Friday, November 15, 2013

Viber v4.0.0.1707 For Android 13MB / ၀ယ်ရတဲ့ Viber stickers များ





viber ဆိုရင် သိပ်မရှင်းပြထိတော့ပါဘူး 12 ရက် 11လ မှာအသစ်ထွက်လာတဲ့ ဗားရှင်းလေးတင်ပေးလိုက်ပါတယ်
ဗားရှင်းအသစ်မှာ stickers အသစ်လေးတွေ အများကြီးပိုလာပါတယ်
အသံမတ်ဆေ့တွေလည်းပိုလို့ရပါတယ်
ဒီဇိုင်းလည်းပြောင်းသွားပါတယ် တော်တော်လန်းတယ်ဗျာ သူငယ်ချင်းတို့ အကြိုက်တွေ့မှာပါ
အသစ်သုံးချင်တဲ့သူငယ်ချင်းတွေအတွက်
Play Store မှာ ယူမရသေးရင် အောက်ကလင့်မှာရယူုနိင်ပါတယ်

zippyshare




ဝယ်ရတဲ့ Viber stickers များ 40MB


ဒေါ်လာနဲ့ပေးရတဲ့ stickers လေးတွေကို
ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် stickers အသုံးပြုတဲ့
သူငယ်ချင်းတွေအတွက် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်



zippyshare

ဒေါင်းရတဲ့ ဖိုင်ကို Extract လုပ်လိုက်ပါ သူကို ဓာတ်ပုံ ပို့တဲ့ နေရာ နေသာ ပို့လို့ရပါတယ်
free ၀ယ်ချင်တဲ့ သူငယ်ချင်းတွေအတွက် မြန်မာမိုဘိုင်း ဂရုမှာတင်ထားတဲ့ပို့လေးတင်ပေးလိုက်ပါတယ်
ကျွန်တော်မစမ်းရသေးပါ
https://db.tt/XYAI8wDz

အဲ့ဒါလေးပါ ။ Feeedom လို့ပြောရင် သိတဲ့သူတွေ သိကြမှာပေါ့ ။ Version အသစ်လေးပါ ။ လက်ရှိ Play store အထိ အလုပ်လုပ်ပါတယ် ။ အရင်ကလို app တိုင်းကိုတော့ အလုပ်မလုပ်ပါဘူး ။ Viber ကိုတော့ရတယ် ။ Rooted ဖုန်းဖြစ်ရပါမယ် ။ မြန်မာနိုင်ငံက Play store နဲ့ အလုပ်လုပ်လား မလုပ်လားတော့ ကျွန်တော်က ပြည်ပမှာမို့ မစမ်းဖူးပါ ။ အဲ့ကောင်လေး အင်စတောလုပ် ။ ဖွင့် ။ Root access ပေး ။ ပြီးရင် Menu key ကိုနှိပ် ။ Start လုပ် ။ ပြီးရင် Viber ကိုသွား ။ Sticker ၀ယ် ။ ၀ယ်တဲ့အခါ သူက Free card xxx ဆိုပြီး ဖြည့်ပေးထားမယ် ။ Buy ကိုနှိပိလိုက်ရင် Purched error ဖြစိသွားမယ် ။ ပြီးရင် Buy ကိုထပ်နှိပ်ကြည့် ။ ဒေါင်းလုဒ်လုပ်နေပါပြီ ။
ဒေါင်းချင်တာတွေ ကုန်ပြီဆိုရင် Freedom ကိုပြန်သွား ။ Menu နှိပ် ။ Stop လုပ် ။ အဲ့ဒါအရေးကြီးတယ်နော် ။ Stop မလုပ်ပဲ ဒီတိုင်းထားလိုက်ရင် Play store ကို ၀င်လို့မရတော့ဘူး ။ Freedom ကို Uninstall လုပ်ပစ်ရင်တောင်မရဘူး ခင်ဗျ ။ Stop လုပ်ကိုလုပ်ပေးပါ ။
အဆင်ပြေပါစီ
========================
အဆင်ပြေတာ တစ်ခုခုဖြစ်ခဲ့ရင် https://www.facebook.com/groups/mmua.mobile/permalink/566689973413549/ မှာ ကွန်မန့်ပေးပြီးမေးမြန်းနိုင်ပါတယ်

Camera Fv 5 v1.56 Full Apk 3MB





Camera FV-5 အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 10ရက်နေ့ထွက်လေးပါ
သူလုပ်ဆောင်ချက်တွေကတော့ တော်တော်လေးမိုက်တယ် တကယ့် ကင်မရာ တစ်လုံးအတိုင်းနီးပါဘဲ
ဖုန်းရဲ့ original camera setting ထက်အများကြီးပိုကောင်းအောင် features အလန်းစားတွေထည့်သွင်းပေးထားပြီး ဓာတ်ပုံရိုက်ဖို့ ရုပ်ထွက်အတွက် အမျိုးမျိုးချိန်ညှိပေးနိုင်ပါတယ်။ Google Play မှာဝယ်ရင် ဈေးကြီးပါတယ်။
https://play.google.com/store/apps/details?id=com.flavionet.android.camera.pro


မှာလေ့လာပြီး အသုံပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်




zippyshare 



အမျိုးကောင်း သား

သတိပြုဖွယ် တရုတ်ဆေးကုမ္ပဏီများ




ပြောရပြန်ပြီဗျိုး... တရုတ်တိုင်းရင်းဆေးတွေ အကြောင်း..

ဒီပုံကတော့ ကျွန်တော့်ဆီ လာပြတဲ့ လူနာတစ်ယောက်ရဲ့ ခြေထောက်ပါပဲ။ ဆေးပညာအရတော့ Deformity လို့ခေါ်ပါတယ်။ တကယ်က အဲဒီခြေထောက်ကို လာပြတာတော့ မဟုတ်ပါဘူး။ တစ်ခြားရောဂါ လာပြရင်း ကျွန်တော်က စပ်စုကြည့်လိုက်တာပါ။ ဒီခြေထောက်က အစကတော့ အကောင်းပါတဲ့။
သူ့မှာ လေးဖက်နာရောဂါရှိတော့ မကြာခဏ အဆစ်ရောင်အဆစ်ကိုက်တာ ခံရတယ်။

တစ်ရက်တော့ တရုတ်တိုင်းရင်းဆေး ကုမ္ပဏီတစ်ခုက ဒူးနာ အဆစ်နာ ပျောက်ရမယ်ဆိုပြီး အပြောကောင်းကောင်းနဲ့ လာရောင်းသွားတဲ့ ဆေးပလာစတာကို ကပ်မိရာက ဖြစ်သွားတာပါတဲ့။ ပလာစတာတစ်ခုကို (၆၅၀၀) ဆိုပဲ။ ဘာတွေနဲ့ လုပ်ထားလဲတော့ မသိဘူး။ ခြေဖဝါးအောက်မှာ ညဘက် ကပ်အိပ်ရပါတယ်တဲ့။ ဆေးတွေလည်း ပေးပါတယ်။ ပလာစတာက (၁၅) ရက်ကပ်ရမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒီအန်တီကြီးက ကပ်အိပ်ပြီး ဆေးတွေလည်း သောက်လိုက်တာ ၂ ရက်မြောက်နေ့ အိပ်ရာက နိုးတော့ ခြေထောက်တစ်ခုလုံး နီရဲဖူးရောင်နေတာ တွေ့ရတာပါပဲတဲ့။ အဲဒါနဲ့သူလည်း လန့်ဖြန့်ပြီး ပလာစတာရော ဆေးတွေရော ဆက်မသောက်တော့ဘဲ အဲဒီဆေးလာရောင်း တဲ့ ကောင်မလေး
ကို ပြန်ခေါ်ပြီး ပြောတော့ သူ့ဆေးကြောင့် မဟုတ်ရပါဘူးလို့ အကြောက်အကန်ငြင်းတယ်။

ကုမ္ပဏီကိုလည်း ခေါ်သွားပြီး ပြန်ကုပေးမယ်ပြောပါတယ်တဲ့။ အန်တီကြီးလည်း တော်ပါပြီ ထပ်တော့ မဆိုးချင်တော့ပါဘူးဆိုပြီး လိုက်မသွားဘဲ နေလိုက်တယ်။ နောက်နေ့ရောက်တော့ အရောင်ကျပြီး နဂိုအတိုင်းပြန်ဖြစ်လာတယ်။ နောက် လေးငါးရက်လောက်ကြာတော့ သူ့ခြေချောင်းတွေဟာ အခုလို ကျဲကျဲလာတာ သတိထားမိတာပါပဲတဲ့။ အဲဒါနဲ့ အရိုးဆေးရုံကိုသွားပြီး ဓာတ်မှန်ရိုက် စစ်ဆေးတာတွေ လုပ်ကြည့်တော့ အဆစ်တွေဟာ ပျက်ဆီးသွားပြီး အခုလိုပုံဖြစ်သွားတာဆိုတာ သိရပါတော့ တယ်။ ပြန်ကု လို့မရတော့ဘူးပေါ့။ ကျွန်တော်ထင်တာကတော့ ပလာစတာတစ်ခုတည်းကြောင့် အဲလိုဖြစ်တာတော့ မဟုတ်လောက်ပါဘူး။ ပလာစတာကြောင့် သွေးထဲက ပိုးသော်လည်းကောင်း ပဋိပစ္စည်းတွေ ကသော်လည်းကောင်း ထကြွလာပြီး အဆစ်ကို ဆိုးဆိုးရွားရွားတိုက်ခိုက်ပစ်လိုက်တာ ဖြစ်နိုင်ပါတယ်။
သို့သော်လည်း ပလာစတာ လက်သည်တရားခံဆိုတာတော့ ငြင်းလို့မရဘူးပေါ့။

