Thursday, September 19, 2013

မိုင်လီနှင့် ဟမ်းဆွော့သ်တို့ စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်း




Miley Cyrus တို့ လုပ်ချလိုက်ပြန်ပြီ။ Wrecking Ball Music Video ရိုက်ကွင်းက ပုံပါ။














ထူးထူးခြားခြား စံချိန်သစ်တစ်ခု တင်နိုင်ခဲ့သည့် မိုင်လီဆိုင်းရပ်စ် မိုင်လီ၏ အသစ်ထွက်ရှိမည့် Bangerz အယ်လ်ဘမ်မှ သီချင်းတစ်ပုဒ်၏ ဖြတ်ပိုင်းဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ရာ တစ်ရက်အတွင်း ကြည့်ရှုသူ အများဆုံး စံချိန်တင်သွားခဲ့

MTV၏ ဂီတဗီဒီယို ဆုပေးပွဲ ဖျော်ဖြေမှု ဂယက်ကြောင့် ဝေဖန်မှုများရော၊ လူစိတ်ဝင်စားမှုများပါ ရရှိခဲ့သည့်နောက် မိုင်လီဆိုင်းရပ်စ်သည် ထူးထူးခြားခြား စံချိန် တစ်ရပ်ပါ ထပ်မံ ရရှိလာကြောင်း သိရှိရသည်။ သူမ၏ အသစ်ထွက်ရှိမည့် Bangerz အယ်လ်ဘမ်မှ သီချင်းတစ်ပုဒ်၏ ဖြတ်ပိုင်းဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ရာ တစ်ရက်အတွင်း ကြည့်ရှုသူ အများဆုံး စံချိန်တင်သွားခဲ့သည်။ အဆိုပါ ဗီဒီယိုထဲတွင် အသက်(၂၀) အရွယ်ရှိ အဆိုတော် မင်းသမီးသည် လုံးဝ ဝတ်လစ်စားလစ် ဖြစ်နေပြီး သံကြိုးတပ်ထားသည့် သတ္တုဘောလုံးကြီး တစ်ခုပေါ်တွင် ရှိနေသည့် ပုံရိပ်များ ပါဝင်သလို တူကြီးတစ်လက်ကို လျှာဖြင့်လျက်ကာ မြှူဆွယ်သည့် အမူအရာမျိုး ပြုလုပ်နေသည်ကိုလည်း တွေ့ရှိရသည်။ ထိုဗီဒီယိုသည် YouTube၏ ဗီဒီယို ပလက်ဖောင်း တစ်ခုဖြစ်သော Vevoတွင် လွှင့်တင်ခဲ့ရာ (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၂.၃)သန်း ရှိခဲ့သည်။

ထို့ကြောင့် ယခင်စံချိန်ဟောင်းဖြစ်သည့် One Direction အဖွဲ့၏ (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၀.၉)သန်း ရှိခဲ့သော Best Song Everကို သက်တောင့်သက်သာပင် ကျော်တက်သွားခဲ့သည်။ အင်တာနက် ဗီဒီယို မှတ်တမ်းတွင် စံချိန်သစ် တစ်ခုကို ရရှိခဲ့သော်လည်း ထိုဗီဒီယိုနှင့် ပတ်သက်ပြီး မိုင်လီအနေဖြင့် ပြင်းထန်သော ဝေဖန်မှုများနှင့်လည်း ကြုံခဲ့ရသည်။ ဗီဒီယိုကို ကြည့်ရှုခဲ့သူ တစ်ဦးက "ကလေးတွေတော့ အတုခိုး မှားမှာပဲ။ သူတော့ ဘာထင်နေတယ် မသိဘူး။ ကြည့်ရတာ အပြာဇာတ်ကား ကျနေတာပဲ"ဟု မှတ်ချက်ပြုခဲ့သည်။ ဗီဒီယိုထဲတွင် မိုင်လီသည် အဖြူဝမ်းဆက် အတွင်းခံ အဝတ်အထည်များဖြင့် တူကြီးတစ်လက်ကို ထုနှက်နေကြောင်းလည်း တွေ့ရသည်။ မိုင်လီသည် ယခင်က We Can't Stop ဗီဒီယိုဖြင့် (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၀.၇)သန်း စံချိန် တင်ခဲ့ဖူးသော်လည်း One Direction အဖွဲ့က ကျော်တက်ခဲ့ပြီး ယခုနောက်တစ်ဖန် ပြန်လည် အသာရခဲ့ခြင်းဟု သိရှိရသည်။

