Monday, September 23, 2013

ကြက်တောင်ရိုက် အားကစားနည်းနဲ့ ခင်ဝင့်ဝါ






Popular Journal
၂၇ကြိမ်မြောက်အရှေ့တောင် အာရှဆီးဂိမ်း အားကစားပြိုင်ပွဲအတွက် ပေါ်ပြူလာဂျာနယ်က တင်ဆက်နေကျဖြစ်တဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး အားကစား ကဏ္ဍအနေနဲ့ ဒီတစ်ပတ်မှာတော့ ကြက်တောင်ရိုက်အား ကစားနည်းကို ရွေးချယ်ဖြစ်ခဲ့ကြပြီး ဒီကြက်တောင်ရိုက်အားကစား နည်းအတွက် ကူညီ သရုပ်ဆောင်ပေးဖို့ မင်းသမီးကို စဉ်းစားတဲ့ အခါမှာတော့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကိုရရှိပိုင် ဆိုင်ထား တဲ့ မြန်မာ့ဂုဏ် ဆောင် ခင်ဝင့်ဝါ ကို အားလုံး က သဘောကျ ကြပါတယ်။ ခင်ဝင့်ဝါကလည်း ဆီးဂိမ်း အားကစားလှုံ့ဆော် ရေးအတွက်ဖြစ် တာကြောင့် လိုလိုလားလားပဲ ကူညီပေးခဲ့ ပါတယ်။

ဆီးဂိမ်းအား ကစားဝတ်စုံတွေအတွက်W&W Co;Ltd Royal Golden Owls (RGO) (SEA Games Souvenirs)မှကူညီပေးခဲ့ပြီးခင်ဝင့်ဝါအတွက် မိတ်ကပ်- ထက်(Pop Soul) ကကူညီပံ့ပိုးပေးခဲ့ကြပါ တယ်။ ကြက်တောင် ရိုက်ကွင်းနေရာကိုတော့ အလုံမြို့နယ်ရှိ Indonesian International School မှာ သွားရောက်ရိုက်ကူးဖြစ်ခဲ့ပြီး ကျောင်းမှ တာဝန်ရှိသူများကလည်း ရိုက်ကွင်း အတွက် ဝိုင်းဝန်းအားပေးပံ့ပိုးကူညီပေးခဲ့ကြပါ တယ်။

မြန်မာနိုင်ငံအတွက် ဆီးဂိမ်းအား ကစားကဏ္ဍမှာတစ်ဖက် တစ်လမ်းကပါဝင်ခွင့်ရတဲ့အတွက် တအား ဝမ်းသာဂုဏ်ယူမိပြီး ကိုယ်တိုင်လည်းငယ်စဉ်ကတည်းက အားကစား လုပ်ဖြစ်ကြောင်းကို ခင်ဝင့်ဝါက "ညီမ ငယ် ငယ်တုန်းကကြက်တောင်ရိုက်တယ်။ ဘောလုံးကန်တယ်။ပြေးတယ်။ အားကစားတွေအားလုံးကိုလည်း ကြိုက် ပါတယ်။ တစ်ခါတလေကြက်တောင် ရိုက်ဖြစ် တယ်။ တစ်ခါတလေကျရင် ပြေးတယ်။ အားကစားလုပ်တာက ကျန်းမာရေး အတွက်များစွာအထောက် အကူပြုပါ တယ်။ ဥပမာ ဘောလုံးကန်တဲ့အား ကစားတစ်ခုကို ကစားလိုက်တဲ့အခါ ချွေးထွက် တယ်။ ချွေးထွက်တဲ့အခါခန္ဓာ ကိုယ်မှာရှိတဲ့အပူတွေအကုန် လုံးထွက်သွား တဲ့အတွက် ကျန်းမာရေးကို များစွာ အထောက်အကူပြုတယ်" လို့ ပြောပါ တယ်။ ဆီးဂိမ်း အားကစားပြိုင်ပွဲ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ် တာကြောင့် ဂုဏ်ယူမိသလို မြန်မာ နိုင်ငံ က အားကစားသမား တွေလည်း အကောင်းဆုံး ယှဉ်ပြိုင်ကာ ဆုတွေအများ ကြီးရပြီး မြန်မာ့ ဂုဏ်ဆောင် နိုင်တဲ့ အားကစားသမားတွေ ဖြစ်ပါစေလို့လည်း ဆုတောင်း ပေးခဲ့ပါတယ်။

၂၇ကြိမ်မြောက် အရှေ့ တောင်အာရှ ဆီးဂိမ်းပြိုင် ပွဲမှာ အားကစားနည်း၃၃ မျိုးထည့်သွင်း ကျင်းပသွား မှာဖြစ်ပြီး ကြက်တောင် ရိုက်အားကစားနည်း အတွက် ရွှေ၅ခု၊ ငွေ၅ခု၊ ကြေး၅ခုတို့ကို ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်








အသားစားကြူး၍ ဝက်ဖြစ်သွားသော မကြင်သန်း




အသားစားကြူးရင် ဝက်ဖြစ်တတ်တယ်။
ဗီဒီယိုဇာတ်ကားတခုရဲ့အမည်မှာ အဲဒီလို တွေ့ရပါတယ်။

အသားစားကြူး၍ ဝက်ဖြစ်သွားသော မကြင်သန်း (ပညာပေးဇာတ်လမ်း)
ဇာတ်ညွှန်း နေဒေါင်း
ဇာတ်လမ်း နဲ့ ဒါရိုက်တာ မဟာ (M.Sc)
စသဖြင့် စသဖြင့် ရေးထားတဲ့ ဗီဒီယိုကြော်ငြာတခုကို ရန်ကုန်မြို့လယ် ၃၅ လမ်း ဗီဒီယိုထုတ်လုပ်ရေးရပ်ကွက်မှာ ဟိုတလောက တွေ့လို့ ရိုက်ထားတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။

ပုံက ထူးခြားနေတာကြောင့် ဧရာဝတီဘလော့ http://blog.irrawaddy.org/ မှာ တင်ဖို့ ဓာတ်ပုံရိုက်ခဲ့တာပါ။ ဇာတ်ကားနာမည်နဲ့ အယူအဆကတော့ အငြင်းပွားစရာ လို့လည်း ယူဆနိုင်ပါတယ်။
အသားစားကြူးရင် ဝက်ဖြစ်မယ်၊
အသီးအရွက်စားတာများလွန်းရင်ရော သစ်ပင်ဖြစ်သွားမလား ဆိုပြီး ငေါ့တော့တော့ ပြောလာတာတွေလည်း ရှိလာနိုင်ပါတယ်။

ဇာတ်ကားထဲမှာ အဲဒီသရုပ်ဆောင်က ဘယ်လောက်တောင် အစားကြူးသလဲ၊ ဘယ်လိုစားသလဲ ဆိုတာကတော့ အဲဒီဗီဒီယိုကြည့်မှပဲ သိနိုင်ပါလိမ့်မယ်။

ပိုစတာကတော့ အင်မတန် ဆွဲဆောင်မှု ရှိတာကို တွေ့ရမှာပါ။
ဗီဒီယိုဈေးကွက်မှာ အောင်မြင်မယ့်ဇာတ်ကားလို့ ယူဆရပါတယ်။

Dance လေးကိုလည်းကြည့်ရှုလိုက်ပါ..

အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။
ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး...။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေးမှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ...။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။ခက်တာက တို့ လူမျိုးတွေ ကိုယ်နယ်ချဲ့ လက်အောက်ရောက်မှန်းမသိရောက်နေတာကို သတိမမူမိတာပင်...။
ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့  စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီး....။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး...။ 

Picture

သိသိရဲ့ နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်...။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး...။
ပြီးခဲ့သော ချစ်သူများနေ့ ...။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့  နေ့ ထူးနေ့ မြတ်တော့ မဟုတ်ပါ...။ ဒါပေမဲ့ ချစ်သူတွေရဲ့ ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေးတွေပေး ချော့ကလက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့ မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေးမို့ ကိုယ့်နိုင်ငံရဲ့  နေ့ ထူးနေ့ မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်...။အယ်...လက်မခံနိုင်တာက ဘာလဲ......။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြတာကိုပင်...။
ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့  အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်းအပ်သည်များကိုတောင်း၊လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်...။ ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့  အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့....။ဒါမြန်မာနိုင်ငံမှာနော်..။ တို့ မြန်မာလူမျိုးတွေ ဖြစ်နေတာ...။ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်....။
အပျို .......
အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။
အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ...။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်...။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်....။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ဒါကို အပျိုလို့ ခေါ်ပါတယ်....။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်...
အပျိုစစ်.......
အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး...။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ...။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။
အပျိုစင်.......
အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး....။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်...။အပျိုစင် ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်...။ ဒါပေမဲ့ ဘယ်ယောကျာင်္းများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်...။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး...။
အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့ များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား...။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့  တာဝန်ပါ...။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်.....။
ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်....။
ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်...။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး...။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ ရယ်....။
ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်...။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်...။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်...။
ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်....။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး...။ အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်...။ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် “မေ့” ညီမတွေ ကြိုးစားကြပါ...။ နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့  ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ ...။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့  ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ....။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူပြီး ချိုးစရာ အကိုင်းအခက်ကုန်သွားရင် တခြားအပင်ကို ကူးမည့်သူ မဟုတ်ပါဘူး...။
“မေ့”ညီမတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ...။

