Wednesday, September 4, 2013

ပထွေးဖြစ်သူရိုက်နှက်၍ သုံးနှစ်ကလေးသေဆုံး


နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်(သပြေ-၂) အဆောင်ရှေ့ တောအုပ်အတွင်း တရားမဝင် နေထိုင် လျက်ရှိသော တဲစု၌ ပထွေးဖြစ်သူက မယားပါ သားဖြစ်သူကို ရိုက်နှက်ရာမှ သေဆုံးမှုဖြစ်ပွားကြောင်း သိရ သည်။ ဖြစ်စဉ်မှာ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ခုတင်(၁၀၀၀)ဆေးရုံကြီးမှ ဩဂုတ် ၂၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် သေဆုံးသူ အသက် သုံးနှစ်အရွယ် ကလေးငယ်တွင် မသင်္ကာဖွယ်ရာ ဒဏ်ရာများ တွေ့ရှိ သဖြင့် ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် လာရောက်စစ်ဆေးပါရန် အမှတ်-၃ နယ်မြေရဲစခန်းသို့ အကြောင်းကြားသဖြင့် စခန်းမှူး ရဲအုပ်ထွန်းထွန်းဦးနှင့်အဖွဲ့သွား ရောက်စစ်ဆေးခဲ့ရာ ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ သေဆုံးသူမောင်ကောင်း ရာဇာ၏ မိခင် မသန်းသန်းမြင့်(ခ)အငယ်မ ဈေးရောင်းလုပ်ကိုင်သူနှင့် ပထွေးဖြစ်သူ စိုးသူ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူတို့အား ခေါ်ယူ စစ်ဆေးရာ ပထွေးဖြစ်သူ ရိုက်နှက် ကိုင်ပေါက်၍ သတိ လစ်မေ့ မြောနေသော ကလေးငယ်အား အပူအပုပ်များပြီး တက်သွားသည်ဟု အကြောင်းပြ၍ ဆေးကုသမှုခံယူရန် ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေဆုံး မှုဖြစ်ပွားခဲ့သည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ မိခင်မသန်းသန်းမြင့်မှ သက်သေ လိမ်လည်ထွက်ဆိုသဖြင့်(အမှတ်-၃) နယ်မြေ ရဲစခန်း၏ သေမှုသေခင်း အမှတ် ၁/၂၀၁၃ အရ စခန်းမှူး ရဲအုပ် ထွန်းထွန်းဦးမှ အမှုလက်ခံ စစ်ဆေးခဲ့ရာ ပထွေးဖြစ်သူ စိုးသူ၏ဝန်ခံထွက်ဆိုချက်အရလည်းကောင်း၊ မိခင်မသန်းသန်းမြင့်၏ သက်သေအမှန် ထွက်ဆိုချက်အရ လည်းကောင်း ကလေးငယ်မှာ ဓမ္မတာအတိုင်းသေဆုံး ခြင်းမဟုတ်၍ပုဒ်မ ၃၀၂ သို့ ပြောင်း လဲ စစ်ဆေးဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။

(ကျော်သူရ)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

အနှိပ်ခန်းအား ဖမ်းဆီးအရေးယူ


၁-၉-၂၀၁၃ ရက်နေ့ ၂၀၄၅ အချိန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရွှေမာလာရိပ်မွန်ရှိ တရားမ၀င် အနှိပ်ခန်းဖွင့်လှစ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ဆိုင်မန်နေဂျာ ရဲဇော်ဦး(၁၉)နှစ်နှင့် ၀ါးခယ်မမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ဧည့်ကြို မောင်စန်းထက် (၁၉)နှစ်တို့အားတွေ့ရှိရပြီး အမျိုးသား ၉ ဦးအား နှိပ်ပေးနေသူ တွံတေးမြို့၊ ပြတသိုက်ကျေးရွာနေ မသော်ဇင်(၁၉)နှစ်ပါ ၉ ဦး၊ နှိပ်ရန်စောင့်နေသူ ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ ရွှေမာလာရိပ်မွန်နေ အေးမြအောင်(ခ)ပန်းအိ(၁၉)နှစ်ပါ ၆ ဦးနှင့် ကောင်တာစားပွဲ အံဆွဲအတွင်းမှ အနှိပ်သမ အမည်နှင့်ဝင်/ထွက်ချိန်များရေးမှတ်ထားသော ဗလာစာအုပ်(၁)အုပ်၊ ဘော့ပင်(၁)ချောင်း၊ ဂဏန်း ပေါင်းစက်(၁)လုံး၊ ရရှိငွေ(၃၆၃၀၀ိ/-)၊ ဧည့်စာရင်းတိုင်ကြားထားသောစာရွက် ၃ ရွက်၊ ခေါင်းအုံး ၇ လုံး၊၊ မွေ့ယာ ၇ ခုတို့အားသိမ်းဆည်းရမိခဲ့သောကြောင့် ရဲဇော်ဦးပါ(၁၇)ဦးအား ကမာရွတ်မြို့မရဲစခန်း ပြစ်မှုပုဒ်မ ၁၈၈ အရ က/ခပုံစံဖြင့် မြို့နယ်တရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့ရာ ရာကြီးမှုအမှတ် (၄၃၂/၁၃)ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