ကျွန်တော်ဆေးခန်းထိုင်နေတဲ့ တလျှောက်လည်း လူနာတွေဆီက ခဏခဏ ပြန်ကြားရပါတယ်။
"တရုတ်ကုမ္ပဏီတွေကနေ ဘာအပြီးပြတ် ပျောက်ဆေး၊ ညာအပြီးသတ်ပျောက်ဆေး ဆိုပြီး လာကြော်ငြာကြောင်း လာရောင်းကြောင်း၊ အဲ့ဆေးတွေက ဈေးအလွန်ကြီးကြောင်း၊ အဲ့ဒီဆေးတွေ ကို သောက်သင့်လား ဆရာ.." ဆိုပြီး လာလာမေးကြပါတယ်။ ကျွန်တော်ကလည်း အစပိုင်းတုံးက ကိုယ်လည်း သေချာမသိသေးတော့ (ပြောရရင် အခြေအမြစ်မရှိဘဲ ရမ်းအပြစ်မတင်တာကြောင့်) "မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်ဆေးနဲ့ တိုင်းရင်းဆေးကိုသာ ဆေးကုသခွင့်ပေးထားကြောင်း၊ တိုင်းရင်းဆေးဆိုရာမှာလည်း တိုင်းရင်းဆေးတက္ကသိုလ်က အသိအမှတ်ပြုတဲ့ ခွင့်ပြုချက်ရထား တဲ့ ဆေးတွေကိုသာ သောက်သင့်ကြောင်း၊ ခုက တရုတ်တိုင်းရင်းဆေး ဖြစ်တာကြောင့် ကျွန်တော်ကတော့ အာမမခံနိုင်ကြောင်း" ပဲ ဝိနည်းလွတ် ပြောလိုက်တယ်။
အဲဒီလူနာတွေထဲကနေ ကျွန်တော့်စကားကြားပြီး မသောက်တဲ့ လူနာတွေရှိသလို စမ်းသောက်ကြည့် မယ်ဆိုတဲ့ လူနာတွေလည်း ရှိပါတယ်။ စမ်းသပ်ကြည့်ချင်လည်း ကြည့်ချင်စရာပါ။ ဘာလို့ဆို သူတို့ ကြော်ငြာပုံက ကျွန်တော်တို့ အပြီးပျောက်အောင် မကုနိုင်တဲ့ သွေးတိုးရောဂါ ဆီးချိုရောဂါတွေကို တစ်လအတွင်း ပျောက်အောင် ကုပေးတယ်ဆိုတာမျိုး၊ ဆေးရုံက ခွဲစိတ်တော့မယ်လို့ ချိန်းထားတဲ့ လိပ်ခေါင်းရောဂါတွေကို ဆေးသောက်ရုံနဲ့ ပျောက်မယ်ဆိုတာမျိုး၊ လေးဖက်နာရောဂါကို ပလာစတာ (၁၅) ရက်လောက် ကပ်ရင် အမြစ်ပြတ်ပျောက်မယ်ဆိုတာမျိုး ကြော်ငြာတာပါ။ ဒီတော့ ကျန်းမာရေးဗဟုသုတ အားနည်းပြီး ရိုးသားတဲ့ မြန်မာပြည်သူအဖို့ ယုံကြည်မိတာက အပြစ်လို့လည်း ပြောမရပြန်ပါဘူး။ ကျန်းမာရေးဗဟုသုတ လုံလုံလောက်လောက် မပေးနိုင်တဲ့ ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းတွေ၊ အဲလိုဆေးမျိုးတွေ လူထုထဲရောက်မလာအောင် မထိန်းသိမ်းနိုင်တဲ့ မြန်မာနိုင်ငံဆေးဝါးကွပ်ကဲရေး နဲ့ ကျန်းမာရေးဝန်ကြီးဌာနမှာတော့ တာဝန်ရှိတာပေါ့။

သူတို့ (တရုတ်) တွေက တကယ်တော့ မြန်မာတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာ ခင်ဗျာ့။ သူတို့ ကုမ္ပဏီတွေက Member စနစ်နဲ့ လည်ပတ်တယ်။ ဘယ်လိုလဲဆိုတော့ Member စဝင်ဝင်ချင်း တစ်လကို (၅၀၀၀) ကုမ္ပဏီက ပေးတယ်ဆိုပါတော့ (ကုမ္ပဏီတစ်ခုနဲ့ တစ်ခုတော့ ပေးတဲ့ပမာဏချင်း မတူဘူးပေါ့လေ)။ အဲဒီ Member က နောက်ထပ် Member အသစ်ကို ထပ်ဆွယ်နိုင်ရင် (Referal လုပ်နိုင်ရင်) သူ့ကို ကုမ္ပဏီက ပေးတဲ့ တစ်လ ဝင်ငွေကလည်း အချိုးကျ တက်တက်သွားတယ်။ အဲဒီလိုနဲ့ တစ်ချို့ဆို ပညာအရည်အချင်းရှိစရာမလို၊ ရုံးတက်စရာမလို၊ ဘာအလုပ်မှ လုပ်စရာ မလိုဘဲ တစ်လကို ကုမ္ပဏီကနေ ၈ သောင်း ၉သောင်း လောက်ရနေတယ်။ အဲ.... သူတို့ကိုလည်း ကုမ္ပဏီက ပစ္စည်းဘယ်လောက်ကို ဘယ်နှစ်လအတွင်း ကုန်အောင် ရောင်းပေးပါဆိုတာမျိုး သတ်မှတ်ပေးထားတာပေါ့။ ဒီတော့ သူတို့ လိုတာကဘာလဲ။ ပစ္စည်းမထွက်ထွက်အောင် သူတို့နဲ့ ခင်နေတဲ့ မျက်နှာနာသူတွေ၊ အဲဒီကနေတစ်ဆင့် နီးစပ်ရာလူတွေကို သူတို့ဆေး သုံးအောင်ဆွယ်ရတော့တာပေါ့။ Member ဝင်အောင်လည်း ဆွယ်ရတာပေါ့။ သူတို့ဆေးကိုလည်း အမွှန်းတင်ရွှန်းရွှန်းဝေအောင် ဟုတ်တာရော၊ မဟုတ်တာရော အကုန်လျှောက်ပြောရတာပဲ။ လျှောက်ပြောနိုင်အောင်လည်း ကုမ္ပဏီကနေ ဆေးအကြောင်းရေးထားတဲ့ စာအုပ်လေးတွေ ထုတ်ပေးထားတယ်။ တကယ့်တကယ်က သူတို့လည်း မသုံးဖူးဘူး။ ဒီဆေးတွေ ဘယ်လိုဖော်စပ်ထုတ်လုပ်ထားတယ်ဆိုတာ စာအုပ်ထဲ ရေးထားတာက လွဲလို့ သူတို့ဘာမှမသိဘူး။ နောက်ပြီး ဆေးနဲ့ပတ်သက်လို့ ဘာအာမခံချက်မှ မရှိဘူး။ ကြော်ငြာထဲမှာတော့ ဘာဆိုးကျိုးမှ မရှိကြောင်း၊ လူတိုင်းနဲ့သင့်တော်ကြောင်းတော့ ရေးထားတာပဲ။ တကယ်ဖြစ်ရင် ဘယ်သူတာဝန်ယူမလဲ။ MBBS ဘွဲ့ရမှာ ဆေးကုသခွင့်လိုင်စင် (ဆမ)ရှိတယ်။ တိုင်းရင်းဆေးဆရာမှာလည်း ဆေးကုသခွင့် လိုင်စင်ရှိတယ်။ ဒီတော့ မကျေနပ်ရင် ကုသမှုမှားယွင်းရင် တရားစွဲလို့ ရတယ်ပေါ့။ ပြစ်မှုမှန်ရင် ဆေးကုသခွင့် ရုတ်သိမ်းခံရနိုင်တယ်။ သူတို့မှာတော့ ဘာမှ မရှိတော့ တရားစွဲချင်လည်း စွဲမရဘူး။ အလွန်ဆုံး ကုမ္ပဏီပိတ်ပြီး တရုတ်ပြည်ပြန်ရုံပဲ။ အဲဒီအခါ စားလို့လည်း ဝပြီလေ။ တကယ်ခံရမှာက သုံးစွဲသူတွေပဲ။
ဒါတွေ ဘာလို့ သိရသလဲဆိုတော့ ကျွန်တော့် အဒေါ်တစ်ယောက်က အဲဒီလို တရုတ်ကုမ္ပဏီတစ်ခုမှာ Member ဝင်ပေါ့။ သူကတော့ ဆေးကုမ္ပဏီ မဟုတ်ဘူး... အလှပြင်ပစ္စည်း ကုမ္ပဏီ။ ဒါပေမယ့် Member စနစ်ကတော့ အတူတူပါပဲ။ Member စနစ်အကြောင်းကတော့ သူပြောပြတာပေါ့။ သူလည်း အဲဒီ အလှပြင်ပစ္စည်းတွေအကြောင်း ဘာမှသိတာရယ် မဟုတ်ဘူး။ ကျွန်တော်သူ့အိမ် ရောက်သွားတိုင်း အိမ်လာတဲ့ သူတွေကို ရွှန်းရွန်းဝေအောင် ကြော်ငြာနေတာတော့ ကြားနေရတာပဲ။ ကိုယ်ကလည်း မပြောသာလို့သာ မပြောဘဲနေတာ။ ကိုယ်တောင် အကြော်ငြာခံရသေး။ ဒီဆပ်ပြာက အသားကို ဘယ်လိုဖြူတာ... ဟို မျက်နှာသစ်ဆေးက မျက်နှာလေး ဖြူဝင်းစေတာ.. ဆိုတာမျိုးတွေပေါ့။ တူဝရီးချင်း အညှာကိုကိုင်တာလေ။
နောက်ထပ် ကျွန်တော်ကြားဖူးတဲ့ သူတို့ဆေးတွေနဲ့ ပတ်သက်လို့တော့.... ကျွန်တော့် အဖိုးက စပြောရမယ်။ အဖိုးက လွန်ခဲ့တဲ့ လေးငါးလလောက်က အစာအိမ်သွေးကြောပေါက်လို့ ဆေးရုံတက်ရပြီး သွေး ၅ လုံးလောက် သွင်းလိုက်ရတယ်။ အသက်ကလည်း ၈၀ ကျော် လူကြီးဆိုတော့ နာလန်ထဖို့ တော်တော်ကြာတာပေါ့ဗျာ။ ဆေးရုံကဆင်းပြီး တစ်လလောက်ထိ သူ့ပုံစံက ဖြူဖတ်ဖြူလျော် ဖြစ်နေတယ်။ လမ်းလျှောက်ရင် ယိုင်တိုင်တိုင် ဖြစ်တုံးပဲ။ ကျွန်တော့်ကိုလည်း သူ့ကို အားရှိအောင်လုပ်ပေးဖို့ ပြောနေတာပါပဲ။ ကျွန်တော်လည်း သံဓာတ်အားဆေးတွေ ပေးထားတာပဲ။ ဒါကိုပဲ သူက အားမရနိုင်သေးဘူး။ တစ်ရက်တော့ အဲလို ကုမ္ပဏီက Member တစ်ယောက်ပေါ့ဗျာ။ အိမ်လာလည်ရင်းနဲ့ အဖိုးကို ဆွယ်ပါလေရော။ သူ့ကုမ္ပဏီက အားဆေးကို ရောင်းပါတယ်။ နာမည်က Enzyme တဲ့။ ကြော်ငြာကောင်းတော့ ကပ်စေးနည်းအဖိုးတောင် ၂၅၀၀၀ ဖိုး ဝယ်လိုက်မိတယ်။ ကျွန်တော် အဖိုးအိမ်ရောက်တော့ သူက ထုတ်ပြတာပေါ့။ သူအားဆေးအသစ် ဝယ်ထားတယ်... ဘာတွေကောင်းလဲ ကြည့်ပါဦးပေါ့။ ၂၅၀၀၀ ဖိုးဆိုလို့ အများကြီး မထင်ပါနဲ့။ ထုတ်ပိုးပုံက တစ်ရာတန် ကော်ဖီမစ်လောက်တောင် မသားနားတဲ့ နို့မှုန့်လို အမှုန့်လေးတွေပါတဲ့ အထုတ်လေး ၁၀ ထုတ်ပါ။ တစ်ထုတ်ကို ၂၅၀၀ ပေါ့ဗျာ။ တစ်ထုတ်လုံးလည်း တရုတ်စာ ဘူးသီးကြော်တွေဆိုတော့ ကျွန်တော်လည်း မဖတ်တတ်ဘူး။ ဖတ်လို့ရတာက Enzyme တစ်ခုပဲရှိတယ်။ Vitamin တော်တော်များများက Co-enzyme တွေဆိုတော့... အင်း Vitamin တွေ ဖြစ်နိုင်လောက်ပါတယ်လို့ မနည်းဆွဲပြီး ဖြည့်တွေးလိုက်ရတယ်။ ဒါနဲ့ အဖိုးကတော့ ဘာမှမထူးပါဘူး။ ဒုံရင်းက ဒုံရင်းပါပဲ။ ကျွန်တော်လည်း ထပ်မဝယ်နဲ့ ကျွန်တော်ပဲ အားဆေးဝယ်ဝယ်ပေးပါ့မယ်လို့ ဖြေရှင်းပေးလိုက်ရတယ်။
နောက်တစ်ယောက်က ကျွန်တော့် လူနာဗျ။ ကျွန်တော့်ဆီကို လာပြတယ်။ သူအစက သမားတော်(Physician)နဲ့ ဆီးချိုကို ကုနေတာတဲ့။ နောက်တော့ အဲလို ကုမ္ပဏီတစ်ခုရဲ့ ဆီးချိုကျကော်ဖီဆိုတာကိုပဲ သောက်ပြီး ဆီးချိုဆေးတွေ မသောက်ဘဲနေတာ ခုသုံးလေးလလောက်ရှိတာ ရောဂါ မသက်သာတဲ့ အပြင် ပိုဆိုးလာတယ်ထင်တယ်ပေါ့။ အဲဒီဆီးချိုကျကော်ဖီဆိုတာကလည်း တစ်ခွက်ကို လေးထောင်တန်တယ်ဆိုပဲ။ အဲဒါနဲ့ ကျွန်တော် ဆီးချိုဖောက်စစ်လိုက်တော့ ဆီးချိုပမာဏက ၅၀၀ ကျော်နေတယ်လေ။ ကျွန်တော်လည်း လေးငါးရက်ဆက်တိုက်လောက် ကျွန်တော်ပေးနိုင်တဲ့ ဆီးချိုကျဆေးတွေ အဆင့်ဆင့် တိုးပေးတာ ဆီးချိုက ၄၀၀ ကျော်ကနေ အောက်မဆင်းတာနဲ့ တစ်ခြားလိုအပ်တာတွေ စစ်ဆေးတာရော ဆီးချိုကိုပါ သေချာကုဖို့ သမားတော်တစ်ယောက်ဆီပဲ လွှဲလိုက်ရတယ်။
ကဲ... အဲဒီတော့ နိဂုံးချုပ်ပြောရရင်... ဆေးလောကရဲ့ အန္တရာယ်တွေထဲမှာ ကျွန်တော်တို့ ဆရာဝန်တွေ တိုင်ပင်အဖြေရှာနေရတဲ့ စပ်ဆေး အန္တရာယ်အပြင် တရုတ်ဆေးအန္တရာယ်ကလည်း ခုတလော တော်တော်ဆိုးလာတယ်ထင်ပါတယ်ဗျာ။ ပြည်သူတွေကိုလည်း ကြော်ငြာကောင်းတိုင်း မယုံဖို့... အားနာပြီး ဝယ်လိုက်တာ ခါးပါပါသွားတတ်တယ်ဆိုတာ သတိပေးလိုက်ပါရစေ။ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း ဒီကိစ္စကို လက်ပိုက်ကြည့်မနေကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

