Wednesday, August 21, 2013

လင်မယားနှစ်ဦး လိင်ဆက်ဆံနေပုံကို ဗီဒီယိုခိုးရိုက်ခဲ့လို့ ဓားထိုးခံရ


21/8/2013

သူတစ်ပါးလိင်ကိစ္စအား ချောင်းမြောင်း ကြည့်ရှု တတ်သူတစ်ဦးသည် ၎င်း၏ အိမ်နီးချင်း လင်မယား လိင်ဆက်ဆံနေကြပုံကို ချောင်း မြောင်းကာ ဗီဒီယို ရိုက်ကူးခဲ့ရာ အဆိုပါ အိမ်နီး ချင်းမှ ဒေါသထွက်ကာ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းကို ခံခဲ့ရသည်။
အိမ်နီးချင်းလင်မယား လိင်ဆက်ဆံနေ သည့် ဗီဒီယိုအား ထိုအိမ်နီးချင်း၏ သားကိုပင် ပြသခဲ့သည့် အဆိုပါ လိင်ကိစ္စ ချောင်းမြောင်း ကြည့်ရှုသူမှာ La Kampo ဆိုသူ ဖြစ်သည်။
ရဲမှ အသက် ၄၄ နှစ်ရှိပြီဖြစ်သော အဆိုပါ အိမ်နီးချင်းအား ဓားထိုးမှုဖြင့် ဖမ်းဆီးခဲ့ပြီး La Kampo ၏ အလောင်းကိုမူ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
La Kampo သည် ဂျလန်း အူတာရာရှိ ၎င်းတို့ရွာရှိ အိမ်နီးချင်း၏အိမ်သို့ သွားရောက်ခဲ့ပြီး စကား စမြည် ပြောဆိုပြီးနောက် အိမ်နီးချင်းတို့၏ အ၀တ် အစားမပါသော ဗီဒီယိုများ ရိုက်ကူးထားမှု အကြောင်းကို ၁၇ နှစ် အရွယ်ရှိ အိမ်နီးချင်း၏ သားဖြစ်သူအား ပြောပြခဲ့သည်။
သားဖြစ်သူ ၎င်းအား မသိကျိုးကျွန်ပြု သောအခါ La Kampo သည် မီတာ ၂၀ ဝေးသော ၎င်း၏အိမ်သို့ ပြန်လာခဲ့သည်။
အိမ်နီးချင်းသည် La Kampo ၏ အိမ် သို့ သွားခဲ့ပြီး ဒေါသအလွန်ထွက်ကာ ဓားဖြင့် ထပ်တလဲလဲ ထိုးခဲ့ဟန်တူသည်။
La Kampo သည် အဆင့်ဆင့် ထိုး သွင်းထားသော ဓားဒဏ်ရာများနှင့် သွေးအိုင်ထဲ တွင် သေဆုံးသွားခဲ့သည်။
အဆိုပါ အိမ်နီးချင်းသည် လူသတ်မှု ကျူးလွန်ခဲ့သော ဓားကိုယူကာ အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ရဲစခန်းသို့ ထွက်လာခဲ့သည်။
ဆန်ဒါကန်းရဲအရာရှိ Rowell Marong မှ ပြောကြားရာတွင် နှစ်ဦးစလုံးမှာ အင်ဒိုနီးရှား လူမျိုးများဖြစ်ပြီး အလုပ်ကြမ်းသမား များဖြစ် သည်ဟု ဆိုသည်။

ရိုးရိုး (သတင်းကွန်ယက်)
Ref: the Star

သံတွဲမြို့ပေါ်ရပ်ကွက်အားလုံး ရေနစ်မြုပ်

Wednesday, August 21, 2013

ရခိုင်ပြည်နယ် သံတွဲမြို့တွင် လွန်ခဲ့သည့် သုံးရက်ကတည်းက မိုးသည်းထန်စွာရွာသွန်း ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ရေကြီးမှု များဖြစ်နေကြောင်း ဒေသခံ များက ပြောသည်။"မနေ့က ညနေမှာ ရေစတက်တယ်။ ရေတက်တာကလည်းမြန် တယ်။ ဒီနေ့နေ့လယ်အထိ ရေပြန်ကျတာလေးလက်မလောက်ပဲ ရှိသေးတယ်"ဟု သံတွဲမြို့ အမှတ်(၂) ရပ်ကွက်မှဒေသခံပြည်သူတစ်ဦးက ပြောသည်။ရေကြီးမှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက် အားလုံး ရေနစ်မြုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် မြို့နယ်အတွင်းရှိ ကျေးရွာ အချို့တွင်လည်း ရေကြီးနစ်မြုပ်မှုဖြစ် နေကြောင်း သိရ သည်။"ရွှကျောင်း ပြင်၊ ခြံပြင်၊ နတ်ပြင်ရွာတစ်လျှောက်မှာ ရေကြီးနေတယ်။ ပြီးတော့ ဒါးသွေး ကျောက်၊ သမုတ်ချောင်းရွာတွေ ဘက်မှာလည်း ရေကြီးနေတယ်။ အံတော်ချောင်းဘေး က တရော်တော ရွာမှာဆိုရင် ကမ်းပါးတွေ ပြိုကျတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

သံတွဲမြို့သည် မြန်မာနိုင်ငံ၏ မိုးရေ ချိန်အများဆုံးမြို့များတွင် ပါဝင်ပြီး ယခုရက်ပိုင်းတွင် သံတွဲနှင့် ရခိုင် ပြည်နယ် မြို့နယ်များတွင် မိုးသည်း ထန်စွာ ရွာသွန်းလျက်ရှိသည်။ ယခုနှ စ် မိုး ရာသီ တွင် မိုးသည်းထန် စွာ ရွာသွန်းမှုနှင့်အတူ မြန်မာနိုင်ငံ အတွင်း မြို့နယ်များစွာ၌ ရေကြီး ရေ လျှံမှုဖြစ်ခဲ့ပြီး မြေပြိုမှုများနှင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ သည်။

(ပိုင်စိုး)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

မြောက်ကိုးရီးယားထောင်မှာ သတ်ဖြတ် ညှင်းပမ်းမှုတွေ နေ့စဉ် ပြုလုပ်လို့ဆို

Wednesday, August 21, 2013

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မြောက်ကိုးရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် စုံစမ်းနေတာဖြစ်ပြီး အကျဉ်းသားဟောင်းတွေရဲ့ ထွက်ဆိုချက်ကို မြောက်ကိုးရီးယား ခေါင်းဆောင်တွေက ငြင်းဆိုထားပါတယ်။

မြောက်ကိုးရီးယားအကျဉ်းထောင်ကနေ တောင်ကိုးရီးယားနိုင်ငံကို လွှတ်မြောက်လာတဲ့ Shin Dong-hyuk က သူဟာ အကျဉ်းထောင်ထဲမှာပဲ မွေးဖွားခဲ့ပြီး သူရဲ့ မိခင်နဲ့ အစ်ကို ဖြစ်သူကို သူ့ရှေ့မှာပဲ အာဏာပိုင်တွေက သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

သူအသက်ရှင်နေထိုင်ဖို့အရေး မိခင်ဖြစ်သူနဲ့ အစ်ကိုဖြစ်သူတို့ရဲ့ လုပ်ရပ်ကို ဖော်ကောင်လုပ်ခဲ့တဲ့အတွက် သူ့ရှေ့မှာပဲ သတ်လိုက်တာ ဖြစ်ပါတယ်။

အကျဉ်းထောင်မှာ နေထိုင်စဉ်အတွင်း အပ်ချုပ်စက်တစ်လုံးကို မတော်တဆ လွတ်ချမိတဲ့အတွက် အရိုက်ခံခဲ့ရပြီး လက်ချောင်းတစ်ချောင်း ဖြတ်ပစ်တာ ခံခဲ့ရတယ်လို့လည်း ပြောပြပါတယ်။

မြောက်ကိုးရီးယားနိုင်ငံသားတွေမှာ မိမိကိုယ်ကို ကာကွယ်ဖို့ ဆီးရီးယားနဲ့ လစ်ဗျားနိုင်ငံပြည်သူတွေလို သေနတ်တွေ ပိုင်ဆိုင်မှု မရှိတဲ့အတွက် အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေအပေါ် မျော်လင့်ချက် ကင်းမဲ့စွာ လက်ခံရတယ်လို့ ပြောပါတယ်။

မြောက်ကိုးရီးယားနိုင်ငံ အကျဉ်းထောင်မှာ အကျဉ်းသားအယောက်ပေါင်း နှစ်သိန်းလောက်ရှိမယ်လို့ ခန့်မှန်းကြပြီး တချို့ကတော့ အစာအာဟာရ ပြတ်တောက်မှုနဲ့ အလုပ်ကြမ်းတွေကြောင့် သေဆုံးကြပြီလို့ သိရပါတယ်။

တခါတုန်းကတော့ ထောင်အာဏာပိုင်တွေက မိခင်တစ်ဦးကို သူ့ရင်သွေးကို ပြန်သတ်ခိုင်းတာ လုပ်ခဲ့တယ်လို့လည်း အကျဉ်းသားဟောင် Jee Heon-a က ပြောပြပါတယ်။