By..မေသဇင်

ကားပြပွဲ တွေ မှာ အဖော်လွန် တဲ့ မော်ဒယ်(လ) တွေ ကို တရုတ် နှိပ် ကွပ်

တရုတ် ပြည်မှာ မော်တော် ကား ပြပွဲ တွေ ကျင်းပ တဲ့ အခါ မလုံ မခြံ ၀တ်ထား တဲ့ မော်ဒယ်(လ)
တွေ ကို ဖမ်းဆီး အရေး ယူတာ တို့  မော်တော်ပြ ပွဲ ကျင်း ပတဲ့ ကုမ္ပဏီ ကို လည်း အရေးယူတာ
တွေ လုပ် လာ ပြီ ဖြစ်တဲ့ အကြောင်း ဒီနေ့ ထုတ် ဝေတဲ့ South China Morning Post သတင်း
စာ မှာ ဖော်ပြထား ပါတယ်။


စက်တင်ဘာ လဆန်း က ချန်ဒူး မော်တော် ကား ပြ ပွဲ မှာ မစ်ယန်ယူ ဆိုတဲ့ မော်ဒယ်(လ) အပါအ၀င်
အခြား မော်ဒယ် လေးဦး ဟာ ၀တ်လစ် စလစ် နီး ပါး ဖက်ရှင် နဲ့  ပုရိသ တွေ အကြိုက် ဓာတ် ပုံ အရိုက်ခံ ခဲ့ တယ် လို့  ဆို ပါတယ်။
ဒီကား ပြပွဲ မှာ ဂျပန် လုပ် မော်တော် ကား တွေ နဲ့  တရုတ် ပြည် လုပ် မော်တော် ကား တွေ
ပြသထား ပါတယ်။
အစိုးရ က နှိပ် ကွပ် ပေမယ့် လည်း မော်ဒယ်(လ) တွေ ရဲ့  အစွမ်း ကြောင့် ကား တွေ အရောင်း စွံ သဗျို့ လို့  ချန်ဒူး အော်တို ပြပွဲ ကို စီစဉ် သူ တစ်ဦးက ဆိုပါတယ်။
Car News China အင်တာနက် စာမျက် နှာ မှာ တော့ ကား ပြ ပွဲ တွေ မှာ မော်ဒယ်(လ) တွေ ၀တ်လစ်စလစ် နီး ပါး အလှ ပြ ခိုင်း တာ မျိုး တွေ့  ရင် အရေး ယူအပြစ် ပေးမယ် လို့  ဖော်ပြ ထား ပါတယ်။
မြန်မာ နိုင်ငံ ရဲ့  အိမ် နီး ချင်း နိုင်ငံ ဖြစ်တဲ့ တရုတ် နိုင်ငံ မှာ ကား ပြ ပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာမမြင် အပ် တဲ့ နေ ရာ တွေ ကို ဖော်ပြ ပြီး လူကြိုက်များ အောင် လုပ်တာ ခွင့် မပြု တော့ ဘူး လို့  ဆို ပါတယ်။
မြန်မာ နိုင်ငံ မှာ တော့ မော်တော် ကား ပြ ပွဲ တွေ မော်ဒယ် ရှိုး တွေ မှာ ၀တ်လစ်စလစ် နီး ပါး မဖြစ် သေးတာ
ကြောင့် သိသာ တဲ့ နှိပ် ကွပ် မှု တွေ မလုပ် သေးဘူး လို့  မော်ဒယ်(လ) ပြပွဲ စီစဉ် သူ တစ်ဦး က ပြောပါတယ်။
လတ်တလော ကျင်း ပနေ တဲ့ မော်တော်ကား ပြပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာ စကတ် တို ယဉ်ကျေးမှုခောတ်စား နေပေမယ့် အဖော် အချွတ် လုပ် ပြီး ပြတာ မျိုးတော့ မတွေ့ ရ သေးဘူး လို့  ရန်ကုန် မြို့  က ဟိုတယ် မန်နေဂျာ တစ်ဦး က ပြောပါတယ်။

မိန်းမ အင်္ဂါပိုးဝင်ခြင်း(for girl)



မေး။ ။ သမီးက အသက် 25 နှစ်ပါ။ အိမ်ထောင် ရှိပါတယ် (လက်ရှိ အဝေးရောက်နေ ပါတယ်)။ လွန်ခဲ့တဲ့ တပတ် မေလ ၁၄ ရက်နေ့မှာပဲ သမီး ဓမ္မတာ ပြီးပါတယ်။ ဒါပေမဲ့ အခု ၄၊ ၅ ရက် ကြာပြီးမှ နောက်ထပ် သွေးထပ်ဆင်းပါတယ်။ ပုံမှန် ဓမ္မတာ လာသလိုပါပဲ။ ကိုက်ခဲတာလဲ မရှိပါဘူး။ ပြီးခဲ့တဲ့ လတွေက ပုံမှန် ဓမ္မတာ ဆင်းတုန်းက အတိုင်းပါပဲ။ အဲ့ဒါ ဘာကြောင့်ဆိုတာ သိချင်ပါတယ်။ သမီးက အခု နိုင်ငံရပ်ခြားကို ရောက်တာ မကြာသေးပါဘူး။ ဒါကြောင့် ဒီဘက်က ဆေးခန်းပြဖို့ အဆင်မပြေတာတွေ ရှိလို့ပါ။ သမီး မနှစ်လောက်က အမျိုးသားနဲ့ ဆက်ဆံတဲ့အခါ တခါတလေ အနံ့ဆိုး ထွက်တတ်ပါတယ်။ ဆရာဝန်နဲ့ ပြဖူးပါတယ်။ ဆရာမ ပြောတာတော့ ပိုးဝင် တယ်လို့ ပြော ပါတယ်။ အခုတော့ ကုလို့ပျောက်နေပါတယ်။ ဒါပေမဲ့ သမီး ဆေးစစ်ချင်ပါတယ်။ အမျိုးသမီးအင်္ဂါ ပိုးဝင်လို့ ဖြစ်တတ်တဲ့ရောဂါ၊ နောက်ပြီး HIV ကူးဆက်ခံရရင် ဘယ်လို လက္ခဏမျိုး အရင်ပြပါသလဲ။ အဖုလေးတွေ ပေါက်တယ်လို့ ကြားဖူးပါတယ်။ ဘယ်လို အဖု တွေများ ပေါ်လာတတ်ပါသေးလဲ။ ဖျားသလို ကိုယ်ပူသလိုလဲ တခါတလေဖြစ်တတ်တယ်ဆိုတာ ဟုတ်ပါသလား။ ပေါက်တဲ့အဖု တွေကရော ဘယ်လိုနေရာမှာ ပေါက်တတ်ပါသလဲ။ မျက်နှာလိုနေရာမှာရော ဖြစ်တတ်ပါသလား။

ဖြေ။ ။ ၁) ရာသီလာတာနဲ့ ပက်သက်ပြီး ပြောရရင် အခုလို နိုင်ငံရပ်ခြားမှာ လာနေရတာ၊ မိသားစုနဲ့ ခွဲနေရတာ စတာတွေက စိတ်ဖိစီးမှုကိုဖြစ်စေပြီး ရာသီလာတာကို ပုံမှန်မဖြစ်စေပါဘူး။ ဒီအတွက် စိတ်မပူပါနဲ့။ နိုင်ငံရပ်ခြားမှာ နေသားကျသွားရင် အဆင်ပြေမှာပါ။ စိတ်ဖိစီးမှု တစ်ခုခုရှိနေလို့ ဖြစ်တာမျိုးပါ။

၂) အမျိုးသားနဲ့ ဆက်ဆံရင် မိန်းမကိုယ်က အနံ့ဆိုးထွက်တယ်ဆိုတာ ပိုးဝင်တာလို့ ထတစ်ချ ပြောလို့မရပါဘူး။ ဓာတ်ခွဲခန်းမှာ သွေးစစ်၊ သို့မဟုတ် အမျိုးသမီး လိင်အင်္ဂါရည်ကို စစ်ဆေးပြီးမှ အတည်ပြုပြီး ပြောလို့ ရပါတယ်။ အဖြစ်များတာကတော့ Bacterial Vaginosis လို့ခေါ်တဲ့ အနံ့ဆိုးထွက်တဲ့ ပိုးဖြစ်နိုင်ပါတယ်။ ဒီအတွက် ကြောက်စရာမလိုပါဘူး။ မိန်းကလေးတိုင်းမှာ ဖြစ်တတ်ပါတယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြပြီး ဆေး ၁ ပတ်လောက်သောက်ရင် ပျောက်ပါတယ်။

