Friday, September 20, 2013

အက်ကြောင်လေးနဲ့ မော်ဒယ်ခင်လပြည့်ဇော်


 


 
Xinning China မှာ ကျင်းပမယ့် Miss Tourism Queen International 2013 ပြိုင်ပွဲကို မြန်မာပြည်ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် မော်ဒယ်ခင်လပြည့်ဇော်ကို စက်တင်ဘာလ ၂၀ရက်နေ့ မနံက်၁၀နာရီက ရန်ကုန်မြို့ Central Hotelမှာ စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ ပြုလုပ်။ 

DVB
 


 


 






မြန်မာမလေး Baby Maung နဲ့ ဘာညာမလေး Baby Maung





















ရေတွင်းထဲ ၁၅ရက်ကြာ ပြန်မတက်နိုင်သူ တရုတ်အမျိုးသမီး အသက်ရှင်လျက်လွတ်မြောက်လာ




From : .... BBC







တရုတ်နိုင်ငံအလယ်ပိုင်းတွင် ရေတွင်းဟောင်းတစ်ခု အတွင်း၌ ၁၅ရက်ကြာပြန် မတက်နိုင်ဘဲ နေထိုင်ခဲ့ရသူ အမျိုးသမီးတစ်ဦးသည် အသက်ရှင်လျက်လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။


စက်တင်ဘာ ၁ရက်က ဟီနန်ပြည်နယ် ဇောင်ဖန်း ကျေးရွာ၌ အသက်(၃၈)နှစ်ရှိ စုကျီကွေ့သည် လူသူလေး ပါး အသုံးပြုခြင်းမရှိတော့သည့် ၁၂ပေနက်သော ရေ တွင်းဟောင်းအတွင်းသို့ လိမ့်ကျ ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။


၎င်းသည် ပြောင်းဖူးများကို အစိမ်းလိုက်စား၍ ရေတွင်းထဲသို့ကျလာသော မိုးရေများခံသောက်ကာ အသက်ဆက်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာက ထပ်မံ ဖော်ပြသည်။ တနင်္လာနေ့ညနေပိုင်း တွင် မီးသတ် သမားများက ၎င်းကိုကယ်တင်ခဲ့ပြီး ယခုအခါ ဆေးကုသမှုခံယူလျက် ရှိသည်ဟု သတင်းများကဖော်ပြသည်။


ပြောင်းဖူးပင်များက ဝိုင်းရံပေါက်နေသဖြင့် ရေတွင်းကို ရုတ်တရက်မမြင်နိုင်ကြောင်း၊ ရေတွင်းနံရံ များမှာလည်း ချောနေသဖြင့် တွယ်တက်ရန်ခက်ခဲကြောင်း သတင်းက ဆိုသည်။ သူသည် ပြောင်း ဖူးခင်းအတွင်း ဆေးဖက်ဝင်သည့် အပင်များကိုလိုက်ရှာစဉ် ရေတွင်းဟောင်းထဲသို့ ကျသွား ခြင်း ဖြစ်သည်ဟု ဟီနန်ပြည်နယ်သတင်းစာ ဒါဟီးက ဖော်ပြသည်။


ယင်းသို့ကျသည့်အခါ ပြောင်းဖူးပင်များကို လှမ်းဆွဲ နိုင်ခဲ့သော်လည်း ယင်းအပင်များပါ သူနှင့် အတူ ရေတွင်း ထဲသို့ ကျခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ စက်တင်ဘာ ၁၆ရက် တွင် ရွာသားတစ်ဦးက ပြောင်းဖူး ချိုးလာစဉ် ရေတွင်းထဲမှ ငိုသံကြားသဖြင့် မီးသတ်အဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဒါဟီးသတင်းစာက ရေးသားသည်။

ဆီဒိုးနား နှင့် BHG မဟုတ်မှန်ကြောင်းငြင်းဆို




From : .. Smart Pro Journal





ဆီဒိုးနားဟိုတယ်တွင်လျှို့ဝှက်ကင်မရာတပ်ဆင်ပြီးရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်
တစ်ခုဖြန့်နှံ့လျက်ရှိပြီးအချိန်ကိုက်ဆီဒိုနားဟိုတယ်၏ Website အား Hack ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးဆီဒိုးနားဟိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack ခံရခြင်းမဟုတ်ကြောင်းပြောပါတယ်။

"Website Hack ခံရတယ်ဆိုတာ မဟုတ်ပါဘူး။ ပြင်ဆင်မှုတွေလုပ်ဖို့ရှိတဲ့ အတွက်ချထားတာပါ။ နိုင်ငံတကာကရော ဒီနိုင်ငံကမြို့တွေက ဆီဒိုးနားဟိုတယ်တွေရဲ့ Website တွေကို တစ်ပေါင်းတည်းစုပေါင်းပြီး Website တစ်ခုပြုလုပ်ဖို့အတွက်ပါ။ Hack ခံရတာမဟုတ်ပါဘူး။ " လို့ IT Executive ကိုဘိုဘိုဦးကပြောပါတယ်။

လျှို့ဝှက်ကင်မရာဖြင့်ရိုက်ကူးထားသည်ဆိုသော ဗွီဒီယိုသည် ဆီဒိုးနားဟိုတယ် Website မှရယူထားသည့်ဟူသည့် သတင်းများလည်းလူမှုကွန်ယက်များတွင်ဖြန့်နှံ့ လျက်ရှိပြီးအဆိုပါသတင်း များမှာလည်း မှန်ကန်မှုမရှိကြောင်းကိုဘိုဘိုဦးမှဆိုသည်။

"ဆီဒိုးနားဟိုတယ်ရဲ့ Website ကဗွီဒီယိုစတာတွေတင်တဲ့ လူမှုကွန်ယက်မဟုတ်ပါဘူး။ ဒီ Website ကရတယ်ဆိုတာလုံးဝမဟုတ်ပါဘူး " ဟု IT ဌာနမှကိုဘိုဘိုဦးမှပြောသည်။

အဆိုပါ ဗွီဒီယိုနှင့် ပတ်သက်၍မေးမြန်းရာ ၎င်းအနေဖြင့်မည်သည့် တစ်စုံတရာမှပြောဆိုလိုခြင်းမရှိကြောင်းကိုဘိုဘိုဦးမှဆက်ပြောပါတယ်။ လူမှုကွန်ယက်များတွင် ပုဂ္ဂိုလ်ရေးအတွင်းရေးကိစ္စများနှင့် ပတ်သက်ပြီးသတင်းလွှင့်ခြင်း များသည်သက်ဆိုင်ရာကုမ္ပဏီများ၏ အမည်ဂုဏ်သတင်းညှိုးနွမ်းစေရန် ဆောင်ရွက်ကြခြင်းဖြစ်တယ်လို့သံသ ယဖြစ်မိကြောင်း အိုင်တီပညာရှင်တစ်ဦးကသုံးသပ်ပါတယ်။

" Website တွေကို hack တယ်ဆိုတာအကြောင်းအမျိုးမျိုးတော့ရှိတာပေါ့။ အခုလိုကိစ္စမျိုးကျတော့ဒါဟာဒီကုမ္ပဏီတွေရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ် လုပ်ဆောင်လာ တာလို့သံသယရှိပါတယ်။ ဒါမှမဟုတ် ဗွီဒီယိုပါလူပုဂ္ဂိုလ်တွေကိုရည်ရွယ်တာလားဆိုတာမသိရပါဘူး။

ဘာပဲပြောပြောဒီလိုတွေဖြစ်ရတယ်ဆိုကတည်းကနည်းပညာပိုင်းရဲ့လုံခြုံမှုကို
ဂရုပြုဖို့လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတစ်ဦးတစ်ယောက်ချင်းကလည်း ဒီလိုမျိုးတွေမဖြစ်ရအောင်၊ အရှက်မရ ရအောင်ဆင်ခြင်သင့်ပါတယ်" လို့ အိုင်တီပညာရှင်တစ်ဦးမှသုံးသပ်ပါတယ်။

