Friday, August 23, 2013

ကော်ရှူခြင်းကို ဥပဒေပြုထုတ်ပြန်ပြီး တားဆီးနိုင်ရန်စီစဉ်


From : ..YMG


ကော်ရှူ ခြင်းကိုတားဆီးနိုင်ရန် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအ သင်း(MANA)မှ ဥပဒေပြုထုတ် ပြန်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဩဂုတ်၂ဝရက်က ပြုလုပ်ခဲ့သော ပထမနှစ်ဝက် ဗဟိုကော်မတီအ စည်းအဝေးပွဲမှ သိရသည်။
မြန်မာနိုင်ငံတွင် အဆိုပါ ကော်ရှူခြင်းကို တရားဝင်အရေး ယူဆောင်ရွက်နိုင်ရန် ဥပဒေများ ထုတ်ပြန်ထားခြင်းမရှိသဖြင့် မြို့ နေလူတန်းစား လူငယ်များသည် တွင်ကျယ်စွာ အသုံးပြုနေမှုများ ရှိလာသည့်အတွက် တားမြစ်နိုင် ရန် ယင်းအသင်းမှစီစဉ်ရခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေး ဝါးဆန့်ကျင်ရေးအသင်း(MANA) မှ ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောသည်။
ဦးခင်မောင်ထွန်းက ''လူငယ် တွေ ကော်ရှူကြတယ်ဆိုတာ စရိတ်သက်သာတယ်ဆိုတော့ လမ်းဘေးကလေးတွေ ရှူတာများ တယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက် တဲ့ ကြေညာချက်တွေမှာ ဒါက မူးယစ်ဆးဝါးဖြစ်တယ်။ သတ်မှတ် ပေးပြီးတော့ ကျန်းမာရေးဦးစီး ဌာနက ကြေညာပေးမယ်ဆိုရင် ဖြစ်နိုင်တယ်။ ဒါပေမယ့် ကော် တိုင်းကိုတော့ မူးယစ်ဆေးဝါးအ ဖြစ် သတ်မှတ်လိုက်ရင် ကော်အ သုံးပြုနေတဲ့လုပ်ငန်းတွေက ရှိသေး တယ်။ ဒီတော့ မြို့နယ်အုပ်ချုပ်ရေး မှူးတို့က ဒီနေရာမှာ ကော်ရှူတာ ကို တားမြစ်ချက်နဲ့ တားမြစ်ထား ပြီး ကျုးလွန်ဖောက်ဖျက်ရင် အမိန့် မနာခံမှု ပြစ်မှုပုဒ်မ၁၈၈နဲ့ အရေး ယူနိုင်အောင်တော့ လက်ရှိမှာစီ စဉ်ထားပါတယ်''ဟု ပြောသည်။
ယင်းကဲ့သို့အရေးယူဆောင် ရွက်ရာတွင် အသုံးပြုသောကော် များအား အရေးယူခြင်းမဟုတ် ဘဲ အသုံးပြုသူများကိုသာ ည မှောင်ရိပ်ခိုမှု၊ ဆူညံစေမှု စသည့် ဥပဒေပုဒ်မတစ်ခုခုနှင့်သာ အရေး ယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကော်ရှူခြင်းများ ပြုလုပ်နေသောလူငယ်များကို လူ မှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း ကာ ဆက်လက်ဆောင်ရွက်ရန် ရှိပြီး ယင်းကဲ့သို့ကော်ရှူမှု အများ ဆုံးပြုလုပ်နေသော အရပ်ဒေသ များကို စစ်တမ်းများကောက်ယူ သွားရန်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်ရာ တွင် ၎င်းတို့အသင်းမှ ဥပဒေပညာ ရှင်များနှင့် ဆွေးနွေးတိုင်ပင်ကာ မြန်မာနိုင်ငံမူးယစ်ဆန့်ကျင်ရေးအ သင်း(ဗဟို)သို့တင်ပြထားပြီး အ ချောသပ်ထွက်ရှိလာပါက အာ ဏာပိုင်များအနေဖြင့် အဆိုပါ ကော်ရှူခြင်းများ ပြုလုပ်နေသူ များကို တစ်စုံတစ်ရာဆောင်ရွက် ပေးနိုင်ရန် မျှော်လင့်ကြောင်း ဆက်လက်ပြောသည်။
ယင်းကဲ့သို့ ကော်ရှူမှုများ နှင့်ပတ်သက်၍ လူငယ်အားမာန် အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးလှ ထွန်းမျိုးမှ ''ကော်ရှူတာက မိဘ မဲ့တွေများပါတယ်။ ဝယ်ရလွယ် တယ်။ ဈေးသက်သာတယ်။ ဥပဒေ မထုတ်ထားဘူး။ ဒါတွေကြောင့် ပါ။ အဖွဲ့လိုက်နေကြတာ လုပ်ရဲ ကိုင်ရဲစိတ်တွေ ပေါ်လာအောင် သုံးနေကြတာ။ တစ်ခါတစ်ရံဆို ၁၂နှစ်နဲ့ ၁၃နှစ်ကြား မိန်ကလေး တွေတောင် တွေ့ရတတ်တယ်။ အရမ်းအန္တရာယ်များပါတယ်''ဟု ပြောသည်။

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အတွင်းရှိ အိမ်ထောင်စု ခြောက်ရာခန့်ကို ပြောင်းရွှေ့ခိုင်း


ကိုရီးယား-မြန်မာ ချစ်ကြည်ရေး တံတား တည်ဆောက်မည့် မြေနေရာဟု သတင်းထွက်ပေါ်နေသော ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်တွင် နှစ်ပေါင်း ၂၀ နီးပါး ကျူးကျော် နေထိုင်လာသော အိမ်ထောင်စု ခြောက်ရာခန့်ကို မူလမြေရှင်များမှ ပြောင်းရွှေ့ခိုင်းထားကြောင်း ကျူးကျော်နေထိုင် သူများထံမှ သိရသည်။

အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ အသက်လေးဆယ်ခန့်ရှိ ဒေါ်စန်းစန်းနွဲ့က ''ဒီမှာနေလာတာ အနှစ် ၂၀ လောက်ရှိပြီ။ ကိုယ့်ဝမ်းစာ ကိုယ်ရှာပြီး အေးအေးဆေးဆေး နေလာကြတဲ့ သူတွေချည်းပဲ။ စရောက်တုန်းက ချုံတွေ ဆူးပုံတွေကို ရှင်း၊ မြွေတွေကင်းတွေကို ခြောက်လှန့်ပြီးမှ တစ်နေရာစာ နေဖို့အတွက် လုံးပန်းခဲ့ကြ ရတယ်။ အခုလို ဒလမြို့ကြီး စည်လာတော့မှ ကျွန်မတို့ကို ပြောင်းရွှေ့ဖို့ ဖိအားတွေ အရမ်းပေးလာတော့ ပြောင်းရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အခုလို မိုးတွင်းကြီးမှာ ကျွန်မတို့ ဘယ်နေရာကို ပြောင်းရမလဲ'' ဟု ပြောကြားသည်။

လာမည့် ၂၀၁၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံမှ ချစ်ကြည်ရေးအဖြစ် တည်ဆောက်ပေးမည့် တံတားစီမံကိန်းကို ကျန်စစ်သားရပ်ကွက် အနီးတွင် စတင်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး ယင်းတံတား စီမံကိန်းကို လာမည့် ၂၀၁၄ တွင် စတင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ သိရသည်။

ထို့ပြင် ယင်းစီမံကိန်းကြောင့် ဒလမြို့နယ်တွင် ယခင်ကျပ် သိန်းဂဏန်းသာ ရှိခဲ့သော မြေကွက်များမှာ ကျပ်သိန်း ထောင်ဂဏန်းထိ မြင့်မားလာကြောင်း ဒေသခံများထံမှ သိရပြီး အဆိုပါတံတား တည်ဆောက်ပြီး စီးပါက ကိုရီးယားနိုင်ငံမှပင် စက်မှုဇုန်များ လာရောက်တည်ဆောက် သွားမည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ထို့နောက် ဧရာဝတီတိုင်း ဒေသကြီးမှ ပြောင်းရွှေ့လာသူ တစ်ဦးကလည်း ''တခြားပြောင်းစရာ နေရာမရှိဘူး။ အိမ်မှာလည်း ကျောင်းသားက သုံးယောက်ရှိတယ်။ ပိုင်ရှင်တွေ ဒီကိုမလာတာ နှစ်ချို့နေပြီ။ ဒီနှစ်ပိုင်းကျမှ ပိုင်ရှင်တွေရဲ့ ကိုယ်စားလှယ်ဆိုပြီး ပြောင်းရွှေ့ဖို့ ပြောလာကြတယ်။ နောက်ထပ် တစ်နေရာ မှာ နောက်ထပ် အိမ်တစ်လုံး ဆောက်ဖို့ဆိုတာ မတွေးရဲဘူး။ လုပ်ကိုင်စရာ မရှိလို့ ဧရာဝတီတိုင်းဘက်က တက်လာတာပါ'' ဟု ဆိုသည်။

''ကျန်တော်တို့ ဒီရပ်ကွက်မှာ အိမ်ခြံ အပိုင်ရှိတဲ့ သူတွေကော၊ မရှိတဲ့ သူတွေကော နေကြပါတယ်။ ဒါပေမဲ့ ဒီလိုပဲ နေလို့ရလို့ နေလာကြတဲ့ သူတွေက များပါတယ်။ ကျူးကျော်လို့ သတ်မှတ်ခံထားရတဲ့ အိမ်ထောင်စု က အနည်းဆုံး ၆၀၀ လောက်ရှိပါတယ်'' ဟု ကျန်စစ်သား ရပ်ကွက်တွင် နေထိုင်သူက ဆိုသည်။

Eleven Media Group

Mable Soe


Myanmar Girl, Mable Soe's Glorious Fashion Photos




Myanmar Girl, Mable Soe from Singapore














သြစတြေးလျ အသင်းကို အိမ်ရှင်မြန်မာ ယူ-၁၆ အသင်း ၀-၂ ဂိုးဖြင့် ရှုံးနိမ့်



Friday, August 23, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(က) ဒုတိယနေ့ ပွဲစဉ်များကို သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ သြစတြေးလျ အသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့ နိုင်ပွဲများ ရရှိခဲ့သည်။

