Thursday, September 12, 2013

ရတနာပုံဆိုက်ဘာစီးတီး က ကျောင်းပြေးတွေကို အလိုမလိုက်ကြပါနဲ့




လာမယ့် ၂၃- စက်တင်ဘာမှာ အတန်းတင်စာမေးပွဲမှာ ဖြေဆိုခွင့်မရလို့ ဆန္ဒပြကြတဲ့ ရတနာပုံ ဆိုက်ဘာ စီးတီး က သူငယ်ချင်းတွေ အကြောင်းပြောပြချင်ပါတယ် ။ကျွန်တော်တို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)မှာ ကျောင်းသား/သူ ၂၀၅၈ယောက် တတ်ရောက်နေပါတယ် ။ ကျောင်းစအပ်ပါပြီ ဆိုက တည်းက ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်မှ စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ပြုမယ် ဆိုတဲ့ စည်းကမ်း ချက်ပါရှိပါတယ် ။ မိဘတွေနဲ့ ကျောင်းသား/သူတွေကိုယ်တိုင် သိရှိပါကြောင်း လိုက်နာပါမယ် ဆိုတဲ့ အကြောင်း လက်မှတ် ထိုးခဲ့ပြီးဖြစ်ပါတယ်။ကြေငြာဘုတ်မှာလည်း အမြဲသတိပေးစာ ကပ်ရှိထားပါတယ်။ (၂)လ တကြိမ်လည်း ကျောင်းသား/သူတွေ ကိုယ်တိုင် မိမိတို့ကျောင်းတတ်ချိန်ရာခိုင်နှုန်းကို သိရှိစေဖို့ ထုတ်ပြန်ပေးတတ်ပါတယ်။
တကယ်တော့ အခုလို ဆန္ဒပြပြီး အသနားခံစာတင် တဲ့ ဖြစ်စဉ်ထဲက ကျောင်းသား/သူတွေ ဟာ ကျောင်းပြေး တဲ့ လူတွေဖြစ်ပါတယ် ။ အားလုံးသိကြတဲ့ အတိုင်း ကျွန်တော်တို့ ဆိုက်ဘာစီးတီး က ပြင်ဦး လွင်မှာ ဖွင့်လှစ် ထားတာပါ ။ဒီတော့ လည်စရာပတ်စရာတွေ အများသားပေါ့ဗျာ။ တက္ကသိုလ်ဟာ ရတနာပုံမြို့သစ်ထဲမှာ ရှိတယ် ဆိုပေမယ့် အပြင်ထွက်ဖို့ လမ်းတွေအများကြီးပဲဗျ။ မြို့ခံနည်းပြီး နယ်ကျောင်း သားတွေများတော့ ကျောင်းပိတ်ရက်အပြင် ကျောင်းဖွင့်ရက်ကိုပါ ကျောင်းပြေးပြီးလျှောက်လည်ကြ၊ အတွဲရှိသူတွေက ချိန်းတွေ့ကြပေါ့ခင်ဗျာ။မန္တလေးကလာတတ်တဲ့ ကျောင်းသားတွေနဲ့ တစ်ချို့ကျောင်း သားတွေ ဆိုရင် ကျောင်းဖွင့်ရက်ကို မန္တလေးထိဆင်းတတ်ကြ ပါသေး တယ်။ ကျောင်းသားတော်တော် များက သင်ခန်းစာ တတ်ရောက်မှူခေါ်ကြိမ်ခေါ်ဆိုမှူ(roll call)အချိန် အထိ လက်ချာခန်း ကို ရောက်မ လာတတ်ကြပါဘူး။ ရောက်လာတဲ့သူတွေထဲက တဝက်လောက်ကလည်း ခုံပေါ်မှောက်အိပ်နေတဲ့ လူတွေများပါတယ်။ တစ်ချို့ကတော့ ဖုန်းကလိနေသူတွေအပြင် ရှေ့က (roll call)) ခေါ်နေတဲ့ ဆရာ/မ ကိုအားမနာ ရိုသေမှူမရှိပဲ အော်ကြီးဟစ်ကျယ် စကားပြောနေသူတွေ နဲ့ ဖွန်ကြောင်နေသူတွေလည်း ရှိပါသေးတယ်။ကန်တင်းကနေ မထတဲ့သူတွေလည်းရှိပါသေးတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာ နာပေမယ့်လည်း ကျောင်းသားပေါင်း နှစ်ထောင်ကျော်တတ်တဲ့ တက္ကသိုလ်မှာ ဘာမဟုတ်တဲ့ စည်းကမ်းပျက်ကျောင်းသား ၁၀၀ ကျော်လောက်ကြောင့် နည်းပညာတက္ကသိုလ် ရတနာပုံဆိုက်ဘာ စီးတီး က ကျောင်းသားတွေက ဒီလိုချည်းလားဆိုတဲ့ အမြင်နဲ့အပြောကို မခံချင်လို့ ငါးခုံးမ တွေအကြောင်း ကို ပြောပြရခြင်းပါခင်ဗျာ။
ကျောင်းသား/သူတွေဟာ ပြင်ဇာရွှာနားမှာ အဆောင်ငှားနေကြတာပါ။တစ်ချို့ကျောင်းသားတွေဆို ပရက်တီ ကယ်(လက်တွေ့)ချိန် ရှိမှသာ ကျောင်းလာကြတာတွေလည်းရှိပါတယ်။ အခုကိစ္စမှာ ကျောင်းသားတွေ ဘက်ကလွန်သလား ၊ကျောင်းပြေးတွေလွန် သလားဆိုတာ မိဘပြည်သူများပဲ ဆုံးဖြတ်ပေးကြပါ ခင်ဗျာ။ ကျောင်းသားပေါင်း ၂၀၂၅ ယောက်ရှိတဲ့ကျောင်းမှာ ကျန်တဲ့ကျောင်းသား ၁၈၄၇ ယောက် က ကျောင်းမှန်မှန်တတ်လို့ စာမေးဖြေဆိုခွင့်ရရှိပြီး အခုဆန္ဒပြ တောင်းဆိုတဲ့ကျောင်းသား ၁၇၈ ယောက်( ၈% လောက်ပဲရှိတဲ့ကျောင်းသားတစ်စု)က ကျောင်းခေါ်ချိန်မပြည့်လို့ စာမေးပွဲဖြေခွင့်မရဘူး ဆိုတာ ဘယ်သူတွေ အလွန်ပါလဲ။ကျောင်းမှာလည်း ခေတ်နဲ့အညီ ဗ-က-သ တွေဖွဲ့ပါတယ် ။ဘာလုပ်ပါ သလဲ။ ကျောင်းပြေး ခေါင်းဆောင်တွေများတဲ့ အဖွဲ့ပါပဲ။စာသင်ခန်းထက် ပြင်ဦးလွင်လမ်းမမှာ လမ်းကွေ့ ဘယ်နှကွေ့၊ဘယ်နေရာမှာ ဆီဆိုင်၊ဘယ်နေရာမှာ ကွမ်းယာဆိုင် ဆိုတာပိုသိတဲ့သူတွေချည်းပါပဲ ။နောက် ရှိပါသေးတယ်။ W.U .S (We are University Students) ဆိုတဲ့ အဖွဲ့တွေပါပဲ ။သူတို့အလုပ်က ငါတို့က တက္ကသိုလ်ကျောင်းသားတွေ ၊ငါတို့ကိစ္စငါတို့ဖြေရှင်းမယ်၊ဘာဖြစ်ဖြစ် ငါတို့အဖွဲ့ကဖြေရှင်းပေးမယ် ဆိုတဲ့ အဖွဲ့ပါပဲ။အဲဒီအဖွဲ့ထဲမှာ ဗ-က-သ လည်းပါတယ်။ အလကားအဖွဲ့ပါဗျာ။ တက္ကသိုလ်မှာ ကျောင်းသားရေးရာ ကိစ္စတွေ ကျောင်းပျော်ပွဲရွှင်ပွဲ တွေမှာသူတို့နှစ်ဖွဲ့စလုံး ဘယ်မှာမှ သုံးစားမရတဲ့ သူတွေ စုစည်းနေ တဲ့သူတွေပါပဲ။ အခုဖြစ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး W.U.S နဲ့ဗ-က-သ တွေ အာကျယ်ပြီး ဖင်မနိုင်ပဲ ပဲဟင်းစားတဲ့ အဖြစ်ကိုပြောပြပါ့မယ်။ ကျွန်တော်တို့ကျောင်းမှာ ကျောင်းခေါ်ကြိမ်ကို ဘာသာရပ် အလိုက် လည်း ၇၅ ရာခိုင်နှုန်းပြည့်အောင် တတ်ရောက်ရပါတယ်။ လက်တွေ့သင်ခန်းစာကိုတော့ ၁၀၀ ရာခိုင်နှုန်း လုပ် ဆောင်ရပါတယ်။ ကျွန်တော်တို့သင်ရတဲ့ပညာတွေက သတင်းအချက်အလက် အိုင်တီနည်းပညာတွေ နဲ့ ပတ်သတ်တာတွေချည်းပါပဲ။ တကယ်တတ်မြောက်မှ ရတဲ့ပညာရပ်တွေပါပဲ။ ဒါကြောင့် သင်ပေး သူ တွေကလည်း ဖိဖိစီးစီး သင်ပေးသလို ကျောင်းသား/ သူတွေ ကလည်း ကိုယ်တိုင် သင်ယူလိုစိတ် တတ်မြောက် လိုစိတ်နဲ့ သေသေချာချာလိုက်နာ သင်ယူကြရပါ တယ်။ ကျောင်းပျက်တဲ့ အခါ ကျောင်းသား ကိုလည်းကောင်း၊ မိဘကိုလည်းကောင်း သတိပေးပါတယ် ။
ကျောင်းသားတွေဟာ သူတို့ကို သိန်းဆယ်ဂဏန်း နဲ့ ကျောင်းထားပေးပေမယ့် သူတို့ကျောင်းပြေး အလေရိုက်နေတာကို အိမ်ကသိရင် ဗျင်းမှာစိုးလို့ ငါတို့တက္ကသိုလ်ကျောင်းသားကိစ္စ ငါတို့ဖြေရှင်းမယ် အိမ်ကိုခေါ် စရာမလို အသိပေးစရာမလိုဆိုပြီး W.U.S က အဖွဲ့တွေဖွဲ့ပြီး လုပ်တော့တာပဲ။ အဲဒါေ ကြာင့် ကျောင်းသားတွေ ကျောင်းပြေးနေတာကိုအချိန်မှီတားမြစ်နိုင်ဖို့ ကျောင်းက ကြိုးစားထားပေမယ့် အသုံးမကျတဲ့ W.U.S နဲ့ဗ-က-သ ဖွန်ကြောင်၊ ငမူးကောင်တွေက ဦးဆောင်ပြီး တစ်ခြားကျောင်းသားတွေ အတွက်ကို လည်း မိဘကိုမခေါ်ပဲ ဟုတ်ကဲ့နောက်တစ်ခါမဖြစ်စေရပါဘူး ဆိုတဲ့စကားတွေနဲ့ ထပ်ခါထပ်ခါကျောင်းပြေးလိုက် အလေရိုက်လိုက်လုပ်နေပြီး အခုလိုကျောင်းရဲ့ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း မပြည့်တဲ့အတွက် စာမေးပွဲ ဖြေဆိုခွင့် မရခဲ့ခြင်းပါ ခင်ဗျာ။အဲဒါကြောင့်လည်း အခုစာမေး ပွဲဖြေခွင့်မရတဲ့အထဲမှာ သူတို့နှစ်ဖွဲ့က လူတွေတစ်ဝက်လောက် ပါပါတယ်။ အခုကျမှ သူတို့တွေကပြော ပါသေးတယ်။ ပေါင်ချိန်ဇာတ်ကား ထဲကလို မတရားခံရတာပါတို့၊ ဂုဏ်သိက္ခာ ကျပါတယ် တို့ ဆိုပြီးတော့ လေလုံးထွားကြပါသေးတယ်။မိဘပြည်သူများနှင့် တာဝန်ရှိသူများခင်ဗျား။ လက်ချာ ချိန် ကျောင်းပြေး လိုက် ဆော်ကြောင်လိုက် လမ်းသလားလိုက် လုပ်နေပြီး စာမေးပွဲဖြေ ခါနီးမှ ကျောင်း ကိုလာ၊ခေါ်ကြိမ်မပြည့်လို့ စာမေးပွဲဖြေခွင့်မရ ၊ဖြေခွင့်မရတော့(ကျပေါ့-ဒါများအဆန်း လုပ်လို့) W.U.S နဲ့ ဗ-က-သ က ကွမ်းဂျိုးတွေဦးဆောင်မှူနဲ့ ဆန္ဒပြကြတာပါ။
တစ်ကျောင်းလုံးရဲ့ ၈% သော ကျောင်းပြေးတစ်စုရဲ့ အလိုကိုလိုက်ပြီး စာမေးပွဲဖြေဆိုခွင့်ပေးမယ်ဆိုရင်တော့ ကျန်သော ကျောင်းတတ် မှန်တဲ့ကျောင်းသား တွေကလည်း သူတို့လို ကျောင်းပြေးနေပြီး စာမေး ပွဲ ဖြေဆိုချိန် ကျမှ ဆန္ဒပြပြီး စာမေးပွဲဖြေခွင့်တောင်းပါတော့မယ် ။ ဒါကြောင့် ဒီကိစ္စ ကို ပြတ်ပြတ် သားသား စံပြ အနေနဲ့ ထိရောက်စွာ အပြစ်ပေးဖို့နဲ့ သူတို့ကျောင်းပြေးတွေတောင်းဆိုတာကို မလိုက်လျော ဖို့ ပြန်လည်တောင်းဆိုပါတယ်ခင်ဗျား။


