Saturday, August 31, 2013

မလေးရှားမှာ မြန်မာ ၅ဝ ကျော် ဖမ်းဆီးခံရ


မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေကို စီမံချက်နဲ့ဖမ်းဆီးတဲ့ အစီအစဉ်သစ်ကို မနက်ဖြန်မှာ စတင်မယ်လို့ ကြေညာထားပေမယ့် ဒီကနေ့မွန်းလွဲပိုင်းက ပီနန်းမြို့မှာ ဖမ်ဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၅ဝ ကျော် အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

မနက်ဖြန်စတင်မယ့် အော်ပရာစီလို့ လူသိများတဲ့ အဲဒစီမံချက်မှာ တရားဝင်စာရွက်စာတန်းမရှိသူတွေ ပြေးစရာမြေမရှိလို့ ကြေညာထားပြီး၊ ရဲ၊ လူဝင်မူကြီးကြပ်ရေး၊ ပြည်သူ့စစ်စတဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးစစ်ဆေးမူတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီကနေ့ ပီနန်းမြို့မှာ လူစည်ကားတဲ့ဈေးအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပီနန်းမြို့က ကိုဘိုမြက ခုလိုပြောပါတယ်။

“အခုပီနန်းမှာ လူစည်ကားတဲ့နေရာ ဘူကစ်မာတာဂျန်မှာ တော်တော်ဆွဲသွားတယ်၊ လူကခန့်မှန်း လော်လီ နှစ်စီးဆို ၈ဝ လောက်ပါသွားတယ်၊ ခန့်မှန်း ဗမာက ၅ဝ လောက်ပါမယ်ထင်တယ်၊ ဗမာက အများစုဖြစ်နေတယ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားပါမယ်၊ တရားမဝင်နေတဲ့သူအများစုက ဗမာနဲ့ အင်ဒိုနီးရှားကပိုများတယ်”

အဖမ်းခံရသူ မြန်မာတွေထဲမှာ အများစုဟာ တရားဝင်စာရွက်စာတန်းမရှိသူတွေဖြစ်ပြီး ၁ဝ ဦးလောက်ကတော့ အထောက်အထား စာရွက်စာတမ်းရှိပေမယ့်၊ ပါမလာသူတွေဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ စီမံချက်နဲ့ ဖမ်းဆီးမှုတွေမှာ တရားမဝင်နေထိုင်သူတွေများတဲ့ နေအိမ်၊ ရပ်ကွက်တွေကို အဓိကထားပြီး ညပိုင်းတွေမှာ ဝင်ရောက်ဖမ်းဆီးလေ့ရှိပေမယ့် ခုလိုဈေးအတွင်း ဝင်ရောက်ဖမ်းဆီးတာမျိုးတော့သိပ်မတွေ့ရဘူးလို့ ပီနန်းမှာနေထိုင်တဲ့ မြန်မာတွေက ပြောပါတယ်။ အလားတူဖမ်းဆီးမှုတွေကို ကွာလာလမ်ပူမြို့ မြန်မာစားသောက်ဆိုင်တစ်ဝိုက်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။

ဗိုက်ခေါက်ထူ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်


မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေးဘဲ ဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ...

သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ရက် အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေး ရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာ ၀င်ခါနီးတိုင်း...... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ....

(ယခုမိတ်ဆွေ.. ၃/၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး... ကျေးဇူး တင်ကြောင်း... ထောက်ခံချက် ပေးလာသောကြောင့်... သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်)

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ် စေပါတယ်...

တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်...

Cre-myawady

ဒါလေးကတော့ ညီ/ညီမငယ်တွေအတွက်ပါ သိထားသင့်တယ်


Tuesday, August 20, 2013

လက်ရှိ ကျနော့ပတ်ဝန်းကျင်မှာ အွန်လိုင်းကနေ တွေ့ပြီး အပြင်မှာ တကယ် ညားသွား ကြတဲ့ အတွဲတွေ လက်ချိုးရေလို့ မရအောင် များပြားနေပါပြီ။
မြန်မာပြည်လည်း နောက်ဆိုရင် ဖွံ့ဖြိုးပြီး တိုင်းပြည်တွေလို ဖြစ်လာမလား စဉ်းစားစရာတွေ အင်မတန် များလာ ပါတယ်။ အချို့ က ပြောပါတယ်။ အွန်လိုင်းမှာတွေ့တာ မယုံကြနဲ့။ အားလုံးက အလိမ်အညာတွေ။ အညာခံသွားရ လိမ့်မယ်။ အစရှိသဖြင့်ပေါ့။ ကျနော်လည်း အစက အဲ့လိုပဲ အဆိုးမြင့်တဲ့ ဘက်မှာ ပါခဲ့ ဖူးပါတယ်။ ခုတော့ ပြောင်းလဲသွား ပါပြီ။ ခေတ်ကြီးက ပြောင်းလဲနေတာလေ။ အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ မချိန်းပါနဲ့လို့ ကလေးတွေကိုလည်း သွားတားလို့ မရဘူးလေ။ ခက်တာက ကလေးတွေတင် မကပဲ လူလတ်ပိုင်း၊ လူကြီးတွေအတွက်ထိပါ Online Dating က အရေးပါလာပါတယ်။ ဒီတော့ မြန်မာပြည်မှာ အွန်လိုင်းကနေတွေ့ပြီး အပြင်မှာ ချိန်းတွေတာကို သာမန် Dating တစ်ခုလို့ပဲ မြင်မိပါတော့တယ်။

သို့ပေမယ့် ဆင်ခြင်ရမယ့် အပိုင်းတွေ အများကြီး ရှိပါတယ်။ မတွေ့ခင်ကတည်းက တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ အပြန်လှန်မေးထားဖို့ လိုပါတယ်။ အွန်လိုင်း မှာကတည်းက ပြောဆိုဆက် ဆံတာ အဆင်မပြေရင် အပြင်မှာ တွေ့ဖို့ဆိုတာ ဝေလာဝေးလေ။ ဒီတော့ အွန်လိုင်း မှာကတည်းက တစ်ယောက်နဲ့ တစ်ယောက် စကားပြော ပြေပြစ်မှု ရှိမရှိကို အရင်သုံးသပ်ရပါမယ်။

Chatting တွင် စကားပြောပါ

Chatting မှာ စကားပြောတာတော့ သင်ပေးစရာမလိုဘူးလေ။ လူတိုင်းပြောတတ်နေတာပဲ။ တစ်ယောက် နဲ့ တစ်ယောက် ပြောပုံဆို ပုံ၊ ပြုမှုဆက်ဆံပုံက မတူတော့ ဘယ်လိုပြေပါ။ ဘာညတော့ ပြောလို့မရ ပါဘူး။ သို့ပေမယ့် ပြောဆိုမှုထဲမှာ အမည်၊ အသက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လက်ရှိနေရပ်၊ အိမ်ထောင် ရေး အရှုပ်အရှင်း၊ အချစ်ရေး အရှုပ်အရှင်း ရှိမရှိ အစရှိတဲ့ အရေးကြီး အချက်များကို မေးမြန်းဖို့လို ပါတယ်။ မေးမြန်း ပြောဆိုချက်များအရ Single ဖြစ်မယ်။ အရှုပ်အရှင်းကင်းမယ်ဆိုရင် Chatting level မှာ အောင်မြင်ပါပြီ။

Profile စစ်ဆေးပါ

နောက်တစ်ဆင့်ကတော့ Profile စစ်ဆေးတဲ့ အဆင့်ပါ။ ဒီခေတ်က Facebook ခေတ်လေ။ Facebook ဝင်ကြည့်ရင် အကုန်သိတယ်။ Timeline ကို ဒီနေ့ကစလို့ အကောင့်စဖွင့်တဲ့နေ့အထိ တောက်လျှောက်စစ်ဆေး။ Info မှာ သူ့ရဲ့  အလုပ်အကိုင်၊ ပညာအရည်အချင်း တွေကို ပြောထားတဲ့ အတိုင်းထည့်ထားလား၊ သို့မဟုတ် ဘာမထည့်ထားဘူးလား။ ထည့်ထားတာ နဲ့ ပြောတာနဲ့  လွဲနေလား အားလုံး စစ်ဆေးဖို့ လိုပါတယ်။ Chatting နဲ့ Profile Check နှစ်ခုလုံးက Virtual world မှာပါ။ ဒီနှစ်ဆင့်လုံး မှာ ပြောစရာမရှိအောင် အပြစ်ကင်းနေရင် နောက်တစ်ဆင့် အနေနဲ့ Real World ကိုတက်နိုင်ပါပြီ။

ဖုန်းပြောပါ

အွန်လိုင်းမှာ စကားပြောလို့က အဆင်ပြေသွားပြီ စိုပါဆို့။ နောက်တစ်ဆင့်က ဖုန်းဆက်တာပေါ့။ လူကို ဓာတ်ပုံထဲမှာသာ မြင်ဖူးပြီး စကားအပြောအဆို ဘယ်လိုရှိမယ်ဆိုတာ မသိဘူးလေ။ ဒီတော့ ဒုတိယ အဆင့် လုပ်ရမှာပါ။ အွန်လိုင်းမှာ သိထားတဲ့ အချက်အလက်၊ Chat ထဲက ပြောဆိုမှု နဲ့ အပြင်မှာ တကယ် ဖုန်းပြော ရတာနဲ့က ကွဲနိုင်ပါတယ်။ အသံနေအထားကို မူတည်ပြီးတော့ ဒီလူ လိမ်နေတာလား၊ အတည်လား ဆိုတာကို အခြေခံအားဖြင့် လူကဲခတ်လေးတော့ တတ်ဖို့လိုပါမယ်။ ဒါလည်း အားလုံး သိမှာပါ။ ဖုန်းဆက်လို့ အဆင်ပြေသွားပြီဆိုရင် နောက်တစ်ဆင့် ကတော့ တွေ့ဆုံရန် ချိန်းဆိုခြင်း ဖြစ်ပါတယ်။

