Thursday, September 19, 2013

Click Here To Vote

http://www.missmyanmaruniverse.org/2013contestants — ဒီနေရာအား နှိပ်၍ သွားရောက် မဲ ပေးနိုင်ပါသည်


Miss Universe Myanmar အလှပုံများ


















Wednesday, September 18, 2013

လူကိုနွေးထွေးစေတဲ့ စကားငါးခွန်း



(၁) တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်း "နင့်ကိုငါချစ်တယ်"

ဒီစကားတစ်ခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာတခြားသူရဲ့ချစ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ လောကမှာ အချစ်ခံရထက်တာ ပိုချိုမြိန်၊ ပျိုပျော်ရွှင်တဲ့အရာ ရှိနိုင်ဦးမလား? တကယ်လို့ ဒီလိုစကားတစ်ခွန်းကို သင်လည်း ပြောလိုက်ပြီဆိုရင် စိတ်ကူးထဲကအဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်း ပြနေပါတယ်။ လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့ တစ်ချိန်ချိန် သင်မျက်စိဖြတ်ခနဲအလက် "ဟော.. သူ(သူမ)ပဲ!"ဆိုတဲ့ အဖော်ကို သင်တွေ့သွားခဲ့တယ်။ အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မလေတော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မတွေဝေတော့ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့နေလို့မဖြစ်တော့ဘူး။ အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊ အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုး... ဖြစ်ပါတယ်။

(၂) နှစ်သိမ့်ထိုက်ဆုံးစကားတစ်ခွန်း "အခုပဲလာခဲ့မယ်"

လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေ ရှိပါတယ်။ တစ်ပတ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မှာ သင်အနားယူနေတုန်း ရုတ်တရက် အိမ်ကရေစက်ခေါင်းပျက်သွားတယ်။ ရေပိုက်ပြင်သမားကို သင်ချက်ချင်းဖုန်းဆက်တော့ သူက "ကျွန်တော် အခုပဲလာခဲ့မယ်"လို့ ပြန်ဖြေတဲ့အချိန် သင့်စိတ်သက်သာရာရသွားတယ်။ သင်ကားမောင်းနေတုန်း လမ်းတစ်နေရာမှာ ရုတ်တရက် ကားပျက်သွားတယ်။ နောက်ကားတွေက သင့်ကားနောက်တန်းစီပြီး ဟွန်းအဆက်မပြတ်တီးနေတယ်။ သင်စိတ်ပူပန်လှုပ်ရှားပြီး သူငယ်ချင်းတစ်ယောက်ကို သင်ဖုန်းဆက်တယ်။ သူငယ်ချင်းရဲ့ "ငါအခုပဲလာခဲ့မယ်"ဆိုတဲ့စကားက သင့်ရင်ထဲက အစိုင်အခဲကို ပြေလျော့သွားစေပါတယ်။

(၃) လူကိုယုံကြည်မှုတိုးစေဆုံး စကားတစ်ခွန်း "မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံတယ်"

ဆရာတစ်ဦးက ကျွန်တော့်ကိုပြောပြဖူးတယ်။ ကျောင်းသားတွေကို သူအချက်ကျကျ ကိုင်တွယ်နည်းက ကျောင်းသားတွေနဲ့ အမြဲတမ်း နှစ်ကိုယ်ကြား ဆွေးနွေးတာပဲဖြစ်တယ်။ အမှတ်ကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်၊ အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ် ဆရာအမြဲပြောလေ့ရှိတာက "မင်းလုပ်နိုင်တယ်ဆိုတာ ဆရာယုံတယ်"ဆိုတာပဲဖြစ်တယ်။ ဒါကြောင့် သူသင်ဖူးတဲ့ ကျောင်းသားတိုင်းလိုလိုဟာ မိမိကိုယ်ကိုယ်ယုံကြည်စိတ် အပြည့်ရှိသူတွေဖြစ်တယ်။ "လုပ်နိုင်သူ"တွေက "ပိုလုပ်နိုင်"ခဲ့ကြပြီး "မလုပ်နိုင်သူ"တွေလည်း "လုပ်နိုင်"ခဲ့ကြတယ်။

ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော်အမှတ်ရမိပါတယ်။

"စိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိရင် တောင်ကိုရွေ့တာပဲဖြစ်ဖြစ်၊ ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြီးမြောက်အောင်လုပ်နိုင်တယ်။ တကယ်လို့ စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင် လက်ဖဝါးလှည့်တာ၊ သစ်ကိုင်းကိုချိုးတာလောက် လွယ်ကူတဲ့အလုပ်ကိုတောင် ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး"

ကျောင်းသားတွေမှ မဟုတ်ပါဘူး။ လူကြီးတွေလည်း အဲဒီလိုပဲဖြစ်တယ်။ လူတစ်ယောက်ဟာ အခက်အခဲကြုံချိန်၊ အမှားလုပ်မိချိန်၊ ဒါမှမဟုတ် တွေဝေဆုံးဖြတ်ရခက်နေချိန်မှာ သူ့ရဲ့လမ်းညွှန်သူ ဒါမှမဟုတ် သူ့သူငယ်ချင်းက "မင်းကို ငါယုံတယ်"၊ "မင်းလုပ်နိုင်တယ်ဆိုတာ ငါသိတယ်"ဆိုတဲ့စကားတစ်ခွန်း ပြောပေးရုံနဲ့ သူ့ကိုသတ္တိအင်အားတွေ ပြန်လည်ပြည့်တင်းစေပါတယ်။

(၄) အတင်းအဖျင်းကို ပထုတ်နိုင်ဆုံးစကားတစ်ခွန်း "မင်းလမ်းမင်းလျှောက် သူတို့ပြောချင်ရာ ပြောပါစေ"

ကျွန်တော့်ဖခင် ကျွန်တော်ကိုစကားတစ်ခွန်းပြောဖူးတယ်။

"တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သားရယူချင်ရင် သူတို့မပေးဆပ်နိုင်တဲ့အရာကို သားပေးဆပ်ရလိမ့်မယ်။ တကယ်လို့ တခြားလူအနားယူချိန် သားလည်းအနားယူမယ်၊ တခြားလူအလုပ်လုပ်ချိန်မှ သားအလုပ်လုပ်မယ်။ တခြားလူ ဘဝကို ဘယ်လိုဖြတ်သန်းရင် သားလည်းသူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင် သူတို့ရတာပဲ သားရလိမ့်မယ်"

ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊ တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူထက် ပိုအလုပ်လုပ်တယ်။ အဲဒီလိုပဲ အတင်းအဖျင်း၊ ကောလဟာလတွေလည်း သူတို့နဲ့အဖော်ပြုတာ ခံရတယ်။ ဒါကြောင့် တခြားလူဆီကနေ မတူတဲ့အသံကိုကြားရတဲ့အခါ ကိုယ့်ရဲ့ပြုမူပြောဆိုမှုကို ဆန်းစစ်ရသလို၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မြဲအောင်လုပ်ရပါတယ်။

လူရွန်းပြောသလိုပါပဲ..."သူတို့ပြောချင်ရာ ပြောပါစေ... ကဲ့ရဲ့ဝေဖန် အတင်းအဖျင်းပြောသူတွေရဲ့ ချီးကျူးစကားက ကိုယ်အောင်မြင်မှုရပြီးချိန်မှ ကြားရတတ်တဲ့ စကားဖြစ်တယ်"။