အဆိုပါဆီဒိုးနားဟိုတယ် Website ကို hack ခံရသည်ဟုသတင်းများ ထွက်ပေါ်လာချိန်တွင် Blink Hacker Group (BHG) မှဖြစ်သည် ဟုပြောဆိုမှုများရှိခဲ့ပြီး ဆီဒိုးနားဟိုတယ်ဘက်မှလည်းကောင်း၊ BHG ဘက်မှအွန်လိုင်းစာမျက်နှာများတွင်လည်းကောင်း မဟုတ်မှန်ကြောင်းငြင်းဆိုထားပါတယ်။

အင်တာနက် Bandwidth ကို 40 Gbps အထိ ချဲ့မည်




From : ..dvb


မြန်မာ့ဆက်သွယ်ရေးဟာ လက်ရှိ ပြည်တွင်းသုံးစွဲဖို့အတွက် အင်တာနက် Bandwidth 13 Gbps ရှိရာကနေ လာမယ့် အရှေ့တောင်အာရှ အားကစားပွဲ မတိုင်ခင် အင်တာနက် Bandwidth ကို 20 Gbps အထိ တိုးချဲ့မယ်၊ ဒါတင်မက ၂၀၁၄ ခုနှစ်ရောက်ရင်တော့ အင်တာနက် သုံးစွဲသူ ၁၀၀ မှာ ၇ ယောက်ရှိလာရေး ရည်ရွယ်ပြီး Bandwidth ကို 40 Gbps အထိ တိုးချဲ့ သွားမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အင်တာနက်ကို မိုဘိုင်းဖုန်းနဲ့ သုံးစွဲသူ ၁ သန်း ၂ သိန်းကျော်၊ ADSLလိုင်း တပ်ဆင်ထားသူ ၇၀၀၀ ကျော်ရှိတယ်လို့ ညွှန်ကြားရေးမှူး ဦးအောင်မော်ကလည်း ပြောပါတယ်။
မြန်မာနိုင်ငံက အင်တာနက်လိုင်းတွေဟာ နှေးကွေးလွန်းတဲ့အတွက် စီးပွားရေး လုပ်ငန်း တွေ လုပ်ဆောင်ရာမှာ အဆင်မပြေဘူးလို့ အိုင်တီကုမ္ပဏီတာဝန်ရှိသူတဦးဖြစ်တဲ့ မဖြူဖြူက ဒီဗွီဘီကို ပြောပါတယ်။

မွန်ဘိုင်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သူ ၄ ယောက်ကို တရားရုံးက စွဲချက်တင်ပြီ





BBC Burmese


အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ပြီးခဲ့တဲ့ လတုန်းက ဓာတ်ပုံသတင်းထောက်မလေး တစ်ယောက်ကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့သူ ၄ ယောက်ကို တရားရုံးက စွဲချက်တင်လိုက်ပါပြီ။

အသက် ၂၂ အရွယ် ဓာတ်ပုံသတင်းထောက်မလေးဟာ မွန်ဘိုင်းမြို့လယ်က စက်ရုံဟောင်းကြီး တစ်ခုကို အလုပ်ကိစ္စနဲ့ ရောက်နေတုန်း အဲဒီလူတွေက တိုက်ခိုက်ပြီး ထပ်တလဲလဲ အဓမ္မ ပြုကျင့်ခဲ့ကြတာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ငါးယောက်မြောက် မုဒိမ်းသမားက အသက် ၁၈နှစ်အောက်သာ ရှိသေးတာမို့ သူ့ကိုတော့ ကလေးတရားရုံးမှာ သီးခြား တရားစွဲဆိုဖို့ရှိကြောင်း သိရပါတယ်။

ဒေလီမြို့က ဘတ်စ်ကားပေါ်မှာ ဆေးကျောင်းသူလေး တစ်ယောက်ကို အလားတူ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ခဲ့ပြီး လအနည်းငယ်အကြာမှာ ဒီအမှု ဖြစ်ခဲ့တာပါ။

အိန္ဒိယနိုင်ငံမှာ ခုလို အလားတူ အမှုတွေ ထပ်မံ ဖြစ်ပွားပြီး အမျိုးသမီးတွေ လုံခြုံမှု မရှိတဲ့အပေါ် လူတွေရဲ့ အမျက်ဒေါသတွေ တိုးပွားလာခဲ့ပါတယ်။

ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း





အားကစားအတွက် အချိန် မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။

ဒီလေ့ကျင့်ခန်း လေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာ ဖြစ်ပါတယ်။ ခေါင်းအုံး တစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ် တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ ကပ်တဲ့အထိ လေကို တဝကြီး ရှူထုတ်လိုက်တဲ့ အခါမှာ စာအုပ် နစ်ဝင်သွားတဲ့ နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြ ရအောင်နော်။

လေ့ကျင့်ခန်း (၁)

ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့် ခြေဖျားပေါ်တွင် ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

(A) လူကို ဘေးဆောင်း အနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်း ပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်း အနောက်တွင် ထားပါ။

(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင် အနေအထားသို့ ရောက်အောင် ဆွဲယူပါ။

တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

(A) ပထမဆုံး ကြမ်းပြင်ပေါ်သို့ ခြေဖဝါးချ၍ ထိုင်ပါ။ ထို့နောက် ဗိုက်ကြွက်သားကို သုံး၍ ခြေကိုကြမ်းပြင်နဲ့ လွတ်တဲ့ အနေအထားသို့ မတင်လိုက်ပါ။ ခါးဆန့်နေပါစေ။

(B) ကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်ယူပြီး လက်နှစ်ဘက်ကို ကြမ်းပြင်နှင့် ထိပါ။ ဘက်မပြောင်းခင် ၈ ကြိမ်မှ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

(A) ကိုယ်ကို ကြမ်းပြင်ပေါ်သို့ လှဲလျက်၊ ဒူးကို ရင်ဘတ်နှင့် ထိအောင် ကွေးပြီး ခြေထောက်မပြေ စေရန် လက်ဖြင့် ထိန်းထားပါ။

(B) အသက်ရှူ၊ ဗိုက်ကိုရှပ်၍ ထိုင်ရက်အနေအထားသို့ ရောက်အောင် ဆွဲထူပါ။ ကိုယ်အလေးချိန်ဟာ၊ မြီးညောင်ရိုး နေရာမှာ ရှိပါစေ။

ဒီအတိုင်း ၅ ကြိမ်မှ ၁၀ ကြိမ်ပြုလုပ်ပေးပါ ။

လေ့ကျင့်ခန်း (၅)

(A) ပက်လက် အနေအထားနှင့် ဒူးကိုကွေးပြီး လက်နှစ်ဘက်ကို ခေါင်းအောက်တွင် ထားပါ။

(B) ညာခြေကို ဆန့်ရင်း ကိုယ်အပေါ်ပိုင်းကို ဘယ်ဘက် ဒူးဆီသို့လှည့်ပါ။ ဘက့်ပြောင်း၍ ဘယ်ခြေကိုဆန့် ညာဒူးဆီသို့လှည့်ပါ။

တစ်ဖက် ကို ၁၀ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

** အထက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်း (၁) မှ (၅) ကို ဆယ်မိနစ် အတွင်း (၂) ခေါက်ပြည့်အောင် ဆက်တိုက် ပြုလုပ် ပေးရမှာပါ။ တစ်ပတ်ကို ၃ကြိမ်ပဲ ပြုလုပ်ပေးရမှာမို့၊ နေ့တိုင်းလုပ်ဖို့ အဆင်မပြေတဲ့ ပျိုမေတွေ အတွက်လည်း အသုံးဝင် လိမ့်မယ် ထင်ပါတယ်။

ပျိုမေတွေ ကျန်းကျန်းမာမာနှင့် သာယာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင် နိုင်ကြပါစေရှင်။


credit to Shwe Beauty

နာမည်ကြီးနေသည့် ဆီဒိုးနားဟိုတယ် ဗွီဒီယို အပိုင်း(၁) ထွက်လာ... ရုပ်ရှင်သရုပ်ဆောင်လား၊ လူကြီးသားလား မကွဲပြား (Video File) ကို ၁၈ နှစ် ပြည့်ပြီး သူမှ ကြည့်ရှုပါရန် မေတ္တာရပ်ခံပါသည်