ဖိုးထက်(ICT)

(အောက်ပါပုံ တွင် ကျောင်းစအပ်စဉ်က သိရှိလိုက်နာပါမည့်အကြောင်း စည်းကမ်းများ နှင့်ဝန်ခံကတိပြုချက် များကိုဖော်ပြထားပါသည်)






Apple တို့ ကြေညာလိုက်တဲ့ iPhone 5S





From : .... အောင်ခမ်း (ရိုးရာလေး)





မနေ့ညက လူတိုင်း စောင့်ဆိုင်းနေတဲ့ iPhone 5S ကို ကြေညာပြီးသွားပါပြီ။ ထူးခြားလာမှု အနေနဲ့ ကတော့ ကမ္ဘာ့ ပထမဆုံး 64 bit စမတ်ဖုန်းလို့ ဝံ့ကြွားနိုင်လိုက်ခြင်း ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတစ်လုံးအနေနဲ့ သူ့ Processor က 64 bit အလုပ်လုပ်တယ်ဆိုရင် ကွန်ပြူတာ တစ်လုံးရဲ့ မြန်ဆန်မှုနဲ့ သိပ်တောင် မကွာတော့ ပါဘူး။ Apple ရဲ့  နောက်ဆုံး ထွက်A7 Chip ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ iPhone 5C မှာတော့ A6 ပါ။ 5S မှာ နောက်ထပ်ထူးခြားချက်က လက်ဗွေ လုံခြုံရေး စနစ် ပါဝင်ခြင်း ဖြစ်ပါတယ်။ Touch ID Finger Print Scanner ကို Home Buttom မှာ ထည့်ပေးထားခြင်း ဖြစ်ပါတယ်။

ကင်မရာ ကတော့ 8 megapixel ထဲပါ။ ဒါကိုလည်း နည်းတယ်လို့တော့ ဆိုလို့ မရပါဘူး။ သူ့မှာ Pixel အရည်အသွေးက 1.5µ ရှိပါတယ်။ ရှေ့ မှာလည်း 2.2 iSight Camera ပါရှိပါသေးတယ်။ LED flash ပါမယ်။ Auto Image Stablization ပါဝင်ပါမယ်။ Slomotion Video ရိုက်ကူးနိုင်မှုကလည်း ထူးခြားချက် တစ်ခုပါ။ အားလုံး ကြားခဲ့တဲ့ သတင်းအတိုင်း ရွှေရောင် ဗားရှင်းလည်း ထွက်ပါတယ်။ ခဲရောင်၊ ရွှေရောင်၊ မီးခိုးနုရောင် တို့ ဖြစ်ပါတယ်။ ဘက်ထရီကောင်းပါတယ်။ iOS 7 နဲ့ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ လေးလက်မ Display ပါပဲ။ ဒီဇိုင်းအားဖြင့်ကလည်း iPhone 5 နဲ့ တူနေပြန်ပါတယ်။

ဈေးနှုန်းကတော့ Unlocked ဗားရှင်း 16GB, 32 GB, 64 GB, ကို ၆၄၉ ဒေါ်လာ၊ ၇၄၉ ဒေါ်လာ၊ ၈၄၉ ဒေါ်လာ အစရှိသဖြင့် အသီးသီးကုန်ကျမှာ ဖြစ်ပါတယ်။ ရွှေရေင်ဗားရှင်းက ပစ္စည်းပျက်လောက်အောင် လူကြိုက်များမယ် လို့ ခန့်မှန်းမိပါတယ်။ မကြာမီ ဈေးကွက် ရောက်ရှိတော့မယ် iPhone 5S အကြောင်း အသေးစိတ်ကို ၎င်းတို့ Official site မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
.

www.apple.com

ရင်သားထွားချင်သူများ ဖတ်ဖို့ ဗဟုသုတ



From : .... New Myanmar News






အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။ အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံး တွေထဲမှာ ပါတယ်။


ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကို တော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ် တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။



ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင် ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ် မရွေးလဲ ရှိသေးတာဘဲ။ ဖြစ်ချင်သူကို အပြစ်မြင်စရာ မရှိသင့်ကြပါ။ ဆရာဝန် ညွှန်တာကို ရချင်တာလဲ ကောင်းတာဘဲ။ အကျိုး-အပြစ် သိချင်တာ လဲ ပညာရှိရာကျတယ်။


ကြွက်သားကိုတော့ ဖွံ့ထွားစေဘို့ မခက်လှပါ။ အလေးမသူတွေသာ ကြည့်ပါ။ ကြွက်သား မဟုတ်တဲ့ အရိုး၊ အဆီ နဲ့ တခြား (တစ်ရှူး) တွေကို ဖွံ့ထွား၊ များပြားလာဘို့ လေ့ကျင့်ခန်းနဲ့တော့ မရပါ။ ရင်သားက ကြွက်သား မဟုတ်ဘူး။ အထောက်အကူ ပြုနိုင်တာတွေတော့ ရှိပါတယ်။ ဒါကြောင့် ရင်သား၊ တင်ပါးအတွက် နည်းတွေ ရေးထားပါတယ်။ မေးတဲ့သူက အခြေအနေ မပေးလို့ လေ့ကျင့်ခန်း လုပ်မရတော့ ခက်ပြန်ပေါ့။ ခက်တာကို ရအောင်ယူနိုင်ရင် လူတော်လို့ ဆိုကြတာမို့ တော်ချင်လိုက်စမ်းပါ။ တခုလေးတော့ သတိပေးပါရစေ။ ဖြစ်သင့်တာကိုသာ ရချင်သင့်တယ်။


မရနိုင်တာ၊ မရသေးတာအတွက် စိတ်ပျက်မနေပါနဲ့။ ကံတရား အားကိုးနိုင်သေးတာဘဲ။ ကံကောင်းချင်ရင် စိတ်ကောင်း အရင်မွေးလို့ ဆရာတော်များက ဆုံးမလေ့ရှိတယ်။ ဆေးပဲ သောက်ချင်သူကမေးလို့ ဆေးကိုသာ အဓိကထား ရေးပါရစေ။ ဆေးတွေလဲ ရှိပါတယ်။ (အေလိုပက်သစ်) ဆေး၊ (ဟိုမီယိုပက်သစ်) ဆေး၊ (အာယုဗေဒ) ဆေး၊ တိုင်းရင်းဆေး၊ (ဟာဗယ်) ဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ အစုံပါဘဲ။ ကြော်ညာတွေက အများကြီး။ တခြားဆေးနည်းတွေကို သင်မထားရလို့ မပြောနိုင်ပါ။ ကိုယ့်ဆေးပညာနဲ့ ဆိုင်တာဘဲ ရေးပါမယ်။ Anabolic steroids (အင်နာဘောလစ်-စတီရွိုက်) တွေရှိတယ်။ ၁၉၃ဝ ကျော်ကတည်းက သုံးလာတယ်။ Medical uses ဆေးကုရာမှာ အသုံးပြုနိုင်တာတွေက - Bone marrow stimulation ရိုးတွင်းခြင်ဆီ စေ့ဆော်ပေးခြင်း၊ - Growth stimulation ကြီးထွားစေအောင် စေ့ဆော် ပေးခြင်း၊ - Stimulation of appetite and preservation and increase of muscle mass စားချင်စိတ်ကဲ စေပြီး၊ ကြွက်သား ထုထည် ကြီးစေခြင်း၊ - Induction of male puberty ယောက်ျားလေး စောစော လူပျိုဖြစ်စေခြင်း၊ - Male contraception (Testosterone enanthate) ယောက်ျားသုံး သားသမီးမရဆေး၊ - Stimulation of lean body mass and prevention of bone loss in elderly men ကိုယ်ခန္ဓာသေး နေသူတွေကို စေ့ဆော်ပေးခြင်း နဲ့ အသက်ကြီးသူတွေမှာ အရိုးပျက်စီးတာ သက်သာစေခြင်း၊ - Hormone replacement for men ယောက်ျား-ဟော်မုန်း အစားထိုးကုသခြင်း၊ - Gender Identity Disorder ယောက်ျား-မိန်းမ ပီသစေခြင်း၊ Ergogenic use and abuse တလွဲ အသုံးပြုနေတာလဲရှိတယ်။ အမေရိ ကားမှာ လူဦးရေရဲ့ ၁% ဟာ ဒီဆေးမျိုးကို တလွဲသုံးနေကြတယ်။ လူလတ်တန်းစားတွေကနေ အားကစား ပြိုင်ပွဲဝင်ဘို့ မဟုတ်ဘဲ Cosmetic purposes ကိုယ်ခန္ဓာလှချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီဆေးမျိုးသုံး သူတွေဟာ မီဒီယာမှာ ဖေါ်ပြတာတွေကို ကြည့်-ဖတ်ပြီး စိတ်ထဲ တလွဲထင်မှတ်နေကြတယ်။ အားကစား နယ်ပယ်မှာတော့ ယောက်ျားတွေရော မိန်းမတွေပါ ကိုယ်ကာယ၊ အလေးမ၊ သံလုံးပြစ်၊ ပြေး-ခုန်-ပြစ်၊ စက်ဘီးစီး၊ (ဘေ့စ်-ဘောလ်)၊ နဘမ်းသတ်၊ သိုင်း၊ လက်ဝှေ့၊ ဘောလုံး၊ ခရစ်ကက်၊ အားကစား နည်းတွေမှာ သုံးကြတယ်။ ဒီလို လူမျိုးတွေထဲက ၅၆% ဟာ ဆရာဝန်တွေ ပြောတာကို မယုံကြဘူး။ ဆေးတွေကို လူသာမက တိရစ္ဆာန်တွေကိုပါ သုံးတာရှိတယ်။ ဆိုင်ကကြက်သား ဝယ်မစားရဲအောင် တချို့နေရာတွေမှာ ဖြစ်နေပြီ။ မြန်မာတွေကတော့ အကောင်အတွက်ဆေး လူသုံးလို့ အကောင်နဲ့ တူသူတွေ မျက်စေ့အောက် မှာတင် ရှိတယ်။