" မိန်းမ မှတ်ဥာဏ် "



တခါက ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ကြီးဆီသို့ အမျိုးသမီး လူနာ တဦး ဆေးခန်း လာပြသည်။ ဆရာဝန်ကြီးက ရာဘာလက်အိတ်ကို လက်မှာစွပ်ပီး လူနာကို ကြည့်လိုက်ရင်းက နောက်ပြောင်လိုသည့် သဘောဖြင့် ..

" ဒီလက်အိတ်ကို ဘယ်လို လုပ်တာလဲ သိလား.."



လူနာ အမျိုးသမီးက ခပ်ကြောင်ကြောင် ပုံစံဖြင့် " ဘယ်လိုလုပ်သိမှာလဲ "

" မသိရင် ပြောပြမယ်..ဒီလက်အိတ်ကို လုပ်ဘို့အတွက် လူတစုဟာ နေအရမ်းသာနေတဲ့ နေရာကို သွားရတယ်.၊ ပီးတော့ ရာဘာ အနှစ်ရည်တွေထဲကို သူတို့ရဲ့ လက်တွေကို ထည့်စိမ်ရတယ်..ပီးတော့ အဲ့ဒီလက်ကို လေထဲမှာ မြှောက်ပီး နေရောင်နဲ့ ခြောက်သွားအောင် ထောင်ထားရတယ်၊ ခြောက်သွားတဲ့ အခါကျတော့မှ ဒီလို ပုံစံလေးဖြစ်သွားတာပေါ့ (လက်ထောင်ပြလိုက်ရင်း)..အဲ့ဒီတော့မှ သူတို့နဲ့ မလှမ်း မကမ်းမှာ ရှိတဲ့ စက္ကူဗုံးထဲကို အဲ့ဒီလက်အိတ်တွေ ချွတ်ပီး ပစ်ထည့်ရတယ်..အဲ့ဒီနည်းနဲ့ ရာဘာလက်အိတ်ဆိုတာ ဖြစ်လာရတာ " လို့ ဆရာဝန်ကြီးက ခပ်တည်တည်နှင့် နောက်လိုက်သည်.။

ဆရာဝန်ကြီး စကားဆုံးပီးအတော်ကြာတဲ့အထိ လူနာအမျိုးသမီးက ငြိမ်နေပီးတော့မှ ရုတ်တရတ် ခွီးခနဲ ထရီတယ်.....

ဆရာဝန်ကြီး , " အွန် .. ဘာလို့ရီတာလဲ .. မယုံလို့လား.."
လူနာအမျိုးသမီး " မဟုတ်ပါဘူး ဆရာရယ်.၊ ဆရာပြောနဲ့ ဆက်စပ်ပီး ကွန်ဒုံးကို ဘယ်လိုလုပ်တာလဲဆိုတာကိုပါ တွေးမိလို့ပါ.."

( မှတ်ချက် ။ ။ အမျိုးသမီးများဟာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဦးနှောက်ကောင်းတယ်ဆိုတာလေး ပြောပြချင်လို့ပါ..)

*MH မှ မှတ်မိနေသော ပို့စ်တခုကို ပြန်ပြောပြတာဖြစ်ပါတယ်..(မှတ်မိမှာပေါ့..အမျိုးသမီးပဲဟာ..နော်)

“ပုထုဇဉ်ဟူသည်”





 
 