နာမည်ကြီးနေသည့် ဆီဒိုးနားဟိုတယ် ဗွီဒီယို အပိုင်း(၁) ထွက်လာပြီး ရုပ်ရှင်သရုပ်ဆောင်လား၊ လူကြီး သားလား မကွဲပြား ကြောင်း ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်များမှ သိရှိရသည်။ ဆီဒိုးနားဟိုတယ် (အပိုင်း-၁) ခေါင်းစဉ်ဖြင့် နာမည်ကျော် ဒေါက်တာချက်ကြီး ဘလော့တွင် ဖော်ပြထားပြီး DLink တွင် ကြည့်ရှုနိုင်သည်။ (မှတ်ချက်-၁၈ နှစ်ပြည့်မှ ကြည့်ပါ) 
ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့် ဟိုတယ်တစ်ခု ဖြစ်သော ဆီဒိုးနား ဟိုတယ်တွင် လျှို့ဝှက် ကင်မရာ တပ်ဆင်၍ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု အွန်လိုင်းတွင် ပြန့်နှံ့လျက် ရှိကြောင်း သိရှိရသည်။
ယင်းဗီဒီယိုမှတ်တမ်းတွင် အနုပညာရှင် နာမည်ကြီးအသိုင်းအ၀ိုင်းမှ ၂ ယောက်၊ အစိုးရအကြီးအကဲပိုင်းမှ ၃ ယောက်၊ ချမ်းသာသည့် ခရိုနီအသိုင်းအ၀ိုင်းမှ ၅ ယောက်တို့ ပါရှိသည့်အတွက် အထူးပင် လူပြောများ နေကြောင်း သိရသည်။
ဗီဒီယိုမှတ်တမ်းမှာ အရည်အသွေးကောင်းမွန်လှသော High Definition ဗီဒီယိုဖြစ်ကာ အသံဖမ်း စနစ် လည်း အထူးကောင်းမွန်ကြောင်း သိရှိရသည်။ 
အဆိုပါ မှတ်တမ်းမှာ ၂၀၁၃ ခုနှစ်အတွင်းက ဆီဒိုးနားဟိုတယ်တွင် လာရောက် တည်းခိုကြသူများအား ရိုက်ကူးထားခြင်း ဖြစ်ပြီး နာမည်ကြီးပုဂ္ဂိုလ်များ ပါဝင်နေခြင်းကြောင့် လူထုစိတ်ဝင်စားမှု မြင့်တက်လျက် ရှိကြောင်း သိရှိရသည်။ 
 
အောက်ပါ Video ကို ၁၈ နှစ် ပြည့်ပြီး သူမှ ကြည့်ရှုပါရန် မေတ္တာရပ်ခံပါသည်
 
အလားတူ ရန်ကုန်ဆီဒိုးနားအပါအဝင် နေပြည်တော်၊ ရန်ကုန်၊ ချောင်းသာနှင့် မန္တလေးဒေသများရှိ ဟိုတယ်ပေါင်း ၆ ခုတို့တွင် ၂၀၁၃ ခုနှစ်အတွင်း တည်းခိုခဲ့ကြသူများ၏ မှတ်တမ်းဗီဒီယိုများလည်း ထွက်ပေါ် နေကြောင်း သိရှိရသည်။ နေပြည်တော်မှ ဟိုတယ်မှာ ရွှေနန်းတော် ဟိုတယ် ဖြစ်ပြီး ယင်းဟိုတယ် အခန်းများအတွင်းမှ ဗီဒီယိုမှတ်တမ်းများလည်း လိုချင်သူများ ရှိပါက မျှဝေပေးလျက် ရှိကြောင်း သိရှိရသည်။ 
HD Version ဗီဒီယိုမှတ်တမ်းများတွင် ပါဝင်သည့် ဇာတ်ဝင်ခန်းများကို အောက်ပါအတိုင်း သိရှိရသည်။
(Hotel အခန်းတစ်ခုမှာ ပြောသံတစ်ခု)
................................................
မောင်ရယ် ကျမ****** အိပ်တာ hidden Cam ထဲမှာ ပါသွားမှာစိုးလို့  စောင်ခြုံပြီး အိပ်ပါရစေနော် တဲ့ ......။
(Hotel အခန်းတစ်ခုထဲက ပုံရိပ်များ)
............................................
(အချိန်က လေးနာရီ... အခန်းတံခါးတစ်ခုကို ကောင်မလေးက သူ့ ချစ်သူမျက်နာကို ကြည့်လိုက်ပီး ညင် သာစွာ ပိတ်လိုက်တယ်.. ပြုံးပြတယ်.. ခဏလေးနော် ရေချိုးခန်းကို သွားလိုက်မယ်...တဲ့ ကောင်လေး မှာတော့ သူဖောင်းပီအိပ်ကို နိုက်လိုက်ပြီး... ပိုက်ဆံအိပ်ကိုဆွဲထုပ်လိုက်တယ်... သူ့ မျက်နာ အပြုံးများစွာနဲ့ ........CENSOR CENSOR CENSOR CENSOR အို CENSOR CENSOR CENSOR)
အထက်ပါ ဗီဒီယိုမှတ်တမ်းတွင် ပါဝင်သော လူပုဂ္ဂိုလ်များကို နမူနာအဖြစ် မြည်းစမ်းကြည့်ရှုလိုပါက ဂူးဂဲလ်မှ တစ်ဆင့် လက်ဝယ်ပိုင်ထားသူအား မေတ္တာရပ်ခံကာ DLink တွင် ဒေါင်းလုပ်လုပ်နိုင်ပြီ ဖြစ် ကြောင်း သိရှိရ သည်။ အဆိုပါ နမူနာဗီဒီယို မှတ်တမ်းမှာ (၁၀)နာရီစာ ဖြတ်တောက်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။ 
ဆီဒိုးနားဟိုတယ် မန်နေဂျာနှင့် တာဝန်ရှိသူများအနေဖြင့် အဆိုပါ လျှို့ဝှက် ကင်မရာရိုက်ကူးမှု မှတ်တမ်း များကို ယင်းတို့ဟိုတယ် ၀က်ဆိုက်မှတစ်ဆင့် ခိုးဝင်၍ ရယူသွားသည် ဟု ယူဆလျက်ရှိကြောင်း၊ လက်ရှိ အချိန်တွင် ဆီဒိုးနား ဝက်ဆိုက် http://www.sedonasmyanmar.com/ ကို ဖြုတ်ချထားကြောင်း သိရှိရ သည်။ ဟိုတယ် လုံခြုံရေးဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများကိုလည်း ပြန်လည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်အမှန်မှာ အဆိုပါဟိုတယ်များတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ခဲ့သူမှာ ဟိုတယ်များရှိ ဝန်ထမ်း များအတွင်းမှ မဟုတ်ဘဲ ပြင်ပမှ ဝင်ရောက်ကာ တပ်ဆင်သွားခြင်း ဖြစ်သည်။ ၄င်းပုဂ္ဂိုလ်မှာ မြန်မာနိုင်ငံ တွင် လုံခြုံရေးကင်မရာများ ဖြန့်ဖြူးရောင်းချနေသူ တစ်ဦး ဖြစ်ပြီး ဟိုတယ်များတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ကာ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗီဒီယိုမှတ်တမ်းများကို ၄င်း၏ကွန်ပျူတာတွင် ထည့်သွင်း သိမ်းဆည်းထားခဲ့ပြီး အဆိုပါ ဗီဒီယိုဖိုင်များကို Delete လုပ်ထားခဲ့သော်လည်း ဖိုင်များ ပြန်လည်ရှာဖွေသည့် Software များဖြင့် ဖော်ထုတ် စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ၄င်းပုဂ္ဂိုလ်မှာ ရန်ကုန်မြို့ အခြေစိုက်နေထိုင်သူ မဟုတ်ကြောင်းလည်း သိရှိရသည်။ 
နာမည်ကြီးဟိုတယ်အခန်းများအတွင်း မှတ်တမ်းဗီဒီယိုများကို ဂူးဂဲလ်တွင် ဒေါင်းလုပ်လုပ်၍ ကြည့်ရှုသူ များပြားနေသောကြောင့် လက်ရှိ အချိန်တွင် စိတ်ရှည်သည်းခံစောင့်ဆိုင်း၍ ကြည့်ရှုရမည် ဖြစ်ကြောင်း၊ အကယ်၍ ဂူးဂဲလ်မှ အောက်ပါအတိုင်း Message ပေါ်လာခဲ့ပါက ယနေ့အတွက်တော့ စိတ်လျှော့၍ နောက်တစ်နေ့ ပြန်လည်ကြိုးစားကြည့်ရန် လိုအပ်မည် ဖြစ်သည်။
Sorry, you can't view or download this file at this time. Too many users have viewed or downloaded this file recently. Please try accessing the file again later. If the file you are trying to access is particularly large or is shared with many people, it may take up to 24 hours to be able to view or download the file. If you still can't access a file after 24 hours, contact your domain administrator.
၂၀၁၃ ခုနှစ်အတွင်း ဆီဒိုးနားသို့ သွားရောက်ခဲ့ဘူးသော အမျိုးသား၊ အမျိုးသမီးများအနေဖြင့် အပြင်း အထန် လိုက်လံစုံစမ်းလျက်ရှိပြီး အချို့ဆိုလျှင် သွားရောက်ခဲ့သော စုံတွဲများ ဝါကျွတ်လျှင် မဖြစ်မနေ လက်ထပ်ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း သိရှိရသည်။ ၂၀၁၃ ခုနှစ်အတွင်း ယင်းဟို တယ်များသို့ သွားရောက်ခဲ့ဘူးသော အချို့သော နာမည်ကြီးအနုပညာရှင်များအနေဖြင့်လည်း ယင်းဗီဒီယို မှတ်တမ်း ပြင်ပ ဈေးကွက်သို့ ထွက်ပေါ်မလာစေရန် ဆုတောင်းကြရတော့မည့် အနေအထား ဖြစ်နေ သည်။ သို့သော်လည်း အွန်လိုင်း အသိုင်းအဝိုင်းအတွင်းမှာမူ ၁၀ နာရီစာ ကွာလတီမြင့် ဗီဒီယို မှတ်တမ်း များ တဖြည်းဖြည်းချင်း ပြန့်နှံ့လျက် ရှိရာ မကြာခင်အချိန်တွင် တစ်နိုင်ငံလုံးသို့ ပြန့်နှံ့လာတော့မည် ဟု မျှော်လင့်ရပေသည်။
NPT Post