အပြင်မှာ တွေ့ပါ

အွန်လိုင်းမှာကတော့ ပြောလို့အဆင်ပြေနေပါပြီ။ အပြင်မှာတွေ့ဖို့ ချိန်းကြတော့မယ်ဆိုပါစို့။ Public Place တွေကိုပဲ ရွေးရမှာပါ။ သတိထားရမှာတစ်ခုက မိမိရဲ့ နေရပ်လိပ်စာအနီးအနားကို မခေါ်မိစေဖို့ပါပဲ။ ဒါက အမျိုးသမီးများရဲ့ Personal Safety အတွက် စိုးရိမ်ရနိုင်ပါတယ်။ ဒါကြောင့် လူမြင်ကွင်း၊ လူသိများ စားသောက် ဆိုင်တို့ အအေးဆိုင် တို့လို နေရာမှာ ချိန်းရမှာ ဖြစ်ပါတယ်။

စောင့်ကြည့်စစ်ဆေးပါ

အပြင်မှာတွေ့တဲ့အခါလည်း ပြောဆိုဆက်ဆံရတာ အဆင်ပြေတယ်။ ဓာတ်ပုံတွေလည်း အင်တနက် ပေါ်က အတိုင်းပဲ ဆိုပါစို့။ ဒါနဲ့ပဲ အဆင်ပြေပြီလို့ မမှတ်လိုက်ပါနဲ့။ ပထမဆုံး တွေ့ဆုံမှုက ဖူးစာရှင်လို့ မှတ်ယူရင် မှားသွား နိုင်ပါတယ်။ ပထမဆုံး တွေ့ဆုံမှုက ရှေးရေ စက်ကြောင့်မို့ တွေ့ရတယ်လို့ မှတ်ယူပြီး နောက်ပိုင်း အကြိမ်ကြိမ် အခါခါတွေ့ဖို့လိုပါမယ်။ ဒါကျတော့ Real World မှာလေ။ Real World မှာ ကောင်လေး တစ်ယောက် အနေနဲ့၊ ကောင်မလေး တစ်ယောက်နဲ့ တစ်ခါတွေ့ပြီးရင်၊ ဖုန်းနံပါတ်တွေလည်း ရှိသွားပြီ ဆိုရင် ဘယ်လို စစ်ဆေး၊အကဲခတ်၊ လေ့လာရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ခုက လူငယ်တွေတောင် မဟုတ်တော့ ပါဘူး။ လူကြီးတွေအတွက်လည်း၊ အလုပ်များတာကြောင့် Romantic ဆန်ဖို့အတွက် အချိန် မပေးနိုင်သူ များက အွန်လိုင်းကတော့ ဘဝလက်တွဲဖော်များ တွေ့လေမလားလို့ ရှာလာ တတ်ကြပါတယ်။

အနှစ်ချုပ်

အချို့ တွေများ အမှန်အကန်နဲ့တွေ့သွားတာ ရှိပေမယ့် အချို့ အညာမိသွားတဲ့ ဇာတ်လမ်းတွေလည်း အများကြီးမှ အများကြီးပါ။ အိမ်ထောင်ရှိလျက်နဲ့ အပျို၊လူပျို ဇာတ်ခင်းပြီး ကွဲကွဲပြဲပြဲ ဖြစ်သွားတဲ့ အချစ်ဇာတ်လမ်း တွေ လည်း မြင်တွေ့နေရပါတယ်။ သူတို့ အဓိက လွဲသွားတဲ့ အဆင့်ကတော့
စောင့်ကြည့် စစ်ဆေးတဲ့ အချိန်ကာလမှာပါ။ အွန်လိုင်း မှာတွေ့ပြီး အပြင်မှာတွေ့တာက တစ်လတောင် မရှိသေးဘူး။ အိမ်ထောင်ပြု လိုက် တာမျိုးကျ လွန်တယ်လေ။ Online Dating လုပ်တယ်ဆိုတာက ရည်းစားဖြစ်ကြပါ၊ အိမ်ထောင်ပြကြပါဆိုတာမျိုး မဟုတ်ပါဘူး။ အပြင် မှာ တွေ့ဆုံပြီး ကိုယ်နဲ့ မိတ်ဆွေဖြစ်ဖို့ သင့်မသင့် စတင် စစ်ဆေးတဲ့ Stage မှာပဲ ရှိပါသေးတယ်။ အွန်လိုင်းမှာတုန်းက ပြောထားတဲ့ အချက်တွေ အားလုံးက ဟုတ်နေပြီ။ အပြင်မှာ ရုပ်လေး တွေ့ပြီး ဆုံးဖြတ်လို့ရ ပြီးရော ဆိုရင်တော့ ဒုက္ခရောက်သွား နိုင်ပါတယ်။ အလုပ်အရမ်းများပြီး ဘဝအတွက် လက်တွဲဖော် ရှာဖို့ အချိန်ပေးနိုင်သူများအတွက် ရည်ရွယ်ပါတယ်။
.
အောင်ခမ်း (TSJ team)

အပျို့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ဘယ်လိုကွာခြားလဲ


တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါး ထဲမှာ အပျိုဆိုတဲ့ ကောင်မလေး တစ်ယောက်က ဆေးခန်းလာပြတာ ကလေး ပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှု ရှိလို့လဲ။ အဲဒါလေး သိချင်ပါတယ် ဆရာ။
ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ မသိဘူးနော်။ ကလေးပျက်ပါတယ်ဆိုမှ အပျိုမဟုတ်တော့တာ သေချာနေပြီပဲဟာ…)
ထားပါတော့လေ… မေးခွန်းကို ဖြေရရင်တော့ ကလေးပျက်ကျတာလို့ ဆိုထားတဲ့အတွက် ကိုယ်ဝန်ဆောင် မိန်းကလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သဘာဝတရားက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သားကို ပြုပြင်ပါတော့တယ်။ သည်အခါမှာ ရင်သားဟာ မူလကထက်လည်း ကြီးထွားလာပါတယ်။ အလေးချိန်အားဖြင့် တစ်ဖက်ကို တစ်ပေါင် နှုန်းလောက်အထိတောင် ကြီးထွားလာနိုင်တယ်လို့ အဆိုရှိတယ်။ တချို့အမျိုးသမီးတွေမှာ အဲသလို ရင်သား ကြီးထွားလာလို့ ရင်သားမှာ အကြောပြတ်သလို အရာမျိုးတွေ ရှိလာတတ်တယ်။ (အပျိုပေမယ့် ၀လွန်း၊ ရင်သား ထွားလွန်းရင်လည်း အလားတူပဲ အကြောပြတ်တတ်တာကို သတိချပ်ကြစေလိုပါတယ်။)
ဒါ့အပြင် ရင်သားများဆီကို သွေးပို့လွှတ်မှုကလည်း တိုးပွားလာတဲ့အတွက် ရင်သားပေါ်က သွေးကြောတွေရဲ့ အရောင် ပိုရင့်လာသလို မြင်လည်း ပိုမြင်သာလာပါတယ်။ ဒါ့အပြင် နို့သီးခေါင်း အောက်ခြေက အမည်းဝိုင်းကလည်း အရောင် ပိုရင့်ပြီး နက်မှောင်လာပါတယ်။ ကလေးအနေနဲ့ မအေ့နို့သီးခေါင်းကို အလွယ်တကူ တွေ့နိုင်အောင် သဘာဝတရားက ဖန်တီးလိုက်တာပါ။
ကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ ခပ်ပျစ်ပျစ်နဲ့ အ၀ါရောင်သမ်းတဲ့ နို့ဦးရည် စထွက်လာတတ်ပါတယ်။ အများကြီး မဟုတ်တဲ့အတွက် တချို့ဆို သတိတောင် မထားမိဘူး။ တချို့ကျတော့လည်း အရည်အနေနဲ့ သတိထားမိတာ ရှိသလို တချို့ကျတော့လည်း နို့သီးခေါင်းမှာ ခြောက်နေတဲ့ အဖတ် အဖတ်လေးတွေ အဖြစ် တွေ့ရတတ်တယ်။
အဲဒါတွေဟာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားမှန်း သိသာစေတဲ့ အပြောင်းအလဲပါပဲ။ အဲတော့ အပျို့ရင်သားနဲ့ ကိုယ်ဝန်ဆောင့်ရင်သား ကွဲပြားမှုမှာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားက တအား တင်းနေမယ်၊ ထွားနေမယ်၊ အကြောတွေကို သိသိသာသာ ထင်းထင်းကြီး မြင်နေရမယ်၊ နို့သီးခေါင်းနဲ့ အောက်ခြေအမဲဝိုင်းတို့လည်း တအား နက်မှောင်နေမယ်ဆိုတာလောက်ပဲ မျက်စိနဲ့ ကြည့်ပြီး ပြောနိုင်ပါတယ်။
အိမ်ထောင်သည့်ရင်သားကတော့ တကယ်လို့သာ ကလေး မမွေးဖူးသူ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက် မွမ်းမံ ထိန်းသိမ်းတတ်သူမျိုးဆိုရင် အပျို့ရင်သားနဲ့ ဘာမှ သိသိသာသာ မကွဲပြားပါဘူး။ ကလေးအမေ ရင်သားဖြစ်ဦးတောင်မှ ကလေးကို နို့ခွဲပြီးချိန်ကစပြီး သူ့ရင်သား အလှအပကို မွမ်းမံ ထိန်းသိမ်းသွားမယ်ဆိုရင်လည်း အပျိုနဲ့ မခြားနိုင်တဲ့ ရင်သားမျိုးကို ပြန်ရနိုင်ပါတယ်။ (အခုခေတ်မှာ အဲသလို ရင်သားကို ပြုပြင်နိုင်တဲ့ အလှကုန်ပေါင်းစုံ ပေါ်ထွန်းလို့ နေပါပြီ။ ခွဲစိတ် ကုသနည်းနဲ့ ရင်သားအလှကို ထိန်းသိမ်းကြတာမျိုးလည်း ရှိနေပါတယ်။ ဘာအလှကုန်တွေလဲ၊ ဘယ်မှာ သွားခွဲရမှာလဲတွေတော့ ဆက်မမေးကြပါနဲ့တော့ဗျာ၊ ကိုယ့်ဘာသာ ကိုယ်သာ စုံစမ်းယူကြပါတော့။ မေးလည်း မဖြေဘူးလို့ အခုကတည်းက တစ်ခါတည်း ပြောထားလိုက်မယ်နော်…)
အသက်ကလေး ရလာရင်တော့ ရင်သားက ပျော့လာတယ်၊ အိတွဲလာပါတယ်။ သွေးဆုံးချိန်မှာတော့ ရင်သားက တဖြည်းဖြည်းနဲ့ ပြန်ကျုံ့သွားတတ်ပါတယ်။ ယောက်ျားရင်ဘတ်လို လုံးလုံးကြီး ပြားချပ်ချပ်တော့ ဖြစ်မသွားပေမယ့် ငယ်တုန်းကထက် အများကြီး ကျုံ့သွားတာတော့ အမှန်ပါပဲ။
သည်လောက်ဆိုရင် အပျို၊ အိမ်ထောင်သည်နဲ့ ကလေးအမေတို့ကြားက ရင်သားများ ခြားနားပုံကို သိချင်သူများ စိတ်အထာကျလောက်ပြီထင်ပါတယ်။

သေမင်းနဲ့လွန်ဆွဲပြီးသားသမီး


သေမင်းနဲ့လွန်ဆွဲပြီးသားသမီး
တွေကိုမွေးပေးခဲ့တဲ့ အမေ...