သဘာဝ ဟော်မုန်း (၃) မျိုး (Estradiol, Testosterone, and Progesterone) နဲ့ တည်ဆောက် ဟော်မုန်း ၃ မျိုး (Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate) တွေကို တိရစ္ဆာန်တွေကို အသားတိုးအောင် ထိုးပေးတယ်။ Bodybuilding drug ကိုယ်ခန္ဓာ သန်မာကြံ့ခိုင်အောင် သုံးကြတဲ့ဆေးတွေကို ဆရာဝန်တွေတောင်မှ အံ့သြရတယ်။ ဆေး နမူနာ (၃) ခုရေးပြပါမယ်။

(၁) Lasix ဆီးဆေးလို့ အလွယ်ခေါ်တဲ့ ကိုယ်ရောင်နေသူ၊ သွေးတိုးရှိသူ၊ နှလုံး အလုပ် မလုပ်နိုင်သူတွေကို ပေးတဲ့ဆေး။
(၂) Cytomel ဆိုတာ Thyroid drugs လည်ပင်းကြီးဆေး ဖြစ်တယ်။
(၃) Human chorionic gondotropin (HCG) အလွယ်ပြောရင် အချင်းဟော်မုန်း။

အများ နားလည်အောင် ပြောရရင် ကိုယ်ဝန်ရှိ-မရှိစစ်တယ်ဆိုတာ ဆီးထဲ-သွေးထဲမှာ ဒီဟာ ပါနေ-မနေ စစ်တာဖြစ်တယ်။ Breast augmentation ရင်သားကို ခွဲစိတ်ပြုပြင်နည်းတွေလဲ ရှိတယ်။ Breast implant ရင်သားအတုထည့်တာ နဲ့ Fat-graft mammoplasty procedures အဆီကို နေရာပြောင်း ထည့်ပေး တာတွေဟာ ရင်သား မလှတာကို လှစေဘို့၊ ပိုပြီး အရွယ်အစားကြီးစေဘို့ နဲ့ ထိတွေ့မှုမှာ သာစေ ဘို့ အတွက်လုပ်တယ်။ ရင်သားခွဲစိတ်ပြုပြင် နည်းတွေမှာ Saline-filled (စေလိုင်း) သုံး နည်း နဲ့ Silicone-filled prosthetic breast (စီလီကွန်) သုံးနည်း လုပ်နိုင်တယ်။ Post–mastectomy ရင်သား ခွဲစိတ်ထုတ် ထားရသူတွေကို Breast reconstruction ရင်သား အသစ်တပ်ပေးတာ လုပ်နိုင်တယ်။ ရင်သား ဝိုင်းစက်-ဖေါင်းကြွနေတာ ဓါတ်ပုံမှာ အသားပေးထားရင် အဲဒါ သာမှတ်။

အပြင်ပမ်း ကြည့်ပြီး ရုပ်လှ-မလှ စသဖြင့် အကဲဖြတ်လေ့ရှိတယ်။ အမြင်မှာ သာစေဘို့ အခုအခံလဲ လုပ်ကြပါတယ်။ Camouflage ခေါ်တယ်။ ပုံဖျက်ထားတာပေါ့။ အမှန်က သူများအမြင်ကို အာရုံပြောင်းစေနည်းတွေ ဖြစ်ပါတယ်။

ဒီအရေးမှာ (စပါယ်ရှယ်လစ်) တွေ ပြောတာက ရင်သားကို ပိုကြီးချင်သူအရေအတွက်နဲ့ ကြီးနေတာကို သေးချင်သူ အရေအတွက် မကွာဘူးတဲ့။ ရင်သား ကြီးနေတာကို ဆေးမပါ၊ ဆရာဝန်မပါဘဲ လှည့်စားနည်း တွေ ရှိပါတယ်။

• Baggy and wavy blouses ချောင်ကျပြီး လှိုင်းထနေတဲ့ အဝတ်အစား ရွေးဝတ်ပါ။
• Classic dark, black or navy blue အနက်ရောင်၊ အရောင်ရင့်၊ (နေဗီ-ဘလူး) ဝတ်ဆင်ပါ။
• Avoid exposing it ကိုယ့်ဟာကို သူများကို မမြင်သာပါစေနဲ့။
• Tops with higher collar and neckline ကော်လာပါတာ ဝတ်ပါ။ လည်မဟိုက်စေပါနဲ့။ ဆွဲကြိုးဝတ်ပါ။ ပုလဲပုတီးဆွဲပါ။
• Stripes and different patterns အစဉ်းကြောင်းပါတဲ့ (ပက်တန်) မတူတဲ့ အဆင်ရွေးဝတ်ပါ။
• Seamless bra (ဘရာစီယာ) အခွက်ဝိုင်းမှာ ဘာအစဉ်း၊ ဒီဇိုင်းမှမပါတဲ့ ပြောင်ချောနေတာ ဝတ်ပါ။
• လူကပိန်ပြီး ရင်သားကထွားနေသူဆိုရင် အောက်က Skinny jeans ဂျင်းဘောင်းဘီ ကြပ်တာဝတ်ပါ။





ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။ ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။ ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို "ခါးသေး-ရင်ချီ" လို့ သတ်မှတ် သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာ ရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက် ခက်ပါတယ်။ ခေမာမိ ဖုရားကြီး တရားချွတ်ခန်း ပန်းချီ တွေ့ဘူးသူ များမှာပါ။ အရိုးပဒေသာပေါ်ကနေ ကြွက်သားတွေ၊ အရွတ် တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ လှချင်သူတွေက အလှဗေဒ နားလည်ကြမယ် ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။ ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် အရုပ်ဆိုးရသူ (ပဉ္စပါပီ) ဟာ ဖောဋ္ဌာဗ္ဗာရုံမှာတော့ နာမည်ကြီးတယ်လို့ ဖတ်ရတယ်။ အာရုံခံစားမှု အရည်အချင်း အလွန့်အလွန်ကို ကောင်းလှသတဲ့။ အာရုံကြောတွေ ကောင်းဘို့ ရာ ကျန်းမာဘို့ မလိုပါလား။ ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံ ကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် Neuron degeneration အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။ ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။ B-1 နည်းရင်၊ B-6 နည်းရင်၊ B-12 နည်းရင် ကြွက်သားတွေ အားယုတ်နေတယ်။



B-12 က ကြွက်သား ပြန်အသစ်ဖြစ်တာ ကူညီမယ်။ E ထဲမှာ Antioxidant and Anti-inflammatory သတ္တိတွေ ရှိလို့ ကြွက်သားပျက်စီးတာပြင်ဘို့ အသုံးကျတယ်။ C ကလဲ ကြွက်သား ထိခိုက်တာအတွက် ကောင်းတယ်။ နည်းရင် တင်းအားနည်းမယ်။ D က ကြွက်သား အကွေး-အဆန့် အတွက်လိုတယ်။ D အလွန်နည်းရင် ကလေးတွေမှာ Rickets အရိုးပျော့ရောဂါ ဖြစ်မယ်။ လူကြီးတွေမှာ Osteomalacia အရိုး မသန်တာ ဖြစ်မယ်။ အရေကြီးဆုံးတခုနဲ့ နိဂုံးချုပ်ပါမယ်။ ကိုယ်ခန္ဓာ အချိုးအစား၊ အဝတ်အစား၊ တန်ဆာ ပလာ၊ လူနေဟန်၊ စတာတွေရဲ့ အတွင်းဘက်မှာ မမြင်ရတဲ့ အလှဆိုတာ သိကြတဲ့အတိုင်း စိတ်အလှဖြစ် ပါတယ်။ ဆရာဝန် မတတ်နိုင်ပါ။ ကိုယ်တိုင်တော့ ကောင်းကောင်း မွေးမြူ၊ သင်ယူ-ကျင့်ဆောင်နိုင် ကြပါ တယ်။ မမြင်ရတဲ့ အလှဆိုတာ မကြည့်ဘဲလဲ သိနိုင်ကြတယ်။ အရာတိုင်းမှာ လှကြပါစေ။

By Healths

အာရှ-ပစိဖိတ်နိုင်ငံအချို့၌ အမျိုးသား ၄ ဦးတွင် ၁ ဦးက လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ဖူး




From : planet



အာရှ-ပစိဖိတ် ဒေသ နိုင်ငံအချို့တွင် ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ အမျိုးသား အများအပြားသည် ဘဝတွင် အမျိုးသမီးများကို အနိုင်အထက် ပြုကျင့်မှု အနည်းဆုံး တစ်ကြိမ်မျှ ကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ကမ္ဘာဒီးယား၊ အင်ဒိုနီးရှား၊ ပါပူအာ နယူးဂီနီနှင့် သီရိလင်္ကာ နိုင်ငံများတွင် အမျိုးသား (၁၀၀၀၀)မျှကို ဖြန့်ကျက် မေးမြန်းသော အင်တာဗျူးတွင် (၂၄) ရာခိုင်နှုန်းက မိမိတို့သည် ဘဝတွင် အမျိုးသမီး တစ်ဦးကို အနိုင်အထက် ပြုကျင့်ဖူးကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ တောင်အာဖရိက ဆေးသုတေသန ကောင်စီမှ ရေချယ်လ်ဂျူးကက်စ်က ယခုစစ်တမ်းသည် အာရှ-ပစိဖိတ် ရပ်ဝန်းတွင် မုဒိမ်းမှုများ ပျံ့နှံ့ ဖြစ်ပွားနေသည်ကို ယခုစစ်တမ်းက ညွှန်ပြနေကြောင်း ဆိုသည်။

