Monday, September 9, 2013

နိုင်ငံရေးအမည်ခံ လုပ်စားများအား ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်မှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့







ယခုတလော မည်သည့်နေရာ၊ မည်သည့်ပွဲပဲဖြစ်ဖြစ် ရှေ့ဆုံးမှမြောက်ကြွမြောက်ကြွမိုက်ကိုင်ပြီး တက်ရောက်လာသူပရိတ်သတ်များ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ပြောဆိုနေကြသည်မှာ နိုင်ငံရေးသမားယောင်ယောင်၊ ဟိုယောင်ယောင် ဒီယောင်ယောင် ထောင်ထွက်များပင်ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး၏ စေတနာဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေသည့်ကာလတွင် နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား ကျရာနေရာမှ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၄င်းတို့အား လွှတ်ပေးခဲ့သည့်အချိန်က ပြည်သူအများမှ မျှော်လင့်တကြီးဖြင့် ကြိုဆိုခဲ့ကြဖူးသည်။


သို့သော်.....တဖြည်းဖြည်းဖြင့် အချိန်ကာလကြာရှည်သောအခါ မယောင်ရာဆီလူးများ၊ တိုင်းပြည်၏ တိုးတက်ရာတိုးတက်ကြောင်းကို ဖျက်ဆီးနေကြသူများ၊ ၄င်းတို့ရောက်ရှိသည့်နေရာတိုင်းတွင် ကောင်းကျိုးများဖြစ်လာသည်မရှိဘဲ မတည်မငြိမ်မှုများဖြစ်ပေါ်ခြင်း၊ အမျိုးမျိုးသောဆန္ဒပြပွဲများ ကို လုပ်ဆောင်နေသူများအဖြစ် ပြည်သူများက သတိပြုမိလာခဲ့ပြီဖြစ်သည်။


အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍လည်း ယခုအပါတ်ထုတ် First News ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှလည်း နိုင်ငံရေးအမည်ခံလုပ်စားများအကြောင်း ဖော်ထုတ်ရေးသားခဲ့သည်ကို တွေ့ရမည်ဖြစ်ပေသည်...။


- ပရိုမီးသီးယပ်စ်

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း အဖမ်းခံနေရ




ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာပြီး မူးယစ်ဆေးနှင့် ဆက်စပ်၍ တစ်ရက်လျှင် လူနှစ်ဦး အဖမ်းခံနေရကြောင်း အထူးမူးယစ် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ်၏ မြစ်ကြီးနား အထူးမူးယစ်နှင့် ဗန်းမော်အထူးမူးယစ်၏ မှတ်တမ်းများအရ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရက်ပေါင်း ၂၄၅ ရက်အတွင်း အမှုပေါင်း ၃၄၉ မှု၊ တရားခံဦးရေ ၄၈၀ ဦး (ကျား-၃၇၆ ဦး၊ မ-၁၀၄ ဦး) ရှိခဲ့ပြီး ဖမ်းမိသော ဘိန်းဖြူ၊ ဘိန်းမည်း စိတ်ကြွဆေးပြား တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၁၁၀၅ သိန်းကျော်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် အထူးမူးယစ်အဖွဲ့မှ အရာရှိတစ်ဦးက "ဘိန်းထွက်ရှိမှု အနေနဲ့ ကချင်ပြည်နယ်က ရှမ်းပြည် နယ်ကို မမီပါဘူး။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါးတွေဟာ ရွှေမှော်ကျောက်မှော်တွေမှာ ဈေးကွက်ကြီး တစ်ခု ဖြစ်နေတယ်။ ငွေရှာရလွယ်တော့ သုံးစွဲတဲ့လူလည်း များတယ်။ ထောင် ထဲမှာလည်း လူဦးရေ ငါးပုံလေး ပုံဟာ မူးယစ်ဆေးကြောင့်ပဲ" ဟု ပြောကြား သည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန် ဆိုင်းက "မြို့နယ်တိုင်းမှာ တင်ပြတဲ့ ပြဿနာပါ။ ကျွန်တော်တို့နိုင်ငံသာ ခံရတာ မဟုတ်ဘူး၊၊ ဆင်းရဲ/ချမ်းသာ တိုင်းပြည်တိုင်း ခံစားနေရတာပါ။ ဘိန်းအစားထိုး ကိစ္စကို ဒေသအေးချမ်းတာနဲ့ စီစဉ်ပါ့မယ်။ မူးယစ်ဆေး ၀ါးက ငွေနဲ့ပတ်သက်နေတော့ တိုက်ဖျက်ရတာ အရမ်းခက်တယ်" ဟု ၀ိုင်းမော်မြို့၌ လူထုနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ဖားကန့်ဒေသခံ ဦးတင်ထွန်းလင်းကမူ "ဖားကန့်မှာတော့ နံပါတ်ဖိုးကို ပွဲတန်းကြီးလို ရောင်းနေတာ။ လူငယ်တွေလည်း တိုက်ရိုက်ထိုးကြတာ များတယ်။ ဒီကိုရောက်လာမှ ဆရာဝန်တွေကအစ မူး ယစ်ဆေးကြောင့် ဘ၀ ဆုံးသွားကြတယ်" ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ် ပွားနေသော ၂၀၁၁ ခုနှစ် နောက်ပိုင်း တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံး စွဲသူ ပိုမိုများပြားလာကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တစ်နေရာတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူ တစ်ဦးကို သြဂုတ်လဆန်းက တွေ့ရစဉ်

ကမ္ဘာ့ ခေါင်းလောင်းများ သမိုင်း






ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း အဖြစ်လက်ခံထားသည့် ရုရှနိုင်ငံ မော်စကိုမြို့မှ Tsar Kolokol စာကို လိုကောခေါင်းလောင်းကြီး ဖြစ်သည်။အမြင့် ၁၉’ ၃”၊အ၀န်း ၆၀’ ၉”၊အထူ ၂’ ရှိသည်။ ခေါင်း လောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။
မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိ သည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂)တွင် ၂၁၉ တန် ရှိသည်ဟုဖော်ပြခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည်။ ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။

ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းေ လာင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ယခုအခါ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော စာကိုလိုကောခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ‘ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်း ပင်ဖြစ်သည်။ ခေါင်းလောင်း ၏ဘွဲ့အမည် မှာ မြန်မာဘာ သာဖြင့်အ၀ိန္နဆောက် ဟုခေါ်သည်။

အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယ ကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြု ရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း ၈ ရက်ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူး ထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။

ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက် လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီး လည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေ သည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကောခေါင်းလောင်း ထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်း ဆိုလျှင် ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။

စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းေ လာင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေ သည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများ အနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။ရှေးကျပြီး ကြီးကျယ်သော ခေါင်းလောင်းကို သွန်းလုပ် ခဲ့သော မွန်တို့၏ ကြေးသွန်းအတတ်ပညာမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒို ဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန်ဖောင်ဖြင့် သန်လျင်သို့ သယ်ေ ဆာင် ခဲ့သည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။

မြို့တွင်းဆိုင်ကယ်စီးသူများ ထောင်သုံးနှစ်ချမည့်စနစ် ပြောင်းလဲကျင့်သုံးမည်




ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်စီးနင်းပါက ယခင်စနစ်ကဲ့သို့ စွဲချက်တင်စစ်ဆေးခြင်းထက် ပိုမိုမြန်ဆန်သည့် ထောင်သုံးနှစ်ချသည့် စနစ်ကိုပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီမှ သိရသည်။

ထိုကဲ့သို့ အရေးယူနိုင်ရန်သက်ဆိုင်ရာ မြို့နယ်များတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။



“အရင်ကလို Without တွေဖမ်းမိရင် ယာယီအကျဉ်းထောင်မှာ ခဏထားတာမျိုးတွေ မရှိတော့ဘဲ တစ်ခါတည်း တန်းပြီး တရားရေးပိုင်းက အရေးယူမှာပါ၊ လိုင်စင်ရှိ ယာဉ်တွေဆိုရင်လည်း နယ်ကျော်ဆိုင်ကယ် စီးနင်းမှုအပေါ်မူတည်ပြီး ဒဏ်ငွေဆောင်အရေးယူမှုတွေ လုပ်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိ စာရင်းများအရ လိုင်စင်မဲ့ ဆိုင်ကယ်အစီးရေ စုစုပေါင်း ၆၀၀ ကျော်ကို အရေးယူထားပြီး နေ့စဉ်နှင့်အမျှ ဖမ်းဆီးမှုများ ရှိကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အခုလို ဖမ်းဆီးဖို့ကို ရဲတွေတင်မဟုတ်ပါဘူး၊ ကျွန်တော်တို့လို ရပ်ကွက်က တာဝန်ရှိသူတွေပါ ပူးပေါင်း ဆောင်ရွက်ဖို့ လုပ်ထားပါတယ်၊ ဒါပေမဲ့ ဆိုင်ကယ်ကို ဒီဘက်တွေမှာ အဓိက အားထားနေရတယ်၊ အဲဒီ အခက်အခဲကိုပါ သူတို့ ဖြေရှင်းပေးဖို့ မျှော်လင့်တယ်” ဟု လှိုင်သာယာ မြို့နယ်တွင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချစ်မောင်က ပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင်း အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ရာတွင် ဆိုင်ကယ်အသုံးပြုမှု အဓိကနယ်မြေများ ဖြစ်သည့် လှိုင်သာယာမြို့နယ်၊ ဒဂုံ(အရှေ့၊ မြောက်၊ တောင်၊ ဆိပ်ကမ်း)၊ မင်္ဂလာဒုံမြို့နယ်များသို့ လိုက်လံနှိုးဆော်နေခြင်းဖြစ်သည်။