“ပုထုဇဉ်ဟူသည်”
•••••••••••••••••••
တို့လူတွေက တယ်ခက်တယ်။

တစ်ခါတစ်ရံ အဆင်မပြေတာ ကြုံရတဲ့အခါ ဒေါသဖြစ်ချင်ကြတယ်။

အချို့များမှာ ပုထုဇဉ်ပဲ ဖြစ်မိတာပေါ့ဆိုတဲ့ ဆင်ခြေလေးနဲ့ ဖြေတက်ကြတယ်။

ပုထုဇဉ်မို့ ဆိုတာလေးပြောရတာ သိပ်ကျေနပ်နေပုံပဲ။

ဘာဖြစ်လို့ ပုထုဇဉ်လို့ ခေါ်တာလဲဆိုတာတော့ ထည့်မစဉ်းစားဘူး။

'ပုထု - ကိလေသာ ဇာနေတီဟိ ပုထုဇ္ဇနေဝ' တဲ့။
♠ ပုထု - ကိလေသာ၊
♠ များပြားလှစွာသော ကိလေသာဆိုးအမျိုးမျိုးတို့ကို။
♠ ဇာနေတိ- ဖြစ်စေတက်၏။
♠ ဣတိတသ္မာ- ထို့ကြောင့်။
♠ ပုထုဇ္ဇနေဝ- ပုထုဇဉ်မည်၏ တဲ့။

ပုထုဇဉ်ဆိုတဲ့ အဓိပ္ပါယ်ဟာ လောဘကိလေသာအားကြီးသူ၊ ဒေါသကိလေသာအားကြီးသူ၊ မောဟကိလေသာအားကြီးသူလို့ ဆိုလိုတယ်။

ဒီလူ ကိလေသာအတော်အားကြီးတယ် လို့ ဆိုရင် ရှက်စရာကြီးမဟုတ်လား။

ဒါပေမဲ့ ဒီအဓိပ္ပါယ်ကို မတွေးမိဘဲ ဒါကတော့ ပုထုဇဉ်ကိုးလို့ ပြောရတာတော့ ဟန်ကျတယ် ထင်နေကြတယ်။

တချို့ ဒါယကာ၊ ဒါယိကာမကြီးတွေက တရားစကားလေး ဘာလေးပြောရင် တပည့်တော်တို့ကတော့ ပုထုဇဉ်ကိုးဘုရား၊ဘာညာနဲ့ သူတို့က ဒီအခေါ်လေးနဲ့ ကျေနပ်နေလိုက်ကြတာ။

(ပဋ္ဌာန်းသိပ္ပံဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒက)

သမ္မတ ဦးသိန်းစိန် နေပြည်တော်သို့ ပြန်ရောက်ပြီ



တရုတ်နိုင်ငံကို သွားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော် လေဆိပ် ကို ပြန်လည် ရောက်ရှိလာပါပြီ။





တရုတ်နိုင်ငံရောက် သမ္မတ ဦးသိန်းစိန်
တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပတဲ့ ၁၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ တရုတ်- အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ဖို့ မနေ့ က မနက်ပိုင်းက သမ္မတ ဦးသိန်းစိန်နဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နေပြည်တော်က ထွက်ခွာ သွားတာပါ။

ဂေါဝိန်ဆိပ်က ဘဝများ



မန္တလေးမြို့က ဂေါဝိန်ဆိပ်ဆိုတာ သီပေါမင်း ပါတော်မူခဲ့တဲ့ ဆိပ်ကမ်းတခုဆိုတဲ့ သမိုင်းထက် စိတ်ဝင်စားစရာတွေ အများကြီး ရှိပါတယ်။

ဂေါဝိန်ဆိပ်မှာ ကုန်တင်ကုန်ချတွေလုပ်နေတဲ့ သင်္ဘောတွေနဲ့ ရေချိုး အ၀တ်လျှော်နေကြသူများ (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)


အဲ့ဒီ ဂေါဝိန်ဆိပ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ဝ က ကနောင်မင်းသားကြီး တည်ခဲ့တဲ့ သင်္ဘောကျင်း ရှိပါတယ်။ အဲ့ဒီသင်္ဘောကျင်းဟာ အခုချိန်ထိ သင်္ဘောကြီးငယ်များကို ပြုပြင်မှုတွေ လုပ်နေဆဲပါ။

ဒီလိုပါပဲ ကုန်းဘောင်ခေတ်ကတည်းက ရှိခဲ့တဲ့ ဂေါဝိန်ဆိပ်ဟာ အခုအချိန်ထိ မန္တလေးမြို့ရဲ့ ကုန်စည်စီးဆင်းမှု အဓိက ဆိပ်ကမ်းအဖြစ် ရပ်တည်နေပါသေးတယ်။

Two luxury cruises sit docked, waiting to take tourists from Mandalay to Bhamaw. (Photo: Zarni Mann / The Irrawaddy)

လျှို့ ဝှက်ကင်မရာရန်မှကင်းဝေးရန် မည်သို့ကာကွယ်နိုင်မည်နည်း သိသင်သော အရာများ


အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Credit - Original up-loader