Bladder Cancer ဆီးအိမ်-ကင်ဆာ




(ကင်ဆာ) ဆိုတာ ပုံမှန် (ဆဲလ်) တွေဟာ ပုံမှန်မဟုတ်ဖြစ်မယ်၊ ပုံမှန်ပွါးနည်း မဟုတ်ဘဲ ပွါးများလာတာကို ခေါ်တယ်။ ဆီးအိမ်-ကင်ဆာက အစမှာ အတွင်းဆုံး အလွှာကနေအဲလို ဖြစ်လာတယ်။ များသောအားဖြင့် စောစော သိတတ်ပါတယ်။ ဆေးကုသနည်းတွေကလဲ ဘေးမပြန့်သေးရင် ထိရောက်တယ်။ ကံမကောင်းချင်ရင် ပြန်ပေါ်တတ်တယ်။ ဒါကြောင့် တခါပျောက်တဲ့နောက် ဆေးစစ်နေရမယ်။

Blood in Urine ဆီးထဲသွေးပါတာ သိတာနဲ့ ကင်ဆာ ဟုတ်-မဟုတ် စစ်ဆေးရမယ်။ မျက်စိနဲ့ သွေးကိုမြင်ရတာ မဟုတ်ဘဲ အနုကြည့်မှန်ဘီလူးနဲ့စစ်မှ သိရတာမျိုးလဲရှိတယ်။ ဆီးအရောင် နီနေရင်၊ ညိုနေရင်၊ ရင့်နေရင် စစ်ပါ။ နီရဲရဲက ရှားတယ်။ ဆီးထဲ သွေးပါတိုင်းလဲ ကင်ဆာ မဟုတ်ပါ။ ထိခိုက်မိတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ပိုးဝင်တာ၊ သွေးကျဲဆေး၊ မူးယစ်ဆေးတွေကြောင့်လဲ ဆီးထဲသွေးပါနိုင်တယ်။

Bladder Changes ဆီးသွားပုံပြောင်းလဲခြင်း
• ဆီးသွားချင်စိတ်ဖြစ်တယ်၊ သွားကြည့်တယ်၊ ဆီးမထွက်ဘူး။
• ခါတိုင်းထက် ဆီးအကြိမ်ရေ ပိုသွားမယ်၊
• ဆီးသွားရင် နာမယ်၊
• ဆီးအသွားရ ခက်မယ်။
• သတိထားဘို့က ဆီးလမ်းပိုးဝင်ရင်လဲ ဒီလိုအပြောင်းအလဲတွေရှိတယ်။

ကင်ဆာမှန်သမျှ ဘာလို့ဖြစ်လဲ တိတိကျကျပြောမရပါ။
• ဆေးလိပ်သောက်သူတွေမှာ ဆီးအိမ်-ကင်ဆာ ၄ ဆ ပိုဖြစ်စေနိုင်တယ်။
• ဓါတုဆေးတွေနဲ့ ထိတွေ့မှုရှိနေသလား သတ္တုတွေကို ကိုယ်တွယ်ရတဲ့အလုပ်မျိုး၊ စက်ပြင်ဆရာ၊ ဆံပင်အလှ ပြင်ပေးရသူတွေမှာ သူများတွေထက် ပိုဖြစ်ကြတယ်။ ဆိုးဆေးတွေ၊ ရာဘာလုပ်ငန်းလုပ်သူတွေ၊ ခြည်ထည် လုပ်ငန်းလုပ်သူတွေ၊ သုတ်ဆေး ကိုင်ရသူတွေ ကိုင်တွယ်တာမှာ အထူးဂရုစိုက်သင့်ကြတယ်။
• ယောက်ျားတွေက မိန်းမတွေထက် ၃ ဆပိုဖြစ်နိုင်တယ်။
• ၁ဝ ယောက်ထဲက ၉ ယောက်ဟာ အသက် ၅၅ နှစ်ကျော်နေပြီ။
• အသားဖြူလူမျိုးတွေက အသားမဲတွေထက် ၂ ဆပိုတယ်။
• မိသားစုထဲ တယောက်မကဖြစ်တာလဲရှိတယ်။

ရောဂါသေခြာအောင်လုပ်နည်း
• ဒါတွေဒါတွေ လုပ်ရမယ်လို့တော့ သတ်မှတ်မထားပါ။ Urine test ဆီးစစ်တာတော့ လုပ်ရမယ်။
• Cystoscopy ကရိယာနဲ့ကြည့်တယ်၊
• Biopsy အသားဖြတ်ယူစစ်ဆေးနည်းက အကောင်းဆုံးဖြစ်တယ်။
• Intravenous pyelogram သွေးထဲကိုဆေးသွင်းပေးပြီး ဓါတ်မှန်ရိုက်နည်း၊
• CT and MRI scans လုပ်မယ်။

Types of Bladder Cancer ဆီးအိမ်-ကင်တာ အမျိုးအစားများ
Transitional cell carcinoma က အဖြစ်အများဆုံးဖြစ်တယ်။ Squamous cell carcinoma နဲ့ Adenocarcinoma တွေက အဖြစ်နည်းတယ်။

Stages of Bladder Cancer ဆီးအိမ်-ကင်ဆာ အဆင့်များ
Stage 0 အတွင်းဆုံးအလွှာမှာသာရှိသေးတယ်။
Stage I ဆီးအိမ်နံရံမှာသာရှိသေးတယ်။
Stage II ဆီးအိမ်-ကြွက်သားအထိရောက်နေပြီ။
Stage III ဆီးအိမ်ဘေးက အဆီနေရာအထိရောက်နေပြီ။
Stage IV တခြားနေရာတွေအထိ ရောက်နေပြီ။

ကုသနည်း
ခွဲစိတ်နည်းကို စောတဲ့အဆင့်မှာ လုပ်တာများတယ်။ တကယ်လို့ ဆီးအိမ်နေရာ အတော်များများမှာ ဖြစ်နေရင် Partial cystectomy ဆီးအိမ် တစိတ်တပိုင်းထုတ်ပြစ်မယ်။ လိုအပ်ရင် Radical cystectomy ဆီးအိမ်တခုလုံးကို ထုတ်ပြစ်မယ်။ ယောက်ျားတွေမှာ ဖြစ်ရင် ဆီးကျိတ် နဲ့ ဆီးသွားပြွန်တွေကိုပါ ထုတ်ဘို့လိုရင် ထုတ်မယ်။ အမျိုးသမီး ဆိုရင် သားအိမ်၊ သားအိမ်ပြွန်တွေ၊ မျိုးဥအိမ်တွေ နဲ့ ဗဂျိုင်းနား တစိတ်တပိုင်းကိုပါ ထုတ်သင့်ရင် ထုတ်မယ်။