“ကျွန်တော်ဆို ဆယ်တန်းအောင်ပြီးကျောင်းတက်ကတည်းက ဒီဆိုင်ကယ်ကယ်ရီ ဆွဲတာနဲ့ အသက်မွေးလာတာပါ၊ အခုလိုဖမ်းမယ်ဆိုတော့ ဘာလုပ်လို့လုပ်ရမယ်မှန်း မသိဘူး။ကျွန်တော်တို့လို ကယ်ရီသမားတွေအများကြီး ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့အတွက် တစ်ခုခု လုပ်ပေးစေချင်ပါတယ်”ဟု မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်နေ အောင်မင်္ဂလာအဝေးပြေးဝင်း ပြင်ပဆိုင်ကယ်ကယ်ရီ ဆွဲနေသူ ကိုထိန်လင်းဦးက ပြောသည်။

အဆိုပါ ဆိုင်ကယ်ကယ်ရီသမားများသည် တစ်ရက်ဝင်ငွေ အနိမ့်ဆုံး ကျပ်လေးထောင် ၀န်းကျင်မှ အမြင့်ဆုံး ကျပ်ခုနှစ်ထောင် ၀န်းကျင် ၀င်ငွေ ရရှိကြောင်း ဆိုင်ကယ် ကယ်ရီသမားများ၏ ပြောကြားချက်အရ သိရသည်။

မြတ်မိုးကျော်(မြစ်မခ) 

မိမိလက်ဝါးရာရိုက်နှိပ်ခြင်းဖြင့် လူကုန်ကူးခံရမှုအား ကာကွယ်နိုင်




  ဇော်မျိုးဦး(မြစ်မခ)







စက်တင်ဘာလ ၁၃ရက်နေ့တွင်ကျရောက်မည့် မြန်မာနို်င်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် Wall of Pledge အစီအစဉ်ကို City Mart Holding Co.,Ltd ၏ CityLove & Hope Foundation မှ City Mart မြေနီကုန်းCity Mart ၊မန္တလေး CityMart နှင့် Ocean North Point Supercenterများ၌ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါအစီအစဉ်မှာသတ်မှတ်စူပါမားကတ်များ၌ရံပုံငွေတစ်ထောင်ကျပ်ထည့်ဝင်၍မိမိလက်ဝါးတံဆိပ်များကိုWall of Pledge အစီအစဉ်၌ ထည့်သွင်းရိုက်နှိပ်ခြင်းဖြင့် လူကုန်ကူးမှုအား

တစ်ဘက်တစ်လမ်းမှ ကာကွယ်နိုင်ခြင်း ဖြစ်သည်။



အဆိုပါအစီအစဉ်ကို City Love & HopeFoundation မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့(လူကုန်ကူးမှုတိုက်ဖျက်ရေးဗဟို)နှင့်NGOအဖွဲ့များဖြစ်သည့်

afxb,IOM,Jica,MTVExit,SavetheChildren,UNIAP,unicef,WALKFREE,World Vision တို့ပူးပေါင်း၍စက်တင်ဘာလ ၇ရက်နှင့်၈ရက်များ၌ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။



“လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပါဝင်ဖို့ MTV exit ကနေလာရောက်ချိတ်ဆက်ပြောကြားတဲ့အတွက် City Mart အနေနဲ့ပါဝင်ကူညီလုပ်ဆောင်သွားမှာပါ။

ဒီပွဲမှာရရှိတဲ့အလှူငွေတွေကိုလူကုန်ကူးမှုကာကွယ်တားဆီးတဲ့အဖွဲ့တွေကို လှူဒါန်းသွားမှာပါ”ဟု CityMart Holding Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



လူကုန်ကူးမှုတိုက်ဖျက်ရေး၌အများပြည်သူပါဝင်ကူညီထောက်ခံနိုင်ရေး ဆေးသုတ်ထားသော လက်ဝါးရာများကို Wall of Pledge ပိတ်ကားပေါ်တွင် လက်ရာနှိပ်၍ လက်ဝါးရာတစ်ခုလျှင် ကျပ်

၁၀၀၀ နှုန်းရံပုံငွေအဖြစ် သတ်မှတ် ခံကာ အဆိုပါလက်ခံရရှိငွေများအား လူကုန်ကူးမှုကာကွယ်တားဆီးတဲ့အဖွဲ့များသို့ လှူဒါန်းသွားမည်ဖြစ်သည်။



“လေ့လာမှုတွေအရ လူကုန်ကူးခံရမှုနှုန်းဟာ အာဖရိကဒေသတွေထက် အာရှပစိဖိတ်ဒေသတွေမှာ ၃ဆပိုများနေတယ်။လူကုန်ကူးမှုကာကွယ်တားဆီးရေးမှာ ပြည်သူ့ဝန်ထမ်းတွေကလည်းပူးပေါင်းပါဝင်တားဆီးကြရမှာပါ။”ဟု လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှရဲမှူးချုပ် ဦးခင်မောင်စီကပြောကြားသည်။

ခင်ဝင့်ဝါ ဆု (၄) စု ဖြင့် ပြန်ရောက်

From : .. dvb, the voice


Miss Supranational ပြိုင်ပွဲမှာ Miss Internet ဆုအပါအ၀င် ဆု၎ဆု ဆွတ်ခူးလာတဲ့ မြန်မာအလှမယ် ခင်ဝင့်ဝါ ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။


ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင် စက်တင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ (မြန်မာစံတော်ချိန်ည ၁၀ နာရီ) အချိန်၌ ကျင်းပခဲ့သော Miss Supranational 2013 ပြိုင်ပွဲကြီးတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့သူ ခင်ဝင့်ဝါသည် ယင်းပြိုင်ပွဲတွင် ဆုလေးဆုရ ရှိခဲ့ကြောင်း Miss Supranational Myanmar Organization ထံမှ သိရသည်။

မြန်မာအလှမယ် ခင်ဝင့်ဝါသည် အဆိုပါပြိုင်ပွဲတွင် အင်တာနက် မဲအရေအတွက် ၃၆၀၀ ဖြင့် Miss Internet ဆုကို ရရှိခဲ့ပြီး Missosology ဝက်ဘ်ဆိုက်မှပေးသော People Choice Award နှင့် Face of Miss Supranational 2013 ဆု၊ ဘယ်လာရုစ်ဝက်ဘ်ဆိုက်မှ ချီးမြှင့်သော Most Beautiful Girl in the World ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

“ညီမဆန်ခါတင် အယောက် ၂၀ စာရင်းမှာ ပါဝင်နိုင်ခဲ့ပြီးတော့ Miss Internet ဆုရတဲ့အတွက် ဝမ်းသာပျော်ရွှင် ဂုဏ်ယူမိပါတယ်။ ဒီဆုတွေက ပရိသတ်ပေးတဲ့ဆုပါ။ ညီမအနေနဲ့ ရရှိမယ့် ဆုငွေတွေ အားလုံးကို ပရဟိတ အလှူဒါနပြုသွားမှာပါ။ မြန်မာပြည်ကို ပြန်ရောက်တဲ့အခါမှာ မိသားစုလို ချစ်ခင်ပြီး အကောင်းဆုံး ပံ့ပိုးပေးခဲ့တဲ့ Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာပါ။ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် မြန်မာတစ်မျိုး သားလုံးအတွက် အကျိုးပြုသွားပါမယ်” ဟု အလှမယ် ခင်ဝင့်ဝါက သူ၏ Facebook တွင် တရားဝင် ပြောကြားသည်။

Miss Supranational 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဆုလေးဆုကို ပွေ့ပိုက်၍ မိမိတို့နိုင်ငံအတွက် ဂုဏ်ပြုခွင့်ရပြီး ပြန်လာမည့် ခင်ဝင့်ဝါအတွက် များစွာ ဝမ်းမြောက်မိကြောင်း Miss Supranational Myanmar Organization တာဝန်ရှိသူ ဦးဝေယံအောင်က ပြောကြားသည်။

“ညီမလေး ခင်ဝင့်ဝါဟာ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းမှ မြန်မာညီအစ်ကို မောင်နှမများရဲ့ စည်းလုံးညီညွတ်စွာ အားပေးမှုကြောင့် Miss Internet ဆုကို ဆွတ်ခူးခဲ့ပါပြီ။ အဲ့ဒါအပြင် အခြားဆုသုံးဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး မြန်မာ့ဂုဏ်ကိုလည်း ဆောင်နိုင်ခဲ့ ပါပြီ။ မြန်မာတွေရဲ့ စည်းလုံးညီညွတ်မှုတွေကို ပြသနိုင်ခဲ့ပြီး ဆုတွေကို ရယူနိုင်ခဲ့တဲ့အတွက် ညီမလေး ခင်ဝင့်ဝါနှင့်တကွ မြန်မာနိုင်ငံမှ အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးနှင့်အတူ ထပ်တူဝမ်းမြောက် ဂုဏ်ယူမိပါတယ်” ဟု နန်းခင်ဇေယျာက သူမ၏ င်္ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