သတင်းစာ ဂျာနယ် မဂ္ဂဇင်းများ Download


ရတနာပုံနေ့စဉ်သတင်းစာ (၄-၉-၂၀၁၃) ဗုဒ္ဓဟူးနေ့  >>> zippyshare 


Do It Yourself ( Vol-1, No-11 ) >>> docs.google

မြ၀တီနေ့စဉ်သတင်းစာ (၄-၉-၂၀၁၃) ဗုဒ္ဓဟူးနေ့>>> zippyshare


မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၄၂)>>> zippyshare

 

7Day News ဂျာနယ် အတွဲ(၁၂) အမှတ်(၂၅)>>> mediafire

 

အင်တာနက်ဂျာနယ် အတွဲ(၁၄) အမှတ်(၃၄)>>>mediafire


မြ၀တီရသစုံမဂ္ဂဇင်း ( စက်တင်ဘာလထုတ် )>>> sssss

 

First Eleven Sports Journal အတွဲ(၁၄) အမှတ်(၁၄) >>mediafire

ပြည်တွင်း အသားစားသုံးသူ ဈေးကွက်အတွင်း ကြက်သား စားသုံးမှု လျော့ကျနေ






အိမ်နီးချင်း တရုတ်နိုင်ငံ တွင် ကြက်ငှက် တုတ်ကွေး ဖြစ်ပွားနေပြီး မြန်မာနိုင်ငံ အတွင်းသို့ မှောင်ခို ဈေးကွက်မှ ဝင်ရောက် နေသည့် အသားနှင့် ဥများတွင် ပြဿနာ ဖြစ်နေသည် ဆိုသော သတင်းများ ဖော်ပြ ထားမှုကြောင့် အသား ရောင်းချသော ဈေးကွက်အတွင်း ၌ ကြက်သား ဝယ်ယူ စားသုံးမှု လျော့ကျ နေကြောင်း အသား ရောင်းချနေသည့် ဈေးကွက် အတွင်းမှ သိရသည်။


ဇွန်လလယ်မှ စတင်သည့် မိုးတွင်း ကာလသုံးလ အတွင်း မြင့်တက်ပြီး ဈေးကောင်း ရရှိနေသော အသားတိုးကြက် ဈေးနှုန်းများမှာ သြဂုတ်လ နောက်ဆုံး ပတ်အတွင်း ယခင်ရရှိသည့် ငွေကျပ် ၄ဝဝဝ မှ ၃ဝဝဝ ဈေးနှုန်းသို့ ရောက်ရှိ ကျဆင်း သွားကြောင်း နှင့် ဗမာကြက်မှာ ဈေးနှုန်း ကျဆင်းခြင်း မရှိဘဲ မူလပေါက် ဈေးငွေကျပ် ၄၅ဝဝ ဖြင့်သာ ဈေးကွက် အတွင်း ဈေးနှုန်း တည်ရှိ နေကြောင်း ကြက် ၊ ဘဲ အဝယ်ဒိုင် ဈေးကွက် အတွင်း မှ သိရသည်။


ကြက်သား ဈေးနှုန်းများ သည် ထိုသို့ ဈေးကွက်များ ဖြစ်ပေါ် နေသော်လည်း ပြည်သူလူထု အနေဖြင့် ပြည်တွင်း သတင်းများတွင် ပါရှိသည့် မန္တလေး နှင့် ပြင်ဦးလွင် မြို့များတွင် နယ်စပ် ဂိတ်ပေါက်များမှ ကြက်အသား နှင့်ဥများ ဝင်ရောက် နေကာ ကြက်ခြံများ အတွင်းရှိ ကြက်သားပေါက် များတွင် မှိုရောဂါ များ ဖြစ်ပွား နေသည်ဆိုသော သတင်း များကြောင့် ကြက်သား စားသုံးရန် သတိပြုမှုများ ရှိလာပြီး ဝယ်ယူစားသုံးသူ လျော့နည်း နေကြောင်း သိရသည်။


ကြက်ခြံအတွင်း သုံးလေးရက် ကြက်သား ပေါက်ငယ်များ တွင် မှိုရောဂါ ဖြစ်ပွားမှုသည် မိုးတွင်း ကာလအတွင်း သာမန် ဖြစ်ပွားနေကျ ရောဂါဖြစ်ကာ ကြက်ငယ်များ တွင် လိုအပ်သည့် ဓာတ်သဘာဝ မျှတမှု မရှိခြင်းကြောင့်ဖြစ်ပြီး ကြိုတင်၍ ကာကွယ်သည့် ဆေးများကို တိုက်ကျွေး ထားပါက ယင်းမှို ရောဂါသည် ဖြစ်ပွား နိုင်ခြင်း မရှိကြောင်း ကြက်မွေးမြူရေး ကျွမ်းကျင် ပညာရှင် များက ပြောကြား ကြောင်း သိရှိရသည်။

အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများ







အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများမကြာသေးမီ ကာလအတွင်း အဆုတ်ကင်ဆာ ဖြစ်နှုန်းဟာ မြင့်တက် လာပါတယ်။ အထူးသဖြင့် အမျိုးသား တွေနဲ့ နှိုင်းယှဉ်ရင် အဆုတ် အရွယ်အစား သေးငယ်တဲ့ အမျိုးသမီး တွေမှာ အဖြစ်များ လာပါတယ်။ ဒါပေမဲ့ အဆုတ် ကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဆေးလိပ် သောက်သူ ဖြစ်နေရင်တောင် ကာကွယ်နိုင် ပါသတဲ့။ အောက်ပါ နည်းလမ်း တွေဟာ အဆုတ် ကျန်းမာရေးကို ကောင်းမွန် စေနိုင်ပြီး ကင်ဆာဖြစ်နိုင် ခြေကို ၆၇ ရာခိုင်နှုန်းကျော် အထိ လျှော့ချ နိုင်ပါတယ်။

ခရင်မ်ဘယ်ရီဖျော်ရည်သောက်ပါ

ခရင်မ်ဘယ်ရီသီးမှာ ပါဝင်တဲ့ Proanthocyonidins ခေါ်ဓာတ်တိုးဆန့်ကျင် ပစ္စည်းဟာ ကင်ဆာလို့ သံသယဖြစ်စေ တဲ့ အဆုတ်ဆဲလ်တွေ ပွားများမှုကို ပိတ် ပင်ပေးပါတယ်။ လက်တစ်ဆုပ်စာ ဘယ် ရီသီးအခြောက် ဒါမှမဟုတ် ခရင်မ် ဘယ် ရီဖျော်ရည်ကို နေ့စဉ်သောက်ပါ။

တစ်သျှူးအနာကျက်အောင် ဗီတာမင်အီး စားပါ

ကွေကာ၊ ဒိန်ချဉ်နဲ့ Pecans တွေမှာ အနာကျက်စေနိုင်တဲ့ Gamma- toco-pherol တွေ များစွာ ပါဝင်ပါတယ်။ ဒီ ဗီတာမင်အီး ဒြပ်ပေါင်းဟာ ပျက်စီးနေ တဲ့ အဆုတ်တစ်သျှူးတွေကို ပြန်လည် ပြုပြင်နိုင်ပြီး ကင်ဆာအကြိုဆဲလ်တွေ ကြီးထွားမှုကို ပိတ်ပင်နိုင်တဲ့ အတွက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင် နှုန်းအထိ လျှော့ချနိုင်တယ်လို့ Texas တက္ကသိုလ်မှ သုတေသီတွေက ဆိုပါ တယ်။ နေ့စဉ် နှစ်အောင်စမှီဝဲပါ။

ကဖင်းမပါဝင်သော ကော်ဖီသောက်ပါ

သင်ဟာ ဆေးလိပ်သောက်သူဖြစ် နေရင် ဒါမှမဟုတ် တစ်ဆင့်ခံ ဆေးလိပ် တွေကို ပုံမှန်ရှူနေရသူ ဖြစ်နေရင် သင် သောက်နေကျ ကော်ဖီနှစ်ခွက်ကို ကဖင်း မပါဝင်တဲ့ ကော်ဖီနဲ့ အစားထိုးပြီး သောက် ပါ။ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ Buffalo ကင်ဆာ ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ကော်ဖီမှာ များစွာပါဝင်တဲ့ ဖလေဗိုးနွိုက်တွေက ဆေး လိပ်ငွေ့မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေနိုင် တဲ့ပစ္စည်း (Carcinogen) တွေကို ခွဲနိုင် ပေမယ့် ကဖင်းက ဒီဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေရဲ့ လုပ်နိုင်စွမ်း စွမ်းရည်ကို လျှော့ချထားလို့ပါ။