ဆီးအိမ်ကို ထုတ်လိုက်ရရင် ဆီးအတွက် နည်းလမ်းသစ်တခုလုပ်ပေးမယ်။ အူအပိုင်းအစတခုယူသုံးမယ်။ External Urostomy bag အိတ်ထဲ ဆီးသွားစေအောင် လုပ်ပေးမယ်။ တချို့ကို ဗိုက်ထဲမှာ ဖန်တီးပေးမယ်။ Artificial bladder ဆီးအိမ်အတုလုပ်တာလဲ ဖြစ်လာနေပြီ။

• Chemotherapy ကင်ဆာဆေးပေးနည်း
• Immunotherapy (အင်မြူနိုသာရာပီ) နည်း
• Radiation ဓါတ်ကင်နည်းတွေလဲရှိတယ်။
• ကုသနည်းသစ်တွေလဲ စမ်းသပ်နေပါတယ်။ Photodynamic therapy လေဆာသုံးကုတယ်။ Gene therapies ဓါတ်ခွဲခန်းမှာ ဗိုင်ရပ်ကို တီထွင်ပြီး ကုတာမှာ သုံးတယ်။

Sex after Bladder Cancer treatment ဆေးကုပြီးနောက် လင်မယား အတူနေနိုင်ရေး
ခွဲရစိတ်ရလို့ အရေးပါတဲ့ အာရုံကြောတွေ ပျက်စီးသွားမယ်။ လိင်အရေးမှာ ခက်ခဲစေတယ်။ လိင်အင်္ဂါ မသန်မာတာ ဖြစ်နိုင်တယ်။ အသက်သိပ်မကြီးသူတွေမှာ အချိန်ကြာရင် ပိုသက်သာလာတာ ရှိပါတယ်။ ယောက်ျားတွေမှာ Prostate gland နဲ့ Seminal vesicles တွေကိုပါ ထုတ်လိုက်ရရင် Semen သုက်ရည် မထွက်နိုင်တော့ပါ။ မိန်းမတွေမှာ Orgasm လိင်ဆန္ဒပြည့်ဝမှု ရဘို့ခက်မယ်။ ဆက်ဆံတဲ့အခါလဲ အရင်လိုမကောင်းတော့ပါ။

Survival Rates ဘယ်လောက်ကောင်းလာနိုင်သလဲ
ရောဂါဖြစ်တာ ဘယ်လောက် စောစောသိသလဲအပေါ် မူတည်တယ်။ ဝေဒနာသည် တဝက်လောက်က စောစော သိကြပါတယ်။ ၅ နှစ်အထိ ရှင်မဲ့သူ ၁ဝဝ% ရှိတယ်။

Dr. တင့်ဆွေ

ဆီဒိုးနားဟိုတယ် ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားမှုကို ဆီဒိုးနားဟိုတယ်မှ ငြင်းဆို





၂၀.၉.၂၀၁၃ သောကြာနေ့

ဆီဒိုးနားဟိုတယ်၏ ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားမှု သတင်းကို မဟုတ်မှန်ကြောင်း ဆီဒိုးနား ဟိုတယ်မှ လုံခြုံရေး အကြီးအကဲ တစ်ဦးက စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထို့ပြင် ဆီဒိုးနား ဟိုတယ်ရှိ အခန်းများတွင် ပြင်ပလူများက Hidden ကင်မရာ တပ်ဆင်ကာ ရိုက်ကူးမှုမှာ ဖြစ်နိုင်ကြောင်း အဆိုပါ ဆီဒိုးနားဟိုတယ် လုံခြုံရေး အကြီးအကဲက ဆက်လက် ပြောကြားသည်။

အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာ အချို့၌ ဆီဒိုးနားဟိုတယ် အခန်းတွင် လျို့ဝှက် ကင်မရာဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု ပျံ့နှံ့လျက်ရှိကြောင်း၊ ယင်းမှတ်တမ်းတွင် နာမည်ကြီး ပုဂ္ဂိုလ်များ ပါဝင်ပြီး ဟိုတယ်၏ အင်တာနက် ၀က်ဘ်ဆိုက်မှတစ်ဆင့် ခိုးဝင်၍ ရယူသွားသည်ဟု ယူဆရကြောင်းနှင့် လျို့ဝှက်ကင်မရာများ တပ်ဆင်ခဲ့သူမှာ ဟိုတယ်အတွင်းမှ မဟုတ်ဘဲ ပြင်ပမှ လာရောက် တပ်ဆင်သွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆီဒိုးနားဟိုတယ် ၀က်ဘ်ဆိုက် ဖြုတ်ချထားမှုနှင့် ပတ်သက်ပြီး ၎င်းက ''ဆီဒိုးနားရဲ့ ၀က်ဘ်ဆိုက် အဟက်ခံရတယ်။ တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်းက မဟုတ်ပါဘူး။ www.sedonasmyanmar.com

ဝက်ဘ်ဆိုက်က အစကတည်းက ပိတ်ထားတာ ကြာလှပါပြီ။ ကျွန်တော်တို့ရဲ့ ကွန်ပျူတာ စစ်စတမ်ကို ဟက်ပြီး ဗီဒီယိုဖိုင်တွေ ယူသွားတယ် ဆိုတာ မဖြစ်နိုင်ဘူး။ ၀က်ဘ်ဆိုက်နာမည် အသစ်က လောလောဆယ်မှာ အလွတ်မရလို့ပါ။ နာမည်အသစ် ဖွင့်ထားပြီးပါပြီ။ ၀က်ဆိုက်ဘ်ကို ပိတ်ထားတာက Update လုပ်တဲ့အနေနဲ့ ပိတ်လိုက်တာပါ'' ဟု ဆိုသည်။

ဆက်လက်ပြီး ဆီးဒိုးနားဟိုတယ် လုံခြုံရေး အကြီးအကဲကပင် ''ပြင်ပလူက Hidden ကင်မရာတွေနဲ့ အပြင်ကနေလာပြီး ခိုးပြီး တခြားနေရာမှာ တပ်ဆင်သွားတာကတော့ ဖြစ်နိုင်တယ်။ ပြီးတော့ အဲဒီထဲမှာပါတဲ့ ဗီဒီယိုထဲက အခန်းတွေက ကျွန်တော်တို့ဆီက ဟုတ်မဟုတ်ဆိုတာ ဗီဒီယိုကို ကြည့်ပြီးမှ ဆုံးဖြတ်လို့ ရမှာလေ။ အဲဒီဗီဒီယိုကို Download လုပ်တာလည်း မရဘူး'' ဟု ဆိုသည်။

''Hidden ကင်မရာတွေ လာတပ်သွားတယ် ဆိုရင်လည်း လုံခြုံရေးပိုင်း အားနည်းတယ်လို့ ပြောတာ မဆိုင်ပါဘူး။ ဘာဖြစ်လို့လဲဆို အခန်းတစ်ခုကို ငှားလိုက်ရင် အခန်းငှားတဲ့သူက ပိုင်သွားတာလေ။ Privacy အရ သူဘာလုပ်တယ်ဆိုတာ ကျွန်တော်တို့က ကြည့်ခွင့်မရှိဘူး။ အခန်းတွေထဲမှာ ကျွန်တော်တို့က ကင်မရာတွေ တပ်ထားတာလည်း မရှိပါဘူး။ ဒီလိုရေးသားမှုမျိုးဟာ ဘာရည်ရွယ်ချက် လဲဆိုတာ မသိသေးပါဘူး'' ဟု အဆိုပါ လုံခြုံရေး အကြီးအကဲက ထပ်မံပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကင်းမြို့မ ရဲစခန်းမှ တာဝန်မှူး စိုးမောင်မောင်က ''ကျွန်တော်တို့ဆီမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လာရောက် အကြောင်းကြားတာ မရှိသေးပါဘူး'' ဟု ပြောကြားခဲ့သည်။