၃) HIV ကူးစက်ရင် ဘာလက္ခဏာမှ သိသိသာသာ မပြပါဘူး။ ပိုးကူးစက်ခံရပြီး ၁ ပတ် ၂ ပတ်မှာတော့ တုန်ကွေးဆန်ဆန် ဖျားနာတာမျိုး ဖြစ်တတ်ပါယ်။ ဒါကို အတော်များများ သတိ မထားမိတတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ခုခံအားက အဲဒီအချိန်မှာ ကောင်းနေလို့ပါ။ ခုခံအားကောင်းနေသရွေ့ ဘာလက္ခဏာမှ မပြပါဘူး။ နှစ်နဲ့ချီပြီး သာမန်လူလိုပဲ နေနိုင်ပါတယ်။ ခုခံအား ကျခဲ့ရင်တော့ ရေယုံ၊ မက်ခရု စတာတွေပေါက်မယ်၊ ကာလ အတန်ကြာ ၀မ်းလျောမယ်။ ပိန်လာမယ်၊ ကာလအတန်ကြာ ချောင်းဆိုးမယ်။ အရေပြားမှာ ကူးစက်ရောဂါလေးတွေရှိလာမယ်။ မိန်းမကိုယ်မှာ အနာလေးတွေပေါက်လာမယ်။ မိန်းမကိုယ်မှာ အဖုပေါက်တာက အတိအကျ မရှိပါဘူး။ ရောဂါသည်က ခုခံအားကျလာတော့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ ရောဂါပိုးကို မူတည်ပြီး ရောဂါရကြတာပါ။ မျက်နှာမှာလည်း အဖူရယ်လို့ သီးသန့် မထွက်ပါဘူး။ ဒါပေမယ့် ရောဂါကျွမ်းတဲ့ အဆင့်ဆိုရင်တော့ အဖုတွေ ထွက်တတ်ပါတယ်။ အလွန်ဆိုးဝါးတဲ့ အခြေအနေမှပါ။
ဒီလောက်ဆို ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်
လမင်းကို
By HIM

အသက်ရှူခြင်း အနုပညာ



“သင် အသက်ရှူတတ်ပါရဲ့လား”

ဒီလို မေးရင် ဘယ်လို ဖြေကြမလဲပဲနော်။ အသက်ရှူတာပဲ မွေးကတည်းက ရှူလာတာ၊ ရှူတတ်တာပေါ့..၊ ဘာ လာကြောင် နေတာလဲ ဆိုပြီး ပြန်ပြောကြလိမ့်မယ် ထင်ပါတယ်။ ဒါဆိုရင် တိတိ ကျကျ ထပ်ပြီး မေးပါဦးမယ်။

“သင် နည်းစနည်မှန်မှန် အသက်ရှူတတ်ပါရဲ့လား”

ဒီလို မေးရင်တော့ အနည်းငယ် စဉ်းစား သွားပါလိမ့်မယ်။ ပြီးမှာ အသက်ရှူတာ နည်းစနစ်လို့သေးလို့လား။ ဒီလိုပဲ နှာခေါင်းက ရှူချင်ရှူမယ်၊ ပါးစပ်နဲ့ ရှူချင်ရှူမယ်၊ အဆန်းလုပ်ပြီး လျှောက်မေးနေတာလို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ အသက်အပြည့်အ၀ ရှူပြီး ကိုယ်ခန္ဓာ နွမ်းနယ်ပင်ပန်းမှုတွေကို ချက်ချင်းပြေပျောက်စေတဲ့ နည်းစနစ် အမှန် တကယ်ရှိပါတယ်။ အထူးသဖြင့် လှုပ်ရှားမှုနည်းတဲ့ သူတွေ အနေနဲ့ ဒီလို နည်းစနစ်မှန်မှန်နဲ့ အသက်ရှူ လေ့ကျင့်ခန်းမျိုးကို သိထားသင့်ပါတယ်။ Time Saving Idea စာစောင်ထဲမှာ ဖော်ပြထားတဲ့ အချိန်မကုန် မပင်ပန်းဘဲ ကျန်းမာရေး အတွက် လေ့ကျင့်ခန်း လုပ်နိုင်ဖို့ တင်ပြထားချက်တွေကို အခြေခံပြီး ရေးသားတင်ပြပေးပါ့မယ်။

ဒီ အသက်ရှူလေ့ကျင့်ခန်းကို လုပ်ခြင်းဖြင့် အဆုတ်ရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ အစာမကြေ ဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး၊ အလုပ်ခွင်မှာ ပင်ပန်းသမျှတွေကို ယူပစ်လိုက်သလို ချက်ချင်းသိသာ ပြေပျောက်စေနိုင်တယ် ဆိုတာ အသေအချာ ပြောနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မကုန် ငွေမကုန်တဲ့ အပြင် အင်မတန်ရိုးရှင်း လွယ်ကူတဲ့ အတွက် မည်သူမဆို ဆောင်းပါးလေးကို ဖတ်ပြီး လုပ်ဆောင်လိုက်ပါ။

လူ့ခန္ဓာကိုယ်ဟာ အဟာရနဲ့ အောက်စီဂျင်တို့ ပေါင်းစပ်ပြီး ဆဲလ်အသစ်တွေ မွေးဖွားရင်း၊ ဆဲလ်အဟောင်းတွေ သေဆုံးရင်းနဲ့ ဖွဲ့တည်ထားတာ ဖြစ်ပါတယ်။ လူအများစုဟာ ခန္ဓာကိုယ်အတွက် အစားအစာ အဟာရကို ဦးစားပေး စားသုံးတတ်ကြပါတယ်။ အဟာရ ဖြစ်စေမယ့် အစားအစာကို ရွေးချယ် စားသုံးကြတာ အများစုပါ။ သို့ပေမယ့် အဟာရချည်း ပြည့်စုံနေလို့ မဖြစ်ပါ။ အောက်စီဂျင်လည်း အချိုးညီညီ ပါဝင်ဖို့ လိုပါတယ်။ သို့မှသာ အဟာရနဲ့ အောက်စီဂျင် အပြန်အလှန် အကျိုးပြု ထောက်ပံ့ပေးပြီး ညီညွတ်မျှတတဲ့ ကျန်းမာရွှင်လန်းတဲ့ ခန္ဓာကိုယ် ဖြစ်လာမှာပါ။

လူတွေဟာ သွားလာ လှုပ်ရှား လုပ်ကိုင်နေကြပေမယ့် အသက်ရှူတဲ့အခါမှာတော့ အပြည့်အ၀ မရှူကြပါဘူး။ အသက် အပြည့်အ၀ မရှူတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်လည်း အပြည့်အ၀ မရပေဘူးပေါ့။ အချိန်ကြာမြင့်စွာ ထိုင်လျက်သော်လည်းကောင်း၊ ရပ်လျက်သော်လည်းကောင်း အလုပ် လုပ်နေမယ်၊ အသက်လည်း အပြည့်အ၀ မရှူနိုင် ဖြစ်နေမယ် ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက်တွေ သွေးထဲဝင်ရောက်လာပြီး လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ တနည်းအားဖြင့် အောက်စီဂျင် နည်းပါးသွားတာကြောင့် နွမ်းလျသွားတာပါ။ ခေါင်းကိုက်မယ်၊ ဇက်ကြောထိုးမယ်၊ မအီမသာ ဖြစ်မယ် စသဖြင့် ခံစားလာရတော့တာပဲ။ အဲဒီမှာ ဘာဖြစ်မှန်း မသိဘူး ဆရာရယ် ဆိုပြီး ဆရာဝန်ထံ သွားပြရတော့တာပဲ။ ဒီလို ဖြစ်ရတာဟာ အောက်စီဂျင် မပြည့်ဝလို့၊ အောက်စီဂျင် လိုအပ်လို့ပါ။ လူဟာ အိပ်ပျော်နေတဲ့ အချိန်မှာပဲ အသက်ကို ပြည့်ပြည့်၀၀ ရှူကြပါတယ်။ နိုးထနေချိန် တွေမှ အပြည့်အ၀ အသက်ရှူတာ မရှိသလောက်ပါ။

အထူးသဖြင့် အားကစား မလုပ်ဘဲ တခြားအလုပ်တွေ လုပ်ကိုင်နေချိန်မှ လူ့ အဆုတ်ရဲ့ ၂၀ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းလောက်ပဲ အသက်ကို ရှူသွင်း ရှူထုတ်လုပ်ကြပါတယ်။ အားကစား လုပ်နေသူ တွေကတော့ ၅၀ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရှူထုတ် ရှူသွင်းပြုလုပ်ပါတယ်။ အိပ်နေတဲ့ အချိန်မှာတော့ ၉၀ ရာခိုင်နှုန်းက နေ ၉၅ ရာခိုင်နှုန်းလောက် အထိ အသက်ရှူပါတယ်။ လူသားနဲ့ သက်ရှိတွေအတွက် ကံကောင်းတာက သစ်ပင်တွေက နေ့ခင်းမှာ ကာဗွန်ကို စားသုံးပြီး ညခင်းပိုင်းမှာ အောက်စီဂျင်တွေ ပြန်လည်ထုတ်လွှတ်ပေးနေတာပါ။

