော..

မှတ်မှတ်ရရ ကမ်းနားလမ်းနဲ့ လသာလမ်းထောင့် မြူးဇစ်ပလပ် အခွေဆိုင်ဘေးက ဓာတ်ပုံဆိုင်မှာ

မီနော်လ်တာ ကင်မရာသစ်က ဖလင်လိပ် အသစ်က တစ်ပုံမှ မထင်ဘူးဗျ...

မဟာမြတ်မုနိဘုရားပုံ ပါတဲ့ ကျွန်တော့် ကင်မရာစုတ်လေးက ဖလင်မှာ သုံးဆယ့်ခုနစ်ပုံ တိတိ ထွက်တယ် ရှင်းနေတာပဲ.. ခုထိကို ရှိသေးတယ်...... အဲဒီ.ဓာတ်ပုံတွေ ... ကိုင်း ဘယ့်နှယ့်လဲ

Credit:သရဲအကြောင်းပြောကြမယ်

နဂါးမောက်သီး ( Dragon fruit)









နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုးသမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်.. ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်းကို လျော့ချပေးနိုင်သောကြောင့် ကင်ဆာကိုကာကွယ်ပေးခြင်း၊ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ်စိုပြေစေခြင်း၊ အစာစားချင်စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီများကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံးအားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီးဖြစ်ပါတယ်.. နလံထ လူမမာများအတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်..

ကျွန်မတို့ ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့ရတဲ့ အသီးအနှံတွေဟာ ကျန်းမာရေးအတွက် ဆေးတစ်လက်အဖြစ် အသုံးဝင်တယ်ဆိုရင်ဖြင့် ငွေကုန်ကြေးကျ မများလှတဲ့ အသီးအနှံတွေကို နေ့စဉ် စားသုံးပေးခြင်းအားဖြင့် ၀င်ရောက်လာနိုင်တဲ့ ရောဂါဘေးတို့ကနေ ကာကွယ်သင့်ကြတယ် မဟုတ်ပါလားနော်။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ





စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း (Jasmine Tea) ကို တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၇၀ဝ နီးပါး ကတည်းက ထုတ်လုပ်ခဲ့ပြီး ရေပန်းအစားဆုံး ပန်းရနံ့ လက်ဖက်ရည် ကြမ်း ဖြစ်ပါတယ်။ တစ်ခါတလေ လက် ဖက်စိမ်း လက်ဖက်ရည်နဲ့လည်း တွဲဖက်သုံး လေ့ရှိသလို အူလွန်လက်ဖက်ရည်နဲ့ လည်း တွဲသုံး ပါတယ်။ စံပယ်ပန်းရနံ့ လက်ဖက်ရည်ကြမ်းမှာ အင်တီအောက် ဆီးဒင့် ကတ်တီချင်ပါဝင်တာကြောင့် ကင်ဆာဖြစ်နှုန်းလျော့ကျတာ၊ နှလုံးခုန် နှုန်း မြန်ဆန်မှု လျော့နည်းတာ၊ သွေးတိုး ကျတာ၊ လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေ လျော့နည်းတာနဲ့ သွေးတွင်း ကိုလက်စ ထရောအဆင့် လျော့ကျတာ စတဲ့ ကျန်း မာရေးအကျိုးကျေးဇူး တွေကို ရရှိစေပါ တယ်။

အစာရေ မျိုပြွန်ကင်ဆာ ဖြစ်နှုန်း လျော့ကျစေပါတယ်
အာဟာရဆိုင်ရာ လေ့လာမှုတစ်ရပ် အရ စံပယ် လက်ဖက်ရည်ကြမ်းကို မကြာ ခဏသောက်တာနဲ့ အစာရေမျြွိုပန်ကင် ဆာဖြစ်နှုန်း လျော့နည်းမှုအကြား ဆက် စပ်မှု ရှိကြောင်း သိရပါတယ်။ လက်ဖက် စိမ်း၊ အူလွန်လက်ဖက်ရည်နဲ့ စံပယ်ရနံ့ လက်ဖက်ရည်တွေကို သောက်တာ ကြောင့် အင်တီအောက်ဆီးဒင့် ရရှိမှု များကာ မသောက်သူတွေနဲ့ စာရင် အ စာရေမျြွိုပန်ကင်ဆာဖြစ်နိုင်ခြေ လျော့ နည်းမှု ပိုရှိပါတယ်။