ပထမပွဲတွင် ကမ္ဘောဒီယား အသင်းက ဘရူနိုင်းအသင်းကို ၈-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲတွင် သြစတြေးလျ အသင်းက အိမ်ရှင်မြန်မာ အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းမှာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သောကြောင့် နောက်ထပ်နှစ်ပွဲ ကစားရန် ကျန်ရှိသေးသော်လည်း အုပ်စုမှထွက်ရန် သေချာသလောက် ရှိသွားပြီ ဖြစ်သည်။ မြန်မာအသင်းသည် တတိယပွဲစဉ်အဖြစ် လာမည့် သြဂုတ် ၂၆ ရက်တွင် ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Eleven Media Group
သြစတြေးလျအသင်း တိုက်စစ်ကို မြန်မာအသင်း ဂိုးသမားနှင့် နောက်ခံလူတို့ ကာကွယ်နေစဉ် (ဓာတ်ပုံ-စိုးညွန့်)

ဆုံးရှုံးမှုကြီးမားနေသော တရုတ်ကြိုက်မြန်မာ့အဖိုးတန်သယံဇာတများ (ကေအိုင်အေ၏ သစ်ခိုးထုတ်မှူများ)




 
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း သြ(၆)ရက်နဲ့ (၇)ရက်နေ့က ဖမ်းဆီးရမိခဲ့တဲ့ တရားမ၀င်သစ်တွေ ဗန်းမော်မြို့ကို သယ်ယူပြီး တိုင်းတာခဲ့ရာ ကျွန်း၊ ပိတောက်နဲ့ တမလန်းအမျိုးအစား(Export Quality)ဒေသအခေါ် တရုတ်ကြိုက် သစ်မာမျိုးစုံတန်ချိန် (၅၄၀)ကျော်ရှိပြီး ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားမျိုးစုံ(၅၇)စီးရှိတယ်လို့သိရပါတယ်။
ယခု ဖမ်းဆီးရမှုဟာ ဗန်းမော်ခရိုင်အတွင်း ၁၉၉၃ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ဖမ်းဆီးမှုဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ပွင့်လင်းရာသီက တရုတ်သစ်ကုန်သည်တွေ ခိုးထုတ်သွားတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အစွန်းထွက်လောက်ပဲ ရှိတယ် လို့ လွယ်ဂျယ်မြို့ခံ တစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ သစ်တင်ယာဉ်ပိုင်ရှင်များနဲ့ သစ်ပိုင်ရှင်များဟာ ဒေသခံ သစ်လုပ်ကိုင်သူ ကချင်လူမျိုး အများစုဖြစ်ပြီး နောက်ကွယ်က တရုတ်သစ်ကုန်သည်ကြီးများ ဆုံးရှုံးမှုမရှိဘူးလို့ ဆိုပါတယ်။ မိုးတွင်းကာလ ဖြစ်တာကြောင့် ဒေသခံသစ်ကုန်သည်များက သစ်ထုတ်လုပ်ရာ မြို့ရွာလမ်းကြောင်းတစ်လျှောက် ဌာနဆိုင်ရာများကို အခကြေးငွေပေးပြီး ကသာ- ဗန်းမော်-မိုးမောက်-လွယ်ဂျယ် လမ်းမှတစ်ဆင့် တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ တရုတ် သစ်ကုန်သည်ကြီးများထံ သယ်ဆောင်ရောင်းချခြင်းဖြစ်ပါတယ်။


သစ်ကုန်သည် အများစုဟာ ကေအိုင်အေအဖွဲ့ကို သစ်ထုတ်လုပ်ခွင့်(၁)နှစ်စာ အခွန်ဆောင်ထားပြီး ကေအိုင်အေ အဖွဲ့က လည်း သူတို့နယ်မြေအတွင်းမှာ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးလေ့ ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ မိုးမောက်- လွယ်ဂျယ် လမ်းကြောင်းဟာ မိုးတွင်းကာလ ကေအိုင်အေနယ်မြေထဲက တောလမ်းများ အသုံးပြုလို့ မရချိန်မှာ သစ်ကုန်သည်များ အဓိကအားထားရတဲ့ အမာခံကျောက်ကြမ်းလမ်းဖြစ်ပါတယ်။

 

ဒီလမ်းကြောင်းကိုအသုံးပြုဖို့ မိုးမောက်မြို့ပေါ်ဌာနဆိုင်ရာများနဲ့ ညှိနှိုင်းပြီးမကြာခဏ ဖြတ်သန်းလေ့ရှိပေမဲ့ ယခုတစ် ခေါက်မှာ သစ်တင်ယာဉ် အစီး(၅၀)ကျော်၊ သစ်တန်ချိန်(၅၀၀)ကျော် ဖမ်းဆီးခံရလို့ လက်လုပ်လက်စားဒေသခံ သစ်ကုန် သည်များ မကျေမနပ် ဖြစ်နေကြပါတယ်။

အထူးသဖြင့် လက်ကြီးသမား တရုတ်သစ်ကုန်သည်များက ပွင့်လင်းရာသီမှာ ရာချီ၊ ထောင်ချီ သစ်တင် ယာဉ်ကြီးများ အသုံးပြုပြီး တရုတ်ကြိုက် မြန်မာ့အဖိုးတန်သယံဇာတ တန်ချိန် သိန်းသောင်းချီ ခိုးထုတ်ခံရမှုကိုလည်း ဖမ်းဆီးပေးရန် ဗန်းမော်မြို့ခံများက လိုလားလျက်ရှိပါတယ်။
မြန်မာ့လင်းရောင်ခြည်

တရားခံများဖမ်းဆီးရမိ

မန္တလေးမြို့ ကျုံးဘေးမှာ ဆိုင်ကယ် အုပ်စုနဲ့ဓားကိုင်ပီး တရားဥပဒေမဲ့ တခြားလူများကို
လိုက်လံ ရန်ပြုနေတဲ့ အုပ်စုကို ဖမ်းဆီး ရမိပြီ










Reference and Credit to -ဦး စိုး

ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပဲခူးတိုင်း ဒေသကြီး တို့၌ မြစ်ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ဒေသခံအချို့ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ရမှုများရှိနေ



မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ မင်းလမ်း (ဒိုင်းဝန်းကွင်းလမ်းမ) ပေါ်တွင် သြဂုတ် ၂၂ ရက်က ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)


ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မြစ်ရေကြီးမှုများ ဆက် လက် ဖြစ်ပေါ်နေပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံအချို့ ကယ်ဆယ်ရေးစခန်းများ သို့ ပြောင်းရွှေ့နေ ထိုင်ရ မှုများလည်း ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။


သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့၌ သြဂုတ် ၂၀ ရက်တွင် စိုးရိမ်ရေမှတ် အထက် ရောက် ရှိပြီး သြဂုတ် ၂၂ ရက်၌လည်း စိုးရိမ်ရေမှတ် ကျော်လွန်နေဆဲ ဖြစ်ကြောင်း၊ သြဂုတ် ၂၁ ရက်က ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့၌ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော င၀န်မြစ်၊ ပဲခူးတိုင်းဒေ သကြီး မဒေါက်မြို့၌ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော စစ်တောင်းမြစ်တို့ သည်လည်း သြဂုတ် ၂၂ ရက်တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်မှုအရ သိရသည်။


စိုးရိမ်ရေမှတ် ကျော်လွန်သည်အထိ မြစ်ရေကြီးမှု ကြုံတွေ့ရလျက်ရှိသည့် ဘားအံမြို့တွင် ရေဘေး ကယ်ဆယ်ရေး စခန်း ၁၀ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။


''မြစ်ရေ အတက်ကြမ်းတဲ့အတွက် မြေနိမ့်ရပ်ကွက် အားလုံးမြစ်ရေ လွှမ်းတယ်။ ညတွင်း ချင်း ပြောင်းရွှေ့ပေး ရ တယ်။ မြစ်ရေ စတက်တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ကယ်ဆယ်ရေးစခန်း ခုနစ်ခုပဲ ဖွင့်လှစ်ထားရပြီး သြဂုတ်လ ၂၂ ရက်နေ့မှာ နောက်ထပ် ကယ်ဆယ်ရေး စခန်းသုံးခုကို ထပ်ဖွင့်ပေးရတယ်'' ဟု ပြည်နယ်ရေဘေး ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။


ဒုတိယအကြိမ် မြစ်ရေပြန်လည် လွှမ်းမိုးမှု ခံရသော ဘားအံမြို့ရှိ ရေဘေး သင့်သူ များအား ပြည်နယ် အစိုးရ၊ ရပ်မိရပ်ဖ ၊ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ၊ မာဃလူမှု ကူညီရေး အဖွဲ့ဝင်များမှ လိုအပ်သော ဆန်၊ ဆီ၊ ဆား၊ သောက်ရေသန့်၊ အ၀တ်အထည် များကို ထောက်ပံ့ကူညီ လျက်ရှိပြီး ရေဘေးသင့်သူ ဦးရေများပြား မှုကြောင့် ထောက်ပံ့ကူညီမှု အချိုးမညီ ရှိနေကြောင်း သိရသည်။


သြဂုတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီ အထိ ကယ်ဆယ်ရေး စခန်းများတွင် အိမ်ထောင်စုပေါင်း ၁၂၃၆ စု၊ လူဦးရေ ၆၄၄၆ ဦး ပြောင်းရွှေ့ နေထိုင် လျက်ရှိသည်။


သံလွင်မြစ်သည် ဘားအံမြို့၌ သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက ၈၆၀ စင်တီမီတာသို့ ရောက်ရှိနေ ပြီး နောက် ၄၈ နာရီ(သြဂုတ် ၂၄ ရက်)အတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိ နိုင်သည် ဟု သိရသည်။


င၀န်မြစ်သည်လည်း ငါးသိုင်းချောင်းမြို့၌ ၁၁၇၃ စင်တီမီတာသို့ ရောက် ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေ မှတ် မှာ ၁၁၃၀ စင်တီ မီတာဖြစ်သည်။ ယခုနှစ် မိုးရာသီအတွင်း ပထမအကြိမ် စိုးရိမ်ရေမှတ် ကျော် လွန်သော စစ်တောင်းမြစ်သည် မဒေါက်မြို့၌ ၁၁၁၆ စင်တီမီတာသို့ ရောက်ရှိနေကာ စိုးရိမ်ရေမှတ် အထက်တွင် သြဂုတ် ၂၄ ရက် ၀န်းကျင်အထိ တည်ရှိမည် ဖြစ်သည်။


