Saturday, September 21, 2013

ဆီဒိုးနားအဖြစ်မှန်
















 



https://www.facebook.com/Niknayman

ကွန်ပြူတာကနေ ဖုန်း ကို LINE အချင်းချင်း စကားပြောနိုင်ပါပြီ(အဟောင်းလေးပါ)









ဒါကတော့ ကျနော် ဆိုဒ်အဖျက်ခံလိုက်ရတဲ့ အထဲပါသွားလို့ ပြန်ရှာပြီးတော့


ပြန်တင်ပေးထားတာပါ အသစ်မဟုတ်ပါဘူး ခင်ဗျာ









ပြီးခဲ့တဲ့ ၂ ရက်လောက် က ကွန်ပြူတာ ကနေ video,voice call ခေါ်လို့ရတဲ့


viber ထွက်လာပြီးတော့ အခု့တခါ ကွန်ပြူတာကနေပြီးတော့


voice call ခေါ်လို့ရတဲ့ LINE အစိမ်းရောင်လေးက လဲ အားကျမခံ ထွက်လာပါပြီခင်ဗျာ


LINE လေးကို ဒေါင်းဖို့ ဒီလင့်ကို သွားပြီးယူလိုက်ပါ


အသေးစိတ်ကိုတော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်


ကြည့်ပြီးတော့ လုပ်သွားလိုက်ပါ





အပေါ်ကပုံအတိုင်း ဒေါင်းဖို့သွားလိုက်ပါ မိမိ က ဘာ OS သုံးတာလဲ ဆိုတာ သိရမယ်နော်


window 8 အတွက် သီးသန့်ပေးထားပါတယ် မိမိအသုံးပြု့ချင်တာကိုဒေါင်းလိုက်ပါ


window 7 နဲ့ ကျနော်ကတော့ ပြသွားမှာပါ အောက်မှာ ဆက်လေ့လာလိုက်ပါ









ဒေါင်းပီးပီ ဆိုရင်တော့ ကလစ် ၂ ချက်ခေါက်ပြီးတော့ ဖွင့်ပေးလိုက်ပါ


အရင်ဆုံး ဘာသာ စကားကိုရွေးခိုင်း ပါတယ်


အင်္ဂလိပ် စကားကို OK ပေးပြီးဆက်သွားလိုက်ပါ





NEXT ကိုနှိပ်ပြီးဆက်သွားပါ





lincense ကိုသဘောတူပေးရမှာပါ I Agree ကိုနှိပ်ပြီးဆက်သွားပါ







install လုပ်တာပြီးသွားပါပြီ Close နှိပ်လိုက်ပါ







အောက်မှာကြည့်လိုက်ပါ LINE လေးဟာ Desktop မှာ shotcuts လေး ပေါ်လာပါပြီ






Desktop ကပုံလေးကို ကလစ် ၂ ချက်ခေါက်ပြီးဖွင့်လိုက်ပါ

ဖွင့်လိုက်ရင် အောက်က ပုံအတိုင်း Mail နဲ့ Password တောင်းမှာပါ

အဲ့ဒီမေးလ် နဲ့ password က ဘယ်က ရမလဲ ဆိုရင်

မိမိ တယ်လီဖုန်းကနေရပါမယ် ဘာဖြစ်လို့လဲ ဆိုတော့

ဒီ ဆော့ဝဲ ကို မိမိ ရဲ့ ဖုန်းမှာလဲ အသုံးပြု့နေတာဖြစ်ရမယ်နော် အဲ့ဒါမှ ကွန်ပြူတာမှာ

ပြန်ဝင်လို့ရပါမယ် တကယ်လို့ ဖုန်းမှာ မရှိသေးဘူးဆိုရင် ဖုန်းမှာ install လုပ်ပါဖုန်းမှာလည်း မေးလ် တွေ

password တွေပေးရပါမယ် အဲ့ဒီအတိုင်း ကွန်ပြူတာက LINE မှာပြန်ထည့်ပေးရမယ်

ဖုန်းမှာထည့်တာမှန်တယ် ဆိုရင် ကွန်ပြူတာမှာလဲ အလိုအလျောက် ရရှိသွားမှာဖြစ်ပါတယ်

Verification Code ဟာ ကွန်ပြူတာမှာ ပြန်ထည့်စရာ မလိုပါဘူး ခင်ဗျာ





တကယ်လို့ မိမိ mail နဲ့ password ကမှန်တယ် ဆိုရင် အောက်ကအတိုင်းပေါ်လာမှာပါ




ဒါကတော့ setting ဘယ်မှာရှိတယ် ဆိုတာကိုပြထားတာပါ

၁။ မှာပြထားတာကို နှိပ်လိုက်ရင် explorer အသစ်ကျလာမှာပါ

၂။ ကတော့ setting ပါ အထဲမှာ မိမိပြောင်းချင်တာတွေပြန်ပြောင်းလို့ရပါတယ်

profile ပုံတွေ ID တွေကို ပြောင်းလို့ရပါတယ်

၃ ။ ကတော့ မိမိစကားပြောချင်တဲ့လူကို ရွေးရမှာပါ Group လိုက်လဲ ပြောလို့ရပါတယ်







setting ထဲကိုဝင်လိုက်မယ်ဆိုရင် မြန်မာဖောင့်ပြောင်းတဲ့နေရာလေးပါ Font ဆိုတဲ့ နေရာလေးမှာ