ထောင်အာဏာပိုင်က မိခင်ဖြစ်သူရဲ့ ရင်သွေးကို ဇောက်ထိုးကိုင်ပြီး ရေနစ်ဖို့ ပြောတဲ့အခါ မိခင်ဖြစ်သူက သနားဖို့ တောင်းပန်တာကို ရိုက်နှက်ခဲ့တဲ့အတွက် မတတ်နိုင်တဲ့အဆုံး ကလေးကို ရေနစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ABC

ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ( Knowledges for Health)



သွေးတိုးကျလိုပါသလား
သွေးတိုးရောဂါ ကုထုံးကို သင့်မျက်နှာပေါ်မှာပဲ ရှာကြည့်ပါ။ နှာဖျားမှလေကို ဖြည်းဖြည်း ရှည်ရှည်လေး ရှူသွင်း၊ ရှူထုတ်ခြင်းဖြင့် သွေးတိုးနေတာကို လျှော့ချနိုင်ပါသတဲ့။ လေကို ဖြည်းညင်းစွာ ရှူသွင်း၊ ရှူထုတ် ၃လ လုပ်ခြင်းဖြင့် အပေါ်သွေး (နှလုံးကြွက်သား ညှစ်ထုတ် ဖိအား) ၁၁ မှတ်နဲ့  အောက်သွေး (နှလုံးကြွက်သား ပြေလျော့နေစဉ် ဖိအား) ၇မှတ်ထိ
ကျဆင်းစေသတဲ့။
လေကို ဖြည်း ညှင်းစွာ ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ပေးခြင်း ဖြင့် သင့်ရဲ့ ပါရာဆမ်ပသက်တစ် နာဗ်ကြောအဖွဲ့ ရဲ့ လှုပ်ရှားမှုအား တိုးပေးလိုက်ပါတယ်။ ထိုနာဗ်ကြောအဖွဲ့ စနစ်က သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိုပေးနိုင်ပါတယ်။ နှာခေါင်း ပေါက်တစ်ဖက်ကို လက်မလေးနဲ့  ပိတ်ပြီး လေကို ၆ စက္ကန့် ကြာအောင် အခြားနှာခေါင်း ပေါက်မှ ရှူသွင်းလိုက်ပါတယ်။ ပြီးရင် လေရှုသွင်းလိုက်တဲ့ နှာခေါင်းပေါက်ကို ပြန်ပိတ်ပြီး ယခင်ပိတ်ထားတဲ့ အခြားနှာခေါင်းပေါက်ကို ပြန်ဖွင့်ကာ ၆ စက္ကန့် ကြာအောင် လေထုတ် ပေးပါတယ်။
ဤလေ့ကျင့်ခန်းကို ပါဝင်ပြုလုပ်တဲ့သူများဟာ တစ်နေ့ လျှင် ၂ကြိမ်နှုန်းဖြင့် တစ်ကြိမ်လျှင် ၁၅ မိနစ်ကြာအောင် လေ့ကျင့် ကြပါတယ်။ အဲဒီထက် အချိန် တိုတိုလည်း ကျင့်နိုင်ပါတယ်တဲ့။

လူသားတို့ ၏ ဒုတိယ နှလုံးသား ဆိုတာ ဘာလဲ

ကျန်းမာရေး သုတေသီများက လူသူးတို့ ၏ ဒုတိယ နှလုံးသား ဆိုသည်မှာ ခြေထောက်ပင် ဖြစ်သည်ဟု ဆိုပါသည်။
ခြေထောက် ကို ကျန်းမာအောင် ဂရိုစိုက်ပါ။ ခြေထောက် ကျန်းမာ လျှင် လူကျန်းမာ၏ လမ်းလျှောက်ပါ။
ဖြည်းဖြည်းနှင့် မှန်မှန် လျှောက်ပါ။ မပြေးပါနှင့် (Walk, Don’t Run) ဟုဆိုသည်။
ရုပ်အို၊ အရွယ်ကျခြင်းသည် ခြေထောက်မှ စတင်၏ မိမိ၏ ခြေထောက်နှစ်ဖက် ကျန်းမာအောင် လေ့ကျင့်ပေးပါ။ အပျင်းမကြီးရ၊ ရေသာမခိုရ။ လမ်းဖြည်းဖြည်းနှင့် မှန်မှန် လျှောက်ပေးခြင်းသည် စိတ်ဖိစီးမှု၊ နှလုံး၊ သွေးတိုး၊ ခန္ဓာကိုယ် အလေးချိန် စသည်တို့ ကို သင့်တင့် မျှတအောင် စောင့်ထိန်းပေး၏ လူကို ကျန်းမာ သက်ရှည် သန်စွမ်းစေ၏
ထို့ ကြောင့် လူသားတို့ ၏ ဒုတိယ နှလုံး ဖြစ်သည်။
ခြေထောက် ကျန်းမာအောင် ဂရုစိုက်ပါဟု ကျန်းမာရေး သုတေသီများက သတိပေးထားသည်။ တိတိကျကျဆိုရလျှင် ခြေသလုံး ကြွက်သားများ၊ Calf Muscle များကို ဒုတိယ နှလုံးဟု ခေါ်ပါသည်။


ခေါင်းကိုက်တာ ချက်ချင်းသက်သာလိုလျှင်
မိုင်ဂရိန်းခေါ် ခေါင်းတခြမ်း ထိုးကိုက်လာလျှင် ပန်းသီးအစိမ်းရောင် တစ်လုံးကို စားလိုက် ပါလားတဲ့။ မယုံကြည်နိုင်လောက်အောင်ပဲ ခေါင်းကိုက်တာ ချက်ချင်း ပြေလျော့သွား တာကို တွေ့ ရပါလိမ့်မယ်တဲ့။ အမေရိက သုတေသီများရဲ့ လေ့လာလချက်အရ အခွံစိမ်း စိမ်းလေးနဲ့  လှပတဲ့ ပန်းသီးတစ်လုံး စားရုံဖြင့် ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက်နေတဲ့ လူတွေ၊ စိတ်ဖိစီးမှုများနေတဲ့ လူတွေကို ပျော်ရွှင် လန်းဆန်းစေပါသတဲ့။ ဘာကြောင့်လဲ ဆိုတော့ ထိုပန်းသီးရဲ့ မွှေးရနံ့ က ခေါင်းကိုက် နာကျင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဦးနှောက် ပတ်ပတ်လည်ရှိ ကြွက်သားနှင့် သွေးကြောများ ကျုံ့ ခြင်းကို လျော့ပါးသွားစေတာကြောင့်လို့ တွေ့ ရှိခဲ့ကြပါတယ်။

လည်ချောင်းနာခြင်းနှင့် အစိမ်းရောင်ကုထုံး

လူတိုင်း လည်ပင်းနာဖူးကြမှာ ဖြစ်ပါသည်။ ပလုတ်ကျင်းဆေးရည်၊ ပိုးသန့် စင် ဆေးရည် များ သုံးကြသော်လည်း တစ်ပါတ်၊ ၁၀ ရက်ကြာသည်အထိတိုင် မထူးခြားတာလည်း ကြုံကြဖူးပါလိမ့်မည်။ သဘာဝနည်းဖြင့် ကုသခင်လျှင်တော့ ရေနွေးကို ပွက်ပွက် ဆူအောင် ကျိုပြီး ပင်စိမ်းရွက ခပ်ကာ သောက်ပေးခြင်း သို့ မဟုတ် ပလုတ်ကျင်းပေးခြင်းဖြင့် လျင်မြန်စွာ သက်သာသွားနိုင်ပါ သည်။

လည်ချောင်းနာခြင်းသာမက ချောင်းဆိုးခြင်း၊ အာသီးရောင်ခြင်း၊ ၀က်ခြံပေါက်ခြင်း၊ ထိခိုက်ရှနာခြင်း တို့ အတွက်လည်း အသုံးတည့်ပါသည်။ ပင်စိမ်းရွက်နံ့  မခံနိုင်လျှင် ပျားရည်လေး အနည်းငယ် ခပ်ထည့်ပြီး သောက်လျှင် ကလေးများလည်း ကြိုက်နှစ်သက် ကြပါသည်။ ထို့ ကြောင့် သင့်ရေချိုးခန်းထဲက ဘီဒိုလေးအတွင်းမှာ ဓာတု ပစ္စည်းတွေချည်းပဲ ၀ယ်ယူ မထားရှိပါနဲ့ ။ ပင်စိမ်းရွက်ကလေးကိုလည်း ဆောင်ထားလိုက်ပါ။

နံနက်စာ ကြက်ဥတစ်လုံး

ကြက်ဥ အနှစ်က သင့်အတွက် ကောင်းမွန်တယ်လို့  ပိုပြီး သက်သေပြနိုင်ခဲ့ပါပြီ။ လေ့လာ ချက် အသစ်တစ်ခုအရ နံနက်စာမှာ ဥများကို စားခြင်းဖြင့် တစ်နေ့ လုံး အကျိုးရှိရှိ နေနိုင် တယ် ဆိုတာပါပဲ။ နံနက်စာအဖြစ် ကြည်ဥကို စားသော အမျိုးသားများဟာ ပေါင်မုန့်  အကွင်းလိုက် စားသူတွေထက် ၂၄နာရီ အချိန်အတွင်း ကယ်လိုရီ အနည်းငယ်သာ ရကြောင်း တွေ့ ရှိခဲ့ပါတယ်။ ဘာလို့  လဲဆိုတော့ အသားဓာတ်က ကာဗို ဟိုက်ဒရိတ်ဓာတ် စားတာထက် ပိုပြီး ကျေနပ်အားရ ဗိုက်ပြည့်စေပါသတဲ့။