ယခုရက်ပိုင်း အတွင်း ဒေသအများစုတွင် မိုးရွာသွန်းမှု ကောင်းမွန်လျက် ရှိကာ မိုးကောင်းခြင်းပေါ် မူတည်၍ မြစ်ရေကြီးမှု သဘာဝဘေး ကို နှစ်စဉ်ကြုံတွေ့ ရလေ့ရှိသည့် ဒေသများ၌ ရေဘေးကို ရင်ဆိုင် လာရခြင်း ဖြစ်သည်။ သြဂုတ် ၂၁ ရက် ညနေပိုင်းတွင် သောင်ရင်းမြစ်ရေ တိုးလာခြင်းကြောင့် ကရင်ပြည်နယ် မြ၀တီမြို့၌ မြေနိမ့် ပိုင်းနေသူ ဒေသခံများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


မိုးရက်ဆက်ရွာခြင်း၊ သံလွင်မြစ်ရေ တက်ခြင်းနှင့် အတ္ထရံမြစ်ရေ လျှံခြင်းများကြောင့် မော်လမြိုင်မြို့ပေါ် ရပ်ကွက် များတွင် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်လျက် ရှိသည်။


''ပြီးခဲ့တဲ့ ၀ါဆိုတုန်းက မိုးများပေမယ့် ဒီရေလောက်မတက်ခဲ့ဘူး။ ဒီဝါခေါင်လကျမှ မြစ်တွေက ရေ လျှံတော့ရေ က မြို့ပေါ်ထိ ရောက်လာတယ်။ သွားရေးလာရေး နည်းနည်း ခက်သွားတာကလွဲရင် ဘာမှမဖြစ်ကြပါဘူး'' ဟု ၀ိုင်းဝန်ကွင်းပျဉ်ထောင်တန်းရပ်မှ ကိုကျော်မျိုးဦးက ပြောပါသည်။


''ကျွန်တော်တို့ အရပ်မှာတော့ ရေတက်ပြီး ပြန်ကျသွားတဲ့အတွက် ဘာမှမဖြစ်ကြပါဘူး။ ဒါပေမဲ့ သာယာအေး နယ်မြေတို့၊ ဇေယျာသီရိ နယ်မြေတို့မှာက အနိမ့်ပိုင်း ဖြစ်တဲ့ အတွက် ရေကတော်ရုံ ပြန် ကျဘူး။ အဲဒီနယ်မြေတွေက ရပ်ကွက်နေ ပြည်သူတွေအတွက် အစားအစာတွေ ဆေးဝါးတွေ သွားလှူဖို့ စီစဉ်ထားပါတယ်'' ဟု ကျိုက်ဖနဲနယ်မြေ အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ပြောသည်။


ယခုနှစ်အတွင်း မိုးကောင်းခြင်း၊ ရေကြီးရေလျှံခြင်း တို့ကြောင့် လယ်ယာမြေအချို့ ရေနစ်မြုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့၌ ကြုံတွေ့ခဲ့ရ သည် ဟု သိရသည်။

မြန်မာ့ငွေဈေး(23.8.2013 10:00AM)


ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 967(~) Ks 977(~)
1 စင်္ကာပူ SGD = Ks 751(~) Ks 763(~)
1 ဥရောပငွေ EUR = Ks 1288(~) Ks 1306 (~)

ကမ္ဘာ့ငွေဈေး(23.8.2013 10:00AM)
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2793(-0.0027)
ထိုင်း Baht 32.0500(~)
မလေးရှား Ringgit 3.3025 (-0.0070)
တရုတ် Yuan 6.1228(+0.0020)
အိန္ဒိယ Rupee 64.6350 (+0.2200)
ဘင်္ဂလားဒေ့ရှ် Taka 77.9800 (+0.1200)
တောင်ကိုရီးယား Won 1117.6000 (-3.8000)
ထိုင်ဝမ် TWD 29.9745 (-0.0255)
ဂျပန် Yen 98.9800 (+0.1980)
ဥရောပငွေ EUR 0.7492 (+0.0005)
ၾသစေၾတးလ် AUD 1.1079 (-0.0014)
အင်္ဂလန် Pound 0.6417(+0.0001)

ကမ္ဘာ့ရွှေဈေး(23.8.2013 10:00AM)
1 အောင်စ USD 1377.2000(+0.0499)
မြန်မာ့ရွှေဈေး(23.8.2013 10:00AM)
ယမန်နေ့ပိတ်ဈေး
Ks 707,300
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကူညီပေးပို့ပါသည်)

ရန်ကုန်စက်သုံးဆီဈေး(23.8.2013)
Premium Diesel (1L) Ks 940
Diesel (1L) Ks 920

Octane (95) (1L) Ks 1090

Octane (92) (1L) Ks 920

ဓာတ်ဆီ (1L) Ks 814

SkyNet TV Browser

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် အဓိကရုဏ်းနှိမ်နင်းရေးယာဉ် ၈ စီး ဖြန့်ခွဲထားရှိ


From : ..popular

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ ရေးအတွက် အဓိကရုဏ်းနှိမ်နင်းရေး ယာဉ် ၈ စီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ် လက်အောက်တွင် ရှိကြောင်း ပြည် ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ် မှူးချုပ်ကျော်ကျော်ထွန်း၏ လွှတ်တော် တွင်းတင်ပြချက်အရသိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့များသို့ မော်တော်ယာဉ်မျိုးစုံ အစီး ၃ဝ၃၅ စီးကို လှည့်ကင်း လုံခြုံရေး နှင့်အုပ်ချုပ် မှုယာဉ်များအဖြစ် အသုံးပြု ဆောင်ရွက်သွားမည်ဟု ဒုတိယဝန်ကြီး က လွှတ်တော်ကို တင်ပြခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှ တိုင်းဒေ သကြီး/ပြည်နယ်ရဲတပ် ဖွဲ့များသို့ မော် တော်ယာဉ်မျိုးစုံ ၂၇၂၅ စီး ဖြန့်ခွဲထား ရှိပြီး လှည့်ကင်းလုံခြုံရေးနှင့် အုပ်ချုပ်မှု ယာဉ်များ အဖြစ် အသုံးပြုလျက်ရှိ ကြောင်း၊ အဆိုပါယာဉ်များအနက် အ ချုပ်သားတင်ယာဉ် ၉၁ စီးကို တိုင်းဒေ သကြီး/ပြည်နယ်ရဲတပ်ဖွဲ့များ သို့ ဖြန့်ခွဲ ထားရှိပြီး လုံခြုံရေးဆောင်ရွက်ရန် ဖော /လန်ဂျန်းယာဉ် ၂၂ဝ စီးရှိပြီး ရဲတပ် ရင်းများသို့  ဖြန့်ခွဲထားရှိကြောင်း၊ ထို့အ ပြင် အေရိုးလတ် အမျိုးအစား ယာဉ်ကြီး များကို အဓိကရုဏ်းနှိမ်နင်းရေးယာဉ် အဖြစ် ပုံစံပြောင်းလဲပြီး ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့တွင် ၂ စီး၊ မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် ၂ စီး၊ အ မှတ် (၂) ရဲတပ်ရင်းများကွပ်ကဲမှု အဖွဲ့မှူး ရုံး(ရန်ကုန်)တွင် ၂ စီးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် အရန်အသင့် ယာဉ် ၂ စီး၊ စုစုပေါင်း ၈ စီးကို ဖြန့်ခွဲ ထားရှိပြီး ဖြစ်ကြောင်း ၄င်းကလွှတ်တော် တွင်တင် ပြသည်။

တရားဥပဒေစိုးမိုးရေး ရှိ မရှိကို ဝေဖန် သုံးသပ်ရာတွင် တာဝန်ယူဆောင် ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အ တွက် ဆက်စပ်ပစ္စည်းများဖြစ်သော ရဲ တပ်ဖွဲ့ အခြား အသုံးအဆောင် ပစ္စည်း များကို ခေတ်နှင့်အညီ ဖြည့်‌ ဆည်းပေး နိုင်ခြင်း ရှိ မရှိ ကိုလည်း စဉ်းစားပေးသင့် ပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အ များစုသည် မိမိအစီ အစဉ်ဖြင့် လိုအပ် သည်များကို ဖြည့် ဆည်းဆောင်ရွက် လုပ်ကိုင်နေကြသည်ကိုလည်း တွေ့မြင် ရပါကြောင်း၊ မြို့နယ်အတွင်း ဆူပူမှု၊ အ ကြမ်းဖက်မှုများ စတင်ဖြစ်ပွား ပါက မြို့ နယ်ရဲတပ်ဖွဲ့ကပင် စတင်ထိန်းသိမ်းရပြီး အချိန်နှင့်တစ်ပြေးညီ ဟန့်တားကာကွယ် ရန်နှင့် ထိရောက်မြန်ဆန်စွာ အင်အား ဖြည့်ဆောင်ရွက်နို င်ရန်၊ တရားခံများ ဖမ်းဆီးရန်နှင့် အဓိကရုဏ်းများဖြစ်ပွား ပါက အခင်းဖြစ်ရာနေရာသို့ အချိန်မီ သွားရောက်နိုင်ရန်အတွက် ယာဉ်များ မလုံလောက်ခြင်း၊ ကောင်းမွန်မှုမရှိခြင်း၊ လိုအပ်သည့်ေ မ်ာတော်ယာဉ်နှင့် စက် သုံးဆီများကိုလည်း ရဲတပ်ဖွဲ့ဝင်များ သည် မြို့နယ်အတွင်းရှိ စီးပွားရေးလုပ် ငန်းရှင်များ၊ ယာဉ်ပိုင်ရှင်များထံမှ အကူ အညီတောင်းခံနေရ ပါေ ကြာင်း၊ ထို့အ ပြင် မြို့နယ်အသီးသီးတွင် ယာဉ်လုံ လောက်မှုမရှိသည့် အပြင် ရှိသည့်ယာဉ် များမှာလည်း ပျက်စီးယိုယွင်းနေသည့် အတွက် အသစ်ဖြည့်စွက်ဆောင် ရွက် ပေးရန်လည်း လိုအပ်လျက်ရှိနေပါကြောင်း၊ မြို့နယ်အသီးသီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ များသို့ အချုပ်ယာဉ်၊ လှည့်ကင်း၊ လုံခြုံ ရေး ဆောင်ရွက်ရန်ယာဉ်နှင့် အဓိက ရုဏ်းနှိမ်နင်းရေးယာဉ်စသည် တို့ကို စီမံ ချက်ရေးဆွဲ၍ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါ ကြောင်း သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပေ သာ ပြည်သူ့ လွှတ်တော်အစည်း အဝေးတွင် နတ္တလင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်ဦးက မေးမြန်းရာ ပြည်ထဲရေး ဒုဝန်ကြီးက အ ထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