ယခုစစ်တမ်းတွင် ဖြေကြားသူ အမျိုးသား (၁၀)ဦးတိုင်း (၁)ဦးက ဘဝတွင် မိမိ၏ ချစ်သူ၊ လက်တွဲဖော် မဟုတ်သော အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ဖူးကြောင်း ဝန်ခံခဲ့ပြီး ချစ်သူအမျိုးသမီးများကို အနိုင်အထက် ပြုကျင့်မှုများပါ ထည့်ပေါင်းတွက်ချက်သည့်အခါ (၂၄)ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း သိရသည်။ ယင်းသည် အမျိုးသား (၄)ဦးလျှင် (၁)ဦးက ပြစ်မှုကျူးလွန်ဖူးသည့် သဘောမျိုး သက်ရောက်နေသည်။ မုဒိမ်းမှု ကျူးလွန်ဖူးကြောင်း ဝန်ခံဖူးသူ အားလုံး၏ ထက်ဝက်မပြည့်သော အရေအတွက်ကမူ မိမိတို့သည် အမျိုးသမီး တစ်ဦးထက် မနည်းကို ကျင့်ကြံဖူးကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖြေဆိုသူ အမျိုးသား (၁၁)ရာခိုင်နှုန်းက မုဒိမ်းမှု ကျူးလွန်ဖူးကြောင်း ဝန်ခံခဲ့ပြီး ပါပူအာ နယူးဂီနီ နိုင်ငံရှိ ဘူဂိန်ဗီးလ် အရပ်မှ ဖြေကြားသူများတွင် (၆၀)ရာခိုင်နှုန်းက အဆိုပါ အတွေ့အကြုံ ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

ယခုသုတေသန ရလဒ် အပြည့်အစုံကို Lancet Global Health ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။ ဂျူးကက်စ်က "ဒီစစ်တမ်းက အာရှ-ပစိဖိတ်မှာ မုဒိမ်းမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုတွေကို အရှိန်မြှင့်တင်ဖို့ လိုအပ်နေတယ် ဆိုတာကို ညွှန်ပြနေတယ်။ ဒီပြစ်မှု ကျူးလွန်ရတဲ့ အခြေခံ အကြောင်းရင်းတွေကို ကျွန်တော်တို့ ပိုနားလည်လာဖို့ အရေးကြီးပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က မိန်းကလေး တစ်ဦး ဘတ်စ်ကားပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်က အာရှနိုင်ငံအချို့တို့တွင် အမျိုးသမီးများ၏ ဘဝကို အခြေခံကျကျ ကာကွယ်ရန် ပိုမိုလိုအပ်နေသည့် သက်သေဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

ယခုစစ်တမ်းအတွက် အင်တာဗျူးခံသူ အမျိုးသားများကို အထူးလေ့ကျင့်ထားသည့် မေးမြန်းသူများက ဆွဲဆောင်ကာ လေ့လာ သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မုဒိမ်းကျင့်သည်ဆိုသော အသုံးအနှုန်းကို ရှောင်ဖယ်ကာ မုဒိမ်းမှုမြောက်သည့် အခြေအနေများ ပြုလုပ်ခဲ့ဖူးခြင်း ရှိမရှိကို သွယ်ဝိုက် မေးမြန်းခြင်း ဖြစ်သည်။ ဥပမာအားဖြင့် "ခင်ဗျားရဲ့ ဇနီးဖြစ်ဖြစ်၊ ရည်းစားဖြစ်ဖြစ် မဟုတ်တဲ့ အမျိုးသမီး တစ်ဦးကို အင်အားသုံးပြီး လိင်ဆက်ဆံဖူးသလား"ဆိုသော မေးခွန်းမျိုးဖြင့် ချဉ်းကပ်ခဲ့ခြင်းဟုလည်း သိရှိရသည်။

တေးသံရှင်ဆိုတေး ကျန်းမာရေးအခြေအနေတိုးတက်




From : ..the voice



မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တစ်လကျော်ကြာ တက်ရောက် ဆေးကုသလျက်ရှိသော တေးသံရှင်ဆိုတေး၏ ကျန်းမာရေး အခြေအနေမှာ ပိုမို တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ဆိုတေး၏ မိသားစုဝင်များက ပြောကြားသည်။

တေးသံရှင် ဆိုတေးမှာ ကျန်းမာရေး ကောင်းမွန်လာမှုကြောင့် စက်တင်ဘာ၂ ရက်နေ့တွင် အထူးကြပ်မတ် ကုသဆောင်မှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသဆောင် သို့ ပြောင်းလဲ ကုသပြီးသည့် နောက်ပိုင်းတွင် သိသာစွာ တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ဆိုတေး၏ဖခင်ဖြစ်သူ ဦးမင်းလွင် က ပြောကြားသည်။
"လူနာ စကားပြောခြင်းတော့ မရှိသေးပါဘူး။ အသိတော့ ဝင်လာပါတယ်။ အဆောင်ပြောင်းတဲ့ နေ့တုန်းကဆို ဝှီးချဲပေါ်မှာထိုင်ပြီး ဆေးရုံကို လျှောက်ပတ်ပြတယ်။ ပြောရရင်တော့ စိုးရိမ်ရတဲ့ အခြေ အနေကနေ လွတ်သွားတယ်ဆိုတဲ့ သဘောပေါ့" ဟု ဦးမင်းလွင်က ထပ်မံပြောကြားသည်။

တေးသံရှင် ဆိုတေးမှာ ဇနီး၊ ခယ်မတို့နှင့်အတူ တောင်သာမြို့သို့ သွားရောက်စဉ် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်၂၉၁/၃ နှင့် ၄ ကြားတွင် ယာဉ်မှာ ဘီးပေါက်၍ တိမ်းမှောက်ခဲ့ပြီး ၄င်းဖြစ်စဉ်ကြောင့် ဇနီးဖြစ်သူ မဝင့်ကုဋေသူ (ခ) ချောချောမှာ ကွယ်လွန်ခဲ့ပြီး ဆိုတေးမှာ ခြေထောက်နှင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်။


Miss Grand International ယှဉ်ပြိုင်မည့် ထားထက်ထက် နှင့်တွေ့ဆုံခြင်း




From : .. YMG


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Miss Grand International ပြိုင်ပွဲအား နိုဝင် ဘာ ၃ရက်မှစတင်ပြီးကျင်းပမည်ဖြစ်ရာ ၁၉ရက်တွင် ဖိုင်နယ်ပွဲအပြီးပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ Miss Supranational Myanmar အော်ဂနိုက်ဇေးရှင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ထားထက်ထက်က မြန်မာတူရိယာစောင်းနှင့်အတူ ကျွမ်းဘားအားဆက်စပ်ပြီး ယှဉ်ပြိုင်ဖျော်ဖြေမည် နှင့်ပတ်သက်၍ အခုလိုသွားရောက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။


မေး - ညီမက ဘယ်တော့ပြိုင်ပွဲဝင်ပြိုင်မှာလဲ။
ဖြေ - ညီမက နိုဝင်ဘာ ၃ရက် အရောက်သွားရမှာ။ နိုဝင်ဘာ ၁၉ရက်မှာ ပွဲလုပ်မယ်။ အခု ညီမရှေ့က နန်းခင်တို့ ခင်ဝင့်ဝါတို့ပြိုင်တုန်းက မြန်မာပရိသတ်တွေက ဠသအန ပေးပြီး အားပေးကြ တယ်။ ညီမအလှည့်ကျရင်လည်း သူတို့ထက်ပိုပြီးတော့ အားပေးဖို့မျှော်လင့်ပါတယ်။ ပရိသတ်က လည်း ညီမကို အများကြီးမျှော်လင့်သလို ညီမကလည်း ပရိသတ်ကိုအများကြီး မျှော်လင့်ပါတယ်ရှင့်။

မေး - ဘယ်မော်ဒယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလဲ။
ဖြေ - ၂၀၁၂ခုနှစ် မစ္စမြန်မာပြိုင်ပွဲကနေစတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၁၂ခုနှစ် ပြိုင်ပွဲပြီးကတည်းက အင်တာနေရှင်နယ်ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ စပြီးတော့လေ့လာတယ်။ အင်တာ နက်ကနေလည်း လေ့လာတယ်။ နောက်ဆုံး Miss Grand အင်တာနေရှင်နယ်အဖြစ် နိုင်ငံကိုယ် စားပြုရွေးချယ်တဲ့အချိန်မှာ အစအဆုံး ခန္ဓာကိုယ်ကအစ ထရိန်နင်ဝင်ရပါတယ်။ အဲဒီပြိုင်ပွဲအတွက် အသေးစိတ်ကအစ အကုန်ပြင်ဆင်နေပါတယ်။

မေး - အခုလို အင်တာနေရှင်နယ်ပြိုင်ပွဲကိုသွားပြိုင်မှာဆိုတော့ ညီမအတွက် ဘယ်လိုမျိုးအတွေ့ အကြုံတွေကို ယူလာမလဲ။
ဖြေ - အတွေ့အကြုံကတော့ တခြားနိုင်ငံမှာ သွားပြိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု ဖလှယ် တာမျိုးပေါ့။ သူတို့ရဲ့ အသိပညာ၊ ဗဟုသုတ၊ သူတို့ရဲ့ယဉ်ကျေးမှုတွေကို ကိုယ်က အတုယူမယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုတွေကို သူတို့ကိုထုတ်ပြမယ်။ ကိုယ့်အတွက် အခွင့်အရေးလည်းရမယ်။ မြန်မာ နိုင်ငံအတွက်လည်း အတွေ့အကြုံရမယ်။ ပြီးတော့ ညီမအတွက်လည်း အတွေ့အကြုံ အများကြီးရမယ် လို့ထင်ပါတယ်။

မေး - အဲဒီပြိုင်ပွဲကနေ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုကိုရော ဘယ်လိုဖော်ထုတ်သွားမလဲ။
ဖြေ - မြန်မာဝတ်စုံကိုတော့ လူတိုင်းသိပ်မသိသေးတော့ မြန်မာဝတ်စုံကို ဘယ်နေရာသွားသွား ကိုယ့်ရဲ့ ယဉ်ကျေးမှုဖြစ်အောင်ပြမယ်။ Talent ရှိုးကျရင် တူရိယာဖြစ်တဲ့မြန်မာ့စောင်းကို တစ်ကမ္ဘာလုံးသိ အောင်လို့ စောင်းတီးပြဖို့ရှိပါတယ်။

မေး - စောင်းနဲ့ ကျွမ်းဘားကို ပါဝင်ပြီးယှဉ်ပြိုင်ဖြစ်ပုံနဲ့ပတ်သက်ပြီးတော့ရော ပြောပြပေးပါဦး။
ဖြေ - မြန်မာ့တူရိယာတစ်မျိုးဖြစ်တဲ့စောင်းက တခြားနိုင်ငံတွေမှာမရှိဘူးလေ။ အဲဒါကို တီးပြ ချင်တာ။ နောက်တစ်ခု စောင်းတင်မဟုတ်ဘဲ ကျွမ်းဘားကိုလည်း ထည့်ပြီးယှဉ်ပြိုင်မှာ ညီမက မြန်မာ့လက်ရွေးစင်ကျွမ်းဘားမယ်တစ်ဦးဖြစ်တဲ့အပြင် အဲဒါကိုနှစ်ခုတွဲပြီးတော့ အထူးတလည်အ ဆန်းဖြစ်အောင် လုပ်ပြချင်တာ။ အဲဒါကြောင့် နှစ်ခုတွဲပြီးလုပ်ဖို့ကို စဉ်းစားဖြစ်ခဲ့တာပါ။

