Monday, September 16, 2013

တစ်ကိုယ်ရည် အာသာဖြေခြင်း(အမျိုးသားများအတွက်)


တစ်ကိုယ်ရည် အာသာဖြေခြင်းကို အရွယ်ရောက်ပြီး အမျိုးသားတိုင်းနီးပါး သိကြပြီး အများစုက ပြုလုပ်ကြလေ့ ရှိကြပါတယ်။ ဒီကိစ္စဟာ ဘယ်လို ဆိုးကျိုး ကောင်းကျိုးတွေ ရှိသလဲဆိုတာ ဂဃနဏ သိတဲ့သူ တော်တော်နည်းပါတယ်။ ကိုယ့်ထက်ကြီးတဲ့သူတွေ အပေါင်းအသင်းတွေ ပြောတာကိုပဲ ဟုတ်နိုးနိုးနဲ့ လက်ခံနေရတာ များပါတယ်။ ဒီတော့ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အမျိုးသားကျန်းမာရေး ဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်များက အမျိုးသား သန်းပေါင်းများစွာ (အာရှ၊ ဥရောပ၊ အမေရိကနဲ့ အာဖရိကပါမကျန်) အပေါ်ကို လေ့လာတွေ့ရှိ အတည်ပြုထားတဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း ဆိုင်ရာ တွေ့ရှိချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူပြောတာမှ မယုံပါနဲ့။ သိပ္ပံနည်းကျတဲ့ လက်တွေ့ဆေးပညာစမ်းသပ်မှုတွေကို ဖတ်ကြည့်ပြီး အမှန်သိနိုင်ကြပါစေ။

(အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာများဟာ မည်သည့် ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ စသည့် ရှုထောင့်များကိုမှ ကိုယ်စားမပြုဘဲ ကျန်းမာရေးရှုထောင့် သီးသန့်မှ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း သဘောတူခြင်း မတူခြင်း ကို ကိုယ်စားမပြုဘဲ ဖတ်ရှုသူများ ကိုယ်တိုင်ကသာ ကောင်းကျိုး ဆိုးကျိုး အပေါင်းအနှုတ် လက္ခဏာများကို ခွဲခြားပိုင်းဖြတ်ကြစေလိုပါတယ်)

(၁) တစ်ကိုယ်ရည် အာသာဖြေခြင်းသည် ပုံမှန်မဟုတ်ရယ်လို့ မရှိပါ
အရွယ်အမျိုးမျိုး အမျိုးသားများဟာ မကြာခဏဆိုသလို “တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ဆိုးကျိုးတစ်စုံတစ်ရာများ ရှိနေမလား၊ ပုံမှန် (normal) မှဟုတ်ရဲ့လား၊ ငါ့စိတ် ငါ့ကိုယ်ကပဲ မှားနေတာလား” ဆိုပြီး သံသယပေါ်ပေါ်လာကာ စူးစမ်းစိတ် ၀င်လာတတ်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် တကယ့် ဆေးပညာရှင်များကတော့ ပုံမှန် နဲ့ ပုံမမှန် (normal against abnormal) ဆိုပြီး ခွဲခြားပြဖို့ မလုပ်ချင်ကြပါဘူး။ ဘာလို့လဲ ဆိုတော့ ပုံမှန် နဲ့ ပုံမမှန်ဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက် စံနှုန်း အနေနဲ့ ဒီကိစ္စကို ခွဲခြမ်းစိတ်ဖြာလို့ မရပါဘူး။

ရှင်းအောင် ပြောရရင် ပုံမှန် နဲ့ ပုံမမှန် ဆိုတဲ့ အဓိပ္ပာယ်နှစ်ခု စလုံးကို မရှိတာပါ။ (လုပ်ချင်လုပ်၊ မလုပ်ချင်နေ လုပ်ခြင်းရော မလုပ်ခြင်းမှာပါ ကြီးမားတဲ့ ပြဿနာ မရှိဘူး လို့ ဆိုလိုပါတယ်) ကောင်းကျိုး ဆိုးကျိုး (အဓိကပြောချင်တာကတော့ ဆိုးကျိုး ဆိုပါတော့) တွေဟာ အကြိမ်အရေအတွက်နဲ့ လုပ်ပုံလုပ်နည်းတွေ ကြောင့်သာ ကွဲပြားကြရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ လူသားတွေကြားမှာ စံသတ်မှတ်ချက် အတိုင်းအတာတွေ ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ အရမ်းကို ကွဲပြားခြားနားနေကြလို့ပဲ ဖြစ်ပါတယ်။ ဒါကိုက သဘာဝလည်း ဖြစ်ပါတယ်” လို့ နယူးယော့ခ် အခြေစိုက် လိင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် (Sexologist) တစ်ယောက်ဖြစ်သူ ဒေါက်တာ Betty Dodson က ပြောပြခဲ့ပါတယ်။ သူဟာ နာမည်ကျော် စာအုပ်တစ်အုပ် ဖြစ်တဲ့ Sex for One ဆိုတဲ့ စာအုပ် ရေးသားသူလည်း ဖြစ်ပါတယ်။ (Sex for One ကို တစ်ဦးတစ်ယောက်စီအတွက် လိင်မှုဘ၀ လို့ဘာသာပြန်ရင် ဆီလျော်မယ်ထင်ပါတယ်)

နောက်ပညာရှင် တစ်ယောက်ဖြစ်တဲ့ The Big Book of Masturbation စာအုပ်ရဲ့ စာရေးသူ Martha Cornog ကလည်း “အမျိုးသားတိုင်း နီးပါးဟာ တစ်ကိုယ်ရေ ဆန္ဒဖြေခြင်းကို လက်ကိုသုံးလို့ ဖြစ်စေ၊ တစ်ခုခုနဲ့ ပွတ်သပ်လို့ ဖြစ်စေ၊ လိင်ဖျော်ဖြေရေး ကိရိယာ (sex toy) တစ်ခုခုကို ဒါမှမဟုတ် အခြား အိမ်ထဲက ရရာ တစ်ခုကို သုံးလို့ ဖြစ်စေ၊ စာအုပ် ရုပ်ပုံ ဗီဒီယို စတာတွေ ကြည့်ပြီး ဖြစ်စေ ခန္ဓာကိုယ်နေဟန် အမျိုးမျိုးနဲ့ လုပ်ကြတာ ချည်းပါပဲ။ တချို့ဆို မှန်ထဲတောင် ကြည့်ပြီး လုပ်ဖူးကြပါတယ်” လို့ ရှင်းပြပါတယ်။

ဒီနေရာမှာ အရမ်းအရမ်း အရေးကြီးတာ တစ်ခု ပြောပြရရင် မှန်ထဲကြည့်ပြီး အာသာဖြေတယ် ဆိုရာမှာ ကိုယ့်ပုံရိပ်ကို ကိုယ် ကြည့်ပြီး လုပ်တယ်ဆိုရင် ပြဿနာ မရှိဘူး။ ဒါဟာ သဘာဝအတိုင်း ဖြစ်ပါတယ်။ အကယ်၍ အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ဟာ မိန်းမအ၀တ်အစားတစ်ခုခု ဥပမာ အတွင်းခံ စတာတွေကို ၀တ်ပြီးမှ မှန်ထဲမှာ ကြည့်ပြီး လုပ်တတ်တာဆိုရင်တော့ ဒါဟာ လုံးဝလုံးဝ ပုံမှန်မဟုတ်တဲ့ လိင်ဆိုင်ရာ အမူအကျင့် တွေထဲက တစ်ခု (one of the abnormal sexual behaviors) ဖြစ်ပါတယ်။ စိတ်ရောဂါ တစ်မျိုး ဖြစ်ပြီး ရှိမှန်း သိနေရင် ကုသဖို့ လိုအပ်ပါတယ်။ ထပ်ပြီး အသေးစိတ် ပြောရရင် ငယ်ငယ်က အပေါင်းအသင်းနည်းပြီး အိမ်ပြင် သိပ်မထွက်ရတဲ့ မိဘက အရမ်းချုပ်ခြယ်တဲ့ ကောင်လေးအချို့မှာ ဒီအမူအကျင့်မျိုး ရှိနေတတ် တယ်လို့ ပညာရှင်များ ဆိုပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ၁၃ နှစ်မကျော်သေးတဲ့ ကောင်လေးတွေမှာ ဒီအပြုအမူမျိုးတွေ တွေ့ရင် abnormal လို့ ချက်ချင်း စာရင်းမသွင်းသေးဘဲ စောင့်ကြည့်ရင်း အရွယ်ရောက်လာရင် အလိုလို ပျောက်သွားတတ်တာကိုလဲ တွေ့ရပါတယ်။ မပျောက်သွားမှသာ ရောဂါ ဖြစ်ပါတယ်။

(ဒီလို ပြဿနာမျိုးကနေ စလို့ ဘယ်လို ပြဿနာမျိုး ဖြစ်ဖြစ် တိုင်ပင် ကုသ ပျောက်ကင်းချင်တယ် ဆိုရင်တော့ မြန်မာနိုင်ငံမှာ အတော်ဆုံး Sexologist တစ်ယောက် ဖြစ်တဲ့ ဒေါက်တာသီဟသစ်ရဲ့ Two-Body-Tiger Specialist Clinic မှာ သွားရောက် ပြသနိုင်ပါတယ်။ ဤကား စကားချပ်) Tongue out

(၂) တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အလွန်အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ၁၀၀% ဘေးကင်းတာတော့ မဟုတ်ဘူး။
အဖော်တစ်ယောက်ယောက်နဲ့ ဆက်ဆံတာနဲ့မတူဘဲ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ သင့်ကို ဘယ်လို လိင်မှတစ်ဆင့် ကူးစက်သော ရောဂါမျိုး ကိုမှ မပေးပါဘူး။ အဖော်နဲ့ ဆက်ဆံခြင်းမှာ ရနိုင်တဲ့ ကိုးရိုးကားယားနိုင်တဲ့ ကြွက်သားညောင်းညာမှု တွေကိုရစရာ အကြောင်းကိစ္စလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲ ပြောပြော တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုံးဝ ဘေးကင်းတဲ့ ကိစ္စပါလို့တော့ အာမမခံနိုင်ပါဘူး။

“တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ရှိသမျှ နည်းလမ်းတွေထဲမှာ အန္တရာယ် အကင်းဆုံး လို့ပဲ ပြောနိုင်တာပဲ ရှိပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်လိုက်လို့ ခန္ဓာကိုယ်ထဲက ရုပ်ပိုင်းဆိုင်ရာ ဇီဝပိုင်းဆိုင်ရာ မှန်ကန်မှု နိယာမတွေ ရပ်ဆိုင်း သွားမှာတော့ မဟုတ်ပါဘူး” လို့ Cornog ကဆက်ပြောပြပါတယ်။

အကြိမ်အရေအတွက် များများ (သို့) ကြမ်းတမ်းစွာ တစ်ကိုယ်ရည် အာသာဖြေခြင်းကတော့ လိင်တံရဲ့ အရေပြားကို ထိခိုက်ပွန်းပဲ့စေတယ် ဆိုတာ အမျိုးသားတိုင်း သိကြမှာပါ။ ဒီနေရာမှာ သာမန်လုပ်နေကျ လက်နဲ့မျိုး မဟုတ်ဘဲ အပြားအချပ် တစ်ခုခု၊ ခေါင်းအုံး သို့မဟုတ် အောက်ခံအခင်း တစ်ခုခုကို ဆန့်ကျင်တွန်းခြင်း စတဲ့ နည်းတွေနဲ့ လုပ်ရင်တော့ ဆီးလမ်းကြောင်း (urethra) ကို ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။

အဲလို ဖြစ်ရင် သိသာတဲ့ လက္ခဏာတွေက ဆီးသွားရင် နာခြင်း၊ စသွားသွားခြင်းမှာ သွေးရောင်ပါပြီး နောက်ပိုင်းမှာ မပါတော့ခြင်း၊ ဆီးထွက်ခြင်းသည် ပိုက်မှ ထွက်သကဲ့သို့ ရေစီးကြောင်းပုံစံ မဟုတ်ဘဲ ကျဉ်းကျပ်သော မူမမှန်လမ်းကြောင်းကို တွန်းထွက်ရသလိုမျိုး (spray ဖျန်းသကဲ့သို့ဟု ပညာရှင်များက ဥပမာပေးထားသည်) ဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီလို ဖြစ်သွားတဲ့ လူအချို့ဆို ထိုင်လျက် မတ်တပ်ရပ်လျက် ဘယ်လိုမှကို ဆီးသွားလို့ မရတော့ဘဲ အရမ်းနာနေတတ်ပါတယ်။ ဒါဆို ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါပြီ။ ဒါပေမဲ့ ဒီလောက်ထိ ဖြစ်သွားတာကတော့လည်း ရှားပါတယ်။