အခု ဆက်ပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်ဖို့ အကြောင်း ဆက်လက်တင်ပြပါ့မယ်။ အဆုတ်ထဲကို လေအပြည့်အ၀ ရောက်ရှိအောင် လေ့ကျင့်ခန်းလုပ်ဖို့ အချိန် ၅ မိနစ်ကနေ ၁၅ မိနစ်လောက် ရရင်ပဲ အဆင်ပြေပါတယ်။ လမ်းသွားရင်း၊ ကားစီးရင်း၊ ကုလားထိုင်ပေါ် ထိုင်ရင်း၊ အိပ်ရာပေါ် ပက်လက်လှန်လှဲအိပ်ရင်း ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် ဒီ အသက်ရှူလေ့ကျင့်ခန်းကို လုပ်လို့ရပါတယ်။ အကောင်းဆုံးကတော့ လက်တင်ပါတဲ့ ကုလားထိုင် (Arm Chair) ပေါ်မှာ (သို့မဟုတ်) ပြင်ညီကြမ်းပြင် (ဆိုဖာပေါ်မှာ မဟုတ်) ပေါ်မှာ လေ့ကျင့်ခြင်းပါ။ ပထမဆုံး လက်တင်ပါတဲ့ ကုလားထိုင် ပေါ်မှာ လေ့ကျင့်ဖို့ အတွက် အရင်ပြောပါမယ်။

လက်တင်ပါ ကုလားထိုင်ပေါ် သက်သောင့်သက် အရှိဆုံး အနေအထား အတိုင်း ထိုင်ပါ။ လက်နှစ်ဖက်ကို တန်းပေါ် တင်၊ ခြေထောက် တွေကို ရှေ့ကို ဆန့်ထား၊ ခေါင်းကို နောက်မှီ တန်းပေါ် အနည်းငယ် မော့ပြီးတင်၊ နောက်စေ့နဲ့ ချိတ်ထား၊ မျက်နှာကို ရှေ့သို့ တည့်တည့်ထား၊ မျက်လွှာကို ပိတ်၊ ခါးကို ဆန့်၊ ပုံမှန် အသက်ရှူ၊ ခေါင်းကို ဟိုဘက် နည်းနည်း ဒီဘက် နည်းနည်း လှုပ်ပေးပြီး အသက်ရှူ လေ့ကျင့်ခန်း စပါ့မယ်။ ထူးထူး ဆန်းဆန်းကြီး မဟုတ်ပါ။ လေကို နှာခေါင်းနဲ့ တဖြည်းဖြည့်ချင်း ရှူသွင်းပါ။ အဆုတ်ထဲပြည့်အောင် ရှူသွင်းပါ။ အဆုတ်ထဲ နောက်ထပ် လေတစက်မှ ထပ်ရှူသွင်းလို့ မရတော့တဲ့ အထိ ရှူသွင်းပါ။ အဆုတ်ထဲမှာ လုံးဝပြည့်နေတဲ့ပြီ ဆိုရင် ချက်ချင်း ပြန်မထုတ်သေးဘဲ ခေတ္တ အောင့်ထားပါ။ အောင့်နိုင်သလောက် အောင့်ထားပါ။ လုံးဝ မအောင့်နိုင်တဲ့ အထိ အောင့်ထားပါ။ မအောင့်နိုင် တော့တဲ့ အခါကျမှ ပါးစပ်က တဖြည်းဖြည်းချင်း လေကို ပြန်ထုတ်ပါ။ အဲဒီလိုနဲ့ အသက်ရှူလေ့ကျင့်ခန်းကို အချိန်ရသလောက်၊ လုပ်နိုင်သလောက် အကြိမ်ရေအထိ လုပ်နိုင်ပါတယ်။ သတိပြုရမှာက ရှူသွင်းတဲ့ အချိန်၊ အောင့်ထားတဲ့ အချိန်နဲ့ ရှူထုတ်တဲ့ အချိန်၊ ရှူထုတ်ပြီး အောင့်ထားတဲ့ အချိန်တွေ ညီနေရင် အကောင်းဆုံးပါ။ ဆိုပါတော့ အသက်ရှူသွင်းတဲ့ အခါမှာ စိတ်ထဲကနေ ၁.၂.၃….. စသဖြင့်ရေတွက်ကြည့်ပါ..။ ၁၅ ရတယ် ဆိုပါစို့။ အသက်ရှူပြီး အောင့်ထားတဲ့ အချိန်ဟာလည်း ၁၅ အထိရဖို့၊ အသက်ပြန်ရှူထုတ် တဲ့အခါမှာလည်း ၁၅ အထိ ရဖို့ပါ။ ရှူထုတ်ပြီး အောင့်ထားရင် လည်း ၁၅ ရဖို့ပါပဲ။ အဲဒီလိုနဲ့ ၁၅ ၊ ၂၀၊ ၃၀၊ ၄၀၊ ၅၀ ဆိုပြီး အရှိန်မြှင့် လုပ်နိုင်ပါတယ်။

ဒီလို အသက်ရှုနည်းကို လေးဘက်ညီ အသက်ရှူခြင်း အနုပညာလို့ ခေါ်ပါတယ်။ အများအားဖြင့် ရှူသွင်းခြင်းနဲ့ ရှူထုတ်ခြင်းကို သာ အများစုက သိမြင်ကြပါတယ်။ ရှူသွင်းပြီး အချိန်နဲ့ ရှူထုတ်ပြီး အချိန်ကို သတိမမူမိ၊ မသိကြပါဘူး။ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အောက်စီဂျင်တွေ အဆုတ်ထဲမှာ ပြည့်ဝများပြားနေရင် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်မယ် မဟုတ်လား။ ရှူသွင်းချိန်၊ အောင့်ထားချိန်၊ ရှူထုတ်ချိန်၊ အောင့်ထားချိန် တွေ ညီနေရင် အကောင်းဆုံး အသက်ရှူလေ့ကျင့်ခန်းပါပဲ။ အဲဒီလို ရှူတော့ ဘာတွေ ရမလဲ၊ ဘာတွေ ဖြစ်မလဲ ဆိုတော့ .. ပထမဆုံး ခန္ဓာကိုယ်ရဲ့ သွေးကြောတွေ အားလုံး ပွင့်သွားပြီး သွေးလှည့်ပတ် စီးဆင်းနေတာကို တဖျင်းဖျင်း ခံစားရပြီး သိနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်နေရင်း အလွန်ပေါ့ပါး အလွန်လန်းဆန်းသွား လိမ့်မယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။ အချိန်ရရင် စမ်းသပ်ကြည့်ဖို့၊ အချိန်ရရင် ရသလို လေ့ကျင့်ကြည့်ဖို့ လေးလေးနက်နက် တိုက်တွန်းပါရစေ။

အလုပ်က ပြန်လာပြီး ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေတဲ့ အခါမှာ ဒုတိယ ဖော်ပြမယ့် အနေအထားကို အသုံးပြုနိုင်ပါတယ်။ ဆိုဖာ သို့မဟုတ် အောက်ခင်း ထူထူမပါတဲ့ ကြမ်းပြင်ပေါ် ပက်လက်လှန်ပြီး အိပ်လိုက်ပါ။ ခေါင်းအုံးနဲ့ အခြား အခုအခံ ဘာမျှ မသုံးပါနဲ့။ ခန္ဓာကိုယ်ကို စန့်နိုင်ဆန့်ပါ။ ဖြောင့်နိုင်သမျှ ဖြောင့်ဖြောင့်ထားပြီး၊ အထက်က ပြောခဲ့သလို လေးဘက်ညီ အသက်ရှူခြင်း အနုပညာကို လေ့ကျင့်ပါ။ ညီညွှတ်မျှတခြင်းဟာ အနုပညာမှာ အရေးကြီးပါတယ်။ အဲဒီလိုပဲ ကျန်းမာကြံ့ခိုင်ရေးနဲ့ အသက်ပြည့်ပြည့်၀၀ ရှူပြီး အားအင်ပြည့်လျှမ်း စိတ်ရွှင်လန်းဖို့ အသက်ရှူခြင်း အနုပညာကို လေ့ကျင့်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိမယ် ဆိုတာ အာမခံ တင်ပြလိုက်ပါတယ်။ အလုပ်များပြားပြီး ကျန်းမာရေး လေ့ကျင့်ခန်းကို အချိန်ပေးပြီး မလုပ်နိုင်တဲ့ သူတွေ ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ဖို့ မျှဝေလိုက်ပါတယ်။ သင့်ကျန်းမာရေးအတွက် အကျိုးရှိတယ် ဆိုရင်တော့ လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦး။ ကျန်းမာခြင်းလက်ဆောင်ထက် ကောင်းတဲ့ လက်ဆောင်မွန်ဆိုတာ မရှိဘူး မဟုတ်လား။

အသုဘအခမ်းအနားမှာ မူဆလင်အစွန်းရောက်များအသေခံဗုံးခွဲ - ငါးဆယ် သေ - တစ်ရာခန့် ဒဏ်ရာရ -