ဖိလစ်ပိုင် မုန်တိုင်းကြောင့် သေဆုံးသူတွေ စတင်သဂြုင်္ိဟ်


ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းဒုက္ခသည်တွေအနေနဲ့ အရေးပေါ်အကူအညီတွေရဖို့ အမြန်လိုနေချိန်မှာ မုန်တိုင်းဒဏ်အခံရဆုံးဖြစ်တဲ့ Tacloban မြို့မှာ သေဆုံးသွားသူ ဒါဇင်ပေါင်းများစွာကို စုပေါင်းမြေမြုပ်တာ စတင်လိုက်ပါပြီ။

ပြီးခဲ့တဲ့ သောကြာနေ့ကတိုက်ခဲ့တဲ့ ကမ္ဘာ့အပြင်းထန်ဆုံးတွေထဲကတခုဖြစ်တဲ့ ဒီမုန်တိုင်းဒဏ်ခံရတာ တပတ်နီးပါးကြာလာချိန်မှာ ပုတ်ပွလာနေတဲ့ ဒီအလောင်းပေါင်း ၂၀၀ နီးပါးကို Tacloban မြို့မှာ ဒီနေ့ မြေမြုပ်ခဲ့ကြတာပါ။ ဒီမြို့အပြင်ဖက်မှာ ဒီအလောင်းတွေကို တွင်းတခုထဲ စုပြီးမြေမြုပ်ခဲ့ပေမဲ့ တရားဝင်ဝမ်းနည်းခြင်း အခမ်းအနားတော့ မကျင်းပခဲ့ပါဘူး။

ဒါ့အပြင် ဒီအလောင်းတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုလည်း စစ်ဆေးသတ်မှတ်ပေးနိုင်မှုရှိမရှိ မသေချာသေးပါဖူး။ ဒီ့အပြင်လဲ ဒီမြို့ရဲ့ လမ်းမတွေပေါ်မှာ ခုလိုပုတ်ပွလာနေတဲ့ အလောင်းတချို့ အပျက်အစီးတွေအောက်မှာ ကျန်နေပါသေးတယ်။

ခုချိန်ထိ လူပေါင်း ၂၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်အရာရှိတွေ အတည်ပြုပေးထားပေမဲ့၊ သေဆုံးမှုအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ အများက ခန့်မှန်းထားပါတယ်။

ခုလိုအချိန်မှာ နိုင်ငံတကာဘက်က အကူအညီတွေတိုးမြှင့်ပေးဖို့တွေလုပ်နေပေမဲ့ ဒီလေဘေး ဒုက္ခသည်အတော်များများအနေနဲ့ အကူအညီ အနည်းအကျဉ်းသာ ရနေသေးပြီး၊ တချို့ဒေသတွေမှာ အသက်ရှင်သန်နိုင်ဖို့ လုယက်မှုတွေဖြစ်နေပါတယ်။

ဒုက္ခသည်အမျိုးသမီးတဦးတော့ အခု Haiyan မုန်တိုင်းတိုက်ခိုက်အပြီး ဒီနေ့ ၆ ရက်ကြာလာချိန်အထိ ဘာအကူအညီမှ မရသေးဖူး သူမိသားစုအဖွဲ့ဝင်တွေ ဖျားနာပြီး သေလုမျောပါးဖြစ်နေပြီလို့ ထုတ်ပြောခဲ့ပါတယ်။

မနေ့က Tacloban မြို့ကိုရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုဆိုင်ရာ အကြီးအကဲ Valerie Amos ကလည်း အထောက်အပံ့တွေ မရောက်သေးပေမဲ့ ဒေသခံတွေရဲ့ ခံနိုင်ရည်အပေါ်မှာ အံ့အားသင့်မိပေမဲ့၊ သူတို့ခံစားနေရတာအတွက် စိတ်မကောင်းလဲ အကြီးအကျယ်ဖြစ်ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဒီအချိန်မှာ သောက်ရေသန့် လီတာ သန်းနဲ့ချီတင်ဆောင်သွားတဲ့ အမေရိကန်နိုင်ငံက လေယာဉ်တင်စစ်သင်္ဘောကြီး USS George Washington ဟာ ဖိလစ်ပိုင်နိုင်ငံကို ဒီနေ့ရောက်ရှိသွားပြီး သွားလာရ ခက်တဲ့ဝေးလံခေါင်ဖျားနေရာတွေ ကို အစာရေစာနဲ့ဆေးတွေ ပို့ပေးဖို့ ဖြင်ဆင်နေပါတယ်။

ခုလိုချိန်မှာ တရုတ်နိုင်ငံဘက်ကလည်း ဒီတိုင်ဖုန်းမုန်တိုင်း အရေးပေါ် အကူအညီအနည်းငယ်အဖြစ် တရုတ်ကြက်ခြေနီအဖွဲ့နဲအတူ အစပိုင်း ဒေါ်လာ ၂ သိန်းပေးအပြီးမှာ၊ အခုနောက်ထပ် အမေရိကန် ဒေါ်လာ ၁.၆ သန်းဖို့ လူမှုရေးအကူအညီတွေပေးဖို့ ထပ်ပေးဖို့ဆုံးဖြတ်ထားတယ်၊ ဒီအထဲမှာ ယာယီရွက်ဖျင်တဲတွေနဲ့ စောင်တွေပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ တဦး (Qin Gang) က ဆိုပါတယ်။

အခြားအင်အားကြီးနိုင်ငံတွေကတော့ တရုတ်ထက် အများကြီးပိုပေးဖို့ရှိနေပြီး၊ ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်း၊ သြစတျေးလျက ဒေါ်လာ ၉.၆ သန်းနဲ့ အမေရိကန်က ဒေါ်လာ သန်း ၂၀ ပေးဖို့ရှိနေပါတယ်။