အနီရောင်ဂရိတ်ဖရုသီး စားပါ

အနီရောင် ဂရိတ်ဖရုသီးကို နေ့စဉ်စားသုံးတာကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါတယ်။ ဆေးလိပ်အနည်းငယ် သောက်သူဖြစ်ရင်တောင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဂရိတ် ဖရုသီးမှာ များစွာပါဝင်တဲ့ ဗီတာမင် စီနဲ့ လိုင်ကိုပင်းတွေ နှစ်မျိုးပေါင်းပြီး အဆုတ် တစ်သျှူးကို လေထု ညစ်ညမ်းမှု ဒဏ် ကြောင့် ပျက်စီးမှု မရှိအောင် ကာကွယ် ထားနိုင်တာကြောင့်ပါလို့ Haward တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ဖရဲသီးနဲ့ ချက်ပြီးသား ခရမ်းချဉ်သီးဟာ လည်း တူညီတဲ့ အစွမ်းရှိတယ်လို့ သိရပါ တယ်။

ဒေါက်တာခင်မိုးမိုး

အလုပ်သမားအရေး ဖြေရှင်းရန် မလေးရှားသို့ မြန်မာအထူးကိုယ်စားလှယ် အဖွဲ့ စေလွှတ်မည်




From : ..the voice

လတ်တလော၌ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလုပ်သားများအရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အဆိုပါအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်းနှင့် ယခုလ ၉ ရက်နေ့ ဝန်းကျင်တွင် သွားရောက်ရန် စီစဉ်ထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

သုံးလကြာ စစ်ဆင်ရေး ပြုလုပ်မည့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းရေး အစီအစဉ် Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေးထားသည့် ယင်းစစ်ဆင်ရေး တစ်ရပ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်နေပြီဖြစ်ပြီး ၂၄ နာရီအတွင်း တရားမဝင် မြန်မာလုပ်သား ၅၅၅ ဦး အပါအဝင် နိုင်ငံခြားသား ၂၄၄၃ ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း မလေးရှား အခြေစိုက် The Star သတင်းစာက စက်တင်ဘာ ၂ ရက်နေ့တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်ကာ မြန်မာနိုင်ငံသား ဟု အမည်ခံထားသူများကိုလည်း သေချာစိစစ်သွားမည်ဖြစ်ပြီး အမှန်တကယ် မြန်မာနိုင်ငံသား ဖြစ်သူများအရေးကို ဖြေရှင်းပေးသွား မည် ဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“အဖမ်းခံထားရတဲ့ သူတိုင်းကို မြန်မာလို့ ပြောလိုက်ရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုရာ ရောက်သွားမယ်” ဟု ၎င်းကဆိုသည်။

မလေးရှားနိုင်ငံတွင် ကွာလာလမ်ပူ မြို့တော်၊ ပီနန်း၊ ဂျိုးဟိုး အစရှိနေရာများရှိ တရားမဝင် အလုပ်သမားအများစု ခိုအောင်းရာ နေရာများ၊ စက်ရုံများကို အဓိကထား စစ်ဆေးဖမ်းဆီးနေကြောင်း၊ အဖမ်းအဆီးများ ပြုလုပ်ရာတွင် မျက်နှာကြက်၊ ကြမ်းပြင်အောက်များတွင် ပုန်းနေသူများကိုပါ ရှာဖွေ ဖမ်းဆီးကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

မြန်မာ ဈေးဆိုင်များရှိသည့် နေရာတွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး တရားဝင် အထောက်အထား ရှိသူများကို ချက်ချင်းပြန်လွှတ်ပေးကြောင်း ပီနန်းမြို့တွင် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

“ဖမ်းဆီးတာတော့ မတွေ့ရသေးဘူး။ စာအုပ် (နိုင်ငံကူးလက်မှတ်) မရှိတဲ့ သူတွေကတော့ မအိပ်နိုင် မစားနိုင်ဖြစ်နေကြတယ်” ဟု စလန်ဂေါပြည်နယ် ဓမာဆာရာမြို့တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။

ယခုနှစ်အကုန်ထိ တရားမဝင် နိုင်ငံခြားသား လေးသိန်းကို ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်းနိုင်ငံခြားသားများကို လက်ခံထားသည့် အလုပ်ရှင် ၄၅၀၀၀ ကို ဖမ်းဆီး အရေးယူနိုင်ရန် ရည်မှန်းထားကြောင်း မလေးရှား သတင်းများတွင် ဖော်ပြသည်။

“မြန်မာတွေ အပြင်မထွက်ရဲတော့ဘူး” ဟု ဆာလာဘန်းမြို့တွင် အလုပ်လုပ်ကိုင်နေသည့် ဦးပြည်ကျော်စိုးက ပြောကြားသည်။