အရမ်းအရမ်းဆိုးတဲ့ ကိစ္စတွေမှာ ဆိုရင်တော့ လိင်တံတောင် ကျိုးနိုင်ပါသေးတယ်။ အမျိုးသား တန်ဆာရဲ့ ရေမြှုပ်ဆန်တဲ့ တစ်သျှူးအလွှာများကို ဖုံးအုပ်ပေးထားတဲ့ အဖြူရောင် tunica albuginea ဆိုတဲ့ အလွှာအထိ စုတ်ပြဲသွားတာ ဖြစ်ပါတယ်။ အရမ်းကို နာကျင်တဲ့ အခြေအနေ တစ်ရပ်ပါ။ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ စတန့်ထွင်ပြီး လုပ်လို့ မာတောင့်နေတဲ့ တန်ဆာကို မာကျောတဲ့အရာဝတ္ထု တစ်ခုခုနဲ့ မတော်တဆ ရိုက်မိလို့ ဖြစ်စေ၊ အောက်ကို လှန်ချိုးလိုက်မိလို့ ဖြစ်စေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ ဘေးကင်းချင်တယ်ဆိုရင်တော့ ထူးခြားဆန်းပြား ကမ္ဘာတစ်လွှားတွေ သိပ်မလုပ်ကြပါနဲ့၊ ထူးဆန်းထွေလာ ဟိုအရာ တွေ သိပ်မသုံးကြပါနဲ့၊ တော်ကြာ ထူးထွေတည့် အံ့ရာသော် အဖြစ်တွေ ကြုံနေရဦးမယ် လို့ ကျန်းမာရေးသတိ ပေးချင်ပါတယ်။ အဖော်နဲ့မှာလည်း ဖြစ်တတ်လို့ သတိထားသင့်ပါတယ်။

(မြန်မာပြည်မှာတော့ ဒါမျိုးတွေက တော်တော်ရှားပါသေးတယ်။ နောင်တော့လဲ
ပြောမရဘူးပေါ့။ ဒါမျိုးတွေလာရင် အရေးပေါ် ချုပ်၍ပြုပြင်ပေးခြင်း Emergency Repair လုပ်ပေးတတ်အောင် ဆရာဝန်တွေ ကျင့်ထားသင့်ပါတယ်။ စကားမစပ် ထပ်ပြောရရင်တော့ ဘေးကင်းတဲ့ ချောဆီလို ဟာမျိုးကတော့ ပညာရှင်တွေ တားမြစ်ထားတဲ့ အထဲမှာ မပါပါဘူး)

(၃) တစ်ဦးတည်း ဆန္ဒဖြေဖျောက်ခြင်းဟာ လိင်မှုဘ၀မှာ စွမ်းအား အလေ့အကျင့်တစ်ရပ် ဖြစ်စေပါတယ် (သို့) ပျက်စီးဆုံးရှုံးစေပါတယ်
တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အဖော်နဲ့ကျရင် တကယ်ကောင်းမွန်တဲ့ အဖြစ်ကို ရစေတယ်ဆိုတဲ့၊ တကယ့် ဆုလာဘ် (real boon) ကိုရစေတယ်ဆိုတဲ့ အကြောင်းတရားတွေ အများကြီး ရှိပါတယ်။
ဒါဟာ အမျိုးသားတစ်ဦးချင်းစီကို မိမိရဲ့ တုန့်ပြန်မှု အနှေးအမြန်ပုံစံ ကို သိရအောင် သင်ကြားပေးပါတယ်။ ဘယ်လိုခံစားချက်ဆိုရင် သာယာတယ်၊ မသာယာဘူး၊ ဘယ်လိုခံစားချက် လာပြီး နောက်ဆိုရင် ပြီးဆုံး တတ်တယ် စတဲ့ တန်ဖိုး ရှိတဲ့ အချက်တွေကို သိရှိစေပါတယ်။ ဒါဟာ အဖော်နဲ့ ပွင့်လင်းစွာ စကားပြောတဲ့အခါမှာ နှစ်ဦးနှစ်ဖက် သူ့အကြိုက် ကိုယ့်အကြိုက် ညှိနှိုင်းနိုင်ခြင်း၊ အထွတ်အထိပ် ခံစားချက် (orgasm) မရောက်ခင်လေးတင်မှာ ရှိတဲ့ “ရှောင်လွှဲမရသော အခိုက်အတန့်” (moment of inevitability) မှာ ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်နိုင်အောင် အလေ့အကျင့် ဖြစ်စေတဲ့အတွက် အချိန်မတန်မီ သုက်လွှတ်ခြင်း (premature ejaculation) ကိုလည်း ဟန့်တားရာမှာ အကျိုးရှိစေ ပါတယ်။

နောက်ထပ် အရေးကြီးဆုံး အချက်လို့ ဆိုနိုင်တဲ့ အချက်တစ်ချက်ကတော့ ဒါဟာ အမျိုးသားတိုင်းအတွက် အဖော်နဲ့ တူတူနေလို့ ယာယီ မရနိုင်သေးခင်မှာ ကိုယ့်ကိုယ်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်တဲ့ နည်းလမ်းဖြစ်စဉ် တစ်ရပ် ဖြစ်တာပဲ ဖြစ်ပါတယ်။ (နို့မို့ ရာဇ၀တ်မှုတွေ ကူးစက်ရောဂါတွေဆီကို ဦးတည်သွားနိုင်စေကြောင်း တွေးကြည့်လို့ ရပါတယ်)

ဗဟုသုတအနေနဲ့ ဖော်ပြရရင် အချို့ အမျိုးသမီးတွေက အမျိုးသားတွေ ခေါ်သလောက် မလိုက်နိုင်ကြပါဘူး။ အလွန်ဆုံး နှစ်ခါထက် ပိုစိတ်မပါတော့ဘဲ ဒါမှမဟုတ် ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ ဖြစ်တတ်ပါတယ်။ ဒါကို အကြိမ်အရေအတွက် နှစ်သက်မှုကွာဟချက် (disparity in frequency preference) လို့ ခေါ်ကြောင်းပါ။

ဒီလို ဖြစ်နေရင် များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်ထက် အရှက်အကြောက်ကြီးမှု၊ အတွေ့အကြုံနည်းမှု၊ မ ဟော်မုန်းအားနည်းမှု၊ အိမ်မှုကိစ္စပင်ပန်းမှု၊ စိတ်ဖိစီးမှု စတဲ့ အချက်တွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး ထွေထွေထူးထူး ဆေးကုဖို့ မလိုပါ။ အာဟာရမျှအောင် စားပေးပြီး အထက်ပါအချက်တွေကို စဉ်းစားစစ်ဆေး ပြုပြင်ပေးလိုက်ရုံနဲ့ နှစ်ဦးကြားက ကွာဟချက် ကျဉ်းမြောင်း သွားပါလိမ့်မယ်။

အချို့အမျိုးသားတွေကျတော့ သူတို့ရဲ့ အဖော်နဲ့ တူတူနေရခြင်းအပေါ်မှာ စိတ်ပါဝင်စားမှု လျော့နည်းစပြုလာတဲ့အတွက် တစ်ကိုယ်တော်လိင်မှုကိစ္စ (solo sex) အပေါ် စွဲလမ်းခုံမင် လာတတ်တာမျိုးလည်း ရှိပါတယ်။ ဒီလိုတင်းချက်ရှိလာလို့ အဖော်နဲ့ ခွဲခြားနေထိုင်လိုစိတ် ပေါ်လာခြင်းဟာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး၊ အိမ်ထောင်ရေးမှာ အနုတ်လက္ခဏာ ဆောင်စေမလားလို့ တော်တော်များများ သံသယ ရှိတတ်ပါတယ်။ ဒါကြောင့် ပါရဂူတွေက ဒီအချက်ကို အလျင်အမြန် စမ်းသပ် စစ်ဆေး ဖော်ထုတ်ခဲ့ကြရာမှာ တွေ့ရှိရတာကတော့ အိမ်ထောင်သို့မဟုတ် လက်ရှိလက်တွဲဖော် ရှိနေရင်တောင်မှ အမျိုးသားတွေရဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ချွတ်ယွင်းချက်မဲ့ ပြဿနာမရှိ (perfectly OK) ပါတဲ့။

သူတို့ ပြောချင်တဲ့ နှစ်ချက်က
(၁) အဖော် (သို့) အိမ်ထောင်ရှိနေတဲ့ အမျိုးသားတစ်ယောက်ဟာ တစ်ကိုယ်ရည် အာသာဖြေတယ် ဆိုရင် သူ့နဲ့ အဖော်ကြားမှာ အိမ်ထောင်ဖက်နဲ့ ကြားမှာ ပြဿနာတစ်စုံတစ်ရာ ရှိတယ်လို့ မဆိုနိုင်ပါဘူး။
(၂) အဲလိုလုပ်လို့လည်း အဖော်အပေါ်မှာ ငြီးငွေ့စိတ်ကုန်သွားခြင်း ဖြစ်စေနိုင်ခြင်း မရှိပါဘူး……..တဲ့။

(၄) အချို့သော တစ်ကိုယ်ရည် အာသာဖြေခြင်း နည်းလမ်းများသည် ပန်းသေ ပန်းညှိုးခြင်းအထိ ဖြစ်စေနိုင်သည်။
ပုံမှန်အဖော်နဲ့ ရတဲ့ လှုံ့ဆော်မှုမျိုးတွေနဲ့ မတူတဲ့ လှုံ့ဆော်မှု ပုံစံတွေသုံးပြီး ခဏခဏ ရအောင် နှိုးဆွတတ်တဲ့ (ဥပမာ တန်ဆာကို တစ်ခုခုနဲ့ မြန်မြန်ရိုက်တာ၊ အရမ်းညှစ်တာ၊ အရမ်းပွတ်တာ စတဲ့နည်းလမ်းတွေ လုပ်တတ်တဲ့) အမျိုးသားတွေဟာ သုက်လွှတ်မြန်တတ်တာ သုက်လွှတ်နည်းတတ်တာတွေ ဖြစ်တတ်ပါသတဲ့။ အထွတ်အထိပ်ခံစားမှု ရတာ ခဏလေးပဲ ခံစားရပြီး ခံစားချက်က မြင့်မားကောင်းမွန်ခြင်းလည်း လျော့နည်းသွားပါသတဲ့။

(ကျွန်တော့် အရင်းအနှီးဆုံး ငယ်သူငယ်ချင်း နှစ်ယောက်လောက်တောင် ဒီလိုဖြစ်ဖူးလို့ ကျွန်တော် တိုင်ပင်ဆွေးနွေး ကုသပေးခဲ့ ဖူးပါတယ်။ တကယ်ကို ဆိုးတဲ့ အဖြစ်ပါ။ ပြီးလို့ ပြီးမှန်းလည်း မသိ၊ သုက်သာလွှတ်သွားတယ် ကျေနပ်မှု အပေါ်တဲ့ အဖြစ်ပါပဲ)

“ဒါကြောင့် ပန်းသေပန်းညှိုး ဖြစ်လာတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီမေးခွန်း ပြန်မေးသင့်ပါတယ်။ အဖော်ရဲ့ လက်၊ ပါးစပ်၊ မ အင်္ဂါ စတာတွေက ရတဲ့ လှုံ့ဆော်မှုနဲ့ မတူတဲ့ လှုံ့ဆော်မှုတွေ သုံးပြီး တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်မိနေလား ဆိုတဲ့ မေးခွန်းပါ” လို့ နယူးယောက်မြို့ Weill Cornell ဆေးပညာကောလိပ်ရဲ့ မျိုးဆက်ပွားဆေးပညာ၊ ဆီးလမ်းကြောင်းဗေဒနဲ့ စိတ်ရောဂါကုပညာ ဌာနတို့ရဲ့ ဆေးကုသရေးတွဲဖက်ပါမောက္ခ ဒေါက်တာ Michael A. Perelman က သတိပေးပြောကြားပါတယ်။ သူဟာ လိင်မှုရေးရာ ကုထုံးနှင့် သုတေသနအဖွဲ့အစည်း (Society for Sex Therapy and Research) ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

သူက ဆက်ပြောပါတယ်။ “ဒါကြောင့် ဒီအမျိုးသားဟာ သူ့ရဲ့ ပိုခံစားရစေတဲ့ ပိုကြိုက်တဲ့ အနေအထားတွေကို အဖော်ကို ပြောပြဖို့နဲ့ သူ တစ်ကိုယ်ရည် ဆန္ဒဖြေဖျောက်နေတဲ့ နည်းလမ်းက ရတဲ့ အာရုံခံစားချက်တွေ သူ့အဖော်ဆီကရတဲ့ ပုံစံနဲ့ တူအောင် လုပ်သင့်ပါတယ်။ ဆက်ပြီး ကြမ်းကြမ်းတမ်းတမ်း မလုပ်သင့်တော့ပါဘူး။