စိတ်ခံစားမှု ကောင်းမွန်ပြီး နှလုံးခုန် မြန်ဆန်မှုအား လျော့နည်းစေခြင်း
စံပယ်ရနံ့ လက်ဖက်ရည်ကြမ်း သောက်တာကြောင့် စိတ်တည်ငြိမ်စေပြီး နှလုံးခုန်နှုန်း မြန်တာကို လျော့ကျစေပါ တယ်။ လာဗန်ဒါနဲ့ စံပယ်ပန်းရနံ့ လက် ဖက်ရည်ကြမ်းဟာ စိတ်ခံစားမှုကို တည် ငြိမ်စေပြီး နှလုံးခုန်ရင်တုန်ဝေဒနာကို လျော့ကျစေပါတယ်။

လေဖြတ်ခြင်း အန္တရာယ် လျော့ကျပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကို လျှော့ကျနိုင်ခြင်း
တရုတ်လေ့လာမှု တစ်ခုအရ စံပယ် ပန်းရနံ့ လက်ဖက်ရည်ကြမ်းသောက်တာ ကြောင့် လေဖြတ်ဝေဒနာကို သိသိသာ သာ လျော့ကျစေတယ်လို့ သိရပါတယ်။ လေ့လာမှုအရ စံပယ်ပန်းရနံ့လက်ဖက် ခြောက်ကို တစ်လ ၁၅၀ ဂရမ် သောက် တာကြောင့် လေဖြတ်ဝေဒနာကို သိသိ သာသာ လျော့ကျစေကြောင်း သိရပါ တယ်။
စံပယ်ရနံ့လက်ဖက်ရည်ကြမ်းနဲ့ လက်ဖက်စိမ်းလက်ဖက်ရည်သောက်တာ ကြောင့် သွေးတွင်း ကိုလက်စထရောအ ဆင့်ကို သိသိသာသာ လျော့ကျစေတယ် လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ သွေး တွင်းကိုလက်စထရော မြင့်မားတာက နှ လုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါ တယ်။

စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
စံပယ်ရနံ့ လက်ဖက်ရည်ကြမ်းကို သောက်တာကြောင့် စိတ်ပူပင်သောက ကို လျော့ပါးစေပြီး စိတ်တည်ငြိမ်အေး ချမ်းစေပါတယ်။ လက်ဖက်စိမ်းလက်ဖက် ရည်သောက်သလို ကိုလက်စထရောကျ စေတာ၊ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းတာ၊ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်တာ၊ အင်တီအောက်ဆီးဒင့် အာနိသင်ရှိတာတို့ လို ကောင်းကျိုးတွေကို ရရှိစေ ပါတယ်။
ဘေးထွက်ဆိုးကျိုးများ
စံပယ်ပန်းရနံ့ လက်ဖက်ရည်ကြမ်း မှာ ကဖင်းဓာတ် အနည်းငယ်ပါဝင်တဲ့ အ တွက် ကဖင်းဓာတ်နဲ့ မတည့်တဲ့ တချို့လူ တွေမှာ စံပယ်ရနံ့ လက်ဖက်ရည်များများ သောက်တာကြောင့် ရင်တုန်တာနဲ့ က တုန်ကယင်ဖြစ်တာတို့ ဖြစ်တတ်ပါတယ်။