(၅) ပြောရအခက်ဆုံးနဲ့ သဘောထားကွဲလွဲမှုကို အဖြေရှင်းနိုင်ဆုံး စကားတစ်ခွန်း "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်"

ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲကလူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ.. ငြင်းခုန်ရန်ဖြစ်ပွဲမှာ အမှားကိုဝန်ခံတာဟာ အရမ်းမျက်နှာသာမဲ့စေတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် အခြေအနေ တော်တော်များများမှာ ဒီလိုစကားတစ်ခွန်းက ဒေါသကြောင့် တောက်လောက်မယ့်မီးကို အချိန်မီ ငြိမ်းစေနိုင်သလို၊ ပွက်လောရိုက်နေတဲ့ဦးနှောက်ကို ချုပ်ငြိမ်းစေနိုင်သလို၊ ချိန်ရွယ်ထားတဲ့ လက်သီးကို ဖြည်လျော့စေနိုင်သလို၊
ကွဲပြားတဲ့အတွေးအမြင်ကို တစ်နေရာတည်းမှာ စုဆုံစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီးနိုင်သလို အဖွဲ့ရဲ့စည်းလုံးခြင်းနဲ့ တည်ငြိမ်ခြင်းကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

ဒီလိုစကားတစ်ခွန်းက မိသားစုအငြင်းပွားမှုမှာ ပိုအသုံးဝင်ပါတယ်။ လင်မယားကြားမှာ ကိစ္စသေးသေးမွှားမွှားနဲ့ စကားများရန်ဖြစ်တဲ့အခါ တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကိုအရင်ဆုံးပြောလိုက်ရင် သဘောထားကွဲလွဲမှုကို ရပ်တန့်စေနိုင်ပါတယ်။ နှစ်ဦးနှစ်ဖက် သွေးအေးသွားမှ ပြဿနာရဲ့အရင်းအမြစ်ကိုရှာပြီး ဖြေရှင်းနိုင်ပါတယ်။ အချင်းချင်းချစ်ကြိုက်လို့ အတူတကွပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့ ဘာကြောင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာရထိခိုက်အောင် ပြောဆိုငြင်းခုန်ကြမလဲ? "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်" ဆိုတဲ့စကားတစ်ခွန်းက ဘာမှကို မဆုံးရှုံးစေနိုင်ပါဘူး။

"အင်တာနက်ဆိုင်အချို့ ညစ်ညမ်းကားများ အလွယ်တကူကြည့်နိုင်အောင် စီစဉ်၍ သုံးစွဲသူလျော့ကျလာမှုကို ဆွဲဆောင်မြှင့်တင်လာ"




သုံးစွဲသူ နည်းပါး၍ ဝင်ငွေကျဆင်းမှုများ ဖြစ်ပေါ်နေသော အင်တာနက်ဆိုင်အချို့ ကွန်ပျူတာတွင် ညစ်ညမ်းဗီဒီယိုဇာတ်ကားများ အခမဲ့ထည့်သွင်း နည်းလမ်းဖြင့် သုံးစွဲသူများအား ဆွဲဆောင်မှုပြုလုပ်နေကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်လာမှုသည် အင်တာနက်သုံးစွဲမှု နည်းပါးသည့် နယ်မြို့များတွင်သာမက ရန်ကုန်မြို့ ရှိ အချက်အချာကျသည့် မြို့နယ် များတွင်ပါ ပြုလုပ်လျက်ရှိနေသည်။

”ပြီးခဲ့တဲ့လက တောင်ငူသွားတုန်းက အင်တာနက်သုံးချင်လို့ ဆိုင်သွားသုံးတယ်။ ဒက်စတော့ပေါ်မှာ ညစ်ညမ်းပုံတွေ၊ ဇာတ်ကားတွေ တွေ့ခဲ့ရတယ်။ အခု ရန်ကုန် ပြန်ရောက်တော့ ဆိုင်သွားသုံးတော့လည်း ဒီပုံစံတွေ ထပ်မြင်နေရ တယ်။ လူဝင်ဖို့သက်သက်နဲ့ အခု လိုမျိုးအရှက်သိက္ခာမဲ့ လုပ်ရပ်တွေ တော့ မပြုလုပ်သင့်ပါဘူး” ဟု လသာမြို့နယ်မှ မသက်စုအောင် က ပြောသည်။
ယင်းအပြင် အချို့အင်တာနက် ဆိုင်များမှာ ညစ်ညမ်းကားများကို ပေါ်လွင်အောင် ဒက်စတော့ပေါ် တွင် တင်မထားသော်လည်း My Computer , My Document ဖိုင်များတွင် ဖိုဒါ (Folder)များ ပြု လုပ်၍ သုံးစွဲသူကြည့်ရှုရန် ထားရှိ ပေးနေကြောင်း ပုဇွန်တောင်မြို့ နယ် လိပ်ကန်လမ်းမှ အင်တာနက် သုံးစွဲသူတစ်ဦးက ပြောသည်။

”နိုင်ငံခြား မိန်းကလေးတွေ မပေါ်တပေါ် ပုံတွေတင်ထားရင် အင်တာနက်သုံးလို့ အဆင်ပြေပါ သေးတယ်။ ခုဟာက Memory Stick ထိုးပြီး My Computer ဝင်လိုက်တာနဲ့ မြင်မကောင်းအောင် ပုံတွေ တွေ့နေရပြီ။ ကိုယ်က ဆက်သုံးနေရင် စိတ်ကမလုံတော့ ဘူး။ ကိုယ်က ကြိုက်လို့ ကြည့်နေ တဲ့ပုံစံမျိုး ပေါက်နေတယ်။ နှမချင်း ကိုယ်ချင်းမစာတဲ့ လုပ်ရပ်မျိုးနဲ့ တော့ ဝင်ငွေမရှာသင့်ပါဘူး” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် တောင် လုံးပြန်ရပ်ကွက်မှ မငြိမ်းငြိမ်းက ပြောသည်။

လက်ရှိတွင်အင်တာနက် ဆိုင်အများစုမှာ ကော်နက်ရှင်ကျဆင်း ခြင်း၊ မိုဘိုင်းဖုန်းမှတစ်ဆင့် အင် တာနက်သုံးစွဲသူများပြားနေခြင်း ကြောင့် ဆိုင်တွင် လာရောက်သုံး စွဲသည့်နှုန်းမှာ ကျဆင်းနေခဲ့သည်။ ဆိုင်၏ ဝင်ငွေ၊ ထွက်ငွေရပ်တည်မှုမှာလည်း မမျှတသည့်အနေအထား တွင်ရှိနေ၍ ဆိုင်အချို့မှာ နိုင်ငံတကာသို့ ဖုန်းဆက်သွယ်နိုင် မည့် Pfingo, Skype, Y-talk စသည့် စနစ်များ၊ ဂိမ်းကစားနည်းအမျိုးမျိုး နှင့် လူငယ်အမျိုးသားများ ကြိုက်နှစ်သက်စေမည့် ညစ်ညမ်းဇာတ်ကား အချို့တို့ဖြင့်ပါ ဆိုင်ရှေ့ဆက် ရပ်တည်နိုင်မှုကို ပြုလုပ်နေခြင်း ဖြစ်သည်။