မေး - Miss Grand International ပြိုင်ပွဲအတွက် အခု ညီမဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ် နေပြီလဲ။
ဖြေ - ညီမစောင်းသင်တာ တစ်နှစ်လောက်တော့ရှိပါပြီ။ အဓိက မြန်မာသီချင်းလည်း တီးတယ်။ နိုင်ငံခြားသီချင်းကိုလည်း မြန်မာ့တူရိယာစောင်းနဲ့တီးလို့ရတယ်ဆိုတာကို သူတို့ကို ပြသချင်တယ်ပေါ့ နော်။ အခုလည်း အဲဒီပြိုင်ပွဲအတွက်ကို အိမ်မှာ ဆရာမခေါ်ပြီး သေချာတော့ လေ့ကျင့်နေပါတယ်ရှင့်။

မေး - စောင်းသင်တယ်ဆိုတာက ပြိုင်ပွဲအတွက် သီးသန့်လား။ ဒါမှမဟုတ် ဝါသနာပါတာလား။
ဖြေ - အရင်ကတည်းက သင်ဖို့စိတ်ကူးရှိပါတယ်ရှင်။ ငယ်ငယ်ကတည်းက သင်ချင်ပါတယ်။ ဒါပေမဲ့ အချိန်လည်းမပေးနိုင်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် မသင်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုနောက် ပိုင်းမှာ စောင်းတီးတာကို သေချာလုပ်ဖြစ်နေပါတယ်။

မေး - အခု ခင်ဝင့်ဝါပြန်လာပြီး ဆုတွေရယူလာတဲ့အပေါ် ညီမရဲ့ခံစားချက်လေးပြောပြပေးပါဦး။
ဖြေ - ညီမတို့ သူသွားတုန်းက ဆုအများကြီးမမှန်းခဲ့ဘူးပေါ့နော်။ ပြန်လာတဲ့အခါကျတော့ ဆု တွေအများကြီးယူပြီးပြန်လာတဲ့အခါ မမျှော်လင့်ထားဘဲ အများကြီးရလာတော့ သူ့အတွက် ဂုဏ်ယူ မိတယ်။ ညီမတို့လည်း မထင်မှတ်ဘဲဆိုတော့ သိပ်ဝမ်းသာပါတယ်။

မေး - မြန်မာနိုင်ငံကပရိသတ်တွေ ညီမကို ဘယ်လိုမျိုးအားပေးစေချင်လဲ။
ဖြေ - အခု ညီမပြိုင်မယ့် Grand International ပြိုင်ပွဲမှာလည်း ပေါ်ပြူလာဘုတ်ဖြစ်တဲ့ People Choice Award ဆိုတာ ပါပါတယ်။ အဲဒီဆုအတွက် ညီမကို ပြည်သူပြည်သားတွေက အား တက်သရောနဲ့ အားပေးမယ်ဆိုရင် အဲဒီဆုကတော့ ရနိုင်ပါတယ်။ တခြားဆုကိုတော့ ညီမအရည် အချင်းနဲ့ရအောင်လို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ အသေးစိတ်ကအစ ပြင်ဆင်နေပါတယ်။

မေး - ရှေ့ဆက်ပြီးတော့ရော ဘာတွေလုပ်ဖို့အစီအစဉ်ရှိလဲ။
ဖြေ - မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားမယ်။ ပြန်လာရင် ဥပမာ-မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေမှာ ကိုယ်တတ်နိုင်သလောက်လုပ်ပေးသွားဖို့ရှိပါတယ်ရှင့်။

မေး - ညီမအတွက် လိုအပ်မယ့်စကားတစ်ခွန်းကို ပရိသတ်သိအောင်ပြောပြပေးပါဦး။
ဖြေ - ညီမရှေ့မှာ တခြားနှစ်ယောက်ကိုလည်း အားပေးခဲ့ကြသလို ညီမကိုလည်း အားပေးဖို့မျှော် လင့်ပါတယ်။ ညီမကို တချို့ပရိသတ်တွေသိပ်မျှော်လင့်ထားသလို ညီမလည်းဆုရရှိဖို့ မျှော်လင့်ပါတယ်။






Wednesday, September 11, 2013

Nan Thuzar ...

 


 


 


 


 


 

ဘာ့ကြောင့် ကားသော့အပိုတစ်ချောင်းကူးယူထားသင့်သလဲ … ?






ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစလို့ ကားသစ်များကိုဈေးနှုန်းသင့်တင့်စွာဖြင့်ဝယ်ယူလာနိုင်ခဲ့ပါတယ်။ ကားမော်ဒယ်များမှာလဲ အမြင့်ပိုင်းသို့ရောက်ရှိခဲ့ပါတယ်။ ဒီကားတွေမှာပါတဲ့ ကားသော့ တွေမှာ လုံခြုံရေး Chip ပါလာခဲ့တာကို ကားပိုင်ရှင်အတော်များများ မသိကြပါဘူး။ ဒီ Chip ပါတဲ့ကားသော့ကို အရင်ကားတွေလို ရိုးရိုးသော့မှာပဲ သော့မိတ္တူကူးပြီးကားကိုစက်နှိုးလို့မရဘူးဆိုတာကိုလဲမသိကြပါဘူး။ ဒါကြောင့် (Transporter Chip Key) ပါဝင်တဲ့သော့အပိုတစ်ချောင်းကူးထားသင့်တဲ့အချက်တွေကိုပြောပြသွားမှာပါ။

ဘာ့ကြောင့် Transporter Chip Key ကိုအသုံးပြုပါသလဲ?

Transporter Chip Key ဆိုတာက ကားကိုအလွယ်တကူခိုးယူလို့မရအောင် လုံခြုံရေးအချက်အလက် ထည့်ထားတဲ့ သော့ကိုဆိုလိုတာပါ။ Transporader Chip Key Type (၂) မျိုးရှိပါတယ်။ Ignition Cylinder ထဲထည့်ပြီး နှိုးရတဲ့စနစ်နဲ့ နောက်တစ်မျိုးကတော့ Smart Key (Push Start) စနစ်ပါ။ ၂ မျိုးစလုံးကတော့ လုံခြုံရေးစနစ်တွေပါဝင် ပါတယ်။ အခုနောက်ပိုင်း ဥရောပအဆင့်မြင့်ကားတွေမှာတော့ Finger Print Sensor နဲ့ ကားပိုင်ရှင်ရဲ့ လက်ဗွေရာကို အသုံးပြုပြီးကားစက်ကိုနှိုးစေတဲ့စနစ်တွေပါဝင်လာပါပြီ။ ကိုယ့်ကားသော့မှာ Chip Key ပါ/မပါ အလွယ်တကူပဲ သိရှိနိုင်ပါတယ်။ ကားရဲ့အချက်အလက်ပြဒိုင်ကွက်မှာ Security Light ဆိုတာပါရှိပါတယ်။ ဒီမီးလေးက မိမိကားမှာ Transporter Chip Key ပါဝင်တယ်ဆိုတာအလွယ်တကူပဲသိရှိနိုင်ပါတယ်။ Chip မပါပဲသွေးထားတဲ့သော့ကို ကားသော့အိမ်ထဲထည့်ကြည့်လိုက်ပါ။ အဆိုပါမီးငြိမ်းသွားမှာမဟုတ်ပါဘူး။ ကားစက်လဲနှိုးလို့ရမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကားသော့မှ လုံခြုံရေးအချက်အလက်ကို ကားရဲ့ Immobilizer ECU ကမတွေ့ရှိလို့ပဲဖြစ် ပါတယ်။ Smart Key အမျိုးအစားသော့တွေကတော့ ကားထဲကို Smart Key ရောက်ရှိတာနဲ့ Security Light ကငြိမ်းသွားမှာဖြစ်ပါတယ်။ ဒီ Smart Key ကားထဲမရောက်ရှိနေခဲ့ဘူးဆိုရင် ကားကစက်နှိုးလို့ရမှာမဟုတ်ပါဘူး။ စနစ် (၂) မျိုးလုံးက ကားကိုအလွယ်တကူခိုးယူလို့မရအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ Truck, Motorcycle များတွင် လည်း Transporter Chip Key ပါဝင်လာပြီဖြစ်ပါတယ်။

တစ်ချောင်းတည်းပါတဲ့ကားသော့ ပျောက်သွားခဲ့လျှင်ဘာတွေဖြစ်လာနိုင်သလဲ? ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ?

သင့်ကားရဲ့ Transporter Chip Key ပျောက်သွားခဲ့လျှင်သော်လည်းကောင်း၊ ပျက်စီးသွားလျှင်သော်လည်းကောင်း သင့်ကားကိုစက်နှိုးလို့ရတော့မှာမဟုတ်ပါဘူး။ ဒီအချိန်ကျရင် လုပ်ဆောင်ရမှာက ကားထဲမှာရှိတဲ့ Immobilizer ECU ထဲက Memory ကိုပြန်လည်ခေါ်ယူပြီး အသုံးပြုမဲ့ Key ထဲက Chip ထဲကိုပြန်လည်ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ကကျွမ်းကျင်သော Locksmith တွေကပဲ Security Equipment တွေအသုံးပြုပြီးလုပ်ဆောင် လို့ရမှာပါ။ ဒီအခါကျရင် အပိုကုန်ကျစရိတ်တွေများပြားလာနိုင်ပါတယ်။ ရံဖန်ရံခါ ပစ္စည်းဝယ်မရခဲ့ရင် ပိုမိုကြာသွား နိုင်ပါတယ်။

ကားသော့အပိုတစ်ချောင်းကူးယူထားခဲ့လျှင်ဘယ်လိုအကျိုးတွေရှိလာနိုင်သလဲ? Remote ကိုရောကူးယူထားနိုင် သလား?

ကားသော့အပိုတစ်ချောင်းကူးယူထားခဲ့လျှင် Master Key ပျောက်သွားသည့်တိုင် ကားကိုစက်နှိုးနိုင်မှာဖြစ်ပါတယ်။ ငွေကုန်လဲသက်သာမှာဖြစ်သလို အချိန်ကုန်လဲသက်သာမှာဖြစ်ပါတယ်။ Remote ကိုလဲကူးယူထားနိုင်ပါတယ်။ ဒီနေရာမှာတော့ Car Key ကိုအရင်ကူးယူထားသင့်ပါတယ်။ Master Key (Remote) ပျောက်ဆုံးသွားခဲ့ရင် Copy Key နဲ့ကားစက်နှိုးပြီး Locksmith ဆီသွားပြီး Copy Remote ကို ပြန်လည် Memory သွင်းလို့ရပါတယ်။ Remote ကကုန်ကျစရိတ်များပါတယ်။ ဒါကြောင့်တကယ်လိုအပ်လာမှ ကူးယူနိုင်ပါတယ်။ Copy Key ကတော့ကြိုတင်ပြီး ကူးယူထားသင့်ပါတယ်။

တချို့ကားသော့ Chip Key မိတ္တူကူးယူလိုက်ကြတယ်။ အချိန်နည်းနည်းကြာသွားတော့ ပြန်သုံးကြည့်တယ် စက်နှိုးလို့မရဘူး? ဘာ့ကြောင့်ဒီလိုဖြစ်ရတာပါလဲ?