ကြယ်စင်

Fan Page လေးကိုလည်း like လုပ်ပေးစေချငပါတယ်

The Elders ကြောင့် တပ်မတော်သား အမျိုးသမီး လွှတ်တော်အမတ်တွေ ပေါ်ထွက်လာတော့မည်လား



From : ..voa

မြန်မာနိုင်ငံက လွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ခန့်အပ်ထားရာမှာ လာမယ့် ၂၀၁၅ရွေးကောက်ပွဲကျရင်တော့ အမျိုးသမီးတွေ ကို ရွေးချယ်ခန့်ထားဖို့ မြန်မာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုခဲ့ တယ်လို့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ပြောပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း ၅၀ လောက် နေခဲ့ရတဲ့ ကာလတွေနဲ့ နှိုင်းယှဉ် လိုက်ရင်တော့ အခုအခါမှာ ပြုပြင်ပြောင်းလဲမှုတွေဟာ တိုးတက်မှုရှိတယ်လို့ ရန်ကုန်မြို့ Strand Hotel မှာ The Elders အဖွဲ့က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အမေရိကန်သမ္မတဟောင်း Jimmy Carter က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက် လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေးတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်လည်ပတ်နေတဲ့ The Elders ခေါ် ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်များ အဖွဲ့ဟာ သူတို့ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ Strand ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ခရီးစဉ်အကြောင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ တိုးတက်မှု သိသိသာသာ ရှိလာနေတယ်ဆိုပြီး အရင်စစ်အစိုးရလက်ထက်က ဖိနှိပ် အုပ်ချုပ်ခံခဲ့ရတဲ့ အခြေအနေတွေ နဲ့ နှိုင်းယှဉ်ပြီး အဖွဲ့ဝင် ၃ ဦးပါတဲ့ The Elders အဖွဲ့ကို ဦးဆောင်လာသူ အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာက ပြောပါတယ်။

" တိုးတက်မှုလို့ ကျနော်ပြောတဲ့နေရာမှာ လွန်ခဲ့တဲ့ ၂ နှစ်ခွဲကာလ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အခြေအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တုန်းက စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ နေထိုင်ခဲ့ရတဲ့ အခြေအနေကို နှိုင်းယှဉ်ပြီး ပြောတာ ဖြစ်ပါတယ်။ သတင်းလွတ်လပ်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာတာပြီးတော့ လွှတ်တော် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရတာ၊ လွတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဖို့ ပြောဆိုဆွေးနွေးတာတွေ၊ အဲဒီကတဆင့် ဒီမိုကရေစီနဲ့ဆိုင်တဲ့ အသွင်သဏ္ဍာန်တွေ ဆင့်ပွားလာတာ၊ အပစ်အခတ် ရပ်စဲဖို့အတွက် တွေ့ဆုံဆွေးနွေးတာတွေ စသည်အားဖြင့် တဖြည်းဖြည်းခြင်း ဆင့်ကဲ တိုးတက် ပြောင်းလာတာတွေအပေါ် နိုင်ငံတကာ အသိုင်းဝိုင်း အသိအမှတ်ပြု အလေးထားပါတယ်။"

တဖက်မှာ အဲဒီလို တိုးတက်မှုတွေ ရှိနေသလို တခြားတဖက်မှာလည်း လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေးတာတွေကို သမ္မတဟောင်း ဂျင်မီ ကာတာက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

" မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်စရာတွေ အများကြီး ကျန်ပါသေးတယ်။ အဲဒီအထဲက ပြဿနာတခုကို ပြောရမယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ သူတို့ နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေး ကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ နောက် အပစ်အခတ် ရပ်ထားတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေး အရ ဆွေးနွေးပွဲ လုပ်ဖို့ လိုပါတယ်။ ပြည်နယ်တွေမှာရှိကြတဲ့ တိုင်းရင်းသား တဖွဲ့ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေနဲ့ ဗဟိုအစိုးရကြား ကွားခြားချက်ကို လည်း မဖြေရှင်းနိုင်သေးပါဘူး။"

The Elders အဖွဲ့အနေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအ၀င် ဘာသာရေး ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့ပြီးဖြစ်တာကြောင့် သူတို့လို နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေကို ဘယ်လို အကြံပြုချက်များ ပေးလိုပါသလဲလို့ ဗွီအိုအေက မေးတဲ့အခါမှာတော့ -