VOA
ဖိလစ်ပိုင်မုန်တိုင်း တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်နေစဉ်။

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မှု ပြည်တွင်း ပြည်ပသို့ တင်ဒါခေါ်ယူမည်









ရန်ကုန် ဘူတာကြီး အဆင့်မြှင့် တင်မှုများ ပြုလုပ်ရန် အတွက် ပြည်တွင်း ပြည်ပမှ ကုမ္ပဏီများသို့ တင်ဒါ ခေါ်ယူ သွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။


ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန မှ ရထားလမ်းများ အဆင့်မြှင့် တင်ခြင်း နှင့် ရထား တွဲဆိုင်းများ အဆင့်မြှင့် တင်ခြင်းများကို ဆောင်ရွက်လျက် ရှိရာ ရန်ကုန် ဘူတာကြီး အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများ အတွက်လည်း ပြည်တွင်း ၊ ပြည်ပ ကုမ္ပဏီများ က စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။ ရထားလမ်းပိုင်း အဆင့်မြှင့် တင်ခြင်း နှင့် တွဲဆိုင်းများ အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို ဝန်ကြီး ဌာနမှ လုပ်ဆောင် နေခြင်းဖြစ်ပြီး ရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ တိုးတက် လာစေရန် အများ ပြည်သူ ရထားစီးနင်းမှု ပိုမို လာစေရန် ရည်ရွယ် လုပ်ဆောင် နေခြင်း ဖြစ်ပြီး ရထားပိုင် မြေများ ၊ ရထားဘူတာရုံ များနှင့် ရန်ကုန် ဘူတာကြီး ကဲ့သို့ မြေဧရိယာ ကျယ်ဝန်းသော နေရာ များတွင် ဘူတာ အဆင့်မြှင့် တင်ခြင်း အပြင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက် နိုင်သည့် ဈေးဝယ် စင်တာများ ၊ ဟိုတယ်များ ၊ အဆင့်မြင့် လူနေ တိုက်ခန်းများ အပါအဝင် စီးပွားရေး ဆိုင်ရာ အဆောက်အအုံ များ ဆောင်ရွက်ရန် စိတ်ဝင်စားသူများ ရှိကြောင်း သိရသည်။


လက်ရှိ ရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် ခရီးလမ်းကြောင်း အများစု အရှုံးပေါ်လျက် ရှိရာ ယင်းကဲ့သို့ စီးပွားရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်စေရန် အရှုံးပေါ် နေသော လုပ်ငန်းများ ပြန်လည် ကာမိစေရန် ဝင်ငွေပြန်လည် ရှာဖွေ ပေးသွားမည် ဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန တာဝန် ရှိသူ တစ်ဦးထံက သိရသည်။


ထို့ကြောင့် ရန်ကုန် ဘူတာကြီး အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ အတွက် ပြည်တွင်း ပြည်ပ သို့ မကြာမီ တင်ဒါ ခေါ်ယူမည် ဖြစ်ရာ လက်ရှိတွင် ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံ တို့က စိတ်ဝင်စားလျက် ရှိပြီး ၀န်ကြီး ဌာနသို့ တင်ပြ ထားကြောင်း ၊ ဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ သို့ တင်ပြ ဆောင်ရွက် ထားကြောင်း သိရှိရသည်။

နတ်မိမယ်များ အလှချင်းပြိုင်ခဲ့သည့် Victoria's Secret နှစ်ပတ်လည်ပွဲ




နယူးယော့ခ်ရှိ မက်ဟမ်တန်တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသော ဖက်ရှင်ပွဲတွင် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက အလှမယ်သည် ဒေါ်လာ (၁၀)သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်ကာ ကိုယ်ဟန်ပြသွားခဲ့

Victoria's Secret၏ နှစ်ပတ်လည် ဖက်ရှင်ပွဲတွင် အများမျှော်လင့်ပြီး ဖြစ်သည့်အတိုင်း ကန်ဒိုက်စ် ဆွမ်နီပိုဝယ်လ်သည် အာရုံအစိုက်ခံရဆုံး အလှမယ် ဖြစ်လာခဲ့သည်။ နယူးယော့ခ်ရှိ မက်ဟမ်တန်တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသော ဖက်ရှင်ပွဲတွင် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက အလှမယ်သည် ဒေါ်လာ (၁၀)သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်ကာ ကိုယ်ဟန်ပြသွားခဲ့သည်။ သူမသည် ပွဲမစမီက ယင်းအခွင့်အရေးအတွက် အလွန်စိတ်လှုပ်ရှားပြီး မတည်မငြိမ် ခံစားနေရကြောင်း ဖွင့်ဟခဲ့သော် လည်း လျှောက်လမ်းပေါ်တွင် တည်ငြိမ်ရဲရင့်စွာဖြင့် ထွက်ပေါ်လာနိုင်ခဲ့သည်။ Victoria's Secret သည် နှစ်စဉ် Fantasy ဘရာစီယာများကို ဖန်တီးပြလေ့ရှိရာ ယခုနှစ် ဖက်ရှင်ပွဲတော်အတွက် ကန်ဒိုက်စ် ကို ရွေး ချယ် ခဲ့ခြင်း ဖြစ်သည်။


သူမသည် မီရန်ဒါကားရ်၊ တိုင်ရာဘန့်ခ်၊ ဂီဆလီဘန်ချန်၊ ဟေဒီကလမ်၊ အလက်ဇန္ဒရာ အမ်ဘရိုစီယို၊ အက်ဒရီယာနာ လီမာနှင့် ကလော်ဒီယာ ရှက်ဖားတို့နောက် ယင်းကဲ့သို့ အခွင့်အရေးကို ရရှိသူ ဖြစ်လာ သည်။ The Royalဟု အမည်ပေးထားသည့် Fantasy ဘရာစီယာကြောင့် ကန်ဒိုက်စ်ကို လူအများ စိတ်ဝင်စားခဲ့သလို အခြားသော Victoria's Secret နတ်မိမယ်များ၏ ကြွရွဝံ့ကြွားသော ကိုယ်ဟန်ပြမှုများကလည်း ပရိသတ်ကို မျက်စိပသာဒ ဖြစ်စေခဲ့သည်။ အလက်ဇန္ဒရာ၊ အက်ဒရီယာနာ တို့အပြင် အီရင်ဟီသာတန်၊ ဟီလာရီရိုဒါ၊ ကွန်စတန် ဂျာဘလိုစကီ၊ ယိုအန်စမောလ်၊ မက်ဂ်ဒါလီနာ ဖရန်ကိုဝိတ်ခ်တို့အပြင် စူပါမော်ဒယ်လ် အများအပြားက ယခုပွဲတွင် အားဖြည့် ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။