ငါ့သားလေးထမင်းဝါးလို့နိုင်ပြီ
ငါ့သားလေးတီတီတာတာပြော
တတ်နေပြီ ငါ့သားလေးလမ်း
လျှောက်တတ်နေပြီလို့အရိပ်
တစ်ကြည့်ကြည့်နဲ့စောင့်
လျှောက်လာခဲ့တဲ့ အမေ...

သူများနဲ့တန်တူဖြစ်အောင်ပင်
ပန်းဆင်ရဲစွာနဲ့ကျောင်းထားပေး
ခဲ့တဲ့အမေ...

လိုချင်တဲ့အရာဆိုနှစ်ခွန်းမပြော
ရဘူး အတတ်နိုင်ဆုံးဖြည့်ဆည်း
ပေးခဲ့တဲ့ အမေ...

စားစရာရှိတဲ့အခါသားသမီးတွေ
ကိုပဲအရင်ကျွေးတတ်ပြီး အမြဲ
တမ်းလိမ်တတ်တဲ့ အမေ...
"အမေ မဆာပါဘူးသားရယ်
သားတို့သမီးတို့ပဲစား"တဲ့...

အမေထမင်းခွံ့ကျွေးခဲ့တဲ့ဒီပါးစပ်
နဲ့ပဲအလိုမကျတဲ့အခါပြန်အော်ဖူး
ခဲ့တာတွေအခုလိုအချိန်မှာနောင်
တ တွေနဲ့ပါ အမေ...

အမေကျန်းမာပါစေ အမေသက်
တော်ရာကျော်ရှည်ပါစေ အမေ..





Phoe Phyu

မန္တလေးမြို့၊ ကျုံးဘေး ၀ိုင်းဖမ်းခဲ့သည့် ဓါးဖြင့် လိုက်ခုတ်သူမှာ စိတ်ဝေဒနာရှင် (ရူး)နေသူဖြစ်


30.8.2013ညအချိန်(၈း၀၀)ခန့်တွင် ဖြစ်ပွားသော မောင်စိုင်းကို(သို့)အုံးကြီးသည် အမှန်တကယ်စိတ်ဝေဒနာရှင်ဖြစ်ပြီး၊ ရူးနေသူဖြစ်ပါသည်။

သူ့သမိုင်းသည် အမေမှာကျောင်းဆရာမ(အလယ်တန်းပြ)၊ အဖေဖြစ်သူသည် ဆွာမြို့သားဖြစ်သည်။ အမေဖြစ်သူနှင့် အဖေအိမ်ထောင် ပျက်ပြီး၊ ကလေးနှစ်ဦးဆီ အဖေ၊အမေတို့ခေါ်သွားကြပါသည်။

မောင်စိုင်းကို(သို့)အုံးကြီးသည် အဖေဖြစ်သူနှင့် လိုက်သွားပါသည်။ အမေဖြစ်သူသည်လည်း အိမ်ထောင်ပျက်ပြီး စိတ်ဝေဒနာရောဂါဖြင့် ကွယ်လွန်သွားပါသည်။

အဖေဖြစ်သူမှာလည်းနောက်အိမ်ထောင်ပြုသွားရာ မောင်စိုင်းကိုသည် အဖိုးဖြစ်သူနှင့် ဆွာမြို့တွင် နေထိုင်နေသည်မှာ 25နှစ် လောက်ရှိပြီဖြစ်ရာ အဖိုးဖြစ်သူနှင့်လည်း မတည့်သဖြင့် ဆွာတွင်မနေဘဲ အိမ်ထောင်ရေးပျက် ခဲ့သော မိဘများအတွက် စိတ်မကောင်းဖြစ်ကာ ရူးသွပ်သွားခဲ့ပါသည်။

အဖိုးဖြစ်သူမှာလည်း သေဆုံးပြီဟု ကြားသိရပါသည်။ သူ၏ အမေဘက်မှ အဖွားဖြစ်သူ မန်းတလေးဇာတိသို့ ရောက်လာခဲ့ပါသည်။အဖွားဖြစ်သူမှာအသက်80 ရှိပါသည်။ အဖွားဖြစ်သူသည် ကျွေးထားပါသော်လည်း အိမ်တွင်မနေဘဲ လျှောက်သွားနေပါသည်။

ပတ်ဝန်းကျင်မှလည်း မောင်စိုင်းကိုသည် အမှန်တကယ် စိတ်မကောင်းသူဖြစ်ကြောင်း သိထားပါသည်။ ဖြစ်စဉ်မှာ သူ့အား ၀ိုင်းရိုက်မည်ဆိုးသဖြင့် ထွက်ပြေးရာ သူ့တွင် ပါလာသော ဓားနှင့် ရဲများကို ပြန်လည်ခုခံပါသည်။

ရဲဝန်ထမ်းများအရောက်80လောက်ဝိုင်းဖမ်း၊ရိုက်သော်လည်းသူထွက်ပြေးပါသည်။ နောက်ဆုံးတွင် သူ့အားဝိုင်းရိုက်ပြီး သေလုမျှောပါးဖြစ်နေပါသည်။

စိတ်ဝေဒနာရှင်အား ၀ိုင်းရိုက်သည်မှာ စိတ်ကောင်းသော ပြည်သူလူထုကို
မည်သို့နေထိုင်ပါမည်နည်း။ အမှန်ကို သိအောင်တင်ပြပါသည်။

Posted From Min Yenaung

ရုရှားသမ္မတ အမေရိကန်ကို စိန်ခေါ်


ဆီးရီးယား အစိုးရ ကနေ ဓာတု လက်နက်တွေ အသုံးပြုခဲ့တယ် ဆိုတဲ့ အမေရိကန် တို့ရဲ့ ပြောကြားချက်ဟာ လုံးဝ အဓိပ္ပါယ် မရှိဘူး ဆိုပြီး၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပယ်ချလိုက်ပါတယ်။

ဝါရှင်တန်အနေနဲ့ အထောက်အထားရှိတယ် ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ဖို့ မစ္စတာပူတင်က စိန်ခေါ်လိုက်ပါတယ်။

နယူယော့ခ် တိုင်းမ် သတင်းစာ ဝက်ဆိုက်နဲ့ တွစ်တွာ အင်တာနက် လူမှု ကွန်ယက် ဆိုက်တွေကို မကြာသေးခင်က ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ဆီးရီးယား အီလက်ထရောနစ် တပ်မတော် ဆိုတဲ့ SEA ဟက်ကာ အုပ်စု ကနေ နောက်ထပ် အံ့သြ စရာတွေ အများကြီး ထပ်လာဦးမယ်ဆိုပြီး၊ မီဒီယာ ကုပ္မဏီတွေကို သတိပေးလိုက်ပြန်ပါပြီ။

ဆီးရီးယားကို စစ်ရေးအရ ဝင်ရောက်မှာကို ဗြီတိန်ပါလီမန် ကနေ ကန့်ကွက်မဲနဲ့ ပယ်ချ လိုက်တာဟာ မှန်ကန်တယ်လို့ အဲဒီ SEA ဟက်ကာ အုပ်စု ကနေ ဘီဘီစီနဲ့ အီးမေး ကနေ တဆင့် မေးမြန်းခန်း မှာ ပြောကြားသွားခဲ့ ပါတယ်။

BBC Burmese

ရန်ကုန်လေဆိပ်နှင့် မြို့တွင်း အငှားကား ၀န်ဆောင်မှု အမေရိကန် ကုမ္ပဏီ စတင်မည်


ရန်ကုန်- ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ မြို့တွင်းသို့ပုံ မှန်ပြေးဆွဲပေးမည့် အငှားကားဝန်ဆောင်မှုလုပ်ငန်းကို အမေရိကန်လုပ်ငန်းရှင်တစ်ဦးက စက်တင်ဘာ ၁ ရက်တွင်စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“လေယာဉ်တစ်စီးဆိုက်တိုင်း တစ်ခေါက်ထွက်မယ်။ လူနှစ်ယောက်၊ သုံးယောက်နဲ့လည်း ထွက်ပေးမယ်။ နိုင်ငံခြားသားကို ငါးဒေါ်လာ။ Local (နိုင်ငံသား)ကို ကျပ်၃"၅၀၀ သတ်မှတ်ထားတယ်”ဟု Yangon Ariport Shuttle ကုမ္ပဏီအကြီးအကဲ ဦးကျော်ကျော်က ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆူးလေနှင့်ပန်းဆိုး တန်းအထိပြေးဆွဲပေးမည်ဖြစ်ပြီး နိုင်ငံခြားသားများအတွက် ဟိုတယ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ကာ ပြည်တွင်းခရီးသွားများအတွက်မူ လေဆိပ်မှအင်းစိန်လမ်း၊ အင်းလျားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်ရှိ အနီးဆုံးနေရာများတွင် ချထားပေးမည်ဟု ဦးကျော်ကျော်ကပြောသည်။