" မြန်မာအစိုးရအနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်ပါလို့ ကျနော်ကတော့ အကြံပြုချင်တယ်။ တိုင်းပြည်တွင်းက လူတဦးချင်းစီမှာ တန်းတူ အခွင့်အရေးရရှိလာအောင် အခွင့်အလမ်းတွေကို ဖွင့်ပေးပါ။ မြန်မာနိုင်ငံက အမျိုးသမီးတွေကို မျှတစွာ ဆက်ဆံတယ်လို့ ကျနော် မထင်ပါဘူး။ လွှတ်တော်ထဲမှာဆိုရင်လည်း အမျိုးသမီး လွှတ်တော်အမတ် အရေအတွက်က ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ နော်ဝေးမှာဆို လွှတ်တော်အမတ် ၄၅ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေပါ။ အဲဒီအချက်တွေ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တွေ့ခဲ့တဲ့ အဖွဲ့တိုင်းကို အကြံပြုခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တုန်းကလည်း စစ်သား လွှတ်တော်အမတ် ၁၆၆ ယောက်ကို သူက ရွေးချယ်ပေးရတော့ ၂၀၁၅ ကျရင် စစ်တပ်အနေနဲ့ အမျိုးသမီးတချို့ကို ရွေးချယ်ဖို့ ကျနော် အကြံပြုခဲ့ပါတယ်။"

အမေရိကန်သမ္မတဟောင်း Jimmy Carter ဦးဆောင်တဲ့ The Elders အဖွဲ့ဟာ သူတို့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရဖက်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ၊ နောက် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းကခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းကိုနိုင် အပါအ၀င် တခြား အရပ်ဖက် လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံစဉ် ဆွေးနွေးဖြစ်ခဲ့တာတွေနဲ့ ပတ်သက်လို့တော့ -

" ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာက လေ့လာသူတွေ လာပြီး လေ့လာခွင့်ပြုမယ်လို့ ကျနော် မျှော်လင့် ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ တွေ့ဆုံတုန်းကလည်း ကျနော်တို့ အဲဒီအတိုင်းပဲ ပြောခဲ့ပါတယ်။ အဲဒါကလည်း အစောပိုင်းကတည်းက ခွင့်ပြုဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲပေးခွင့်ရှိသူတွေ မှတ်ပုံတင်တဲ့နေရာမှာလည်း တိကျ မှန်ကန်မှု ရှိဖို့ လိုအပ်တဲ့အတွက်ပါ။ ရှေ့နှစ်ဆန်းမှာ သန်းခေါင်စာရင်းကောက်ဖို့ စီစဉ်နေတယ်လို့ ကျနော် နားလည်ထားပါတယ်။ အဲဒီမှာလည်း လာရောက် လေ့ခွင့်ပြုဖို့ ကျနော်တို့ လိုလားပါတယ်။"

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပြောဆိုမှုတွေကတော့ သူဖွဲ့ထားတဲ့ ကာတာစင်တာကို ကိုယ်စားပြု ပြောဆိုနေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကာတာ စင်တာအနေနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲပေါင်း ၉၄ ခုကို စောင့်ကြည့်သူအဖြစ် သွားရောက် လေ့လာထားဖူးပြီး ဖြစ်တာကြောင့် သူတို့မှာ အဲဒီအတွေ့အကြုံ အများအပြား ရှိတယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင် ၁၂ ဦးနဲ့ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ဟာ ကမ္ဘာတလွှား ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် မြင့်မားဖို့အတွက် နိုင်ငံအသီးသီးက ခေါင်းဆောင်ဟောင်းတွေ၊ အထင်ကရပုဂ္ဂိုလ်တွေ၊ နိုဘဲငြိမ်းချမ်းရေးဆုရှင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ မြန်မာနိုင်ငံကို စက်တင်ဘာလ ၂၄ ရက်နေ့က ရောက်ရှိလာတာ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...