Popular Myanmar News Journal

ကမ္ဘာ့အလှမယ်ပြိုင်ပွဲ နေရာပြောင်းရွှေ့မှု စီစဉ်သူ သူဌေးကြီးက အစိုးရကို ဝေဖန်





အင်ဒိုနီးရှားနိုင်ငံသို့ ကမ္ဘာ့ အလှမယ်ပြိုင်ပွဲကိုဆောင်ကြဉ်း လာသောမီဒီယာသူဌေးကြီးက သဘောထားတင်းမာသော မူဆ လင်တို့၏ ဖိအားပေးမှုကြောင့် အလှမယ်ပြိုင်ပွဲအား ဘာလီသို့ ပြောင်းရွှေ့ကျင်းပရန် ဆုံးဖြတ် ခဲ့သည့်အစိုးရအား ပြင်းထန်စွာ ပုတ်ခတ်ဝေဖန်ခဲ့သည်ဟု သိရ သည်။

ဒေသခံပြိုင်ပွဲဖြစ်မြောက် ရေးစီစဉ်သူ MNC မီဒီယာအုပ်စု အကြီးအကဲ ဟာရီတာနိုအဆို အဒီဂျိုက အာဏာပိုင်တို့ကအမိန့် ထုတ်ပြန်ခဲ့ပြီးနောက် အခြားရွေး ချယ်စရာမရှိသည့်အတွက် ကမ္ဘာ့ အလှမယ်ပြိုင်ပွဲကို ဘာလီကျွန်း တွင်သာ ကျင်းပမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မူလအစီအစဉ်တွင် အလှ မယ်ပြိုင်ပွဲ၏ အစောပိုင်းအကျော့ ပြိုင်ပွဲများကို ဘာလီတွင်ကျင်းပ မည်ဖြစ်ပြီး နောက်ပိုင်းအကျော့ များနှင့် ဖိုင်နယ်အကျော့များကို ဂျကာတာမြို့တွင် ကျင်းပသွား မည်ဖြစ်သော်လည်း ယခုအခါ ပြိုင်ပွဲတစ်ရပ်လုံးကို ဘာလီကျွန်း တွင်သာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

ကမ္ဘာ့အလှမယ်ပြိုင်ပွဲနှင့် ပတ်သက်၍ ကမ္ဘာပေါ်ရှိမူဆလင် အများဆုံးနေထိုင်သော အင်ဒို နီးရှားနိုင်ငံရှိ အစ္စလာမ္မစ်အစွန်း ရောက်တို့က နိုင်ငံတစ်လွှားတွင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးနောက် အစိုးရက ပြိုင်ပွဲတစ်ရပ်လုံးကို ဘာလီကျွန်းတွင်သာကျင်းပရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်ရက်သတ္တပတ် က ပြိုင်ပွဲတစ်ရပ်လုံးကို ဘာလီ သို့ ရွှေ့ပြောင်းကျင်းပရန်မဖြစ် နိုင်ကြောင်း၊ အစိုးရ၏ဆုံးဖြတ် ချက်ကို ပြောင်းလဲလာစေရန် ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း MNC ထုတ်ဖော်ပြောကြားခဲ့သည်။

သို့ရာတွင် တာနိုအဆိုအဒီဂျိုက အစိုးရ၏ ဆုံးဖြတ်ချက်ပြောင်း လဲမှုကို ကြိုးပမ်းရမည့်နောက်ဆုံး အချိန်ပင်ဖြစ်ကြောင်း၊ ပြိုင်ပွဲနေ ရာကို ပြောင်းရွှေ့ကျင်းပရခြင်း အပေါ် မနှစ်မြို့မိကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းက အင်ဒိုနီးရှား ၏ဂုဏ်သတင်းကိုညှိုးမှိန်စေမည် သာဖြစ်ကြောင်း ပြောကြားခဲ့ သည်။

မီဒီယာသူဌေးကြီး တာနို အဆိုအဒီဂျိုသည် ဖောဘက်စ် မဂ္ဂဇင်း၏အဆိုအရ အမေရိကန် ဒေါ်လာ ၁ဒသမရဘီလီယံ ချမ်း သာကြွယ်ဝကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်ကလည်း အစ္စလာမ္မစ်အစွန်းရောက်တို့၏ကန့်ကွက်မှုကြောင့် ဂျကာတာ တွင်ကျင်းပမည့် ကမ္ဘာကျော်ပေါ့ပ် စတား လေဒီဂါဂါ၏ဖျော်ဖြေပွဲကို အစိုးရက ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
ကမ္ဘာ့အလှမယ်ပြိုင်ပွဲ ကို ဘာလီကျွန်းတောင်ဘက် နူဆာ ဂျူအာမြို့တွင် ကျင်းပမည်ဖြစ် သော်လည်း တာနိုအဆိုအဒီဂျို က အသေးစိတ်ကိုပြောကြားခဲ့ ခြင်း မရှိခဲ့ကြောင်း သိရသည်။

Miss Universe Myanmar အလှပုံများ























Tuesday, September 17, 2013

ဆေးသောက်ခြင်း





၁၇.၉.၂၀၁၃၊ အင်္ဂါနေ့

သောက်လိုက်တဲ့ဆေးရဲ့ အာနိသင်အပြည့်အဝရဖို့ဆိုရင် ဆရာဝန်ညွှန်ကြား
ထားတဲ့အတိုင်းသောက်တာက အကောင်းဆုံးဖြစ်ပါတယ်... ဒါပေမဲ့ အရွယ်ရောက်ပြီးသူ ၁၀ ယောက်မှာ ၄ ယောက်လောက်ဟာ ဆရာဝန်
ညွှန်ကြားထားတဲ့အတိုင်း တိတိကျကျ မသောက်ကြသူများဖြစ်ပါတယ်... သင်ကော ဒီလူစုထဲမှာပါနေပြီလား... ဒါဆိုရင်တော့ အခုဖော်ပြပေးတဲ့
ဆေးသောက်ခြင်း နည်းလမ်းလေးတွေကို လေ့လာဖတ်ရှုဖို့လိုအပ်နေပါပြီ...

၁) ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ

သင်ဘာကြောင့် ဒီဆေးကိုသောက်ရမလဲ... ဘယ်လိုနည်းနဲ့ ဘယ်အချိန်တွေ
မှာသောက်ရမလဲ... ဆေးကိုဘယ်လို ထိန်းသိမ်းထားသိုရမလဲ... ညွှန်ကြား
တဲ့အတိုင်း ဆေးမသောက်ရင်ဘာဖြစ်နိုင်မလဲ စတာတွေကို ဆေးစပြီး
မသောက်ခင်မှာ တတ်ကျွမ်းနားလည်တဲ့သူတွေကို သေချာမေးမြန်းပြီး သိအောင်လုပ်ထားဖို့လိုပါမယ်... သင့်ဆရာဝန်ကိုမေးရမှာ အားမနာပါနဲ့... မရှက်ပါနဲ့.... မေးပြီးရင်သူ့ရဲ့ညွှန်ကြားချက်တွေကိုချရေးထားလိုက်ပါ....

၂) အနာနဲ့ဆေး

ဆရာဝန်က ညွှန်ကြားထားတဲ့ဆေးကို သူ့ကိုသွားပြတဲ့ ရောဂါအတွက်
ပဲသောက်ပါ.... တခြားတစ်ခုခုဖြစ်တာကို အရင်သောက်နေကျဆေးနဲ့ ကုစားဖို့မကြိုးစားပါနဲ့.. အနာနဲ့ဆေးတည့်ဖို့လိုပါတယ်.. တခြားရောဂါ
ဝေဒနာတွေထပ်ဖြစ်နေရင် ဆရာဝန်ဆီပြန်သွားပါ...