“နိုင်ငံအတွက်ကောင်းတဲ့ လက္ခဏာပဲလေ။ ခရီးသွားလုပ်ငန်းကောင်းလာရင် ဒါမျိုးဝန်ဆောင်မှုတွေက ၀င်လာမှာပဲ။ နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမယ်ဆိုရင် သုတေသနလုပ်ပြီးမှလုပ်တာ”ဟု Nature Dream ခရီးသွား ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာဒေါ်စပယ်အောင်က ပြောသည်။
Yangon Ariport Shuttle ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံစဉ်အဆို ပါလုပ်ငန်းနှင့်ပတ်သက်၍တင်ပြခဲ့၍ နိုင်ငံတော်သမ္မတနှင့်ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတို့က လာရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် Yangon Ariport Shuttle ကုမ္ပဏီသည် ၀ှီးချဲ ပါတင်ဆောင်နိုင်သောကားအပါအ၀င် ကားခြောက်စီးဖြင့်လုပ်ငန်း စတင်မည်ဖြစ်သည်ဟုဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

7Day News Journal

မိန်းကလေးတစ်ဦး ကားတိုက်ခံရပြီးလဲကျနေသည်ကို မကူညီပဲ မုဒိမ်းကျင့်သွားသည်ဟု သတင်းအမှားရေးသားဖော်ပြမှုအား ရှင်းလင်းမေတ္တာရပ်ခံခြင်း


ရန်ကုန်၊ သြဂုတ် ၃၁

Online မီဒီယာ အချို့တွင် ၂၉-၈-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့ နယ်၊ အမှတ် (၁) ရဲစခန်းသို့ အမည်မသိလူငယ်တစ်ဦး ရောက်ရှိလာကာ မိန်းကလေးငယ်တစ်ဦး
ကားတိုက်ခံရပြီး လမ်းဘေးတွင်လဲကျနေကြောင်း၊

ကားမှာတိုင်းရင်းသား ကျေးရွာ ဘက်သို့မောင်းနှင်ထွက်ပြေး သွားကြောင်း လာရောက်တိုင်တန်း သဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးက လမ်းကြောင်းပေါ်ရှိ ရဲစခန်း/ရဲကင်းများအား ပိတ်ဆို့ ရှာဖွေဖမ်းဆီးရန်ညွှန်ကြားခဲ့ပြီး အခင်းဖြစ်ရပ်သို့သွားရောက် စစ်ဆေးခဲ့ကြောင်း၊

ထိုသို့စစ်ဆေးရာရှုခင်းသာ အပန်းဖြေစခန်းအနီးတွင် သာကေတမြို့နယ်နေ မခင်ဝင်းမာ (၁၇)နှစ်အား ယာဂျိုစောင်း
ပေါက်ပြဲဒဏ်ရာရရှိပြီး ၀တ်လစ်စလစ်ဖြင့် သားမယားပြုကျင့်ခံထားရသည့် အနေအထားဖြင့် သတိလစ်နေသည်ကိုတွေ့ရှိရသဖြင့် တာဝန်သိရဲတပ်ဖွဲ့ဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်
ပေးခဲ့ကြောင်း၊

အခင်းဖြစ်ပွားရာနေရာမှ သက်သေခံပစ္စည်းများကို
ရှာဖွေစစ်ဆေးရာ ၂x၂ ပတ်လည်ပတ်စ်ပို့အရွယ်အစား ဓါတ်ပုံတစ်ပုံကို ရှာဖွေတွေ့ရှိ ခဲ့ပြီး သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းယူဆောင်
သွားခဲ့ကြောင်း၊

ထိုဓါတ်ပုံကို အများပြည်သူသိစေရန် ကြေညာစာသင်ပုန်းများ တွင် လိုက်လံကပ်ထားပြီးတွေ့ရှိပါက
အကြောင်းကြားပေးရန် သာကေတမြို့နယ်ရဲတပ်ဖွဲ့မှအများပြည်သူသို့ ညွှန်ကြားထားကြောင်းနှင့် သတင်းပေးရန်ဖုန်းနံပါတ်အဖြစ် သာကေတ အမှတ်(၁)၊ အမှတ်(၂) ရဲစခန်းများ၏ဖုန်းနံပါတ်များအား ထည့်သွင်း
ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်းနှင့် အလားတူဖြစ်စဉ်မျိုးလည်း
ဖြစ်ပွါးခဲ့ခြင်းမရှိသည့်အတွက် အများပြည်သူတို့ သတင်းအမှားများရရှိပြီး စိတ်ငြိုငြင်စေခြင်း၊ ရဲတပ်ဖွဲ့၏ Image ထိခိုက်ခြင်းများ ဖြစ်စေနိုင်သဖြင့် ဤကဲ့သို့မမှန်ကန်သည့်သတင်းများကို ရေးသားဖြန့်ဝေခြင်း
မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

Posted From Yangon Police

Facebook ရှိ ၀ါဒဖြန့်နေသော အကောင့်များ၏ အချက်အလက်များကို အစိုးရမှတောင်းဆိုတော့မည်

ဖေ့စ်ဘွတ်ခ်ပေါ်တွင် မဟုတ်မမှန်ဝါဒဖြန့်သူများနှင့် နိုင်ငံတော်နှင့် အစိုးရအပေါ် အကြည်ညိုပျက်အောင် လုပ်သော account များ၏ အချက်အလက်အချို့ကို ဖေ့စ်ဘွတ်ခ် ထံမှ တောင်းဆို သွားတော့မည်ဖြစ်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းမှသိရသည်။

 အမေရိကန် နိုင်ငံသားများနှင့် အခြားနိုင်ငံများမှသူများကို အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) က ထောက် လှမ်းရာ၌ ၎င်းတို့ ပူးပေါင်းပါဝင်ခဲ့သည့် အကြောင်းကို ဖေ့စ်ဘွတ်ခ်က ထုတ်ဖော် ပြောကြား လိုက်ပြီးနောက် ကမ္ဘာ့ထိပ်တန်း လူမှုကွန်ရက် ဖြစ်လာ သည့် ဖေ့စ်ဘွတ်ခ်မှာ အစိုးရအာဏာ ပိုင်များ ပစ်မှတ်ထားသည့် နေရာ တစ်ခု ဖြစ်လာသည်ကို တွေ့ရသည်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် အစိုးရများမှတောင်းဆိုသည့် အချက်အလက် အမျိုးအစား များနှင့်ပတ်သက်ပြီး အသေးစိတ်ဖော်ပြ ထားခြင်းမရှိသကဲ့သို့ မည်သည့်အချက် အလက် အမျိုးအစားမျိုးကို ကုမ္ပဏီက လွှဲပြောင်းပေးလိုက်ကြောင်းလည်း မပါ ရှိပေ။

"အချက်အလက် တောင်းဆိုမှုတွေ နဲ့ပတ်သက်လို့ တိကျတဲ့ အကြိမ်ရေနဲ့ အမျိုးအစားတွေ အပါအ၀င် ဒီထက်ပို အသေးစိတ်ဖော်ပြပေးနိုင်အောင် အမေ ရိကန်အစိုးရကို ဆက်ပြီးတောင်းဆို သွားမှာပါ" ဟု ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ပြောကြားခဲ့သည်။

တူရကီဝန်ကြီးချုပ် ရီဆက်ပ်တေရစ်ပ် အာဒိုဂန်က လူမှုကွန်ရက် မီဒီယာကို "လူ့အဖွဲ့အစည်းအတွက် အဆိုးဆုံး အန္တရာယ်" ဟု ပြောကြားခဲ့သည်။

 တူရကီအစိုးရက သုံးစွဲသူ ၁၇၀ ၏အချက်အလက်များကို သိရှိနိုင်ရန် ၉၆ ကြိမ်တောင်းဆိုခဲ့ပြီး ဖေ့စ်ဘွတ်ခ် က ယင်းတောင်းဆိုမှု၏ ၄၇ ရာခိုင်နှုန်း ကိုခွင့်ပြုခဲ့သည်။

အိန္ဒိယနိုင်ငံက သတင်းအချက် အလက် တောင်းဆိုရာ၌ ဒုတိယအများ ဆုံးနိုင်ငံဖြစ်ပြီး သုံးစွဲသူ ၄,၁၄၄ ဦး၏အချက်အလက်များကို သိရန် ၃,၂၄၅ ကြိမ် တောင်းဆိုခဲ့ရာ ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ခွင့်ပြုပေး ခဲ့သည်။ ဗြိတိန်အာဏာပိုင်များ၏ သုံးစွဲသူ ၂,၃၃၇ ဦး၏ အချက်အလက် အသေးစိတ် တောင်း ဆိုမှုတွင် ဖေ့စ်ဘွတ်ခ် က ၆၈ ရာခိုင်နှုန်း ကို ခွင့်ပြုခဲ့သည်။

နိုင်ငံတော် မတည်မငြိမ်ဖြစ်စေရန် မဟုတ်မမှန်ဝါဒဖြန့်လျှက်ရှိသည့် ခွန်ဒီးယမ်၊ မိုးဇေညိမ်း အစရှိသူတို့၏ အကောင့်များတွင် တင်ထားသည့် နိုင်ငံတော်သမ္မတအား စော်ကားထားသည့် ပုံများအားတွေ့ရစဉ်။