Pakistan

ဘက်ကဒက်။ စက်တင်ဘာ (၂၁)။ ၂၀၁၃

ရှီရိုက်တ်မွတ်ဆလင်အမျးစုနေထိုင်တဲ့ အီရတ်နိုင်ငံ
ဘက်ကဒက်မြို့ တော် အရှေ့ ပိုင်းတွင်၊ အသုဘ
အခမ်းအနားကျင်းပနေစဉ်အတွင်း အသေခံကားဗုံး
ခွဲမူကြောင့် လောလောဆယ်ငါးဆယ်ထက်မနည်း
သေဆုံးပြီး တစ်ရာခန့် ဒဏ်ရာရကြောင်းသိရ။

မွတ်ဆလင်ဘာသာရေးဂိုဏ်းခွဲနှစ်ခုအတွင်း တဘက်
နှင့်တဘက်အပြန်အလှန်သတ်ဖြတ်မူ၊ ဌာနေမျိုးကွဲလူ
မျိုးစုများအတွင်း အပြန်အလှန်သတ်ဖြတ်မူများကြောင့်
အီရတ်နိုင်ငံအတွင်း ဂျူလိုင်လတွင် (၁၀၅၇) ဦးသေဆုံး
ခဲ့ပြီး၊ သြဂတ်စ်လတွင် (၉၁၆) ဦးသေဆုံးခဲ့ကြောင်း
ကုလသမဂ္ဂ၏ စာရင်းအရသိရှိရ။_
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(နောက်တပုဒ်ပါ)
===========
ပါကစ္စတန်နိုင်ငံ ပက်ရှရဝါဒေသရှိ ခရိယာန် ဝတ်ကျောင်းအား ငြိမ်းချမ်းရေး လိုလားသူများမှ ဗုံးခွဲတိုက်ခိုက် ...
၇၅-ဦး သေဆုံး ၁၀၀-ကျော် ဒဏ်ရာရ ...
*******************************

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှရဝါဒေသရှိ သူတော်စင်များ ခရိယာန် ဝတ်ကျောင်းတော်၌ တနင်္ဂနွေနေ့ ဝတ်ပြုပွဲ အပြီး ဝတ်ကျောင်း မြက်ခင်းပြင်၌ ကျင်းပသော အလှူပွဲ၌ စုဝေးနေကြသော ခရိယာန်ဘာသာဝင်များအား အစ္စလာမ် သူရဲကောင်း ၂-ဦးက အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ရာတွင် လူပေါင်း ၇၅-ဦး သေဆုံးပြီး ၁၀၀-ကျော် ဒဏ်ရာရရှိခဲ့သည်။ ဗုံး ပေါက်ကွဲချိန်၌ နှစ်ပေါင်း ၂၀၀-ကျော် သက်တမ်းရှိ ထိုဝတ်ကျောင်းဝင်း အတွင်း ဝတ်ပြုရန်လာသူ ခရိယာန်ဘာသာဝင်ပေါင်း ၄၀၀-ကျော်ခန့်ရှိသည်ဟု ဆို၏။


မူရင်းလင့်သားကြည့်နိုင်ပါတယ်
====================
http://www.sunherald.com/2013/09/22/4971134/suicide-bomber-hits-pakistan-church.html

ငရဲဟူသည် အဘယ်နည်း



ငရဲအကြောင်းရေးရမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့ အထူးပင်စိတ်ဝင်စားချေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ငရဲဆိုလျှင် လူဆယ်ဦး အတွေးဆယ်ခု အမြင်ဖြင့် သုံးသပ်နေကြခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ သုံးသပ်ခြင်းမှာ လည်း ဗုဒ္ဓဘာသာဝင်တို့အမှားမဟုတ်။ ငရဲဟူသည်ကား မည်သို့မည်ပုံဖြစ်သည်ဟု လေ့လာသူ နှင့် ပြန်လည်ဟောကြားသူ နည်းပါးနေခြင်းကြောင့်လည်းဖြစ်သည်။
ငယ်စဉ်ကတည်းက ငရဲဆိုတာဘာလဲ။ ဆီပူဒယ်အိုးထဲမှာ ထည့်မွေတာလား ဟု လူကြီးများကို မေးလေ့မေးထ ရှိခဲ့သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂမ်များကို လေ့လာလိုက်စားပြီးနောက် ငရဲဆိုသည်မှာ ဤသို့ဤပုံရှိသည်ဟု သိရှိရသည်။

စာဖတ်သူ ဓမ္မမိတ်ဆွေသည်လည်း ငရဲကိုယုံပါသလော။ ဗုဒ္ဓဘာသာဝင်တို့ ငရဲကို မည်သို့ သတ်မှတ်ပါလေသ လော။
ဗုဒ္ဓဘာသာဝင်တို့ ၃၁ ဘုံရှိသည်ကို သိရှိပြီးဖြစ်သည်။ (အသေးစိတ်သိသူများလည်း ရှိလျှင်ရှိချေမည်) ထို ၃၁ ဘုံ အကျဉ်းချုပ်ဖော်ပြရသော် ငရဲ၊ တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်၊ လူ့ဘုံ၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာပြည် အထပ် ၂၀ ဟု စုစုပေါင်း ၃၁ ဘုံရှိချေသည်။ ဤသည်မှာ စာရေးသူ အပြောမဟုတ် ဗုဒ္ဓ၏ အဆုံးအမများဖြစ်ချေ သည်။ ဗုဒ္ဓအဆုံးအမဟုဆိုရာတွင် ထိုဘုံများကို ဗုဒ္ဓမြတ်စွာဘုရားဖန်ဆင်းလေသလားဟူ၍ လည်း အထင်မှားသူများလည်း ရှိကောင်းရှိချေလိမ့်မည်။ လားလားမှ မသက်ဆိုင်ပါ။ စင်္ကြဝဌာ ဖြစ်တည်သည်မှ စ၍ အနန္တလောကကြီး ကနဦးကတည်းက ၃၁ ဘုံရှိလာခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤ ၃၁ ဘုံတွင် ကျင်လည်ခဲ့ရသေးသည်။

မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင် ဘုရားမဖြစ်မှီ အရင့်အရင် ဘဝများက ငရဲဘုံတွင် ဝဋ်ကြွေးခံခဲ့ရသည်။ ထို့ကြောင့် ဘုရားလောင်း တေမိမင်းသား ဘဝသို့ရောက်သောအခါ ဆွံ့အသူ ပမာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ မုသား၏ အကုသိုလ်ကံမည်မျှကြီးလေသည်ကို သိရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့သည်။ ယခင် ငရဲဘုံဘဝက အာခေါင်ခံတွင်းသို့ သံရည်ပူများလောင်းချ ခံရသည့် ငရဲဘုံတွင် ဝဋ်ကြွေးပေး ဆပ်ခဲ့ ရခြင်းကြောင့် ယင်း အလေ့အထုံကို အမှတ်သညာဖြစ်ကာ စကားမပြောပဲနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ငရဲကျခံရသည်ကို စာဖတ်သူတို့ ဘုရားလောင်းဇာတ်တော်အရ သိရှိပြီဖြစ်သည်။ ထို့ကြောင့် ငရဲဘုံမှာ မြတ်စွာဘုရား ဟောကြားခဲ့သည့် ဆိုသော်ငြားလည်း ဘုရားမပွင့်မှီ ပဝေသနီက တည်းက တည်ရှိနေသာ ဘုံတစ်ခုဖြစ်ကြောင်း ထောက်ပြနိုင်ချေသည်။

ငရဲကြီး ရှစ်ထပ်ရှိချေသည်။ ၄င်းတို့မှာ- သဉ္ဇိုင်းငရဲ၊ ကာဠသုတ်ငရဲ၊ သံဃာသ ငရဲ၊ ရောရုဝ ငရဲ၊ မဟာရော ရုဝ ငရဲ၊ တာပန ငရဲ၊ မဟာတာပန ငရဲ၊ အဝီစိငရဲ ဟူ၍ ဖြစ်ပြီး ငရဲနှစ်မှာ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀၊ အန္တရကပ် တစ်ဝက်၊ ၁ အန္တရကပ် ဟု နှစ်အသီးသီး ကြာမြင့်ကြသည်။ ငရဲတွင် တစ်ရက် သည် လူတို့နှစ် ကိုးသန်းနှင့် ညီမျှချေသည်။ ထို့ကြောင့် လူတို့သက်တမ်းနှင့် ပြန်လည်မြောက်ကြည့်လျှင် အင်မတန် ရှည်လျားသည်ကို တွေ့ရသည်။ ငရဲဘုံတို့၏ အကျဉ်းချုပ်ကိုသာဖော်ပြမည်။

သဉ္ဇိုင်းငရဲ မှာ အကုသိုလ်ကံမကုန်မချင်း သံတင်းပုတ်ဖြင့် ထုကာညင်းဆဲသတ်ဖြတ်သော ငရဲ

ကာဠသုတ်ငရဲ မှာ အကုသိုလ်ကံမကုန်မချင်း ခုတ်ရွေ ညှင်းဆဲ သတ်ဖြတ်သော ငရဲ

သံဃာသ ငရဲ မှာ အမုန့်ညက်ညက်ကြေမွအောင် သံတောင်ကြီးဖြင့် ကြိတ်ချေသော ငရဲ

ရောရုဝ ငရဲ မှာ အလွန်ငံယား၊ စပ်ခါး၊ ခြစ်တူး ပူလောင်သော အခိုးအငွေ့တို့ဖြင့် နှိပ်စက်သော ငရဲ