ရောဂါ ခုခံအား ကျဆင်းစေသည့် အချက်(၆)ချက်

ကျန်းမာရေး သုတေသီများက ရောဂါ ခုခံအား ကျဆင်းစေသည့် အချက်(၆)ချက် ရှိသည် ဟု ဆိုကြပါတယ်။၎င်းတို့ မှာ

(၁) အားကစားလှုပ်ရှားမှု၊ လေ့ကျင့်ခန်း ယူရန် ပျင်းရိခြင်း
(၂) အစားအစာ တစ်မျိုးထဲကိုပင် စွဲစွဲမြဲမြဲစားသောက်ခြင်း
(၃) စိတ်ဖိစီးမှုများခြင်း
(၄) အလုပ်အလွန်အကျွံလုပ်သဖြင့် ပင်ပန်းနွမ်းနယ်နေခြင်း
(၅) စိတ်ပျက်၊ အားငယ်နေခြင်း
(၆) သန့် လွန်းခြင်း၊ ဆေးအသောက်လွန်ခြင်း၊ သားကြီးငါးကြီး စားလွန်းခြင်း၊ စသည်တို ဖြစ်ပါတယ်။

ရောဂါ ခုခံအားကောင်းစေရန်အတွက် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးရမည့်အပြင် သားကြီးငါးကြီး လျှော့စားပြီး ဟင်းသီး ဟင်းရွက်များနှင့် သစ်သီးဝလံများကို များများစား ပေးရမည်ဟု ဆိုပါသည်။

ထောပတ်သီးရဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူး

ထောပတ်သီးဟာ အားဖြစ်စေရုံသာမက နှလုံးကို အားကောင်းစေပြီး ကင်ဆာကို တိုက် ထုတ်ချေမှုန်းတဲ့ အသီးတစ်မျိုး ဖြစ်ပါ တယ်။ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ထောပတ်သီးမှာ အာဟာရဓာတ်များစွာနဲ့  ဖိုင်ဘာမျှင် ပြည့်ဝစွာ ပါဝင်ပါတယ်။
ဗီိတာမင် အီးနဲ့  မိုနို ပြည့်ဝ အဆီ ကြွယ်ဝစွာ ပါဝင်တဲ့ အရင်းအမြစ် တစ်ခုလည်း ဖြစ်ပါတယ်။
မိုနို ပြည့်ဝ အဆီ (Mono saturated fat) ဆိုတာ အဆီကောင်း တစ်မျိုးဖြစ်ပြီး နှလုံးရောဂါ ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

အမျိုးသမီးများအပေါ် ပြုလုပ်ထားတဲ့ လေ့လာချက်များက ဗီတာမင်အီးက ကိုလက်စထရော ‘ဆိုး’ (သို့ ) LDL (low density lipoprotein) အား ဖရီးရယ်ဒီကယ် များ၏ ဓာတ်တိုးခြင်းမှ ကာကွယ်ပေးကြောင်း ပြသထားချက်ရှိတယ်။ ဓာတ်တိုးခံရတဲ့ LDL များက သွေးလွှတ်ကြော နံရံများမှာ ချေးချိုး (plaque) ဖြစ်ပေါ်စေရာမှာ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ပါတယ်။

ထောပတ်သီး စားသုံးမှုကြောင့် ဆီးချို ဝေဒနာရှင်များ {အထူးသဖြင့် ဆီးချို အမျိုးအစား (၂)} မှာ နှလုံးရောဂါ ကျရောက်မှု အန္တရာယ်ကို လျော့ပါးစေပါတယ်။
ကင်ဆာတိုက်ဖျက်ရေး သုတေသနအရ ထောပတ်သီးနှင့် သံလွင်သီးလို ကောင်းတဲ့ အဆီ မြင့်မားစွာ ပါဝင်တဲ့ အစားအစာက ကင်ဆာ အဖုအကျိတ်များကို ဖယ်ရှားနိုင်ပါတယ်။ ထောပတ်သီးက ရိုးဆက် ယိုယွင်း ရောင်ရမ်းနာ (osteoarthritis) ရဲ့ ဆိုးရွားမှုကို သက်သာစေကြောင်း နောက်ထပ် လေ့လာမှု တစ်ရပ်က တွေ့ ရှိခဲ့ပါတယ်။ ထောပတ်သီး (သို့ ) ထောပတ်သီး အဆီ ပါတဲ့ ဆေးတောင့်ပျော့ကို ပဲပိစပ်ဆီနဲ့ ရောပြီး နေ့ စဉ် စားသုံးခြင်းအားဖြင့် ရိုးဆက် ရောင်ရမ်းနာ ဖြစ်နေတဲ့ ဒူးများနဲ့  တင်ပါးဆုံများကို ပိုမို ချောမွတ်စေပါတယ်။
ဒါကြောင့် ဝေဒနာရှင်များက အရိုးအဆက် လှုပ်ရှားမှု ပိုလုပ်နိုင်ပြီး နာကျင် ခံစားရမှု ပိုနည်းစေ ပါတယ်။

ကျန်းမာ လှပခြင်း အရပ်ဆီ အရောက်ပို့ မည့် ဖျော်ရည်များ

အောက်မှာ ဖော်ပြထားတဲ့ ဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာ လှပသော ဘ၀ကို ရယူကြပါစို့ ။

၁။ မုန်လာဥနီ+ဂျင်း+ပန်းသီး

ကိုယ်တွင်း အင်္ဂါနှင့် ဇီဝ ကမ္မ ဖြစ်စဉ်ကို သန့် ရှင်း စင်ကြယ်စေသည်။

၂။ ခရမ်းချဉ်သီး+သခွားသီး+ပန်း သီး

ကင်ဆာကို ကာကွယ်ပေးသည်။ ကိုလက်စထရောအား လျှော့ချပေးသည်။ အစာအိမ်ကို စိတ်ချမ်းသာမှု ရစေပြီး ၀မ်းတစ်လုံး ကောင်းစေသည်။ ခေါင်းကိုက်ခြင်းကိုလည်း လျှော့ပါးစေသည်။

၃။ ခရမ်းချဉ်သီး+မုန်လာဥနီ+ပန်းသီး

အသားအရေကို စိုပြည် ၀င်းလက်စေသည်။ ခံတွင်း အနံ့ ဆိုး ထွက်ခြင်းကို တားဆီးပေးသည်။

၎။ ကြက်ဟင်းခါးသီး+ပန်းသီး+နွားနို့ 

ခံတွင်း အနံ့ အသက်ကို တားဆီးပေးသည်။ ကိုယ်တွင်းအပူကို လျှော့ချပေးသည်။

၅။ လိမ္မော်သီး+ဂျင်း+သခွားသီး

အသားအရေ တင်းရင်းမှုကို အားပေးသည်။ စိုပြည်မှုကို ဖြစ်စေသည်။ ကိုယ်အပူချိန်အား လျှော့ကျစေသည်။


၆။ နာနတ်သီး+ပန်းသီး+ဖရဲသီး

ကျောက်ကပ် သည်းခြေတို့ ကို အားဖြစ်စေသည်။ မလိုအပ်သော အငန်ဓာတ်များအား ဖယ်ရှားပေးသည်။

၇။ သစ်တော်သီး+ငှက်ပျောသီး

သွေးတွင်း သကြား ပါဝင်နှုန်းကို ပုံမှန် လည်ပတ်စေသည်။

၈။ မုန်လာဥနီ+ပန်းသီး+သစ်တော်သီး+ သရက်သီး

ကိုယ်တွင်း အဆိပ်အတောက်များအား ဖယ်ရှား သုတ်သင်ပေးသည်။ သွေးတိုး လျှော့နည်းစေသည်။

၉။ သဘောင်္သီး+နာနတ်သီး+နွားနို့ 

ဗီတာမင်စီ၊ အီးနဲ့  သံဓာတ် ကြွယ်ဝစွာ ပါဝင်သည့်အတွက် အသားအရေနှင့် ဇီဝ ကမ္မ ဖြစ်စဉ်တို့ အား ကောင်းစွာ အထောက် အကူ ဖြစ်စေသည်။

၁၀။ ငှက်ပျောသီး+နာနတ်သီး+နွားနို့

ဝမ်းချုပ်ခြင်းကို တားဆီးပေးပြီး ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့်အတွက် အာဟာရနှင့် အလှအပ အတွက် ကောင်းစွာ ပံ့ပိုးပေးသည်။

ဖီမှော်ပြည်သူ့စစ်အဖွဲ့အား KIA မှ လာရောက်တိုက်ခိုက်

သြဂုတ် ၂၀ ရက် ၂၀၁၃

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် မျှောချောင်းကျေးရွာအနီးရှိ ဖီမှော်ပြည်သူ့စစ်အဖွဲ့အား ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့ တစ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် သြဂုတ်လ ၁၉ ရက် နံနက် ၆ နာရီခန့်တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ ဖီမှော်ပြည်သူ့စစ်အဖွဲ့က ကာကင်းထုတ်ထားတဲ့နေရာကို KIA အဖွဲ့က အင်အားအများကြီးနဲ့ လာတိုက်တာပါ၊ မနက် ၆ နာရီလောက်ပဲ ရှိပါသေးတယ်၊ KIA ဘက်က လက်နက်ကြီးတွေနဲ့ ပစ်လို့ ကျွန်တော်တို့ ပြန်ခုခံပေမယ့်လည်း အင်အားချင်းမမျှတာကြောင့် ပြန်ဆုတ်ခဲ့ရပါတယ် ” ဟု ပြည်သူ့စစ်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ပြောပြသည်။