EMG

Thursday, September 19, 2013

နင်းခြေခံ လိုက်ရတဲ့ ပန်းရိုင်းလေး တစ်ပွင့်




အသက်အရွယ်အားဖြင့် ၁၃ နှစ်သာရှိသေးတဲ့ အရွယ်ငယ်ငယ်အမျိုးသမီးလေးတစ်ဦးက သူ့ကို မတော် မတရား ပြုကျင့်တဲ့အကြောင်းကို ပြောပြနိုင်ဖို့ ကြိုးစားတဲ့အခါ စကားသံတွေ ထွက်မလာဘဲ မျက် ရည်တွေ တသွင်သွင်စီးကျလာပါတယ်။ စီးကျနေတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ရင်းထစ်ငေါ့ငေါ့ စကားသံ လေးနဲ့ ]]သမီးစက်ရုံကပြန်တဲ့အချိန် ပြန်နေ ကျအစ်မကြီးနဲ့ပြန်တဲ့အခါ သူ့အဖော်နဲ့ အတူ နေရာတစ် နေရာကို ဆွဲခေါ်သွားတယ်။ အိမ်ပြန်မယ် လို့ပြောတော့မပို့ပေးဘဲအခန်းထဲခေါ်သွားတယ်။ သူနဲ့ ပါတဲ့ အဖော်နှစ်ယောက်ကအပြင်မှာစောင့်နေတယ်။ အိမ်ပြန်ပို့ ခိုင်းတဲ့ဟာကို နင့်ကိုမပို့ပေးဘူး လို့ပြောပြီး ကုတင်ပေါ်ဆွဲတင်ပြီး ]]သမီးကို ----}}လို့တိုးလျော့ လျော့အသံလေးနဲ့ အရာရာကို ရင်မဆိုင်ရဲဘဲ ကြောက်ရွံ့ ထိတ်လန့်စွာနဲ့ခေါင်းငုံ့ရင်းပြောရှာတယ်။

မသူဇာ(အမည်လွှဲ) အလုပ်ပြန်ချိန်ပုံမှန်ထက် နောက်ကျနေတဲ့အခါ မိဘများက လိုက်လံစုံစမ်းရင်း ပတ်ဝန်း ကျင်ရဲ့အကူအညီနဲ့ တည်းခိုခန်းကိုရောက်နေ တယ်လို့ ကြားကြားချင်း ရောက်လာခဲ့ပေမယ့် အချိန် လင့်ခဲ့ရပြီ။ အရွယ်မရောက်သေးတဲ့ အမျိုးသမီးလေး ရဲ့ဘ၀လေး အညွန့်ချိုးခံလိုက်ရတဲ့ ပန်းလေးတစ်ပွင့် နှယ်ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က စက်ရုံမှ အိမ်အပြန်ယုံကြည်ရမယ်လို့ထင်ရတဲ့ အဖော်ကို အား ကိုးမိရာမှ နုနယ်ငယ်ရွယ်သေးတဲ့ဘ၀ကို မတော် မတရားဖျက်စီးခံလိုက်ရတဲ့အတွက် အင်းစိန် မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ရဲစခန်း မှ (ပ) ၉၉၅^၁၃ ပုဒ်မ ၃၆၃ဖြင့် အမှုဖွင့်အရေးယူ ထားပေမယ့် အာမခံနဲ့ပေးထားတယ်လို့ သိရပါတယ်။

မာယာတွေပေါ]]အန်တီတို့က မိသားစုခြောက်ယောက်မှာ သူက အကြီးဆုံးပါ။ ရွာမှာအဆင်မပြေလို့ ရန်ကုန်တက်လာ တာ။ အကြီးဆုံးဖြစ်တဲ့သူ့ကို အလုပ်လုပ်ခိုင်းပြီး သူ့ လုပ်စာကလေးကို မှီခိုနေရတာ။ သူ့ခမျာ သူငယ်တန်း ပဲတက်ခဲ့ရတာပါ။ စာမတတ်ဘူး။ မသွားတတ်မလာ တတ်ဆိုတော့ရင်းနှီးလို့ ယုံကြည်ပြီးထားခါမှ အခုလို လုပ်လိုက်တာကိုတော့ စိတ်ထဲဘယ်လိုမှ မကောင်းဖြစ်တယ်။ သမီးအတွက်ရင် ထုမနာဖြစ်ရတယ်လို့ မသူဇာ ရဲ့ မိခင်ကညှိုးငယ်စွာနဲ့ ပြောပါတယ်။

မသူဇာတို့မိသားစုက မအူပင်မြို့နယ်ထနီးကျေး ရွာအုပ်စုအလန်းကြီးကျေးရွာမှာလယ်လုပ်ရင်း စီးပွား ရေးအရ အဆင်မပြေလို့ အင်းစိန်မြို့နယ်ထဲက အခြေ ခံလူတန်းစားများ အများဆုံးစုစည်းနေထိုင်ရာကွက် သစ်မှာ ၁၂ပေပတ်လည်ဓနိမိုး ထရံကာကလေးနဲ့ နေ ထိုင်ရပြီး မိသားစုဝမ်းစာရှာဖွေရာက စာပေဗဟု သုတ နည်းပါးခြင်းကြောင့် လူ့ဘ၀ရဲ့ တစ်ဆစ်ချိုး မရောက် ခင် သူမဘ၀က အမှိုက်မှောင်ထဲ ရုတ်တရက် တွန်းချ ခံခဲ့ရပါတယ်။

]]ဒီလိုအရွယ်လေးက ဘာမှမသိသေးတဲ့အရွယ် လေးပါ။ ဒါကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူစေချင်တယ်။ အတည်ယူတာလည်းမဟုတ် ဘူး။ ၁၈ နှစ်တောင်မပြည့်သေးဘူး။ မိဘအုပ်ထိန်း သူတွေအနေနဲ့လည်းလိုတယ်။ ပြီးတော့အရေးကြီးတာ တည်းခိုခန်းတွေကလည်း အသက်မပြည့်သေးတဲ့ တစ် နည်းအားဖြင့် မှတ်ပုံတင်မပါဘဲ အခုလို စီးပွားရေးတစ် ခုတည်းကိုကြည့်ပြီး လက်မခံသင့်ဘူး။ ဥပဒေမှာ လည်း အခုလို မတရားအဓမ္မကျင့်တဲ့အမှုကို ထိထိ ရောက်ရောက်အပြစ်ဒဏ်တွေ ဒီထက့်ပိုပြီး ချ မှတ်စေ ချင်တယ်}}ဟု အထက်တန်းရှေ့နေဒေါ်ခင်သန်းဆွေက အရွယ်မရောက်သေးသူများ အဓမ္မပြုကျင့် ခံနေရတဲ့ အပေါ် မှတ်ချက်ပြုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ ကလေးသူငယ်မုဒိမ်းမှု ကျဆင်းရေးလုပ်ငန်းများ သိသင့်သိထိုက်သည့် ဟော ပြောပွဲပြုလုပ်နေသလို မြို့နယ်အသီးသီးမှာလည်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအဓမ္မပြု ကျင့်ခံရမှုအပေါ်ရှုတ်ချမှုတွေရှိနေသော်လည်း အရွယ် မရောက်သေးသူများ အဓမ္မပြုကျင့်ခံရမှုများက ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

]]အရင်တုန်းကလည်း ဒီဖြစ်စဉ်တွေရှိခဲ့တယ်။ ရဲကလည်း ပညာပေးလုပ်ငန်းတွေကိုလိုက်ပြီး ကျေးရွာ တွေမှာ ဟောပြောပွဲတွေလုပ်နေတာပဲ။ အခုနောက် ပိုင်းမှာ တိုင်ရမှန်းသိတော့ တိုင်လာကြတယ်။ ပိုဆိုး တာက တည်းခိုခန်းတွေမှာ မှတ်ပုံတင်မပါဘဲ ခိုးပြီးလက် ခံတာတွေကို မန်နေဂျာက ပိုင်ရှင်မသိပဲလက်ခံ တာတွေ ရှိတယ်။ အဲဒီအတွက် ပညာပေးအနေနဲ့ ကြော်ငြာ တွေထုတ်ပြီး အရေးယူသင့်တယ်။ ၁၄ နှစ် အောက် အသက်မပြည့်သေးတဲ့ ကလေးတွေကို လက်မခံသင့် ဘူး။ ဥပဒေအရ အသက်မပြည့်တဲ့ကလေးကို သွေး ဆောင်ဖြားယောင်းရင်း ပုဒ်မ ၃၆၃ အလိုမတူဘဲ ခိုး ယူပေါင်းသင်းရင် ပုဒ်မ ၃၇၆ အပြစ်ဒဏ် အနည်း ဆုံး ၁၀ နှစ်အထိ ရှိတယ်ဟုခရိုင်ရဲမှူးကြီးဦးမြင့်အေးက ပြောသည်။