မဟာရောရုဝငရဲ မှာ ထိုအခိုးအငွေ့အပြင် မီးတောက်မီးလျှံများဖြင့်ပါ တောက်လေင်စေသေ ငရဲ

တာပနငရဲ မှာ စအိုမှ ဦးခေါင်းထိ မီးကင် သံတံကျင်ဖြင့် နှိပ်စက်ညှဉ်းပန်းသောငရဲ

မဟာတာပန ငရဲ သံပူတောင်များ၊ သံဆူးပင်ကြီးများပေါ် ပြေးတက်စေပြီး လိုက်လံနှိပ်စက်သော ငရဲ

မဟာအဝီစိ ငရဲ ငရဲ သံသေတ္တာကြီးတွင် အလွန်ပူလောင်အရှိန်ပြင်းထန်သော မီးတောက်တို့ဖြင့် ကွက်လပ်မရှိ နှိပ်စက်သောငရဲ

ငရဲဘုံတစ်ထပ်နှင့်တစ်ထပ် လူ့ဘုံမှ စ ၍ ယူနာပေါင်း ၁၅၀၀၀ စီကွာခြားသည်။ ထို့ပြင် ငရဲကြီး တစ်ထပ် တစ်ထပ်တွင် အရပ်လေးမျက်နှာ၌ ငရဲငယ် ၅ခုစီ ဝန်းရံထားသေးသည်။ ၄င်းတို့ကို ဆက်ရှင်နေလျှင် စာရှည်နေလိမ့်မည်။

အဆိုးဆုံးငရဲမှာ အဝီဇီငရဲဖြစ်ပြီး သဉ္ဇိုင်းငရဲမှာ အခြား ငရဲတို့နှင့် နှိုင်းစာလျှင် ခံရသည့် နှစ်နှင့် ဝေဒနာသေး ငယ်နေချေသေးသည်။ တစ်ထပ်နှင့် တစ်ထပ်အာနိသင်မတူ။ ဥပမာ- ဂရုကံ (အမိသတ်၊ အဖသတ်၊ သံဃာဂိုဏ်းခွဲ စသည်ဖြင့် ကံကြီးထိုက်ငါးပါး) က မဟာအဝီဇိသို့ ကြိမ်းသေရောက်ရသည်။

ငရဲ၏ ဆိုးပုံကို စာဖွဲ့လျှင် အင်မတန်ကိုများပြားလှပေသည်။ကြောက်မက်ဖွယ်လည်း ကောင်းပေသည်။
ထို့ကဲ့သို့လွန်ကဲမှုများကြောင့် ငရဲကို ယုံကြည်သူပင် နည်းလာခဲ့သည်။ အဲလောက်တောင် များတာလား မဖြစ်နိုင်ဘူး ဟု သုံးသပ်သူများပင် ရှိလာစေသည်။

ငရဲသည် ဘုံတစ်ခုဖြစ်ပြီး မကောင်းမှုဒုစရိုက်ပြုသူများအတွက် လားရာဘုံဘဝတစ်ခု ဖြစ်ချေသည်။
ဤတွင် ထောက်စရာအချက်တစ်ခုရှိချေသည်။ လူသားအားလုံး အမှားနှင့်မကင်းချေ။ အားလုံး အမှား ကိုယ်စီရှိကြချေ သည်။ ထို့ကြောင့်လူတိုင်း ငရဲရောက်သလောဟု မေးစရာရှိလာသည်။ မရောက်ပါ။ ၃၁ ဘုံတွင် ဘုံတစ်ခုခုသို့ရောက်ရချေသည်။ အကုသိုလ်ကို အများအားဖြင့် ပြုလုပ်တတ်သူသည် (အများ အားဖြင့်) ငရဲ ဘုံနှင့် အခြား ဒုက္ခတိဘုံဖြစ်သည့် တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်ဘုံဘဝသို့ရောက်ကြရ သည်။

မကောင်းမှုအများဖြင့်လုပ်သော်လည်း ကောင်းသောလူ့ဘုံ၊ နတ်ဘုံရသည်များလည်း ရှိပါသည်။ အဘယ်ကြောင့် နည်း။ မှန်ပါသည်။ မိမိ မည်သည့် ဘုံဘဝသို့ရောက်မည်ဆိုခြင်းမှာ မိမိကိုယ်တိုင်သာ ဖန်တီး သည်။ မည်သည့် တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ကမှ သင်ထိုဘုံသို့သွားလော့ဟု ခိုင်းစေမရချေ။ ကိုယ်သွား မည်ဘုံ ကိုယ်တိုင်သာ ဖန်တီးသည်။

ငရဲတစ်ခုတည်းနှင့် မပြောလိုတော့ ဒုက္ခတိဘုံအားလုံးနှင့် ခြုံပြောမည်။ မိမိ ဒုက္ခတိဘုံသို့ရောက်နိုင် မရောက်နိုင် မှာ သေခါနီး (စုတိခါနီး) မိမိထားသော စိတ်အပေါ်တွင်သာ မူတည်ပါသည်။ အများအားဖြင့် အကုသိုလ်အလုပ်များသူသည် စုတိခါနီးတွင် အကုသိုလ်ကံများသာ ထင်လာပြီး ဧကန် ဒုက္ခတိ ဘုံများ သို့ရောက် ရသည်။ ဥပမာ-တိရစ္ဆာန်၊ အသူရကာယ်၊ ငရဲ စသည်ဖြင့်။

သို့သော် အကုသိုလ်အလုပ်များသော်ငြား လည်း သေခါနီး (စုတိခါနီး)တွင် ပြုဖူးသည့် ကုသိုလ်ကံ တစ်ခု ထင်ခြင်းကြောင့် လည်း သုခတိဘုံများသို့ ရောက်ရချေသည်။ ဥပမာ-လူ့ဘုံ၊နတ်ဘုံ စသည်ဖြင့်။ (ဤသို့ သေခါ နီးဖြစ်ပေါ်သော စိတ် (ဇောစိတ်)များကို စာဖတ်သူများမှ သိလိုလျှင် ဆောင်းပါးသက်သက်ရေး ပါမည်။)

ဘဝတစ်ပါးမှသေလွန်ပြီး အခြားဘဝတွင် ဖြစ်ရခြင်း ပဋိသန္ဓေမှာ တစ်ပြိုင်နက်တည်းဖြစ်သည်။ ကြားတွင် နေသည်ဟုမရှိ။ ထို့ကြောင့် အသုဘ ရက်လည် နှင့် ပန်းခြောက်ယူပြန် တရားနာ ခြင်းတို့မှာ မှားယွင်းသော အယူအဆဖြစ်ချေသည်။ ထို့ပြင် ကူးတို့ခပေးခြင်းတို့လည်း မှားယွင်းချေသည်။

ယခု ငရဲ ရှင်းမပြီးသေးချေ။ စာဖတ်သူတို့တွင် ငရဲကို မယုံသူတို့ရှိနေချေအုံးမည်။ လူတို့သည် အကုသိုလ်နှင့် ကု သိုလ် မည်သည်တို့က အဖြစ်များသနည်း။ စာဖတ်သူတို့ ဝေးဝေးမကြည့်လေနှင့်။ မိမိကိုယ်ကိုယ်သာ သုံး သပ်ချေ။ အကုသိုလ်ပိုများနေမည်မှာ အမှန်ပင်ဖြစ်သည်။ ငရဲများအင်မတန်ပင် များပြားလှသည်။ ဒုက္ခ များ အင်မတန် ထူပြောလှသည်ဟုပင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သော်လည်း ငရဲ မကြောက်။ အပါယ်မကြောက် အကုသိုလ် ဒုစရိုက်များ ပြုနေကြသည်။ ငရဲကိုသာ မဖော်ထုတ် မဟောကြား ပဲထား ထားလျှင် လောကကြီး မည်မျှပင် အကုသိုလ်များနှင့် ပြည့်နှပ်နေမည်နည်း။ စာဖတ်သူတို့ တွေးကြည့်လော့။

ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည် ပူများသာ ရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံ ဟူသည် ထိုဘုံ ဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။

ထောက်ပြစရာအချက်ကျန်သေးသည်။ ယခုခေတ် သိပ္ပံပညာရှင်တို့ ကမ္ဘာမြေကြီး အောက် ယူဇနာပေါင်း ၁၅၀၀၀ မက ရှာဖွေစစ်ဆေးပြီးဖြစ်သည်။ ချော်ရည်ပူများသာရှိသည်။ ထိုအချက်ကို ကြည့်ပြီး ငရဲမရှိချေဟု စာဖတ်သူတို့ ငြင်းပေအုံးမည်။ ငရဲဘုံဟူသည် ထိုဘုံဘဝတွင် ကျခံရမည့် သူများသာ သိနိုင်ရိုးသော နေရာတစ်ခုဖြစ်ရကား အကောင်အထည် ဒြပ်မပြနိုင်ချေ။ နတ်ဘုံများလည်း ထိုနည်းတူစွာပင်။ လက်ဆုပ်လက်ကိုင်မပြနိုင်ပေ။