သူက ဆက်လက်၍ “ ပြည်သူ့စစ်အဖွဲ့ဝင်(၃)ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ စိုးရိမ်စရာအနေအထားတော့ မရှိပါဘူး၊ ဟိုဘက်က ထိခိုက်ကျဆုံးတာတွေရှိမရှိ မသိပါဘူး၊ အခု အဲဒီမျှောချောင်းကျေးရွာနားမှာ KIA အဖွဲ့က ရှိနေ တုန်းပါပဲ၊ ဒီနယ်မြေက ကျွန်တော် NDAK ရဲ့ နယ်မြေလေ၊ သူတို့ KIA တွေ ခုလို လာကျူးကျော်တာကိုတော့ လက်မခံနိုင်ပါဘူးဗျာ ” ဟု ပြောပြသွားသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ NDAK အဖွဲ့မှ ခေါင်းဆောင်တစ်ဦးကတော့ “ ဒီနယ်မြေတွေဟာ ၁၉၉၀ ခုနှစ် ၀န်းကျင်ကတည်းက NDAK ရဲ့ နယ်မြေအဖြစ် နိုင်ငံတော်က သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်၊ KIA က ကျွန်တော်တို့ နယ်မြေတွေကို လာကျူးကျော်ပြီး ကျွန်တော်တို့ကို ရန်စတိုက်ခိုက်တာပါ၊ ဟိုတစ်နေ့ကလည်း ရိက္ခာသွားပို့တဲ့ ကျွန်တော်တို့အဖွဲ့ကို KIA က ချုံခိုပြီး မိုင်းဆွဲတိုက်ခိုက်လို့ အဖွဲ့ဝင်တစ်ယောက် ကျသွားတယ်၊ အခုလည်း ကျွန်တော်တို့ ကာကင်းနေရာကို အင်အားအလုံးအရင်းနဲ့ လာတိုက်လို့ သုံးဦးဒဏ်ရာရသွားတယ်၊ ကျွန်တော်တို့ နယ်မြေထဲမှာ အခုလိုလာပြီး ရန်စတိုက်ခိုက်ပြီး တပ်တွေစွဲထားမယ်ဆိုရင်တော့ တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမှာပဲ၊ ဒေသခံရွာသားတွေလည်း ဒုက္ခရောက်ကြတာပေါ့ ” ဟု ပြောပြခဲ့သည်။

NDAK နယ်မြေအတွင်း KIA တပ်ရင်းများ ခြေကုပ်ယူထားမှုအပေါ် ပြန်လည်နောက်ဆုတ်ပေးရန် NDAK ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက KIA ခေါင်းဆောင်များထံသို့ ထုတ်ပြန်ချက်တစ်စောင်ပေးပို့ထားခဲ့ကြောင်း၊ ယင်းနယ်မြေသည် တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်း ကောင်းမွန်ပြီး လိုင်ဇာကို ၀င်ရောက်နိုင်သည့်အပြင် သစ်လုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းကြောင့် KIA မှ လာရောက်ကျူးကျော်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ KIA အဖွဲ့မှ ချုံခိုတိုက်ခိုက်မှုများ၊ တပ်စွဲထားမှုများကြောင့် NDAK အဖွဲ့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမှာကို ဒေသခံများမှ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရှိရပါသည်။

နော်တူးဇော်

စင်္ကာပူရောက် မြန်မာမလေးတစ်ယောက် Facebook မှာ မဖွယ်မရာပုံတွေ တင်၍ အိမ်ပြန်ပို့ခံရ


စင်္ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ် ကိုင်နေသူ အသက် (၂၂) နှစ်အရွယ် မြန်မာ မိန်းကလေး တစ်ဦးသည် ကိုယ့်ကိုယ်ကို လက်ကိုင်ဖုန်းဖြင့် မဖွယ်မရာ ဓါတ်ပုံများရိုက်ကာ ဖေ့(စ်) ဘွတ်(စ်)တွင် တင်ခဲ့ကြောင်း ချိုင်းနားပရက်(စ်) သတင်းစာတွင် ဖော်ပြခဲ့သည်။
အိမ်ဖော်မလေးသည် အလုပ်ရှင် အိမ် တွင်မရှိခိုက် အလုပ်ရှင်၏ အိပ်ခန်းအတွင်းဝင်ကာ ဘရာစီယာမျှသာ ၀တ်ထားသော ပုံများနှင့် လိင်စိတ်နိုးကြွစေသော ပုံများ ရိုက်ကူးခဲ့သည်ဟု ဆိုသည်။
“သူ့ရဲ့ အပြုအမူကို ကျွန်တော့်ရဲ့ အွန် လိုင်းမိတ်ဆွေတစ်ဦးထံက သိရတော့ ကျွန်တော် အံ့သြတုန်လှုပ်သွားတယ်။ သူဟာ ကျွန်တော့်သား (၁၀ နှစ်) ရဲ့ လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာကို ခွင့်ပြု ချက်မယူဘဲ သုံးခဲ့ရုံသာမက ကျွန်တော်တို့ မိသား စုရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အိမ်ဖော်မိန်းကလေးက “သူမသည် တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်ပြီး ယခုလို ပွဲဆူအောင် လုပ်ရသည့်ကိစ္စကို ၀ါသနာပါ ကြောင်း” ၀က်(ဘ်)ဆိုဒ်တွင် တင်ထားခဲ့သည်။
သူမ၏ အလုပ်ရှင်လီသည် အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက် မြန်မာအိမ်ဖော်မလေးအား အေးဂျင့်ထံ ပြန်ပို့ခဲ့ကြောင်း သတင်းစာတွင် ရေး သား ဖော်ပြခဲ့သည်။

By The Star

ပြည်ထောင်စု ၀န်ကြီးများအား အမည်တပ်ကာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုများသည် အဆင့်မြင့်သည့် နိုင်ငံရေး မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 
 ပြည်ထောင်စု ၀န်ကြီးများအား အမည်တပ်ကာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုများသည် အဆင့်မြင့်သည့် နိုင်ငံရေး မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၂၀ ရက်တွင် ပြောကြားသည်။

လွှတ်တော်သို့ လာရောက်လေ့လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်များ ကို တွေ့ဆုံအမှာစကား ပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က "ပုဂ္ဂိုလ်ရေး အာဃာတနဲ့ ပြောတာဆိုတာတွေ နိုင်ငံရေး အရဆိုရင် လူတစ်ယောက်ရဲ့ အလုပ်ကို ထောက်ပြပြီးတော့ ဝေဖန်နိုင်တယ်။ ဥပမာ ၀န်ကြီး တစ်ယောက်ကို ဝေဖန်ပိုင်ခွင့် ရှိတယ်။ ဒီဝန်ကြီးဌာနက ဒီလိုဖြစ်နေတယ်။ ၀န်ကြီးရဲ့ မူဝါဒက မသင့်တော်ဘူး ဆိုပြီး ဒီလိုမျိုး ဝေဖန်လို့ရတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ ဒီဝန်ကြီးကို နာမည်နဲ့တပ်ပြီးတော့ ဘာမှအလုပ်နဲ့ မဆိုင်တဲ့ ကိစ္စတွေနဲ့ ဝေဖန်တာမျိုးက ဒါအဆင့်မြင့်တဲ့ နိုင်ငံရေး မဟုတ်ဘူး။ ထိုနည်းလည်းကောင်း တခြားပါတီက အဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေနဲ့ ကိုယ်စိတ်သဘောချင်း မတိုက်ဆိုင်တဲ့ အခါမျိုးမှာ ဝေဖန်ပိုင်ခွင့် ရှိတယ်။ ပြောပိုင်ခွင့် ရှိတယ်။ အဆင့်မြင့်မြင့် လုပ်ရမယ်။ ဒါကိုယ်ပိုင်တစ်ယောက်ချင်းရဲ့သိက္ခာလည်း ဖြစ်တယ်။ ကိုယ့်အဖွဲ့အစည်းရဲ့သိက္ခာလည်း ဖြစ်တယ်။ အဖွဲ့အစည်း သိက္ခာကျမယ့် ကိစ္စမျိုး မလုပ်ပါနဲ့" ဟု ပြောကြားသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ နိုင်ငံက ခုချိန်မှာ နိုင်ငံကြီးတော့ မဟုတ်သေး ဘူး။ နိုင်ငံကြီးဆိုတာ သြဇာရှိတဲ့နိုင်ငံ တိုးတက်တဲ့နိုင်ငံ၊ ချမ်းသာတဲ့နိုင်ငံ ဒါတွေအားလုံးရဲ့ အခြေခံက ညီညွတ်မူပဲ။ ကျွန်မတို့ နိုင်ငံကြီးတစ်ခုဖြစ်ဖို့ အားလုံးကြိုးစားနေတာပဲ။ နိုင်ငံကြီးသား စိတ်ဓာတ်ကို အားလုံးမွေးမြူကြဖို့ ကြိုးစားရမယ်။ သဘောထားကြီးကြီး ရှိရမယ်။ ဥာဏ်ပညာ အမြော်အမြင် ရှိရမယ်" ဟု ပြောကြားသည်။