မြို့ပြရဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဖွံ့ဖြိုးတိုးတက်လာပေ မယ့် လူတချို့ရဲ့ နိမ့်ကျနေတဲ့ အကျင့်စရိုက်တွေ ရှိနေ သေးတယ်ဆိုတာ မသူဇာရဲ့အဖြစ်အပျက်က မီးမောင်း ထိုးပြသလိုဖြစ်နေပါတယ်။ တစ်ဖက်ကလည်း တည်းခိုခန်းတွေအပြိုင်အဆိုင်ပေါ်ထွက်လာပြီး နိုင်ငံ ခြားသားနဲ့ ခရီးသွားဧည့်သည်တွေ ခဏတာနားခိုဖို့ ရည်ရွယ်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ အသက်မ ပြည့်သေးတဲ့ စုံတွဲတွေကို မှတ်ပုံတင်မပါလက်ခံနေ ခြင်းက မဖြစ်သင့်တဲ့ ပြဿနာတွေကို လက်ယပ်ခေါ် နေသလိုဖြစ်နေပါတယ်။ လတ်တလောကာလတွင် အညွန့်တလူလူတက်သစ်စအရွယ် အမျိုးသမီးငယ် လေး၏ ဘ၀မှာ ပန်းကောင်းအညွန့်ချိုးခံရတဲ့ မသူဇာ က သမီးလူတွေမြင်ရင် အရမ်းကြောက်တာပဲ။}} လို့ဆို ပါတယ်။

ကေသွယ်
Publicimage

အိန္ဒြာကျော်ဇင် နဲ့ ဒုတိယ ရင်သွေး


 
 
 ရုပ်ရှင် လောကသားတွေထဲက ကိုလူချောများအတွက် ဆန်အိတ်များ လှူဒါန်းခဲ့တဲ့ အိန္ဒြာကျော်ဇင် က ရေဘေးသင့် ပြည်သူတွေအတွက် အဝတ်အစားများ လှူဒါန်းဦးမှာဖြစ် ကြောင်း သိရပါတယ်။

“အရင်တုန်း ကလဲ ရေဘေးသင့် လူတွေ၊ ဒုက္ခရောက် နေတဲ့ ဒုက္ခသည် တွေ အတွက်ကို ပြေတီဦး အင်္ကျီ တွေ၊ အူဝဲရဲ့အင်္ကျီ တွေလည်း အမြဲ တမ်း လှူဖြစ်ပါ တယ်” လို့ အိန္ဒြာကျော်ဇင် ကပြောပါတယ်။ လတ်တလော ဖြစ်ပေါ် နေတဲ့ ရုပ်ရှင် လောကအခြေအနေအပေါ်သရုပ်ဆောင်တစ်ဦး အနေနဲ့ အိန္ဒြာကျော်ဇင် က…

“အူဝဲတို့ ကတော့ ရုပ်ရှင် လောကသား အချင်းချင်း အမြဲတမ်း စည်းလုံး တာမျိုးပဲ မြင်ချင်ပါတယ်။ တစ်ခုခုဆိုရင် ကိုယ့်အတွက် ကိုယ်သိပ်မကြည့်ဘဲ တစ်လောကသားလုံးအတွက်ဆိုတာကို ခေါင်းထဲထည့် ပြီး စဉ်းစားစေချင် ပါတယ်။ ဘယ်သူမဆိုကတော့ ကိုယ်အဆင်ပြေဖို့ ကိုယ်ကျိုး ကြည့်ကြတာ များပါတယ်။ ဒါပေမဲ့ အဲဒီ အထဲက မှ တတ်နိုင် သလောက်လေး အများ အကျိုးကြည့်မယ်၊ အများအကျိုး ကြည့်ရင် ကိုယ်ကျိုးလည်း အောင်ပါတယ်” လို့ပြောပါတယ်။ အိန္ဒြာကျော်ဇင် က ဇာတ်ကားတွေကို တစ်လ တစ်ကားနှုန်း နဲ့ ပြန်လည် ရိုက်ကူးတော့မှာ ဖြစ်ပြီး အောက်တိုဘာလမှာ အောင်သီရိ ထုတ်လုပ်ရေးအတွက် စိုင်းစိုင်းခမ်းလှိုင် နဲ့ စတင်ရိုက်ကူး ဖြစ်မယ်လို့ သိရပါတယ်။

“တစ်လ တစ်ကားနှုန်းကတော့ ပရိသတ် အတွက် အူဝဲ ရိုက်ဖြစ်တာပါ။ ကိုယ်ကလည်း ပရိသတ်ကို ချစ်တယ်။ ပရိသတ်ကလည်း ကိုယ့်ကို ချစ်တယ်၊ အားပေးတယ်ဆိုတဲ့အပေါ်မှာ ကိုယ့်ကို ကြည့်ချင်တယ်လို့ပြောတဲ့ ပရိသတ်တွေအပေါ်မှာ ပြန်ပြီး တော့ ဇာတ်ကား ရိုက်ဖြစ်တာပါ” လို့ ပြောပါတယ်။ အရင်က ဒုတိယရင်သွေးယူဖို့အတွက် ဇာတ်ကားရိုက် နားခဲ့တာကြောင့် ဒုတိယရင်သွေးကို ဘယ်တော့ယူဖြစ်မလဲ လို့မေးတော့ အိန္ဒြာ ကျော်ဇင်က..

“ဒုတိယရင် သွေးက ယူတော့ ယူချင်တာပေါ့လေ။ ဒါပေမဲ့ ကံတရားက ရှိသေးတယ်။ သူက ဘယ်အချိန်လာချင်လဲမသိဘူး လေ။ အဲဒီ အပေါ်မှာ ကြည့်ရမှာပဲ။ ကလေးဆိုတာ သူ့အချိန်နဲ့ သူလာတာလေ” လို့ ပြောပါတယ်။ အခုဆိုရင် အိန္ဒြာ ကျော်ဇင်ရဲ့ သမီး လေး ပြေသုဒြာက ၁ နှစ် နဲ့ ၁၁ လ ရှိ နေပြီ ဖြစ်ပါတယ်။ အောက်တိုဘာထဲမှာ ၂နှစ် ပြည့်ပြီ ဖြစ်တဲ့ သမီးလေး
ပြေသုဒြာ အတွက် သူစိတ်ရှုပ်မှာစိုးလို့ မွေးနေ့ပွဲ မကျင်းပဖြစ်ဘဲ မွေးနေ့ အလှူတော့ လုပ်ဖြစ်မယ်လို့ အိန္ဒြာကျော်ဇင် ကပြောပါတယ်။

ခိုင်ဝေလွင်
Popular Myanmar News Journal

မိုင်လီနှင့် ဟမ်းဆွော့သ်တို့ စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်း




Miley Cyrus တို့ လုပ်ချလိုက်ပြန်ပြီ။ Wrecking Ball Music Video ရိုက်ကွင်းက ပုံပါ။














ထူးထူးခြားခြား စံချိန်သစ်တစ်ခု တင်နိုင်ခဲ့သည့် မိုင်လီဆိုင်းရပ်စ် မိုင်လီ၏ အသစ်ထွက်ရှိမည့် Bangerz အယ်လ်ဘမ်မှ သီချင်းတစ်ပုဒ်၏ ဖြတ်ပိုင်းဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ရာ တစ်ရက်အတွင်း ကြည့်ရှုသူ အများဆုံး စံချိန်တင်သွားခဲ့