မြင်မှယုံမည် မြင်မှယုံမြင်ဆိုသောသူတို့ အကုသိုလ်ကုသိုလ် မည်သည်မှားသည်မှန်သည်ကို ဗုဒ္ဓအဆုံး အမ ကို လေ့လာထား၍ သိရှိပြီး ဖြစ်သည်။ သို့သော် မြင်နိုင်ကြလော။ အာရုံ၏ အမှန် ကိုမြင်နိုင်ကြလော။ မှားမှန်း သိသော်လည်း ယင်းအမှားကို ကျူးလွန်နေကြသေးသည်။ ဒုစရိုက်မကောင်းဟု သိပေသော်ငြား လည်း အာရုံ၏ သဘောအမှန်ကို မမြင်နိုင်ကာ ဆက်လက်မှားနေကြသည်။ အနီးစပ်ဆုံး မိမိရုပ်၊ နာမ် တွင်ဖြစ် တည်သော အာရုံ၏ အမှန်ကိုပင် မမြင်နိုင်၊ ယူဇနာ ထောင်သောင်းမက ဝေးသော ငရဲကို မြင်နိုင် ရန် ဝေး လှချေသေး၏။ အာရုံ၏ သဘောအမှန်ကို မြင်လျှင် မည်သည်မှာ ငရဲ၊ မည်သည်မှ နတ်ဘုံ၊ ဗြဟ္မာဘုံဟု တပ်အပ်မြင်ချေ လိမ့်မည်။

နောက်တစ်ချက် စာဖတ်သူတို့ သဘာဝလောကကိုလေ့လာချေ။ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော တိရစ္ဆာန်၊ အင်းစက်ပိုးမွားများ မည်မျှ ရှိချေသနည်း။ သိပ္ပံပညာရှင်တို့၏လေ့လာချက်အရ လူသား အရေ အတွက် မှာ တစ်ကမ္ဘာလုံးပေါင်းမှ သန်း ၇ထောင် ကျော်ရုံမျှသာ ရှိသေးသည်။ ထို့ကြောင့် မမြင်နိုင်သော အခြား သက်ရှိတို့ မည်သည့် ဘုံဘဝတွင် ဖြစ်တည်နေသည်ကို စဉ်းစားတွေးကြည့်လေ။

မြတ်စွာဘုရားရှင်ဟောကြားခဲ့သည်တစ်ခုရှိသည်။ ၄င်းမှာ သမုဒ္ဒရာမှ အပ်တစ်စင်းနှင့် ကောင်းကင်မှ အပ် တစ်စင်း ထိပ်ခြင်းထိရန်ခဲယင်းသည်။ ယင်းခဲယင်းမှုထက် လူတစ်ဦး ဖြစ်လာရန်မှာ အင်မတန်ခဲယင်းသည့် ကိစ္စရပ် တစ်ခုဖြစ်သည်။ ၄င်းကို မသိရှိသူတို့က လူတို့၏ တန်ဖိုးကိုနားမလည်ပဲ မိုက်မဲနေကြသေးသည်။ လူပြန်ဖြစ် ရန် အင်မတန်ခဲယဉ်းချေသည်။ အခြား ငရဲဘုံတို့တွင် ပဋိသန္ဓေရန် အင်မတန်လွယ်ကူသည်။ ထို့ကြောင့် မိမိ ရရှိပိုင်ဆိုင်ထားသော ဘဝတွင် ကောင်းမှုများကိုသာပြုလုပ်ပြီး တရားပွားများကြင့်ကျံကာ သံသရာလော ကမှ လွတ်မြောက်စေရန် လမ်းညွန်ဟောကြားခဲ့ချေသည်။

စာဖတ်သူတို့ ငရဲ စသည် ဆင်းရဲခြင်း ဘုံဘဝတို့ကို အမှန်မြင် သိရှိကာ သံသရာမှ လွတ်မြောက်အောင် လေ့လာကျင့်ကြံအားထုတ်နိုင်ကြပါစေ။

ကိုးကား - အဘိဓမ္မာ
အောင်ခမ်း (ရိုးရာလေး)
BY ရိုးရာလေး

Sunday, September 22, 2013

ရောင်မျိုးစုံနဲ့ Thuzar Maung

ကျန်းမာရေး နှင့်ညီညွတ်စေတဲ့ ရေချိုးသောနည်းလမ်းများ






ရေချိုးသောစနစ်

ရေချိုးသော အချိန်မှာ နေ့မွှန်းမတည့်မီ နံနက်ပိုင်း အချိန် ဖြစ်၏။ ယေဘုယျအားဖြင့် နေ့လည် ၁၂နာ၇ီ မထိုးမီနေ့အချိန်ဖြစ်၏။ နံနက်ပိုင်းသည် တက်ဥတုအချိန် ဖြစ်ပြီး၊ ညနေပိုင်းသည် သက်ဥတုအချိန် ပိုင်းဖြစ်လေသည်။ ဆောင်းတစ်ဆယ်၊ နွေကိုး၊ မိုးခုနှစ် ရေချိုးစနစ်သည်အကောင်းဆုံး ဖြစ်သည်။အချို့အလုပ်များ၍ကိုယ်ခန္ဓာညစ်ပေနေသူတို့မှာ
နေမ၀င်မီေ၇ချိုးသင့်သည်။
နေ၀င်ပြီးသွားပါက ရေမချိုးသင့်တော့ပဲ ခြေလက်ဆေးကြောခြင်း အမှုသာပြုသင့်၏။


ရေမချိုးသင့်သောအချိန်

အစာစားပြီးစ၌ ချက်ချင်း ရေမချိုးသင့်ချေ။ အစာမကြေ ရောဂါ ရရှိတက်၏။ နေပူ၊ မီးပူ၊ အပူ တစ်စုံတစ်ခု ခံစားရပြီး စ၌လည်း ရေမချိုးသင့်ချေ။ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ နား၊ မျက်စိ၊ ခံတွင်းနာရှိသူများ၊ ၀မ်းဖောဝမ်း ရောင်သူများ၊ နှာစေးသူများမှာ ထိုအခိုက်အတန့်တွင် ရေမချိုးဘဲနေသင့်၏။ မီးအပူခံပြီးနောက် ရေချိုးလိုလျှင် ရေအေးကိုဝအောင်သောက် ပြီးနောက် ခဏလောက် နားနားနေနေ၊ နေထိုင်ပြီးမှ ရေချိုးပါ။
မကျန်းမမာ ဖြစ်ပြီးနောက် ပထမဆုံး ရေမချိုးသေးပဲ၊ ကရက်မက်နံသာများ သွေးလိမ်းကြည့်ပါ၊ တစုံတရာ အပြစ်မရှိမှ ရေစချိုးပါ။ ရေချိုးပြီးအခိုး ပြန်ရအောင် ပြုလုပ်ရမည်။ ရေချိုးပြီးပြီးချင်း အ၀က်သန့်သန့်ဖြင့် ရေပေါက်ရေစများ တစ်ကိုယ် လုံးသန့်စင်အောင် သုတ်ပစ်ပါ။ ဖြစ်နိုင်ပါက ကိုယ်ငွေ့ရလာသည်အထိ အ၀တ်သန့်သန့်ဖြင့်ပွတ်တိုက်ပေး ရမည်။ ရေသုတ်ပြီးလျှင် အမြန်ဆုံး အ၀တ်သစ်လဲ၍ လေလုံအောင်နေပါ။ ရေနွေးပူပူ၊ ကော်ဖီပူပူ၊ နွားနို့ပူပူ တစ်ခုခုကို ကိုယ်ငွေ့အားကောင်းလာအောင် သောက်ပေးပါ။ တက်နိုင်လျှင် ကိုယ်ငွေ့ရအောင် (၁၅) မိနစ်ခန့် ခေါင်းမြီးခြုံ၍ လဲလျောင်းနေပါ။

ရေစချိုးပုံ

ရေချိုးတော့မည်ဆိုလျှင် ချက်ချင်းမချိုးသေးပဲ ခြေထောက်အောက်ပိုင်းကို ရေအရင်လောင်းရမည်။ ခြေဖျားမှသည် ဒူးခေါင်း၊ ပေါင် စသည်ဖြင့် တရွေ့ရွေ့အထက်သို့ လောင်းပြီးမှ တစ်ကိုယ်လုံး ချိုးရမည်။ ရေချိုးစဉ် ပထမ ကိုယ်စိုရုံ လောင်းပြီးမှ ခေတ္တနားပါ။ အတွင်းအခိုးများထွက်ရန် အချိန်အနည်းငယ်ပေးခြင်းဖြစ်၏။ အထူးသဖြင့် ခေါင်းနှင့်ပက်သက်သော ရောဂါ၇ှိသူများ ခေါင်းလောင်း၍ ရေမချိုးသင့်ချေ။ ရှေးဦးစွာ
ရေမချိုးမီ ရေကိုပါးစပ် အတွင်း၌ ငုံထားပါ။ သို့မှသာ ခန္ဓာကို်ယ် အတွင်း၇ှိ အပူအပုပ် များရန်မှ ကာကွယ်ပြီး ဖြစ်မည်။ သွားနှင့်စပ်သော ရောဂါများလည်း ကင်းရှင်းစေ နိုင်သည်။