၃) စပ်ဆေးတွေမသောက်ပါနဲ့

တခြားသူတစ်ယောက်ယောက်ကို ဘာဖြစ်ရင် ဘယ်ဆေးသောက်ဆိုပြီး လမ်းမညွှန်ပါနဲ့... ကိုယ့်ကို တစ်ယောက်ယောက်က လမ်းညွှန်လာရင်လည်း မသောက်ပါနဲ့... ဆေးဆိုင်တွေက စပ်ပေးတဲ့ ဆေးတွေကိုလည်း မသောက်ပါနဲ့... ဖြစ်တဲ့ရောဂါဝေဒနာချင်းတူရင်တောင်မှ လူတစ်ယောက်နဲ့တစ်ယောက် အခြေအနေအမျိုးမျိုးကွဲပြားနေနိုင်ပါတယ်...

၎) ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့

သက်သာသွားလို့ ဆေးလျှော့လိုက်တာမျိုး... မသက်သာသေးလို့ ဆေး
ထပ်သောက်တာမျိုး ဘယ်တော့မှမလုပ်ပါနဲ့... ဆရာဝန်ညွှန်ကြားတဲ့
အတိုင်းပဲ အတိအကျသောက်ပါ... မသက်သာသေးဘူးထင်ရင်ဆရာဝန်
နဲ့ပြန်တိုင်ပင်ပါ... သူတို့ဟာ သင့်ကိုဆေးညွှန်းပေးနိုင်ဖို့ နှစ်ပေါင်းများစွာ ပညာသင်လေ့လာထားခဲ့ရတာပါ...

၅) စာရင်းပြုစုထားပါ

သောက်တဲ့ဆေးနဲ့ပတ်သက်လို့ သက်ဆိုင်မယ့်အချက်အလက်လေးတွေကို စာရင်းလုပ်ထားတာပိုထိရောက်ပါမယ်... လက်ရှိသောက်နေတဲ့ဆေးတွေ၊ အားဆေးတွေအကုန်လုံးကို ချရေးလိုက်ပါ... ဆရာဝန်ကိုမေးချင်တဲ့ အချက်တွေကိုလည်း ချရေးထားပါ... ဆရာဝန်က ပြန်ရှင်းပြလာတာတွေ၊ ညွှန်ကြားလာတာတွေကိုလည်း ပြန်ချရေးပါ... မတည့်တဲ့ဆေးတွေ၊ တွဲမသောက်သင့်တဲ့ အစားအသောက်တွေကိုလည်း သေချာမှတ်
သားထားပါ... ဒီအချက်အလက်တွေကို သင့်လက်တကမ်းမှာထားပါ... မရှင်းတာရှိရင် ဆေးမသောက်ခင် အဲ့ဒီစာရင်းကိုပြန်ဖတ်ပါ...

၆) အရက်နဲ့တွဲမသောက်နဲ့

တစ်ချို့ဆေးတွေကို အရက်နဲ့တွဲသောက်ရင် ဆန့်ကျင်ဘက်အကျိုးရ
လဒ်တွေ ထွက်လာစေပါတယ်... ဒါကြောင့် ဆေးသောက်နေရတဲ့အချိန်မှာ အရက်မသောက်ပါနဲ့... ဆေးဗူးတွေမှာလည်း အရက်နဲ့တွဲမသောက်
ဖို့ရေးရင် ရေးထားပါလိမ့်မယ်...

၇) ဆေးသောက်ပြီးကားမောင်းခြင်း

တစ်ချို့ဆေးတွေက သောက်ထားပြီးရင် အိပ်ငိုက်ပါတယ်.... တစ်ချို့ကတော့ ဓာတ်မတည့်တဲ့အခါ မူးတာ မေ့တာတွေ ဖြစ်တတ်
ပါတယ်... ဒါကြောင့် ဆေးသောက်ပြီး ကားမောင်းစရာရှိတယ်ဆိုရင် ကားမောင်းလို့ဖြစ်မဖြစ်ကို ဆရာဝန်ကိုသေချာမေးမြန်းဖို့လိုပါ
မယ်... ဖြစ်နိုင်ရင် အိပ်ငိုက်တာနည်းတဲ့ ဆေးတစ်မျိုးမျိုးနဲ့ ပြောင်းပေး
ဖို့ တောင်းဆိုနိုင်ပါတယ်...

၈) ဆေးများတွဲသောက်ခြင်း

မတူညီတဲ့ဆေးတွေကိုတွဲသောက်တဲ့အခါ သွေးထဲမှာရောနှောသွားပြီး မတူညီတဲ့ ကောင်းကျိုး ဆိုးကျိုး အမျိုးမျိုးကိုဖြစ်ပေါ်စေနိုင်ပါတယ်... အာနိသင်တူတဲ့ ဆေးနှစ်မျိုးကိုတွဲသောက်ရင်လည်း ဆေးစွဲတာမျိုးဖြစ်စေနိုင်ပါတယ်... ဒါကြောင့် ဆေးတွေကို တွဲသောက်မယ်ဆိုရင် တွဲသောက်လို့ရ
မရဆိုတာကို ဆရာဝန်ဆီသေချာမေးပါ... ဆေးအသစ်တွေပေးတဲ့
အချိန်မှာလည်း လက်ရှိသောက်နေတဲ့ဆေးတွေကိုပြောပြပြီး တည့်
မတည့်မေးပါ... တခြားအိမ်တွင်းကုထုံးဒါမှမဟုတ် ပရဆေးတစ်မျိုး
မျိုးသောက်နေတယ်ဆိုရင်လည်း ဆရာဝန်ကိုအသိပေးထားဖို့လိုပါလိမ့်မယ်...

၉) အစာမစားခင်သောက်

အစာမစားခင်ဆေးသောက်ဖို့ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် အစာမစားခင် နာရီဝက်အလိုလောက်မှာ သောက်ရပါမယ်.... အစာမစားခင်ဆိုလို့ အစာစားဖို့ ၂ မိနစ်လောက်အလိုမှ သောက်ဖို့ပြောတာ
မဟုတ်မှန်းသတိပြုပါ... အကြောင်းရင်းကတော့ တစ်ချို့ဆေးဝါးတွေဟာ စားလိုက်တဲ့အစာကြောင့် ဓာတ်ပြယ်တာ မထိရောက်တာမျိုးဖြစ်
တတ်လို့ဖြစ်ပါတယ်....

၁၀) အစာစားပြီးသောက်

အစာစားပြီး ဆေးသောက်ဖို့ ဆရာဝန်ကညွှန်ကြားထားတယ်ဆိုရင် အစာစားပြီး ၅ မိနစ်ကနေ ၁၀ မိနစ်လောက်အကြာမှာ သောက်ရပါမယ်... အကြောင်းရင်းကတော့ တစ်ချို့ဆေးတွေဟာ သင့်အစာအိမ်ကို မအီမသာဖြစ်စေတဲ့အတွက် အစာအိမ်ထဲမှာရှိတဲ့ အစာတွေကြောင့် အဲ့ဒီဒဏ်ကို သက်သာစေဖို့ဖြစ်ပါတယ်...