Planet Myanmar Network

Thursday, November 14, 2013

အဆိပ်သင့်အနမ်းများ

arti_astanm_SY
ကော်ဖီဆိုင်ဟု အမည်တပ်ထားသော ဆိုင်လေးထဲသို့ ဆယ်ကျော်သက် စုံတွဲတစ်တွဲ ဝင်ရောက်လာပြီး “အခန်းရှိသေးလား” ဆိုသောအသံက ဆယ်ကျော်သက် လူငယ်ကောင်လေးထံမှ ထွက်ပေါ်လာသည်။
ဆယ်ကျော်သက် ကောင်မလေးက သူ၏ချစ်သူကောင်လေး၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ကော်ဖီဆိုင်နှင့် “အခန်း ရှိသေးလား” ဆိုသော မေးခွန်းက လားလား မျှ မသက်ဆိုင်ဟု ထင်ရသော်လည်း အမှန်တကယ်ပင် ကော်ဖီဆိုင်ဟု အမည်တပ် ထားသည့်ဆိုင်တွင် အတွဲများအတွက် အခန်းငယ်လေးများ စီစဉ်ပေးထား ကြသည်။
အဆိုပါဆိုင်သည် မြို့သစ်ပိုင်းဟု ခေါ်သော မန္တလေးမြို့တွင်းနှင့် မလှမ်းမကမ်းနေရာတွင် တည်ရှိပြီး ဆိုင်သည် အပြင်ပန်းမှ ကြည့်လျှင် Café Shop ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင် မီးရောင် ဖျော့ဖျော့ဖြင့် အခန်းငယ် ကလေးများ ကန့်ထားသည်။
ဆယ်ကျော်သက် လူငယ်စုံတွဲက မီးအရောင်ဖျော့ဖျော့ ထွန်းထားသော အခန်း ငယ်တစ်ခန်းသို့ ဝင်သွားပြီး ဆူညံသော သီချင်းသံများ အဆိုပါ အခန်းငယ်လေးထဲမှ တစ်ချက်တစ်ချက် အခန်းပြင်သို့ ပျံ့လွင့်လာသည်။ အမှောင်ဆိတ်ကွယ်ရာသည် လူတို့၏ မသိစိတ်ကို နိုးကြားစေပြီး မီးရောင်ဖျော့သော အခန်းငယ်တွင် စုံတွဲတို့သည် မတွေ့မကြုံ ဖူးသေးသည့် အတွေ့အကြုံ သစ်နှင့် ပျော်ဝင်မှု အသစ်အဆန်းများ ရှာဖွေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
မန္တလေးသည် မြို့လယ်တွင် ဆေးတက္ကသိုလ်၊ မြို့ပြင်တွင် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်များ၊ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ တည်ရှိပြီး ကျောင်းသားအများစု နေထိုင်ရာ မိန်းဟုခေါ်သော မဟာမြိုင်ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့သစ်များတွင် Café Shop အအေးခန်း ကော်ဖီဆိုင် အမည်တပ်၍ အတွဲများအတွက် အခန်းငယ်လေးများ ဖန်တီးထားသည့်ဆိုင်များ ယခုနှစ်ပိုင်း အတွင်း ပိုမိုတွေ့ မြင်လာရသည်။
အဆိုပါဆိုင်များတွင် အခန်းငှား ရမ်းခသည် နာရီပိုင်းလိုက်၍ ဈေးနှုန်း သတ်မှတ်ထားကြပြီး တစ်နာရီလျှင် ငွေကျပ် ၁၅၀၀ ကျပ်မှ ငွေ ၄၀၀၀ ကျပ်အထိ ရှိကာ နေရာနှင့် အခန်း အမျိုးအစားများကို လိုက်၍ ဈေးအမျိုးမျိုး ရှိကြောင်း စုံစမ်း သိရှိရသည်။
“ကျွန်တော်တို့က လွတ်လွတ်လပ် လပ်တွေ့ချင်လို့ သီးသန့်အခန်းတွေနဲ့ ချိန်းတွေ့ ကြတာပါ။ မန္တလေးမှာက ဘုရားတွေ ပေါတော့ အဲလိုနေရာတွေကို ချိန်းလို့မသင့်ဘူး။ အေးအေးဆေးဆေး ထိုင်လို့ရမယ့် နေရာတွေကို ရွေးချယ်သွားတာပါ” ဟု မန္တလေးမြို့မှ ရတနာပုံတက္ကသိုလ် အဝေးသင် ကျောင်းသားတစ်ဦးက ပြောသည်။
ကော်ဖီဆိုင် အခန်းငယ်လေးများ ကဲ့သို့ပင် မန္တလေးမြို့ကျုံးပတ်လည် သည်လည်း ညနေအချိန် စုံတွဲများ အများဆုံး လာရောက်နေရာ ဖြစ်သည်ဟု ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။
“ကျုံးဘေးမှာ ညနေအချိန်ဆို စပြီ။ အတွဲတွေ နိုင်ငံခြားကားထဲက လိုမျိုး နမ်းတဲ့သူက နမ်း။ ကိုရီးယားထဲကလို ကျောပိုးပြီး သွားတဲ့သူကသွား။ ပေါင်ပေါ်တက်ခွတဲ့သူ ကခွနဲ့။ တစ်ခါတစ်ခါ တော်တော်ဆိုးတဲ့ အတွဲတွေလည်း တွေ့ဖူးတယ်။ မြင်သူမရှက် ယိုသူရှက်ပဲ” ဟု မန္တလေးမြို့ခံ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နေသူ အသက် ၃၂ နှစ် အရွယ်ရှိ ဦးဖြိုးလေးက ဆိုသည်။
မန္တလေးမြို့တွင် ယခင်က ရှိခဲ့သော ဥယျာဉ်များ၊ ကျုံးတောင်ဘက်တွင် ရှိသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် အပါအဝင် ရေပေါ်စားသောက်ဆိုင်များ မရှိတော့ဘဲ KTV၊ စင်တင်များ ခေတ်စား လာပြီး ကျုံးဘေးတွင်လည်း စုံတွဲတို့၏ မဖွယ်မရာ အပြုအမူများကြောင့် အများ ပြည်သူအတွက် အပန်းဖြေ နားခိုစရာ ရှားပါးလာနေပြီဟု မြို့ခံများက ဆိုကြသည်။
မန္တလေးကျုံးပတ်လည်သည် အများ ပြည်သူအတွက် အခမဲ့ အပန်းဖြေနား နေရာတစ်ခု ဖြစ်ပြီး မန္တလေး-စစ်ကိုင်းလမ်း ရှိ ဥယျာဉ်တစ်ခုသည်လည်း အခမဲ့ အပန်းဖြေ နားနေရာ ဖြစ်သည်။ တိရစ္ဆာန် ဥယျာဉ်၊ မြို့တော်ဥယျာဉ်၊ အစရှိသည့် နေရာများသည် အပန်းဖြေနား နေရာများ ဖြစ်သော်လည်း ဝင်ကြေးပေးဆောင်ရသည့် နေရာများ ဖြစ်သည်။
ကျုံးပတ်လည်တွင် အတွဲများက မဖွယ်မရာပြုလုပ်ပြီး ညသန်းခေါင်အချိန်ထိ ရှိနေခြင်း၊ ကျုံးဘေးတွင် အုပ်စုဖွဲ့ဓားခုတ် မှုများ ဖြစ်ပွားခြင်း တို့ကြောင့် ကျုံးဘေးတွင် ည ၉ နာရီ နောက်ပိုင်းတွင် နေထိုင်ခွင့်မရှိဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက တားမြစ်ခဲ့သည်။
“ပိုက်ဆံမပေးရဘဲ လွတ်လွတ်လပ်လပ် အပန်းဖြေလို့ရတဲ့ နေရာက မြို့နဲ့ အလှမ်းဝေးတယ်၊ နောက်တစ်ခုက သွားလို့ မသင့်အောင် အတွဲတွေနဲ့ ရှုပ်နေတယ်။ ဓားခုတ်မှု စတာတွေလည်း ဖြစ်တယ်။ ဝင်ကြေးပေးပြီး သွားရမယ့် နေရာမျိုးကျ ပြန်တော့လည်း တစ်ဦးကို ၅၀၀ ကျပ် လောက်ရှိတယ်။ ကျွန်တော်တို့လို ဆင်းရဲသားတွေ ကတော့ မိသားစုလိုက် ဝင်ကြေးပေး မသွားနိုင်ဘူး။ အဲဒီတော့ အပန်းဖြေဖို့ နေရာရှားလာတယ်” ဟု မန္တလေးမြို့ မြရည်နန္ဒာ မြို့သစ်နေ လက်လုပ် လက်စားလုပ်ကိုင်သူ အသက် ၄၅ နှစ် အရွယ် ဦးဘငွေက ဆိုသည်။
ပြည်သူ့အပန်းဖြေနေရာ ရှားပါးမှု သည် လူငယ်စုံတွဲများအတွက် တစ်နည်းအားဖြင့် လည်ပတ်စရာ နေရာရှားပါးစေပြီး အပန်းဖြေရန် နေရာရှာရာမှ ဆိတ်ကွယ်ရာ နေရာ ရောက်ရှိစေသည့် တွန်းအားတစ်ရပ် ဟု ဆိုရပေမည်။
“အပန်းဖြေ နေရာတွေက နည်းတယ်။ ရှိတဲ့နေရာ တွေကလည်း လူတွေပြည့် သိပ်ကျပ်။ ဥယျာဉ်ထဲ ထိုင်ခုံမရှိဘာမရှိနဲ့ တကယ် အဆင်မပြေဘူး။ ဒါ့ကြောင့် အေးအေးလူလူ နေလို့ရတဲ့ နေရာ ရှာဖွေရင်း သူငယ်ချင်းတွေ ပြောကြတဲ့ နေရာတွေ ရောက်သွားတယ်။ ဒါပေမဲ့ တကယ့်ဥယျာဉ် လိုမျိုး အပန်းဖြေဖို့ ကောင်းတဲ့ နေရာတွေ ရှိရင် ဝင်ကြေးပေးရ ပါစေဦးတော့ ကျွန်တော်တို့ သွားမှာပါ” ဟု မန္တလေးမြို့ နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား တစ်ဦးက ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “လူထုတွေ အတွက် အပန်းဖြေဥယျာဉ်တွေ ဖော်ဆောင် ပေးသင့်တယ်။ အများပြည်သူ လူသွားလမ်း နေရာတွေမှာ ထိုင်ခုံတွေထားပေးတာ တို့လိုမျိုး လုပ်ပေးတာကတော့ အစိုးရက လုပ်ပေးသင့်တယ်။ Entertainment သဘောမျိုး အထဲမှာ- စိတ်အပန်းဖြေ၊ လူ အပန်းဖြေဖို့ လုပ်ဆောင်ပေး ထားတာတွေ၊ ပစ္စည်းတွေ ပါရင်တော့ ပုဂ္ဂလိကကို ကန်ထရိုက် ပေးလုပ်ရမယ်။ ဒါတွေကို ဝင်ကြေးသဘောမျိုး သတ်မှတ်ပြီး လုပ်ပေးလို့ ရတယ်” ဟု ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ လမ်းတံတားဌာနမှ တာဝန် ရှိသူတစ်ဦးက မဟာအောင်မြေမြို့နယ် ၆၂ လမ်းရှိ မနော်ရမံဥယျာဉ်နှင့် လမ်း ၄၀ ကြားတွင် ပေ ၃၅၀ အကျယ် လူထုအပန်းဖြေ နေရာတစ်ခုကို ၂၀၁၄ ခုနှစ် မတ်လကုန် အပြီးတည် ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“အရင်ဆုံး Public Center လုပ်မယ့်ဧရိယာမှာ ရှိနေတဲ့ ပျိုးခြံတွေ အားလုံး ရှင်းပြီးပြီ။ မနော်ရမံ ချောင်းရှေ့က ဧရိယာကိုယူပြီး တံတားအပြည့် ခင်းမယ်။ အောက်ကချောင်း ကိုလည်း ရေစီးရေလာ မထိခိုက်အောင် လုပ်မယ်။ အားကစား ပစ္စည်းတွေ ထားမယ် မထားဘူး ဆိုတာတော့ မသိသေးဘူး။ အဓိကကတော့ ပြည်သူလူထုတွေ အပန်းဖြေ စုစည်းနိုင်အောင်ပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
ဆယ်ကျော်သက်လူငယ် စုံတွဲ က Café Shop ရှိ သီးသန့် အခန်းငယ်လေးမှ ထွက်ခွာလာသည်။ သူတို့နှစ်ဦးမျက်နှာတွင် ကြည်နူးရိပ်များကို တွေ့မြင်ရသည်။ စုံတွဲတို့ သဘာဝ အခန်းငယ်ထဲတွင် ချစ်သူအချင်းချင်း နမ်းရှုတ်ချင် နမ်းရှုတ်ကြဖွယ် ရှိပေလိမ့် မည်။ သို့သော် ထိုအနမ်းများသည် အရွယ် မတိုင်ခင် အိမ်ထောင်ကျခြင်း၊ ကိုယ်ဝန် ဖျက်ချခြင်းနှင့် အန္တရာယ်ရှိသော အတွေ့ အကြုံသစ်များကို စမ်းသပ်ကြခြင်းများ အပါအဝင် လူငယ်တို့၏ အနာဂတ်ကို ဖျက်ဆီးမည့် အဆိပ်သင့်အနမ်းများ မဖြစ်ရန် လိုသည်။

“ ကြိုတင်၍ မသိနိုင်ပါသဖြင့် ”



ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ၊ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘဝ၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
(မနာပဒါယီ ဆရာတော်)

မြတ်စွာဘုရားရှင် လက်ထပ်က ယက်ကန်းယက်သည့်
ယက်ကန်းသည် ဒကာမလေးတစ်ဦး ရှိခဲ့ပါတယ်။
ငယ်ပေမယ့် ဘာသာရေးကို အထူးလေးပေးတဲ့ ကလေးမလေး ဖြစ်သဖြင့်လည်း ဘုရားရှင်က အဲဒီကလေးမလေးကို
အထူးတလည် တရားတော်များ ဟောကြားချီးမြင့်တော်မူသလို အဲဒီကလေးမလေးကို အကြောင်းပြုပြီး အများသူငါ
တရားရစေမှုကိုလည်းဖြစ်စေတော်မူပါတယ်။