အစိုးရ ခွင့်ပြုချက်အရ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွက် လှည့် ကင်းနှင့် လုံခြုံရေးအသုံးပြုရန် ဆလွန်း ယာဉ် ၄၄ စီး၊ double cab ယာဉ် ၁ဝဝ စီးနှင့် အချုပ်ယာဉ် ၁၆ စီး၊ မော်တော် ဆိုင်ကယ် ၁၅ဝ စီး ဝယ်ယူခွင့် ရရှိခဲ့ပြီး ဖြစ် သည့်အတွက် ပြည်ထဲရေးဝန်ကြီး ဌာန ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော် မတီမှ အိတ်ဖွင့်တင်ဒါ ဈေးပြိုင် စနစ်ဖြင့် ဝယ်ယူရေးဆောင်ရွက်လျက်ရှိပြီး ဝယ် ယူပြီးပါက ဖြန့်ဝေထုတ်ပေးရေး ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဒုတိယဝန် ကြီးက ပြောသည်။

ဆက်လက်ပြီး ၄င်းက ယခုနှစ် ဇွန်လအတွင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ မြန်မာ double cab ၊ single cab ယာဉ် ၆၃ စီး ထပ်မံခွဲဝေရရှိခဲ့သည့်အ တွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသစ်တိုး ချဲ့ဖွဲ့စည်းခဲ့သော တပ်ဖွဲ့များသို့ ခွဲဝေ ထုတ်ပေးထားရှိ ပါကြောင်းနှင့် မော် တော်ယာဉ်များ ထပ်မံဖြည့် တင်းရရှိလာ ပါကမြို့နယ်အသီးသီးသို့ ဆက်လက်ခွဲ ဝေထုတ်ပေးရေး ဆောင် ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့ သည်။

အထက်တန်းအဆင့်မရောက်မီ ကျောင်းသူလေးများအား အပျိုစစ်မစစ် စစ်ဆေးရန်စီစဉ်


From : ..YMG



အင်ဒိုနီးရှားနိုင်ငံ စူမားတြား ကျွန်းရှိ Prabumulih မြို့မှ ပညာ ရေးဌာနအကြီးအကဲဖြစ်သူ မူဟာ မက်ရာရှစ်က အထက်တန်းတက် ရောက်မည့် မြီးကောင်ပေါက် ကျောင်းသူလေးများအား အပျို ရည်စစ်ဆေးသင့်ကြောင်း ထုတ် ဖော်ပြောကြားခဲ့ရာ လူအများ ဒေါသထွက်ကြပြီး အမျိုးသမီး အရေး လှုပ်ရှားတက်ကြွသူများ က အမျိုးသမီးများအပေါ် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ပေးကြောင်း စွပ်စွဲခဲ့ကြသည်။
ပြည့်တန်ဆာလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံရသော အထက်တန်းကျောင်းသူခြောက် ဦး၏ သတင်းထွက်ပေါ်လာပြီး နောက် ၎င်းအကြံပြုချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအစီ အစဉ်အား လာမည့်၂၀၁၄ခုနှစ် မှစ၍ အကောင်အထည်ဖော်
သွားမည်ဟုပြောသော်လည်း မြို့ တော်ဝန်နှင့် ဒေသပါလီမန်မှ အတည်ပြုချက်လိုကြောင်းလည်း သိရသည်။
သင်၏ကလေးများကို ဆိုး ကျိုးသက်ရောက်မှုမှကာကွယ်ရန် အခြားနည်းလမ်းများရှိကြောင်း၊ ယခုအစီအစဉ်သည် အမြော် အမြင်မရှိကြောင်း ပညာရေးဝန် ကြီး မိုဟာမက်နုမှ ဦးဆောင်ပြီး ဝေဖန်ပြစ်တင်ကြသည်။
ယခုအစီအစဉ်အား ဒေသ အာဏာပိုင်များမှ မထောက်ခံ ၍ အကောင်အထည်ပေါ်မည် မဟုတ်ကြောင်း၊ ဒုတိယမြို့တော် ဝန်က ပြောသည်။
၂၀၁ဝပြည့်နှစ်ကလည်း Jami ပြည်နယ်တွင် ယခုကဲ့သို့ အပျိုရည်စစ်ဆေးမည့်အစီအစဉ် တင်ပြခဲ့ရာ ဗဟိုအစိုးရကန့်ကွက် မှုကြောင့် အစီအစဉ်ပျက်ခဲ့ရဖူး သည်။

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါ နှင့် ကာကွယ်နည်း






ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူ များ ဖြစ်နိုင်ချေရှိတဲ့ ရောဂါ များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening
ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

၃။ RSI (Repetitive strain injury)
ကွန်ပျူတာရှေ့ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေ ရမှုကြောင့် အမြဲတမ်းအသုံးပြုနေရတဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။

၎။ Menal side effects

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ Facebook, G-talk တို့လို ဘယ်လောက် ဆိုရှယ်ဝဘ်ဆိုဒ်, ကွန်ရက်တွေသုံးသုံး တကယ့်အပြင် လူမူကွန်ရက်နဲ့ Face to Face ပြောဆိုဆက်ဆံရတာ မဟုတ်တဲ့အတွက် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေ ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပြီး ယင်းအရာဝတ္ထုရဲ့ ပြောင်းလဲမှုအလိုက် စိတ်က ပြောင်းလဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။

၅။ Back Problems
ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေ

အတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ် ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကာကွယ်နည်း
ပထမ တစ်ချက်ဖြစ်တဲ့ အမြင်အာရုံအတွက်တော့ ကွန်ပျူတာကို ကြာကြာဆိုက်ကြည့်ပြီး မိနစ် ၂၀၊ နာရီဝက် တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ မျက်တောင်ခတ်ပေး ရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လည်း ရပါတယ်။

နံပါတ်၂ ကြွက်သား အားနည်းမှုနဲ့ နံပါတ် ၃ RSI အတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနဲ့ အိပ်ခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း မာနေမှုတွေ ကို လျော့ချပေး ပါတယ်။

Mental side effect အတွက်ကတော့ ပေါင်းသင်းဆက်ဆံရေးတွေ၊ လုပ်ငန်းခွင်တွေမှာ မလစ်ဟင်းဖို့၊ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့မှာ နားနားပြီး အသုံးပြု၊ လုပ်ဆောင်၊ ဆော့ကစား ပေးဖို့ ဖြစ် ပါတယ်။

Back Problems အတွက်ကတော့ ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရ မှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။

အလှကြိုက်သူ မိန်းကလေးများနှင့် ခြေစွယ်ငုပ်ခြင်း အကြောင်း

မေး။   ။ ဒေါက်တာရှင့် သမီးဟာ မိန်းကလေးဖြစ်ပြီး ခြေထောက်မလှ ဖြစ်နေပါတယ်။ ခြေမမှာ ခြေစွယ် မကြာခဏ ငုပ်ပါတယ်။ ငုပ်ရင်လည်း ဒေါက်ဖိနပ် မစီးနိုင်အောင်ကို နာနေပါတယ် ဆရာ။
တစ်ခါတလေဆို ပြည်ပါတည် တတ်လို့ စိတ်ညစ်ရပါတယ်။ ခြေစွယ်မငုပ်အောင် ဆိုင်သွားပြီး Nail Health လုပ်လည်း ခဏပဲခံတယ် ဆရာရယ်။ သမီးဘယ်လို လုပ်ရမလဲ။ ကူညီ ဖြေကြားပေးပါ။
မီးမီးချော(အမရပူရ)
ဖြေ။ ။ အမရပူရက သမီးချောက အလှကြိုက်ပါလျက် ခြေစွယ်ငုပ်ရလို့ စိတ်ညစ် နေရပါသတဲ့။ ဟုတ်ကဲ့ပါ၊ သမီးလို အလှကြိုက်လျက် ခြေမကဖျက် နေတဲ့ အလှကြိုက် သူလေးတွေ သိဖို့ ခြေစွယ်ငုပ်ခြင်း အကြောင်း ဆရာရှင်း ပြလိုပါတယ်။
ခြေစွယ်ငုပ်တယ် ဆိုတာက ခြေသည်းညှပ်စဉ်က ကျန်ခဲ့တဲ့ ခြေစွယ်က အသားထဲ တိုးဝင်ရာက ခြေစွယ်ဝန်းကျင်မှာ အနာဖြစ်လာတာပါ။ အဲဒီအနာက ပြည်ပါ လိုက်လာပြီး ပို၍ ဆိုးဝါးစေပါ တယ်။ ခြေသည်းညှပ်ရာမှာ ခြေစွယ်ကျန်ခြင်းနဲ့ ရှူးဖိနပ်ကျပ်ကျပ် စီးခြင်းတို့ဟာ ခြေချောင်းများကို စုညှစ်သလို ဖြစ်နေတာကြောင့် ခြေစွယ် ငုပ်တတ်ပါတယ်။
ကဲ ခြေစွယ် ငုပ်လာပြီဆိုပါစို့။ ဘာစလုပ်ကြမလဲ။
(၁)     ခြေစွယ်ငုပ်နေတဲ့ ခြေထောက်ကို ရေနွေးထဲမှာ ဆားထမင်းစား ဇွန်းနှစ်ဇွန်းခန့် ထည့်မွှေထားတဲ့ ဆားရေနွေးနဲ့ ဆယ်မိနစ်ခန့် စိမ်ပါ။(တစ်နေ့ နှစ်ကြိမ်ခန့် စိမ်ပါ) နာနေတဲ့ နေရာကို ပလာစတာ ကပ်ထားပါ။ ခြေညှပ်ဖိနပ်၊ ကွင်းထိုး ဖိနပ်စီးပါ။
(၂)     ခြေစွယ်နာ လုံးဝ ပျောက်ကင်းသွားမှ ခြေသည်းညှပ်ပါ။
(၃)     ခြေသည်းဆိုးခြင်း၊ ကြေးချွတ်ခြင်းတို့ကို ခြေစွယ်ငုပ်နေစဉ် မလုပ်သင့်ပါ။
ခြေစွယ် ငုပ်လေ့ရှိတဲ့ သမီး မီးမီးချောအနေနဲ့ ခြေစွယ်မငုပ်အောင် ကာကွယ် နည်းတွေရှိပါတယ်။
(၁)     နေ့စဉ် ခြေဆေးပါ။ ဆေးပြီးတာနဲ့ ရေစင်အောင် သုတ်ပါ။
(၂)     ရှေ့ဘက်မှာ ခြေချောင်းလေးများကို စုညစ်ထားတဲ့ ဦးချွန် ဒေါက်မြင့်မျိုး မစီးသင့်ပါ။
(၃)     ခြေဦးပိုင်း ဖွင့်ထားတဲ့ ချည်ထည်ခြေစွပ်၊ စတော်ကင်များကိုသာ ဝတ်ပါ။ နေ့စဉ်လဲပါ။
(၄) ခြေသည်းမညှပ်မီ ခြေသည်းနူးပျော့လာရန် ခြေထောက်ကို ရေနွေးထဲမှာ ၁ဝ မိနစ်ခန့်စိမ်ပြီးမှ လက်သည်းညှပ် ကောင်းကောင်းနဲ့ ခြေစွယ်မကျန်အောင် ညှပ်ပါ။ ထောင့်ဘက် အဖျားများကို တံစဉ်းတိုက်ပါ။ ခြေစွယ် ကုပ်နေလျှင် ထိုနေရာကို အချွန်အထက်ဖြင့် အတင်းမကော်ပါနဲ့။ ရေနွေးစိမ်ပြီး ခြေသည်းပျော့သွားမှ ခြေစွယ်ကို ညှပ်ပါ။
မြဝတီ