Zawgyi One လို့ပြောင်းပေးပေါ့







ဒီပုံကတော့ မိမိ စကားပြောချင်တဲ့ လူကိုရွေးတဲ့ အခါ Start Chat ကို

နှိပ်လိုက်တဲ့ အခါ ဒီလို ပေါ်လာမှာပါ အောက်က အနီရောင်လေးကတော့ စကားပြောဖို့ရွေးလိုက်တဲ့

အခါမှာ အစိမ်းရောင်လေးလင်းလာမှာပါ





ဒီမှာ စာပို့လို့ရတယ်နော်





ဒီပုံကတော့ ကွန်ပြူတာကနေ ခေါ်ထားတာလေးပါ Free Call ကိုနှိပ်ပေါ့
စာပို့ချင်တာဆိုရင်တော့ Chat ကိုနှိပ်လိုက်ပါ ခင်ဗျာ




ခေါ်နေပြီဆိုရင်တော့ ဒီအတိုင်းပါပဲ ခင်ဗျာ video call တော့ မရသေးပါဘူး ခင်ဗျာ






ဒီအထိအောင်ဖတ်လာတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ



အားလုံးပဲ စိတ်ချမ်းမြေ့ပျော်ရွှင်ကြပါစေ




ကိုလတ်(ကျွဲဆင်း)

အရည်အချင်း အစစ်အမှန်နဲ့ ကြိုးစားတဲ့သူတွေ အချိန်တစ်ခုတော့ စောင့်ရမယ်လို့ဆိုတဲ့ အိုင်ရင်း ဇင်မာမြင့်





 အသံနဲ့ ပတ်သက်ပြီး လေ့ကျင့်မှု အပိုင်းတွေ မရှိပါဘူး။ ဘုရားပေးတဲ့ အသံအတိုင်း
ပါရမီအတိုင်းပါပဲ။ ဒါကြောင့် အသံနဲ့ပတ်သက်ပြီး လေ့ကျင့်မှု အပိုင်းတွေလုံးဝမလုပ် ဖြစ်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ လေ့ကျင့်ပြီးတော့ ထွက်လာတဲ့ အသံတိုင်း တစ်သမတ်တည်းထွက် လာတဲ့ ပုံစံမျိုးကို အိုင်ရင်းလုံးဝမ ကြိုက်ပါဘူး။ အိုင်ရင်း ဒီပွဲမှာ Style တစ်ခုနဲ့ဆိုမယ်။ နောက်ထပ်တစ်ပွဲကျရင် Style တစ်မျိုးနဲ့ သီဆိုမယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ အမြဲတမ်း သီချင်းဆိုနေတာကလည်း လေ့ကျင့်မှုတစ်ခုပါပဲ။