ရေချိုးသင့်သည်ကိုသိပုံ

မိမိ ရေချိုးမည်ဟုပြုစဉ် အောင်ပါလက္ခဏာများ ဖြစ်ပါက ရေမချိုးဘဲနေက အပြစ်ကင်း၏။ ချိုးသော်လည်း ရေတစ်မှုတ် နှစ်မှုတ်ခန့်သာ ရေချိုးသည်ဆိုရုံ ချိုးသင့်သည်။ (သို့) ရေဖက်တိုက်ခြင်း၊ ရေနွေးဖြင့် ချိုးခြင်းပြုအပ်၏။

(၁) ဗဟိဒ္ဓတွင် အပိတ်အဖွဲ့ များ၍ လွန်စွာအေးသောအခါ
(၂) ရေချိုးမည်ဟု ရေနားသွားလျှင် ချမ်းစိမ့်စိမ့် ဖြစ်ပြီး ကြက်သီးထသောအခါ၊
(၃) ရေချိုးလိုစိတ်မ၇ှိသောအခါ
(၄) အဖျားရှိနေသောအခါ ရေမချိုးဘဲနေက အပြစ်ကင်း၏။

ချေးတွန်းခြင်း

ဆီးဖြူသီးဖြင့် ချေးတွန်းခြင်းမှာ သည်းခြေနာ၊ ကြက်မျက်သင့်သော အနာကိုနိုင်၏။ ပဲတဲကော၊ နွားဖြေ၇င်မှုန့်တို့ဖြင့် ချေးတွန်းလျှင် သလိပ်နာနှင့် ညအခါမမြင်၇သော ကြက်မျက်သင့်နာကိုကောင်းစေသည်။ ဇီးဖြူသီးမှုန့်ဖြင့် ချေးတွန်းလျှင် မျက်စိအားကောင်းစေသည်။

credit to >> မွေးနေ့ ဆုမွန်

နေတိုးသရုပ်ဆောင်ထားသည့် “အောင်ပဒင်..အင်ပဒေါင်း” ဇာတ်ကားမှ အသုံးအနှုန်းများအတွက် မတောင်းပန်ပါက ကယန်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တရားစွဲဆိုမည်





လွန်ခဲ့သည့် ခြောက်လခန့်ကတည်းက ဖြန့်ချီခဲ့သည့် နေတိုးပါဝင် သရုပ်ဆောင်ထားသော “အောင်ပဒင်...အင်ပဒေါင်း”

ဇာတ်ကားတွင် ပါဝင်သော အသုံးအနှုန်းများ၊ အပြုအမူများနှင့် ပတ်သက်၍ မတောင်းပန်ပါက ကယန်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ နှင့် ကယန်းအမျိုးသားပါတီတို့မှ တရားစွဲဆိုမည်ဖြစ်ကြောင်း ကယန်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ကိုခွန်ကလဲ့မင်းက ပြောသည်။

“ အဲဒီဇာတ်ကားထဲမှာ သုံးထားတဲ့ စကားလုံးတွေက တိရစ္ဆာန်တွေနဲ့ နှိုင်းပြီးတော့ ပြောထားတယ်။ အခု ပါတီ လူကြီးတွေ ၀ိုင်းပြီးတော့ ဆွေးနွေးနေကြတယ်။ အခုအချိန်မှာ တစ်ခုခုတော့ လုပ်သင့်နေပြီ။ဘာဖြစ် လို့လဲဆိုတော့ ဒီဇာတ်ကားက ထွက်ထားတာလည်း ကြာပြီ။

လူတိုင်းကြည့်ပြီးသား ဖြစ်နေပြီ။ အဲဒီတော့ သူ့စိတ်ထဲမှာ ကယန်းအမျိုးသားတွေကို ဘယ်လောက်တောင် သိက္ခာကျစေ သလဲ။ ဇာတ်ကားထဲမှာ ပါတာတွေက အလွန်စိတ်ဆိုးဖို့ ကောင်းတယ်” ဟု ယင်းက ထပ်မံ ပြောကြားသည်။

အဆိုပါကိစ္စနဲ့ ပစပ်လျဉ်း၍ ဆွေးနွေးမှုရလဒ်များအပေါ်မူတည်ပြီး ဇာတ်ကားနှင့် ပတ်သက်သည့် ထုတ် လုပ်ဖြန့်ချီသူ၊ ရိုက်ကူးသူနှင့် ဇာတ်ညွန်းရေးသားသူ၊ ဆင်ဆာအဖွဲ့များ အားလုံးတို့အနေဖြင့် တောင်း ပန်ပေး ရန် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ ယင်းတောင်းဆိုချက် များ အား မလိုက်လျောပေးနိုင်ပါက တရားစွဲမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံဆရာရိုက်ပြတဲ့ ကမ္ဘာပေါ်က ဘ၀အထွေထွေ






နယူးယော့ ၅လမ်းမှာပါ။ အိုင်ဖုန်းဝယ်ဖို့ စောင့်ဆိုင်းနေသူတွေကိုဓာတ်ပုံဆရာလက်စွမ်းပြလိုက်တာပါ။
ဝါရှင်တန်ဒီစီ ကျောက်တိုင်နဲ့  လ ကို ရိုက်ထားတာပါ။အိန္ဒိယကောလိပ်တခုမှာ ဆေးလိပ်ကြောင့်ဖြစ်ရတဲ့အရေပြားဓာတ်မတည့်မှုအကြောင်းကို ပန်းရောင်ခရင်မ်တွေနဲ့ သရုပ်ပြနေတာပါ။

ဒက်ခ်ျလူမျိုးဖန်တီးတဲ့၅၉ပေမြင့်တဲ့ဘဲရုပ်ကလေးပါ။ ဒါကထိုင်ဝမ်မှာပါ။
<A href="http://www.bing.com/videos/browse?mkt=en-us&vid=318acfb0-e4e0-4a4f-80b6-6374797f1263&from=shareembed-syndication&src=v5:embed:syndication:" target="_new" title="Giant rubber ducky shows up in Hong Kong">Video: Giant rubber ducky shows up in Hong Kong</A>



အိန္ဒိယကကလေးငယ်တယောက်ပါ။ ဂနတ်ရှ်ပွဲတော်ပြီးတဲ့အခါ စွန့် ပစ်ထားတဲ့ ပွဲတော်ပစ္စည်းထဲက အဖိုးတန်မယ့်ပစ္စည်းတွေကိုရှာဖွေနေတာပါ။



ဆီးရီးယားက သူပုန်အဖွဲ့ ထဲကတစ်ယောက် အစ်ဒ်လစ်ခရိုင်က ဂူထဲမှာအနားယူအိပ်စက်နေပုံပါ။
ဖိလစ်ပိုင်မှာ အစိုးရနဲ့ မူဆလင်သူပုန်တွေအကြားတိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ထွက်ပြေးရတဲ့ဖိလစ်ပိုင်က ကလေးတယောက်ပုံပါ။ အစားအသောက်အတွက်တန်းစီနေတာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် လူတစ်သိန်းလောက်အိုးအိမ်စွန့် ပြီးထွက်ပြေးနေရပါတယ်။


နီပေါကလေးငယ်နှစ်ယောက်ကို မြို့ တော်ခေတမန်ဒူမှာ ကုမာရီပုဂျာပွဲတော်ကျင်းပစဉ်တွေ့ မြင်ရတာပါ။ အသက် ၉နှစ်အောက်မိန်းကလေးတွေစုပေါင်းပြီးတော့ကုမ္မာရီဒေ၀ီဝတ်ပြုပူဇော်ကြတဲ့ပွဲပါ။ မကောင်းမှုတွေကာ ကာကွယ်ပြီးတော့အနာဂတ်မှာ ကံကောင်းမယ်လို့  ယုံကြည်ကြပါတယ်။

ဝါဆိုမိုးဦး ရဲ့ Sexy Dance တဲ့

ဝါဆိုမိုးဦး ရဲ့ Sexy Dance

 

 

" အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာက ဘာလဲ "







တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….

ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “

အဲဒီမေးခွန်းကတော့
ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..

ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူ ပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….

နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆို လိုက်ပါတယ်…

အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင် လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အား အကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….

ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ် သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…

ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီး ကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…

ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက ပေးလိုက် ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“

ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????

ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ် ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွား လှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…

ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ လို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….

“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင် နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်

ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရ တော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန် မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???

အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????

အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “

အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “

ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????

သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ……………………………… ………………………………..မလှပနိုင်တော့ဘူးပေါ့နော်……….။ ။ ။

သုတလင်း

Related Posts Plugin for WordPress, Blogger...