သေမင်းတမန် HIV/AIDS ရောဂါ သိမှတ်ဖွယ်ရာ



သေမင်းတမန် HIV/AIDS ရောဂါ သိမှတ်ဖွယ်ရာ
(ဒေါက်တာ သန်းစိန်နှင့် တွေ့ဆုံခြင်း)
မေး။ ။ အခုတလော ခုခံအား ကျဆင်းတဲ့ ရောဂါအကြောင်း စာစောင်တွေမှာလည်း မကြာမကြာ ဖော်ပြ ထားတာ တွေ့ရပါတယ်။

ဖြေ။ ။  ရောဂါတွေ အကြောင်း အပြောများသလို စာစောင်တွေမှာလည်း မကြာမကြာ ဖော်ပြထားတာ တွေ့ရတယ် ဆိုရင် ကျန်းမာရေး အကြောင်း သာမန် စာဖတ်ပရိသတ်တွေ ပိုမို ဖတ်ရှု နားလည်လာပြီး ကျန်းမာရေး အသိတရားများ ကြွယ်ဝလာကြမှာပါ။ ကျန်းမာရေး အသိ နည်းပါးမှု၊ ဂရု မစိုက်မှု၊ လျစ်လျူရှုမှု တွေကြောင့် လူတွေကို ဒုက္ခအများဆုံး ပေးနေတဲ့ ရောဂါတွေထဲမှာ အဓိက ရောဂါများကတော့ ''ခေတ်သစ် ကာလသား ရောဂါများ'' ရယ်လို့ အမည်နာမ ပေးနိုင်လောက်သော ရောဂါများ ဖြစ်ပါတယ်။
မေး။ ။ ယခင်ရှေးအခါက ကာလသားရောဂါများ ရှေးက ရှိခဲ့ကြောင်းကို ပြောပြ ပေးပါခင်ဗျာ။
ဖြေ။ ။  ရှေးနှစ် ထောင်ပေါင်းများစွာက ကာလသား ရောဂါများ ရှိခဲ့တာ ဗုဒ္ဓခေတ် စာပေတွေမှာ၊ အာသောက မင်းကြီး ခေတ် စာပေမှာ၊ အီဂျစ်နိုင်ငံ ဖာရိုဘုရင်များ သေရတဲ့ အကြောင်းများ လေ့လာရာမှာ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ထိုခေတ်များက ကုသရန် ဆေး မရှိတာကြောင့် ကြိုတင်ကာကွယ်ရေးများ ဖြစ်တဲ့ ပြည့် တန်ဆာများ စနစ်တကျ ထားရှိရေး၊ မှတ်ပုံတင်ရေး၊ ရောဂါရှိသူများကို ပြည့်တန်ဆာ ဂေဟာများကနေ ဖယ်ရှားရေး၊ သန့်ရှင်း သပ်ရပ်ရေး စသဖြင့် ဥပဒေများ ပြဋ္ဌာန်း ထိန်းချုပ် ခဲ့ပါတယ်။ ဝေးရပ်မြေက ကုန်ရောင်း ကုန်ဝယ် လာကြတဲ့ သူတွေ၊ သံတမန် မင်းညီမင်းသားများကို ဧည့်ဝတ်ပျူငှာ ပြုနိုင်ရန် နိုင်ငံတော် ပြည့်တန် ဆာများပင် ခန့်ထား ဆောင်ရွက်ခဲ့ကြတာ ရာဇဝင်မှာ အထင်အရှား ရှိခဲ့ဖူးပါတယ်။
မေး။ ။ ယနေ့ခေတ်မှာ ပုန်းလျှိုးကွယ်လျှိုး လုပ်ရတဲ့ လုပ်ငန်း ဖြစ်နေတာနဲ့ ကွာခြား နေပါတယ်။ ဒီလို ပုန်းကွယ်ရတဲ့အတွက် ဒီရောဂါများ ပိုပြန့်တာလား ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။  ၁၅ ရာစု လောက်က စပြီး အာရှ အရှေ့တိုင်း နိုင်ငံက လူတွေက မြို့တော်တွေမှာ ဒီရောဂါကို သတိ ထားမိကြပြီး အနောက်တိုင်း နိုင်ငံတွေကနေ ကုန်ကူးသန်းရန် လာကြသူတွေ (မျက်နှာဖြူတွေ) ယူဆောင် လာတဲ့ ရောဂါ (Farangi Roga) အဖြစ် ခေါ်ဝေါ်ခဲ့ကြ ပါတယ်။
မေး။ ။ ယခင်က ကာလသားရောဂါ တိုက်ဖျက်ရေး အပဖွဲ့များဖွဲ့ပြီး ရောဂါ နှိမ်နင်းရေး ဆောင်ရွက်ခဲ့တာနဲ့ ယခု ဘယ်လို ကာကွယ်သင့် ပါသလဲ။
ဖြေ။ ။  ရောဂါရရင် ကုသပေးနိုင်တဲ့ ဆေး ရှိတယ်ဆိုပြီး ခံယူထားတဲ့ တစ်လွဲ အယူသီးတာရယ်၊ တစ်ဖက်က စီးပွားရေး မပြေလည်မှုနဲ့ အခြား တစ်ဖက်က စီးပွားရေး ပြေလည်ပြီး မိမိတို့ရဲ့ စိတ် အလိုလိုက်မှု စိတ် ဖိစီးမှုတွေကို မထိန်းချုပ် နိုင်သူများ၊ အမျိုးသမီးများ အလုပ်အကိုင် ရှားပါးမှု စတာတွေဟာ ကာလသားရောဂါ မျိုးစုံကို ဆက်လက် ရှင်သန် ကြီးထွားစေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
မေး။ ။ လိင် ဆက်ဆံမှုကြောင့် ကူးစက်သော ရောဂါထဲမှာ ပါတဲ့ ကာလသား ရောဂါကို ပြောပြ ပေးပါလား။
ဖြေ။ ။  လိင် ဆက်ဆံမှုကြောင့် ကူးစက်သော ရောဂါ အမျိုးပေါင်း ၂၀ ကျော်လောက် ရှိတယ်။ အဏုဇီဝ ပိုးမျိုးစုံက ရောဂါ ဖြစ်စေတာပါ။ ကာလသားများ ညောင်းကျရောဂါ၊ အမျိုးသမီးငယ်များ အဖြူဆင်း ယားယံတဲ့ ရောဂါ၊ နှုတ်ခမ်းတွေမှာ ယားယံ အရည်ကြည် အဖုအပိမ့် ထွက်တဲ့ ရေယုန်ရောဂါ၊ ဘီပိုး ဗိုင်းရပ်စ်ကြောင့် ဖြစ်သော အသည်းရောင် အသားဝါရောဂါ၊ HPV ဗိုင်းရပ်စ် ပိုးကြောင့် ကင်ဆာ ဖြစ်စေသော သားအိမ်ကင်ဆာများ အပြင် ဆီးသွားလမ်းကြောင်း၊ စအို ဝမ်းအိမ်တွေမှာ ရောဂါပိုး ဝင်ရောက် ဒုက္ခပေးမှုများ စသဖြင့် ရောဂါများ ခံစားရ နိုင်ပါတယ်။ ၁၉၈ဝ ပြည့်နှစ် နောက်ပိုင်းမှာ အာရှတိုက် နိုင်ငံများသို့ အသစ် ရောက်ရှိလာတဲ့ ရောဂါကတော့ ခုခံအား ကျဆင်းစေတဲ့ ရောဂါ Acquired Immuno-defi ciency Syndrome-AIDS ဖြစ်ပါတယ်။ ၂ဝ ရာစုနှစ်များ အကုန် ၂၁ ရာစုနှစ်များ အစမှာ ပြန့်ပွားတဲ့ ရောဂါဖြစ်တဲ့ အတွက် ခေတ်သစ် ကာလသား ရောဂါလို့ အမည်တပ်လိုက် တာပါ။
မေး။ ။ အိတ်ဒ်စ် (AIDS) ရောဂါ ဖြစ်ပွားနေမှု အခြေအနေ ပြောပြပေးပါဦး။
ဖြေ။ ။ ဒီခေတ်သစ် ကာလသား ရောဂါ အိတ်ဒ်စ် (AIDS) ဟာ အာဖရိက၊ ဥရောပနဲ့ အမေရိကန် နိုင်ငံများမှာ ရောဂါ စတင် ဖြစ်ပွားခဲ့ရာမှ မြန်မာနိုင်ငံထဲကို ကူးစက် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား တစ်ဦးမှာ HIV ပိုးတွေ့ကြောင်း စပြီး အစီရင်ခံတာ ၁၉၈၈ ခုနှစ်က ဖြစ်ပါတယ်။ ယနေ့ ဆိုလျှင် အနှစ် ၂၅ နှစ် ကျော်လာခဲ့ပြီး HIV ပိုး ရှိနေတဲ့လူ (People Living with HIV) ဦးရေဟာ နှစ်သိန်းခွဲ ရှိနေတဲ့ အတွက် ကူးစက်မှု မြန်ဆန်တာ၊ ကာကွယ် ထိန်းချုပ်မှု အားနည်းတာကြောင့် လူအများ ကူးစက် ခံရတာလို့ သုံးသပ် ကြပါတယ်။
မေး။ ။ HIV ရောဂါပိုး ရှိနေတဲ့ လူတွေ ဘယ်လို များလာတာပါလဲ။