Miss Supranational 2013 ပြိုင်ပွဲတွင် Miss Supranational 2013 ဆုကို Miss Philippines ဖြစ်သူ Mutya Johanna Datul က ရရှိခဲ့ပြီး မြန်မာနိုင်ငံမှ နောက်ဆုံးအဆင့် ဆန်ခါတင် ၂၀ ဦး စာရင်းတွင် ပါဝင်နိုင်ခဲ့ကာ ဆုများ ဆွတ်ခူးနိုင်ခဲ့သည်။








စိတ်ဖိစီးမှု လျော့ကျစေသည့် ရေ







သိပ္ပံပညာရဲ့ လတ်တလော လေ့လာမှုတွေအရ လူတွေဟာ ရေနဲ့ထိတွေ့လိုက်တဲ့အခါမှာ ခန္ဓာကိုယ် ရဲ့ ဓာတ်ဖွဲ့စည်းပုံနဲ့ အာရုံကြောတွေ အပေါ် သက်ရောက်မှု ရှိသွားပြီး စိတ်ဖိစီး မှု လျော့ကျတာ၊ စိတ်ခံစားမှု ကောင်း မွန်တာ နဲ့ စိတ်တို ဒေါသထွက် မှု လျော့ပါးတာ အစရှိတဲ့ အကျိုး အာနိသင်တွေကို ရရှိစေတယ်လို့ သိရပါ တယ်။

ရေကူးပါ
ရေကူးတာက အပြေးသမားတွေမှာလိုပဲ အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှု မရှိဘဲ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပါတယ်။ ရေကူးကန်ထဲမှာ လှေလှော်တာကတောင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အင်ဒီးယားနား တက္ကသိုလ်ရဲ့ ပါမောက္ခဂျက်က ပြင်းပြင်းထန်ထန် အားကစား မလုပ်နိုင်သူတွေအနေနဲ့ အေးအေးဆေးဆေး ရေကူးတာက အန်ဒေါ်ဖင်ဟော်မှုန်း ထွက် လာစေပြီး စိတ်ကြည်နူး နှစ်သိမ့်မှုကို ခံစားရစေကြောင်း ရှင်းပြထားပါတယ်။ ရေကန်ထဲမှာ ကလေးတွေ နဲ့အတူ ကစားရင်း ကလေးတွေကို ရေပက်ဖျန်း ပေးတာကလည်း နာဗ့်ကြောစနစ်ကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ တကယ်လို့ ရေကူးကန်ကို မသွားနိုင်ဘူးဆိုရင် ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာ ကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ရေစိမ်ချိုးပါ

ရေချိုးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်းသွားစေတယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ လတ်တလော လေ့လာမှုအရ ရေရဲ့အပူချိန်က အေးချင်အေး၊ နွေးချင်နွေး နေပါစေ၊ ရေထဲကို စိမ်ချိုးတာက ကျန်းမာနေ တဲ့ လူတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ရေစိမ်ချိုးချိန် ၂၄ မိနစ် ကြာပြီး ချိန် မှာ လူရဲ့ဗဟိုအာရုံကြော စနစ်ဟာ အနားရကာ အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။ စိတ်ဓာတ် ကျတာနဲ့ ပူပင်သောက ဟူသမျှကိုလည်း လျော့သွားစေ ပါတယ်။ ခြေထောက် ကို ရေစိမ်တာ ကလည်း ညမှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။ Physiology Anthropology ရဲ့ လေ့လာမှုအရ ဒူးအထိ ခြေထောက်တွေကို မိနစ် ၂၀ လောက် ကြက်သီးနွေးရေထဲ စိမ်တဲ့သူ ဒါမှမဟုတ် ရေချိုးတဲ့ သူတွေကကောင်းကောင်းအိပ်မောကျစေပြီးမလုပ်တဲ့သူတွေထက်အိပ်စက်မှုအရည်အသွေး လည်း ကောင်း မွန်တာကို တွေ့ရပါတယ်။ ကြက်သီးနွေးရေထဲ စိမ်ဖို့ အချိန် မပေးနိုင် ရင်တောင် ခြေချင်းဝတ်တွေပေါ်ကို ကြက်သီးနွေးရေ လောင်းချပေးပါ။ အချိန် ၃၀ စက္ကန့်လောက် လုပ်ပေးရုံ နဲ့ အ ပန်းပြေမှုကို ခံစားရမှာပါ။

ရေသောက်ပါ

ရေကိုနည်းနည်းပဲ သောက်တာက စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်အပေါ် မကောင်းတဲ့ သက်ရောက်မှု ကို ဖြစ်စေနိုင် ပါတယ်။ ရေဆာနေပြီဆိုရင် ရေဓာတ် ခန်းခြောက်တဲ့ အဆင့် ကို ရောက်နေ ပါပြီ။ ရေဓာတ် ခန်းခြောက်ပြီ ဆိုတာနဲ့ ပိုပြီး ပင်ပန်းလာတယ်။ အာရုံစူးစိုက်ဖို့ ပိုခက်လာပါ တယ်။ ၂၀၀၁ လေ့လာမှု တစ်ရပ်အရ ညဥ့်လယ်မှ နံနက် ၁၁ နာရီအထိ ရေနဲ့အစာ လုံးဝမကျွေးဘဲ ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိုးဆော်နိုင်တဲ့ တက်ကြွဖျတ်လတ်မှု ပျောက်ဆုံး သွားတာကို တွေ့ရပါ တယ်။ ရေ မသောက် ဘဲ အချိန် ၁၃ နာရီလောက် ကြာသွားရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ တက်ကြွမှု တို့ လျော့ ကျ သွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ သင် ဘယ်လောက် ရေသောက် သင့်တယ်ဆိုတဲ့ အချက် က သင့်ခန္ဓာကိုယ် အလေးချိန်၊ လှုပ်ရှားမှုအ ဆင့်၊ လေရဲ့ အပူချိန်နဲ့ စိုထိုင်းဆတို့အပေါ် မူတည်နေ ပါတယ်။ အစာစားပြီး တိုင်း ရေတစ် ဖန်ခွက် သောက်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ လည်း ရေတစ်ဖန် ခွက်စီ သောက်ပေး ပါ လို့ ဒေါက်တာဘော်ဒလေက အကြံပြုထားပါတယ်။

ရေပက်ဖျန်းပါ

စိတ်ဖိစီးမှု ကင်းအောင် ပက်ဖျန်းရတဲ့ စပရေးကို လိုချင်ရင် ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့ အခြေရှိ လေထဲမှာ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ မော်လီကျူး အမှုန်တွေ ပါဝင်နေပါတယ်။ ဝက်စ်လီ ရန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်း ပေးတာက စိတ်ဓာတ် ကျတာ ကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို တိုးစေလို့ပါ။ ဒါကြောင့် ရေတံခွန်နားကို သွားတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူ သွင်း လုပ်ပေးပါ။ ဒါမှမဟုတ် ရေပန်းနဲ့ ရေချိုးလိုက်ပါ။ ငါးမိနစ်လောက် ရေပန်းနဲ့ ရေချိုးပေးတာက ပူပင်သောကတွေကို သိသိသာသာ လျော့ကျသွားစေ တယ်လို့ လေ့လာသူတွေ က ဆိုပါတယ်။

ရေပက်ဖျန်းပါ

ကမ်းခြေမှာ နေတဲ့ရက်တွေမှာ သွေးဖိအားတွေ တည်ငြိမ်နေတယ်လို့ မထင်ဘူးလား။ ရေသံက စိတ် ကို အေးချမ်း တည်ငြိမ်စေပါတယ်။ အလာဘားမား ဆေးရုံသုတေသီတွေက ပင်လယ်ရေသံဟာ ကြားရသူ လူနာတွေကို သုံးညခန့် ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ပင်လယ်ရေလှိုင်းသံနဲ့ လှိုင်းပုတ်သံတွေဟာ စိတ်ကို အေးချမ်းစေတာကြောင့်ပါ။ ဦးနှောက်ဟာ လှိုင်းသံ၊ ရေသံတွေအပေါ် ကောင်းတဲ့ တုံ့ပြန်မှု ပေးနိုင်လို့ ဖြစ်ပါတယ်။

Ref:By Good Health Originally

Sunday, September 8, 2013

Gan Dawin

ဆူးနှင့်ဖက်






ဆူး နှင့် ဖက် (ဂျူး)

လူနာကို နှာခေါင်းပိုက် တည့်သည့်အချိန်မှ စ၍ ဆရာဝန် ဆရာမတွေ အံ့သြတုန်လှုပ်ကြရပါသည်။ နှာခေါင်းမှ တဆင့် အစာအိမ်ထဲရှိ အစာနှင့် အညစ်အကြေးများကို ပိုက်ဖြင့် စုပ်ယူသည့်အခါ ရလာသည့် အရာများကို ကြည့်ပြီး ကျွန်မတို့လန့်သွားသည်ပဲ ဆိုကြပါစို့။

ဘုရားရေ.. အဲဒါဘာတွေလဲ

နှာခေါင်းပိုက်ထဲက ရလာသည့် အရည်စေးပျစ်ပျစ်များသည် ညိုညစ်ညစ် အရောင်ရှိကာ ဆိုးဆိုးဝါးဝါး နံစော် လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့် အနံ့နှင့် မစင်နံ့စော်လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့်အနံ့နှင့် မစင်နံ့ရောထား သည့် အနံ့ဖြစ်သည်။ ဘာကြောင့်လဲ၊ လူနာ၏ အစာအိမ်မှာ သည်မစင်နံ့ရှိသည့် အညစ်အကြေး ရည်တွေဟာ ဘာကြောင့်ရှိနေရတာလဲ။ နှာခေါင်းပိုက်ဟူသည် အစာအိမ်ထဲမှတစ်ပါး အခြား မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းဆီမှ ရောက်နိုင်ခြေမရှိတာ အထင်အရှားပဲ။ သို့ပါလျက် ရလာသည့် အညစ်အကြေးက အစာအိမ်ထဲက အညစ်အကြေးနံ့ဖြစ်နေသည်။