(၅) တစ်ကိုယ်ရည် အာသာဖြေခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဆက်စပ်မှု
ဒီဆက်နွယ်မှုဟာ အခုအချိန်အထိ အတန်ငယ်ေ၀၀ါးနေဆဲပဲ ဖြစ်ပါတယ်။ ခိုင်မာသေချာတဲ့ နောက်ဆုံးပေါ် တွေ့ရှိချက်တွေကို တင်ပြပေးလိုက်ပါတယ်။

အရွယ်ငယ်စဉ်တုန်းက မကြာခဏ တစ်ကိုယ်ရည် အာသာဖြေခြင်း လုပ်ပေးခြင်းဟာ အသက်ကြီးချိန်မှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်စွမ်းကို လျှော့ချပေးနိုင်ကြောင်း BJU International စာစောင်မှာ သြစတြေးလျား သိပ္ပံပညာရှင်များက ၂၀၀၃ ခုနှစ် တုန်းက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၄ ရောက်တော့ အမေရိကန်ဆေးပညာအသင်း ဂျာနယ်မှာ ဒီလိုဆက်စပ်မှုမျိုး အကျိုးသက်ရောက်မှုမျိုး မရှိဘူးလို့ ပြန်လည် ငြင်းဆိုကြပါတယ်။

၂၀၀၄ ခုနှစ်နောက်ပိုင်းမှာတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ဆီးကျိတ်ကင်ဆာ (သို့)
ဆီးကျိတ်ကြီးရောဂါကို တကယ်လျှော့ချပေးနိုင်ကြောင်း ခိုင်ခိုင်မာမာ ဆက်စပ် တွေ့ရှိတဲ့ စာတမ်းတွေဘက်ကတော့ အင်အားပိုများလာနေသလိုပါပဲ။

ကျွန်တော့်ရဲ့ ဆေးပညာအမြင် နှင့် ဆွေးနွေးချက်
တစ်ကိုယ်ရည် အာသာဖြေခြင်း မလုပ်ရင် လူငယ်အများစုမှာ အရွယ်ရောက် နောက်ကျတတ်ပါတယ်။ (ဒီတစ်ချက်ကလည်း မျိုးရိုးဗီဇ၊ မိဘဂရုစိုက်မှု၊ ဥာဏ်ရည်၊ အပေါင်းအသင်း စတဲ့ များစွာသော အချက်တွေ အပေါ်တော့ မူတည်နေပါတယ်။ ကျွန်တော်က ယေဘုယျသဘော ပြောတာပါ)
ဒီလို ကလေးစိတ်မကုန်သေးတဲ့ ကောင်လေးတွေဟာ အရွယ်ရောက်ပြီးသား ကောင်လေးတွေလောက် ဆန့်ကျင်ဖက်လိင်အပေါ် အာရုံမရှိသေးတဲ့ အတွက် လူပေါ်လူဇော် ဖြစ်ချင်စိတ်နည်းကြတာ တွေ့ရပါတယ်။ ဥပမာ ကျောင်းစာအဆင့်၊ အားကစား၊ လူမှုရေးပါဝင်လိုမှု၊ ပရိသတ်အလယ် ထွက်ရဲမှု စတာတွေမှာ အားနည်းချက် ရှိတာကို တွေ့ရပါတယ်။

ဒါတွေမှာ မမြင့်လို့ စိတ်ဖိစီးမှုတွေရှိလာပြီး အပေါင်းအသင်းတွေကြားမှာ အံဝင်ခွင်ကျ မဖြစ်တော့ဘဲ ဘေးရောက်သွားတတ်ပါတယ်။ မိန်းကလေးတွေနဲ့လည်း အဆင်မပြေ၊ ယောက်ျားလေးအချင်းချင်းလည်း အကြောမတည့် ဖြစ်နေပြီး နောက်ပိုင်း သူတို့ အရွယ်ရောက်လာကြရင်တောင် ဒီအတွေ့အကြုံတွေဟာ သူတို့ဘ၀မှာ အနုတ်လက္ခဏာ သက်ရောက်မှု ရှိတာ တွေ့ရပါတယ်။ ကျွန်တော် အခုပြောတဲ့အချက် မှန် မမှန် သေချာစဉ်းစားကြည့်ရင် လူအများစုအတွက် မှန်တာတွေ့ရပါမယ်။

ဆီးကျိတ်ကြီးခြင်းဟာ ကင်ဆာမဟုတ်တဲ့ အကျိတ်အခြေအနေ တစ်ရပ် ဖြစ်ပြီး ဆီးကျိတ်ကြီးရာကနေလည်း ဆီးကျိတ်ကင်ဆာ ဖြစ်သွားတတ်ပါတယ်။ များသော အားဖြင့်တော့ ခွဲစိတ် ဆေးသွင်း ကုသရင် ပျောက်ကင်းတာမို့ အရမ်းတော့လည်း မကြောက်ကြပါနဲ့။
ကင်ဆာဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်ဖြစ် ဘာကင်ဆာဖြစ်ဖြစ် အကုန်လုံးဟာ အချက်တစ်ချက်တည်း အပေါ်မှာ အခြေမခံဘဲ အချက်အများကြီးကြောင့် ဖြစ်ရသော (multi-factorial) ရောဂါအမျိုးအစား ဖြစ်ပါတယ်။ ဒီတော့ ဆိုလိုချင်တာက တစ်ကိုယ်ရည် အာသာဖြေခြင်းက ကာကွယ်နိုင်သည် ဖြစ်စေ ပိုဖြစ်စေနိုင်သည် ဖြစ်စေ သိပ်ပြဿနာမရှိပါဘူးလို့။ ကျန်တဲ့ အစားအသောက် အနေအထိုင်၊ ဓာတုအဆိပ်တွေ ကိုယ်ထဲဝင်ရောက်မှု၊ ဓာတ်ရောင်ခြည်သင့်မှု စတဲ့အချက်တွေကပိုအဓိကကျတာမို့ အစားအသောက်တွေကို ပုံမှန်စားသောက်ပေးပါ။


နေ့စဉ် အသီးအရွက်များများစား၊ အားကစားလေး အဆင်ပြေသလိုလုပ်၊ ဓာတုပစ္စည်းတွေ ပါတဲ့ ရယ်ဒီမိတ် အစာတွေ ဆိုးဆေးတွေ တတ်နိုင်သမျှ ရှောင်ကြဉ်သွားမယ်၊ ဆေးလိပ် လုံးဝမသောက်ဘူး၊ အရက်လျော့သောက်မယ်၊ အကောင်းမြင်စိတ်လေးနဲ့ နေသွားမယ်၊ ဇီဝိတဒါနတွေဖြစ်တဲ့ (တကယ်လိုအပ်သူကို ဆေးလှူခြင်း၊ သတ္တ၀ါများကို ကျွေးမွေးခြင်း၊ လွှတ်ပေးခြင်း) တွေ မှန်မှန် လုပ်ပေးသွားမယ်ဆိုရင် ဆိုရင် ဆီးကျိတ်ကင်ဆာမှု မဟုတ်ပါဘူး ဘယ်ကင်ဆာမဆို ဝေးမှာ ဖြစ်ပါတယ်။

ကင်ဆာသည် ၀ဋ်နာကံနာဆိုးတစ်မျိုး ဖြစ်သည့်အတွက် အတိတ်ကံကို ပြင်လို့ မရတော့ပေမယ့် ပစ္စုပ္ပန်ကံကို ကောင်းအောင် လုပ်ပေးသွားမယ်ဆိုရင် အတိတ်က အကုသိုလ်ဝဋ်ကျွေးတွေ အဟောသိကံ (အကျိုးပေးခွင့်မရတော့ခြင်း) ဖြစ်သွားနိုင်ပြီး မြတ်စွာဘုရားလက်ထက်က အနာမဲ့သူ ရှင်ပါကူ လို နေနိုင်သွားမှာ သေချာပါတယ်လို့ ကံ ကံ၏ အကျိုးကိုပါ ဝေဖန်တင်ပြပေးလိုက်ပါတယ်။

ဒေါက်တာသီဟသစ်
ကျန်းမာရေးစာတိုများစုစည်းမှု

"မြန်မာ့ကျောက်စိမ်း ဝယ်နိုင်သူနည်းပါးလာ"




From : ....RFA Burmese


တစ်နေ့တခြား ဈေးနှုန်းမြင့်မာလာနေတဲ့ မြန်မာ့ကျောက်စိမ်းကို ၀ယ်ယူသူနည်းပါးလာနေတဲ့အတွက် ဈေးကွက်ပျက်သွားမှာ စိုးရိမ်နေရကြောင်း တရုတ် ကျောက်မျက်ကုန်သည်တွေက ပြောပါတယ်။

၂၀၀၅ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ (၈)နှစ်အတွင်း အရည်အသွေးမြင့် မြန်မာ့ ကျောက်စိမ်းအရိုင်းတုံးတွေနဲ့ ကျောက်စိမ်း လက်ဝတ်ရတနာ အချောထည်တွေရဲ့ ဈေးနှုန်းဟာ မှန်မှန်ကြီးမြင့်တက်လာခဲ့ရာက၊
အခုအခါ ၀ယ်နိုင်သူနည်းပါးလာနေတဲ့ အတွက် မကြာခင်ဈေးကွက်ပျက်သွားနိုင်တယ်လို့ ဟောင်ကောင် ကျောက်မျက် ရတနာပြပွဲမှာ ကျွမ်းကျင်သူ တွေ က ပြောဆိုကြောင်း AFP သတင်းက ဖောါပြပါတယ်။

မြန်မာနိုင်ငံက ကျောက်မျက်ရတနာပြပွဲတွေမှာလည်း ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း လာရောက်သူ ရတနာ ကုန်သည် အရေအတွက် ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ကျောက်မျက်လေလံပွဲလာရောက်ခဲ့သူ တရုတ် ကုန်သည်တစ်ယောက်က သူ့မှာပါတဲ့ ယူရိုငွေ နှစ်သန်း ဟာ လေလံ တစ်ကြိမ်ဆွဲစာသာ ရှိတယ်ဆိုတာ တွေ့ခဲ့ရကြောင်းပြောပါတယ်။

ကျောက်စိမ်းဈေးကြီးမြင့်လာတဲ့အဓိကအကြောင်းတစ်ခုကအရင်ကလို ကျောက်စိမ်းတွေ
ဈေးကွက်ထဲ ပေါပေါများများ ရောက်မလာတော့ဘဲ ရှားပါးသွားတဲ့အတွက်
ဖြစ်တယ်လို့ သိရပါတယ်။

တချို့ကလည်း မြန်မာအစိုးရက ကျောက်စိမ်း သယံဇာတကို ကာကွယ်ထိန်းသိမ်းတဲ့အနေနဲ့ ကျောက်စိမ်း တွင်း တွေကို ပိတ်လိုက်မှာ၊ ထုတ်လုပ်မှု လျှော့ချလိုက်မှာ ၊ ကျောက်စိမ်းကို အရိုင်းအတိုင်းမရောင်းတော့ဘဲ
ပြည်တွင်းမှာပဲ အချောထည် ထုတ်လုပ်ရောင်းချလာမှာကို စိုးရိမ်နေကြပါတယ်။

အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာများ စားသုံးမှုကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုများစေ







မြန်မာနိုင်ငံ တွင် ကင်ဆာရောဂါ ဖြစ်ပွား ခြင်းသည် အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာ များ စားသုံးမှုကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြား ခဲ့ကြောင်း သိရသည်။


အဆိုပါ အရောင်တင် ဆိုးဆေး အသုံးပြု အစားအစာ များမှာ မျှစ် ၊ လက်ဖက် အစို ၊ အရောင်တင် ငရုတ်သီးမှုန့် ၊ ရောင်စုံ အအေး မျိုးစုံ ၊ ဂျယ်လီ ( ရောင်စုံ ) ၊ တရုတ်မှ လာသည့် မုန့်များ ၊ ပလတ်စတစ် ထုတ်ပိုး အစားအစာ များ ၊ ပိုးသတ်ဆေး ဖျန်းထားသော ဟင်းသီး ဟင်းရွက်များ ကြောင့် အသည်း နှင့် အစာအိမ် ကင်ဆာများ ဖြစ်ပွား ရလျက် ရှိကြောင်း ၄င်းက ပြောကြား ခဲ့သည်။