အိုင်ရင်း ငါးနှစ်သမီးကတည်းက သီချင်းတွေ့လာခဲ့တဲ့ အတွေ့အကြုံ တွေရှိခဲ့တာကြောင့်လည်း ပါဝင်ပါတယ်။ ညီမရင်ထဲမှာ အခုချိန်မှာ ခံ စားနေတဲ့ အကြောင်းအရာလေး တစ်ခုရှိပါတယ်။ ညီမရောက်နေတဲ့ နေရာလေးပေါ်မှာပဲ မူတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အဆိုပြိုင်ပွဲဝင်ပြိုင်တဲ့ သူတွေအ တွက်ပဲ စိုးရိမ်နေမိတယ်။ ညီမက လည်း အဆိုပြိုင်ပွဲကနေလာတဲ့သူ တစ်ယောက်ပါ။ အဆိုပြိုင်ပွဲဝင်မယ့် သူတွေအတွက် အိုင်ရင်းက သူတို့ ကိုယ်စားရင်တွေခုန်နေမိတယ်။ အိုင်ရင်းရဲ့ သီချင်းတော်တော်များများ ကိုတော့ အဆိုပြိုင်ပွဲတိုင်းမှာ သီဆို ပြိုင်ပွဲဝင်တာကို အမြဲလိုလိုကြားမိပါတယ်။
အိုင်ရင်းဘက်ကတော့ ခွင့်ပြုပါတယ်။ တေးရေးဆရာတွေ ဘက်ကနေ သူတို့ရပိုင်ခွင့်ကိုသာ ပေးမယ်ဆိုရင်တော့ ဘာမှ ကန့်ကွက် စရာတစ်ခုမှ မရှိပါဘူး။ အခုဆိုရင် သီချင်းဆိုပြိုင်ပွဲတွေအများကြီးပေါ် ပေါက်လာကြတယ်။ အဲဒီအတွက် အဆိုပညာကို ဝါသနာပါတဲ့ လူငယ် တွေအတွက် ကြိုးစားခွင့်တွေ အ များကြီးရလာတာပေါ့။ ပြီးတော့ ရွေးချယ်ပိုင်ခွင့်တွေအများကြီးပိုရှိ လာခဲ့ပါတယ်။ အိုင်ရင်းတို့တုန်းက ဆိုရင် ဆိုကြမယ် ပျော်ကြမယ် ပြိုင် ပွဲနဲ့ Melody World အဆိုပြိုင်ပွဲ နှစ်ခုပဲရှိတာပါ။ ရွေးချယ်စရာ နှစ်ခုပဲရှိတာပေါ့။
အခုဆိုရင် ကိုယ့်ရဲ့ Trand က ဘယ်ဘက်ကိုပိုပြီးအား သာလဲဘယ်ဘက်က ကိုယ့်ကို ပိုပြီး ဆွဲတင်နိုင်မလဲဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ပြီး ရွေးချယ်ပိုင်ခွင့်တွေရှိ လာတော့ အိုင်ရင်းတို့အနေနဲ့ ဝမ်းသာရပါတယ်။ တကယ်လည်း မြန် မာနိုင်ငံအတွက် အဆိုအနုပညာရှင် တွေမွေးထုတ်ပေးနိုင်တဲ့ အဆိုပြိုင်ပွဲ တွေပါ။ အဆိုပြိုင်ပွဲတွေနဲ့ ပတ် သက်ပြီး အိုင်ရင်းပြောချင်တာက အိုင်ရင်းရဲ့ လက်ရှိ အနုပညာသက် တမ်းက အရမ်းနုသေးတယ်။ အဲဒီ ပေါ်မှာ အိုင်ရင်းခံယူရရှိတဲ့ သင် ခန်းစာအရပြောရမယ်ဆိုရင်တော့ အရည်အချင်းအစစ်အမှန်နဲ့ ကြိုး စားရတဲ့သူတွေအတွက်ကတော့ အချိန်တစ်ခုတော့စောင့်ရပါတယ်။ အချိန်အတိုင်းအတာတစ်ခုရောက် လာချင်ရင် ပရိသတ်တကယ်ကို လက်ခံပေးတဲ့အဆိုတော်ကောင်း တစ်ယောက်ဖြစ်မှာပါကြိုးစားကြပါ လို့ပြောချင်ပါတယ်။
ထွန်းမြင့်ဇော်

ဝင်ငွေအများဆုံးအနုပညာရှင်စုံတွဲတွေ



သန်းနဲ့ ချီပြီး ၀င်ငွေရှိတဲ့အနုပညာရှင်တွေရဲ့ ဝင်ငွေတွေကို အားကျလိုက်ကြရအောင်လား။
Forbes မဂ္ဂဇင်းမှာ ဒီနှစ်အတွက် ၀င်ငွေအများဆုံးအနုပညာရှင်စုံတွဲအဖြစ် ဘီရွန်စေးနဲ့ သူ့ ခင်ပွန်းဂျေးဇက် ကို ဖော်ပြထား ပါတယ်။ သူတို့ စုံတွဲက ပြီးခဲ့တဲ့နှစ်က ဒေါ်လာသန်း ၉၅သန်း ၀င်ငွေရှိခဲ့ပါတယ်။ဂျေးဇီရဲ့  Watch the Throne အယ်လ်ဘမ်က တညကို ၁.၄သန်းဖိုးလောက်ရောင်းရပါသတဲ့။ ဘီရွန်းစေးရဲ့  Mrs Carter world tour ကလည်းခန့် မှန်းချေ တညကို ဒေါ်လာ ၂ သန်းလောက်ဝင်ပါတယ်။ ဒုတိယ၀င်ငွေအမျာဆုံးစုံတွဲက အမေရိကန်ဘော သမား ဘရက်ဒီတို့ စုံတွဲဖြစ်ပါပြီး သူတို့ စုံတွဲကသန်း၈၀။

