
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားကို သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ဦးကျော်ကျော်ဝင်းတို့လည်း ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အချင်းချင်း အပြန်အလှန် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ယင်းအပေါ် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက် မှုများအပေါ် ကုလသမဂ္ဂမှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားနိုင်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယားသည် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့်လည်း ဆက်လက်တွေ့ဆုံခဲ့ပြီး လွှတ်တော်ရေးရာများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗီဂျေးနမ်ဘီးယားသည် ယခုအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ခြင်း၊ မြစ်ကြီးနားမြို့ရှိ မြို့ခံပြည်သူလူထုနှင့် တွေ့ဆုံခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများသို့ သွားရောက်ခြင်း၊ လိုင်ဇာရှိ ကေအိုင်အို ဌာနချုပ်သို့ သွားရောက်ခြင်းများ ပြုလုပ်ခဲ့သည်။
Eleven






























.jpg)
.jpg)
.jpg)