Chip Key မိတ္တူကူးယူထားပြီး နှစ်အနည်းငယ်အကြာမှ ပြန်သုံးကြည့်တယ် ကားကစက်နှိုးလို့မရတော့ပါဘူး။ ဒီလိုဖြစ်ရတာကတော့ ဈေးသက်သာပြီး အရည်အသွေးနိမ့်တဲ့ Chip ကိုအသုံးပြုထားလို့ဖြစ်ပါတယ်။ အရည်အသွေး ကောင်းတဲ့ Chip Key သုံးထားခဲ့ရင်တော့အခုလိုကြုံတွေ့ရမှာမဟုတ်ပါဘူး။
Transporter Chip Key ပါတဲ့ကားသော့တိုင်း ကူးယူလို့ရပါသလား? Truck နဲ့ Motorcycle တွေမှာရောကူးလို့ရနိုင် သလား?
ဟုတ်ကဲ့၊ ရပါတယ်။ ဒါပေမယ့် မော်ဒယ်တူကားအမျိုးအစားမှာတောင် အသုံးပြုထားတဲ့ Chip ကမတူညီပါဘူး။ ဒါကြောင့် ဘယ်အမျိုးအစားသုံးထားရတယ်ဆိုတာမျိုးကို အရင်သိပြီးမှ အသုံးပြုတဲ့စက်အမျိုးအစားပေါ် မူတည်ပြီး ကူးယူနိုင်ပါတယ်။ Truck နဲ့ Motorcycle တွေမှာပါတဲ့ Chip Key တွေကိုလဲကူးယူထားနိုင်ပါတယ်။

Remote မပါပဲ Chip Key တစ်ချောင်းကူးထားခဲ့ရင် ဘယ်လောက်ကုန်ကျနိုင်ပြီးတော့၊ ဘယ်လိုအကျိုးကျေးဇူး ရရှိနိုင်မလဲ? Remote ကိုရောတပါတည်းကူးယူထားရင် ဘယ်လောက်ကုန်ကျနိုင်မလဲ?

Remote မပါတဲ့ Chip Key မိတ္တူတစ်ချောင်းကို အသုံးပြုပေးရမယ့် Chip ပေါ်မူတည်ပြီး (၁) သိန်းမှ (၁.၅) သိန်း ကြားကုန်ကျနိုင်ပါတယ်။ ဒီလိုကူးယူထားလိုက်ခြင်းအားဖြင့် Master Key မတော်တဆပျောက်ဆုံးသွားခဲ့ရင် အရေးပေါ်အခြေအနေအဖြစ် Copy Key ကိုအသုံးပြုပြီးကားကို ဆက်လက်အသုံးပြုနိုင်နေမှာဖြစ်ပါတယ်။ Remote ကိုလဲတပါတည်းကူးယူထားနိုင်ပါတယ်။ Remote ကူးယူခြင်းကတော့ (၂) သိန်းအထက်ကိုကျသင့်မှာ ဖြစ်ပါတယ်။

ကား သော့မိတ္တူကူးယူတော့မယ်ဆိုရင် ကား ယူလာဖို့လိုအပ်ပါသလား? (သို့မဟုတ်) ကားသော့ချည်းပဲယူလာ လို့ကောရနိုင်မလား?

ကားသော့မိတ္တူကူးယူတော့မယ်ဆိုလျှင် ကားသော့မှာအသုံးပြုထားတဲ့ Chip ရဲ့ ID ကိုသိဖို့လိုပါတယ်။ ဒီလိုသိဖို့အတွက် Car Chip Key Copy Machine ကိုအသုံးပြုပြီး ဖတ်ရှုနိုင်ပါတယ်။ ID ပေါ်မူတည်ပြီး ကားယူ လာဖို့လိုအပ်တဲ့ကားရှိနိုင်သလို၊ ကားယူလာဖို့မလိုအပ်တဲ့ကားလဲရှိပါတယ်။

Aung Automobile Service အနေနဲ့ Transporter Chip Key များကို US မှပစ္စည်းများမှာယူပြီး အာမခံချက်ဖြင့် ကူးယူပေးနေပါတယ်။ Chip တွေက USA Made ဖြစ်တာကြောင့်အရည်အသွေးစိတ်ချရပါတယ်။ Key Shell ကတော့ Mexico နဲ့ Spain ကထုတ်လုပ်တဲ့ Key Shell များကိုအသုံးပြုထားပါတယ်။ ကျွန်တော်တို့အသုံးပြုပေးနေတဲ့ USA နိုင်ငံလုပ်စက်က (၈၅%) သော ကား၊ ထရပ်ကား၊ ဆိုင်ကယ် များရဲ့သော့များကို ကူးယူပေးနိုင်ပါတယ်။ ကျွန်တော်တို့ ဆီလာရောက်လေ့လာနိုင်ပါတယ်။ မိမိကားရဲ့ Chip Key ဘယ်အမျိုးအစားသုံးတယ်ဆိုတာကို (အခမဲ့) လာရောက် စစ်ဆေးနိုင်ပါတယ်။ Copy ကူးယူချင်တယ်ဆို လဲဘယ်လောက်ကျသင့်တယ်မေးမြန်းနိင်ပါတယ်။

ပြည်မြန်မာ

၁၇ နှစ်သမီးကို အသက် ၃၀ ကျော် အိမ်နီးချင်းက ခိုးပြေးသဖြင့် အမှုဖွင့်




From : ..mizzima


၁၇ နှစ်အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်ကို အသက် ၃၄ နှစ်အရွယ် အိမ်နီးချင်းအမျိုးသားက ခိုးပြေးသည် ဟု ဆိုကာ အမှုဖွင့်တိုင်တန်းမှုတစ်ခုအား ကွမ်းခြံကုန်းရဲစခန်းက စက်တင်ဘာ ၈ ရက်တွင် အမှုဖွင့် ဆောင်ရွက်ပေး နေရသည်ဟု တိုင်းရဲဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါအမှုမှာ စက်တင်ဘာ ၄ ရက်ကတည်းက ကွမ်းခြံကုန်းမြို့နယ် မေတ္တာကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုမှမိန်းကလေး၏ အုပ်ထိန်းသူ အဒေါ်ဖြစ်သူက အမှုဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။

တိုင်တန်းသူက တူမတော်စပ်သည့် မ....... (၁၇)နှစ်အား နေအိမ်အောက်ထပ်တွင် ထင်းများ စီးခိုင်းထားရာတွင် ည ၉ နာရီအချိန်ထိ အိမ်ပေါ်သို့ တက်လာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲကို ထွက်ဆိုထားသည်။

ထို့ကြောင့် လိုက်လံစုံစမ်းရာတွင် အိမ်နီးချင်းဖြစ်သူ အမျိုးသားတစ်ဦးက ခိုးယူထွက်ပြေးသွားကြောင်း စုံစမ်းသိရှိခဲ့ ရသည်ဟုလည်း ဆက်လက်ထွက်ဆိုထားသည်။

ထိုသို့ တိုင်တန်းမှုကြောင့် ရဲစခန်းကအမှုအမှတ် (ပ)၁၈၃/၂၀၁၃ဖြင့် အမှုဖွင့်ကာ စွပ်စွဲခံထားရသူအား ဖမ်းဆိးရမိပါ က ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၆ ဖြင့် တရားစွဲမည်ဟု ရဲဌာနကဆိုသည်။

အလေးထားသင့်သော ဖြစ်လေ့ရှိ လက္ခဏာရပ်များ ( သတိမမှု ဂူ မမြင် သလို ပါ )




 
ဗိုက်ပူ၊ နွမ်းလျ၊ ခါးနာစတဲ့ လက္ခဏာရပ်တွေဟာ ဖြစ်လေ့ရှိတဲ့ လက္ခဏာရပ်တွေ ဖြစ်တာကြောင့် ကျွန်မတို့ဟာ သိပ်ပြီး အလေးမထားဘဲ လျစ်လျူရှုထားတတ်ကြပါတယ်။ ဒီလက္ခဏာရပ်တွေက ကျွန်မတို့ ထင်သလောက် အန္တရာယ်မကင်းတာကြောင့် -လျစ်လျူရှုမထားသင့်ပါဘူး။


ဗိုက်ပူခြင်း

ဘာသိသင့်သလဲ
ဝမ်းဗိုက်မှာ အဆီစုတာဟာ ခန္ဓာကိုယ် တခြားနေရာမှာ အဆီစုတာထက် ပိုပြီး အန္တရာယ်ရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပိန်မဝ ခန္ဓာကိုယ်အလေးချိန် ရှိနေရင်တောင် ခါးတုတ်ဗိုက်ပူနေပါက မကောင်းတဲ့ ကိုလက်စထရောများခြင်း၊ သွေးတိုးခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါ၊ လေဖြန်းခြင်းနဲ့ နှလုံးတိုက်ခိုက်ခံရခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဘာလုပ်နိုင်သလဲ
သင်ရဲ့ ကိုယ်အလေးချိန်နဲ့ BMI (အရပ်နဲ့ ကိုယ်အလေးချိန်အချိုး) ကို သိသင့်ဖို့လိုသလို ခါးအချိုးအစားကို သိဖို့လည်း အရေးကြီးပါတယ်။ အမျိုးသမီး တစ်ယောက်မှာ ခါး ၈၀ စင်တီမီတာ (၃၁ လက်မခွဲ) နဲ့ အမျိုးသား တစ်ယောက်မှာ ခါး ၉၄ စင်တီမီတာ (၃၇ လက်မ) ထက် ပိုများနေပါက ခါးသေး ဗိုက်ချပ်အောင် လုပ်ဖို့ အချိန်တန်နေပါပြီ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပါ။ အရက်လျှော့သောက်ပါ။ အဆီလုံးဝ မစားပါနဲ့။

ခုတလော အလွန်ပင်ပန်းခြင်း

ဘာသိသင့်သလဲ
အကြောင်းပြချက် အထင်အရှားမရှိဘဲ ပင်ပန်းနွမ်းလျလွန်းနေပါက သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တဲ့ လည်ပင်းကြီးရောဂါ (Hypothyroidism) ကြောင့် ဖြစ်နေနိုင်ပါတယ်။ လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းတွေဟာ အင်အားဖြစ်စေတဲ့ သိုင်းရောဆင်း (Thyroxine) ဟော်မုန်းတွေ ထွက်ရှိစေပါတယ်။ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တဲ့အခါ ဒီဟော်မုန်းတွေ ထွက်ရှိမှု လျော့နည်းတာကြောင့် အားနည်းပြီး ပင်ပန်းရတာပဲဖြစ်ပါတယ်။ တခြား လက္ခဏာရပ်တွေကတော့ ကိုယ်အလေးချိန်တိုးခြင်း၊ အမေ့ထူခြင်း၊ မှတ်ဉာဏ်မကောင်းခြင်း၊ အသားအရေနဲ့ ဆံပင်သား ခြောက်သွေ့ခြင်း၊ နေထိုင်မကောင်း ဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဘာလုပ်နိုင်သလဲ
သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တာဟာ အိုင်အိုဒင်း ချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်း ပါဝင်မှုများတဲ့ ပင်လယ်စာ၊ ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေ စားပေးပါ။ အရေးကြီးတဲ့ အချက်ကတော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီပြပြီး သိုင်းရွိုက်ကို ကောင်းစွာ စစ်ဆေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။