တတိယ၀င်ငွေအများဆုံးနေရာမှာလိုက်တဲ့ စုံတွဲက အင်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ် တို့ စုံတွဲဖြစ်ပါပြီးသူတို့  ကသန်း ၅၀ ၀င်ငွေရှိပါတယ်။

နောက်ကိုယ်လုံးကိုယ်ပေါက်အလှဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ကင်ကာဒက်ရှန်တို့ စုံတွဲက
သန်း ၃၀ ၀င်ငွေ ရှိခဲ့ ပါ တယ်။

အနုပညာအလုပ်နဲ့ ဝင်ငွေ သိန်းနဲ့ သန်းနဲ့ ချီပြီးရတဲ့ အမေရိကန်အနုပညာရှင်တွေရဲ့ ဝင်ငွေတွေကို သွားရေကျပြီးသကာလ မြန်မာပြည်က အနုပညာရှင်များရောတနှစ်တနှစ်ဝင်ငွေ ဘယ်နှစ်သန်းလောက် ရကြမလဲ။သူတို့ တော့ ဒီလောက်ဒေါ်လာသန်းချီပြီးမရလောက်ဘူးလို့ စဉ်းစားမိပါ ရဲ့ ။
ဒါပေမယ့်လည်းလေ မြန်မာပြည်မှာလည်းအားကျစရာ ဒေါ်လာသန်းထောင်ချီပြီး နိုင်ငံတကာက ဘဏ်မှာအပ်ထားနိုင်ကြတဲ့သူဌေးကြီးများရှိပါရဲ့ လို့ ဂုဏ်ယူလိုက်ပါရဲ့ ။

နိုင်ငံများနှင့်အမျိုးသမီးများ၏ ယေဘုယျမျက်နှာသွင်ပြင်သဏ္ဍာန်များ


နိုင်ငံတနိုင်ငံမှာ အများဆုံးမြင် တွေ့ ရမယ့် အမျိုးသမီးတွေရဲ့ မျက်နှာသွင် ပြင်တွေလို့ ဆိုပါတယ်။ နံပါတ် ရှစ်အတန်းမှာမြန်မာမလေးမျက်နှာကိုဖော်ပြထားပါတယ်။

အိုင်ဖုန်း အတွက် ပြဿနာတွေတက်ကြ



အသစ်ထွက်တဲ့ အိုင်ဖုန်း 5S , 5C က ဘယ့်လောက်ကောင်းသလဲမေးရင် ရန်ဖြစ်ရလောက် ကောင်းတယ် လို့ ဖြေရမှာပါ။
အမေရိကန်ကယ်လီဖိုးနီးယားက လူသုံးယောက်ကတော့ အိုင်ဖုန်းအတွက်နဲ့ အဖမ်းခံ လိုက်ရပါတယ်။
ဖြစ်ပုံကတော့ ကယ်လီဖိုးနီးယားက ပန်းသီးစတိုးဆိုင်မှာ အိုင်ဖုန်းကိုလည်းဦးဦးဖျားဖျား လိုချင်၊နာရီအကြာကြီး လည်း တန်းမစီချင်တဲ့သူတွေက အိုးမဲ့အိမ်မဲ့တွေကို သူတို့ ကိုယ်စားအငှား တန်းစီခိုင်းပါတယ်တဲ့။
တန်းစီတယ်ဆိုတာ တနာရီနှစ်နာရီမဟုတ်ပါဘူး။ စတိုးဆိုင်ရှေ့ မှာ ညအိပ်ပြီးတော့ကို စီရတာပါ။
အဲဒီလို အချိန်အကြာကြီးတန်းစီပြီးမှ စတိုးက ဖုန်းကုန်သွားပြီလို့ ကြေငြာတဲ့အခါ ကျတော့ သူတို့ ခမြာ တန်းစီခမရတော့ပါဘူး။အဲဒီမှာတင် ရန်တွေစဖြစ်ကြတယ်လို့ ဆိုပါတယ်။

အိမ်ယာမဲ့တယောက်ကပြောတာက ကျမကို အငှားတန်းစီပေးမလားလို့ ငှား တာနဲ့ လာတန်းစီတာ ပါ။တခြားလည်းကျမ လုပ်စရာမရှိဘူးလေ လို့ မစ်ကီဆိုတဲ့အမျိုးသမီးကပြောပါတယ်။ ဒီလို အငှားနဲ့ တန်းစီ တဲ့အတွက်သူဘယ်လောက်ရသလဲဆိုတာကိုတော့လျှို့ ဝှက်ထားပါတယ်။ ဒါကလ၀ လို့ သူကဆိုပါတယ်။ တချို့ တန်းစီပေးတဲ့သူတွေကတန်းစီခ ၃၅ ဒေါ်လာလောက် ရတယ်လို့ ပြောပါတယ်။