တစ်နေ့ ယက်ကန်းသည် ဒကာမလေးဟာ အိမ်ကနေပြီး ယက်ကန်းရုံကိုသွားရာ လမ်းမှာ ဘုရားရှင်တရား
ဟောတော်မူနေတာနဲ့ ကြုံတဲ့အတွက် တရားဝင်နာဖြစ်ခဲ့ပါတယ်။

ဘုရားရှင်က အိမ်ကနေပြီး ယက်ကန်းရုံကို
သွားမယ့်ဒီဒကာမလေးကို
“ချစ်သမီး ဘယ်ကလာတာလဲ”လို့ ပရိတ်သတ်ကြားမှာ
မေးလိုက်ပါတယ်။
“မသိပါဘုရား”လို့ သူကဖြေတော့ ပရိတ်သတ်တွေက
“ဒီကလေးမ ရူးနေလား သူ့အိမ်ကလာတာကို
အားလုံးသိနေတဲ့ကြားက မသိပါဘူးလို့ ဖြေနေတယ်”ဆိုပြီး
လှုပ်လှုပ်ရွရွ ဖြစ်သွားကြပါတယ်။
မြတ်စွာဘုရားရှင်က ယက်ကန်းရုံကိုသွားမယ့်သူ့ကို
ဆက်ပြီးတော့ မေးပါတယ်။
“ချစ်သမီး ဘယ်ကိုသွားမှာလဲ”
ယက်ကန်းသည်မလေးက ပြန်ဖြေပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား“။
ဘုရားရှင်က နောက်မေးခွန်းတစ်ခု ထပ်မေးပါတယ်။
“ချစ်သမီး မသိဘူးလား”။
သူမက ပြန်ဖြေပါတယ်။
“အရှင်ဘုရား သိပါတယ်ဘုရား”။
ဒီတော့ မြတ်ဗုဒ္ဓက ထပ်မေးပါတယ်။
“ချစ်သမီး တကယ်သိသလား”။
ယက်ကန်းသည်မလေးက ပြန်လျှောက်ပါတယ်။
“မြတ်စွာဘုရား မသိပါဘုရား”။

မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်လေးရဲ့ အမေးအဖြေတွေကို
နားထောင်ရင်း ပရိတ်သတ်တွေ အတော်ခေါင်းရှုပ်သွားကြတယ်
ထင်ပါတယ်။ ယက်ကန်းသည်မလေးကိုလည်း အထူးအဆန်း အရူးတစ်ယောက်လို မြင်သွားကြပြီး အပြစ်တင်သံတွေနဲ့ ဆူညံသွားစေတော့တာပဲ ဖြစ်ပါတယ်။ ဒါကို သိတော်မူတဲ့
မြတ်စွာဘုရားရှင် ယက်ကန်းသည်မလေးကို အမေးအဖြေတွေနဲ့
ပတ်သက်ပြီး ထပ်မေးပါတယ်။

“ချစ်သမီး ငါဘုရားမေးတဲ့ အမေးတွေကို၊ မသိဘူး၊ သိတယ်၊ တကယ်မသိဘူးစသဖြင့် ဖြေဆိုတာ ဘယ်လိုအဓိပ္ဗါယ်နဲ့
ဖြေတာလဲလို့ ဆိုတော့ ယက်ကန်းသည်မလေးက
“မှန်ပါအရှင်ဘုရားမြတ်စွာဘုရား အနေနဲ့
တပည့်တော်ကို မေးလိုတဲ့ မေးခွန်းက

♦ ဘယ်ဘဝကနေ ဒီလို လူ့ဘဝကို ရောက်လာတာလဲလို
့ မေးတယ်ဆိုတာ တွေးပြီး ဘယ်ဘဝက လာတယ်ဆိုတာ
တပည့်တော် တကယ်မသိတဲ့ အတွက် မသိပါဘုရားလို့
ဖြေခြင်း ဖြစ်ပါကြောင်း၊
♦ ဘယ်ကိုသွားမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လဲ
ဒီဘဝက သေပြီးတပည့်တော် ဘယ်ဘဝမှာ ဖြစ်မယ်၊
ဘယ်ဘဝကို သွားရမယ်ဆိုတာ တကယ်မသိတဲ့အတွက်
မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း၊
♦သိသလားဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးတော့လည်း
သေရမယ်ဆိုတာကို သိနေတဲ့အတွက်
သိပါတယ်ဘုရားလို့ ဖြေခြင်းဖြစ်ပါကြောင်း၊
♦တကယ်သိလားလို့ မေးတဲ့အပေါ်မှာလည်း
သေရမယ်ဆိုတာ သိပေမယ့် ဘယ်အချိန်
သေရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်တဲ့အတွက်
မသိပါဘုရားလို့ ဖြေရခြင်း ဖြစ်ပါကြောင်း”
စသဖြင့် အကျယ်တဝင့် ပြန်လည်လျှောက်ထားပါတယ်။
ဒီတော့မှ ပရိတ်သတ်တွေလည်း သဘောပေါက်ကာ
သာဓု အကြိမ်ခေါ်ဆို ကြတော့တာ ဖြစ်ပါတယ်။

ဒါက မြတ်ဗုဒ္ဓနဲ့ ယက်ကန်းသည်မလေးရဲ့ အမေးအဖြေ
ဇာတ်လမ်းနဲ့ ဓမ္မသဘင်လေး အကြောင်းပဲ ဖြစ်ပါတယ်။
ဒီမှာ ပြောချင်တာက ယက်ကန်သည်လေး လျှောက်ထားသလို
ပုထုဇဉ်တွေရဲ့ ဘဝအခြေအနေနဲ့ ပတ်သက်ပြီး ပြောချင်တာ
ဖြစ်ပါတယ်။ ပုထုဇဉ်တွေရဲ့ ဘဝဟာ ဘယ်ကလာလို့
ဘယ်ကိုသွားပြီး ဘယ်မှာဘယ်လို သေရမယ်ဆိုတာ
ဘယ်လိုမှ အသေအချာ ပြောလို့ မရတဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။

အထူးသဖြင့် သေခြင်းတရားနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမှကို ကြိုတင်မှန်းဆလို့ မရတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။
♦ဘယ်အသက်အရွယ်မှာ သေရမယ်၊
♦ဘယ်ရောဂါနဲ့ သေရမယ်၊
♦ဘယ်အရပ်မှာ သေရမယ်၊
♦မနက်နေ့ည စတဲ့ ဘယ်အချိန်မှာ သေရမယ်၊
♦သေပြီးနောက် ဘယ်ဘဝမှာ ပြန်ဖြစ်ရမယ်ဆိုတာ
ကြိုတင်ပြီးမသိနိုင်တဲ့ ဘဝမျိုးပဲ ဖြစ်ပါတယ်။

အဲ သေချာတာ တစ်ခုကတော့ သေရမယ်ဆိုတဲ့
အချက်ပဲ ဖြစ်ပါတယ်။ မွေးခြင်းရဲ့နောက်မှာ
သေခြင်းဆိုတာ ရောက်နေမှာဖြစ်တဲ့ အတွက် မွေးလာခဲ့တဲ့
သတ္တဝါမှန်သမျှ သေကြရမှာပဲ ဖြစ်ပါတယ်။

♦ သေခြင်းတရားကတော့ အသေအချာ
ရောက်လာမှာပဲ ဖြစ်ပါတယ်။
နောက် သေချာတာတစ်ခုက အခုအသက်ရှင်နေတဲ့
လက်ရှိအခိုက်အတန့်ပဲ ဖြစ်ပါတယ်။
မနက်ဖြန်ဆိုတာ ဘာဖြစ်မယ်၊
အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်လိုမှ
တွက်လို့မရတဲ့အတွက်
အဲဒီ တွက်မရတာတွေ ရောက်မလာသေးတဲ့အချိန်၊
လက်ရှိအခိုက်အတန့်ဟာ လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့
အခိုက်အတန့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခိုက်အတန့်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ကြဖို့၊
သေချာတဲ့ အခိုက်အတန့်မှာ " ကောင်းမှုမျိုးစေ့တွေ"
စိုက်ပျိုးနိုင်သမျှ စိုက်ပျိုးကြဖို့ ပြောရခြင်း ဖြစ်ပါတယ်။

ဆိုတော့ကား
မမြဲခြင်းတရား၊
မပိုင်ဆိုင်ခြင်းတရား၊
မသေချာခြင်းတရား၊
မသိခြင်းတရားတွေနဲ့ နေနေရတဲ့ ပုထုဇဉ် သတ္တဝါများ အနေနဲ့
ဘဝမှာ သေခြင်းတရား၊
မမြဲခြင်း တရားနဲ့ ပတ်သက်ပြီး ဘယ်လိုမှ ကြိုတင်ပြီး
မသိနိုင်တဲ့အတွက် အသေချာဆုံးဖြစ်တဲ့
လက်ရှိအခိုက်အတန့်မှာပဲ ကောင်းမှုအစုတွေကို ကြိုးစားပြုပြီး
ဘုရားရှင်များ ဆုံးမသလို
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ပြီး၊
ကိုယ့်စိတ်ကိုကိုယ် ဖြူစင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း
အသိပေး တိုက်တွန်းလိုက်ရပါတယ်။

- [စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]