၁၁) ဆေးပတ်လည်အောင်သောက်

ဆေးပတ်လည်အောင်သောက်ဆိုတာက သင်နေကောင်းပြီး သက်သာ
သွားပေမဲ့ ဆရာဝန်ပေးထားတဲ့ဆေးတွေကို ကုန်အောင်ဆက်သောက်
ဖို့ဆိုလိုတာဖြစ်ပါတယ်... အကြောင်းရင်းကတော့ သင့်ကိုယ်ခန္ဓာထဲ
က ရောဂါပိုးမွှားတွေကို အပြီးတိုင်ချေမှုန်းနိုင်ဖို့ဖြစ်ပါတယ်.သင်ဆေးသောက်
ထားတဲ့အတွက် တစ်ချို့ပိုးမွှားတွေ သေဆုံးသွားပေမဲ့ မသေဆုံးသေးပဲ
ကျန်နေတဲ့ ရောဂါပိုးမွှားတွေဟာ ပိုပြီးသန်စွမ်းလာတတ်ပါတယ်... တစ်ချို့က
ဆေးကိုတောင် ခံနိုင်ရည်ရှိပြီး ယဉ်ပါးသွားတာမျိုးအထိ ဖြစ်လာတတ်ပါ
တယ်... ဒီရောဂါပိုးမွှားတွေကြောင့် သင်နေမကောင်းထပ်ဖြစ်နိုင်တဲ့အတွက် ပိုးတွေအကုန်လုံးသေဆုံးသွားစေဖို့ ဆေးပတ်လည်အောင်သောက်ရမှာ ဖြစ်ပါတယ်...

၁၂) ဗီတာမင်အားဖြည့်ဆေး

ဗီတာမင်အားဖြည့်ဆေးတွေကို သောက်သုံးမယ်ဆိုရင်တော့ နေ့ခင်းဘက် အစားစားပြီးချိန်မှာ သောက်ဖို့ အကြံပြုထားကြပါတယ်... အစာလုံးဝမရှိတဲ့
အချိန် အားဖြည့်ဆေးတွေကို လုံးဝမသောက်ပါနဲ့... အကြောင်းရင်းကတော့ အစာမရှိတဲ့အခါမှာ သောက်သုံးထားတဲ့ (ဗီတာမင် ဘီနဲ့စီ လိုမျိုး) ဗီတာမင်ဓာတ်တွေဟာ သင့်ဆီးနဲ့အတူ မြန်မြန်ဆန်ဆန်ပါသွားပြီး အလဟဿဖြစ်သွားနိုင်တဲ့အတွက်ဖြစ်ပါတယ်...

၁၃) ဘေးထွက်အကျိုး

ဆေးတိုင်းမှာ မရည်ရွယ်တဲ့ အကျိုးသက်ရောက်မှုတွေ တုံ့ပြန်မှုတွေရှိနေ
တတ်ပါတယ်... ဒါတွေကို ဘေးထွက်အကျိုး (side effect) လို့ခေါ်ပါ
တယ်... ဖြစ်နိုင်တဲ့ ဘေးထွက်အကျိုးတွေကို သင့်ဆရာဝန်က ကြိုပြော
ပါလိမ့်မယ်... ဒါတွေက သိပ်ကြာကြာလည်း မခံစားရသလို သင့်ကျန်းမာရေး
ကို ထိခိုက်စေမှာလည်း မဟုတ်ပါဘူး... အကယ်လို့ ဆေးတစ်မျိုးမျိုးဟာ
ဘေးထွက်အကျိုးကို များများစားစားခံစားရစေတယ်ဆိုရင်တော့
သင့်ဆရာဝန်ကို ပြန်တိုင်ပင်ဖို့လိုပါပြီ... ဘယ်သူကမှ လူတစ်ယောက်ချင်းစီ
အတွက် ဘေးထွက်အကျိုးကို တိတိကျကျမခန့်မှန်းပေးနိုင်ပါဘူး... ဒါကြောင့် သမားရိုးကျမဟုတ်တဲ့ တုံ့ပြန်မှုတစ်ခုခုကိုခံစားရတာနဲ့ သင့်ဆရာဝန်နဲ့ပြန်
တိုင်ပင်ပါ... ဆေးပြောင်းတာ.. ကုထုံးပြောင်းတာ... ဒါမှမဟုတ် ဘေးထွက်
အကျိုးကိုတစ်နည်းနည်းနဲ့ ကုစားပေးတာမျိုးကို ပြုလုပ်ပေးပါလိမ့်မယ်...

နှိုင်းရင့်နွေ

စစ်တပ်ထာက်လှမ်းရေး ဗိုလ်မှူးအငြိမ်းစားအယောင်ဆောင်ကာ သမ္မတရုံးဝန်ကြီးများ ပိုင်သည်ဟု ဆိုပြီး မြေကွက်လိမ်လည်သူများ ဖမ်းမိ


နိင်ငံတော်သမ္မတရုံးမှ လူကြီးများကို ပိုင်သည်ဟုဆိုပြီး မြေကွက်များ ကို ဈေးနှုန်းချိုသာစွာဖြင့်ရမည် ပြောကာ ဆောက်လုပ်ရေးကုမ္မဏီ တစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ ထံမှ ငွေကျပ်သိန်း၃ဝဝကျော်ကို လိမ်လည် သွားသူနှစ်ဦးအား မရမ်း ကုန်းရဲစခန်းမှ ဩဂုတ်၂၃ရက်က စတင်အမှုဖွင့် စစ်ဆေးနေပြီဖြစ် ကြောင်း သိရသည်။


ကမ္ဘာအေးဘုရားလမ်း (၈) ရပ်ကွက်နေ ဦးအောင်သိန်း ၇၅ နှစ်ဆိုသူထံမှ ဒလမြို့နယ် အိမ်ခြံမြေပွဲစား ဦးလှသိန်းနှင့် နေပြည် တော်နေ ဦးသိန်းလွင်တို့နှစ်ဦးက ၄င်းတို့သည် နိုင်ငံတော်သမ္မတ နှင့်ပိုင်ကြောင်း၊ အကြီးအကဲများ နှင့် အလွန်ရင်းနှီးကြောင်း၊ ၄င်းတို့ ကိုယ်တိုင်ကလည်း တပ်မတော် ထောက်လှမ်းရေးမှူး ဗိုလ်မှူးအ ငြိမ်းစားနှင့် ဗိုလ်ကြီးအငြိမ်းစား များဖြစ်ကြောင်းပြောဆိုကာ မြေ ကွက်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများပြပြီး မြေတစ်ဧကကိုနိုင်ငံတော်မှသတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းသွင်းရမည်ဖြစ် ပြီး မြေကွက်လျှောက်ထားသူအ နေဖြင့် တခြားသူတစ်ဦး၏နာမည် နှင့် ပူးတွဲလျှောက်ထားရမည်ဖြစ် သည်ဟုပြောဆိုပြီး မြေကွက်အား လုံး ဝယ်ယူလိုပါက ငွေဦးစွာပေး ထားရမည်ဟု ပြော သော ကြောင့် ဦးအောင်သိန်းက ဦးထွန်းလွင် အမည်ဖြင့် ဇွန်နှင့် ဇူလိုင်အတွင်း ကငွေကျပ်စုစုပေါင်း ၃၁၂သိန်းကို ကမ္ဘောဇဘဏ်မှ နေပြည်တော် သို့လွှဲပေးခဲ့ကြောင်း၊ ယနေ့ထက် တိုင် မြေကွက်ရရှိအောင်လုပ်မ ပေးသည့်အပြင် ၄င်းတို့ နှစ်ဦး မှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