အနောက်တိုင်းသားအများအပြား ထိုင်းမှာ အိမ်မဲ့ယာမဲ့ဖြစ်နေကြပြီ


Wednesday, August 21, 2013

ထိုင်းနိုင်ငံက ဒေသခံ NGO တချို့ဟာ သူတို့ဆီက အိမ်ခြေမဲ့တွေကို အကူအညီပေးကြတာ ကြာပါပြီ။
အခုတော့ သူတို့ဆီမှာ သောင်တင်နေတဲ့ အနောက်တိုင်းသား အိမ်ခြေမဲ့တွေကိုပါ အကူအညီပေးနေကြရပါတယ် လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ တနင်္လာနေ့က ရေးထားပါတယ်။

အနောက်တိုင်းသားတွေ ခြေချင်းလိမ်နေတဲ့ ပတ္တယားကမ်းခြေမြို့မှာဆိုရင် McDonald ဆိုင်ရှေ့ အမှိုက်ပုံးထဲ စားစရာ ရှာနေတဲ့ အနောက်တိုင်းသား အိမ်ခြေမဲ့တချို့ကို တွေ့နိုင်ပါတယ် တဲ့။

ထိုင်းမှာ အနောက်တိုင်းသား အိမ်ခြေမဲ့ ၂ဝဝ ထက် မနည်း ရှိတယ်၊ ဒေသခံ အိမ်ခြေမဲ့ အရေအတွက်ကတော့ ၃ဝ,ဝဝဝ ဝန်းကျင် ရှိတယ် လို့ ခန့်မှန်းကြောင်း သတင်းက ဆိုပါတယ်။

အများစုက ထိုင်းအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျထားပြီး အခုအခါ အိမ်ယာမဲ့ဖြစ်နေ၊ ဘိုင်ပြတ် ရေခမ်း ရေမရှိဘူး ဖြစ်နေကြပြီ ဆိုပဲ။
နိုင်ငံခြားသားဖြစ်တဲ့သူတို့က တိုက်ခန်း၊ အိမ်တို့ကို အိမ်ထောင်ဘက်နာမည်တွေနဲ့ ဝယ်ထားကြတယ်၊ အခု သူတို့ကို မဒီတွေက ခွာထုတ်ကြလို့ လမ်းပေါ်ရောက်နေကြတယ် ဆိုပါတော့။
ဒီလိုဖြစ်နေတာတော့ ကြာပါပြီ။
သို့သော်လည်း ဘန်ကောက်ပို့စ်အဆိုအရ လက်ရှိ အရေအတွက် ၂ဝဝ ထက် မနည်းတော့ဘူး ဆိုတော့ ထိတ်လန့်ဖွယ်ပမာဏ လို့ ပြောနိုင်ပါတယ်။

လမ်းဘေးရောက်ပြီ ဆိုတော့ သူတို့ ပတ်စ်ပို့မရှိတော့ဘူး၊ ရှိလည်း ဗီဇာသက်တမ်းတိုးဖို့ ခက်ခဲသွားပါပြီ။ ထိုင်းအာဏာပိုင်တို့က ဘန်ကောက်မှာရှိတဲ့ သက်ဆိုင်ရာသံရုံးများနဲ့ ချိန်ဆက်ပြီး သူတို့ ပြည်တော်ပြန်ရေး ဆောင်ရွက်ပေးမယ်လို့ ယူဆရပါတယ်။

အနောက်တိုင်းသားအများအပြား ထိုင်းမှာ အိမ်နဲ့ယာနဲ့ ဘဝသစ်ထူထောင်နေကြသလို
အိမ်မဲ့ယာမဲ့ဖြစ်နေကြသူလည်း မနည်းတော့ဘူးပေါ့။ပြီးခဲ့တဲ့နှစ်မှာ ထိုင်းကို ရောက်လာတဲ့ နိုင်ငံခြားသားဧည့်သည်အရေအတွက် ၂၂ သန်း ရှိပါတယ် တဲ့။ တချို့လည်း ရက်ပိုင်းပဲနေကြပေမယ့် တချို့ကတော့ လနဲ့ချီ နှစ်နဲ့ချီ နေကြပါတယ်။ ကာလအတန်ကြာ အချေခြနေထိုင်တဲ့ အနောက်တိုင်းသားအရေအတွက် အများအပြား ရှိနေတဲ့အတွက် အခုလို ဘေးထွက်ပြဿနာတွေ ပေါ်ပေါက်နေတာပါ။

မြန်မာပြည်မှာတော့ လမ်းဘေးရောက် အနောက်တိုင်းသား မရှိသေးဘူးလို့ ယူဆရပါတယ်။

ဧရာဝတီblog
ပြီးခဲ့တဲ့ တန်ဆောင်တိုင်ပွဲကာလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ စားသောက်ဆိုင်တခုရှေ့မှာ တွေ့ရတဲ့ ဒေသခံများ၊ နိုင်ငံခြားသားများ (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)

ကင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန် ပုသိမ်တွင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦး ဖမ်းမိ

21/8/2013

ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ နံသာပုကျေးရွာ ဂေါ်ယံဂျီကျွန်း အနီးတွင် သြဂုတ် ၁၉ ရက်က ဘင်္ဂလားပင်လယ်အော်မှ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦးအပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။
သြဂုတ် ၁၉ ရက် ညနေငါးနာရီခန့်တွင် ဂေါ်ယံဂျီကျွန်းမှ ကိုက်ငါးဆယ်ခန့် အကွာတွင်ရှိသော ကုလားမခြံအနီး ပင်လယ်ပြင်တွင် မသင်္ကာဖွယ်ရာ စက်လှေတစ်စင်းကို တွေ့ရှိရသဖြင့် ငရုတ်ကောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးမှ ၀န်ထမ်းသုံးဦးနှင့် အဖွဲ့သည် စက်လှေအနီးသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထို့သို့ကြည့်ရှုနေစဉ် အဆိုပါစက်လှေပေါ်မှ ဘင်္ဂါလီများက ရေထဲသို့ခုန်ချပြီး ကမ်းပေါ်သို့ တက်ပြေးခဲ့ကြောင်း၊ ကျန်ရှိသေးသော ဘင်္ဂါလီလူမျိုးများ ပါဝင်သော စက်လှေသည် ဘင်္ဂလား ပင်လယ်အော်ဘက်သို့ ပြန်လည်မောင်းနှင် ထွက်ခွာသွားကြောင်း သိရသည်။
ကမ်းပေါ်သို့ တက်ပြေးလာသော ဘင်္ဂါလီ လူမျိုးများမှာ ၅၁ ဦးဖြစ်ပြီး ၎င်းတို့အား နံသာပုကျေးရွာ စာကြည့်တိုက်သို့ ခေါ်ဆောင်ပြီး စိစစ်ရာ ဘင်္ဂါလီလူမျိုး ၁၆ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦးတို့သည် ကုလားမခြံအနီး ရေထဲသို့ ခုန်ချပြီး ကမ်းပေါ်သို့ တက်ရောက်လာကြောင်း၊ ကျန်ဘင်္ဂါလီများနှင့် စက်လှေမှာ ပြန်လည်ထွက်ခွာသွားကြောင်း ဖမ်းဆီးခံရသူများက ပြောကြားကြောင်း ကနဦး သတင်းများအရ သိရသည်။ အဆိုပါနေ့ ည ၈ နာရီခွဲခန့်တွင် ကမ်းပေါ်သို့ ရောက်ရှိလာသော ဘင်္ဂါလီလူမျိုးထဲမှ တစ်ဦးကို ထပ်မံတွေ့ရှိသဖြင့်၊ ဘင်္ဂါလီလူမျိုး ၁၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး၊ စုစုပေါင်း ၅၂ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ငပုတောမြို့နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဘင်္ဂါလီများ တွေ့ရှိရသော နေရာသို့ သွားရောက်စစ်ဆေးနေကြောင်း ဖြေကြားသည်။
ယခုဖြစ်စဉ်အရ ဘင်္ဂါလီဟုဆိုကာ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို ပထမဦးဆုံး ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အချို့သည် မြန်မာနိုင်ငံသားဖြစ်လို၍ ရိုဟင်ဂျာ၊ ဘင်္ဂါလီဟု အမည်များတပ်ကာ ခိုးဝင်လျက်ရှိကြောင်း သိရသည်။ ဤကဲ့သို့ ခိုးဝင်လာသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ခံရန် နိုင်ငံတကာမှ ဖိအားပေးမှု အချို့လည်းရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံမှ လာသည်ဆိုသော ဘင်္ဂါလီများတွင်လည်း ဆယ်ရာခိုင်နှုန်းခန့်ကသာ မြန်မာစကား ပြောနိုင်သူများဖြစ်ကြောင်း သိရသည်။