" ဒီဆိုးဆေး ပါတဲ့ အစားအသောက် တွေကြောင့် မြန်မာနိုင်ငံ မှာ ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းက တစ်နှစ်ထက် တစ်နှစ် ပိုပြီး မြင့်တက် လာတယ် ၊ ကင်ဆာ ရောဂါ လျော့ကျဖို့ အတွက် မြန်မာနိုင်ငံ သားတွေ အစားအသောက် ကော ၊ အနေအထိုင် တွေပါ ပြုပြင် သွားဖို့ လိုအပ် ပါတယ် .... " ဟု ၄င်းက ထပ်မံ ပြောကြား ခဲ့သည်။


မြန်မာနိုင်ငံ တွင် ၁၀ နှစ်တာ ကာလအတွင်း ကင်ဆာ ဖြစ်ပွားမှု နှုန်းသည် ၃၀ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး အိမ်ထောင်စု ၄ စုတွင် တစ်စုခန့်မှာ ဆိုးဆေးကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားကြောင်း ၊ အချို့မှာ မျိုးရိုးကြောင့် ဟု သိရသည်။



ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာ အရ ၇၅ ရာခိုင်နှုန်းခန့် မြင့်တက် လာနိုင်ကြောင်း နှင့် WHO ၏ အစီရင်ခံစာ တွင် ၂၀၁၂ ခုနှစ် အတွင်း ကမ္ဘာ တစ်ဝန်းလုံး၌ လူပေါင်း ၁ ဒသမ ၈ သန်းခန့် ကင်ဆာ ရောဂါ ဖြစ်ပွားပြီး ၅ သိန်းကျော် သေဆုံး ခဲ့ကြောင်း သတင်း ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။ ( သိုက်ရာဇာ )

"သုံးပွဲလုပ်ရင် ငါးသောင်းကျန်ရမယ်"





လူ့ ဘောင်သစ်ပါတီမှာ (မဲ့ဆောက်) မှာ Workshop တွေလုပ်တယ်။ စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေလုပ်တယ်။ နိုင်ငံရေးသင်တန်းတွေလုပ်တယ်။အဲဒိသင်တန်းတွေအတွက် NED ကစလို့  OSI အဆုံး၊ နေရာအတော်များများက ပိုက်ဆံရတယ်။ နော်ဝေကလည်းပေးတယ်။

သင်တန်းလုပ်ရတဲ့ရည်ရွက်ချက်ကCapacityBuildingလုပ်တာ။အဖွဲ့ ဝင်တွေစွမ်းရည်တက်လာအောင်
လုပ်တာဆိုတော့ရည်ရွယ်ချက်ကကောင်းတယ်။ နိုင်ငံခြားကပညာရှင်တွေကလည်း တကူးတကလာပြီးသင်ပေးတာဆိုတော့ ဗဟုသုတရတယ်။ အဲဒိလူတွေကို ဘာသာပြန်ပေးတဲ့လူတွေလည်းဘာသာပြန်ခရတယ်။သင်တန်းတက်တဲ့လူတွေကပွဲတိုင်းဒီလူတွေချည်းပဲ။ နောက်ဆုံးသင်တန်းနဲ့ ဝက်ရှော့တွေကို တန်ဘိုးမထားကြတော့ဘူး။

ဥပမာ သင်တန်းတွေလုပ်ဖို့ အတွက် ဒေါ်လာတစ်သိန်းတင်တောင်းတယ်။ သင်တန်းမှာကုန်ကျတဲ့စရိတ်က အများဆုံး တစ်သောင်းလောက်ပဲကုန်တယ်။ ဘောင်ချာအတုလုပ်တယ်။ ကုန်ကျတာထက်ငွေပိုပြတယ်။ ငွေကိုင်တဲ့လူကထောတယ်။ နောက်ဆုံးတော့ သင်တန်းလုပ်တာက ဘာနဲ့ တူသလဲဆိုတော့ မျောက်ပြပြီးဆန်တောင်းတာနဲ့ တူတယ်။

ဒီလိုပုံစံတွေနဲ့ နယ်စပ်ကအဖွဲ့ တွေ ရပ်တည်လာခဲ့ရတာပါ။ NED တို့ လိုငွေပေးတဲ့အဖွဲ့ အစည်းတွေကလည်းအသေးစိတ်လိုက်ပြီးမစစ်နိုင်ဘူး။ နိုင်ငံခြားမှာလို ဘောင်ချာတွေက အစစ်တွေမဟုတ်ဘူး။ အကုန်အလိမ်တွေချည်းပဲ။

အခု ထိုင်းနယ်စပ်က ပုံစံကို မြန်မာပြည်ထဲကို သယ်ဆောင်လာကြပြီ။

ထိုင်းနယ်စပ်နဲ့ ချင်းမိုင်မှာကဂွင်သေးတယ်။Customer တွေနဲတယ်။ မြန်မာပြည်ထဲမှာက ဈေးကွက်ကြီးတယ်။ ဂွင်ကြီးတယ်။ အတုလုပ်ရတာပိုလွယ်တယ်။ နောက်ဆုံးကြားရတဲ့ သတင်းကတော့ သုံးပွဲလုပ်ရင် ငါးသောင်းမြတ်ရမယ်ဆိုတဲ့သတင်းပဲ။

ဒါ့ကြောင့် အခမဲ့ရတဲ့ နိုင်ငံရေးသင်တန်း၊ လူ့ အခွင့်အရေးသင်တန်း၊ နိုင်ငံခြားကပညာရှင်တွေလာပေးတဲ့ ၀က်ရှော့စတဲ့ ပွဲတွေကိုသတိထားကြပါ။ Organizer တွေစီးပွားဖြစ်အောင် မလုပ်ကြပါနဲ့ ။ ဒီလိုလုပ်စားလာတာ နှစ်ပေါင်းနှစ်ဆယ်ကျော်နေပြီဆိုတော့ Experience က အတော်များတယ်။ အရမ်းကိုသင်တန်းတက်ချင်ရင်လည်း ဒီလိုမေးခွန်းတွေမေးပြီးတက်စေချင်တယ်။

ဒီပွဲလုပ်ဖို့ အတွက် ပိုက်ဆံဘယ်လောက်ရလဲ။ ဘယ်ကရလဲ။ ဒီပွဲက ဘယ်လောက်ကုန်မှာလဲ။ ဘာသာပြန်တဲ့လူတွေလစာဘယ်လောက်ရလဲ။ ခရီးစရိတ်ကစလို့ အခန်းအတွက်ကုန်ကျစရိတ်တွေအဆုံး စာရင်းအတိအကျပြနိုင်မလားဆိုတာကိုမေးကြပါ။ တကယ်မှန်တယ်ဆိုရင်တော့ သင်တန်းတက်ရတာ အကျိုးရှိပါတယ်။ နောင်လည်း ဒါကိုအတုခိုးပြီး လုပ်လို့ ရတာပေါ့။

Sunday, September 15, 2013

ခလရ(၁၃၇)မှ ဖြစ်ရပ်မှန် ဘယ်သူများလဲ ??







ယခုအပတ်တွင် KIA မှ စစ်တပ်မှ အရာရှိတစ်ဦးနှင့် ရဲဘော် (၂) ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်မှုသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ တွေ့နေရပါတယ်။ အမှန်တကယ်ဖြစ်ပွားမှုမှာ ခလရ(၁၃၇) က ဗိုလ်ဇော်မျိုးထက်အပါအ၀င် (၁၂) ဦးက တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်း KIA က မလွမ်ဒိန်စာရွာ အနီး မှာ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ စစ်တပ်ဘက်က (၂)ယောက်သေပြီး (၁)ယောက်ထိခိုက် ကာ KIA ဘက်က (၁) ယောက်သေပါတယ်။ တောင်တက်အဖွဲ့အား အင်ခဂါးရွာသို့ ဆက်လက်ပို့ဆောင်စဉ် KIA မှ အင်အား (၃၀)ကျော် နှင့် စစ်တပ်လုံခြုံရေးအဖွဲ့ဝင်များအား ခြုံခိုတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး အင်အားခြင်းမမျှတတာကြောင့် စစ်တပ်က ပြန်ဆုပ်တဲ့အချိန်မှာ ဗိုလ်ဇော်မျိုးထက် မပါလာကြောင်း သူ့အဖွဲ့က သိရှိရပါတယ်။

ခလရ(၁၃၈)မှ အဖွဲ့က ဗိုလ်ဇော်မျိုးထက်ကို ထပ်မံရှာဖွေခဲ့ရာ ဒီလ (၅) ရက်နေ့မှာ အင်ဒဂါးရွာအနီးတွင် ဦးခေါင်းပြတ်ပြီး မြေမြှုပ်ထားကြောင်း ရွာသားများ၏ ပြောဆိုမှုအရ အလောင်းအားရှာဖွေတွေ့ရှိခဲ့ရပါတယ်။

မျက်မြင် တွေ့ရှိခဲ့ရတဲ့ ရွာသားတွေရဲ့ပြောဆိုချက်အရ စစ်တပ်က အရာရှိကို KIA က ဖမ်းလာခဲ့ပြီး ရွာအနောက်ဘက် တောအုပ်မှာ ခေါင်းဖြတ်သတ် ခဲ့တာပါ။ ခေါင်းဖြတ်သတ်တာ အရင်တုန်းက KIA တွေတစ်ခါမှ မလုပ်ခဲ့ပါဘူး။ ဖြတ်တဲ့ လူပုံကလဲ ကုလားနဲ့ဆင်ပြီး ကချင်လူမျိုးမဖြစ်နိုင်ပါဘူး။ ကုလားတွေ KIA ထဲရောက်လာလို့ ခုလိုဖြစ်ရတာ၊ အစိုးရ တပ်ကပဲ တောင်တက်အဖွဲ့ကို လုံခြုံရေးလိုက်ပေးရင်းနဲ့ ခုလိုတိုက်ပွဲဖြစ်သွားတာပါ။ ငြိမ်းချမ်းရေးလုပ်နေစဉ် အတောအတွင်းမှာ ခုလို KIA က စစ်ပွဲမှာဖမ်းမိတဲ့ အရာရှိကို ခုလို ရက်ရက် စက်စက်သတ်ဖြတ်တာကတော့ မကောင်းဘူးပေါ့ဗျာ။ ငါတို့ အားလုံးလည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ ဒါပေမဲ့ KIA ကအခုလို ရန်သူကို လူမဆန် သလို လုပ်တာတော့ ငါတို့လည်း မကြိုက်ဘူး ဟု အင်ခဂါးရွာသားတစ်ဦးက ပြောပြခဲ့ပါတယ်။

ပျံ့နှံ့နေတဲ့သတင်းတွေက အရာရှိကို ခေါင်းဖြတ်နှိပ်စက်တာကို သူ့ရဲဘော်တွေကိုကြည့်ခိုင်းပြီးမှ ကျန်တဲ့ ရဲဘော်တွေကို နောက်မှ ခေါင်းဖြတ်သတ်မယ်ဆိုပြီး သတင်းတွေ အမျိုးမျိုးပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ အရာရှိကိုသာ ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ရဲဘော် (၂)ဦးက တိုက်ပွဲမှာသေတာဖြစ်ပါတယ်။ ဒီလိုမျိုးဖမ်းမိတဲ့ ရန်သူကို ရက်စက်စွာ သတ်ဖြတ်မှုကို ကျွန်တော်တို့တွေလည်းလက်မခံသလို ဘယ်သူမှ လည်းလက်မခံနိုင်ပါဘူး။ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့အချိန်မှာ ဖြစ်တာကြောင့်မို့ ပိုဆိုးဝါးပေမဲ့ အစိုးရဘက်က သဘောထားကြီးစွာထားပြီး လုပ်ဆောင် သင့်ပါတယ်။ ပျံ့နှံ့နေတဲ့သတင်းတွေကို သေချာ လေ့လာပြီးမှယုံကြည်ကြပြီး အဖြစ်မှန်ကိုသိရှိဖို့ ဖော်ပြလိုက်ရ ပါတယ်။



ကဲ့ စဉ်စားသာကြည့်ကြပါတော့....ဘယ်သူမှား( ) ဘယ်သူ( )