ဆိုတော့.. လူနာ၏ ၀မ်းဗိုက်ကို ဖွင့်လျှင် ဘယ်လိုအခြေအနေမျိုးကို တွေ့ရမှာလဲ၊ ဖြစ်နိုင်ခြေမှာ သိပ်များများစားစား စဉ်းစားရန် မလို။ လူနာကို အမြန်ဆုံး ခွဲစိတ်ကုသရန် အပြေးအလွှား ပြင်ဆင်ကြရသည်။
အဲသည်အချိန်ကစပြီး လူနာနှင့် ပတ်သတ်သည့် အကြောင်းအရာသည် ပြဿနာတစ်ရပ် အဖြစ် ကျွန်မ အာရုံထဲသို့ စတင် ၀င်ရောက်လာခဲ့ခြင်းဖြစ်နိုင်ပါသည်။

ဆရာဝန် ဘ၀တွင် လူနာ၏ ရောဂါကို သက်သာအောင် ကုသပေးသည့်အဖြစ်၊ အသက်ကယ်တင်လိုက်ရသည့် အဖြစ်တို့သည် ဤလူနာနှင့် ပတ်သတ်ပြီး အပြီးသတ် အခန်းကဏ္ဍများ ဖြစ်တတ်သည်။ပြီးပြီ။ သူ့ကို ကုသပေးပြီးပြီ။ သူအသက်မသေတော့ဘူး။ ထိုကဏ္ဍသည် တော်တော်ပီတိဖြစ်စရာကောင်းလှ၏။ အဲသည်နောက် မှာ လူနာနှင့် ပတ်သက်သည့် အတွေးဆိုတာ မကျန်ခဲ့တော့ပေ။ အများစုသော လူနာကုသမှု အတွေ့အကြုံသည် သည်အတိုင်းပဲ ဖြစ်သည်။

သို့သော် အချို့ ကိစ္စများမှာတော့ အဲသည်လို မဟုတ်ပေ။ လူနာကို ကုသပြီးနောက်မှ လူနာနှင့် ပတ်သတ်သည့် အတွေးတို့က ခေါင်းထဲဝင်လာနေတတ်တာမျိုးလည်း ရှိသည်။ ထိုအခါမျိုးတွင် ကျွန်မသည် သီးသန့်မှတ်စုစာအုပ်တစ်ခုတွင် လူနာနှင့်ပတ်သက်သည့် အတွေး သို့မဟုတ် ပြဿနာကို ရေးမှတ် ရတတ်သည်။ ယခုလူနာမှာ ကိုယ်ဝန်ဖျက်ချရာမှ သွေးဆိပ်သင့်အဖျား (epticemia) ရောဂါ ခံစားနေရသည့် အမျိုးသမီးလူနာတစ်ယောက် ဖြစ်သည်။

ကိုယ်ဝန်ဖျက်ချခြင်းသည် တရားဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ရာဇသတ်ကြီး ပုဒ်မ ၃၁၂ ဖြင့် ငြိသည်။ ထို့ကြောင့်လည်း ကိုယ်ဝန်ဖျက်ချသူ လူနာတို့သည် ပြည်သူ့ဆေးရုံနှင့် မပတ်သတ်လိုကြပေ။ အသက် အန္တရာယ် စိုးရိမ်ရလောက်အောင် နောက်ဆက်တွဲ နာမကျန်းမှု ဒုက္ခ တွေကို ကြုံတွေ့လာရမှ ဆေးရုံသို့ ရောက်လာတတ်ကြသည်။ ဒါတောင်မှ အရှက်နှင့် အသက် ဟူသည့် ဘယ်တုန်းက စြီပီးပေါ်ပေါက်ခဲ့မှန်း မသိသည် ရွေးချယ်မှုကြီးတစ်ခုကို တချို့က လက်ကိုင်ထားနေတတ်သေး၏။ "အသက်သာ အသေခံမယ်၊ အရှက် ကွဲ မခံနိုင်ဘူး" ဆိုတာမျိုးဖြင့် ခေါင်းမာသည့် ကိစ္စတွေ ရှိတတ်သေး၏။ "အရှက်" ဆိုသော အရာတွင် မိမိက ဘယ်လောက် အကျုံးဝင်နေသလဲ၊ အဲသည် "အရှက်" ၏ အလေးအပေါ့၊ အတိမ်အနက် နှင့် မိမိနှင့် သက်ဆိုင်နေသည့် တာဝန် ဘယ်လောက်ရှိနေလို့လဲ၊ အဲသည် အရှက်၏ အဓိက တရားခံမှာ မိမိ တစ်ယောက်တည်း ဖြစ်နေလို့ မိမိက လူမသိ သူမသိ အသေခံရမှာလား.. စသည် .. စသည်.. အတွေးများကို မြန်မာအိမ်ထောင်စုများ တွေးလေ့မရှိကြပေ။

အရှက်ကွဲမခံရချင်၍ အသက်အသေခံသွားရသည့် မိန်းမတွေ ဘယ်လောက်ရှိနေပြီလဲ။ ဤ ကိစ္စတွင် လူနာရှင် သို့မဟုတ် ဆွေမျိုးသားချင်းတို့၏ တတ်သိလိမ္မာစွာ ကိုင်တွယ် ဖြေရှင်း တတ်မှု အများကြီး လိုအပ် ပါသည်။
ယခုလူနာကတော့ အဲသည် အသက် နှင့် အရှက် ကိစ္စအပြင် ဆင်းရဲနွမ်းပါးသည့် ကိစ္စပါ တွဲစပ်လိုက်ခြင်းကြောင့် အသက်ငင်နေသည့် အခြေအနေရောက်မှ ကျွန်မတို့အဖွဲ့နှင့် တွေ့ရခြင်းဖြစ်ပါသည်။

ကျွန်မတို့နယ်လှည့်ဆေးကုသသည့် အစီအစဉ်တစ်ခုကို အလျဉ်းသင့်သလို မကြာခဏ ပြူလုပ်ဆောင်ရွက်လေ့ ရှိကြသည်။ ကျွန်မတို့ အဖွဲ့မှာ ဆေးရုံက ကလေးအထူးကု ဆရာဝန် ပါသည်။ သမားတော် ပါသည်။ မီးယပ် သားဖွား အထူးကု ဆရာဝန် ပါသည်။ ဆေးရုံတွင် အခါအားလျော်စွာ လုပ်အားပေးဆရာဝန် အဖြစ် တာဝန် ယူလေ့ရှိသည့် ပြင်ပဆေးကုဆရာဝန် ကျွန်မပါသည်။ မြို့နယ်စု အတွင်း ရွာသိမ် ရွာမွှားလေးတွေအထိ ခရီးစဉ် ချ၍ သွားရောက်ကုသ ပေးလျက် ရှိရာရွာသေးသေးကလေး တစ်ခုမှ အသက်အန္တရာယ် အခြေအနေ အထိ ရောက်နေပြီဖြစ်သော ယခုလူနာကို မရည်ရွယ်ဘဲ သွားကြည့်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

လူနာရှင်က လာပင့်ခေါ်ခြင်းမဟုတ်ပါ။ လူနာ၏ အသိ မိတ်ဆွေတစ်ဦးက ကျွန်မတို့ ဆေးကုရာ စခန်းသို့ ရောက်လာပြီး သတင်းပေးခြင်းဖြစ်သည်။ ဆရာမကြီးတို့ရယ်.. ရွာတောင်ဖျားမှာ ငန်းဖမ်းပြီး ကယောင်ကတမ်း ဖြစ်နေတဲ့ ကလေးမလေးတစ်ယောက်ရှိပါတယ်တော်။ ဟိုဘက်သည်ဘက်တောင် မစောင်းနိုင်တော့ပါဘူး။ ကြုံရင် လိုက်ကြည့်ပေးပါ။ ကလေးမလေးက အသက်အငယ်လေး ရှိသေးတာ။

"ဒီခေါ်လာလို့ မဖြစ်ဘူးလား" ဟု ကျွန်မတို့က မေးကြည့်သည်။

"လှည်းဆောင့်လိုက်ရင် တစ်ချက်တည်း အသက်ထွက်မှာပဲ" ဟု သူက ထင်မြင်ချက်ပေး၏။ ဆိုလိုသည်က ဤဆေးခန်းသို့ လာရောက်ဖို့ အခြေအနေ မရှိဘူးပေါ့။ ကျွန်မတို့အတွက်က လူနာတစ်ယောက်ကို သွားကြည့်ပြီးကုသပေးဖို့ ဘာအခက်အခဲ ပြဿနာမှ မဖြစ်ပါ။ သူတို့ကို ကုသပေးလို၍ပဲ မြို့ပေါ် ဆေးရုံကြီးမှ ဝေးလံသော ဤျရွာကလေးအထိ ရောက်ခဲ့ပြီးပြီ မဟုတ်လား.. သွားကြည့်ကြတာပေါ့။