Express

အောင်ဆန်း (သို့မဟုတ်) အရိုင်း



(၁)
သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်း မရှိ။ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်းတစ်ခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။
အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကားခံ၍ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံတောတောင်မျှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြားဘာအဓိပ္ပာယ်ကိုမျှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်းတခုကိုသာ ရဲဝံ့စွာဆောင်၍ နေသည်။
သူသည် စိမ်းညိုသောကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ရပ်ကာ စကားပြော၍နေသည်။ သူသည် ဗမာပထဝီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ဝတ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင်ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာအသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်း တစ်ယောက်နှင့်လည်းတူ၏။
တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထည်ဝါခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းတို့သည် သူ့တွင် လုံးဝမခိုအောင်း။ လမ်ပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တစ်ဦးနှင့်သာတူ၏။ လူထုထဲမှ သူတစ်ဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။
သူသည် လက်နှစ်ဖက်ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်းမရှိ။ ချောမွေ့ခြင်း မရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။
သင် ပဋ္ဌမဦးဆုံးတွေ့မြင်သော အောင်ဆန်း၏ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည်ဖြစ်ပေသည်။
ထိုအခါကား ၁၉၃၆ ခု၊ ပဋ္ဌမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသားကိုယ်စားလှယ်များအဖြစ် ကျောင်းသားညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်းဖြစ်ပေသည်။
၁၉၃၆ ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးရောင်အူနေသည့်အခိုက်၊ ‘အောင်ဆန်း’ အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်၏။ ကျွန်တော်မှာ စာပေဝါသနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။
သို့သော် ဂျူဗလီဟော ကျောင်းသားများညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင်ကြားနာရသောအခါ အထင်နှင့်အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟု ဖြစ်၏။ အယ်ဒီတာလည်းဖြစ်သဖြင့် အတော်အထင်ကြီးထားလေ၏။
တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်။ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။
ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

(၂)
နောက် တစ်နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျနော် တက္ကသိုလ်ရောက်သည့် ၁၉၃၇–၃၈ ခုနှစ်က၊ ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ဥက္ကဋ္ဌဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည် မရင်းနှီးခဲ့ပေ။
သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီး၍ရသောလူစားမျိုး မဟုတ်။ နိုင်ငံရေး အတူတူတွဲဖက်လုပ်လျှင်သာ သူနှင့် ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဖက်သတ် မလိုက်။ စာပေ၊ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လိုအစုံ လုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်သည်။
ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဘဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမားသက်သက် မဟုတ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသောအဖြစ်သို့ မရောက်သွားခဲ့ပေ။
သခင်ဘဟိန်းကား သည်လိုမဟုတ်။ သခင်ဘဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူဖြစ်၏။ စာပေကဗျာလင်္ကာကို နှစ်သက်၏။ ဂီတကိုချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူ ကွန်မြူနစ်ဖြစ်နေသည့် ဘဝအထိပင် ရင်းနှီးချစ်ခင်ခြင်းမပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ်။ သို့သော် ချစ်ခင်ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့မဟုတ်။ ကျွန်တော် စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်း သိသည်။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံ စသော ကဗျာများ၊ ဝတ္ထုတို၊ ဆောင်းပါး စသည့် စာပေများကို သူ အကုန်ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့်လူမျိုးလည်း မဟုတ်။
သို့သော် တစ်ခါက ကိုဗဟိန်းနှင့်အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယမဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါးတစ်ခုကိုကား ကျွန်တော့်ရှေ့တွင် ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက်ပေး၏။
ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ်– ဗမာ ဆောင်းပါးရှင်တစ်ဦး ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော သူ၏ ဆောင်းပါးများကို ဂန္ထလောကမဂ္ဂဇင်းတွင် ဖတ်ဖူးရသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေး ပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အလှန် ရေးသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ကြွေးကြော်သံ ‘မျိုးညွန့်’ မဂ္ဂဇင်းတွင် ပါသော သူ၏ ‘လောကဝိဟာ’ အမည်ရှိ ဆောင်းပါးတို ကလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ပညာ ဗဟုသုတ အမြင်တို့ကိုပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာ အရေးညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။
တစ်ခါတရံ ဟာသဉာဏ်ပါ၏။
ပုသိမ်မြို့တွင် ကျင်းပသော ကျောင်းသားများညီလာခံ၌ သူ၏ ဥက္ကဋ္ဌမိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို ‘ပညာရေးပူရာဏ် ကျမ်းကြီးပေတကား …’ ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက်ပါပေသည်။
ကျောင်းမှထွက်ပြီး ဒို့ဗမာအစည်းအရုံးသို့ ဝင်သောအခါ ငတ်ပြတ်၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။
ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိတ်နိုင်ငံရေးက အစချီ၍ မျက်မှောက်ဗမာနိုင်ငံရေး အခြေအနေအထိ ရေး၏။ စာပြောင်၏။ ဖတ်၍ကောင်း၏။
သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍သွား၏။ အစိုးရကလည်း ငြိုးထား၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်းခံရရှာလေသည်။

(၃)
သမဂ္ဂဥက္ကဋ္ဌဖြစ်သော ၁၉၃၈–၃၉ ခုနှစ်က သူသည် ဘီ-အယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင် နေသည်။ သူ၏အခန်းသည် သပ်ယပ်ခြင်း ကင်းမဲ့၏။ အခန်းတွင် စာအုပ်များ ပြည့်နှက်နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့၊ ဗီဒိုပေါ်တချို့၊ ကြမ်းပြင်ပေါ်တွင်တချို့ ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြ၏။ သူသည် အင်မတန် စာဖတ်သူတစ်ယောက် ဖြစ်၏။
သူသည် ဒေါသကြီးသူတစ်ဦးဖြစ်၏။ သည်လို အများကထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီးသည် မကြီးသည်ကို မသိ။ သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်၏။
နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည်အထိမ်းအမှတ်ပွဲတစ်ခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲကထ၍ ဝေဖန်စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့်အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာရာရှစ်ကို ဝေဖန်ရာ၌ အတော်ထိခိုက်သော အပြစ်တွေကို ထုတ်ဖော်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာရာရှစ်အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ‘ရဲရင်ထွက်’ စသော စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ဝိုင်း၍ ဆွဲထားရလေ၏။
သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။
ကုလား-ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာဗမော်၏ တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေးအဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ညိုမြ အမှူးရှိသော ကျောင်းသားတစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကို ဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှနေ၍ ညိုမြအတင်းကို အတော်ပြောလိုက်လေသည်။
သည်လို စိတ်လိုက်မာန်ပါပြောပြီးနောက် တစ်ပတ်လောက် ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံ့ချသောစကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်၍ လာလေသည်။
တက္ကသိုလ်တွင်ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။
သူ၏မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ဖူးသောသူကို နောက်တစ်ခါတွေ့လျှင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ကိုသိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှပြုံး၏။ ဥက္ကဋ္ဌဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည်၏ လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက်ရှိနေသည်။
သူစကားပြောလျင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးကလူများ၏ စကားကိုသူ မကြား။ သူပြောချင်တာတွေကိုသာ စွတ်၍ ပြောနေတတ်သည်။

(၄)
တစ်ခါက ရန်ကုန်ကို ဂျပန်တို့သိမ်းပိုက်စအချိန်။
ဝိတိုရိယရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက်ရှိကြသည်။ ကျွန်တော့်မှာလည်း တောက ရောက်ကာစ ဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်က ထိုင်ကာတီးနေ၏။ ဘေးမှ သခင်စံဝေနှင့် တက္ကသိုလ် ကျောင်းသားအချို့က ဝိုင်း၍ သီချင်းလိုက်ဆိုလျက်ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ ဂီတ အင်မတန် ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေ ပျက်နေ၏။
ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ခင်ရယ်…
ချစ်သဲနွယ်…
အဟုတ်ကို ချစ်တော့မယ်…
ခင်ရယ် ကြင်မယ် …
ဝိုင်း၍ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် – ဂေါက် – ဂေါက် – ဂေါက်နှင့် တဖက်က လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ကာရပ်လျက် …
‘ဟေ့ … ရပ်ကြ။ ခုလို အခါမျိုးမှာ ရဲစိတ်ရဲမာန် တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ။ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးက မဟန်ဘူး …’
ရုတ်တရက်ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။
သူသည် သူပြောချင်တာပြောပြီး၍ ထွက်သွားလေသည်။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လိုလူစားမျိုး။
သမဂ္ဂဥက္ကဋ္ဌ ကိုလှမောင် (ယခုသံအမတ်)၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပဋ္ဌမဦးဆုံးဖြစ်၏။ လက်ထပ်ပွဲပြီးသောအခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာနေကြ၏။ စန္ဒယားဆရာတစ်ဦးက တီးကာ ဖျော်ဖြေလျက်ရှိသည်။
သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကို ရပ်စေကာ ကျွန်တော့်ကို လူကြားထဲမှ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒရားကိုလက်ထောက်ကာ မရတရဖြင့် လိုက်ဆိုနေ၏။ တီးသောသီချင်းမှာ ‘ကဉ္စန’ သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တစ်ပုဒ် တီးခိုင်းပြန်၏။
တစ်ခါက ဂျပန်ခေတ် ဝန်ကြီးတစ်ဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ ဧည့်သည်များကား အဝတွင်ရပ်၍ သူ့အဝင်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ဝင်လာကာ ရုတ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ဇတ်ခနဲ ဘယာကြော်တစ်တုံးကို ယူစားလိုက်လေ၏။
သူ ထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံအရ ထမင်းစားပါဦးလားဟု ခေါ်ချင်မှခေါ်သော လူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ‘ကြောင်သည်’ ဟု အမှတ်ထားကြလေ၏။