အင်နော်သား

Kachin Daily News

အချိန်တန်လို့ သရုပ်မှန်တွေ ပေါ်လာပြီ



  Myanmar Express


ကျွန်တော်တို့ နေထိုင်ရာ လူ့ပတ်ဝန်းကျင်ဆိုတာ တစ်နေ့တစ်မျိုး မရိုးနိုင်သော ပြဿနာပေါင်း သောင်းခြောက် ထောင်ကို မြင်တွေ့ကြားသိနေရခြင်းမှာ လူ့သဘောသဘာဝ လို့ ပြောနိုင်ပါတယ်။ တောလက်ကျေးရွာတွေမှာ ဆိုရင် လင်နဲ့မယားရန်ဖြစ်လို့ ခုနှစ်အိမ်ကြားရှစ်အိမ်ကြား ဆဲဆိုအော်ဟစ်သံတွေကြားရ၊ ဟိုဘက်ဆွေမျိုး ဒီဘက်ဆွေမျိုးပါလာပြီး အုံ့အုံ့ကြက်ကြက်ဖြစ်ကာ ဓလေ့တစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် အချိန်တန်တော့ အဲဒီ လင်မယားနှစ်ယောက် ပြန်ပေါင်းပြီး အဆင်ပြေသွားကြတာပါပဲ။ နှစ်ဖက်ဆွေမျိုးတွေသာ မျက်နှာတွေပူပြီး မခေါ် မပြောရဲဖြစ်ကြတာပဲ အဖတ်တင်ပါတယ်။

ဒါပေမယ့် ဖြစ်လေ့ဖြစ်ထမရှိတဲ့ ထောင်ထွက်လူဆိုးတစ်ယောက် ရွာပြန်လာပြီး လူကောင်းအဖြစ် ဟန်ဆောင် ရင်းကနေ သရုပ်မှန်ပေါ်တတ်တဲ့ သဘောသဘာဝကိုတော့ ရွာတစ်ရွာမှာ ကြုံခဲ့ဖူးပါတယ်။ ကျွန်တော်က နယ်မြို့တစ်မြို့နဲ့ မဝေးတဲ့ ရွာတစ်ရွာမှာ ကျောင်းဆရာအဖြစ် တာဝန်ကျပါတယ်။ အဲဒီရွာမှာ တစ်ရွာလုံး အော့ကြောလန်တဲ့ လူဆိုးလူမိုက်တစ်ယောက်ရှိတယ်။ မိဘတွေက ကြေးရတက်တွေဆိုတော့ ရွာမှာ အရှိန်အ၀ါ ရှိတယ်၊ အဲဒီလူမိုက်ကလည်း မိဘမျက်နှာနဲ့ တစ်ရွာလုံး ဘယ်သူ့မှ လူထင်တာမဟုတ်ဘူး။ တစ်နေ့ အဲဒီ လူမိုက်ဟာ ရွာပြင်က ထန်းတောမှာ မူးရူးရမ်းကားပြီး လူသတ်မှုဖြစ်လို့ ထောင်ကျသွားတယ်၊ ကံကောင်းချင် တော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တယ်။
အဲဒီနောက်ပိုင်း ရွာမှာ လူကြီးလူကောင်းပုံစံနဲ့ ပြောင်းလဲသွားခဲ့တယ်။ တစ်ရွာလုံး အံ့အားသင့်ကုန်ကြတာပေါ့။ အဖေဆုံးသွားတော့ အမေကပဲ စီးပွားရေးလုပ်ငန်းတွေကို ဆက်လုပ်ရင်း ထောင်ထွက်သားကို နေရာပေးတယ်။ ရွာအတွက် အလှူအတန်းတွေလုပ်ပြီး လိုအပ်တာမှန်သမျှ အကုန်လုပ်ပေးရာကနေ ရွာမှာ မျက်နှာပွင့် ဂုဏ်တက်ပြီး သားထောင်ထွက်ကိုလည်း ရွာက လက်ခံလာကြတယ်။ သူ့ကို အမေလုပ်သူက လူဝင်ဆန့်အောင် ရယ်ဆိုပြီး ရွာက လူမှုရေးအဖွဲ့တစ်ဖွဲ့ထဲမှာ နေရာတစ်နေရာရအောင် လုပ်ပေးခဲ့တယ်။ အမေ့မျက်နှာနဲ့ တစ်ရွာလုံးက သူ့ကို ယုံကြည်ပြီး အဲဒီအဖွဲ့ထဲမှာ ငွေထိန်းတာဝန်ပေးလိုက်တယ်။

လအနည်းငယ်ကြာလာတော့ ငွေအလွဲသုံးစားမှုပေါ်လာလို့ စစ်ဆေးလိုက်ရာမှာ အဲဒီလူက ရံပုံငွေတွေကို ချဲထိုး၊ ဘောလုံးပွဲတွေ လောင်းပစ်လိုက်တာ ကုန်ပါလေရော၊ အမေလုပ်သူက သူ့မျက်နှာအိုးမဲသုတ်ရပါ့မလားဆိုပြီး သားဖြစ်သူကို အပြစ်တင်တာပေါ့၊ အဲဒီငွေတွေကိုလည်း ပြန်လျော်ပေးမယ်ပေါ့။ ဒါပေမယ့် ရွာကတော့ သူ့ကို အဲဒီအဖွဲ့ထဲကနေ ထုတ်လိုက်ပါတယ်။ အမေလုပ်သူရဲ့ ရွာအပေါ်ကောင်းခဲ့သမျှဟာလည်း သဲထဲရေသွန်သလို ဖြစ်ပြီး ရွာရဲ့ယုံကြည်မှုကို မရတော့ပါဘူး။ ဆိုလိုချင်တာက လူဆိုးလူမိုက်ဆိုတာ ဘယ်လောက်ပဲ လူကောင်း ယောင်ဆောင်ပြီး လိမ္မာပါတယ် လို့ပြောပြော အချိန်တန်ရင် သရုပ်မှန်ကပေါ်လာတတ်တာ သင်ခန်းစာယူစရာ ဖြစ်ပါတယ်။

အဲဒီရွာလေးကနေ ကျွန်တော် ၂၀၁၀ ခုနှစ်ရောက်တော့ ခွဲခွာခဲ့ရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက မြို့တစ်မြို့ က အထက်တန်းကျောင်းကို အထက်တန်းပြအဖြစ် ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ အဖြစ်အပျက်လေး တစ်ခု ဒီမြို့မှာ ထပ်ကြုံရပြန်ပါတယ်။ ကျွန်တော်က ကျောင်းဆရာဖြစ်နေတော့ နိုင်ငံရေးတွေ စိတ်မ၀င်စားသလို ဘယ်ပါတီအဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမှလည်း အစွဲမထားတတ်ပါဘူး။ ကျွန်တော်ပြောချင်တာက လူ့သဘော သဘာဝကိုပဲ သင်ခန်းစာယူစေချင်တဲ့ ရည်ရွယ်ချက်နဲ့ မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။

မြို့သူမြို့သားအားလုံးနီးပါးက ပုဂ္ဂိုလ်တစ်ယောက်ကို ယုံကြည်ထောက်ခံလိုက်လို့ မြို့နယ်ပါတီတစ်ခုရဲ့ လွှတ်တော်အမတ်ရာထူးထိ ရခဲ့ပါတယ်။ မြို့နယ်အတွက် ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုပြီး အာပေါင်အာရင်း သန်သန်နဲ့ ပြောသွားတဲ့ စကားတွေမှာ မြို့သူမြို့သားတွေ နစ်မျောခဲ့ကြတယ်။ ဟော. အခု နေရာလည်းရရော ကိုယ့်မြို့သူမြို့သားတွေကို စော်ကားလိုက်ပြီ၊ ဒီတော့ မြို့သူမြို့သားတွေ ဆွေ့ဆွေ့ခုန်နေကြပြီလေ၊ အဲဒီ ရာထူးနဲ့ မထိုက်တန်ပါဘူး၊ ရုပ်သိမ်းပေးဖို့ တောင်းဆိုမယ်ဆိုပြီး လက်မှတ်တွေ လိုက်ထိုးနေတာ ကျွန်တော် တွေ့နေရပါတယ်။ မြို့သူမြို့သားတွေက ပင့်ပေးလိုက်လို့ အမြင့်ရောက်သွားကာမှ အောက်ကို တံတွေး ထွေးတတ်တဲ့အကျင့် ဒါမှမဟုတ် စော်ကားမောက်မာတဲ့ အကျင့်မျိုးရှိတဲ့ လူဖျက်ဟာ အချိန်တန်တော့လည်း သရုပ်မှန်တွေ ပေါ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
တိုက်ဆိုင်စွာပဲ ကျွန်တော်တို့ ကျောင်းနားက လက်ဖက်ရည်ဆိုင်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက သတင်းထွက်နေတာ ကြားရပြန်ပါတယ်။ ဂျာနယ် တစ်စောင်အတွက် သိန်း ၁၈၀၀ အလွဲသုံးစားမှုဖြစ်နေလို့ အဖွဲ့ဝင်တွေ အချင်းချင်း တစ်ယောက်အပေါ် တစ်ယောက် အပြစ်ဖို့နေကြပြီး အဲဒီပါတီအပေါ် ပြည်သူရဲ့ ယုံကြည်မှုတွေလည်း လျော့သွားပြီလို့ အသံတွေ ထွက်နေပါတယ်။ အဲဒီသတင်းမှန်ခဲ့ရင် အဖွဲ့အစည်းရဲ့ ကိုယ်စား ယုံကြည်လို့ တာဝန်ပေးအပ်တာကို နေရာနဲ့ လုပ်ပိုင်ခွင့်ရရင် အလွဲသုံးစားလုပ်တတ်တဲ့ သရုပ်မှန်ပေါ် လာတယ်လို့ ပြောနိုင်ပါတယ်။

ကျွန်တော်ပြောခဲ့တဲ့ စကားတွေဟာ အပြုသဘောသက်သက်ပါ။ ဘယ်သူတစ်ဦးတစ်ယောက် ဘယ်အဖွဲ့အစည်းကိုမှ ပုတ်ခတ်ဝေဖန်စော်ကားခြင်း ဆန္ဒလုံးဝမရှိပါ။ ကျွန်တော်တို့က ကြားနေလူတန်းစား အစိုးရကျောင်းဆရာ တစ်ဦးသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကောင်းစားတာကိုတော့ မြင်ချင်တွေ့ချင် ပါတယ်။ ဒီတော့ ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်မှာ နိုင်ငံကိုကောင်းအောင် လုပ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အများကြီး လိုအပ်နေပါပြီလို့ မြင်မိပါတယ်။ အများစု အထင်ကြီးနေတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ဆိုတာကလည်း အချိန်တန်တော့ သရုပ်မှန်တွေ ပေါ်လာတတ်တာ တွေ့ရပါတယ်။ ဒါဆိုရင် အများပြောနေတဲ့ ၂၀၁၅ ခုနှစ်အတွက် ဘယ်သူ၊ ဘယ်အဖွဲ့အစည်းတွေ တာဝန်ယူနိုင်မလဲဆိုတဲ့ အဖြေဟာ လည်း အင်မတန်အရေးကြီးလာပါပြီ။ နေရာနဲ့ လုပ်ပိုင်ခွင့်ရရင် တိုင်းပြည်ကိုတောင် ရောင်းစားမယ့် လူတွေ လက်ထဲ မှာတော့ ကျွန်တော်တို့တွေရဲ့ အနာဂတ်ကို ၀ ကွက် မအပ်ချင်တာအမှန်ပါ။

အချိန်တန်လို့ သရုပ်မှန်တွေ ပေါ်လာပြီ… အထက်မှာပြောခဲ့သလို ထောင်ထွက် လူမိုက်ကို ငွေထိန်းထားမိလို့ အလွဲသုံးစားဖြစ်တာက ငွေလျော်ခိုင်းပြီး အဖွဲ့ထဲက ထုတ်ပစ်လို့ရတယ်၊ ရွာလည်း မနစ်နာပါ၊ ကောင်းမယ် ထင်လို့ အများက ၀ိုင်းပြီး ထောက်ခံပေးခဲ့တဲ့ ပုဂ္ဂိုလ်ကို မကျေနပ်လို့ ရာထူးတွေ ပြန်ရုပ်သိမ်းပေးပါလို့ တောင်းဆိုတာကလည်း အဲဒီပုဂ္ဂိုလ်ပဲ နစ်နာရုံကလွဲပြီး မြို့နယ်တစ်ခုလုံး မနစ်နာနိုင်ပါ၊ ဒါပေမယ့် နိုင်ငံ တစ်ခုလုံးကို အကျင့်စာရိတ္တမကောင်းတဲ့ အဖွဲ့အစည်းတွေ လက်ထဲမှာ ယုံယုံကြည်ကြည် အပ်မိလို့ မှားသွား ရင်တော့ တိုင်းသူပြည်သားအားလုံးအတွက် နစ်နာဆုံးရှုံးမှုကြီးမားပြီး ဘ၀ပါ ပျက်ရမှာပါ၊ ဒီတော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကို အားကိုးယုံကြည်ရမလဲဆိုတဲ့ အဖြေကို ကိုယ်တိုင်အသိတရား ကိုယ်စီနဲ့ လေးလေးနက်နက် စဉ်းစားပြီး ဆုံးဖြတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း အကြံပြုလိုက်ခြင်း ဖြစ်ပါတယ်။