ဖြေ။ ။  ၁၉၉ဝ ပြည့်နှစ်မှာ မြန်မာနိုင်ငံမှာ HIV ပိုး ရှိနေတဲ့လူ ငါးသောင်းလောက် ရှိမယ်လို့ ခန့်မှန်း ပါတယ်။ အဲဒီ အချိန်က စပြီး ရောဂါ ပြန့်ပွားမှု မရှိစေရန် ကာကွယ်ရေး ပညာပေး လုပ်ငန်းများ စတင် ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ အသက် ၁၅ နှစ် အထက် HIV ပိုး ရှိနေတဲ့ လူ တစ်သိန်းခွဲ၊ ၂ဝဝဝ ပြည့်နှစ်မှာ နှစ်သိန်း၊ ၂ဝဝ၅ ခုနှစ်မှာ နှစ်သိန်းခွဲလောက် ရှိခဲ့ပြီး ယနေ့ ၂ဝ၁၁- ၂ဝ၁၂ ခန့်မှန်း စာရင်းအရ HIV ပိုး ရှိနေတဲ့လူ နှစ်သိန်းခန့်သို့ ကျဆင်းသွားတာ တွေ့ရပါတယ်။ ၁၅ နှစ် အထက် အမျိုးသမီးများ ဖြစ်ပွားမှုဟာ ၄ဝ ရာခိုင် နှုန်းမှ ၃ဝ ရာခိုင်နှုန်း ကျဆင်းလာတာ တွေ့ရပါတယ်။ ရောဂါ အသစ်ရသူ နှစ်စဉ် တစ်သောင်းလောက် ရှိရာမှ ၄ဝ ရာခိုင်နှုန်းဟာ အမျိုးသမီးများမှာ ဖြစ်ပွား နေသေးတာ တွေ့ရတယ်။ ရောဂါ အသစ် ရသူရဲ့ ၇၅ ရာခိုင်နှုန်းဟာ လိင်တူ လိင်ကွဲ ဆက်ဆံကြရာမှ ရောဂါ ရကြတာ တွေ့ရပါတယ်။ ရောဂါ ဖြစ်ပွားသူ ခန့်မှန်း တွက်ချက်မှု အရ ၁၉၉ဝ ပြည့်နှစ်မှာ ငါးသောင်းခန့် ရှိပြီး အမျိုးသမီး ဖြစ်ပွားမှုဟာ ထောင်ဂဏန်း လောက်သာ ရှိပါတယ်။ တဖြည်းဖြည်း ရောဂါ ပျံ့နှံ့မှု မြန်လာပြီး ၂ဝဝ၃- ၂ဝဝ၅ ခုနှစ်တွေမှာ လူနာဦးရေ နှစ်သိန်းခွဲ အထိ တိုးတက်လာကြောင်းနှင့် အမျိုးသမီးများ ရောဂါ ဖြစ်ပွားမှုဟာလည်း ငါးသောင်းမှ တစ်သိန်း အထိ တိုးတက်လာကြောင်း ခန့်မှန်း ထားပါတယ်။ ၂ဝဝ၃ ခုနှစ် နောက်ပိုင်းမှာ ရောဂါ သုံးမျိုး စီမံချက်ကြောင့် ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာပြီး ၂ဝ၁၁- ၂ဝ၁၂ ခန့်မှန်း စာရင်းအရ HIV ပိုး ရှိနေတဲ့လူ နှစ်သိန်းအောက်ကို ကျဆင်း သွားတာ တွေ့နေရပါတယ်။ အဲဒီ ဆောင်ရွက် နေတာတွေကို ဆက်လက် အရှိန်မြှင့်ပြီး ဆောင်ရွက် နိုင်မှသာ ၂ဝ၁၅ ခုနှစ်မှာ လူနာဦးရေ တစ်သိန်းခွဲအောက် ရောက်နိုင်မှာပါ။
မေး။ ။ လိင်တူ လိင်ကွဲ ဆက်ဆံမှုတင် မကဘဲ တခြား ဘယ်လို နည်းလမ်းတွေနဲ့ ရောဂါ ရနိုင် သေးပါသလဲ။
ဖြေ။ ။  ဟုတ်ပါတယ်။ အိမ်နီးချင်း နိုင်ငံမှာရော မြန်မာ နိုင်ငံမှာပါ HIV ပိုး ရောဂါရသူရဲ့ ၃ဝ-၃၅ ရာခိုင်နှုန်း ဟာ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ အထူးသဖြင့် တစ်ဦးသုံးပြီးသား ဆေးထိုးအပ်ကို အခြား တစ်ယောက်ကို ပေးသုံး စေခြင်းဖြင့် ဆေးထိုးအပ်နဲ့ မူးယစ်ဆေး သုံးသူ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်စေတာ ဖြစ်ပါတယ်။ ၂ဝဝ၆- ၂ဝဝ၇ ခုနှစ်ကာလမှာ ဒီနည်းနဲ့ ရောဂါရသူ ၃၅ ရာခိုင်နှုန်း ရှိခဲ့ရာ ကနေ ၂ဝ၁၁- ၂ဝ၁၂ ခုနှစ်မှာ ၂၁ ရာခိုင်နှုန်း အထိ ကျဆင်း လာတာ တွေ့ရပါတယ်။
မေး။ ။ HIV ပိုး ရှိပြီးသား အမျိုးသမီး မိခင်ကနေ မွေးလာတဲ့ ကလေးတွေကိုရော ကူးစက် နိုင်ပါသလား။
ဖြေ။ ။  HIV ပိုး ရှိပြီးသား အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ကာလမှာပင် သူတို့ရဲ့ ကလေးကို ကူးစက်မှု လျော့နည်းအောင် လုပ်နိုင်ပေမဲ့ နှစ်စဉ် မိမိကိုယ်ထဲမှာ HIV ပိုး ရှိပြီးသား မိခင်က မွေးလိုက်တဲ့ ကလေးများ မှာ ပိုးရရှိနေပြီးသား ၅ဝဝဝ မှ ၁ဝဝဝဝ လောက် ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ရောဂါပိုး တွေ့ပြီး ဆေးဝါး စနစ်တကျ ကုသနိုင်တယ် ဆိုရင် မိခင်က ကလေးကို ကူးစက်မှု သက်သာ သွားနိုင်ပါတယ်။
မေး။ ။ ဒီ ခေတ်သစ် ကာလသား ရောဂါ အိပ်ခ်ျအိုင်ဗွီ- အိတ်ဒ်စ် (HIVAIDS) ရောဂါကို ဘယ်လို တွန်းလှန် နိုင်မလဲ။
ဖြေ။ ။  ရောဂါရရင် ကုသပေးနိုင်တဲ့ ဆေးရှိတယ် ဆိုတာ ခံယူထားတဲ့ တလွဲ အယူသီးတာ တွေကို ပညာပေး တိုက်ဖျက် ရမယ်။ ဆေးရုံ ဆေးခန်းတွေက ကာလသား ရောဂါမျိုးစုံ တွေ့ရှိ ကုသတဲ့အခါ စနစ်တကျ ပြုစု ကုသဖို့ လိုအပ်ပါတယ်။ ဆေးထိုးအပ်နဲ့ မူးယစ်ဆေး သုံးသူများ ကျဆင်းရေးဟာ မလွယ်ကူသော လုပ်ငန်း ဖြစ်တဲ့ အတွက် သူတို့ကြားမှာ ရောဂါ ဖြစ်ပွားမှုများတာ တွေ့ရှိ နေနိုင်ပါတယ်။ လိင်တူ လိင်ကွဲ ဆက်ဆံ ကြရာမှ ရတဲ့ ရောဂါဖြစ်တဲ့ အပြင် အဓိက ကူးစက်စေတဲ့ လူများဟာ ကာမဆက်ဆံမှုနဲ့ အသက်မွေး ဝမ်းကျောင်း ပြုနေသူ အမျိုးသားများနဲ့ အမျိုးသမီးများ ဖြစ်ကြပါတယ်။ ဒီလူများနဲ့ ဆက်ဆံမှု များကြတာက ပြည်တွင်း၊ ပြည်ပ ဒေသတစ်ခုမှ ဒေသတစ်ခုကို မိမိတို့ လုပ်ငန်းအရ ပြောင်းရွှေ့ သွားလာ နေထိုင်ကြသူများ (Mobile Population) ဖြစ်ပါတယ်။ မိမိတို့ရဲ့ ဇနီးမယားများအား မိမိတို့ အမြဲနေထိုင်ရာ ဒေသမှာ ထားရစ်ပြီး သွားလာ လှုပ်ရှား စီးပွားရှာသူများ ဖြစ်ပါတယ်။ မော်တော်ယာဉ် မောင်းသူ၊ ယာဉ်နောက်လိုက်၊ ကျောက်တူး၊ ရွှေတူး သွားသူ၊ ကုန်သွယ်ရေး ကုန်ကူးသန်း သယ်ယူပို့ဆောင်သူ၊ ပင်လယ်ပြင် ထွက်ပြီး ငါးဖမ်းတဲ့ ရေလုပ်သားများ စတဲ့ ရွှေ့ပြောင်း လုပ်သားများ ဖြစ်ပါတယ်။ ကာမ ဆက်ဆံမှုနဲ့ အသက်မွေး ဝမ်းကျောင်းပြု နေသူ အမျိုးသား များနဲ့ အမျိုးသမီး များဟာ အဲဒီ ရွှေ့ပြောင်း လုပ်သားများ ရှိတဲ့ နေရာတွေမှာ အလုပ် အကိုင် ရှာကြတာ တွေ့ရပါတယ်။ မိမိတို့ ကာမရာဂကို မထိန်းချုပ် နိုင်သူများ (Promiscuity) သည် လိင်တူ လိင်ကွဲ ဆက်ဆံကြရာမှ ရောဂါ မရနိုင်စေရန် ကာကွယ်နည်း မျိုးစုံ မသုံးခဲ့မှုကြောင့် ရောဂါ ရရှိပြီး မိမိတို့ အိမ်ပြန် ရောက်တဲ့အခါ ဇနီးမယား အပြင် တခြား ရောဂါမရသေးသူများပါ ရောဂါ ရစေတာ ဖြစ်ပါတယ်။ လူထု တစ်ရပ်လုံး ပါဝင်မှသာ အမြစ်ပြတ် နိုင်မယ့် ရောဂါ ဖြစ်နေပါတယ်။
စောကျော်ဝင်း(မြဝတီ)