(၅)
သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူ မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုသူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုရ်အတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။
သူ့တွင် နိုင်ငံရေးဝိဉာဉ်ကား ပြင်းထန်လှချေသည်၏။ သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာ လုပ်သောလူတစ်ဦးဖြစ်၏။
သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ သို့သော် ကိစ္စမရှိ။ သူသည် ဧည့်ခံခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။
၁၉၄၂–၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြောပြ၏။
‘အနုပညာဆိုတာ ရှိတာပဲ။ လင်မယားဘဝမှာလဲ အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေးမှာလဲ အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့်တော်လှန်ရေး အစစ်ပဲ…’
ဆရာမဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃–၄ ရက်အလိုက ကိုဘဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။
သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ ‘ဒီမယ် … အိမ်ထောင်ပြုတယ်ဆိုတာ သိပ် … စဉ်းစားတွေဝေနေလို့ မရဘူး။ တစ်ခါတည်း ဇွတ်လုပ်လိုက်ရတယ်…’ဟု မမေးဘဲ သူ့ဘာသာသူ သူပြောနေ၏။
လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပမ်းမှု စာအုပ်နှင့်ပတ်သက်၍ အင်းယားကန်စောင်းရှိ သူ့အိမ်သို့ ရောက်သွား၏။
ဧည့်ခန်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကိုတွေ့ရ၍ မပြုံးမိအောင် ဟန်ဆောင်နေရ၏။
သည့်နောက် သူနှင့်ကျွန်တော် မတွေ့တော့။ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီ သွားလည်ကလည်း ဖော်ဖော်ရွေရွေ လောကွတ်ပျူငှာ ခေါ်မည့်လူစားမျိုးလည်း မဟုတ်။
တစ်ခါက ဗိုလ်ချုပ်ဘဝတွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တစ်ပြုံကြီးကို မြင်လိုက်၏။ အော် … သားနဲ့၊ မယားနဲ့မို့ လူစိတ် တော်တော်ပေါက်လာပြီ။ အရင်ကလို ကြောင်တော့မည် မဟုတ်။ အကြမ်းအရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောက်မေ့လိုက်၏။ မှန်၊ မမှန်ကား မပြောတတ်။
ဖဆပလ ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင်၊ ဦးအောင်ဆန်းကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်းမဟုတ်။ သူ၏အဖြစ်သာ။ ကျွန်တော်သိသည့်အထိ ပြောပြခြင်းဖြစ်ပေသည်။
တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှ လူတစ်ဦးဖြစ်၍၊ လူထုနှင့်ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။

ဒဂုန်တာရာ
၁၉၄၆ ဒီဇင်ဘာ

နိုင်ငံရေးသမား၏ အရည်အသွေးကို ဘယ်အရာနှင့် တိုင်းတာမည်နည်း?

နိုင်ငံရေးသမားဖြစ်ဖို့မှာ ကျောင်းပညာအပြင် တခြားဘာတွေ လိုအပ်ပါသနည်း?
      မည်သည့် လုပ်ငန်း ကဏ္ဍလုပ်ကိုင်သူ မဆို အခြေခံပညာအပြင်၊ အဲသည်လုပ်ငန်း ကဏ္ဍဆိုရာ အသိပညာ အတတ်ပညာများကို လည်း ပြည့်ဝဖို့လိုအပ်ပါသည်။ စီးပွားရေးပညာ၊ လုပ်ငန်းစီမံခန့်ခွဲမှု ပညာများ မတတ်ကျွမ်းဘဲ လုပ်ငန်းကြီးကြီး မားမားလုပ်ကိုင်နိုင်မှာ မဟုတ်သကဲ့သို့ နိုင်ငံရေးဆိုင်ရာ အသိပညာ အတတ်ပညာ သို့မဟုတ် နိုင်ငံရေးဦး နှောက်မရှိဘဲ ထိရောက် ထက်မြက်သော နိုင်ငံရေး သမားတစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပါ။ ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်မီက ပါတီတွေ အလျင် စလိုစုဖွဲ့ကြတာ၊ ရွေးကောက်ပွဲဝင်မည့်သူများ ရရှိဖို့အတွက်အပြေးအလွှား လိုက်လံရှာဖွေ စည်းရုံးကြတာ အားလုံး အသိဖြစ်သည်။
အဲသည်တုန်းက ပါတီထူ ထောင်ဖို့ စုဖွဲ့ကြသူများထဲတွင် အများစုက နိုင်ငံရေး စိတ်ဓာတ်ထက်သန် သူတွေ နိုင်ငံရေးအတွေ့အကြုံရှိပြီး သားသူ တွေ ဖြစ်ပါလိမ့်မည်။ သို့သော် ရွေးကောက်ပွဲဝင်သည့် ကိုယ်စားလှယ်လောင်းများထဲမှာတော့ မူလနိုင်ငံရေး သမားများထက် စီးပွားဥစ္စာ၊ ကျောင်းပညာ၊ အသိုင်းအ၀ိုင်း အရှိန်အ၀ါ စသည်တို့အရ ရပ်ရွာ၌တင်ပြ၍ ကောင်းသူတွေက ပို၍များနေနိုင်သည်။ ကကြောင်းက ပါတီငယ်များရော ပါတီကြီးများပါ ရုပ်ပြကောင်းသူတို့ကို မိမိတို့ ကိုယ်စားလှယ် လောင်းများအဖြစ် ရွေးချယ်နိုင်ကြသောကြောင့် ဖြစ်သည်။

အကြောင်းအားလျော်စွာ သည်ပုဂ္ဂိုလ်တွေ နိုင်ငံရေးရာထူးရကြသည့်အခါ ရာထူးနှင့်ထိုက်တန်စွာ ဆောင်ရွက်နိုင်စွမ်း ရှိမရှိ ဟူသည် တိုင်းပြည်အတွက် လည်းကောင်း၊ ပြည်နယ်များ တိုင်းများဒေသများ အတွက် လည်းကောင်း အရေးကြီးသောကိစ္စဖြစ်လာသည်။ အကြောင်းက စီမံခန့်ခွဲသူတို့ညံ့ဖျင်းလျှင် တိုင်းပြည်ရော လူမျိုးပါ နစ်နာနိုင်သောကြောင့်ဖြစ်ပါသည်။

နိုင်ငံတကာ၌ပင် ရာထူးကြီးကြီး ရရှိထားသူတို့ မိမိတို့တာဝန်ယူသည့်ကဏ္ဍမှာ ကာလကြာရှည် အဆင် ပြေအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ဖူးသည့်တိုင် အကြောင်းကြောင်းကြောင့် ကြီးကြီးမားမား အမှား တစုံတရာ ဖြစ်ပေါ်ခဲ့မည်ဆိုလျှင် သည့်အတွက် မိမိတာဝန်ရှိပါသည်ဟု ၀န်ခံသည့်အဘောဖြင့် နှုတ်ထွက် သွားကြသည့် အစဉ်အလာမျိုးရှိသည်။
ဤသည်မှာကောင်းသော အစဉ်အလာတစ်ရပ်ဖြစ်၍ ၄င်းပုဂ္ဂိုလ်၏ အပြုအမူသည် လည်း အစဉ်အလာ ကောင်းကို လေးစားစောင့်ထိန်းသော အပြုအမူအဖြစ် အသိအမှတ်ပြုကြရမည်ဖြစ်သည်။
နိုင်ငံရေးလုပ်မည့်သူ၌ နိုင်ငံရေးရာ တတ်သိကျွမ်းကျင်မှုအပြင် မရှိမဖြစ် လိုအပ်သည့် အခြားအရည် အသွေးနှစ်ခုရှိသေးသည်။ ယင်းက ရိုးသားဖြောင့်မတ်မှုနှင့် တိုင်းပြည်ကို ချစ်မြတ်နိုးမှု တို့ဖြစ်သည်။

နိုင်ငံရေးသမားဟူသည် မိမိလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ပရိယာယ်များ မဟာဗျူဟာ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်ရသည်တို့ရှိမည်သာဖြစ်၏။သို့သော် အဲဒါသည် တကဏ္ဍဖြစ်၍ အများပြည်သူနှင့်ဆက်ဆံသည့် နေရာ၌ကား ကတိတည်သူ ဖြောင့်မတ်တည်ကြည်သူ ဖြစ်ရပေမည်။

အဲဒါမှသာ အများပြည်သူတို့၏ စိတ်၌ ဒီလူက ဘာပဲဟူ၍ခွဲခွဲခြားခြား မှတ်သားနိုင်လိမ့်မည်။ ထို့နောက် အဲသည်မှဆက်ကာ အယူအဆတူသူတို့၏ ယုံကြည်ကိုးစားမှုကို ခံယူရရှိလိမ့်မည်။
နိုင်ငံရေးသမား တို့၌ စွဲကပ်တတ်သည့် အဓိက အပြစ်အနာအဆာများထဲတွင် အဂတိလိုက်စားခြင်း၊ အာဏာအလွဲသုံးကာ ကိုယ်ကျိုးရှာခြင်းတို့ ထိပ်ဆုံးက ပါဝင်ရာ ရိုးသားဖြောင့်မတ်မှု အရေးကြီး ကြောင်းထင်ရှားသည်။