မြန်မာပြည်မှာ လူပျိုကြီး အပျိုကြီးတွေများလာပြီလော



မြန်မာနိုင်ငံ လူဦးရေ၏အ သက် (၁၅) နှစ်မှ (၄၉) နှစ် အတွင်း ရှိသူ အသက် အပိုင်းအခြား အ တွင်းမှ ထက်ဝက်ခန့်သည် အိမ် ထောင်မပြုကြဘဲ နေထိုင်လျက်ရှိ နေကြသည် ဆိုသည့် သတင်းထုတ် ပြန်ချက် တစ်ခုကို ကမ္ဘာ့လူဦးရေ နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ သည့် အခမ်းအနားဆီမှ ကြားလိုက် ရသည်။ ကျား၊ မ ရာခိုင်နှုန်း အ ချိုးအဆ အနေနှင့်မူ အဆိုပါအ သက်အပိုင်း အခြားရှိ လူဦးရေထဲ မှ ထက်ဝက်ခန့်၏ အမျိုးသမီး ၄၄ ရာခိုင်နှုန်းနှင့် အမျိုးသား ၄၇ ရာ ခိုင်နှုန်းတို့သည် အိမ်ထောင် မပြု ဘဲနေထိုင်ကြ သည်ဟုဆိုလေ၏။
သို့ဆိုသော်လည်း ထိုသို့အိမ် ထောင်မပြုကြသူတွေမှာ အမျိုး သမီးနှင့်အမျိုးသားတို့၏ သဘာဝ ဓမ္မတာအရ ကျား၊ မချစ်ကျွမ်းဝင်မှု များမရှိကြဟုဆိုခြင်းမဟုတ် ကြောင်း။ ထိုထုတ်ပြန်ချက်က ထပ် မံဖွင့်ဆိုထားပြန်သည်။ ထို သတင်း ကို အသေအချာစဉ်းစား မိသည့် အခါ ကောင်းသတင်းမဟုတ်။ အ နုတ်လက္ခဏာဆောင်သော သ တင်းသာဖြစ်လေဟုထင်သည်။ စင်စစ်လူသားတစ်ယောက် ဖြစ် လာသည်နှင့် အချိန်တန် အရွယ် ထောင်ပြုကြသည်ဆိုခြင်းမှာ သ ဘာဝလည်းဖြစ်၊ ဓမ္မတာလည်း ဖြစ်လေသည်။ ထိုသဘာဝ ဓမ္မတာ သည် သဘာဝဓမ္မတာ အတိုင်း ဖြစ် မလာဘဲနှင့် ဖောက်လှဲ ဖောက်ပြန် ဖြစ်လာပြီဆိုသည့်အခါ တစ်ခုခု အမှားအယွင်းတော့ဖြင့် ရှိနေပြီ ဖြစ်ကြောင်း သေချာလေသည်။
လွန်ခဲ့သည့် ခုနှစ်၊ ရှစ်နှစ် ခန့်တုန်းက သားသမီးအရင်းလို ခင်မင်နေသည့် ကလေးမလေး တစ်ယောက်ကမေးဖူးသည်။ " ဆရာအိမ်ထောင်ရေး တစ်ခုမှာ အချစ်နဲ့ ဓနငွေကြေး ဘယ်ဟာ ဟာပိုအရေးကြီးသလဲ"တဲ့။
သည်ကလေးမလေးက ကလေးမလေး ဆိုရသော်လည်း တစ်ဆယ်ကျော်ငါးနှစ်ပတ်လည် . . . တင့်တင့်တို့အရွယ်ဆိုသည့် သီချင်းလို မြီးကောင်ပေါက်စ အရွယ်မဟုတ်တော့။ မြန်မာစာ နှင့် မဟာဘွဲ့ယူထားပြီးသည့် အ သက် ၃၀ နားကပ်နေသည့် အရွယ်။ ပြောရလျှင် သည်အရွယ်မှ အမြီး မပေါက် ဘာမျောက်တဲ့လဲကွဲ့ ဆို သည့်အရွယ်။ သည်တော့ သူ့အိမ် ထောင်ရေးလမ်းခရီးအတွက် ဆုံး ဖြတ်ချက်တစ်ခုတော့ဖြင့် ချီတုံချ တုံဖြစ်နေကြောင်း သဘောပေါက် လိုက်မိသည်။
အမေးရှိပြီဆိုတော့ ဖြေမှ တော့ဖြစ်မည်။ သို့သော် ဖြေရမည် ကလည်းခက်ခက်။ ကိုယ့်ရှိရင်းစွဲ အတွေးအရတော့ဖြင့် အချစ်မပါ သည့်အိမ်ထောင်ရေးဆိုသည်ကို အနှစ်အသားမပါသည့် ဥခွံတစ် လုံးလို့သာ ထင်ထားမိသည်။ အ ချစ်မပါဘဲနှင့်တော့ဖြင့်လည်း အိမ်ထောင်တစ်ခု မတည်သင့်ဟု ကိုယ့်ဘာသာအယူအဆခိုင်မာ ထားခဲ့သည်။ သို့သော် ခုခေတ်က သည်လိုမဟုတ်နိုင်တော့တာလား ထင်သည်။ " တူနှစ်ကိုယ်တဲ အိုပျက် မှာ နေရ ချစ်တာပဓာန" သီချင်း က ဒိတ်ကုန်သွားခဲ့ပြီပဲထင်သည်။ သည်တော့ ချင့်ချင့်ချိန်ချိန်နှင့်ပင် ဖြေရသည်။
 ကိုယ့်ဘဝထဲက တစ်သက် လုံးစာအရေးအကြီးဆုံးဆေးမင် ရည်စုတ်ထိုးရတဲ့ အိမ်ထောင်ရေး ဆိုတာမှာလည်း အချစ်ကပဲ နံပါတ်တစ်ဖြစ်လာခဲ့တယ်ထင် ပါရဲ့။ ဒါကလည်း ကာလ သတ်မှတ် ချက်တော့ရှိနေသလားပဲ။ဆရာ တို့ခေတ်အခါတုန်းကနဲ့တော့ ဒီခေတ်က မတူနိုင်တော့ဘူးထင် ပါရဲ့။ လွန်ခဲ့တဲ့ နှစ်သုံးလေးငါး ဆယ် ဆရာတို့ခေတ်တုန်းကတော့ လစာနည်း ဝန်ထမ်းအဆင့်ဖြစ် တဲ့ လစာတစ်ရာနှစ်ဆယ့်ခြောက် ကျပ်ပဲရတဲ့ မူလတန်းပြဆရာ တစ်ယောက်က သူ့မိသားစုလေး ငါးယောက်ကို ထမင်းဝအောင် ကျွေးနိုင်ရုံမက ကျန်းမာရေး၊ ပညာရေးပါ လူတမ်းစေ့အောင် ထားနိုင်ခဲ့တာကိုးသမီးရယ်။
ဘဝတူ မူလတန်းပြဆရာနဲ့ဆရာမ မေတ္တာမျှလို့ အိမ်ထောင်ပြုကြ မယ်ဆို လစဉ် ရွှေငါးမူးသား လောက်ဝယ်စုနိုင်တယ်ဆိုတဲ့ ခေတ် လေကွာ။ ဒီတော့လည်း ဘဝက ခွင့်ပြုချက်အရကို အချစ်က နံပါတ် တစ်ဖြစ်နိုင်ခဲ့တယ်လို့လည်း ဆိုနိုင် ပါတယ်။ အခု သမီးတို့ ခေတ် ရောက်တော့ သမီးခုနက မေးတဲ့ မေးခွန်းမျိုးကို မေးရတော့မယ့် ခေတ်ကိုရောက်သွားခဲ့ပြီလို့ ဆရာ နားလည်ပါတယ်။ တစ်ခု အကြံ ပေးချင်တာကတော့ အချစ် ဆိုတာ နဲ့ ဥစ္စာဓနဆိုတာရဲ့ နှစ်ဖက်လုံး အစွန်းကိုမရောက်အောင် သတိ နဲ့ဆုံးဖြတ်ဖို့ပါပဲ။
ကျွန်တော့်အဖြေကြောင့် က လေးမလေးက မချိပြုံးပြုံးသည်။ လွန်ခဲ့သည့်နွေနှောင်းတုန်း ကတော့ မထင်မမှတ်နှင့်ပင် သည် ကလေးမလေးထံမှ မင်္ဂလာပွဲဖိတ် သည့် တယ်လီဖုန်းရသည်။ "ဆရာ က ကိုယ့်မိဘလိုပဲမို့ ဆက်ဆက် လာခဲ့ပါနော်"တဲ့။တစ် ဆက်တည်း ပြောသည်က "သူက သမီးထက် ရှစ်နှစ်တောင်ကြီး တယ်ဆရာရဲ့" တဲ့။ သူ့အသက်ပင် (၄၀) ဆိုသည့် အခါ သူတို့ဇနီးမောင်နှံအတွက် မျိုးဆက်ကို သူတို့ဘယ်လိုစဉ်းစား ထားကြသည်လဲ။ တကယ်က မိမိ၏မျိုးဆက်ဆိုသည်က မိမိ တို့၏ ပုဂ္ဂလိကအိမ်ထောင်တစ်ခု အတွက်သာမက လူ့ဘောင်တစ်ခု လုံးအတွက်လည်း လူသားမျိုး ဆက်၏ အခန်းကဏ္ဍမှာ အလွန် အရေးကြီးလှ၏။ လူသားမျိုးဆက် တည်တံ့ပြန့်ပွားရေးဆိုသည်က လူ သားတိုင်း၏တာဝန်ဖြစ်သည်ဟု ထင်သည်။ သို့ပါလျက် အိမ် ထောင်ပြုသူဦးရေနည်းပါးလာ ခြင်း(သို့မဟုတ်) အချိန်နှင့်အခါ နှင့် အိမ်ထောင်မပြုဖြစ်ကြခြင်းဆို သည်မှာ ဘယ်လိုပဲတွေးတွေး အပေါင်းလက္ခဏာတော့ဖြင့်မဖြစ် နိုင်ဟုတွေးမိ၏။