ငြိမ်းချမ်းရေးဖခင်ကြီး အလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း (၁၈၇၆-၁၉၆၄)


အဘ သခင်ကိုယ်တော်မှိုင်းသည် ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာနေ အဖဦးစံထွန်း၊ အမိဒေါ်အုန်းတို့၏ သားဖြစ်ပြီး သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက်
ကြာသပတေးနေ့၌ ဖွားမြင်ခဲ့ပါသည်။ ငယ်စဉ်အရွယ်က ကျီးသဲလေးထပ် ဆရာတော်ထံတွင် တစ်ဆယ့်ကိုးနှစ်သား အရွယ်အထိ ရှင်သာမဏေ ဘဝဖြင့် ပညာသင်ယူခဲ့ပြီး အထက်အညာ ဒေသများဖြစ်သော မုံရွာ၊ ပဒုံ(အလုံ)၊ ရွှေဘို၊ ဘုတလင်၊ မောင်းထောင် အစရှိသော မြို့များတွင် လှည့်လည်ကာ ပညာဗဟုသုတများကို လိုလားစွာ လုံ့လ ဝီရိယပြု၍ ဆည်းပူး သင်ကြားခဲ့သည်။
ပဉ္စင်းဘဝသို့ တက်မည်ဟု ကြံစည်စိတ်ကူးသော်လည်း ပဉ္စင်းဖြစ်ရန် အထုံမပါသည့် အလျောက် စိတ်ကူးကြံစည် နေဆဲတွင် ဖခင် ကွယ်လွန်ခဲ့သဖြင့် မိခင်ကို လုပ်ကိုင် ကျွေးမွေးရန် တာဝန်ရှိလာကာ ရှင်လူထွက်၍ မိခင်ထံ ပြန်ခဲ့ရသည်။ ထို့နောက် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်တွင် စတင် အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုကဲ့သို့ အလုပ်လုပ်နေစဉ် စာပေ ဝါသနာကြီးခဲ့သူ ပီသစွာ ပြဇာတ်စာပေ ၈ဝ ကျော်ကို ရေးသားခဲ့သည်။ ရန်ကုန် သတင်းစာတိုက်မှ ကန်ထရိုက် ယူထားသော ပုလိပ်ဂေဇက် သတင်းစာတွင် အယ်ဒီတာအဖြစ် လည်းကောင်း၊ မော်လမြိုင်မြို့မှ ထုတ်ဝေသော မြန်မာတိုင်းမ် သတင်းစာတွင် အယ်ဒီတာအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ပုံနှိပ်တိုက်တွင် အလုပ်လုပ်နေစဉ် ''ဆရာလွန်း'' ဟူသော အမည်ဖြင့် မော်လမြိုင် ရာဇဝင် ဝတ္ထုစာအုပ်ကို ရေးသား ပုံနှိပ်ခဲ့သည်။
ဆရာကြီး၏ အရွယ်သည် ထိုစဉ်အခါက အသက်သုံးဆယ်မျှသာ ရှိသေးသည်။ ဆရာလွန်း အမည်ဖြင့် ရေးသားခဲ့သော မော်လမြိုင် ရာဇဝင်ဝတ္ထုမှာ အလွန်ရှေးကျပြီး အဆင့်မြင့်သော စာအုပ် ဖြစ်ခဲ့သောကြောင့် ဆရာကြီး ရေးသားခဲ့သော ကျမ်းစာအုပ်ပေါင်း သုံးဆယ်ကျော် အနက် ထင်ရှားသော စာအုပ်ဖြစ်ခဲ့သည်။ ဆရာကြီးသည် အသက် ၂၁ နှစ် အရွယ်တွင် အိမ်ထောင်ပြုခဲ့ပြီး အသက် ၄ဝ ကျော် အရွယ်တွင် ဇနီးဖြစ်သူ ကွယ်လွန်သွားခဲ့၏။ အရွယ်ကောင်းတုန်း အချိန် အိမ်ထောင် ပျက်ခဲ့သော်လည်း နောက်ထပ် အိမ်ထောင်သစ် မထူထောင်ဘဲ နေခဲ့၏။ မစ္စတာ မောင်မှိုင်း အမည်ခံယူခဲ့ခြင်း။
ဆရာကြီးသည် ''မစ္စတာမောင်မှိုင်း'' ဟူသော အမည်ကို မခံယူမီက ဆောင်းပါးဆရာ၊ ပြဇာတ် ဆရာလည်းဖြစ်ခဲ့ရာ ''မောင်လွန်း'' အမည်ဖြင့်သာရေး၍ ဆောင်းပါးများ ရေးသားသော ကလောင်အမည်မှာ ''မောင်သမာဓိ'' ဖြစ်သည်။ ဝိုင်အမ်ဘီအေ အသင်းများ ပေါ်ပေါက်ချိန်၌ အသင်းဝင်လည်းဖြစ်၊ ဆရာကြီးထံ ကဗျာစာပေ သင်ကြားနေသူလည်း ဖြစ်သော ဦးမေအောင်၏ ခေါင်းဆောင်မှုဖြင့် အစည်းအဝေးများသို့ တက်ရောက် ရသောအခါ ခေါင်းဆောင်သူ လူတစ်စုမှာ မျက်နှာဖြူအလိုကျ မိမိတို့၏ အမည်များကို ''မစ္စတာ'' တပ်၍ ပြောလေ့ရှိသည်ကို နားကြားပြင်းကတ်ကာ အတွေးတစ်ခု ဝင်သွားခဲ့သည်။
မျက်နှာဖြူ အလေ့အထကို ဗန်းတင်ကာ မိမိတို့ မိရိုးဖလာ အမည်ရှေ့က ဦး၊ကို၊ မောင်များကို ဖျောက်၍ မစ္စတာတပ် နေသည်ကို ချိုးရန် သတင်းစာ တစ်စောင်ထဲ၌ ''ဗိုလ်ဋီကာ'' ကို ရေးသားလိုက်ရာ ကလောင်ကို ''မစ္စတာမောင်မှိုင်း'' ဟူသော အမည်တပ်လိုက်၏။ ထိုအခါ ပြည်တွင်း မစ္စတာများက သတင်းစာတိုက်သို့ လာပြီး''မစ္စတာ'' ဆိုသောစကားကို အလွဲသုံးစား ပြုရမည်လားဆိုကာ ရေးသားသူ ဆောင်းပါးရှင်ကို မေးမြန်းကြရာ အမှန်ကို သိသွားသောအခါ ''မောင်မှိုင်း'' အမည်ခံယူသူ ဆရာကြီးမှာ အကြိမ်းအမောင်း ခံခဲ့ရရှာလေသည်။ ဆရာကြီးကလည်း ''မစ္စတာမောင်မှိုင်း'' ကလောင်အမည်နှင့်ပင် ဆောင်းပါး ပေါင်းများစွာကို ရေးသားခဲ့ရာ ''မစ္စတာကြီး''များနှင့် အတော်အတိုက်အခံ ဖြစ်ခဲ့ရပြီး သတင်းစာထဲ၌ပင် အပြန်အလှန် ''မစ္စတာ'' ချင်းထပ် အရေးအသားများ ရှိနေခဲ့ပြီး အချိန်ကြာသော် အားကုန်ကာ ပြတ်တောက် မှေးမှိန်သွားသည်အထိ ဖြစ်ခဲ့ရလေသည်။
သခင်ကိုယ်တော်မှိုင်းဘွဲ့ကို ခံယူခြင်း။ ဆရာကြီးသည် တို့ဗမာ အစည်းအရုံးမှ ဦးစီး ခေါင်းဆောင်ပြု၍ ရေနံချောင်းမြို့တွင် ကျင်းပသည့် ကွန်ဖရင့်ကြီးသို့ တက်ရောက် အားပေးရာမှအပြန် သခင်တပ် လူငယ်များ၏ ဆန္ဒ၊ ဝါဒများကို နှစ်သက် သဘောကျခြင်းဖြစ်ကာ ''သခင်'' စိတ်ဝင်လာသည်နှင့် မိမိအမည်ကို တိုင်းသိ၊ ပြည်သိ ကြေညာသည့် သဘောဖြင့် ''သခင်ကိုယ်တော်မှိုင်း'' ဟု ကလောင်အမည်ခံကာ တို့ဗမာ အစည်းအရုံးနှင့် သက်ဆိုင်သော ရနံချောင်းမြို့ တို့ဗမာ ကွန်ဖရင့်ဘွဲ့ ကဗျာလေးချိုးကြီးကို စပ်ဆိုခဲ့သည်မှာ...
''တို့ဗမာတစ်ခွင်၊ သခင်ထိုအကျော်အမော် ဂိုဏ်းတို့ဖြင့် မှို့ရတနာ၊ သဘင်အကြင် ဗြဟ္မစိုရ်၊ မော်ကသိုဏ်းတို့နှင့် ပလ္လင်ဗဟိုသော် တနှိုင်းပေပ၊ ဇမ္ဗူသမိုင်းပျော်စရ အခြေ၊ အိုကွယ်... သခင်ကိုယ်တော်မှိုင်းရယ်လို့ လူတိုင်းခေါ်ကြလေ...''
ဟူသော ကဗျာလေးချိုးရှည်ကြီးကို စပ်ဆိုကြေညာ အမည်သစ် တည်ခဲ့သည်။ ထိုစဉ်အခါက မည်သည့် နိုင်ငံရေးဂိုဏ်းကိုမျှ ပါဝင်အားပေး ကူညီခြင်းမရှိ။ မိမိဝါသနာ အလျောက် မိမိ ရေးသားလိုသည်ကိုသာ ရေးသားခဲ့သည်။ သို့သော် တိုင်းပြည်အတွက်၊ ဗမာ့ လွတ်လပ်ရေးအတွက် အလုပ်များနေသော သခင်များနှင့် ပူးပေါင်းကာ တိုင်းပြည်အတွက် အလုပ်လုပ်ကြဖို့ ဟောပြောခြင်းများကို ပြုလုပ်ခဲ့ဖူးပါသည်။ မြန်မာစာပေ စင်ကြယ်ရေးကို ဦးဆောင်ခဲ့ခြင်း။ ဆရာကြီးအဖို့ အမျိုးသားရေး၊ ဘာသာရေး၊ တိုင်းရေးပြည်ရွာ သာယာရေးအတွက် စာပေပညာဖြင့် ဖြည့်ဆည်းခဲ့သည်။ အချိန်အခါအရ မြန်မာစာပေ မှေးမှိန်ကာ အရောင် နွမ်းလာသည်ကို သိရသဖြင့် အမျိုးသားကောင်း စားရေးကို အကျိုးပြုမည့် မြန်မာစာ သန့်ရှင်းစင်ကြယ်ရေးကို အလေးထားသော ခေတ်တက်လူ လူငယ်လူရွယ်များ ဖွဲ့စည်းထားသော ''မြန်မာစာပေ စင်ကြယ်ရေး အဖွဲ့ကြီး''တွင် ဆရာကြီးသည် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။
ဆရာကြီး၏ စိတ်ရင်းအမှန်သည် အမျိုးသားစိတ်သာ ကိန်းသူဖြစ်ပြီး မိမိတို့ အမျိုးသားများ ကောင်းစားရေးအတွက် ဆောင်ရွက်လုပ်ကိုင်လိုသော ဆန္ဒသာရှိသဖြင့် အမျိုးသားရေးနှင့် ဆန့်ကျင်ဘက် လုံးလုံးဖြစ်သော အစိုးရအလုပ်များနှင့် အဂ္ဂမဟာပဏ္ဍိတ အစရှိသည့် ဘွဲ့ထူးများကို မလိုလားသူဖြစ်၏။ တစ်မျိုးသားလုံး ကောင်းစားပြီး ကျွန်အဖြစ်မှ သခင်အဖြစ် သို့ ရောက်စေရန်သာ လိုလားသူဖြစ်သည်။
မိမိငယ်စဉ် ကိုရင်ငယ် ကလေးဘဝက မြန်မာနိုင်ငံ၏ နောက်ဆုံး ဘုရင်သီပေါ မင်းကြီးနှင့် မိဖုရား စုဖုရားလတ်တို့အား ဗီရိုလှည်းနှင့် သယ်ဆောင်သွားသည်ကို မြင်လိုက်ရသည့် မြင်ကွင်းသည် ကိုရင်ကလေး မောင်လွန်း (သခင်ကိုယ်တော်မှိုင်း)အဖို့ မျက်ဝန်းထဲ၊ ရင်ထဲအသည်းထဲမှာ ကိုယ့်ဘုရင်၊ ကိုယ်သခင်ကို ကြက်ကလေး၊ ငှက်ကလေးကဲ့သို့ လှောင်ချိုင့် သွင်းပြီး ခေါ်သွားရလေခြင်း ဆိုသည့် ဝမ်းနည်း၊ နာကြည်းသည့် စိတ်က မပျောက်မပျက် တည်နေသောကြောင့် စိတ်ဓာတ်အား၊ စာပေအားဖြင့် ကျွန်စိတ်ကွယ်၍ သခင်စိတ် တည်နိုင်အောင် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
မျိုးချစ်စိတ်၊ အမျိုးဘာသာ၊ သာသနာကို မြတ်နိုးစိတ်များဖြင့် စာပေလက်နက်ကို ကိုင်စွဲခဲ့သူ ဘဘကြီး သခင်ကိုယ်တော်မှိုင်း၏ ဘဝခရီးသည် ရေးမကုန်အောင် များစွာရှိနေပါသည်။ ''တို့ဗမာဟူသော ဂုဏ်ပုဒ်'' နှင့် ကျွန်ဆိုသော စကားကိုဖြုတ်၍ ''သခင်ဆိုသော စိတ်ကိုမွေးကာ'' ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြသည့် အနေဖြင့် ''သခင်ကိုယ်တော်မှိုင်း'' ဆိုသည့် ငြိမ်းချမ်းရေးဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ငြိမ်းချမ်းရေး၏ ဗိသုကာကြီး ဖြစ်ခဲ့သည်။ ဆရာကြီး ကိုင်စွဲတွန်းလှန်ခဲ့သည်မှာ ထိုစဉ်အခါက ကလောင်တံ (ဖောင်တိန်)သာ ဖြစ်သည်။
နိုင်ငံအတွက်၊ လူမျိုးအတွက် ဆရာကြီးသခင် ကိုယ်တော်မှိုင်းဟုလည်း ဂုဏ်သတင်း ကြွယ်ခဲ့သူ သခင်ကိုယ်တော်မှိုင်းသည် တို့ဗမာ အစည်းအရုံး၏ နာယကလည်း ဖြစ်ခဲ့သလို အကျိုးပြုစာပေများလည်း များစွာရေးသားခဲ့သည်။ ပညာရှင် ဖြစ်သောကြောင့် လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း ပြည်ထောင်စု အစိုးရက ပေးအပ်ခဲ့သော ''အလင်္ကာကျော်စွာ'' စာပေဘွဲ့၊ ဆိုဗီယက်ယူနီယံမှ ပေးအပ်သော ''စတာလင် ငြိမ်းချမ်းရေးဆု''၊ အရှေ့ဂျာမနီနိုင်ငံမှ ပေးအပ်သော ''ဒေါက်တာဘွဲ့'' များကိုလည်း လက်ခံခဲ့ပါသည်။ သို့သော် ''သခင်ကိုယ်တော်မှိုင်း'' ဟူသော အမည်ဖြင့်သာ ကမ္ဘာတစ်ခွင် အမည်တွင်ခဲ့သော ရှားရှားပါးပါး ပညာရှင် ပုဂ္ဂိုလ်ကြီးသည် အသက် ၈၉ နှစ်(၂၃-၇-၁၉၆၄) နံနက် ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ် ချမ်းသာလမ်း နေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။
မြဝတီ