အော်ပရာစီ စစ်ဆင်ရေးကို လူဝင်မှု ကြီးကြပ်ရေးက ဦးဆောင်မည်ဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်၊ အပါအဝင် အင်အား ၁၃၅,၀၀၀ ဦးဖြင့် ဖမ်းဆီးနှိမ်နင်းမည် မလေးရှားနိုင်ငံ သတင်းများတွင် ဖော်ပြသည်။

တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းသည့်အပြင် ၎င်းတို့ကို အကာအကွယ်ပေးသူ၊ အကူအညီပေးသူ၊ အလုပ်အကိုင် ပေးထားသူများကို ငွေဒဏ် ရင်းဂစ် ငါးသိန်းနှင့် ထောင်ဒဏ် ငါးနှစ်၊ ကြိမ်ဒဏ် ခြောက်ချက် သိုမဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြထားသည်။ .

မကွေးမြို့ ကုလား-မြန်မာ အဓိကရုဏ်း သတင်း




From : .. wirathu

မကွေးမြို့မှာ သက်ငယ်မိန်းကလေးတစ်ယောက်ကို မူဆလင်ကုလား သက်ကျားအိုကြီးက မုဒိမ်းကျင့်လို့ မကျေနပ်သူတွေ ဟိုတစ်စု ဒီတစ်စု စုစည်းနားစွင့်နေကြပါတယ်။ ကုလားကို ဖမ်းထားပြီး၊ လုံခြုံတဲ့နေရာပို့ထားလို့ ဆူပူအုံကြွမှု မဖြစ်အောင် ထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်းအရင်းအမြစ်ကို ဆက်လက်စုံစမ်းနေပါတယ်။ သတိပေးလိုတာကတော့ ဥပဒေမဲ့ တုန့်ပြန်ခြင်းဖြင့် မူဆလင်ထောင်ချောက်ထဲ တိုးမဝင်မိကြဖို့ပါပဲ။

Tuesday, September 3, 2013

စမတ်ကျကျ လမ်းလျှောက်ကြည့်ပါ





 

ချက်ကို ကျောရိုး ဖက်သို့ ဆွဲ ဆန့်ပြီး လမ်းလျှောက်ကြည့်ပါ။ သင် ၏ ဝမ်းဗိုက်ကြွက်သားများကို တည် ငြိမ်စေရန် ခါးစည်း၊ ဗိုက် စည်းဖြင့် ထိန်း၍ ခပ်မတ်မတ် လျှောက်ပါ။ လမ်းလျှောက်စဉ် လက်ကို လွှဲပါ။
တင်၊ပေါင်မှ ကြွက်သားများကို ခြေနှင့်တတန်းတည်းဆန့်၍ လျှောက် ပါ။ ပေါင်အတွင်းဖက်ကြွက်သားများ ကို ဒူးနှင့်တတန်းတည်းထား၍ လျှောက် ခြင်းဖြင့် ခြေထောက်၏ တည်ငြိမ်မှုကို ရရှိစေပြီး ခြေခွင်ခြင်း မဖြစ်စေပါ။
ခါးကို မတ်၍ လျှောက်မိ စေ ဖို့ အမြဲဂရုစိုက်ပါ။ ခါးမတ်ခြင်းဖြင့် ဝမ်းဗိုက်သည်လည်း တပါးတည်း ဖြောင့်တန်းလာပြီး အပြင်တွင် တက် ကြွသည့်အသွင်ကို ဆောင်စေပါမည်။ ခါးကိုင်းလျှောက်မိလျှင် မိမိ ကိုယ်ကို ချက်ချင်းပြုပြင်လိုက်ပါ။
ခြေဖျားကို ရှေ့သို့ ပစ်၍ လျှောက်ပါ။ ဘေးဘက်ကို ကားပြီးဘဲ သွား သွားသလို မလျှောက် မိစေဖို့ သတိပြုပါ။ ခြေလှမ်းတိုင်း ခန္ဓာကိုယ် နှင့်ခြေထောက်ကို တတန်းတည်း ဖြစ် ပါစေ။ ခြေထောက်က ခန္ဓာကိုယ်၏အရှေ့ကို အရင်ရောက်နေသည့် ပုံစံ မျိုးမဖြစ်စေရန် ထိန်းလျှောက်ပါ။ Cat walk ပုံစံ မျဉ်းတပြေးတည်း လျှောက်ခြင်းမျိုးကို ကြိုးစားလျှောက် ခြင်းထက် ပုံမှန်ပခုံးကို ဖွင့်၍လျှောက် ပါ။
ဦးခေါင်းအတွက် ခေါင်းပေါ် တွင် စာအုပ်ကိုတင်၍ လျှောက်ခြင်း ကလည်း ခေါင်း၏အနေအထားကို ကြည့်ကောင်းစေသဖြင့် လေ့ကျင့် လျှောက်လှမ်းကြည့်ပါ။
ထူး
Health Updates Journal