အိုင်ဖုန်း 5c ကို အစိမ်း၊အပြာ၊အ၀ါ၊ပန်းရောင်၊အဖြူ အရောင်ငါးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။မမ်မရီ ၁၆ ဂစ်အတွက် ၉၉ဒေါ်လာဖြစ်ပါတယ်။ ၄လက်မ ရက်တီနာ ပါဝင်ပြီး 8MPx ကင်မရာပါဝင်ပါတယ်။
၃၂ ဂစ်အတွက် ၂နှစ်စာချုပ်နဲ့  ၁၉၉ဒေါ်လာကျသင့်ပါတယ်။
5Sကတော့ အနက်၊ငွေ၊ရွှေ အရောင်သုံးမျိုးပါ။သူကဖုန်းမမ်မရီအပေါ်မူတည်ပြီး ၁၉၉ဒေါ်လာကနေ ၃၉၉ဒေါ်လာရှိပါတယ်။လက်ဗွေဖတ်တဲ့စနစ်ပါဝင်ပါတယ်။
The Melting Pot 4 U(စုံစီနဖာဟင်းလေးအိုးကြီး)

စတိုးဆိုင်ရှေ့ အိပ်ပြီးစောင့်နေကြသူတွေ

Source

Friday, September 20, 2013

အင်ဒိုနီးရှားနိုင်ငံတွင် အထက်တန်းအဆင့်မရောက်မီ ကျောင်းသူလေးများအား အပျိုစစ်မစစ် စစ်ဆေးရန်စီစဉ်









အင်ဒိုနီးရှားနိုင်ငံ စူမားတြား ကျွန်းရှိ Prabumulih မြို့မှ ပညာ ရေးဌာနအကြီးအကဲဖြစ်သူ မူဟာ မက်ရာရှစ်က အထက်တန်းတက် ရောက်မည့် မြီးကောင်ပေါက် ကျောင်းသူလေးများအား အပျို ရည်စစ်ဆေးသင့်ကြောင်း ထုတ် ဖော်ပြောကြားခဲ့ရာ လူအများ ဒေါသထွက်ကြပြီး အမျိုးသမီး အရေး လှုပ်ရှားတက်ကြွသူများ က အမျိုးသမီးများအပေါ် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအား ပေးကြောင်း စွပ်စွဲခဲ့ကြသည်။ ပြည့်တန်ဆာလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံရသော အထက်တန်းကျောင်း သူခြောက် ဦး၏ သတင်းထွက်ပေါ်လာပြီး နောက် ၎င်းအကြံပြုချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအစီ အစဉ်အား လာမည့်၂၀၁၄ခုနှစ် မှစ၍ အကောင်အထည်ဖော် သွားမည်ဟုပြောသော်လည်း မြို့ တော်ဝန်နှင့် ဒေသပါလီမန်မှ အတည်ပြုချက် လိုကြောင်းလည်း သိရသည်။ သင်၏ကလေးများကို ဆိုး ကျိုးသက်ရောက်မှုမှ ကာကွယ်ရန် အခြားနည်းလမ်းများ ရှိကြောင်း၊ ယခုအစီအစဉ်သည် အမြော် အမြင်မရှိကြောင်း ပညာရေးဝန် ကြီး မိုဟာမက်နုမှ ဦးဆောင်ပြီး ဝေဖန်ပြစ်တင်ကြသည်။ ယခုအစီအစဉ်အား ဒေသ အာဏာပိုင်များမှ မထောက်ခံ ၍ အကောင်အထည်ပေါ်မည် မဟုတ်ကြောင်း၊ ဒုတိယမြို့တော် ဝန်က ပြောသည်။ ၂၀၁ဝပြည့်နှစ်ကလည်း Jami ပြည်နယ်တွင် ယခုကဲ့သို့ အပျိုရည်စစ်ဆေးမည့် အစီအစဉ် တင်ပြခဲ့ရာ ဗဟိုအစိုးရကန့်ကွက် မှုကြောင့် အစီအစဉ်ပျက်ခဲ့ရဖူး သည်။