မရမ်းကုန်း ရဲစခန်းမှ တာဝန် ရှိသူက ''လောလောဆယ်တော့ တရားခံလို့ ယူဆရတဲ့သူတွေကို လိုက်လံစစ်ဆေးနေတုန်းပါ။ မိ တော့ မမိသေးဘူး။ နေပြည်တော် က ရဲတပ်ဖွဲ့တွေနဲ့လဲ ဆက်သွယ် ပြီး ဆောင်ရွက်နေပါတယ်''ဟု ပြောသည်။ ယင်းကဲ့ သို့ နိုင်ငံတော်သမ္မတ ရုံးနှင့် တခြားအကြီးအကဲများ၏ နာမည်ကိုအသုံးပြုကာ လိမ်လည် ခြင်းများသည် လွန်ခဲ့သောသုံးလ ခန့်က ရန်ကုန်တွင်ဖြစ်ခဲ့သည်။ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ''လူကြီးတွေနာမည်ကို သုံးပြီး လိမ်တယ် ဆိုတော့ လောဘ ကြီးတဲ့သူတွေလဲ အကြီးအကဲနဲ့ ပိုင်ရင်နေရာရမယ်။ လုပ်ပိုင်ခွင့် တွေရမယ်ဆိုပြီး ရင်းလိုက်ရာက နေအလိမ်ခံရတာပဲ။ ပြည်သူတွေ အနေနဲ့ လူတိုင်းကိုအယုံမလွယ်ဖို့ လိုတယ်''ဟု ပြောသည်။ အဆိုပါအမှုကို မရမ်းကုန်း ရဲစခန်းက (ပ)၃၅၅/၁၃ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၄၂၀/၄၆၈ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

From: yangon media group

ရေကြီးမှုကြောင့် နာရီဝက်ကျော် နောက်ကျသော်လည်း ရတနာပုံ တက္ကသိုလ် ကျောင်းသားများ စာမေးပွဲဖြေခွင့်ရ



at 4:24 AM Posted by Venus Curves


The Voice Weekly


စာမေးပွဲဖြေဆိုချိန် နာရီဝက်ခန့် နောက်ကျပါက ဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်း စာမေးပွဲ စည်းကမ်းများတွင် ပါဝင်သော်လည်း ရတနာပုံတက္ကသိုလ် အဝင်လမ်း ရေကျော်လမ်း ပိတ်ဆို့မှုကြောင့် နောက်ကျ ဖြေဆိုခွင့် ပြုထားကြောင်း ရတနာပုံ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ စုံစမ်းသိရှိရသည်။

“ပုံမှန်ဆိုရင် နာရီဝက်နောက်ကျရင် မဖြေရတော့ဘူး။ အခုဟာက တက္ကသိုလ် အဝင်လမ်း ရေကျော်ပြီး ကားတွေ ပိတ်ကုန်တော့ ကျောင်းသားတွေက အချိန်မီ မရောက်နိုင်တော့ဘူး။ တချို့ကလေးတွေဆိုရင် နာရီဝက်မက နောက်ကျကုန်ပါတယ်။ နောက်ကျတဲ့ ကလေးတိုင်း ဖြေဆိုခွင့်ရပါတယ်” ဟု ရတနာပုံ တက္ကသိုလ် တွဲဖက်ပါမောက္ခတစ်ဦးက The Voice သို့ ပြောကြားသည်။

အမရပူရမြို့နယ် ထန်းတောကျေးရွာ အနီးတွင် တောင်သမန်အင်း
ရေလျှံမှုကြောင့် မန္တလေး ရတနာပုံ တက္ကသိုလ် အဝင်လမ်းတွင် ကားလမ်း ပိတ်ဆို့မှုမှာ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ခန့်မှစ၍ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ဒုတိယနှစ်ဝက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများမှာ မန္တလေး-ရန်ကုန် ကားလမ်းမမှ တက္ကသိုလ်အထိ တစ်နာရီ နီးပါး (တစ်မိုင်ခန့်) လမ်းလျှောက်ပြီးမှ စာမေးပွဲခန်းသို့ ဝင်ရောက် ဖြေဆိုကြရကြောင်း ယင်း တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ပြောကြားသည်။

“လမ်းတွေက ပိတ်နေတော့ ဆိုင်ကယ်ကို လမ်းမှာပဲ ပစ်ထားပြီး ကျောင်းကို ရောက်အောင် လာခဲ့ရတယ်” ဟု ရတနာပုံ တက္ကသိုလ် တတိယနှစ်သင်္ချာ ကျောင်းသားတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းလမ်းပိတ်ဆို့မှုသည် နံနက်ပိုင်း စာမေးပွဲ ဖြေဆိုချိန်တွင်သာမက နေ့ခင်းပိုင်း ဖြေဆိုချိန်တွင်လည်း ဖြစ်ပေါ် ခဲ့ကြောင်း ရတနာပုံ တက္ကသိုလ် ကျောင်းသားများနှင့် ထန်းတောကျေးရွာ ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။

ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုများကြောင့် တောင်သမန်အင်း ရေလျှံကာ ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း ရေဝင်ရောက်မှုများ ရှိကြောင်း ရတနာပုံ တက္ကသိုလ်ဝန်းကျင် နေထိုင်သူများထံမှ သိရှိရသည်။

မန္တလေးရတနာပုံ တက္ကသိုလ် အဝင်လမ်း ရေကျော်နေမှုကြောင့် လမ်းပိတ်ဆို့ မှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းလမ်းပိတ်ဆို့မှုကို စနစ်တကျ ဖြေရှင်းမှု မပြုနိုင်ပါက ဆက်လက်၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ရန် အလားအလာ ရှိကြောင်း ကျောင်းသား၊ ကျောင်းသူများက သုံးသပ်ပြောကြားသည်။

ရတနာပုံတက္ကသိုလ် ဒုတိယနှစ်ဝက် စာမေးပွဲများကို စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ်မှ ၁၁ နာရီ ၃၀ မိနစ်အထိနှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ နှစ်ကြိမ်ခွဲ၍ ပြုလုပ်ကြောင်း ရတနာပုံ တက္ကသိုလ် ဆရာ၊ ဆရာမများထံမှ သိရှိရသည်။

ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးသင့်ပါသလား



From :မော်ကွန်းမဂ္ဂဇင်း အမှတ်(၈)


၂၀ဝ၇၊ စက်တင်ဘာအရေးအခင်း၏ ပုံရိပ်များက ပြည်သူလူထု၏ မျက်စိထဲတွင် ယနေ့ထက်တိုင် လှုပ်လှုပ်ရှားရှားရှိနေကြဆဲ။ မေတ္တသုတ်ရွတ်ဆိုကာ ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြနေကြသော သံဃာတော်များ၏ပုံရိပ်များ။ ဘေးဝဲယာတွင် လက်ချင်းချိက်ကာ အကာအကွယ်ပေးရင်း လိုက်ပါလာကြသော လူထုပရိသတ်၏ပုံရိပ်များ။ ဆန္ဒပြသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို စစ်သားနှင့် လုံထိန်းရဲများက အတင်းဟန့်တား၊ နှိမ်နင်း၊ ဖမ်းဆီးချုပ်နှောင်နေကြသည့် မြင်ကွင်းများ။





ထိုအရေးအခင်း၊ ထိုမြင်ကွင်းများကား ထင်ရှားလှသော သမိုင်းမှတ်တိုင်တစ်ခုဟု ဆိုနိုင်ပါ သည်။ ဗြိတိသျှအစိုးရ၏ လက်အောက်မှ လွတ်လပ်ရေးရယူနိုင် အောင် လူထု၏ နား၊ မျက်စိကို ဖွင့်ပေးခဲ့ခြင်းမှအစပြု၍ ၂၀ဝ၇ ရွှေဝါရောင်အရေးအခင်းအထိ သံဃာတော်များ၏ အခန်းကဏ္ဍ သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် များစွာအရေးကြီးခဲ့ပါသည်။