" ရေသန့် ဘူး နဲ့  အမျိုးသမီးများ အတွက် အထူးသတိပြုရမည့် အချက်"






အလုံပိတ်ထားတဲ့ ကား ၊ ပိတ်လှောင်နေတဲ့ ကားထဲမှာ ထည့်ထားတဲ့
ရေသန့် ဘူးများကိုအမျိုးသမီးများ သောက်သုံးဖို့ မသင့်တော်ဘူး လို့  ဆိုထားပါတယ်။
ဘာကြောင့်လဲဆိုတော့ ကားထဲက အပူဒဏ်နဲ့  ရေသန့် ဘူးက ပလတ်စတစ် မှာ ပါတဲ့ ကယ်မီကယ် နဲ့ ဓာတ်ပြုပြီး dioxin ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးလိုက်ပါတယ်။

Dioxin ဆိုတာ အမျိုးသမီးများ ရင်သားကင်ဆာကို ဖြစ်ပေါ်စေတဲ့ အဆိပ်ဓာတ် တစ်မျိုး ဖြစ်ပါတယ်။Dioxin များဟာ မိမိတို့ ခန္တာကိုယ် ထဲက ကင်ဆာ ဖြစ်စေတဲ့ ဆဲလ်တစ်ရှူး အရေအတွက်ကို တိုးလာစေပါတယ်။ သို့ နှင့် ရင်သားကင်ဆာကို ဖြစ်ပွားမှု များလာပါတယ်။

ဒါကြောင့် ကားထဲမှာ အချိန်အတော်ကြာ ထည့်ထားတဲ့ ရေသန့် ဘူးကို မသောက်သုံး သင့်ပါဘူး ။

ပလပ်စတစ်နဲ့ မဟုတ်တဲ့ သတ္တူဗူး ၊ ဖန်ပုလင်းတို့ နဲ့ ထည့်ထားတဲ့
ရေသန့် ကိုသာ အသုံးပြုဖို့ အကြံပြုလိုပါတယ်။

Ref: Medical

ကလေးယူဖို့ အဆင်သင့်ဖြစ်ပြီလား



24 August 2013 | By Health Digest
သားသမီး ယူဖို့ အချိန်ကျရောက် ပြီလို့ သင်ထင် ပါသလား။ ကလေးယူဖို့ စဉ်းစားတဲ့အခါ အောက်ပါ အချက် တွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။
- သင့်ရဲ့လက်တွဲဖော်က ကလေးယူ ဖို့ သဘောတူရဲ့လား။
- ကလေးတစ်ယောက်ကို ကျွေးမွေး ပြုစုစောင့်ရှောက်ဖို့ စရိတ်ကို တတ် နိုင်ရဲ့လား။
- သင့်ရဲ့အလုပ်က နာရီပေါင်းများစွာ လုပ်ရတဲ့အလုပ်ဖြစ်ပါသလား။
- ကလေးယူခြင်းက မပြေလည်တဲ့ အိမ်ထောင်ရေးကို သာယာသွားစေ နိုင်မယ်လို့ သင်ယုံကြည်ထားလား။
- ဆေးလိပ်၊ အရက်နဲ့ အခြားဆေး ဝါးသုံးစွဲမှုရှိရင် ဖြတ်ဖို့အဆင်သင့် ဖြစ်ပြီလား။
- ကလေးကို ဘယ်လို အုပ်ထိန်းဆုံးမ ရမလဲ ဆိုတာကို သင်နဲ့သင့်လက်တွဲ ဖော် ညှိနှိုင်းတိုင်ပင်ပြီးပြီလား။
- ကလေး တစ်ယောက်ရဲ့ လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစီ အစဉ်ရေး ဆွဲပြီးပြီလား။
- သင်နဲ့သင့်လက်တွဲဖော်ဟာ အချိန် နဲ့လွတ်လပ်မှုတွေကို စွန့်လွှတ်ပြီး ကလေး တစ်ယောက်ကို အနစ်နာခံ ပြုစုဖို့ ဆုံးဖြတ်ချက် ချထားပြီလား။


ဇင်မာမြင့်

Related Posts Plugin for WordPress, Blogger...