ယခုတော့ မြန်မာနိုင်ငံ အ တွင်းမှ အသက် (၁၅) နှစ်မှ (၄၉) နှစ် အတွင်းရှိသူ ကျား၊ မပေါင်း လူဦး ရေ၏ ထက်ဝက်ခန့်သည် သမုဒယ တွေ၊ အချစ်စိတ်တွေ၊ မေတ္တာတ ရားတွေ ကုန်ခန်းသွား ကြ၍လည်း မဟုတ်ပါဘဲ အဗြဟ္မစရိယာပုဒ်ကို စောင့်ထိန်းကာ အာသဝေါတွေ ကုန်ခန်းကြသဖြင့် နိဗ္ဗာန်ကူးလု ဆဲဆဲ တစ်မဂ်တစ်ဖိုလ်ဆိုက်ကြ မည့် အရိယာပုဂ္ဂိုလ်တွေလည်း မ ဟုတ်ကြပါဘဲလျက် အိမ်ထောင် မပြုကြဟုဆိုလေသည်။
သည်တော့ ဘာတွေဖြစ်လာ သနည်း။ ရှင်းသည်။ ၂၄ နာရီ အတွင်းစားရသည့် တားဆေးတွေ ရောင်းကောင်းသည်ဟု လမ်းဘေး ဆေးဆိုင်တွေကဆိုကြသည်။ တစ် လခံ၊ သုံးလခံဆေးတွေလည်းဆေး ခန်းများတွင် အတော်ထိုးပေးရ သည်။ နာရီပိုင်းနှင့်ငှားသည့် တည်းခိုခန်းတွေပေါလာသည်။ LI ဟု အတိုကောက် ခေါ်နေကြ သော တစ်ဦးအပေါ်တစ်ဦးအပြန် အလှန်တာဝန်ယူမှု မရှိသည့် တာ ဝန်ယူစရာလည်းမလိုသည့် Living Together ခေါ် လွတ်လပ်စွာ ဖိုမ ဆက်ဆံရေးမျိုးတွေ ခေတ်စား လာသည်။ လက်ထပ်ပွဲမင်္ဂလာဦး ညအထိ အမွန်တမြတ်ထိန်းသိမ်း စောင့်ရှောက်ထားလေ့ရှိကြသည့် ကျွန်ုပ်တို့ မြန်မာအမျိုးသမီးငယ် လေးတွေ၏ အပျိုဂုဏ်ဆိုတာတွေ လည်း ခုတော့ဖြင့် ဟင်းရွက်ကန် စွန်းထက် ဈေးပေါသွားကြပြီလား ထင်သည်။ ဟိုတစ်လောကဖေ့စ် ဘွတ်ခ်စာမျက်နှာမှာ အမျိုးသမီး လေးတစ်ယောက်က ရင်နင့်နင့် နှင့်ရေးထားသည့်သဘောထား စာစုလေး တစ်ပုဒ်ဖတ်လိုက်ရ သည်။ တက္ကသိုလ်ကျောင်းအမျိုး သမီးအိမ်သာတွေနားမှာ၊ပုဂ္ဂလိ က အမျိုးသမီးဆောင်တွေက ရေအိမ် အမှိုက်ခြင်းတွေထဲမှာ ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်သည့် ပစ္စည်းလေးတွေ တွေ့ç တွေ့နေရ တတ်သတဲ့။ ဗဟိုအမျိုးသမီးဆေး ရုံကြီးတွင် တက်ရောက် ကုသရင်း အသက်ပျက်စီး ဆုံးရှုံးရသည့် ဦး ရေထဲတွင် ကိုယ်ဝန်ဖျက်ချမှု ကြောင့်သေဆုံးရသည့်ဦးရေစာ ရင်းက ပိုများနေသည်တဲ့။
တွေးကြည့်သည့်အခါ သည် ကိစ္စတွေအားလုံးသည် အနုတ် လက္ခဏာတွေချည်းဖြစ်နေသည်။ သည်အနုတ်လက္ခဏာများ၏ လက်သည်တရားခံကိုရှာတော့ ဝေးဝေးလံလံမှာမဟုတ်။ ကျွန်ုပ် တို့နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရ သော ဝင်ငွေ၊ ထွက်ငွေမညီမျှမှု စီးပွားရေး ပြဿနာကြီးသာ ဖြစ်နေ လေတော့၏။
အိမ်ထောင်တစ်ခုကို လူနှင့် တူတူ သူနှင့်တန်တန် တင့်တောင့် တင့်တယ်ရှိအောင်လုပ်ဖို့ဆိုသည် က သည်ခေတ်ထဲမှာ လူငယ်လေး တွေအတွက် ဓားတောင်နှင့်မီးပင် လယ်ကိုဖြတ်ရဖို့ထက် ခက်ခဲသည့် ကိစ္စဖြစ်လာသည်။ သို့နှင့်ပင် တည် တည်တံ့တံ့ဖြင့် ခိုင်မာအောင် တည် ဆောက်ရမည့် အိမ်ထောင်တစ်ခု ထက် ပါးလွှာသည့် အထိမခံ ထိ လွယ်ရှလွယ်ဖိုမကိစ္စ ဘက်သို့သာ ပေါက်ထွက်သည့်အခါ အထက် တွင် ဖော်ပြခဲ့သည့် တလွဲလမ်း ကြောင်းများဆီသို့သာ ရေဦးလည် တော့၏။
ဒါက စဉ်းစားတတ်၊တွေးခေါ် တတ်သည့် ပညာတတ်လူလတ် တန်းစား အောက်လွှာမှ လူငယ် လေးများ အများစု၏ လက်ရှိ ဖြစ် ပေါ်နေသော ရေစီးကြောင်း ဖြစ် လေသည်။ သို့သော် သူတို့ ကဲ့သို့ မစဉ်းစားနိုင်ကြသူ၊ မစဉ်းစား တတ်ကြသူ ပညာမဲ့ အောက်ခြေ လူတန်းစားအလွှာမှ လူငယ်တွေ ကမူ ရိုးသားစွာဖြင့်ပင် သူတို့ ဘဝကိုသူတို့ ရှင်းရှင်းပြတ်ပြတ် ဆောင်ရွက်တတ်ကြလေသည်။ အနာဂတ်အတွက် ဘာအတွက်၊ သားသမီးရှေ့ရေး၊ ပညာရေး၊ ကျန်းမာရေး ဘာမျှ မစဉ်းစား။ စဉ်းစားနှိုင်းယှဉ်စရာလည်း သူ့ ပတ်ဝန်းကျင်မှာ အတူတူနှင့် အနူနူ ချည်းမို့ ချစ်တဲ့သူတွေ့လျှင်ဆို ဝမ်း တူးသရီးနှင့် ပြိုင်တူစိန် ခေါ်ရသည် ပင်ကြာသလားလို့ ထင်ကြသေး သည်။ ပျော်ပျော် ပါးပါးနှင့်ပင် ဘဝ ထဲ ပုဆိုးတန်းတင်လင်မယား အ ဖြစ် ခပ်မြန်မြန်နှင့်ခပ်ရဲရဲ လက်တွဲ ပစ်လိုက်ကြသည်။ မွေးလာသည့် ကလေးတွေကျတော့လည်း ပညာ တတ်ဖို့၊ မတတ်ဖို့ထက် မိရိုးဖလာ ကောက်စိုက်၊ ပျိုးနုတ်၊ လယ်သူရင်း ငှား ဘဝဖြင့်အရိုးထုတ်ကြပေရော့ ဆိုသည့် ဘဝတွေ ဖြစ်နေသည်။
အားလုံးကို ခြုံကြည့်လိုက် သောအခါ ထိုသို့သောလူတန်းစား မတူညီကြသည့် လူလတ်တန်းစား၊ လူလတ်တန်းစားအောက်လွှာနှင့် အခြေခံလူတန်းစားထဲမှ လူငယ် များ၏ အိမ်ထောင်ရေးအခြေအ နေများက အနာဂတ်အရုဏ်ဦး အပေါ် တိမ်မည်းတိမ်ပုပ်တို့ လွှမ်း မိုးနေသလားဟု ခံစားမိသည်။
မြန်မာ့လူဦးရေနှင့်ပတ်သက် ၍ ထုတ်ပြန်ထားသော စာရင်း ဇယားတစ်ခုတွင် သေဆုံးနှုန်း ထက် မွေးဖွားနှုန်းက အဆမတန် နိမ့်ကျနေသဖြင့် ၂၀၁၅ တွင် အလုပ်မလုပ်နိုင်တော့သော သက် ကြီးရွယ်အိုတွေက အလုပ်လုပ်နိုင် သူ ဦးရေထက် များပြားလာမည် ဟုဆိုနေသည်။ ယခုနှုန်းထား အတိုင်းရှိနေမည်ဆိုလျှင် မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာမည့် နောင်ဆယ်စုနှစ်များတွင် အမှန်တကယ်စွမ်းဆောင်နိုင်အား ရှိသော လုပ်သားစွမ်းရည်များ လို အပ်မှုကို ပြည့်မီအောင်ဖြည့်ဆည်း ပေးနိုင်လိမ့်မည်မဟုတ်ဟု ဟော ကိန်းတွေထုတ်နေကြသည်။
တွေးမိတော့ ပညာ အကြောင်း သိကြသည့် ပညာတတ် လူလတ် တန်းစားအလွှာကလည်း အိမ် ထောင်သားမွေးကိစ္စအတွက် လက် တွန့်ကာ တာဝန်မဲ့ ဖိုမရေစီးထဲ သို့သာ မျှောချနေကြ။ ပညာ အ ကြောင်း အလေးအနက် မထား တတ်သည့် အောက်ခြေအလွှာက လည်း ကျန်းမာရေးနှင့် ပညာရေး တွင် ချို့တဲ့နုံနဲ့သော ကလေးတွေ ကို ဖောဖော သီသီမွေး ထုတ်နေကြ ဟုဆိုခဲ့လျှင် ကျွန်ုပ်တို့ နိုင်ငံတော် ၏ အနာဂတ် မျိုးဆက် လှပရှင်သန် ရေးကို မည်သို့မည်ပုံ တွေးတောပူ ပန်ဝိုင်းဝန်း၍ ကျွန်ုပ်တို့အားလုံး ဆောင်ရွက်နိုင်ကြပါ မည်နည်းဟု စဉ်းစားရင်းဖြင့်...  
By 7 day news