မုန်လာဥနီက အမျိုးသားများ၏ မျိုးအောင်နှုန်း ကောင်းစေနိုင်





 လေ့လာမှုအရ လိမ္မော်ရောင်နဲ့ အဝါရောင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် တွေဟာ အမျိုးသားတွေရဲ့ မျိုးအောင် နှုန်းကို ကောင်းမွန်စေ တယ်လို့ တွေ့ရှိခဲ့ ပေမယ့် အဲဒီသစ်သီးဝလံတွေ ထဲမှာ မုန် လာဥနီဟာ အကောင်းဆုံးလို့ သိရပါ တယ်။ မုန်လာဥနီဟာ သုက်ပိုးတွေ မမျိုး ဥဆီရောက်အောင် ကူးခတ်သွားလာ လှုပ်ရှားမှုအပေါ်မှာ အကောင်းဆုံးအ ကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါ တယ်။
ဟင်းသီးဟင်းရွက်တွေကို လိမ္မော် ရောင်ဖြစ်စေတဲ့ ဓာတုပစ္စည်း ကယ်ရိုတီ နွိုက်ကြောင့် သုက်ပိုးအရည်အသွေး ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ခန္ဓာ ကိုယ်က ကယ်ရိုတီနွိုက်ရောင်ခြယ် ပစ္စည်းကို ကျန်းမာရေးကောင်းစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဘီတာကယ်ရို တင်းအဖြစ် ပြောင်းလဲပေးနိုင်ပြီး ဘီတာ ကယ်ရိုတင်းမှ တဖန် ဗီတာမင် A အဖြစ် သို့ ပြောင်းလဲပေးနိုင်ပါတယ်။ ကန်စွန်းဥနဲ့ ဖရဲသီးဟာလည်း သုက်ပိုးအရေအတွက်နဲ့ အရည်အသွေး ကို ကောင်းမွန်စေနိုင်ပေမယ့် မုန်လာဥနီ က သုက်ပိုးရဲ့လုပ်ဆောင်ချက် ၆ ဒသမ ၅ ရာခိုင်နှုန်း ၈ ရာခိုင်နှုန်းအတွင်း ပိုမို ကောင်းမွန်နိုင်တယ်လို့ လေ့လာသူတွေ က ဆိုပါတယ်။ ကင်ဆာကို ကာကွယ်နိုင် စွမ်းရှိတဲ့ ခရမ်းချဉ်သီးလိုမျိုး အနီ ရောင်သစ်သီးတွေမှာမူ ပုံမှန်မဟုတ်တဲ့ သုက်ပိုးပုံသဏ္ဌာန်အနည်းငယ်ဖြစ်ပေါ် စေတယ်လို့ ဆိုပါတယ်။
ယခင်က ဟားဗတ်လေ့လာမှု အရ ပြည့်ဝဆီပါဝင်မှု များတဲ့ အစာစားတဲ့ အမျိုးသားတွေမှာမူ သုက်ပိုးအရေအ တွက်နည်းပြီး သုက်ပိုးအရည်အသွေး လည်း ညံ့ဖျင်းတယ်လို့ တွေ့ရှိထားပါ တယ်။ ငါးမှာပါဝင်တဲ့ အိုမီဂါ-၃ အဆီ အပါအဝင် ကျန်းမာရေးကောင်းစေတဲ့ အဆီ စားတဲ့ အမျိုးသားတွေမှမူ ကောင်း မွန်တဲ့ သုက်ပိုးအရည်အသွေး ရရှိနိုင် ပါတယ်။
မုန်လာဥနီကို အရင်တုန်းက တည်းက မျက်စိကျန်းမာရေး အတွက် အသုံးပြု ခဲ့ကြပါတယ်။ မုန်လာဥနီမှာ အဓိ က ပါဝင်တဲ့ ဗီတာမင် A ဟာ မျက်စိ မြင်လွှာလုပ်ငန်းအတွက် လိုအပ်လို့ပါ။ ဗီ တာမင် A ရဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဂုဏ်သတåိကြောင့် အတွင်းတိမ်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပြီး ဗီတာမင် A ချို့တဲ့ပါကက ညဘက်မှာ အမြင် ဆုံး ရှုံးနိုင်ပါတယ်။

ယာဉ်မရပ်ရ လမ်းမကြီးများတွင် ရပ်ထားသော ယာဉ်များကို ဖယ်ရှားအရေးယူမှု စတင် ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်း၊ ကရိန်းယာဉ်ဆွဲခ ငါးသောင်းမှ ခုနစ်သောင်း ပေးဆောင်ရမည်



ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိကလမ်း ၃၇ လမ်းတွင် ရပ်နားနေသည့် ယာဉ်များ အရေးယူနေမှု စတင်နေပြီး ဒဏ်ငွေ တစ်သောင်းမှ ငါးသိန်းအထိ၊ ကရိန်းယာဉ်ဖြင့်ဆွဲခ ကျပ်ငါးသောင်းမှ ခုနစ်သောင်းအထိ ပေးဆောင်ရမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ကရိန်းယာဉ်ဖြင့်ဆွဲပြီး အရေးယူရာတွင် စည်ပင်ဝန်ထမ်း၊ စည်ပင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် ရပ်ကွက်မှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။

အများပြည်သူတို့အား အသိပေး ကြေညာထားပြီးဖြစ်သည့် ယာဉ်မရပ်ရ လမ်းမကြီးများပေါ်တွင် ရပ်နားထားသော ယာဉ်ပိုင်ရှင်များအနေဖြင့် ကရိန်းယာဉ်ဆွဲခ အနီးအဝေး အပေါ်မူတည်၍ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ခုနှစ်သောင်းအထိ ပေးဆောင်ရမည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှုအတွက် တရားရုံးတွင် ဒဏ်ငွေ(သို့)ထောင်ဒဏ်တို့မှ ပြစ်ဒဏ်တစ်ခုခု ချမှတ်ခံမည့်အပြင် ပြစ်ဒဏ် နှစ်ရပ်စလုံးကိုလည်း ချမှတ် ခံရနိုင်ကြောင်း ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

"နိုဝင်ဘာ ၁၁ ရက်နေ့က စပြီးတော့ ယာဉ်မရပ်ရလမ်းအဖြစ် သတ်မှတ်ထားတဲ့ လမ်း ၃၇ လမ်းမှာ ရပ်နေတဲ့ ယာဉ်တွေကို အရေးယူနေပါပြီ။ တစ်မြို့လုံး အတိုင်းအတာအရ တစ်ပြိုင်နက်တည်း အရေးယူနိုင်ဖို့ ကရိန်းယာဉ်တွေ ထပ်မံ ၀ယ်ယူသွားမယ်။ ကရိန်းတွေနဲ့ ဖယ်ရှားပြီး အရေးယူတဲ့အချိန်မှာ ယာဉ်ပိုင်ရှင်တွေနဲ့ စကားအချေအတင်တွေ ပြောရတာတွေလည်း တွေ့ကြုံခဲ့ရတယ်။ ဒီလို အရေးယူသွားမယ် ဆိုတာကို လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ကြေညာထားပြီးသား ဖြစ်ပါတယ်။ အခုဖမ်းဆီးခဲ့တဲ့ ယာဉ်တွေကလည်း ရပ်နားတဲ့အချိန် နာရီဝက်ကျော်သွားတဲ့ ယာဉ်တွေပဲ ဖြစ်ပါတယ်" ဟု အမှတ်(၂) ဒုယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

စတင် အရေးယူခဲ့သည့် နိုဝင်ဘာ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် မော်တော်ယာဉ် ၁၇စီးကို ဖယ်ရှား အရေးယူခဲ့ကြောင်း သိရသည်။ ယာဉ်မရပ်ရ နေရာအဖြစ် သတ်မှတ်ထားသည့် လမ်းမ ၃၇ လမ်းအနက် အချို့မှာ လှည်းတန်းလမ်းဆုံမှ လှည်းတန်းလမ်းအတိုင်း ကြည့်မြင်တိုင် ကမ်းနားလမ်းအထိ၊ ဦးဝိစာရ အ၀ိုင်းမှ အလုံလမ်းအတိုင်း ဗဟိုလမ်းအထိ၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံမှ မဟာဗန္ဓုလလမ်းအတိုင်း ယမုံနာ လမ်းဆုံအထိ၊ လှည်းတန်းလမ်းနှင့် နာနတ်တော လမ်းဆုံမှ ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ၀ါးတန်းလမ်းနှင့် ကမ်းနားလမ်း လမ်းဆုံအထိ၊ ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း၊ ၎င်းမှ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းဆုံအထိ၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းဆုံး (ပြည်ထောင်စု ခုံးကျော်တံတား)မှ သံသုမာလမ်းအတိုင်း၊ သမိန်ဗရမ်းလမ်းဆုံ(ကြက်ဘဲဈေး) ရှေ့ထိတို့ ပါဝင်ကြောင်းသိရသည်။

နိုဝင်ဘာ ၁၃ ရက်က ဘုရင့်နောင်လမ်းမ၌ အချိန်ကြာမြင့်စွာ ရပ်ထားသည့် အငှားယာဉ်တစ်စီးကို ဖယ်ရှားသယ်ဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)

အကြောပြတ်တယ်ဆိုတာ. . .




ဘာလို့အကြောပြတ်တာလဲ???
ပြင်းထန်တဲ့ အားကစားတွေ၊ခြေထောက်နဲ့နာရီအတော်ကြာမတ်တပ်ရပ်ပြီး အလုပ်လုပ်ရတဲ့သူတွေ၊တင်ပလ္လင်ခွေ အထိုင်များသူတွေနဲ့ အခြားအကြောင်းအရာတွေ တော်တော်များများကြောင့် အကြောပြတ်တတ်ပါတယ်။

ကြာကြာဖြစ်နေတတ်သလား???
မကုသဘဲထားရင်တော့ အချိန်အတော်ကြာဖြစ်နေတတ်ပါတယ်။ပြီးတော့ လှုပ်ရှားမှုတွေမှာ ထိခိုက်တတ်ပါတယ်။

ဘယ်လိုကုသကြမလဲ???
အကောင်းဆုံးကတော့ ပုံထဲကလို ဆိုးရွားနေရင် အရိုးအကြောဆိုင်ရာ ဆရာဝန်နဲ့ပြသသင့်ပြီးတော့ သိပ်မထင်ရှားသေးရင်တော့ အိမ်တွင်းကုထုံးလေးတွေနဲ့ ကုသနိုင်ပါတယ်။

၁ ၊ အကြောပြတ်တဲ့နေရာကို ရေနွေးနဲ့လောင်းလိုက် ခဏနေရင်ရေအေးနဲ့ပြန်လောင်းလိုက် လုပ်ပေးရပါမယ်။ခန္ဓာကိုယ်သွေးကြောလေးတွေကို ကျဉ်းလိုက် ကျယ်လိုက်ဖြစ်စေတာမို့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၂ ၊ မုန်ညင်းဆီ၊နှမ်းဆီ၊ကမ်းဇော်ဆီ အသုံးပြုပါ။အဲဒီအဆီတွေကို ညဘက် အိပ်ရာမ၀င်ခင်ပွတ်သပ်လိမ်းပေးပြီး ဖြေးဖြေးချင်း နှိပ်နယ်ပေးပါ။