အဲသည် နည်းဖြင့် ယခုလူနာကို ကျွန်မတို့ တွေ့ခဲ့ရခြင်းဖြစ်သည်။

အိမ်သည် ရွာအိမ်တွေထဲမှာမှ ပို၍နွမ်းပါးသောအိမ်ဖြစ်သည်။ ၀ါးထရံအပေါက်အပြဲကို စက္ကူများ၊ အင်ဖက်များ ရောနှောပြီးကာကွယ်ထားရသည့် အိမ်။

လူနာရှိရာ အိမ်အတွင်းခန်းသည် ထိုအိမ်၏ တစ်ခုတည်းသော အခန်းဖြစ်၏။ လူနာသည် ဖျာကြမ်း စောင်နွမ်းနွမ်းပေါ်မှာ လဲလျောင်းလျက် ရှိသည်။ ဘ၀ကူးကောင်းစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် အနီးမှာ အမျိုးသမီးကြီး နှစ်ယောက်က ထိုင်ပြီး ဘုရားစာများ ရွတ်ဖတ်နေကြသည်။


"ဆရာဝန်တွေလာတယ်" ဟုတစုံတယောက်က ခပ်တိုးတိုး အသိပေးသောအခါ လူနာ၏ ခေါင်းရင်းမှာ ထိုင်၍ လူနာကို ငုံ့ကြည့်ရွတ်ဖတ်နေသော အဒေါ်ကြီးက မော့ကြည့်၏။ အဒေါ်ကြီး၏ မျက်ဝန်းမှာ ခိုတွဲနေသော မျက်ရည်များနှင့် ရော ပြီး ပူပင်သောကနှင့် နာကျင်ကြေကွဲမှုတို့ကို ကျွန်မ မြင်လိုက်လျင် မြင်လိုက်ချင်း အဲဒါ လူနာ၏ မိခင်ဟု ကျွန်မသိလိုက်ပါသည်။ မိမိ၏ ရင်သွေးကို ဆုံးရှုံးရတော့မည့် မိခင်တစ်ယောက်၏ မျက်ဝန်း မျိုးသည် မျက်လုံးများစွာထဲမှ သီးသန့်လှမ်းမြင် နိုင်လောက်အောင် ထူးခြားစွာ ကွဲပြားပါသည်။ ဤမျက်ဝန်းမှာ လက်ခနဲဖြစ်သွားသည့် အားကိုးမှုနှင့် မျှော်လင့်ချက် ရိပ်ရိပ်ကလေးကိုပါ ကျွန်မ မြင်တွေ့လိုက်ရလေသလား။

ထိုမျှော်လင့်ချက်ကလေးကို အာမခံ မပေးနိုင်သည့် အခြေအနေပဲရှိသေးသည်မို့ ကျွန်မ ဖျတ်ခနဲ မျက်နှာလွဲကာ လူနာကိုပဲ သတိထား၍ ကြည့်လိုက်ရသည်။

လူနာသည် အသက် ၁၈ နှစ် နှင့် ၂၅ နှစ် အတွင်း အရွယ်ဖြစ်သည်။ အသားအရေ ဖြူဖျော့ကာ အ၀ါရောင်သန်းနေသည်။ အသက်ရှူနှုန်း မမှန်ဘဲ သတိလစ်နေပြီ။ နဖူးနှင့် နားထင်တစ်ဝိုက်မှာ ချွေးစိုရွှဲနေသည်။ သွေးခုန်နှုန်းဖျော့တော့ကာ မြန်ဆန်နေသည်။ သွေးထုထည်သည် ထိမှန်း သိရုံကလေးဖြစ်နေ၏။

ကျွန်မကပဲ ရာထူးအငယ်ဆုံးဖြစ်သည်မို့ လူနာကို စမ်းသပ်ပါသည်။ အဖျားဒီကရီ ၁၀၄။ နှုတ်ခမ်းများ ခြောက်သွေ့ကာ ရေဓာတ်နည်းပါးနေသည်။ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေတာ ညနက်ပိုင်းမှ စပြီး ယခု တစ်မနက်လုံးဟု လူနာ၏ မိခင်က အသိပေးသည်။ လူနာ၏ ၀မ်းဗိုက်ကို ကြည့်မိတော့ ဗိုက်မှာ ဖောင်းပြီး တင်းနေသည်။ ၀မ်းဗိုက်အောက်ပိုင်းကို ကျွန်မ လက်ဖြင့် စမ်းသပ်တော့ လူနာတစ်ချက် လွန့်ခနဲ တော့ ဖြစ်သွားသည်။ ထဘီကို အောက်အထိ ဆွဲချလိုက်သောအခါ လူနာထံမှ ရသည့် သွေးနံ့ရောသည့် အနံ့အသက်တစ်ခုကို သိသိသာသာ ရလိုက်သည်။

လူနာ၏ အဖျားဒီဂရီ၊ အနံ့အသက်၊ ၀မ်းဗိုက်တင်းမာမှု စသည်တို့ကို တွက်ဆပြီး စစ်ဆေးလိုက်သောအခါ ဖြစ်နိုင်ဆုံးရောဂါ သုံးလေးခုပဲ ရှိသည်။ လူနာ၏ မိခင်ကို ကျွန်မ မျက်နှာရိပ် မျက်နှာကဲဖြင့် ခေါ်ယူကာ ကိုယ်ဝန်ဖျက်ချခဲ့သလား ဟု ခပ်တိုးတိုး တိုက်ရိုက်မေးလိုက်သည်။

ရိုးအအ ပညာမဲ့သည့် တောရွာသူ အဒေါ်ကြီးသည် ချက်ချင်းပင် ချုံးပွဲချ ငိုလိုက်လေသည်။
ကဲ.. ကျွန်မတို့ ဘာလုပ်ကြမလဲ။

လူနာကို ဆေးရုံထိ သယ်ပြီး ကုသဖို့ လမ်းခရီးဒဏ် နှင့် အချိန်ကာလဒဏ်ကို လူနာ ခံနိုင်ပါ့မလား။ လမ်းခရီးမှာ တစ်ခုခု ဖြစ်သွားလျှင် ကျွန်မတို့အပေါ်ရွာက ဘယ်လို သဘောထားမလဲ။ ဆေးရုံအထိအရောက် လူနာ အသက်ရှင်နေဦးမည် ဟု ကျွန်မတို့ကို ဘယ်တန်ခိုးရှင်က အာမခံပေးနိုင်ပါ့မလဲ။

ထိုမေးခွန်းများကို သမားတော်နှင့် မီးယပ်သားဖွား အထူးကု ဆရာဝန်မမတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်။
တကယ်တော့လည်း လူ့လောကကြီးထဲသို့ ရောက်လာသည့်အချိန်ကစပြီး ကျွန်မတို့မှာ သေချာမှုအစစ်ဆိုတာ မရှိခဲ့။ သေချာမှု အတု တွေနှင့်သာ အသက်ရှင်နေကြရသည်။ ဘာကိုမှ သေချာစွာ မျှော်လင့်လို့ မရသည့် လူ့ဘ၀ကြီးထဲမှာ ရေးရေးမြင်ရတာလေးကို ပဲ ဖမ်းဆုပ်အားထားနေကြရသည့် အဖြစ်တွေ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ ဘယ်ကိစ္စကိုမှ အာမခံပေးလို့မရ။ လောကကြီးမှာ အာမခံလို့ရသည့် အရာ ဘာမှ မရှိ။ ဘာဖြစ်လာမှန်းမသိရသော ဘာကြောင့်ြ့ဖစ်လာမည်မှန်းလည်း မသိသော အမှောင်ထုထဲမှာ စမ်းတ၀ါးဝါး နေရသမျှ ပျော်စရာတွေကို ရတတ်သမျှ ရှာကြံခံစားနေရသည့် လူ့ဘ၀ကြီးမဟုတ်လား။ ကျွန်မတို့ ဘာမှ မသေချာပေ။

သို့သော် အကောင်းဆုံးဖြစ်အောင် ကြိုးစားမည် ဟူသည့် စိတ်ဆန္ဒဖြင့် လုပ်လျှင်လုပ်၊ မလုပ်လျှင် သေ အခြေအနေအတွက် ဆုံးဖြတ်ချက် ချက်ချင်းချလိုက်ကြသည်။

ဤလူနာကို ဆေးရုံသို့ သယ်သွားမည်။

လိုအပ်သည့် ဆေးဝါးတို့ သွင်းပေးလျက် လူနာကို ဆေးရုံသို့ သယ်ဆောင်ခဲ့ကြပါသည်။ ဆေးရုံသို့ ရောက်ရောက်ချင်းပဲ ခွဲစိတ်မှုကို ခံနိုင်ရန် အဆင်သင့်ဟူသည့် အခြေအနေမျိုးရလာဖို့ လိုအပ်သမျှ ကုသမှု အဆင့်ဆင့် ပြုလုပ်ကြရသည်။ နှာခေါင်းပိုက်မှ ရလာသည့် အညစ်အကြေးရည်ကို မြင်ရသမျှတော့ လူနာ အခြေအနေ မကောင်းပါ။