နိုင်ငံရေးသမားတစ်ဦး ရိုးသားဖြောင့်မတ်နိုင်ရေးတွင် ယုံကြည်ချက်ခိုင်မာမှုသည်လည်း အရေးကြီး သည်။ တူညီသောရည်ရွယ်ချက်၊ လမ်းစဉ် သို့မဟုတ် ယုံကြည်ချက်ကို အခြေခံကာ ပါတီတစ်ခု အဖွဲ့ အစုတစ်ခု နှင့် ပူးတွဲလုပ်ဆောင်နေရာမှ အနေအထားတွေပြောင်းလဲ သွားသောအခါ အခွင့်အလမ်း သာသည့်ဘက်သို့ အလွယ်တစ်ကူပြောင်းရွှေ့သွားသူတွေ ရှိသည်။

ယုံကြည်ချက်ကို အကျိုးစီးပွားနှင့် အလဲအလှယ်ပြုကြသူများ ဖြစ်သည်။

လူတို့သည် ဘ၀အတွေ့အကြုံများနှင့် အသစ်ရရှိလာသည့် အတွေးအမြင် ဗဟုသုတများကြောင့် အယူ အဆပြောင်းလဲနိုင်ကြသည်။ နိုင်ငံရေးသမားသည်လည်း အလားတူသဘောအရ ယုံကြည်ချက် များ ပြောင်းလဲ နိုင်သည်။ သို့သော် အသစ်တိုးလာသော အသိအမြင်ကြောင့် ပြောင်းလဲခြင်းနှင့် အကျိုးစီးပွားအတွက် ပြောင်း ရွှေ့ သွားခြင်းတို့သည် သိသာစွာပင် ကွဲပြားခြားနားနေတတ်ကြသည်။
၊ နိုင်ငံရေးသမားဟူသည် အများနှင့်ဆိုင်သောကိစ္စ သို့မဟုတ် တစ်တိုင်းပြည်လုံးနှင့်ဆိုင်သော အရေး အရာများကို တာဝန်ယူ လုပ်ကိုင်ကြမည့်သူများဖြစ်ရာ ၎င်း၌ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသော စိတ်ခိုင်မာ စွာ ကိန်းအောင်တည်ရှိဖို့ အရေးကြီးသည်။

အဲဒါမှသာလျှင် ကိစ္စကြီးငယ်များအတွက် ဆုံးဖြတ်ချက်ချမှတ်မည် အခါတိုင်းတွင် တိုင်းပြည်နှင့်လူမျိုး အကျိုးရှိ၊ မရှိ ဟူသော ပေတံတစ်ခုဖြင့် မမေ့လျော့ တိုင်းတာမိမည်ဖြစ်သကဲ့ သို့၊ သည်ကိစ္စကတော့ တိုင်းပြည်အတွက် အန္တာရယ်ဘေးဆိုပဲဟု တွေ့မြင်သည့်အခါမျိုးတွင် အသက်စည်းစိမ် ကို မငဲ့ကွက်ဘဲ ရွပ်ရွပ်ချွံချွံဆောင်ရွက်ကြမည် ဖြစ်သည်။

မေ့လျော့ပေါ့ဆသော နိုင်ငံရေးသမား၊ တိုင်းချစ်ပြည်ချစ်စိတ်နည်းပါးသော နိုင်ငံရေးသမားတို့လက်သို့ တိုင်းပြည်ကို အပ်မိလျှင် နိုင်ငံနှင့် လူမျိုး ထိခိုက် နစ်နာမှာ သေချာသည်။

From : ဖေမြင့်

Tuesday, August 20, 2013

သမ္မတကြီးက ကင်တားနားကို လက်ခံတွေ့ဆုံခြင်းမပြုဘဲ ပြည်သူနဲ့တစ်သားတည်းရှိကြောင်း ပြသ



သမ္မတကြီးက ကုလအရေခြုံ ဘင်္ဂါလီကိုယ်စားလှယ် ကင်တားနားကို လုံးဝ လက်ခံတွေ့ဆုံခြင်းမပြုပါလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြည်သူ့ဆန္ဒကို အလေးထားပြီး ပြည်သူ့အသံကို နားထောင်နေသော နိုင်ငံတော်သမ္မတကြီးက ဘင်္ဂါလီတွေကို တစ်ဖက်သတ်ဘက်လိုက်သောကြောင့် မြန်မာပြည်သူလူထုက ရွံရှာမုန်းတီးနေသော ကင်တားနားကို လက်ခံတွေ့ဆုံဖို့ အစီအစဉ်လုံးဝ လုံးဝမရှိဟု ဆိုကာ ပြတ်ပြတ်သားသားငြင်းပယ်လိုက်ပြီး ပြည်သူလူထုနဲ့ တစ်သားတည်းရှိကြောင်း ပြသလိုက်ပါတယ်။

သမ္မတကြီးလည်း ဘင်္ဂါလီတွေကို သိက္ခာမဲ့စွာ ဘက်လိုက်သော ကင်တားနားကို အလွန်အမင်းစိတ်ပျက်နေပုံရပါတယ်။

ကင်တားနား သွားလေရာမှာ မျိုးချစ်မြန်မာပြည်သူများကဗီနိုင်းဆိုင်းဘုတ်များကိုင်ဆွဲပြီး ကင်တားနားကို ဆန့်ကျင်ဆန္ဒပြသကဲ့သို့ သမ္မတကြီးကလည်း မိမိနိုင်ငံကို ဧည့်သည်အနေနဲ့လာပေမဲ့ ဧည့်သည်ကောင်းလို မနေဘဲ လူပါးဝနေတဲ့ကင်တားနားကို လုံးဝလက်ခံတွေ့ဆုံခြင်းမပြုဟု အားမနာနိုင်တော့ဘဲ ပြတ်ပြတ်သားသားပြောဆိုကာ ဆန္ဒဖော်ထုတ်လိုက်ခြင်းဖြစ်ပါသည်။

ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံကိုလာပြီး မြန်မာလူမျိုးတွေရဲ့ အကျိုးစီးပွားနဲ့ဆန့်ကျင်ကာ ဘင်္ဂါလီဘက်လိုက်တဲ့ ကင်တားနားကို သမ္မတကြီးက မင်း မျက်ခွက် ငါမကြည့်ချင်ဘူး။ မင်းကို သောက်ဖက်မလုပ်ဘူး ဒါဘဲ ထင်တယ်လို့ ပြောလိုက်ခြင်း ဖြစ်ပါသည်။

မြန်မာဆိုတာ ဒါပါပဲ။ ထိရင်ချမယ်။ ဖိရင်ကြွမယ်။ မတရားရင်လက်မခံပါဘူး။ မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေကို စော်ကားနေတဲ့ ကင်တားနားကို ပြည်သူတွေနဲ့ တစ်သားတည်း သမ္မတကြီးက ဆန့်ကျင်ပြလိုက်ခြင်းပါ။

ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်တဲ့သမ္မတကြီးကို ဘကတအဖွဲ့က လေးစားစွာနဲ့ ဂုဏ်ပြုအပ်ပါတယ်။

ထိုကိစ္စကို သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရသူဖြစ်တဲ့ ဦးရဲထွဋ်က facebook မှာ အောက်ပါအတိုင်း သတင်းတင်ထားပါတယ်။

နိုင်ငံတော်သမ္မတကြီးနဲ့ မစ္စတာ ကင်တားနား တွေ့ဆုံဖို့ ရှိသလားလို့ သတင်းဌာနတွေက ဆက်သွယ်မေးမြန်းလာကြပါတယ်။

သမ္မတကြီးအနေနဲ့ ကင်တားနားကို လက်ခံတွေ့ဆုံဖို့ အစီအစဉ် လုံးဝ ( လုံးဝ) မရှိကြောင်း အသိပေးတင်ပြအပ်ပါတယ်။

(((သမ္မတကြီး good good ကင်တားနား ဖွတ် ဖွတ် )))

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့

မိန်းကလေးများအတွက်




မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊
သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ
့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။
ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။

ကိုယ့်ကိုယ်ကိုမစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။

မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်းရုပ်ရှည်လှပနေမှမဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ်ရှိတယ်
ကျော်ကြားခြင်းနဲ့ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊
လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး
အပြုံးမပျက်သူဖြစ်တယ်။


ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ဘယ်သူတစ်ဦးတစ်ယောက်ကမှ
အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့
ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။


မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။
ရိုးသားကြင်နာခြင်းဟာသာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကိုချစ်ခင်နှစ်သက်မယ်၊
ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊သက်ရှိအားလုံး
လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲချစ်ခြင်းမေတ္တာရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ကြင်နာတဲ့
အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါးတန်ဆာဆင်မှ
လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊
ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကိုမှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း
ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။
မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာမဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။
ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်ကမိခင်ဝတ္တရားနဲ့
ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီးနားလည်မှုနဲ့ လေးစားမှုကို
အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။
မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ
မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့
သိမ်ငယ်စရာမလိုဘူး။စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်လှတယ်၊ မလှဘူးနဲ့
မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။
ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့
နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို
ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ
စစ်မှန်တဲ့
ရိုးသားမှုတွေရှိတယ်။



(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ
ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။
ရည်မွန်ကျော့ရှင်းတယ်။



(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို
အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့
ပေးဆပ်တဲ့မိခင်လို
မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။


(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ
ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ
အသားအရည်ဝင်းပပြီး တည်ကြည်တယ်။
လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ
ရှင်သန်နေထိုင်သင့်ပါတယ်။
လူသားတိုင်း ဘ၀နှင့်ဆန္ဒ တထပ်တည်း ကျနိုင်ကြပါစေ။

Related Posts Plugin for WordPress, Blogger...