အလှဓါတ်ပုံးများ










အခြေခံဥပဒေ ပြင်ဆင်ချက်တွင် စစ်မှုမထမ်းမနေရဥပဒေ SNDP ပါတီ ထည့်သွင်း




From : ..the voice


ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ အခြေခံဥပဒေပါ ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော်တွင် ၁၈ နှစ် ပြည့်ပြီးသည့် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းချက် ပါဝင်ကြောင်း အဆိုပါ ပါတီဝင် ဦးစိုင်းသီဟကျော်က The Voice သို့ ပြောကြားသည်။

ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် တပ်မတော်နှင့် ပြည်သူလူထု တစ်သားဖြစ်ရန် လိုအပ်သောကြောင့် စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းချက်ကို ထည့်သွင်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စစ်သားဆိုရင် မြန်မာနိုင်ငံမှာ လူတန်းစားတစ်ရပ်လို ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ချက်များတွင် ပြည်နယ်အစိုးရ အဖွဲ့ကို ပြည်နယ်က ရွေးချယ်ခွင့်ရှိရေး၊ တပ်မတော်သား ကိုယ်စားလှယ်များကို အစိုးရ အဖွဲ့တွင်းမှ လျှော့ချရေးစသည့် ဖက်ဒရယ်စနစ်ကို အခြေခံသော အချက်များကို ထည့်သွင်း ပြင်ဆင်ထားသော အချက် ၁၀၀ ကျော် ပါရှိကြောင်း ဦးစိုင်းသီဟကျော်က ပြောကြားသည်။

အဆိုပါ အချက်များကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ထုတ်ပြန် ကြေညာထားသည်။

အခြေခံဥပဒေကို ပြင်ဆင်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဇူလိုင်လအတွင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဖွဲ့စည်းထားသည်။

တက်တူးထိုးထားသောအမျိုးသမီးအား အများသုံးရေချိုးခန်း ရေချိုးခွင့်ပိတ်




From : ..YMG



Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာ တွင် ဆေးမင်ကြောင်ရုပ်ထိုးထား သောကြောင့် အများပြည်သူရေ ချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေ ချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့်မရကြောင်း AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေသူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့်လူမျိုး မည်သည့်ဒေသမှလာ သူဖြစ်ကြောင်း လူအများသိစေ ရန်ဖြစ်ကြောင်း၊ သူမ၏မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမမည် သူမည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။ ရိုးရာမင်ကြောင် ထိုးခြင်းသည် လူမှုရေးဆန့်ကျင် သည့် သဘောမျိုးမဟုတ်ကြောင်း၊ သူမ၏ ယဉ်ကျေးမှုဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက Kenji Sekine က ကန့်ကွက်လိုက်သည်။
အသက်၆ဝရှိ သူမ၏နှုတ် ခမ်းနှင့် မေးစေ့တွင် ta moko ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုးအချို့သာ တက်တူးထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကိုအံ့ဩနေကြသည်။


မုန့်ဟင်းခါး တုံယမ်း ပါဝါအပျော့




ပုဂံဘုရားများနှင့် ရှေးဟောင်းအဆောက်အအုံ များကို ရှေးမူမပျက် စောင့်ရှောက်ခြင်းဖြင့် မြန်မာ့အမွေအနှစ် များကို ထိန်းသိမ်းပါမည့် အကြောင်း ဆောင်းပါး ရေးလိုက်သည့်အခါတွင် ဖတ်ရှုရသည့် Facebook မှ မိတ်ဆွေ တစ်ဦးက ထိုင်းတုံယမ်းက ကမ္ဘာကျော်ပြီး မြန်မာမုန့်ဟင်းခါးက ဘာကြောင့် ကမ္ဘာမကျော်သလဲဟု မေးခွန်းထုတ်လာသည်။

သူပြောလျှင်လည်း ပြောစရာ။ ထိုင်းတုံယမ်းခေါ် ထိုင်းချဉ်စပ်ဟင်းရည် သည် CNN က ထုတ်လွှင့်သော ကမ္ဘာ့အရသာအရှိဆုံး အစားအသောက် ၅၀ စာရင်းတွင် နံပါတ် ၈ နေရာတွင် ချိတ်သည်။ ထိုင်းသင်္ဘောသီးထောင်းက နံပါတ် ၄၆ တွင် ချိတ်သည်။ တုံယမ်းဟင်းရည်သည် မြန်မာနိုင်ငံ တွင်ပင် ထိုင်းဆိုင်ဟုတ်သည်ရော၊ မဟုတ်သည်ရော စားသောက်ဆိုင်အတော် များများတွင် ရနိုင်သောဟင်းရည် ဖြစ်လာသည်။ ယခင်က စားသောက်ဆိုင် တို့တွင် ငါးခေါင်းဟင်းရည်၊ ဆယ့်နှစ်မျိုး၊ ဆွမ်တန်တို့သာ ရှိခဲ့ရာမှ ယခုအခါ တုံယမ်းသည် မပါမဖြစ် ဖြစ်လာသည်။ တုံယမ်းနှင့် သင်္ဘောသီးထောင်းသည် ထိုင်းအစားအစာထဲတွင် နာမည်အကျော်ဆုံး အစားအစာများဖြစ်ပြီး သူတို့ သာမက ထိုင်းစာများသည် ကမ္ဘာတွင်လည်း နာမည်ကျော်သည်။ ရိုးရာ အစားအစာဟု ဆိုလိုက်လျှင် လူအများသည် အီတလီ၊ ပြင်သစ်နှင့် တရုတ် ပြီးလျှင် ထိုင်းကို စိတ်ထဲရောက်ကြသည်ဟု သုတေသနတစ်ခုက ဆိုသည်။

မြန်မာမုန့်ဟင်းခါးက ထိုင်းတုံယမ်းလောက် နာမည်မကြီးခြင်းတွင် အကြောင်းများစွာ ရှိနိုင်သည်။ နံပါတ်တစ်အဖြေက မြန်မာကို ကမ္ဘာက မသိ၊ ထိုင်းကို ကမ္ဘာက သိသည်။ ယခု မြန်မာကိုသိလာပြီ မဟုတ်လောဟု မေးကြမည်။ ဟုတ်ပါသည် ယခင်ကထက်စာလျှင် သိလာပါပြီ။ သို့သော် ထိုင်း လောက်မူ မသိကြသေးပါ။ မြန်မာနိုင်ငံကပါဟု မိတ်ဆက်လိုက်လျှင် “ဟုတ်ကဲ့” ဟု အားနာပါးနာဖြင့် ဖြေသော်လည်း ဇဝေဇဝါ ဖြစ်နေသူများ မကြာခဏ တွေ့ရလိမ့်မည်။ မြန်မာနိုင်ငံကို သိသောသူ သည်လည်း ဒေါ်အောင်ဆန်းစုကြည် လောက်သာ ကြားဖူးကြသည်။ မြန်မာပြည် ဘယ်နားလဲဆို မသိ။ ထိုင်းနှင့်ကပ်လျက် ဆိုမှ “သြော်” ဆိုပြီး သိကြပြီ။ နိုင်ငံကို ကမ္ဘာကပင် မသိမှတော့ မြန်မာ့အစားအသောက် မုန့်ဟင်းခါးကို ဘယ်သိကြ ပါ့မလဲ။

နောက်အဖြေတစ်ခုက ထိုင်းကမ္ဘာလှည့် ခရီးသွားလုပ်ငန်း။ ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်း အဖွံ့ဖြိုးဆုံး ကမ္ဘာ့ထိပ်တန်းနိုင်ငံ များထဲတွင် ပါဝင်သည်။ လာမည့်နှစ် ၂၀၁၄ တွင် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့် ၂၈ သန်း လာလည်မည်၊ ခရီးသွားနှင့် ဆက်စပ်လုပ်ငန်းများမှ ဒေါ်လာ ၄၄၀ ဘီလီယံ ရမည်ဟု ခန့်မှန်းထားသည်။ ထိုဧည့်သည်များသည် ထိုင်းအစားအသောက်များကို မြည်းစမ်းကြည့်ပြီး သဘောကျသူက ကျသွားကာ အခြားသူများထံသို့ သတင်းစကား လက်ဆင့်ကမ်းသည်။ အရှေ့တောင်အာရှ ဒေသတွင်း ကွန်မြူနစ်ရန် ကာကွယ်ရန် အမေရိကန်စစ်စခန်းများ ထိုင်းတွင် အခြေစိုက်ရာမှ ထိုင်းအစားအသောက်များကို စွဲလမ်းသွားသည်လည်း အများအပြား ရှိသည်။ ထိုင်းကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့် ထိုင်းအစားအစာသည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကျိုးပြုသည်။

နိုင်ငံခြားရောက် ထိုင်း၊ နိုင်ငံခြားတွင် အခြေစိုက်နေထိုင်သူ ထိုင်းများ သည်လည်း ထိုင်းအစားအစာကို ဖြန့်ဖြူးသူများ ဖြစ်သည်။ ထိုင်းလူမျိုးများ ကမ္ဘာအနှံ့အပြားသို့ သွားရောက်နေထိုင်သည့် အရေအတွက် များလာသည် နှင့်အမျှ ထိုင်းတို့သွားလေရာ နောက်သို့ ထိုင်းအစားအစာ ကောက်ကောက် ပါအောင် လိုက်သဖြင့် ထိုင်းအစားအစာသည် ကမ္ဘာတစ်လွှားသို့ ပျံ့နှံ့သွား သည်။ ယခုအချိန်တွင် ထိုင်းစားသောက်ဆိုင် များသည် ကမ္ဘာအနှံ့တွင် ထောင်နှင့်ချီ ရှိနေပြီး ထက်ဝက်ခန့်မှာ အမေရိကတွင် ရှိသည်။

ထိုင်းအစားအသောက်များ နာမည်ကျော်ရခြင်းသည် ထိုင်းတို့ ဈေးကွက်တင် အနုပညာ အားကောင်းခြင်းနှင့်လည်း သက်ဆိုင်သည်။ ထိုင်းတို့သည် ကြော်ငြာကောင်းသည်၊ အထုပ်အပိုး ကောင်းသည်။ အရည်အသွေး ချင်းတူလျှင် ထိုင်းပစ္စည်းက ပိုကောင်းသည် ထင်အောင် လုပ်တတ်သည်။ ထိုင်းတို့သည် မြန်မာတို့ထက် အစစအရာရာ နှစ် ၃၀ ခန့် ရှေ့ရောက်နေပြီ ဖြစ်ရာ ဈေးကွက်တင်ခြင်း တွင်လည်း အဆင့်မြင့်နေကြပြီ။ စီးပွားရေး ထုထည်လည်း ကြီးမားနေပြီ ဖြစ်သည့်အတွက် နိုင်ငံခြားသားတို့ သိအောင်၊ အထင်ကြီးအောင် လုပ်တတ်ကိုင်တတ်သည်။

နောက်တစ်ခုက ကိုယ့်နိုင်ငံသား လျှာအကျင့်ပါပြီးသူ များသာမက ယခုမှ မြည်းစမ်းမည့်သူများ စားနိုင်အောင် အံကျစီမံနိုင်ခြင်း။ ဟင်းလျာ ပူပူစပ်စပ်များကို လျှော့ထားခြင်းဖြင့် ပူသေးစပ်သေးသော်လည်း နိုင်ငံခြားသားများ ခံနိုင်ရည်ရှိကာ အကြိုက်တွေ့သွားမည်။ ထိုအကြောင်းအရာနှင့် ဆက်စပ်သည့် အဖြစ်အပျက်လေးတစ်ခုကို ဖောက်သည်ချ လိုပါသည်။ ထိုင်းသို့ လုပ်ငန်းကိစ္စနှင့် ပြန်ရောက်သည့်အခါ ထိုင်းပြင်ပ နိုင်ငံခြားတွင် ခင်ခဲ့သည့် သူငယ်ချင်းမ တစ်ဦးနှင့် ပြန်တွေ့စားသောက်ကြရန် ချိန်းကြသည်။ ကျွန်တော် ထိုင်းတွင် တစ်နှစ်ခန့် ကျောင်းတက်ခဲ့ကြောင်း သိထားသည့် သူငယ်ချင်းမက သာမန်ထိုင်းဆိုင်သို့ ခေါ်မသွား။ “နင့်ကို ထိုင်းဆိုင်စစ်စစ် ခေါ်သွားမယ်”၊ ကျွန်တော်က “အေးပေါ့” ဟု ဘာမှ မထူးဆန်းသလို ပြန်ဖြေ သည့်အခါ သူက “အခုခေါ်သွားမှာက နိုင်ငံခြားသားတွေစားတဲ့ ထိုင်းဆိုင် မဟုတ်ဘူး။