အနားပေးခံရသော ဆရာမဒေါ်စိုးစိုးခိုင် အတွက် ဆရာမများတောင်းဆိုနေကြပြီ

အခုတလောသတင်းတွေထဲမှာ Hot နေတဲ့ သတင်းတစ်ခုဖြစ်သော ဆရာမဒေါ်စိုးစိုးခိုင်နှင့် ပတ်သတ်ပြီး ပြောချင် ပါတယ်။ ဆရာမဒေါ်စိုးစိုးခိုင်အနေနဲ့ ဘာကြောင့်ဖြစ်တယ်၊ ဘာလို့  ဖြစ်တယ် ဆိုတာ ရဲရဲတင်းတင်းမှန်မှန်ကန်ကန် ဖြေရှင်းသင့်ပါတယ်။ မသိရင် ၈၈၈၈ ငွေရတုပွဲတက်လို့ ပညာရေးဝန်ကြီးဌာနက အနားပေး သယောင်ယောင်ဖြစ်အောင် လုပ်နေ တာတွေ့ ရတာ စိတ်မ ကောင်း စရာပါ။ ပညာရေးဝန်ကြီး ဌာနကနေ ရှင်းထားတာခွင့်ရက် ကျော်လွန်လို့  အနားပေး လိုက်တယ် ဆိုတာတွေ့ရပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ အခုလိုပညာရေး အဆင့်မြှင့် တင် နေတဲ့ အချိန်မှာအခုလိုတာဝန်ချိန်လဲမလေးစား၊ ခွင့်ရက် တွေလဲကျော်ယူတယ်ဆိုတာ လုံးဝ မဖြစ်သင့် ပါဘူး။ အခုလို စံပြပုံစံမျိုးပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးပြီးကတည်းက အဘက်ဘက် ကနေ ဘက်စုံပြင်ဆင်နေသည်ဖြစ်ကာ ပညာရေးဘက်တွင်လည်း ပြုပြင်ပြောင်းလဲ မှုများကိုကြုံတွေ့ နေရ ပြီဖြစ်ပါတယ်။ ယခုလိုပြောဆိုခြင်းကြောင့် ကျမသည် အစိုးရဘက် တော်သားလဲ မဟုတ်ရပါ။ အတိုက်အခံ ဘက်တော်သားလဲ မဟုတ်ရပါ။ သမ္မတကြီး ဦးသိန်းစိန်နှင့် အန်တီစုတို့၏ ပူးပေါင်း လုပ်ဆောင်မှုများကို အမြဲတမ်းအားပေးနေသူပါ။ သမ္မတကြီးနှင့် အန်တီစုတို့ သည်လည်း ပညာရေးခေတ်မှီ တိုးတက်အောင်ဆောင်ရွက်နေ စဉ်လက်အောက်မှ လုပ်ဆောင်ကြသောဆရာ၊ ဆရာမသည်လည်း မိမိတာဝန်ကိုမိမိကျေပွန်အောင် ထမ်းဆောင်ကြမှသာလျှင် ပညာရေးသည် အမှန်တကယ်ခေတ်မှီ တိုးတက် မည်ဖြစ်ပါသည်။ ရှေ့မှလူကြီးများက လမ်းကြောင်းဖြောင့်အာင် သွားနေ စဉ် နောက်မှလိုက် သောသူများက လမ်းကြောင်း အကောက် လိုက်လျှင် ရည်မှန်းချက် ပန်းတိုင်ကို လွယ်ကူစွာ ရောက်မည်မဟုတ်ပါ။ ထို့ အတွက် မိမိတာဝန် မိမိကျေပွန်အောင် ထမ်းဆောင် ဖို့ လိုအပ်ပါသည်။
   ကျမအသိကျောင်းသားမိဘတစ်ယောက်ပြောဖူးတယ်။ "ဆရာမရယ်သားကို ကျောင်းသာ လွှတ်ရတယ်။ ဆရာ မလာရတာနဲ့၊ လာတဲ့ဆရာကလဲ စာသိပ်မသင်တာနဲ့ ကျမတို့ လဲ ဘယ်လို လုပ်ရပါ့ မလဲကို မသိပါဘူးတော်"ဟုပြောခဲ့ဖူးပါသည်။ အဲ့ဒီတုန်းကတောင် စဉ်းစား မိတယ်။ တချို့  ဆရာက ခွင့်ပြန်တာတို့ ဘာတို့ ဆို အစားဆရာတစ်ယောက် ၀င်ရတယ်။ အစားဝင်ပေး ရတယ် ဆိုတာ ကလဲ ကိုယ့်အချိန်ကိုယ် အပျက်ခံပြီးဝင်ရခြင်း မဟုတ်ပါ။ ကိုယ့်အချိန်လဲသင်၊ သူများ အချိန်လဲ ၀င်သင်ပေးရ တာပေါ့။ အဲ့ဒီမှာအခုဖြစ်သွားတဲ့ ဆရာမ လိုခွင့်ရက်တွေ အများကြီး ကျော်လွန်ပြီး နေမယ်ဆိုရင် သူ့ အစားဝင်သင်ပေးရတဲ့သူက ကောကြာလာရင် ဘယ်လုပ်ပြီး လုပ်ပေး ချင် ပါတော့မလဲ။ အဲ့တာတွေကို အခုလိုခွင့်ပြန် နောက်ကျတဲ့ ဆရာမဒေါ်စိုးစိုးခိုင် သေချာ စဉ်းစားသင့်တယ်။

    နောက်ပြီးအခုဖြစ်စဉ်ကို ခေါင်းစဉ်တပ်တာက ၈၈၈၈ငွေရတု ပွဲတက်လို့  ဆိုပြီးတော့ ခေါင်းစဉ် တပ်ထား တာတွေ့ ရပါတယ်။ တကယ်ကတော့ ကျမထင်တာ မဆိုင်ဘူး ထင်တယ်။ ကျမလဲ ၈၈၈၈ ငွေရတုပွဲမှာ ဒံပေါက်တောင် သွားစားကြသေးတယ်။ နောက်ပြီး ကိုမင်းကိုနိုင် တို့ စကားပြော တာ တွေတောင် နားထောင်ခဲ့ ပါသေးတယ်။ ကျမတစ်ယောက် ထဲမဟုတ်ပါ။ ကျမ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေလဲပါပါတယ်။ ၈၈၈၈ ငွေရတုပွဲတက် လို့ အလုပ်ဖြုတ်ကြေးဆိုရင် ကျမ တို့ သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး အလုပ်ဖြုတ်ခံရ မှာပေါ့။ အဲ့ဒီလို မဆိုင်ရာကို ခေါင်းစဉ် တက်တာ ကတော့ ၈၈၈၈ ငွေရတုပွဲ ကိုကော၊ အဲ့ဒီဆရာမကို ခွင့်ရက် ကျော်လို့ အနားပေး လိုက်တဲ့ သူတွေအတွက်ကော မကောင်း ဖြစ်သွားစေ ပါတယ်။ ကျမတို့  မြန်မာစကားပုံ လိုပေါ့။ "ထန်းသီးကြွေခိုက်၊ကျီးနင်းလိုက်ဆို သလို" သူ့ဟာ သူခွင့်ရက်တွေ ကျော်လွန်ပြီး ၀န်ထမ်း စည်းကမ်း ဖောက်ဖျက်တာ ၈၈၈၈ ပွဲနဲ့  တိုက်သွားတော့ အံဝင် ဂွင်ကျဖြစ်သွား တာပေါ့။

ကျမအနေနဲ့ ဆရာမအချင်းချင်း ကိုယ်ချင်းမစာလို့ ပြောတာ မဟုတ်ပါ။ကျမလဲ ၀န်ထမ်း တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင် နေရင်းခွင့် ရရင်ပြန်ဖြစ်ပါတယ်။ ခွင့်ရက် စေ့လို့ ပြန်ခါ နီးဆို ပြန်ဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးရတာ။ ခွင့်ရက်ကျော်မှာ စိုးရိမ်လို့ ပါ။ ခွင့် ရက် ကျော်လွန် တာထက် ကျမတပည့်လေးတွေနဲ့ ကျမပြန်မရောက်ရင် ကျမအစားဝင်ပေး မယ့် ဆရာ/ ဆရာမ တွေရဲ့  စိတ်တွေကို တွေးရင်းနဲ့ အချိန်မှန် ရောက်အောင်ပြန်ရတာပါပဲ။ ကျမတို့လိုကျောင်း ဆရာမ၀န်ထမ်းတွေ တင်မဟုတ်ပါဘူး။ ၀န်ထမ်းတိုင်းမှာ တာဝန်ချိန် ပျက်ကွက်ရင် ဘာဖြစ်တယ် ဆိုတာ သူ့ စည်းကမ်းနဲ့ သူ၊ သူ့ စည်းမျဉ်းနဲ့ သူ ရှိပါတယ်။ လက်နက်ကိုင် အဖွဲ့ အစည်းတွေ ဆိုပိုတောင် ဆိုးပါတယ်။ အခန့် မသင့်ရင်သေဒဏ်တောင် ကျနိုင်တဲ့ တာဝန်ချိန် ပျက်ကွက်မှု စည်းကမ်းတွေ ရှိပါတယ်။ ကျမတို့ နိုင်ငံသားတွေ အတွက် လဲ စိတ်မကောင်းတာ တစ်ခုက တစ်ခုခုဖြစ်ပြီ ဆိုဘယ်လို လုပ်စားမလဲ၊ ဘယ်လိုအကြောင်း ပြရမလဲဆိုတာပဲတွေးတတ်ကြပြီး ပြသနာကို ရဲရဲ တင်းတင်း ဖြေရှင်းဖို့ ဝန်လေးနေတတ်ကြ ပါတယ်။ အဲ့လိုတွေကြောင့်လဲ အခုလိုတွေဖြစ်နေ တယ်လို့ ထင်ပါတယ်။
     ကျမအနေနဲ့ အခုပြောချင်တာကတော့ အဲ့ဒီခွင့်ကျော်လွန် နေထိုင်ပြီး ၈၈၈၈ငွေရတုပွဲ တက်လို့ ဆိုပြီး ခေါင်းစဉ်တက်ထားတဲ့ ဆရာမဒေါ်စိုးစိုးခိုင် အနေနဲ့ ကိုယ့် တာဝန်ကို ကိုယ်တိုင် ဖြေရှင်းသင့်ပါတယ်။ ဆရာမအတွက် ၈၈၈၈ ငွေရတုပွဲကိုလဲ အကျည်းမတန် စေချင်ပါ။ ပညာရေးဝန်ကြီးဌာနကိုလဲ တောင်းဆိုချင်တာ ကတော့ နောင်လဲ စည်းကမ်း မလိုက်နာတဲ့သူ ဆိုလျှင် စာရေးသူ ကျမကစပြီး ထိထိရောက်ရောက် အရေးယူပေးပါလို့ တောင်းဆိုပါရစေရှင်။ သို့ မှသာလျှင် နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲ လျှက်ရှိတဲ့ ပညာရေး စနစ်သည်လဲ အမှန်တကယ် ထိရောက် မည်ဖြစ်ပါသည်။ ဒေါ်စိုးစိုးခိုင်အနေဖြင့် လဲ ကိုယ့် တာဝန် ကိုယ်ယူနိုင်သော ၀န်ထမ်းကောင်း တစ်ယောက် ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
ဒေါ်ခင်နွယ်ဦး(အ.ထ.ပြ)
အမှတ်( )၊အခြေခံပညာအထက်တန်းကျောင်း၊
ရန်ကုန်တိုင်းဒေသကြီး။