MTV၏ ဂီတဗီဒီယို ဆုပေးပွဲ ဖျော်ဖြေမှု ဂယက်ကြောင့် ဝေဖန်မှုများရော၊ လူစိတ်ဝင်စားမှုများပါ ရရှိခဲ့သည့်နောက် မိုင်လီဆိုင်းရပ်စ်သည် ထူးထူးခြားခြား စံချိန် တစ်ရပ်ပါ ထပ်မံ ရရှိလာကြောင်း သိရှိရသည်။ သူမ၏ အသစ်ထွက်ရှိမည့် Bangerz အယ်လ်ဘမ်မှ သီချင်းတစ်ပုဒ်၏ ဖြတ်ပိုင်းဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ရာ တစ်ရက်အတွင်း ကြည့်ရှုသူ အများဆုံး စံချိန်တင်သွားခဲ့သည်။ အဆိုပါ ဗီဒီယိုထဲတွင် အသက်(၂၀) အရွယ်ရှိ အဆိုတော် မင်းသမီးသည် လုံးဝ ဝတ်လစ်စားလစ် ဖြစ်နေပြီး သံကြိုးတပ်ထားသည့် သတ္တုဘောလုံးကြီး တစ်ခုပေါ်တွင် ရှိနေသည့် ပုံရိပ်များ ပါဝင်သလို တူကြီးတစ်လက်ကို လျှာဖြင့်လျက်ကာ မြှူဆွယ်သည့် အမူအရာမျိုး ပြုလုပ်နေသည်ကိုလည်း တွေ့ရှိရသည်။ ထိုဗီဒီယိုသည် YouTube၏ ဗီဒီယို ပလက်ဖောင်း တစ်ခုဖြစ်သော Vevoတွင် လွှင့်တင်ခဲ့ရာ (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၂.၃)သန်း ရှိခဲ့သည်။

ထို့ကြောင့် ယခင်စံချိန်ဟောင်းဖြစ်သည့် One Direction အဖွဲ့၏ (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၀.၉)သန်း ရှိခဲ့သော Best Song Everကို သက်တောင့်သက်သာပင် ကျော်တက်သွားခဲ့သည်။ အင်တာနက် ဗီဒီယို မှတ်တမ်းတွင် စံချိန်သစ် တစ်ခုကို ရရှိခဲ့သော်လည်း ထိုဗီဒီယိုနှင့် ပတ်သက်ပြီး မိုင်လီအနေဖြင့် ပြင်းထန်သော ဝေဖန်မှုများနှင့်လည်း ကြုံခဲ့ရသည်။ ဗီဒီယိုကို ကြည့်ရှုခဲ့သူ တစ်ဦးက "ကလေးတွေတော့ အတုခိုး မှားမှာပဲ။ သူတော့ ဘာထင်နေတယ် မသိဘူး။ ကြည့်ရတာ အပြာဇာတ်ကား ကျနေတာပဲ"ဟု မှတ်ချက်ပြုခဲ့သည်။ ဗီဒီယိုထဲတွင် မိုင်လီသည် အဖြူဝမ်းဆက် အတွင်းခံ အဝတ်အထည်များဖြင့် တူကြီးတစ်လက်ကို ထုနှက်နေကြောင်းလည်း တွေ့ရသည်။ မိုင်လီသည် ယခင်က We Can't Stop ဗီဒီယိုဖြင့် (၂၄)နာရီအတွင်း ကြည့်ရှုသူ (၁၀.၇)သန်း စံချိန် တင်ခဲ့ဖူးသော်လည်း One Direction အဖွဲ့က ကျော်တက်ခဲ့ပြီး ယခုနောက်တစ်ဖန် ပြန်လည် အသာရခဲ့ခြင်းဟု သိရှိရသည်။

Planet Myanmar Network

လီယမ်ရော၊ မိုင်လီ၏ ပုဂ္ဂိုလ်ရေး တာဝန်ခံများက ၎င်းတို့နှစ်ဦးသည် စေ့စပ်ကြောင်းလမ်းထားမှုကို ဖျက်သိမ်းခဲ့ပြီဟု အသီးသီး ကြေညာ ခဲ့ကြ သည်။

ကာလအတန်ကြာ ကောလာဟလများ ပျံ့နှံ့နေခဲ့ပြီးနောက် မိုင်လီဆိုင်းရပ်စ်နှင့် လီယမ်ဟမ်းဆွော့သ်တို့ အမှန်တကယ် လမ်းခွဲရန် အကြောင်းဖန်လာခဲ့ပြီ ဖြစ်သည်။ လီယမ်ရော၊ မိုင်လီ၏ ပုဂ္ဂိုလ်ရေး တာဝန်ခံများက ၎င်းတို့နှစ်ဦးသည် စေ့စပ်ကြောင်းလမ်းထားမှုကို ဖျက်သိမ်းခဲ့ပြီဟု အသီးသီး ကြေညာခဲ့ကြသည်။ တနင်္လာနေ့က မိုင်လီသည် လီယမ်၏ Twitter Accountကို Follow ပြုလုပ်ထားခြင်းအား ပယ်ဖျက်ခဲ့သည့်နောက် ယင်းတို့နှစ်ဦးကြား ဆက်ဆံရေး တင်းမာနေပြီဟု သတင်းများက ရေးသားခဲ့သည်။ ထို့နောက် နာရီပိုင်းမျှ အကြာတွင် စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းကြောင်း သတင်းကို ၎င်းတို့၏ ပတ်သက်ရာ ပတ်သက်ကြောင်းများက စတင် အတည်ပြု ကြေညာလာခြင်းဖြစ်သည်။

People မဂ္ဂဇင်းက မိုင်လီနှင့် လီယမ်တို့၏ အချစ်ရေးသည် တရားဝင် ပြီးဆုံးသွားပြီဟု ထုတ်ဖော် ရေးသားခဲ့သည်။ The Last Song ဇာတ်ကား ရိုက်ကူးရင်း စတင်သိကျွမ်းလာသည့် ချစ်သူနှစ်ဦးသည် ပြီးခဲ့သည့် လပိုင်းများ အတွင်းကတည်းက ဆက်ဆံရေး အေးခဲမှုများ ဖြစ်ပေါ်လာသည်။ ယင်းစုံတွဲနှင့် နီးစပ်သူများက "ခုတော့ တကယ်ပဲ လမ်းခွဲဖြစ်သွားပါပြီ။ မိုင်လီနဲ့ လီယမ်တို့ဟာ ယိုယွင်းနေတဲ့ ဆက်ဆံရေး တစ်ခုကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် နှစ်ယောက်လုံး အရမ်းနွမ်းနယ်နေပြီလေ။ သူတို့ဆက်ဆံရေးက ရှုပ်ထွေးပါတယ်။ လက်ထပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းတာ မဟုတ်ဘဲ ဆိုင်းငံ့ထားတာလို့ပဲ ပြောနေပေမယ့် လက်တွေ့ကတော့ မဖြစ်နိုင်တော့ပါဘူး"ဟု မှတ်ချက်ပြုခဲ့သည်။ လီယမ်၏ မိတ်ဆွေ တစ်ဦးက "လီယမ်ကတော့ မိုင်လီ့အပေါ် ဂရုတစိုက် ရှိပါတယ်။ ဒါပေမဲ့ မိုင်လီရဲ့ ပုံစံပြောင်းလာမှုတွေကို သူလက်ခံဖို့ ခက်နေခဲ့တယ်။ အထူးသဖြင့် MTVရဲ့ ဗီဒီယိုဂီတ ဆုပေးပွဲမှာ မိုင်လီ ဖျော်ဖြေခဲ့ပုံမျိုးက လီယမ်အတွက် အရှက်ရစရာပါ။ စင်ပေါ်မှာ မိုင်လီလုပ်ပြခဲ့တာတွေက ဆွဲဆောင်မှု ရှိတာထက် ပရမ်းပတာ ပုံစံမျိုးလို့ပဲ သူက သတ်မှတ်ခဲ့တယ်လေ"ဟု ပြောကြားသွားသည်။

Planet Myanmar Network

Click Here To Vote

http://www.missmyanmaruniverse.org/2013contestants — ဒီနေရာအား နှိပ်၍ သွားရောက် မဲ ပေးနိုင်ပါသည်


Miss Universe Myanmar အလှပုံများ


















Related Posts Plugin for WordPress, Blogger...