Sunday, September 1, 2013

စစ်တွေမြို့နယ်အုန်းတောချေ ကယ်ဆယ်ရေးစခန်းတွင် ဘင်္ဂလီများအတွက် သိန်း ၉၀၀ ခန့်ကုန်ကျမည့် ဈေးဆိုင်ခန်းများတည်ဆောက်


---------------------------- RSV စက်တင်ဘာ၊ ၁

စစ်တွေမြို့နယ်၊အုန်းတောချေ ကယ်ဆယ်ရေးစခန်းတွင် ဘင်္ဂလီများအတွက် သီးခြားဈေးတစ်ခုကို သိန်း ၉၀၀ ကျော်အကုန်ကျခံတည်ဆောက်လျက်ရှိကြောင်းသိရသည်။
အုန်းတောချေကယ်ဆယ်ရေးစခန်းတွင် ဘင်္ဂလီများသည် ဈေးရောင်းချရန်အဆင်မပြေကြောင်းနှင့် ရောင်း ချလုပ်ကိုင်စားသောက်ရန်အတွက် ဆိုင်ခန်းများလိုအပ်လျက်ရှိရာ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း ဖြင့် ဘင်္ဂလီများအနေဖြင့် ၀င်ငွေများရှာဖွေနိုင်မည်ဖြစ်ကြောင်း အစိုးရထံတွင်တင်ပြသဖြင့် ထိုသို့ဆောက် လုပ်ပေးခြင်းဖြစ်သည်ဟုလည်း အစိုးရအဖွဲ့မှသိရသည်။
ယင်း အုန်းတောချေ ဈေးတွင် ရောင်းချရန်အတွက် ကုန်စည်များကိုလည်း တင်ပို့ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ဝင်ငွေရှာဖွေနိုင်သောနည်းလမ်းများကို လုပ်ကိုင်ပေးခြင်းဖြစ်ကြောင်း၊ ယင်းသို့ရောင်းချခြင်းဖြင့် စားဝတ်နေရေးပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်းသိရသည်။
ထိုဈေးတွင် ဈေးဆိုင်ခန်းများအပြင် အိမ်သာ အလုံး ၁၀ ကျော်ကိုလည်း တည်ဆောက်ပေးသွားမည်ဖြစ် သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများထံမှသိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီကယ် ဆယ်ရေးစခန်းများတွင် စားဝတ်နေရေးအတွက် အဆင်ပြေအောင် ပြုလုပ်ပေးလျက်ရှိပြီး ယခုခါတွင်ဈေး သစ် တစ်ခုကိုလည်းတည်ဆောက်ပေးသွားမည်ဖြစ်ရာ ကယ်ဆယ်ရေးပစ္စည်းများပံ့ပိုးမှုကို လျော့ချနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
စစ်တွေမြို့နယ်အတွင်းဘင်္ဂလီကယ်ဆယ်ရေးစခန်းကြီး ၈ ခုရှိပြီးယင်းတို့အနက် အုန်းတောချေ၌သာ ဈေး တစ်ခုကို ဆောက်ပေးခြင်းဖြစ်ကြောင်း၊ လုံးချင်းနေအိမ်များကို လောလောဆယ်ဆောက်ပေးရန်အစီစဉ်မရှိ
သေးကြောင်းလည်း အစိုးရအဖွဲ့မှသိရှိရပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...