မီးယပ်သားဖွား အထူးကု ဆရာဝန်က သူနှင့် သက်ဆိုင်သည့် လူနာအောက်ပိုင်းကို စမ်းသပ်သည့်အခါ အများစုသော ကိုယ်ဝန်ဖျက် လူနာများ အတိုင်းပဲ တစုံတခု ချွန်ထက်သော အရာဖြင့် ထိုးဆွပြီး ကိုယ်ဝန်ကို ဖျက်ထားကြောင်း တွေ့ရသည်။ ခွဲစိတ်ကုသသည့် ဒဏ်ကို လူနာခံနိုင်ပြီ ဟု ထင်ရလျှင် ထင်ရခြင်း လူနာကို ၀မ်းဗိုက်ဖွင့်၍ ခွဲစိတ် ကုသကြပါသည်။

သည်တစ်ခါ ဘုရားတ သူက မမအိုဂျီဖြစ်သည်။ မမအိုဂျီ ဘာကြောင့်ဘုရားတရသည် ဆိုတာကို ဒုတိယ ခွဲစိတ်အကူဆရာဝန်အဖြစ် တာဝန်ယူနေရသော ကျွန်မ ချက်ချင်းသိလိုက်သည်။ ၀မ်းဗိုက်တစ်ခုလုံးမှာ အညစ်အကြေးတွေ ဖုံးလွှမ်းကာ နံစော်လျက်ရှိသည်။ အညစ်အကြေးနံ့သည် နှာခေါင်းစည်းအ၀တ်ကို အလွယ်တကူပင် ဖြတ်ကျော်လျက် ၀င်ရောက်လေသည်။ အူများက အညစ်အကြေးဖြင့် ရိနေကာ တချို့ နေရာတွေမှာ ထိလိုက်လျှင် ရိရွဲကြွေကျလာသည်။ ဤ၀မ်းခေါင်းကို ဆေးရမည်။ နော်မယ်လ်ဆေလိုင်း ဟုခေါ်သော သန့်စင်စွာ ပေါင်းခံယူထားသည့် ဓာတ်ဆားရည်ဖြင့် ဆေးရမည်။

လူနာရှင်ကဖြင့် ဓာတ်ဆားရည် တစ်ပုလင်းမျှပင် ၀ယ်ပေးနိုင်မည့် အခြေအနေမဟုတ်။ ဆေးရုံမှာကလည်း ဆရာဝန်၊ ၀န်ထမ်းနှင့် ခွဲစိတ်ကု ကိရိယာပစ္စည်းတို့ ရှိနေသေးသည်မှာ ကြီးမားသည့် ကံကောင်းမှုကြီး တစ်ခု ဖြစ်နေရသည့် အခြေအနေမဟုတ်လား။

သည်တော့ ကျွန်မတို့အားလုံး အလိုအလျောက်ပင် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။ ကျွန်မတို့ ဆရာဝန်အချင်းချင်း ပိုက်ဆံစုထည့်ပြီး နော်မယ်ဆေလိုင်း ပုလင်းတွေ ၀ယ်ကြမည်။ အားဖြည့် ပေါင်းခံရည် ပုလင်းပေါင်း များစွာသုံးလျက် ခပ်ဖွဖွ ဆေးယူရပါသည်။ ခပ်ဖွဖွဟုဆိုရည်က ပယ်ပယ်နယ်နယ် ကိုင်တွယ်လျှင် ရိနေသော အူအချို့ ထပ်ပြတ်လာမှာ စိုးရိမ်၍ဖြစ်သည်။

ထိပ်ပိုင်းသားအိမ်မှာ ထိုးနှက်မှုဒဏ်ကြောင့် အပေါက်နှစ်ပေါက် ဖြစ်သွားသည်ကို ယခုမှ တွေ့ကြရသည်။ သားအိမ်ပါမကဘဲ အစားဟောင်းအိမ်ကို တစ်ချက်ထိုးမိထားသည်။ အစာဟောင်းအိမ်ပေါက်ပြဲသွားသည်။ ထို့ပြင် ၀မ်းခေါင်းမြှေးပါ ပေါက်သွားသည်။ ကိုယ်ဝန်ဖျက်ပေးသူ၏ ခန္ဓာဗေဒ အသိပညာနှင့် ကျွမ်းကျင်မှု အဆင့်မှာ သုညအောက် အနုတ်လက္ခဏာပဲ ဟု ကျွန်မတို့သိနိုင်ပါသည်။

တွေ့သမျှ ဒဏ်ရာဒဏ်ချက်တွေကို တတ်နိုင်သမျှ ဖာထေးချုပ်။ အူတစ်ချို့ကို ဖြတ်ထုတ်၊ ကောင်းနိုင် သေးသည်ဟု မျှော်လင့်ရသော အစိတ်အပိုင်းတို့ကို ခပ်ဖွဖွ ရွရွလေး ပြန်ချုပ်ဆက်၊ တချို့ဟာကို သည်အတိုင်းထား၊ လက်ဖြင့် သွားမထိနဲ့။ ခွဲစိတ်နေသည့် ကာလတစ်လျှောက်လုံး ကျွန်မ သတိလက်လွတ် အသက်ရှူအောင့်ထားမိတာ ဘယ်နှစ်ကြိမ်လဲ မရေတွက်နိုင်တော့ပါ။ ၀မ်းဗိုက်ကို ပြန်ပိတ်ပြီးမှ အသက် ၀၀ ရှူနိုင်ပါသည်။

မမ အိုဂျီ က သက်ဆိုင်ရာ ကိစ္စအားလုံး ကုသ ပြီးစီးသွားသည့်အခါ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်တာ ကျွန်မ ကြားလိုက်ရသည်.. လိုအပ်သည့် ပဋိဇီဝဆေးဝါးတို့ကို ကျွန်မတို့ပဲ ငွေစုပြီး ၀ယ်ကြ၏။ မျှော်လင့်ချက်ကတော့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိသည်။ လူနာမိန်းကလေး ကံကောင်းသည် ဟုပြောမလား.. ကျွန်မတို့ အိုဂျီမမ တော်သည် ဟုပြောရမလား.. ကျွန်မတို့ ဆရာဝန်အားလုံး၏ မေတ္တာ စေတနာ ထိရောက်သည် ဟုဆိုရမလား.. ဘာကြောင့်ပဲဖြစ်ဖြစ် ထိုမိန်းကလေး အသက်ရှင်ခွင့်ရနေဆဲဖြစ်သည်။
နောက်ဆုံးမှာတော့ ကျွန်မတို့ ထိုမိန်းကလေး၏ အသက်ကို ကယ်လိုက်နိုင်ခဲ့ပြီ.. ကျွန်မတို့ ၄ ယောက် ငွေအတော်များများစီ အကုန်ကျခံပြီး ကုသလိုက်ရကျိုး နပ်ပြီ..

လူနာ၏ မိခင်မှာ ကျွန်မတို့အား ကျေးဇူးတင်လွန်းလှသဖြင့် လက်အုပ်ချီ၍ ကန်တော့ရင်း ၀မ်းသာ မျက်ရည်များဖြင့် ငိုပြန်လေသည်။ သမီး၏ အသက်သခင် ကျေးဇူးရှင်တို့အား သမီးအဖြစ် ကိုမချွင်းမချန် ပြောတော့မည် ဟု စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။ မိန်းကလေး၏ ဖြစ်စဉ်ကို ကျွန်မတို့အား ရှက်ကြောက်လျက်က ဖွင့်ပြောပြခဲ့သည်။ အကယ်၍သာ သူတို့သည် ချမ်းသာသည့် မိသားစုဖြစ်ခဲ့လျင် ရလဒ်မှာ ပြောင်းလဲ သွားနိုင်ပါသလားဟု ကျွန်မ တွေးကြည့်မိသည်။ မိန်းကလေးသာ ချမ်းသာခဲ့သည် ဆိုလျှင် ထိုယောက်ျားက မယူဘဲ ရှောင်ပြေးသွားဦးမလား..

ရှောင်ပြေးသွားသည်ပဲ ထားပါ.. ရုပ်ရှင်တွေထဲကလိုမိန်းကလေးကို လက်ထပ်ထိမ်းမြားယူလိုသည့် အခြားယောက်ျားတစ်ယောက် အဆင်သင့်မရှိနိုင်ဘူးလား.. ကလေးအဖေဖော်ဖို့ ဟူသည့် ခပ်ညံ့ညံ့ ရည်ရွယ်ချက်ဖြင့် မိဘက မိန်းကလေးကို အိမ်ထောင်ပြုပေးလို့ မရနိုင်ဘူးလား.. (မျှတတာ မမျှတတာ ဆိုသည်က လုံးလုံး အရှက်ကွဲရသည့် ကိစ္စနှင့် ယှဉ်သော် ထည့်တွက်စရာမလို အောင် သေးဖွဲပါသည် ဟု ကိုယ့်ကိုယ်ကို ခွင့်လွှတ်စိတ် မွေးကြလိမ့်မည်။ ) ထားပါတော့... အဲသည်လို အခြားယောက်ျားတစ်ယောက်ကို လိမ်လည် ပြီး မပေးစားလိုလျှင်လည်း ဤကိုယ်ဝန်ကို အသက်အန္တရာယ် မရစေဘဲ ကိုယ်ခန္ဓာမှ ဖယ်ထုတ်ဖို့ လုံခြုံစိတ်ချရသည့် ကုသမှုကို ပေးမည့် နေရာတွေ ဆိုတာ နံပါတ် စဉ်လိုက်စီတန်းပြီးရမလာနိုင်ဘူးလား..