ထိုင်းတွေစားတဲ့ ထိုင်းဆိုင်။ တကယ့် ပူပေ့စပ်ပေ့ဆိုတာတွေ ပါလိမ့်မယ်” ရှင်းလည်းရှင်းပြ၊ ကျွန်တော့်မျက်နှာကိုလည်း အကဲက ခတ်လိုက်သေး။ သူခေါ်သွားသည့်ဆိုင်က ထိုင်းတွေချည်း တရုန်းရုန်း။ စားကြည့်တော့ ဟုတ်ပါ့၊ တကယ်စပ်သည်။ ငရုတ်သီးစပ်စပ် စားနိုင်သော ကျွန်တော် သူတို့နှင့် အပြိုင်စားနိုင်သော်လည်း စပ်ကြောင်းကတော့ ဝန်ခံရသည်၊ တရှူးရှူးနှင့်။ “ဟင်းထပ်မှာပါဦးလား”။ အစားအသောက်စာရင်းကို ကြည့်ပြီး စားကောင်းမည့်ပုံရှိသည့် မျှစ်နှင့် ကြက်သားချက် မှာလိုက်သည်။ “ဒါက တကယ်စပ်တယ်နော်။ တို့ထိုင်းတွေတောင် သိပ်မစားနိုင်ဘူး”။ ဟုတ်ပါသည်၊ ထိုဟင်းနှင့်ကျတော့ တစ်ဝက်လောက်နှင့် လက်မြှောက်လိုက်ရသည်။

ကျွန်တော် ပြောချင်တာက မျှစ်နှင့် ကြက်သားဟင်းအကြောင်း မဟုတ်။ ထိုင်းတို့သည် သူတို့၏ ဟင်းလျာကို နိုင်ငံခြားသားလျှာ နှင့်လည်းတွေ့၊ ထိုင်းအရသာလည်း မပျောက်အောင် စီမံထားကြ သည့်အကြောင်း ပြောလိုရင်းသာ။ မြန်မာနိုင်ငံတွင်လည်း အချို့ နာမည်ကြီးဆိုင်များတွင် နိုင်ငံခြားသားနှင့် လိုက်ဖက်အောင် ဆီလျှော့၊ ဆားလျှော့၊ အစပ်လျှော့ စီမံလာကြ သည်ကို တွေ့ရသည်။

ထိုင်းအစားအသောက်တို့ အောင်မြင်ရခြင်းတွင် အစိုးရ၏ အခန်းကဏ္ဍ သည်လည်း ကြီးမားသည်။ ထိုင်းအစားအသောက် နိုင်ငံခြားတွင် ပေါက်အောင် အစိုးရ ကိုယ်တိုင်က လူစိုက်၊ အကြံဉာဏ်စိုက်၊ ငွေစိုက် ပံ့ပိုးသည်။ အထူးသဖြင့် ယခင်ဝန်ကြီးချုပ် သက်ဆင်လက်ထက်တွင် “ထိုင်းသည် ကမ္ဘာ့မီးဖိုချောင်” (Kitchen of the World) ပန်းတိုင်ကို ချမှတ်ကာ ထိုင်း အစားအစာကို နိုင်ငံတကာတွင် မြှင့်တင်ရန် အားထုတ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ထိုင်းစားသောက်ဆိုင် ကမ္ဘာတွင် ဆိုင်ပေါင်း နှစ်သောင်းဖြစ်အောင် ရည်မှန်းချက်ထားခဲ့သည်။

ထိုင်း အစားအသောက်တွင် ထည့်ရသည့် ပစ္စည်းများ နိုင်ငံရပ်ခြား ထိုင်းစားသောက်ဆိုင်များသို့ လတ်လတ်ဆတ်ဆတ် ရောက်အောင် ထိုင်းလေကြောင်းက ကူညီသည်။ ထိုင်းအစားအစာကို မြှင့်တင်ရာတွင် ထိုင်းအစိုးရသည် စံချိန်စံညွှန်းနှင့် အရည်အသွေးတို့ကို ဂရုပြုသည်။ ကမ္ဘာအနှံ့မှ ထိုင်းစားသောက်ဆိုင် များအနက် အကောင်းဆုံး အရည်အသွေး ရှိဆိုင်များကို ဆုများချီးမြှင့်ကာ ကြိုးစားချင်စိတ်ရှိအောင် ဆွဲဆောင်သည်။
ထိုင်းအစားအစာသည် ထိုင်း (Thainess) ကို ကိုယ်စားပြုသည်။

ထိုင်းအစားအစာသည် ထိုင်းယဉ်ကျေးမှု၏ မျက်နှာဖြစ်သည်။ ထိုင်းအစာ အစာကို စားသောက်ခြင်းသည် ထိုင်းယဉ်ကျေးမှုနှင့် စတင်ထိတွေ့ခြင်း ဖြစ်သည့်အားလျော်စွာ ကမ္ဘာအနှံ့ ထိုင်းစားသောက်ဆိုင်များတွင် ထိုင်းစာ စားရင်း ထိုင်းဂီတ တေးသံများကို နားဆင်နိုင်အောင် ပြင်ဆင်ထားသည်။ ထိုင်းလက်ရာ ပန်းကန်ခွက်ယောက်၊ စားပွဲခင်း၊ ပန်းချီတို့ဖြင့်လည်း ထိုင်းနိုင်ငံ ရောက်ပြီး စားသောက်နေရသည့်အလား ခံစားရအောင် စီမံထားခြင်းဖြင့် ထိုင်းယဉ်ကျေးမှုကိုပါ တစ်ပါတည်း စားသုံး ကြည်နူးစေသည်။

ထိုင်း အစားအသောက်တို့ ပေါက်မှ ထိုင်းတည်းဟူသော အမှတ်တံဆိပ် ပေါက်ပြီး ကျန်သော ထိုင်းထုတ်ကုန်ပစ္စည်း များလည်း တစ်နွယ်ငင်တစ်စင်ပါ လူကြိုက်များ ရောင်းအားတက်မည်။ ကုန်ပစ္စည်းပြပွဲ များတွင်လည်း ထိုင်းလယ်ယာ ထွက်ကုန်၊ စက်မှုထွက်ကုန် များနှင့်အတူ ထိုင်းအစားအစာကို တည်ခင်းပြသ ဧည့်ခံကျွေးမွေးသည်။

ယဉ်ကျေးမှုသည် လူတို့၏ စိတ်အာရုံကို လွှမ်းမိုးနိုင်သော ပါဝါအပျော့ (Soft Power) ဖြစ်သည့်အတွက် ထိုင်းတုံယမ်းနှင့်တကွ ထိုင်းအစားအစာ တို့သည် ထိုင်းတို့အတွက် ပါဝါအပျော့ဖြစ်သည်။ ထိုင်းအစားအစာတို့သည် ထိုင်းတို့ကို ဂုဏ်သတင်း၊ ချစ်ခင်ခြင်း၊ ငွေကြေး၊ အလုပ်အကိုင်တို့ကို ဆောင်ကြဉ်းပေး သည်။ မြန်မာမုန့်ဟင်းခါး နှင့်တကွသော စားဖွယ်သောက်ဖွယ် အပေါင်းကို လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဦးမော့ချိန်၊ မြန်မာကို ကမ္ဘာက စိတ်ဝင်စားချိန်၊ ပြုပြင်ပြောင်းလဲရေး ဒီရေတက်ချိန်တွင် စနစ်တကျ ဝိုင်းဝန်းပံ့ပိုးနိုင်လျှင် မြန်မာတို့အတွက် ပါဝါအပျော့နှင့်တကွသော အခွင့်အရေးများကို ရယူနိုင်မည် ဖြစ်သည်။

ဇေယျသူ

The Voice

မန်းမြန်မာဈေးချိုပလာဇာတွင် စိတ်ကြွဆေးပြား ကျပ်သိန်း၃၀၀ဝကျော်ဖိုး ဖမ်းမိ



မန္တ လေးမြို့ မန်းမြန်မာဈေးချိုပလာ ဇာတွင် ကာလတန်ဖိုးငွေ ကျပ် သိန်း ၃၀၀ဝကျော်ဖိုး စိတ်ကြွရူး သွပ်ဆေးပြားများ စက်တင်ဘာ ၉ရက် ညနေ ၄နာရီက ဖမ်းဆီး ရမိကြောင်း သိရသည်။
ချမ်းအေးသာဇံမြို့နယ် ၂၇* ၂၈ လမ်းကြား၊ ၈၄*၈၅ လမ်း ကြားရှိ မန်းမြန်မာဈေးချိုပလာ ဇာမှာ မန္တလေးဈေးချိုတော်ကြီး ၏ အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် နေ့စဉ်ဈေးရောင်းဈေးဝယ်သူ များဖြင့် စည်ကားသည့်ဈေးကြီး ဖြစ်သည်။ ဈေးချိုပလာဇာရှိ ဝမ် ဝမ်(၂)အထည်ဆိုင်သို့ ပြည်ကြီး တံခွန်မြို့နယ် မူးယစ်ဆက်စပ် သတင်းအရ မန္တလေးတောင်ပိုင်း မူးယစ်(အထူး)အဖွဲ့မှ ဒုရဲအုပ်ချန် ထွန်း ဦးဆောင်သောပူးပေါင်း အဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ် ကြွဆေးပြား ၆၆၀၀၀ အလေး ချိန် ၆ဒသမ၆ကီလိုဂရမ်ခန့် တွေ့ ရှိဖမ်းဆီးရမိကြောင်း သိရသည်။
အထည်ဆိုင်အတွင်းရှိ ပိုင် ရှင် စိုင်းသိန်းဟန်(ခ)အားဝမ်ပိုင် သစ်သားဗီရိုအောက်ထပ်မှ စတင် ရှာဖွေရာ U-LOVEEIT စာတန်း ပါ ဂျပ်စက္ကူပုံးအတွင်း မိုင်းကိုင် စက္ကူဖြင့်ထုပ်ထားသော တိပ် အကြည်ပတ်အထုပ်မှ တစ်တောင့် လျှင် ၈၈နှင့် ၁ စာတန်းပါ နီညို ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝစီပါ အပြာရောင်ပလတ်စ တစ်ကပ်ခွာအိတ် ၁ဝအိတ်၊ စိတ် ကြွရူးသွပ်ဆေးပြား၂၀၀၀၊ အလေး ချိန် ၂၀ဝဂရမ်ခန့်စီပါ ၃၃တောင့် ရှာဖွေတွေ့ရှိကြောင်း သိရသည်။
အဆိုပါမူးယစ်မှုမှာ စက်တင် ဘာ၉ရက် နံနက်၁၁နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်း ကုန်း (စ)ရပ်ကွက် ၅၄* ၅၅လမ်း ကြား ကျန်စစ်သားလမ်းမပေါ် တွင် မန္တလေးတောင်ပိုင်းမူးယစ် (အထူး)အဖွဲ့မှ ဒုရဲအုပ်ချန်ထွန်း ဦးဆောင်၍ သတင်းအရ စောင့် ဆိုင်းနေစဉ် ကျန်စစ်သားလမ်းမ အတိုင်း အနောက်မှ အရှေ့သို့ မဥမ္မာထွေး(ခ) အငယ်လေး မောင်း နှင်လာသည့် ၃၃ယ/---- Follow Me 125 ၁၂၅ စိမ်း၊ နက်ရောင် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာ ဖွေရာ လွယ်ထားသည့် AOTAN စာတန်းပါ အနက်ရောင်ဘေး လွယ်အိတ်အတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ် တိပ်အကြည်ပတ် ဖြင့်ပတ်ထားပြီး မိုင်းကိုင်စက္ကူ ဖြင့်ထုပ်ထားသည့်အိတ်ထဲမှ တစ် တောင့်လျှင် ၈၈နှင့် ၁စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေး ပြား ၂၀ဝစီပါ အပြာရောင်ပလတ် စတစ်ကပ်ခွာ အိတ်၁ဝအိတ်၊ စိတ် ကြွရူးသွပ်ဆေးပြား ၂၀၀၀၊ အ လေးချိန် ၁ဒသမ၂ကီလိုဂရမ်ခန့် နှင့် ဝ၉-၄၀----ကတ်ပါ G-Five အမျိုးအစား အဖြူရောင်လက် ကိုင်ဖုန်းတစ်လုံးတို့ကို စစ်ဆေး တွေ့ရှိကြောင်း သိရသည်။
မဥမ္မာထွေး(ခ)အငယ်လေး အား စစ်ဆေးမေးမြန်းရာ ချမ်း အေးသာဇံမြို့နယ် ပြည်ကြီးပျော် ဘွယ်အနောက်ရပ် လမ်း၃၀*၉၁ လမ်းထောင့်ရှိ စိုင်းသိန်းဟန်(ခ) အားဝမ်မှ ပို့ခိုင်းခြင်းဖြစ်ကြောင်း သိရသဖြင့် စိုင်းသိန်းဟန်၏နေ အိမ်ကို သွားရောက်ရှာဖွေရာ နေ အိမ်တွင် မူးယစ်ဆေးဝါးဆက်စပ် ပစ္စည်းတစ်စုံတစ်ရာ တွေ့ရှိခြင်း မရှိသဖြင့် စိုင်းသိန်းဟန်ကို ဖမ်း ဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရရှိသည့် မူးယစ် ဆေးဝါးမှာ တန်ဖိုးငွေကျပ်သိန်း ၃၀၀ဝဖိုးရှိသဖြင့် မူးယစ်ဆေးဝါး ရောင်းချသူ စိုင်းသိန်းဟန် (ခ) အားဝမ် ၃ဝနှစ် (ဘ) ဦးလုံးစုကို ချမ်းအေးသာဇံမြို့နယ် အမှတ် (၆)ရဲစခန်းမှ မယ(ပ)၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀ (က)/၂၁ဖြင့် အမှုဖွင့် အရေးယူ ထားပြီး မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိသူ မဥမ္မာထွေး(ခ)အငယ် လေး ၁၈နှစ် (ဘ) ဦးလေးမောင် ကို ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်း မှ မယ(ပ)၂၀/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သိရ သည်။