မှတ်ချက်။   ။ပေးပို့ ဆရာမ၏ ကျောင်းအမှတ်နှင့် မြို့ နယ်များကိုလိုအပ်ချက် အရဖြုတ်ထားပေး ပါသည်။

ရွှေတိဂုံစေတီပုံ ရိုက်နှိပ်ထားသော လက်ဖက်ခြောက်ဘူးများကို ပြန်လည်သိမ်းဆည်း



ရန်ကုန်၊ သြဂုတ် ၂၇

ဖူရှင်းဘရားသား(စ်) ကုမ္ပဏီက ရွှေတိဂုံ စေတီတော်ပုံရိုက်နှိပ်အသုံးပြုထားသော လက်ဖက် ခြောက်ဘူးများကို သာသနာရေးဝန်ကြီးဌာနမှ ပြန်လည် သိမ်း ဆည်းပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီမှ ထုတ်လုပ်သည့် စီးကရက် ဘူးပုံ လက်ဖက်ခြောက်ဘူးပေါ်တွင်လည်းကောင်း၊ ပစ္စည်းထည့်ဘူးပေါ်တွင် လည်းကောင်း ရွှေတိဂုံ စေတီတော်ပုံ ရိုက်နှိပ်ဖြန့်ချိထားခြင်းနှင့်ပတ် သက်၍ သာသနာရေးဝန်ကြီးဌာနမှ ယနေ့တွင် ကမ္ဘာအေးရှိ သာသနာရေးဝန်ကြီးဌာန၌ ရှင်း လင်းပွဲပြုလုပ်ခဲ့ရာတွင် အဆိုပါဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

”စေတီပုံနဲ့ ဈေးကွက်ထဲရောင်းဖို့တော့ မဟုတ်ဘူးဆိုပေမယ့် ဒါကလက်ဆောင် ပေး တာပဲယူသုံးသုံး တကယ်တော့ ရှင်းရှင်းပြောရရင် မသုံးသင့်ဘူးပေါ့”ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ လက်ဖက်ခြောက်ဘူး ၅ဝ ကို ဖူရှင်းဘရားသား(စ်)ကုမ္ပဏီက နီးစပ်ရာအသိုင်း အဝိုင်းများကိုလက်ဆောင်ပေးရန်အတွက် တရုတ် နိုင်ငံကူမင်းသို့မှာယူခဲ့ပြီး သြဂုတ်လဆန်းပိုင်း တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။

”နီးစပ်ရာ သူတို့စီးပွားရေး မိတ်ဆွေတွေ ရှိတယ်။ ပေးလိုက်တယ်။ ထင်တာက ပေးလိုက် တဲ့ တစ်ယောက်ကလည်း ဒါမျိုးက အထွဋ် အမြတ်ဆိုတော့ ဘုန်းကြီးကို လှူရင်းနဲ့မှ မြင် တာလို့ထင်တယ်”ဟု ဖူရှင်းဘရားသား(စ်) ကုမ္ပဏီမှ ဥပဒေရေးရာ အကြံပေး ဦးဇင်ဦးက ပြောသည်။

အဆိုပါ လက်ဖက်ခြောက်ဘူးမှာ ယူစဉ်တွင် ကုမ္ပဏီလိပ်စာ၊ လိုဂိုနှင့် ၄င်း တို့ပိုင်ဆိုင်သော စီးကရက်စက်ရုံ လိုဂို သာ ပေးလိုက်ခြင်းဖြစ်ပြီး ဘူးပုံစံနှင့် အသုံးပြုရ မည့်ပုံကို ပေးလိုက်ခြင်း မရှိ သဖြင့် ယခုကဲ့သို့ စေတီပုံကို ရိုက်နှိပ်၍ ဘူးပုံစံအား စီးကရက်ဘူးပုံစံ ပြုလုပ်၍ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ပြော သည်။

”ဗမာပြည်အတွက်လှတဲ့ပုံ၊ ကောင်း တဲ့ပုံကို လုပ်လိုက်ပါဆိုတော့ သူတို့ဘာ သူတို့ ဗမာပြည်ရဲ့ Sample ကို ရွှေတိဂုံ လို့ပဲ သူတို့ဘာသာ သူတို့ထင်ပြီး လုပ် လိုက်သလား မသိဘူး။ စီးကရက် စက် ရုံပါတဲ့အတွက်အထဲမှာ စီး ကရက်ဘူးပုံ ထွင်လုပ်လိုက်တယ်လို့ ထင်တယ်” ဟု ဦးဇင်ဦးက ဆက်ပြောသည်။

လက်ဆောင်ပေးရန် မှာယူထား သော ဘူး ၅ဝ တွင် ကုမ္ပဏီ၌ ကျန်ရှိ သော ၃၄ ဘူးကို သက်ဆိုင်ရာက ထိန်း သိမ်းပြီး လက်ဆောင်အဖြစ် ပေးအပ် ထားသော ၁၆ ဘူးကိုလည်း တတ်နိုင်သ လောက် ပြန်လည်သိမ်း ဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။

”လက်ရှိ အချိန်မှာတော့ ကိုယ့်ရဲ့ ဘာသာ သာသနာနဲ့ ပတ်သက်ပြီးတော့ အစွန်းထင်း အထိခိုက်မခံတဲ့ ကာလမှာ ဒီလိုက မဖြစ်သင့်ဘူး”ဟု သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖူရှင်းဘရားသား(စ်)ကုမ္ပဏီက မှာယူခဲ့သော လက်ဖက်ခြောက်ဘူး ၅ဝ ကိုသာသနာရေးဝန်ကြီးဌာနသို့ ပေးအပ် သွားမည်ဖြစ်ပြီးဈေးကွက်တွင်းရောင်းချ ရန်ရည် ရွယ်ချက်မရှိကြောင်းနှင့် စီးက ရက်ဘူးပုံဖြင့်ရွှေတိဂုံစေတီ ရိုက်နှိပ်ခြင်း အား ကုမ္ပဏီမှ အမှန်တကယ် မသိရှိခဲ့ ခြင်းဖြစ်ကြောင်းဦးဇင်ဦးကရှင်းပြသည်။

ဖူရှင်းဘရားသား(စ်) ကုမ္ပဏီသည် ပြည်ပသို့ ရော်ဘာတင်ပို့လျက်ရှိပြီး ပြည်တွင်းသို့ ဆောက်လုပ်ရေး သံ ချောင်း၊ နွားနီနို့မှုန့်နှင့် စားသောက်ကုန် သုံး ဓာတုပစ္စည်း အချို့ကို တင်သွင်း လျက်ရှိသည်။

ခိုင်နွယ်ဦး

နောက်ဆုံးအဆင့်ပြိုင်ပွဲက ၉ လပိုင်း ၆ ရက်နေ့ဖြစ်ပါတယ်.. (video)

မျှော်လင့်လို့ရမယ့်ဆုတွေကတော့ ..

Miss Supranational 2013

1st Runner-up

2nd Runner-up

3rd Runner-up

4th Runner-up

Top 10 (in order)

Top 20 (in order) တို့ ဖြစ်ပါတယ်...

အွန်လိုင်းမဲပေးစနစ် ကိုတော့ Miss Myanmar ခင်ဝင့်ဝါအတွက် အောက်ပါ Link တွင် Vote ပေးနိုင်ပါပြီ....
ခင်ဝင့်ဝါရဲ့  ဓာတ်ပုံ (သို့ မဟုတ်) အမည်ကို Click ပေးပြီး မဲပေးရမှာဖြစ်ပါတယ်....နေ့ စဉ်စိတ်ကြိုက်Click လုပ်နိုင်ပါတယ်...

မမြင်နိုင်သော စပီကာ ထုတ်လုပ်ရောင်းချတော့မည်


တီထွင်အောင်မြင်တာ အရင်နှစ်ကတည်းက ပါ။ ယခုတော့ ဈေးကွက်ကို အမှန်တကယ် ဖြန့်ချိရောင်းချတော့မှာ ဖြစ်ပါတယ်။

Saltwater Gel နဲ့ လုပ်ထားတဲ့ ယင်းစပီကာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ထိုးဖောက်မြင်နေရမှာ ဖြစ်ပါတယ်။ ဒီတော့ အသံဘယ်လိုဖြတ်မလဲ ဆိုတာ မေးစရာ ရှိပါတယ်။ ဒီလိုရှိပါတယ်။ အီလက်ထရောနစ် ဗို့အားတစ်ခု သက်ရောက်စေပြီး ယင်းသက်ရောက်မှုကြောင့် တုန်ခါမှုတစ်ခုဖြစ်ပေါ်ပြီး အသံလိုင်း ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ယင်းအသံလိုင်းကနေပဲ အသံ မျိုးစုံ ထွက်ရှိနိုင်ပြီး စပီကာလိုမျိုးလုပ်ဆောင်မှာ ဖြစ်ပါတယ်။

ယင်း Gel ရဲ့  ထူးခြားချက်က အသားတု အစားထိုးမှုမှာလည်း အသံးပြု လို့ ရပါတယ်။ နောက်ဆိုရင် စပီကာနဲ့ အီလက်ထရောနစ် ပစ္စည်းမှာပါ မဟုတ်တော့ပဲ Human အစိတ်အပိုင်းမှာပါ အသုံးဝင်မယ့် နည်းပညာ အစိတ်အပိုင်း တစ်ခုဖြစ်လာမယ်လို့ ဆိုပါတယ်။

ယင်း Transparent speakers အလုပ်လုပ်ပုံကို အောက်ပါ ဗီဒိယို လခ့်မှာ ဝင်ရောက် လေ့လာကြည့်ရှု နိုင်ပါတယ်။

http://youtu.be/5K5KSDL1gXE

Aung Kham (TSJ team)

Related Posts Plugin for WordPress, Blogger...