ဒါက ကိုယ်ဝန် ဆိုသည့် အမှုကိစ္စကြီး ပေါ်လာပြီးသည့်နောက် မှာတောင် ရွေးချယ်စရာတွေ များပြားလှသည့် လူချမ်းသာတွေ၏ အခြေအနေများဖြစ်သည်။ လိင်ဆိုင်ရာ ပညာပေးဗဟုသုတ ရှိသည့် လူချမ်းသာ သားသမီးဆိုလျှင် ဖြင့် ကိုယ်ဝန်ဟူသည့် အမှုကိစ္စပင် ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ ယခုတော့ မိန်းကလေးမှာ ပညာမရှိ.. ဗဟုသုတမရှိ.. ရည်းစားကတော့ ရခဲ့ပြီ.. မိမိစိတ်အလိုကိုလိုက်မိတာလား.. ရည်းစား၏ စိတ်အလိုကိုလိုက်မိတာလား.. တစ်ခုခု အလိုကို လိုက်မိသဖြင့် လွန်ကျူးခဲ့ကြပြီ..

ကိုယ်ဝန်ရခဲ့ပြီ.. ပိုက်ဆံက များများမရှိ..

သည်တော့ ကုန်ကျစရိတ် အနည်းဆုံးနည်းကိုရှာသည့်အခါ.. အညံ့ဆုံးနည်းကို သုံးပြီး ဖြေရှင်းပေးသူထံ ရောက်သွားသည်။ ဘာမှ မတတ်သည့် လူတစ်ယောက်၏ လက်ထဲသို့ မိမိအသက်ကို ပုံအပ်ပေးလိုက်ရသည်။
ဤကဲ့သို့ အလားတူ အဖြစ်မျိုးတွေ နောက်ထပ် ဘယ်နှစ်ခု လာဦးမည်နည်း.. ဘယ်လို ကာကွယ်ပေး နိုင်မည်နည်း.. အရွယ်ရောက်လာသည့် မိန်းကလေးတွေကို ရည်းစားလုံးဝ မထားရဟု လူကြီးများက အာဏာသုံးပြီး ထိန်းချုပ်စောင့်ကြပ်ထားခြင်းသည် ဤပြဿနာ၏ ဖြေရှင်း ကာကွယ်နည်း ဖြစ်မလား....
ရည်းစားထားလိုက ထားပါ။ နှစ်ယောက်တည်း ဘယ်တော့မှ အတွေ့မခံနှင့် ဟု ဆုံးမခြင်းသည် ဤပြဿနာ၏ ကာကွယ်နည်း ဖြစ်မလား..

ရည်းစားနှင့် တွေ့လိုလျှင် ကိုယ်ဝန်မရှိအောင် ဘယ်လိုနေ.. ဘယ်လိုရှောင်.. ဘာဆေးသုံး စသည်ဖြင့် ညွှန်ကြားပြီး အသိပညာပေးခြင်းသည်.. သင့်တော်သော ကာကွယ်နည်း. ဖြေရှင်းနည်း ဖြစ်နိုင်ပါ့မလား..

ကျွန်မကတော့ ကျွန်မဆေးခန်းသို့ ရောက်လာသည့် အလားတူ ပြဿနာတွေကို စကားတစ်ခွန်းဖြင့် အမြဲရှောင်လေ့ရှိသည်..


"ကိုယ်ဝန်ဖျက်တယ် ဆိုတာ လုသတ်မှုတော်ရေ့.. ကျုပ်တော့ ကိုယ်ဝန်ဖျက်မပေးနိုင်ဘူး..ကိုယ်ဝန်မရအောင် ဘယ်လိုတားရမလဲ လို့ အသိပညာပဲ ပေးနိုင်တယ်.. အဲဒီအတွက်တော့ အချိန်မရွေး လာခဲ့ပါ။"

ဆေးခန်းမှာ ကြုံတွေ့ရသည့် မိန်းကလေးတွေအတွက် ကျွန်မက ဒါ့ထက်ပိုပြီး ဘာတွေ များ လုပ်ပေးနိုင်မှာလဲ..


ကဲ.. ဆိုကြပါစို့.. ဤအဆင့် ဤကာကွယ်မှုတွေ ကို မရခဲ့လို့.. ကိုယ်ဝန်ရလာပြီ ဆိုပါစို့.. ယောက်ျားကလေး ကလည်း တာဝန်မယူ လက်မထပ်လိုဘူး ဆိုပါစို့ (ဤနိုင်ငံမှာ ကိုယ်ဝန်အတွက် အကောင်းဆုံး ဖြေရှင်းနည်းက တစ်ခုပဲ ရှိသည်။ ထိုရည်းစားနှင့် အချိန်မတန်မီ လက်ထပ် ပစ်လိုက်ခြင်းဖြစ်သည်။)


ကျွန်မတို့ ဘယ်လိုဖြေရှင်းပေးကြမလဲ.. နင်လုပ်တဲ့ အပြစ် နင်ခံရမှာပဲ.. ဒါတရားတယ်.. ခံပေါ့ ဟု ပြောရမလား..


သည်လိုဆိုလျှင် ဤမိန်းကလေးနှင့် (အနည်းဆုံး) ထပ်တူထပ်မျှ သို့မဟုတ်.. ပို၍ ပင် အပြစ်ကြီးသာ.. တာဝန်ရှိသော... ဦးဆောင်သူယောက်ျား ကို တော့ ဘယ်လို သဘောထားရမလဲ...


သူကယောက်ျားပဲလေ.. သူ့မှာက ပြစ်မှုအတွက် ခြေရာ လက်ရာ ဘာမှ မကျန်နိုင်သည့် အားသာချက်ကြီး ရှိနေမှပဲ.. ပြစ်မှုမှ ကွင်းလုံးကျွတ်လွတ်ရုံမက ဘယ်သူကမှ ဘာသံသယအမြင်နဲ့မှ အကြည့်မခံရသည်အထိ ဤအမှုမှ ကင်းရှင်းစေ ဟု လွှတ်ပေးထားရတာ.. သဘာဝတဲ့လား..

ယောက်ျားနဲ့ မိန်းမ သဘာဝမှ မတူဘဲ ဟု အဲသည် သဘာဝဆိုတာချည်းကို လွှဲချပြီး အဖြစ်မှန်ကို မျိုသိပ်နေရတာ ခွင့်လွှတ်နည်း အစစ်ဟုတ်ရဲ့လား.. ဆူးပေါ်ဖက်ကျခြင်းနှင့် ဖက်ပေါ်ဆူးကျခြင်းဟုသည့် ရှေးရိုးစကားပုံတစ်ခုကို ယခုတိုင် အသက်သွင်းနေရဆဲလား.. အဲသည် စကားပုံဟာ ယခုအထိ အသုံးတည့်နေတုန်းပဲလား.. မိန်းမတွေ ဒါထက် သတ္တိရှိဖို့က လိုနေပြီလား..


ကိုယ့်ရင်သွေး၏ ဖခင်ရင်းဖြစ်သော ကလေးအဖေနာမည်ကို ရိုးသားစွာ အမှန်အတိုင်း ဖော်ထုတ်ပေးရမည့် ကိစ္စမှာ ဘာတွေများ ကြောက်စရာ ရှက်စရာ ရှိမှာမို့လဲ... တစ်ယောက်တည်းမွေးပြီး တစ်ယောက်တည်း ပြုစုစောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူးလား.. အမှန်တရားတစ်ခုကို ရိုးသားစွာ ရင်ဆိုင်ဖို့ သတ္တိမရှိသင့်ဘူး လား..

ကိုယ်ဝန်မရှိအောင်တော့ ကြိုတင်ကာကွယ်ပေါ့.. ရှိပြီ ဆိုလျှင်လည်း ကလေး၏ အသက်ကို မသတ်ဘဲ ပတ်ဝန်းကျင် ကို သတ္တိရှိရှိ ရင်ဆိုင်မှပေါ့.. အဲသလို ဖြေရှင်းပေးရမလား..

မိန်းကလေးက မိမိဖြစ်ခဲ့သည့် အမှုကိစ္စကို ပတ်ဝန်းကျင်အား ဖော်ထုတ်ရင်ဆိုင်ရာတွင် "မျက်နှာပြောင်တိုက်လှသည်" ဟု ကဲ့ရဲ့ခြင်းကို ခံနိုင်သည်အထိ သတ္တိရှိရှိ ရင်ဆိုင်သင့်သည်ပဲထား.. ကလေးကြီးပြင်းလာသည့် အခါ ကလေးခံစားရမည့် စိတ်ထိခိုက်မှု ဒဏ်ရာ.. စိတ်နာကြည်းမှု ဒဏ်ရာကို ကျွန်မတို့ ဘယ်လို လုပ်ပြီး ကြိုတင် မှန်းဆကြည့်နိုင်မလဲ.. ဤကလေးသည် သန္ဓေသားဘ၀မှာ သေဆုံးပစ်ရခြင်းကို နှစ်သက်သလား.. မွေးဖွားကြီးပြင်းလာပြီး ပတ်ဝန်းကျင်ကြောင့် ရလာမည့် ထိခိုက်နာကျင်မှုကိုပဲ နှစ်သက်သလား.. ရွေးချယ်ပိုင်ခွင့်ရှိခဲ့ရင် ကလေးက ဘာကို ရွေးချယ်ချင်မလဲ.. ကျွန်မတို့ ဘယ်လိုမှ မသိနိုင်.. မိခင်၏ လင်မရှိဘဲ မွေးရဲသည့် သတ္တိကို ကြီးပြင်းလာမည့် ကလေးက ရဲရင့်မှု ဟုမယူဆဘဲ.. မိမိအား အရှက်ခွဲ နှက်စက်မှု ဟု ယူဆလာစရာ အကြောင်းရော.. မရှိဘူးလား..