Facebook က သင့်ကို Block ရခြင်း အကြောင်း များ




- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။

- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။

- Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။

- နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြေားများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း
------------------------------
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း
-----------------------
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ Blog တွေ၊ Word press တွေက လာတဲ့ Link တွေကို Facebook ပေါ်ကနေ Transfer လုပ်တာမျိုးကို သူတို့ မကြိုက်ပါဘူး။ Facebook က ဒါကို Security Attack လုပ်မယ့် သူတွေလို့ပဲ များသောအားဖြင့် သတ်မှတ်ပါတယ်။ ဒါကြောင့် Post တွေမှာပဲ ဖြစ်ဖြစ်၊ Message တွေမှာပဲ ဖြစ်ဖြစ် Link တစ်ခုတည်းကိုပဲ အားရပါးရ ပေးနေရင် Security question တွေစပါပြီ။

- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

- App ဇွတ်သုံးခြင်း
--------------------
သူများ ဟို App လေးတင်တော့ ကိုယ်လည်း လိုက် click ကြည့်တာပဲ။ ဟို လခ့်လေးတွေ့တော့ ကလစ်ကြည့်လိုက်တာပဲနဲ့ နောက်ဆုံး အကောင့် အပိတ်ခံရတတ်ပါတယ်။

- အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ ကိုယ် ဖန်တီးတဲ့ app ကို ဇွတ်ကြော်ငြာနေတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။

Credit to:အောင်ခမ်း (TSJ team)

ကော့သောင်းအကျဉ်းထောင် ရုန်းရင်းဆန်ခတ် နှိမ်နင်းမှု ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ








ကော့သောင်းမြို့က အကျဉ်းထောင်မှာ အကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးခဲ့တာကြောင့်

လုံခြုံရေးက ပစ်ခတ်ထိန်းသိမ်းရာမှာ အကျဉ်းသား ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

မနေ့က ညနေ ၆ နာရီလောက်မှာ ကော့သောင်းအကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထောင်ဖေါက်ထွက်ပြေးကြတဲ့အထိ ဖြစ်ခဲ့တာလို့ မြို့ခံတစ်ဦးက RFAကို ပြောပါတယ်။

“သေနတ်ဒဏ်ရာနဲ့ ဆေးရုံရောက်လာတယ်ပေါ့၊ ၈ ယောက်မှာ ၁ ယောက်သေသွားတယ်၊ ၇ ယောက်ဒဏ်ရာရတယ်၊ ကော့သောင်းဆေးရုံကြီးမှာ တင်ထားတယ်၊ ၁ ယောက်ကတော့ အောက်ဆီဂျင် ပေးထားရတယ်လို့ ပြောတယ်ခင်ဗျ”

ဒဏ်ရာရသူတွေကို ကော့သောင်းမြို့ ဆေးရုံမှာတင်ထားရကြောင်းလည်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကော့သောင်းမြို့ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ငြင်းဆန်ပါတယ်။

RFA

Friday, September 13, 2013

အချစ်ရေးတင် မဟုတ်ဘဲ အားလုံး အေးအေးဆေးဆေးပါပဲ ဆိုတဲ့ ဝတ်မှုန်ရွှေရည်







အချစ်ရေးတင် မဟုတ်ဘဲ အားလုံး အေးအေးဆေးဆေးပါပဲ ဆိုတဲ့ ဝတ်မှုန်ရွှေရည်လတ်တလောမှာ ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးနေတဲ့ ချာတိတ်ဆို တဲ့ဇာတ်ကားမှာ လူမင်းနဲ့ တွဲဖက်သ ရုပ်ဆောင်နေတဲ့ ဝတ်မှုံရွှေရည်နဲ့တွေ့ ဆုံခိုက် သိလိုသမျှတွေကို မေးခဲ့ပါ တယ်။

မနှစ်က မွေးနေ့ပြီးတော့ လက်ရှိ အသက်အရွယ်မှာ ရတဲ့ အသိဥာဏ်နဲ့ ပြီးခဲ့တဲ့ လေးငါးနှစ်ကိုပြန် သွားချင်တယ် ဆိုတဲ့ ကစ်က ဒီနှစ်ရော အဲဒီလိုပဲလား ဆိုတော့

ဒီနှစ် ကတော့ အဲဒီလိုမဖြစ်ဘူး။ လက်ရှိ မှာပဲ ပျော်အောင်၊ အကောင်းဆုံး ဖြစ်အောင်ပဲ နေပါတယ်။ အသက် တစ်နှစ်ကြီး လာပေမယ့် မရင့်ကျက် သေးပါဘူး။ ရင့်ကျက်အောင်တော့ နေနေရ တာပေါ့။ ပြောင်းလဲသွား တာတွေ၊ ရင့်ကျက် လာတာတွေ တော့လည်းရှိ ပါတယ်။ မွေးနေ့မှာ ဆန်လှူဖြစ် တာက ဒါရိုက်တာ ဦးဝင်း ထွန်းထွန်းက ပြောလို့။ သူက အမြဲ တမ်း မင်းသား၊ မင်းသမီးနှစ် ယောက်တွဲပြီးလှူနေကျ ဆိုတော့ ဩဂုတ်လမှာ လှူမယ် ဆိုပြီး ဦးဝင်း ထွန်းထွန်းကို ပြောထားတာ။ ကစ်မွေးနေ့နဲ့က တိုက်ဆိုင် သွားတာပေါ့။ မလှူခင်တစ်ရက်ကျမှ ကိုစိုင်းနဲ့လှူ ရမယ်ဆိုတာ သိတာပါ။ အဓိကက ဦးဝင်းထွန်းထွန်း စီစဉ်တာပေါ့။

ချာ တိတ်ကားထဲမှာ ကစ်က ယောကျာ်း လျာဇာတ်ရုပ်ဆိုတော့ ကိုယ်တိုင်က ရော မိန်းမဖြစ်ရတာကို ကျေနပ်လား ဆိုတော့

ကျေနပ်ပါတယ်။ ဘုရား ပေးတဲ့ ကိုယ်ဖြစ်နေတဲ့ ဘဝလေး၊ ကိုယ်ရနေတဲ့ ဘဝလေးကို ကျေနပ်ပါတယ်။

အချစ်ရေး ကံမကောင်းဘူး၊ အချစ်က ဒရာမာတွေ များတယ်လို့ ပြောဖူးတဲ့ ကစ်ကရော လက်ရှိမှာ အချစ်ရေးကံကောင်း နေပြီလားဆိုတော့

မပြောတတ်ဘူး။ ကစ်ပြော ပြရလောက်အောင် ထွေထွေထူး ထူးမရှိပါဘူး။ အချစ်ရေး တင်တည် ငြိမ်တာ မဟုတ်ပါဘူး။ အားလုံးက တည်တည်ငြိမ်ငြိမ် အေးအေးဆေး ဆေးပါပဲ။

By 8 Days

လည်ချောင်းနာချိန် သက်သာစေရန် လုပ်ဆောင် နည်းများ






လည်ချောင်းနာချိန် သက်သာစေရန် လုပ်ဆောင် နည်းများအခုလို အအေးမိ တုပ်ကွေးဖြစ်သူ များပြားချိန်မှာ လည်ချောင်းနာတဲ့ ဝေဒနာရှင်တွေ အများအပြား ရှိကြပါတယ်။ လည် ချောင်းနာနေချိန်မှာ ပူစပ်ပူလောင် ခံစားရသလို အစာတစ်ခုခု မျိုလိုက်တိုင်း လည်ချောင်း နာကျင်နေတတ် ပါတယ်။ လည်ချောင်း နာတာက အများအားဖြင့် ဗိုင်းရပ်စ်ပိုးဝင် တာကြောင့် ဖြစ်တတ် ပြီး အများအားဖြင့် စိုးရိမ်စရာ မရှိပါဘူး။ ခံရခက်တဲ့ ဝေဒနာကို အောက်ပါနည်းတွေနဲ့ ကုသပါ။

လည်ချောင်း စိုစွတ်နေပါစေ

လည်ချောင်း ယားယံမှုဝေဒနာ သက်သာစေဖို့ စိုစွတ်အောင် ထားပါ။ နံနက်ခင်းမှာ လည်ချောင်းနာဝေဒနာက ပိုဆိုးတာကို သတိထားမိပါသလား။ တစ်ညလုံး အရည်သောက်သုံးမှုနည်းတဲ့ အတွက် လည်ချောင်းခြောက်ပြီး နာကျင်နေလို့ ဖြစ်ရတာပါ။ အရည် များများသောက်ပေးဖို့ အရေးကြီးပါတယ်။

ငုံဆေး ငုံပါ

ငုံဆေး (lozenges) ဒါမှမဟုတ် သကြားမပါတဲ့ သကြားလုံး အမာကို ဝါးတာကြောင့် တံတွေးထွက်နှုန်းကို လှုံ့ဆော်ပေးနိုင်ပြီး လည်ချောင်းကို စိုစွတ်စေပါတယ်။

အကိုက်အခဲ ပျောက်ဆေးသောက်ပါ

လည်ချောင်းနာပြီး တစ်ကိုယ်လုံး ကိုက်ခဲနေရင် ပါရာစီ တမော၊ အိုင်ဗျူပရိုဖန်တို့လို အကိုက်အခဲပျောက်ဆေးကို သောက် ပါ။ ဒါပေမဲ့ ကလေးငယ်တွေကို အက်စ်ပရင် မတိုက်ပါနဲ့။

လည်ချောင်းနာချိန် ကြာလျှင် ဆရာဝန်နှင့်ပြပါ

လည်ချောင်းနာတဲ့ ဝေဒနာက အလွန်ဆိုးရွားနေရင် ဒါမှမ ဟုတ် ရက်အနည်းငယ်ကြာတဲ့အထိ မပျောက်ရင်၊ အဖျားကြီးတာ နဲ့ တွဲဖြစ်ရင် ဘက်တီးရီးယား ပိုးဝင်တာကြောင့် ဖြစ်နိုင်တဲ့အတွက် ပဋိဇီဝပိုးသတ်ဆေးကို မှီဝဲဖို့ လိုအပ်နေပါပြီ။ ဒီအခြေအနေမှာ ဆရာဝန်နဲ့ ပြပါ။

လည်ချောင်းနာ သက်သာစေရန်

- သံပရာရည် ခတ်ထားတဲ့ ရေနွေးကြမ်း ပူပူတစ်ခွက် ဒါမှမဟုတ် စွပ်ပြုတ်ပူပူကို သောက်ပါ။

- ငုံဆေးငုံပြီး လည်ချောင်းစိုစွတ်အောင် လုပ်ဆောင်ပါ။

- အိပ်ရေးဝ၀အိပ်ပါ။

- အိပ်နေစဉ် အခန်းထဲမှာ လေထုစိုထိုင်းဆ များစေတဲ့ စက်ကို တပ်ဆင်ထားပါ။ လေထုကို စိုစွတ်စေပြီး လည်ချောင်းနာ သက် သာစေပါတယ်။

By Good Health

Related Posts Plugin for WordPress, Blogger...