၃ ၊ ဆားအနဲငယ်ထည့်ထားတဲ့ ရေနွေးထဲကို ခြေထောက်ရေစိမ်ပေးပါ။

၎ ၊ ခြေထောက်ကြွက်သားတွေ ဖြေလျော့စေတဲ့ လေ့ကျင့်ခန်းမျိုးကို ပြုလုပ်ပေးပါ။ဖြည်းဖြည်းချင်း ပြုလုပ်ပေးပါ။(ခုံတစ်ခုမှာ ထိုင်နေပါ။ပြီးရင် ခြေထောက်ကို ဖြည်းဖြည်းချင်း ဒူးခေါင်းနဲ့တန်းအောင်မပါ။ပြန်ချပါ။)

အဓိကကတော့ ကာကွယ်တာအကောင်းဆုံးပါပဲ။ခြေထောက်တွေကို ချိတ်မထိုင်ပါနဲ့။ခြေထောက်တွေကို သွေးလည်ပတ်မှုကောင်းအောင်ထားပါ။အားကစား ပြင်းပြင်းထန်ထန်တွေရှောင်ပါ။(တစ်ချိုးယောက်ျားလေးတွေ အလေးမတာအရမ်းပြင်းရင် ချိုင်းနဲ့လက်မောင်းမှာ အကြောပြတ်စေပါတယ်။)

မောင်စိုင်း
(ကနောင်)

Scientist Myanmar

အစိုးရနည်းပညာ အထက်တန်းအောင် ကျောင်းသားများ နည်းပညာတက္ကသိုလ်တွင် တက်ရောက်ခွင့်မရ





ကလေးမြို့နယ်၊ သာယာဝတီရွာတွင် ဖွင့်လှစ်ထားသော အစိုးရ နည်းပညာအထက်တန်းမှအောင်မြင်သော ကျောင်းသူ၊ ကျောင်းသားများသည် ယခုနှစ်တွင် နည်းပညာတက္ကသိုလ်(ကလေးမြို့)၌ တက်ရောက်ခွင့် မရရှိတော့ကြောင်း သိရသည်။

" အစိုးရနည်းပညာအထက်တန်းကျောင်းအောင်တဲ့ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့နည်းပညာတက္ကသိုလ်ကို တိုက်ရိုက် တက်ခွင့်မပေးတော့တာပါ။ ကလေးမြို့မှာ နည်းပညာ တက္ကသိုလ် အဆင့်တိုးမြင့်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ထက် နိမ့်တဲ့ ကောလိပ်အဆင့်၊ အင်စတီကျုစ် အဆင့်ရှိတဲ့အခြားမြို့တွေမှာသာ တက်ခွင့်ပေးပါတယ် " ဟု နည်းပညာတက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောကြားသည်။

ယခုနှစ်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသား(၁၇)ဦးကို ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် တက်ရောက်ခွင့်မပြုတော့ဘဲ မိုးညှင်း၊ ပူတာအို၊ ဟားခါး၊ ခန္တီး၊ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်း၊ ၀ါးခယ်မ နှင့် သရက်မြို့တို့တွင်သာ တက်ရောက်ခွင့်ရှိကြောင်း သိရသည်။

ထောက်ကြန့်ရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးမြင့်လွင်က " အစိုးရနည်းပညာ အထက်တန်းကျောင်းဟာ နည်းပညာတက္ကသိုလ်
ကျောင်းဝင်းအတွင်းမှာပဲ ရှိပါတယ်။ နည်းပညာအထက်တန်းအောင်ရင် နည်းပညာတက္ကသိုလ်မှာပဲ နီးနီးနားနားတက်ရောက်ခွင့်ရလို့ အစိုးရနည်းပညာ အထက်တန်းကျောင်းကို တက်ရောက်ခွင့်ပြုခဲ့ကြတာပါ။
အခုတော့ ဒီမှာမတက်ရတော့ဘဲ အခြားမြို့တွေမှာ သွားတက်ရမယ်လို့ ပြောပါတယ်။ " ဟုပြောကြားသည်။

မည်သည့်မြို့တွင်တက်မည်ဆိုသည်ကို နိုဝင်ဘာ(၁၃)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးပို့ခိုင်းသည့် အကြောင်းကြားစာ ပေးပို့ထားကြောင်း၊ ကလေးမြို့မှ အလှမ်းဝေးလွန်းလှသည့်မြို့များတွင်သာ တက်ရောက်ခွင့်ပြုလိုက်သည့် အတွက် ဆက်လက်ကျောင်းထားနိုင်ရေးမှာ မသေချာတော့ကြောင်း ကျောင်းသားမိဘများက ပြောသည်။

ကျော်သူစိုး(ကလေးမြို့)

အမှုဖွင့်ခံထားရသော လယ်သမားကို ဖမ်းဆီးရာက လက်ထိပ်ခတ် ခံထားရသည့် လယ်သမား သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရ



ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက စပါးရိတ်သိမ်းခြွေလှေ့နေသော လယ်သမားအား ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာမှ လယ်သမားအား သေနတ်ကျည်ဆန် ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ထန်းတပင်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံရသူ (ပ) ၈၂/၂၀၁၃၊ နယ်မြေပိုင်နက် ကျူးကျော်မှု ပုဒ်မ ၄၄၇/၄၂၇ ဖြင့် အမှုဖွင့်ခံထားရသူ လယ်သမား ကိုငယ် အသက်၃၀ (ဘ) ဦးမောင်ဦး၊ အောင်းကြီး၊ တပြေးရွာ၊ ထန်းတပင်မြို့နယ် နေသူအား ထန်းတပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ၀င်းနိုင်၊ တပြေး ရဲကင်းမှူး ရဲအုပ်မျိုးဝင်းထွန်း၊ ဒုတပ်ကြပ် စိုးလင်း၊ ဒုတပ်ကြပ် ဇော်ကိုလတ်၊ တပ်သား ဇင်ကိုဦး၊ တပ်သား ဥာဏ်လင်း၊ တပ်သား မောင်မောင်တင့်ဝေ၊ တပ်သား အောင်ကိုဝင်း၊ တပ်သား အောင်သူရနှင့် အဖွဲ့မှ လယ်ထဲသို့ သွားရောက် ဖမ်းဆီးရာ ကိုငယ်မှာ အဖမ်းမခံဘဲ ရဲအုပ် မျိုးဝင်းထွန်းအား ပြန်လည် လုံးထွေးသတ်ပုတ် ခုခံရာမှ ဒုတပ်ကြပ် စိုးလင်း ကိုင်ဆောင်သော သေနတ် အမ် ၂၂ နံပါတ် ၁၈၀၅၈၅၄ မှ ကျည်ပေါက်ထွက်မှု နှစ်ချက်ဖြစ်ကာ ကိုငယ်၏ ယာခြေသလုံး အား ထိမှန်ဒဏ်ရာ ရရှိကာ ခြေသလုံးမှာ စုတ်ပြတ် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

"ကျွန်တော်တို့က စပါးခြွေပြီးတော့ လယ်တဲထဲမှာ ခဏ၀င်နားနေတာ လေးယောက်ပါ။ ၁၁ နာရီ ထိုးလောက်ကျတော့ ဆိုင်ကယ် လေးငါးစီးလောက်နဲ့ ရဲရှစ်ယောက်လောက်က ရောက်လာပြီး အတင်း ၀င်ဖမ်းပါတယ်။ ကိုငယ်ကို လက်ထိပ်နဲ့ နှစ်ဆင့်ခတ်ပြီး ဖမ်းတယ်။ ပြီးတော့ သေနတ်နဲ့ ပစ်တယ်။သေနတ်နဲ့ ဆောင့်ထိုးတယ်။ လက်သီးနဲ့ ထိုးတယ်။ သေနတ်နဲ့ ပစ်တာက ဆက်တိုက်ပဲ လေးငါးချက်လောက် ရှိမယ်။ သေနတ်က အ ရှည်ပါ။ သေနတ်နဲ့ ပစ်တာက လက်ထိပ်ခတ်ပြီးမှ ပစ်တာပါ" ဟု လက်ထိပ်ခတ် ဖမ်းဆီးထားသည့် လယ်သမားအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားစဉ် အတူရှိနေသည့် လယ်သမား ကိုသန့်ဇင်ဦးက ပြောကြားသည်။

Eleven Media Group

လက်ထိပ်ခတ်လျက်ဖြင့် သေနတ်ဒဏ်ရာ ရရှိခဲ့သူ လယ်သမားကိုငယ်အား တွေ့ရစဉ်

Wednesday, November 13, 2013

ရိုးရိုးလေးနဲ့ အမြဲလှနေတဲ့ Yu Than Dar Tin

http://www.venuscurves.com/search/label/Yu%20Than%20Dar%20Tin?max-results=15 






နော်ဝေးနိုင်ငံမှ နေ အတု



12 November 2013 | By ရိုးရာလေး
နော်ဝေးနိုင်ငံ Rjukan ဆိုတဲ့ ဒေသမှာ နေအတုကို စတင်အသုံးပြုခဲ့ ကြပါတယ်။ Rjukan ဒေသသည် စက်မှုလုပ်ငန်း ဖွံဖြိုးသော တောင်ကြားဒေသ ဖြစ်ပါတယ်။ ထိုဒေသတွင် လူပေါင်း ၃၅၀၀ ခန့်လောက် နေထိုင်ပါတယ်။ စက်တင်ဘာလနှင့် မတ်လ အကြားတွင် ထိုဒေသကို နေ လုံးဝ မကြရောက်ပါဘူး။ ဒါကြောင့် ထိုလများမှာ နေရောင် ရရှိရန် တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။
ထိုဒေသမှ နေထိုင်သူတွေဟာ နေရောင်ကို ရရှိစေရန် အလို့ငှာ နေရောင်၏ မျက်နှာချင်းဆိုင်တွင် ကြီးမားသော မှန်ကြီးကို တည်ဆောက် ၍ နေ၏ အလင်းရောင်ကို ရယူကြတယ်လို့ ဆိုပါတယ်။
ထိုအလင်းရောင်သည် ၎င်းဒေသမှ လူတွေအတွက်တော့ အားထားစရာ တစ်ခုဖြစ်ပါတယ်။ ထို့ပြင် နေအလင်းရောင်ကို မရရှိသော ဒေသများမှာ ထိုကဲ့သို့ အသုံးပြုနိုင် ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)


Related Posts Plugin for WordPress, Blogger...