ဘုရားရေ..

တွေးရင်းတွေးရင်းနှင့် ဤပြဿနာသည် ဖြေရှင်းလို့ ရတော့မှာမဟုတ် ဟု အားလျော့ချင်သလိုလို ဖြစ်လာသည်။
လောကရှိ မိန်းကလေး အားလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုတော့ ရှိ ရမှာပေါ့.. ဘာနည်းဖြစ်မလဲ.. ကျွန်မတို့ ဘာကူညီပေးနိုင်မလဲ.. တခုခုတော့ ရှိရမည်.. အဲသည်လိုနှင့် ကျွန်မ၏ မှတ်စုတွေ .. တစ်မျက်နှာပြီး တစ်မျက်နှာ ပွားလာခဲ့တော့၏..

ဂျူး
ဆရာဝန်တစ်ယောက်၏ မှတ်စုများ

တရက်အတွင်း အမျိုးသား၉၁၉ ယောက်နဲ့ အိပ်ပြီး စံချိန်သစ်တင်တဲ့အမျိုးသမီး (copy ကြိုက်သော မမ ညိမများ ဒါတွေကို ဖတ်ပဲ ဖတ်ပါ အတုမယူပါနဲ့).




အမေရိကန်အမျိုးသမီး Lisa Sparks ဟာ အမျိုးသား ၉၁၉ ယောက်နဲ့ တရက်အတွင်းမှာအိပ်ပြီး စံချိန်သစ်တင်လိုက်ပါတယ်။ (နာမည်က မြန်မာစကားလုံးနဲ့ ဆိုရင်တော့ နာမည်နဲ့ လူနဲ့ လိုက်ပါတယ်နော်။ လီဆာစပတ်ခ်)
ဒီပြိုင်ပွဲမှာ သူနဲ့ တခြားအမျိုးသမီးနှစ်ဦးယှဉ်ပြိုင်ကြတာပါ။ အဲဒီနှစ်ယောက်ထဲကတယောက်က ယခင်က အမျိုးသား ၇၅၉ ယောက်နဲ့ အိပ်ပြီး စံချိန်တင်ထားသူအမျိုးသမီးပါ။ ဒိုင်လူကြီးတွေအပြင် ကင်မရာမန်းခြောက်ယောက်ကလည်း ဒီပြိုင်ပွဲကိုသေသေချာချာမှတ်တမ်းတင်ခဲ့ကြပါတယ်။

အောက်က ဒီအံ့သြချီးကျူးဖွယ်အမျိုးသမီးရဲ့ ဓာတ်ပုံကို ကြည့်ရင်း အားပေးလိုက်ကြပါဦး။ဗွီဒီယိုကော မကြည့်ချင်ကြဘူးလား။




Chan Mi Mi Ko












Miss Grand International 2013 ကိုသွားရောက် ယှဉ်ပြိုင်ဦးမယ် မြန်မာအလှမယ် ထားထက်ထက်ကို


Miss Grand International 2013 ကိုသွားရောက် ယှဉ်ပြိုင်ဦးမယ် မြန်မာအလှမယ် ထားထက်ထက်ကို Miss Supranational ပြိုင်ပွဲဝင် Miss Internet ဆုရ ခင်ဝင့်ဝါကို လာရောက်ကြိုဆိုတာ ရန်ကုန်လေဆိပ်မှာ တွေ့ရစဉ်။



ဓါတ်ပုံ - ကောင်းထက်ကျော်
















DVB TV News

Internet လိုင်းမလို..ဖုန်းလိုင်းမလို Wifi Network မိရုံနဲ့ဖုန်းပြော Message ပို့လို့ရမယ့် APK လေးပါ




 
 
အခုကျွန်တော်တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။သူကဘယ်လို အသုံးဝင်လဲပြောရရင် နည်းနည်းရွှီး မယ်နော် ဟီးးးးးးးးးးးး Zapya apk နဲ. ပုံစံတူပါတယ် ဒါပေမဲ့ သူက ဖိုင်တစ်ခုနဲ.တစ်ခု လွှဲပြောင်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး ဖုန်းပြောလို.ရမယ် မက်ဆေ့ ပို.လို.ရမယ်ဗျာ စာသင်ခန်းထဲမှာ ဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် နီးနီးလေးနဲ. မက်ဆေ့ပို.နေရတဲ့ ကြူကြူစိန် ကိုကို မမ များအတွက် အသုံးဝင်ပါလိမ့်မယ် ဖုန်းဘေလ်မကုန်ပါဘူးအင်တာနက်မကုန်ပါဘူး (ကျွန်တော်ကြော်ငြာပေးတာပါ)
ဒါလေးကိုတော့ MMUG က ကိုမင်းမင်းဆီက မလာတာပါ။ပွားတာများသွားပြီထင်တယ်နော် ....ကဲစလိုက်ကြရအောင်

အသုံးပြုပုံအဆင့်ဆင့်ကို တက်နိုင်သလောက်နားလည်အောင်ပြောပြပေးပါမယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.ကြိုပြောထားပါရစေ နော်....

ဒီ apk လေးကို အသုံးပြုမဲ့ဖုန်းထဲကို အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းပြီးအင်စတောလုပ်လိုက်ပါ ဆက်သွယ်ဖို.အတွက် ဖုန်းရဲ. setting>>portable Wlan hotspot ကိုအမှန်ခြစ်ပေးလိုက်ပါ။ရှင်းအောင်ပြောရရင်တော့ wifi ထောင်လိုက်ပေါ့ဗျာ မသိတဲ့လူတွေအတွက်သေချာရှင်းပြတာပါ။
အဲ့ဒီကမသွားခြင်ရင်လဲ အောက်က ပုံလေးအတိုင်းသွားလိုက်ပါ


wi-fi hotspot ဆိုတဲ့နေရာကနေသွားလို.ရပါတယ်
ပြီးသွားရင်တော့သူ.ကိုသွားချိတ်မဲ့ ဖုန်းကနေ Wlan ဖွင့်ပြီးရှာကြည်.လိုက်ပါ ဒီအဆင့်ကိုတော့လူတိုင်းလုပ်တက်မယ်လို.ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ coffee ဆိုင်တွေမှာ အင်တာနက်သုံးသလို သူထောင်ထားတာကို ၀င်ချိတ်ယုံပဲ.....password ခံထားရင်တော့ထည်.ပေးပေါ့

ကဲ့ဒါဆိုရင်တော့ အိုကေသွားပြီ နော် ဖုန်းနှစ်လုံး network ချိတ်ပြီးသွားပြီ......ဒီနေရာမှာပြောချင်တာက ဖုန်းနှစ်လုံးအတွက်ပဲရှင်းပြလို. နှစ်လုံးပဲသုံးလို.ရတာမဟုတ်ဘူးနော် 8 ယောက်လောက်အထိရှယ်သုံးလို.ရတယ်.... ပြီးတာနဲ.ဆော့ဝဲလ်လေး ဖွင့်လိုက်ဗျာ အောက်က ပုံလေးလိုဖုန်းအမျိုးအစားအလိုက်ပေါ်နေလိမ့်မယ်


အမျိုးအစားတွေတူနေလို.ရောကုန်မှာကြောက်ရင်လဲ အောက်မှာပြထားသလို setting ထဲမှာ နာမည်ပြန်ပြင်လိုက်ပေါ့

အားလုံးပြီးသွားရင်တော့ မက်ဆေ့လဲပို.လို.ရပါပြီ ကိုပို.ချင်တဲ့ ဖုန်းကို ထောက်ပြီး မက်ဆေ့ပို.ရုံပဲဗျာ


မက်ဆေ့ပို.လို.အားမရရင် ဖုန်းပါပြောလို.ရတယ် ဗျာ ခေါ်ချင်တဲ့ ဖုန်းမှာဖိလိုက် call ဆိုတာလေးကိုနှိပ်လိုက် ဖုန်းခေါ်နေလိမ့်မယ်

ခေါ်ထားပြီး ဖုန်းဝင်လာရင်တောင် ၀ိုင်ဖိုင်က ဆက်အလုပ်လုပ်နေတဲ့အတွက် ဖုန်းမကျသွားဘူးဗျာ လိုင်းအားကောင်းရင် သူဘယ်သူနဲ.ဖုန်းပြောနေလဲဆိုတာပါနားထောင်လို.ရသေးတယ် ဘယ်လောက်အဆင်ပြေမလဲ ဒီလောက်ဆိုရင်တော့ အဆင်ပြေပြေသုံးတက်သွားလောက်ပြီထင်တယ် အသံလဲ ကြည်လင်ပြတ်သားပါတယ် ....လိုချင်လာပြီဆိုရင်တော့အောက်ကပေးထားတဲ့လင့်မှာဒေါင်းယူနိုင်ပါတယ်။
(ထပ်ပြောမယ်နော် mpt ကိုလဲ လုပ်ကျွေးစရာမလိုဘူး အင်တာနက်လိုင်းလဲမကုန်ဘူး ချစ်သူနဲ.လဲအဆက်အသွယ်မပျက် ဘက်ထရီမကုန်မခြင်းသာကြူကြတောဗျာ

Down==>> dropbox

Down==>> zippshare

Related Posts Plugin for WordPress, Blogger...