အတူနေစဉ် နာကျင်ခြင်း

ဘာသိသင့်သလဲ
လင်မယား နှစ်ယောက်အတူ ဆက်ဆံခြင်းဟာ အသက်ကြီးလာတာနဲ့အမျှ တစ်ခါတစ်ရံ နာကျင်တတ်ပါတယ်။ အထူးသဖြင့် မီးယပ်သွေးဆုံးပြီးနောက် အမျိုးသမီးလိင်အင်္ဂါ ယောနိပိုပြီး ခြောက်သွေ့ပါးလွှာကာ ကျုံ့သွားတတ်တာကြောင့်ပါ။ ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ အတူဆက်ဆံစဉ် နာကျင်ခြင်းဟာ သားအိမ်ရောဂါတွေနဲ့ မမျိုးဥအိမ် ရေအိတ်တည်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလိုအခြေအနေတွေဟာ အရေးကြီးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် လျစ်လျူရှုမထားသင့်ပါဘူး။

ဘာလုပ်နိုင်သလဲ
သားဖွားနဲ့ မီးယပ်ဆရာဝန်ကြီးတွေကို သွားပြပါ။ အမျိုးသမီးအင်္ဂါ ခြောက်သွေ့တဲ့ ပြဿနာဆိုပါက ဟော်မုန်းခရင်မ်တွေ၊ ချောဆီတွေ သုံးပေးနိုင်ပါတယ်။ တချို့ကိစ္စတွေမှာ လိင်အင်္ဂါကို ချဲ့ပေးနိုင်ပါတယ်။ ရာသီလာစဉ် နာကျင်တာ၊ သွေးအဆင်းများတာတို့ပါ ဖြစ်ပါက သန္ဓေတားဆေး ဒါမှမဟုတ် သားအိမ်တွင်းထည့် ပစ္စည်း (IUD) တို့ကို ထည့်ပေးနိုင်ပါတယ်။ ပရိုဂျက်စ်တိုဂျင် ဟော်မုန်းကို မပြတ်ထုတ်ပေးတာကြောင့် ဓမ္မတာရာသီကို ပုံမှန် ဖြစ်စေနိုင်ပါတယ်။

အမြဲတစေ ခါးနာခြင်း

ဘာသိသင့်သလဲ
ခြောက်လနဲ့အထက် တစ်ရက်မပျက် ခါးနာနေပါက သင့်ဦးနှောက်ရှိ တချို့ နေရာတွေ ကျုံ့နေနိုင်ပါတယ်။ ဦးနှောက် ပမာဏ လျော့နည်းခြင်းက ပုံမှန်သက်တမ်းရဲ့ နှစ်နှစ်ဆယ်နဲ့ ညီမျှနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်က အဆက်မပြတ် ခါးနာခြင်းကို ရင်ဆိုင်ရပါက နာကျင်မှုကို လက်ခံတဲ့ ပုံစံတွေ ပြောင်းလဲသွားနိုင်တာကြောင့်ပါ။ နောက်ပြီး ခါးနာခြင်းဟာ စိုးရိမ်ပူပန်ခြင်းကိုလည်း ဖြစ်စေပြီး ကြွက်သား ပရိုတင်းကို ထိခိုက်စေ၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေကာ မလိုအပ်တဲ့ အဆီစုစေနိုင်တဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပါတယ်။

ဘာလုပ်နိုင်သလဲ
ခါးနာတဲ့သူတွေဟာ လေ့ကျင့်ခန်း လုပ်လေ့ မရှိသူတွေဖြစ်တာကြောင့် ကျန်းမာဖျတ်လတ်နေဖို့ လိုပါတယ်။ တစ်နေ့ကို ခြေလှမ်း ၁၀၀၀၀ လှမ်းပေးခြင်းနဲ့ စတင်ကာ နောက်ပိုင်း လေ့ကျင့်ခန်းတိုး လုပ်ပေးပါ။ ခြောက်ပတ်နဲ့ အထက် ခါးနာမှု မသက်သာပါက ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

သွားဖုံးသွေးထွက်ခြင်း

ဘာသိသင့်သလဲ
သွားဖုံး သွေးထွက်ခြင်းဟာ ပါးစပ်ထဲ ဘက်တီးရီးယားပိုးတွေ စုနေတာကြောင့် သွားဖုံးရောင်လာကာ သွားဖုံးရောင်ရောဂါ ဖြစ်လာခြင်းကြောင့်ပါ။ ဒါကို အလေးမထားဘဲ မနေသင့်ပါဘူး။ သွားဖုံးရောဂါတွေဟာ နှလုံးရောဂါနဲ့ လေဖြန်းခြင်းတို့နဲ့ ဆက်စပ်မှု ရှိတာကြောင့် ဖြစ်ပါတယ်။

ဘာလုပ်နိုင်သလဲ
ခုချက်ချင်း ဆေးလိပ်ဖြတ်ပါ။ သွားဖုံးအရောင် လျော့သွားပါလိမ့်မယ်။ သွားနဲ့ ခံတွင်းသန့်ရှင်းဖို့ အရေးကြီးသလို သွားကျောက်တည်ခြင်း၊ ကြေးတင်ခြင်း မဖြစ်အောင် သွားဆရာဝန်ထံ သွားသန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။ သွားဆရာဝန်ထံ ပုံမှန်ပြသ အစစ်ဆေးခံပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ ဆီးချိုရောဂါသည်တွေဟာ သွားဖုံးရောဂါ အဖြစ်များလို့ အစစ်ဆေးခံသင့်ပါတယ်။

အိပ်နေစဉ်ဟောက်ခြင်း

ဘာသိသင့်သလဲ
အိပ်နေစဉ် ဟောက်ခြင်းဟာ Sleep Apnoea (အိပ်နေစဉ် အသက်ရှူရပ်ခြင်း) ဖြစ်နိုင်ခြေ များတတ်ပါတယ်။ အိပ်နေစဉ် အသက်ရှူရပ်တဲ့ ရောဂါဟာ လည်ချောင်း အနောက်ဘက်ရှိ တစ်သျှူးပျော့လေးတွေ လျော့ရဲပြီး အသက်ရှူလမ်းကြောင်း အပေါ်ဘက်ကို ပိတ်ဆို့တာကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ တစ်နာရီမှာ အကြိမ် ၁၀၀ လောက် ပိတ်ဆို့တတ်ပါတယ်။ အသက်ရှူမဝခြင်းကြောင့် အောက်ဆီဂျင် လျော့နည်းခြင်း၊ အိပ်ရေး ကောင်းစွာမဝခြင်းတို့ဟာ သွေးတိုးခြင်း၊ လေဖြန်းခြင်း၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ နေ့ဘက် အိပ်ငိုက်ခြင်းနဲ့ ယာဉ်တိုက်မှု ဖြစ်ခြင်းတို့တောင် ဖြစ်နိုင်ပါတယ်။

ဘာလုပ်နိုင်သလဲ
ဆရာဝန်နဲ့ ပြသပြီး Sleep Apnoea ရှိမရှိ အစစ်ဆေးခံပါ။ ကိုယ်အလေးချိန် လျှော့ခြင်းက အိပ်နေစဉ် ဟောက်ခြင်းနဲ့ Apnoea တို့ကို လျှော့ချနိုင်သလို ဘေးတစောင်း အိပ်ခြင်းကလည်း လျှော့ချနိုင်ပါတယ်။ အရက်နဲ့ အိပ်ဆေးရှောင်ပါ။ နှစ်မျိုးစလုံးက ကြွက်သားတွေကို ဖြေလျှော့ပေးတာကြောင့် ပြဿနာပိုဆိုးနိုင်ပါတယ်။

နံရိုးအောက် နာကျင်ခြင်း

ဘာသိသင့်သလဲ
ရင်ဘတ်အောက် အထူးသဖြင့် ညာဘက်ခြမ်းမှာ အောင့်ပါက သည်းခြေကျောက်ကြောင့် ဖြစ်နိုင်ပါတယ်။ အသက် ၂၀ မှ ၆၀ ကြားအရွယ်မှာ ဖြစ်တတ်ကာ အမျိုးသမီးတွေက အမျိုးသားတွေထက် ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ သည်းခြေကျောက်တွေဟာ သည်းခြေပြွန်ကို ပိတ်စေနိုင်ကာ ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ သည်းခြေကျောက်ဆိုတာဟာ တကယ်တော့ ကိုလက်စထရောတွေ မာကျောကာ ခဲသွားခြင်း ဖြစ်ပြီး လေးစင်တီမီတာ အရွယ်လောက်ထိ ကြီးနေနိုင်ပါတယ်။

ဘာလုပ်နိုင်သလဲ
မျိုးရိုးလိုက်ခြင်းကြောင့် အများဆုံး ဖြစ်နိုင်ကာ မျိုးရိုးမှာ ဒီရောဂါရှိပါက ကာကွယ်နိုင်တဲ့နည်းလမ်း သိပ်မရှိပါ။ ဆရာဝန်နဲ့ ပြသကာ Ultrasound ရိုက်ကြည့်ပါ။ ရင်ပြည့်ခြင်း၊ ပျို့ခြင်း၊ အစာမကြေခြင်းတို့ပါတွဲပြီး ဖြစ်နေရင်ပေါ့။ အဝလွန်ခြင်းကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဝိတ်လျှော့ပါ။ ဒါပေမဲ့ ဖြည်းဖြည်းနဲ့ မှန်မှန်သာလျှော့ပါ။ ရုတ်တရက် စိတ်ပျော့သွားပါက အသည်းကနေ ကိုလက်စထရောတွေ အထွက်များပြီး သည်းခြေကျောက် ဖြစ်စေနိုင်တာကြောင့်ပါ။

ဒေါက်တာနုမြတ်

မန္တလေးမြို့၌ ဆီးဂိမ်းတွင် လာရောက် ယှဉ်ပြိုင်မည့် နိုင်ငံတကာ ဘောလုံးအသင်းများ နှင့် မီဒီယာများ တည်းခိုရန် ဟိုတယ်များ စီစဉ်






ရန်ကုန် ၊ ၁၁-၉-၂၀၁၃


မန္တလေးမြို့တွင် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၌ လာရောက် ယှဉ်ပြိုင်မည့် နိုင်ငံခြား ဘောလုံးအသင်း ၇ သင်းအတွက် ဟိုတယ် ၅ လုံး နှင့် မီဒီယာများ တည်းခိုရန် အတွက် ဟိုတယ် ၃ လုံး စီစဉ် ထားကြောင်း သိရသည်။


လာရောက် ယှဉ်ပြိုင်မည့် ဘောလုံး အသင်းသားများ တည်းခိုရန် အတွက် Mandalay Hill Resort Hotel, Hotel Mandalay, Hotel Queen, ဂရိတ်ဝေါလ် ၊ မင်းသားကြီး နှင့် ရွှေဖြူ ဟိုတယ် များ စီစဉ်ထားပြီး မီဒီယာ နှင့် အထူး ဖိတ်ကြား ထားသူများ အတွက် Sedona Hotel Mandalay, Pacific Hotel များကို စီစဉ် ထားကြောင်း သိရသည်။