မွေးနေ့အမှတ်တရအဖြစ် Playboy အတွက် ဓာတ်ပုံအရိုက်ခံမည့် ကိတ်မော့စ်






သူမ၏ အသက်(၄၀)ပြည့် အမှတ်တရ အထူးအစီအစဉ်အဖြစ် Playboy မဂ္ဂဇင်းတွင် ညို့အားပြင်းပြင်း ပကတိ အလှဓာတ်ပုံ အရိုက်ခံရန် ကိတ်မော့စ်က သဘောတူညီလိုက်သည်။ လာမည့်နှစ်၊ ဇန်နဝါရီ-ဖေဖော်ဝါရီ အထူးထုတ်သည် ကိတ်၏ မွေးနေ့နှင့်ရော၊ နာမည်ကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီး၏ နှစ်(၆၀)ပြည့် မွေးနေ့နှင့်ပါ တိုက်ဆိုင်နေသည်။ ဗြိတိသျှ နာမည်ကျော် မော်ဒယ်လ်ကို အဆိုပါ အထူးထုတ်အတွက် Playboyက ချဉ်းကပ် ကမ်းလှမ်းခဲ့ပြီး ကိတ်ကလည်း လက်ခံခဲ့ခြင်း ဖြစ်သည်။ Playboy၏ အယ်ဒီတာ ဒါရိုက်တာ ဂျင်မီဂျယ်လီနက်ခ်က လော့စ်အန်ဂျလိစ်တိုင်းမ် သတင်းစာနှင့် အင်တာဗျူးတွင် ကိတ်သည် အထူးထုတ် မဂ္ဂဇင်း၏ မျက်နှာဖုံးအတွက် အသင့်တော်ဆုံး မိန်းကလေး ဖြစ်လိမ့်မည်ဟု မှတ်ချက်ပေးသွားသည်။

"Playboyဟာ တစ်ကမ္ဘာလုံး သိထားတဲ့ အမှတ်တံဆိပ် တစ်ခုပါ။ ဒီအတွက် Playboy အထူးထုတ်မှာ တစ်ကမ္ဘာလုံး လူသိများတဲ့ စံပြမော်ဒယ်လ် တစ်ယောက်ကို ကျွန်တော်တို့ လိုချင်ပါတယ်။ ဒီအချက်က ကျွန်တော်တို့ အယ်ဒီတာအဖွဲ့အတွက် လူရွေးချယ်ဖို့ တွန်းအားပါပဲ။ ခုတော့ မော်ဒယ်လ်
လောကရဲ့ အကြီးမားဆုံး ကြယ်ပွင့်တစ်ယောက်ကို ကျွန်တော်တို့
ရွေးချယ်နိုင်ခဲ့ပါပြီ။ Playboyရဲ့ နှစ်(၆၀)ပြည့် အစီအစဉ်အတွက် ကိတ်ဟာ လုံးဝ ပြီးပြည့်စုံတဲ့ လက်တွဲဖော် ဖြစ်ပါလိမ့်မယ်"ဟု ဂျင်မီက ပြောကြား
သွားသည်။ Playboy မဂ္ဂဇင်းကို ထူထောင်သည့် ဟုဂ်ျဟက်ဖ်နာက "ကိတ်ဟာ တစ်ကမ္ဘာလုံးအဆင့် ကျော်ကြားတဲ့ နာမည်ကြီး တစ်ယောက်ပါ။
မော်ဒယ်လ်လောကရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

သူဟာ လိင်ဆွဲဆောင်မှု ပုံရိပ်နဲ့ အဆင့်မြင့် မော်ဒယ်လ်ဗီဇတို့ကြားက
ပေါင်းကူးမှုလည်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုအတွက် သဘာဝအကျဆုံး သင့်တော်သူပါပဲ"ဟု မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ်တာနဲ့ ပတ်သက်ပြီး အိုင်စီအေအာရ်ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် " ရဲ့ မှတ်ချက်ကတော့


........"..စိတ်ဝင်စားစရာ ကောင်းတာက ရွေးချယ်ရမယ့် စံသတ်မှတ်ချက်များ ချပြလိုက်တာနဲ့ ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ ရဲ့ ဘာသာကို မရွေးချယ်ပဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ ။ဗုဒ္ဓဘာသာ ဦးရေ အနည်းငယ်သာ ပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကို ရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ် ၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ် ။ ".......တဲ့ ။

အိုင်စီအေ အာရ်ယူအက်စ် အဖွဲ့ ရဲ့ သုတေသန ညွှန်ကြားရေးမှုး " ဂျွန်နာဟာတ် ( Joona Hult )" က ပြောတာကတော့ ....."..ဗုဒ္ဓဘာသာက ကမ္ဘာမှာ အကောင်းဆုံးဆုရတာဟာ ဆန်းတော့ မဆန်းပါဘူး ၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့  ဘယ်လို သာဓက တစ်ခုမှ ရှာမရနိုင်ခြင်းကြောင့်ပါ ၊ စစ်ထဲ လိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါးပါးကို တွေ့ ရဖို့ ဆိုတာ ရှာမှရှားပါပဲ ။ဗုဒ္ဓဘာသာဝင်တွေဟာယှဉ်လို့ မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ် ."..........တဲ့ ။