ရွှေဝါရောင်တော်လှန်ရေးမှာ ဘာသာရေးစွက်ဖက်မှု အစိုးရကို နိုင်ငံရေးအရ ဖြုတ်ချရန် ကြိုး ပမ်းမှု ဖြစ်ခဲ့သည့်အတွက် ဘာသာပေါင်းစုံ ပါဝင်ကာ ဆင်နွှဲခဲ့ သည့် တော်လှန်ရေးတစ်ရပ်ဖြစ်ခဲ့သည်။



သို့သော်လည်း အရပ်သားအစိုးရတက်လာပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ဆောင်နေသည့် ယနေ့လို ကာလမျိုးတွင် သံဃာတော်များနှင့် နိုင်ငံရေး ယခင်ကလို ဆက်လက် ပတ်သက် သင့်၊ မသင့်နှင့် ပတ်သက်သင့်သည်ဆိုပါက မည်သည့်အတိုင်း အတာအထိ ပတ်သက်သင့်သလဲအစရှိသော မေးခွန်းများမှာ မေးမြန်းစရာဖြစ်လာပါသည်။


အထူးသဖြင့် ယမန်နှစ်မှ အစပြုကာ သံဃာတော်အချို့ ဦး ဆောင်လှုပ်ရှားလာသည့် ၉၆၉ လှုပ်ရှားမှုနှင့် မျိုးစောင့်ဥပဒေ ကိစ္စရပ်များက ထိုကဲ့သို့သော မေးခွန်းများ ပေါ်ထွက်လာအောင် တွန်းအားပေးသကဲ့သို့ဖြစ်နေပါသည်။


အဆိုပါမေးခွန်းများကို တတ်စွမ်းသမျှ ဆန်းစစ်ကြည့်နိုင် ရန် ကျွန်ုပ်တို့မော်ကွန်းက သံဃာတော်အချို့၊ နိုင်ငံရေးသမား အချို့ နှင့် နိုင်ငံရေးလေ့လာသူအချို့ကို ချဉ်းကပ်မေးမြန်းခဲ့ပါသည်။




xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


စင်စစ်တွင် မြန်မာ့သမိုင်းကြောင်းတစ်လျှောက် ဖြစ်ထွန်း လာခဲ့သည့် အခြေအနေများကို ကြည့်လျှင် ရဟန်းသံဃာများကို နိုင်ငံရေးမှ ခွဲထုတ်စဉ်းစားဖို့ဟူသည်မှာ မဖြစ်နိုင်သလောက်ရှိ သည်ဟု နိုင်ငံရေးသမားအချို့နှင့် နိုင်ငံရေးလေ့လာသူအချို့က ဆိုပါသည်။


ထိုအယူအဆကို လက်ခံသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူ ဦးဌေးကြွယ်ကတော့ သမိုင်းကြောင်းအစဉ်အလာအရ ကြည့်လျှင် သံဃာတော်များ ၏ အခန်းကဏ္ဍသည် နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့တွင် ပါဝင်လာခဲ့သည့်သဘောကို တွေ့ရသည်ဟု ဆိုပါသည်။



“ယဉ်ကျေးမှုနဲ့ ကိုးကွယ်မှုဘာသာတွေမှာသာမကဘဲ ကျွန် တော်တို့လူ့အဖွဲ့အစည်းတည်ဆောက်မှုမှာပါ ဗုဒ္ဓဘာသာ သာသနာဟာ ကြီးမားတဲ့ (အဖွဲ့အစည်း)တစ်ခုပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ၊ လူမှုရေးမှာ၊ ယဉ်ကျေးမှုမှာ ဘယ်လိုမှ သီးခြားခွဲထုတ်ပြီး စဉ်းစားလို့မရဘူး”ဟု ဦးဌေးကြွယ်ကဆိုသည်။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx-


အောက်ခြေတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ မည်မျှပင် ဩဇာအာဏာရှိသည်ဖြစ်စေ ရွာဦးဘုန်းကြီးကျောင်းက ဆရာ တော်ကို မလွန်ဆံ့ဝံ့ကြဘဲ လိုအပ်လျှင် ဘုန်းတော်ကြီးများ ဝင် ရှင်းရသည့်အခြေအနေများမှာ ယနေ့တိုင်ရှိနေပါသေးသည်။ ပွဲ လမ်းသဘင်ရှိသည့်အခါမျိုးဆိုလျှင် သံဃာတော်များသည် ပွဲ ထိန်းလည်း ဖြစ်ချင်ဖြစ်သွားတတ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက သူကြုံတွေ့ခဲ့ရသည်များကို ပြောပြသည်။





“ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဘယ်လိုပဲ အာဏာရှိသည် ဖြစ်စေ ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်ကြီးတွေကို ဘယ် သူမှ မတွန်းလှန်နိုင်ပါဘူး။ တစ်ခုခုဖြစ်ရင်၊ အာဏာပိုင်တွေမနိုင် ရင် ရွာဦးဘုန်းတော်ကြီးကိုပဲ သွားခေါ်ရတာ” ဟု ဆိုသည်။


ယင်းသို့ပါဝင်ကြရခြင်းမှာလည်း လူ့အဖွဲ့အစည်းအတွင်း တွင် နေထိုင်နေကြသော သံဃာတော်များသည် လူမှုအဖွဲ့အစည်း ၏ ရိုက်ခတ်မှုကို သူတို့လည်းပဲ ခံကြရသည့်အတွက်ကြောင့်ဖြစ် သည်ဟု နိုင်ငံရေးသိပံ္ပပါရဂူဘွဲ့ ဆည်းပူးနေသူ ဦးမင်းဇင်က သုံး သပ်ပါသည်။


“လွတ်လပ်ရေးတိုက်ပွဲမှာ ပိုထင်ရှားတာပေါ့။ အဲဒီကာလ မှာတော့ ရဟန်းသံဃာတော်တွေရဲ့ အခန်းကဏ္ဍက တော်တော့် ကို အရေးပါပါတယ်။ ရဟန်းသံဃာတွေက ဦးစီးဦးဆောင်ပြုခဲ့ တာတွေ အများကြီးရှိပါတယ်။ သမိုင်းကြောင်းအရ အရေးပါ တယ်” ဟု ဦးမင်းဇင်ကဆိုသည်။


တစ်ချိန်တည်းတွင် ဦးမင်းဇင်က ယခုလို မှတ်ချက်ပြုပါသည်။


“ဒါပေမဲ့ သမိုင်းကြောင်းအရ အရေးပါတိုင်း ဒါဖြစ်သင့် လား၊ မဖြစ်သင့်ဘူးလားဆိုတာကတော့ သီးခြားဖြစ်သွားတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးက ခွဲထားတာအကောင်းဆုံးပဲ”


အမျိုးသားနိုင်ငံများ၏ လက္ခဏာမှာ ပြည်သူကို စုစည်း၊ စည်းရုံးမည့်သူသည် ပြည်သူလူထုက ရွေးကောက်သည့်သူပဲဖြစ် ရမည်ဟူသည့် သဘောမျိုးရှိကြောင်း ဦးမင်းဇင်က သုံးသပ် ပါသည်။






OIC အဖွဲ့ကို ကန့်ကွက်ဆန္ဒပြနေကြသော သံဃာတော်များ (Photo: Aung Pyae)


Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Myanmar People Forum မှ ဦးကျော်လင်းဦးကလည်း သံဃာတော်များနှင့် နိုင်ငံရေး မပတ်သက်သင့်ဟုဆိုသည်။


“အမှန်တကယ်ကျတော့ ဘုန်းကြီးတွေက ဘာသာရေး လုပ်ငန်း၊ လောကုတ္တရာလုပ်ငန်းတွေကို ဦးဆောင်ပြီးတော့ ဘာ သာရေးခေါင်းဆောင်အနေနဲ့ လုပ်ရတဲ့အတွက်ကြောင့်မို့လို့ ဘုန်းကြီးဟာ နိုင်ငံရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ မသင့်ဘူးလို့ အကြမ်းဖျင်းပြောလို့ရတယ်”ဟု ဦးကျော်လင်းဦးကဆိုသည်။



“ဘုန်းကြီးနဲ့ နိုင်ငံရေးမဆိုင်ဘူး”ဟု သူက မှတ်ချက်ပြုသည်။


သို့သော်လည်း အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေး လှုပ်ရှားမှုမှသည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက် ရေးလှုပ်ရှားမှုအထိ သံဃာတော်များ ပါဝင်မှု ရှိခဲ့ကြသည့်အတွက် ဘုန်းကြီးများနှင့် ဘာသာရေးကို ခွဲထုတ်မရ ဖြစ်နေရသည်ဟု၎င်းက ဆိုသည်။


ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (Yangon School of Political Science-YSPS) ကို တည်ထောင်သူများထဲတွင် ပါဝင်ပြီး ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဦးစိုးမြင့် အောင်ကတော့ ဘုန်းကြီးနှင့် နိုင်ငံရေး ပတ်သက်သင့်၊ မသင့်ဆို သည်မှာ ယတိပြတ်ပြော၍ မရဟုဆိုသည်။ ဖြစ်စဉ်ကို ကြည့်ပြီးမှ သာ ပတ်သက်သင့်၊ မသင့်ကို ပြောနိုင်လိမ့်မည်ဟု ဆိုသည်။


၉၆၉ နှင့် မျိုးစောင့်


သံဃာတော်များအားလုံး နိုင်ငံရေးလုပ်သင့်သည်ဟု ခံယူ ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ ကမူ သူ့အနေနှင့် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများကို အကာ အကွယ်ပေးမည့် မျိုးစောင့်ဥပဒေကို လက်လည်း လက်ခံသည်။ ကြိုက်လည်း ကြိုက်သည်ဟုဆိုသည်။


“ဆရာတော်ကြီးတွေကိုလည်း အဲဒီဥပဒေ ရေးဆွဲပေးတဲ့ အတွက်ကြောင့် စိတ်ထဲမှာ ကျေးဇူးတင်လျက်ရှိပါတယ်။ ခေတ် ကြီး သုံးခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ သုခနဲ့ ဒုက္ခများကို အခြေခံပြီးပြောရတာပါ”ဟု ဒေါ်လဲ့လဲ့ဝင်းဆွေက၎င်းတစ်ဦးတည်း၏ အမြင်ကိုပြောသည်။


ကိုလိုနီခေတ်တွင် မြန်မာအမျိုးသမီးများ၏ ဘဝမှာ နိုင်ငံခြားသားများ၏ ပျော်တော်ဆက်ဘဝသာဖြစ်ခဲ့ရပြီး ၎င်း တို့၏ ခင်ပွန်းများ သေဆုံးသွားသည့်အခါ သိရဲ့သားနှင့် မတတ် နိုင်၍ဖြစ်စေ၊ မသိ၍ဖြစ်စေ အခွင့်အရေးများ ဆုံးရှုံးနေရသော ကြောင့် ခေတ်ကြီးသုံးခေတ်ကို ဖြတ်သန်းခဲ့ရသည့် အမျိုးသမီး များ၏ ဒုက္ခနှင့် သုခများကို အခြေခံကာ ယခုကဲ့သို့ ပြောရခြင်း ဖြစ်သည်ဟု ဆိုသည်။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


“သားသုံးသားက ခုနပြောတဲ့ သူတို့အလုပ်တွေကို မလုပ် ဘဲနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ လုပ်နေရတယ်ဆိုတာ အဲဒီ တိုင်းပြည်ဟာ ပုံမှန်မဟုတ်တဲ့ တိုင်းပြည်၊ ပုံမှန်မဟုတ်တဲ့ အခြေ အနေဖြစ်နေပြီလို့ ကျွန်တော်က ထင်တယ်”ဟု ဦးမင်းဇင်က ဆိုသည်။


ရဟန်းတော်များအနေဖြင့် ၎င်းတို့၏တာဝန်ဖြစ်သည့် ပဋိယတ်၊ ပဋိပတ်၊ ပဋိဝေဒ အလုပ်များကိုလုပ်သင့်ပြီး စစ် သားများဆိုလျှင်လည်း ပရော် ဖက်ရှင်နယ်ပီသစွာ တိုင်းပြည် ကာကွယ်ခြင်းနှင့် ပြည်တွင်း ပြည်ပရန် ကာကွယ်ခြင်းများ လုပ်သင့်သည်ဟုဆိုသည်။ ကျောင်းသား များဆိုလျှင်လည်း ပညာရေးတွင် ထူးချွန်အောင် ကြိုးစားပြီး အသက်မွေးဝမ်း ကျောင်း နယ်ပယ်ထဲတွင် ဝင် ရောက်ကာ တိုင်းပြည်တိုးတက် ရေးအတွက် တစ်စုံတစ်ရာ ပါ ဝင်သင့်သည်ဟု ဦးမင်းဇင်က သုံးသပ်သည်။


ရွှေညဝါဆရာတော် ယူဆ သည်ကလည်း နိုင်ငံရေးမှာပါဝင် ပတ်သက်သည့် ဘုန်းတော်ကြီး များအနေနှင့် ကိုယ်လုပ်နိုင်သည့် အတိုင်းအတာထက် ပိုပြီးတော့ မလုပ်သင့်ဟု မိန့်ပါသည်။


“အဲဒီကိစ္စတွေများသွားရင် တို့ရဲ့ မူလ ပဋိပတ္တိ၊ ပရိယတ္တိ တွေ လျော့ရဲသွားရင် တို့ရဲ့ အစဉ်အလာ ကောင်းခဲ့တဲ့ ထေရဝါဒ တို့တိုင်းပြည်ကြီးဟာ လောကီရေးရာ တွေနဲ့ ရှုပ်ယှက်ခတ်လို့ လောကအရေး ရှေ့တန်းရောက်သွားရင် လောကုတ္တရာရေးရာ တွေ မှေးမှိန်ပြီးတော့ သာသနာ ဆုတ်ယုတ်သွားလိမ့်မယ်”ဟု ရွှေညဝါဆရာတော်က မိန့်ပါသည်။


အခြားတစ်ဖက်တွင်လည်း လူများက ဘုန်းကြီးကိစ္စများ တွင် ဝင်မရှုပ်ဖို့နှင့် ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ ရွှေညဝါဆရာ တော်က ယခုလိုမိန့်ပါသည်။


“လူဟာလည်းပဲ ဘုန်းကြီးတွေအလုပ်ကို ဝင်ရှုပ်ရင် မတော်ဘူး။ ဘုန်းကြီးတွေက လူအလုပ်ကို ဝင်ရှုပ်လွန်းရင်လည်း မတော်ဘူး”

Related Posts Plugin for WordPress, Blogger...