Planet Myanmar Network

လီယမ်ရော၊ မိုင်လီ၏ ပုဂ္ဂိုလ်ရေး တာဝန်ခံများက ၎င်းတို့နှစ်ဦးသည် စေ့စပ်ကြောင်းလမ်းထားမှုကို ဖျက်သိမ်းခဲ့ပြီဟု အသီးသီး ကြေညာ ခဲ့ကြ သည်။

ကာလအတန်ကြာ ကောလာဟလများ ပျံ့နှံ့နေခဲ့ပြီးနောက် မိုင်လီဆိုင်းရပ်စ်နှင့် လီယမ်ဟမ်းဆွော့သ်တို့ အမှန်တကယ် လမ်းခွဲရန် အကြောင်းဖန်လာခဲ့ပြီ ဖြစ်သည်။ လီယမ်ရော၊ မိုင်လီ၏ ပုဂ္ဂိုလ်ရေး တာဝန်ခံများက ၎င်းတို့နှစ်ဦးသည် စေ့စပ်ကြောင်းလမ်းထားမှုကို ဖျက်သိမ်းခဲ့ပြီဟု အသီးသီး ကြေညာခဲ့ကြသည်။ တနင်္လာနေ့က မိုင်လီသည် လီယမ်၏ Twitter Accountကို Follow ပြုလုပ်ထားခြင်းအား ပယ်ဖျက်ခဲ့သည့်နောက် ယင်းတို့နှစ်ဦးကြား ဆက်ဆံရေး တင်းမာနေပြီဟု သတင်းများက ရေးသားခဲ့သည်။ ထို့နောက် နာရီပိုင်းမျှ အကြာတွင် စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းကြောင်း သတင်းကို ၎င်းတို့၏ ပတ်သက်ရာ ပတ်သက်ကြောင်းများက စတင် အတည်ပြု ကြေညာလာခြင်းဖြစ်သည်။

People မဂ္ဂဇင်းက မိုင်လီနှင့် လီယမ်တို့၏ အချစ်ရေးသည် တရားဝင် ပြီးဆုံးသွားပြီဟု ထုတ်ဖော် ရေးသားခဲ့သည်။ The Last Song ဇာတ်ကား ရိုက်ကူးရင်း စတင်သိကျွမ်းလာသည့် ချစ်သူနှစ်ဦးသည် ပြီးခဲ့သည့် လပိုင်းများ အတွင်းကတည်းက ဆက်ဆံရေး အေးခဲမှုများ ဖြစ်ပေါ်လာသည်။ ယင်းစုံတွဲနှင့် နီးစပ်သူများက "ခုတော့ တကယ်ပဲ လမ်းခွဲဖြစ်သွားပါပြီ။ မိုင်လီနဲ့ လီယမ်တို့ဟာ ယိုယွင်းနေတဲ့ ဆက်ဆံရေး တစ်ခုကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် နှစ်ယောက်လုံး အရမ်းနွမ်းနယ်နေပြီလေ။ သူတို့ဆက်ဆံရေးက ရှုပ်ထွေးပါတယ်။ လက်ထပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းတာ မဟုတ်ဘဲ ဆိုင်းငံ့ထားတာလို့ပဲ ပြောနေပေမယ့် လက်တွေ့ကတော့ မဖြစ်နိုင်တော့ပါဘူး"ဟု မှတ်ချက်ပြုခဲ့သည်။ လီယမ်၏ မိတ်ဆွေ တစ်ဦးက "လီယမ်ကတော့ မိုင်လီ့အပေါ် ဂရုတစိုက် ရှိပါတယ်။ ဒါပေမဲ့ မိုင်လီရဲ့ ပုံစံပြောင်းလာမှုတွေကို သူလက်ခံဖို့ ခက်နေခဲ့တယ်။ အထူးသဖြင့် MTVရဲ့ ဗီဒီယိုဂီတ ဆုပေးပွဲမှာ မိုင်လီ ဖျော်ဖြေခဲ့ပုံမျိုးက လီယမ်အတွက် အရှက်ရစရာပါ။ စင်ပေါ်မှာ မိုင်လီလုပ်ပြခဲ့တာတွေက ဆွဲဆောင်မှု ရှိတာထက် ပရမ်းပတာ ပုံစံမျိုးလို့ပဲ သူက သတ်မှတ်ခဲ့တယ်လေ"ဟု ပြောကြားသွားသည်။

Planet Myanmar Network

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...