ဒီဆုရွေးချယ်ရတာနဲ့  ပတ်သက်လို့  ဘဲလ်ဖတ်စ်မြို့ က ကက်သလစ် ဘုန်းတော်ကြီး " တက်အိုရှောင်နတ်ဆီ " ပြောတာကတော့ ......".ကျွန်တော်က ကက်သလစ် ဂုဏ်းတော်ကို ချစ်ကြည်ညိုပါတယ် ။ ဒါပေမယ့် ကျမ်းစာထဲမှာ မေတ္တာ ထားကြဖို့ ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ ကျတော့ အလိုတော်အတိုင်း ပြုရတယ် ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန် စိတ်ရှုပ်စေပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ ။

"......တဲ့ ။ ပါကစ္စတန်က ဘာသာရေးဆရာ " တာလ်ဘင်ဝါဆတ် " ကလည်း ......".ဒေါသ အမျက်တွေနဲ့  သွေးထွက် သံယို ဖြစ်မှုတွေအတွက် ဗုဒ္ဓဘာသာက အဖြေ ရှာပြီးသားဖြစ်တယ် " .........လို့ မှတ်ချက်ပေးပါတယ် ....။ ဂျေရုဆလင်က ဂျူး ဓမ္မဆရာ " ရှမြူယယ်ဝပ်ဆာစတိန်း" ကလည်း ......."ပွင့်ပွင့်လင်းလင်း ၀န်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော် ကိုးကွယ်တဲ့ ဘာသာအရ ၀တ်ပြုဆုတောင်း မပြုမီမှာ နေ့ တိုင်း ၀ိပဿနာကမ္မဌာန်းထိုင်လာတာ ၁၉၉၃ ကတည်းကပါ ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော် နားလည်ပါတယ် ။

".........တဲ့ ။.....ဒါတွေကို အထောက်အကူ သာဓက ပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး ပျက်သုဉ်းရေးကို ဦးတည်နေတဲ့ ဘာသာရေး မဟုတ်ဘူး ၊ စစ်ပွဲတွေ ၊ သွေးထွက်သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက် ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာ ဖြစ်တယ်ဆိုတာ အခြားဘာသာဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ ပါ ။ ( မူရင်းကို အပြည့်အစုံ ကြည့် လိုတယ် ဆိုရင်တော့ ( WWW.sikhpilosophy.net/ ) မှာ အမြဲ လွှင့်တင်ထားပါတယ် ) ....။( ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း )



ပုဂ္ဂလိကဘဏ်များသို့ တရားဝင် နိုင်ငံတကာ ငွေလွှဲနှုန်းတက်






နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ယခင်က ဟွန်ဒီဖြင့်သာ ငွေလွှဲကြရာမှ ယခုနှစ်တွင် ပုဂ္ဂလိက ဘဏ်များသို့ တရားဝင်လွှဲငွေ ဝင်ရောက်မှုနှုန်း တက်လာကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအဝန်းထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံတကာ ငွေလွှဲလုပ်ငန်း စတင်လုပ်ကိုင်သည့် ဖေဖော်ဝါရီလမှ စက်တင်ဘာ လဆန်းပိုင်းအထိ နှိုင်းယှဉ်ပါက တိုးတက်မှု ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘောဇဘဏ် ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းထွဋ်က ပြောကြားသည်။
“စလုပ်တဲ့အချိန်တုန်းက ငါးနိုင်ငံလောက်ကပဲ အဝင်ရှိတယ်။ အခုနိုင်ငံ ၇၀ လောက်ရှိသွားပြီ” ဟု ဦးဇော်လင်းထွဋ်က ဆိုသည်။

ငွေလွှဲခြင်းလုပ်ငန်းကို Western Union နှင့် ချိတ်ဆက်၍ မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့မှအပ ကျန်နိုင်ငံ အားလုံးမှ ငွေလွှဲလျက် ရှိကြောင်း သမဝါယမဘဏ် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သမဝါယမဘဏ်သို့ နိုင်ငံတကာမှ ငွေလွှဲပြောင်း ပေးပို့ရာတွင် ဥရောပနှင့် အာရှနိုင်ငံများထက် အမေရိကန်ပြည်ထောင်စုမှ လွှဲပြောင်းပေးပို့မှု အများဆုံး ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

လွှဲငွေပမာဏကိုမူ ဗဟိုဘဏ်က တားမြစ်ထားသဖြင့် ပြောဆိုနိုင်ခြင်း မရှိကြောင်း ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။