ပုသိမ်ခရိုင်သို့ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို ဥပဒေအရ အရေးယူခြင်း မရှိဘဲ နေရပ်သို့ ပြန်လည်ပို့ဆောင်

8.1.1
ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသည့် ငရုတ်ကောင်းမြို့အား Google Earth မှတစ်ဆင့် မြင်တွေ့ရစဉ်
ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့ အတွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦး ကို ဥပဒေအရ အရေးယူခြင်း မရှိဘဲ သြဂုတ် ၂၂ ရက် နံနက်ပိုင်းက နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်ဝင်းကျော်က သြဂုတ် ၂၂ ရက်က ပြောကြားသည်။
ယင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ အပါအ၀င် ဘင်္ဂါလီ ၅၂ ဦးမှာ ၂၀၁၃ သြဂုတ် ၁၃ ရက်က ဘင်္ဂလား ပင်လယ်အော်မှ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ပုသိမ်ခရိုင် ကုလားမခြံအနီး ပင်လယ်တွင် မသင်္ကာဖွယ် စက်လှေတစ်စီး တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ ဘင်္ဂါလီများကို စစ်ဆေးတွေ့ရှိ ခဲ့ရပြီး စက်လှေမှာ ဘင်္ဂလား ပင်လယ်အော်သို့ ပြန်လည်မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်ဝင်းကျော်က ''ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို သြဂုတ် ၂၁ ရက် ညနေပိုင်းက ခရိုင်ရုံးမှာ ခေါ်ယူစစ်ဆေးခဲ့တယ်။ သူတို့တွေက မြန်မာနိုင်ငံကတစ်ဆင့် မလေးရှားနိုင်ငံကို သွားမယ်လို့ စစ်ဆေးတွေ့ရှိခဲ့တယ်။ သင်္ဘောနဲ့လာတဲ့ အခါမှာ ပင်လယ်ပြင် လှိုင်းကြမ်းနေလို့ ကုလားမခြံ ပင်လယ်ပြင်နားမှာ ရပ်နားခဲ့တယ်လို့ ပြောတယ်။ ဒီဘင်္ဂါလီတွေကို နောက်ဆုံး စစ်ဆေးချက်အရ ရေပိုင်နက် မှားဝင်လာတယ်လို့ ယူဆရတယ်။ အရင်တုန်းကလည်း ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်။ ထွက်ပြေးသွားတဲ့ စက်လှေကို လိပ်ကျွန်းမှာ ဖမ်းမိထားတယ်။ သူတို့ကို အဲဒီစက်လှေနဲ့အတူ နေရပ်ကို ပြန်လည်ပို့ဆောင် ခဲ့ပါတယ်'' ဟု သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို သြဂုတ် ၂၂ ရက် နံနက် ၇ နာရီတွင် နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်ခြင်း မပြုတော့ကြောင်း ခံဝန်ကတိကို ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသူများ၊ နေထိုင်သူများကို အရေးယူနိုင်သည့် လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကဲ့သို့ ဥပဒေများ ရှိသော်လည်း ယခုဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ဘင်္ဂါလီများကို ဥပဒေအရ အရေးယူခြင်း မရှိဘဲ နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
Eleven

Related Posts Plugin for WordPress, Blogger...