Tuesday, September 24, 2013

SSA (ရွက်ဆစ်) အဖွဲ့ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ ခြင်းကြောင့် ဒေသခံ ပြည်သူများ ထိခိုက် ဒဏ်ရာရရှိ












နေပြည်တော် ၊ ၂၄-၉-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့ နယ်ခွဲ ဟဲနန်း ကျေးရွာအုပ်စု ၊ ကျူပေါ်ရွာ တွင် နေထိုင်သည့် ဒေါ်နန်းယွန်း ၅၇ နှစ် နှင့် မြေးများ ဖြစ်သော မောင်သိန်းဇော် ၈ နှစ် ၊ မမေသူ ၇ နှစ်တို့သည် စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်း က ကျူပေါ် - ကာဝိရွာသွား လှည်းလမ်းဘေး ရှိ လက်ဖက်ခြံ ၌ လက်ဖက် ခူးစဉ် SSA (ရွက်ဆစ်) အဖွဲ့ ထောင်ထားသည့် တိုက်မိုင်း တစ်လုံးအား မောင်သိန်းဇော် မှ တိုက်မိ ပေါက်ကွဲ ခြင်းကြောင့် ဒေါ်နန်းယွန်း ၊ မောင်သိန်းဇော် နှင့် မမေသူ တို့မှာ မိုင်းစ ထိမှန် ဒဏ်ရာများ ရရှိခဲ့ သဖြင့် ပင်လုံ မြို့နယ်ခွဲ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါး ကုသမှုများ ပြုလုပ် ပေးလျက် ရှိပြီး တပ်မတော် မှ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...