The Voice Weekly

ထူးဆန်း ကြည်ညိုဖွယ်ရာ သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်











''ရွှေလက်ပံငုံစီစီ၊ ဒုတိယ ပုဂံပြည်'' ဟုလူသိများ၍ ရှေးဟောင်း သမိုင်းဝင် စေတီ ပုထိုးကြီးများဖြင့် အထူးစည်ကားလျက် ရှိသော စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့် အကွာရှိ သုံးပန်လှ စံပြကျေးရွာ၌ ကျန်စစ်သားမင်းနှင့် သမ္ဘူလ မိဖုရားကြီးတို့ တည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် စေတီတိုက် ဘုရား ပရိဝုဏ် အတွင်းမှ တွေ့ရှိရသည့် သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ အလွန်ထူးဆန်း ကြည်ညိုဖွယ် ကောင်းကြောင်း ယင်းဘုရားကြီး၏ ဂေါပက အဖွဲ့ဝင်ဖြစ်သူ ဦးဘဂျမ်းက ပြောပြခဲ့သည်။ ''သမိုင်း သုတေသီတွေရဲ့မှတ်ချက် အရဆိုရင်တော့ ဟောဒီ ရှင်ဥပဂုတ္တ မထေရ်မြတ်၏ ပုံတော် ဖြစ်ပေါ်နေတဲ့ သစ်နွယ်ပင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ရှိနေတယ်လို့ ပြောကြတယ်'' ဟု ၎င်းဂေါပက လူကြီးက ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ သစ်နွယ်ပင်ခွကြား၌ ဖူးမြော်တွေ့ရှိနိုင်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ထုဆစ် ပြုလုပ် ထားသည်ဟု ယေဘုယျ ဆိုနိုင်သော်လည်း ထုဆစ် ပြုလုပ်သည့် လက်ချက်များကြောင့် သစ်နွယ် အကြောအမျှင်များ ပြတ်တောက်နေရမည့် အစား ပိုမို၍ ထူးဆန်း အံ့သြရသည်မှာ သစ်နွယ်ပင်များ၏ မူလ သဘာဝ သစ်ပင် အကြောအမျှင် များသည် ပုံတော်နှင့် တစ်ဆက်တစ်စပ် တည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ပန်းပုပညာရှင် များ၏ သုံးသပ် ပြောကြားချက်များ အရ သိရသည်။ အဆိုပါဒေသ၌ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး အများအပြား တည်ရှိနေပေရာ စေတီ အဆူတော် အရေအတွက်ကို လွယ်ကူစွာ မှတ်သား သိရှိနိုင်စေရန် ရှေးစာဆိုများက ''ရွှေလက်ပံငုံစီစီ'' ဟု လင်္ကာအားဖြင့် မှတ်သား ထားခဲ့သည်။ အဓိပ္ပာယ်မှာ ယင်းဒေသ၏ရှေးဟောင်းစေတီ ပုထိုးအရေအတွက်မှာ ၄၄၅၂၃၃ ဆူခန့် ရှိကြောင်းကို ညွှန်ပြဖွဲ့ဆို ထားခြင်းဖြစ်သော်လည်း မျက်မှောက် ခေတ်တွင်မူ သဘာဝ ဘေးအန္တရာယ်များနှင့် ရာသီဥတု၏ တိုက်စား ချေဖျက်မှုကြောင့် အဆိုပါ ဒေသတွင် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး ၁၃၂ ဆူခန့်သာ ကျန်ရှိတော့ကြောင်း ထိုဒေသရှိ မြေတိုင်း စာရေးကြီး ဦးကျော်ဆွေ၏ စာရင်းပြုစု ချက်များအရ သိရသည်။ ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသရှိ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်နှင့် အဆိုပါ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်မှာ တထေရာတည်းဖြစ်ကြောင်း ယင်းဒေသသို့ ဘုရားဖူး အလည်အပတ် ရောက်ရှိလာသူ ရှေးဟောင်း ဗိသုကာ ပညာရှင် ဦးလှသောင်း၏ ပြောပြချက်များ အရ သိရသည်။

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ








ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။ သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။ မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင် ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက် ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။





ရင်သား တွဲကျစေသော အကြောင်းအရာများ


၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း
ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေ ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲ လာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။


၂။ ကမ္ဘာမြေကြီး ဆွဲငင်အား
ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တ ကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲ တာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာအရေး ကြောင်းတွေ ကိုပါ ဖြစ်ပေါ်စေပါတယ်။


၃။ မီးယပ်သွေးဆုံးခြင်း
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သား ကို လျော့တွဲလာ စေပါ တယ်။


၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း
အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။





ဘယ်လို ကာကွယ်ရမလဲ


၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း
ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစား ထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီးခေါင်း ကတော့ အောက် ဆိုက်နေ နိုင်ပါတယ်။


၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ
ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။


၃။ သဘာဝကရတဲ့ ဆေး
ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။


၎။ နှိပ်နှယ်ပေးခြင်း
သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

Related Posts Plugin for WordPress, Blogger...