ထို့အပြင် နိုင်ငံတကာ မှ လိုက်ပါ ကြည့်ရှုမည့် ၀ါသနာရှင် များနှင့် လေ့လာသူများ အတွက် ကိုလည်း ဟိုတယ် ၅ လုံး စီစဉ်ထားပြီး အရန် ဟိုတယ် ၆ လုံး ကိုလည်း စီစဉ် ထားကြောင်း ၊ ဟိုတယ် တစ်ခုစီတွင် အခန်း ၁၅ ခန်းနှုန်း စီစဉ်ထားကာ လာရောက် ကြည့်ရှု သူများ တည်းခိုမှု အခက်အခဲ မဖြစ်စေရန် ပြုလုပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။


လက်ရှိ အချိန်တွင် ဆီးဂိမ်း ပြိုင်ပွဲအတွက် ပြည်ပမှ လာရောက်ကြမည့် မီဒီယာများ နှင့် လေ့လာသူ များ တည်းခိုရန် အခန်းပေါင်း ၃၅၈ ခန်း ၊ အားပေးမည့် ပရိသတ်များ အတွက် အခန်းပေါင်း ၇၀၀ ကို ပြိုင်ပွဲ ကျင်းပမည့် ရန်ကုန်တိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး ၊ နေပြည်တော် နှင့် ငွေဆောင် မှ ဟိုတယ်များတွင် စီစဉ် ထားကြောင်း ၊ ယင်းတည်းခိုရန် အခန်းများကို အွန်လိုင်း မှ တစ်ဆင့် ကြိုတင် မှာယူနိုင်ပြီး စက်တင်ဘာလ ၃၁ ရက် မတိုင်မီ စာရင်း ပေးသွင်းနိုင်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန မှ သိရသည်။


ပြည်ပမှ လာရောက် ကြည့်ရှုကြမည့် ပရိသတ် များကို ပြိုင်ပွဲရက် များအတွင်း အဆင်ပြေစွာ တည်းခို နိုင်ရန် အတွက် သတ်မှတ် ထားသော အခန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး အခန်းခများ အဖြစ် နေပြည်တော် တွင် အမေရိကန် ဒေါ်လာ ၇၀ ၊ ရန်ကုန်တွင် အမေရိကန် ဒေါ်လာ ၁၅၀ ၊ မန္တလေး နှင့် ငွေဆောင် တို့တွင် အမေရိကန် ဒေါ်လာ ၁၀၀ အဖြစ် သတ်မှတ် ထားရာ စာရင်း ပေးသွင်း ရမည့်ရက် ကျော်လွန် သွားပါက လျှော့ပေါ့ သတ်မှတ် ထားသော အခန်းခ နှုန်းဖြင့် တည်းခို နိုင်မည် မဟုတ်ကြောင်း ယခင် မူလ ဈေးနှုန်းဖြင့်သာ တည်းခို ရမည် ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာပေါ်တွင် ခဲမဖြူနှင့် အဖြိုက်နက် အများဆုံးကို တနသာင်္ရီတိုင်းဒေသကြီးမှထွက်ရှိနေ





တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်၊ ပလောနှင့် ရေဖြူ ဒေသများသည် ခဲမဖြူနှင့်အဖြိုက်နက်များ ထွက်ရှိနိုင်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံသည် ခဲမဖြူ၊
အဖြိုက်နက် ကီလို ၆၀၀ ဝန်းကျင် ရှိသောကြောင့် ကမ္ဘာပေါ်ရှိ ၁၆၀၀ကီလို ရပ်ဝန်းတွင်လည်း အများဆုံးထွက်ရှိရာ ဒေသကြီးတစ်ခု ဖြစ်ကြောင်း ဘူမိဗေဒပညာရှင် အချို့က ပြောကြသည်။

“တနင်္သာရီတိုင်း ဒေသကြီးထဲမှာ ခဲမဖြူနဲ့ အဖြိုက်နက်ရပ်ဝန်း ကီလို ၆၀၀ လောက်ရှိတယ်။ ကမ္ဘာပေါ်မှာတောင် ခဲမဖြူနဲ့ အဖြိုက်နက် ရပ်ဝန်း ကီလို ၁၆၀၀ လောက်ပဲရှိတယ်။ မြန်မာနိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းကိုတနင်္သာရီတိုင်းက ထွက်ရှိနေတာ”ဟု ထားဝယ် အထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။
အဆိုပါ တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ဆက်စပ် လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက် ရှိရာ သတ္တုတူးဖော် ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်ဆောက်ရွက် လာခဲ့ပါက တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူလူထုများအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ကူညီသွားမည်ဟုလည်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စာရင်းဇယားများအရ လူဦးရေ ၁၃သိန်း ၀န်းကျင်ခန့ရှိပြီး ယင်းအထဲမှ လူဦးရေ ၅ သိန်းခန့်ဝန်းကျင်မှာထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် နေရကြောင်း သိရသည်။
လက်ရှိတွင် သတ္တုတွင်းဝန်ကြီး ဌာနနှင့် ဂျပန်ကုမ္ပဏီတစ်ခုမှ ပူးပေါင်းကာ သတ္တုများ ဆက်လက်ရှာဖွေနိုင်ရန် လေ့လာမှုများ ပြုလုပ်နေကြောင်း ယင်းလေ့လာမှု အောင်မြင်ပါကလည်း ဒေသခံများအတွက် အလုပ်ကိုင်များ တိုးတက် ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း သူရဦးသောင်းလွင်က ဆက်လက် ပြောကြားလိုက်သည်။

ဘဝမှာ အမှတ်တရ ဖြစ်မယ့် အစီအစဉ်ကို ပရိသတ်တွေဆီ ချပြဖို့ စီစဉ်နေတဲ့ မိုးဟေကို




မိုးဟေကိုက ဒါရိုက်တာကို ဇော်(အရုဏ်ဦး)ရိုက်ကူးတဲ့ ‘ATM ကတ်သုံး သူများ သတိထား’ ဆို တဲ့ဇာတ်ကားမှာ သူများပိုက်ဆံတွေ ကို လိုက်ခိုးတဲ့ဇာတ်ရုပ်ကို သရုပ် ဆောင်နေပါတယ်။ ဒီလို ဇာတ် ရုပ်က ပထမဆုံးသရုပ်ဆောင်တာ ဖြစ်ပြီး လုပ်ချင်စိတ်အပြည့်အဝရှိ တယ်ဆိုတာကြောင့်..

“ပိုက်ဆံတွေလိမ်ပြီးခိုးတာ၊ ဒီ လိုသူခိုးပုံစံက တစ်ခါမှ မလုပ်ဖူး ဘူး။ ဇာတ်ကားတစ်ကား၊ ဇာတ် ရုပ်တစ်ခုအနေနဲ့ပဲ ကြည့်စေချင် တယ်။ ပရိသတ်တွေ အားပေးမယ် လို့လည်း မျှော်လင့်မိတယ်။ မလုပ် ဖူးတာကို လုပ်ရတဲ့အတွက် ဘယ် လိုနေမလဲ ဆိုပြီး လုပ်ကြည့်ချင်တဲ့ စိတ်အပြည့် အဝရှိတယ်” လို့ ပြော ပြပါတယ်။

ဇာတ်ရုပ်တွေကို ကိုယ်မလုပ် ရသေးတဲ့ ပုံစံမျိုးလုပ်ရတာ ပိုစိတ် ဝင်စားသလို၊ ဇာတ်ရုပ်တွေထပ်မှာ ကိုလည်း စိုးရိမ်တယ်လို့ ပြောပြတဲ့ မိုးဟေကိုက..

”မိုးကို များသောအားဖြင့်က ဇာတ်ရုပ်အမာပုံစံကို ပရိသတ် တွေ တအားကြိုက်ကြတယ်။ ဇာတ် တစ်ခုလာရင် ကိုယ့်ကို ဒီလို နေ ရာများ ထပ်ပေးထားပြန်ပြီလား။ ဒီလို ဆို ငြင်းသင့်ရင်လည်း ငြင်း တယ်။ များနေမှာစိုးလို့ ဇာတ်ကို အရင်တောင်း ကြည့်ဖြစ်တယ်။ မိုးကမလုပ် ရသေးတာကို ပိုပြီး လုပ် ချင်တယ်။ စိတ်ပါတယ်။ ဒါကြီးပဲ လုပ်နေရင် ငြီးငွေ့သွားတတ်တယ်။ ကိုယ်က အပျင်းလည်း ကြီးတယ်ဆို တော့ မလုပ်ရသေးတာကို လုပ်ရ တာ ပိုစိတ်ဝင်စားတယ်။ အခုဆိုရင် တော့ မိုးရိုက်ထား တာတွေက မျှ ပါတယ်။ အရင်ကတော့ အဲဒီလို ဇာတ်တွေ များတယ်။ အခုနောက် တချို့ပုံစံမျိုးလုပ်ဖြစ်ပါတယ်။ မိုးက အရင်ထဲ ကလည်း ဇာတ်ကား တွေကို ပုံမှန်အေးေ အးပဲ ရိုက် တယ်။ အခုလည်း ပုံမှန်အေး အေးပဲ ရိုက်တော့ ကိုယ့် အတွက်တချို့လုပ်စရာ လေးတွေ အချိန်ချန်ပြီး လုပ်ဖြစ် နေတယ်။မိုးတို့ ကြိုးစား ရကျိုးနပ်တာ ကလည်း ၇ရက် သား သမီး ပရိသတ်တွေရဲ့ အားပေးမှုတွေ ကြောင့်ပဲလေ” လို့ ပြောပြပါတယ်။

မိုးဟေကိုက ဘဝမှာ အမှတ်တရ အနေနဲ့ အစီအစဉ် တစ်ခုကို ပရိ သတ်တွေစီ ချပြချင်တဲ့ အတွက် စ တင်အ ကောင် အထည် ဖော် နေ ပြီလို့ လည်းသိ ရတာကြောင့် ဘယ်လို စိတ် ကူးတွေနဲ့ လုပ်ဖြစ်တာလည်းဆို တော့..

“မိုး အမှတ်တရအနေနဲ့ အစီ အစဉ်လေးတစ်ခု လုပ်ချင်တယ်။ ကိုယ့်ရဲ့ ဘဝမှာ အမှတ်တရဖြစ်မယ့် အရာလေးတစ်ခု ဖန်တီးနေတယ်။ အခုတော့ စတင်အကောင် အထည်ဖော်နေပြီ မိုးကစလုပ် တုန်းပဲရှိသေးတော့ ပြီးခါနီးကျရင် အသိပေးမှာပါ။ ဒီအမှတ်တရလေးကို ပရိသတ်တွေကိုလည်း ချပြချင်တော့ လေးလေးနက်နက်နဲ့ အချိန်ပေးပြီး လုပ်နေတယ်။ ကိုယ်လုပ် ချင်တဲ့စိတ်လေးက လည်း ဒီနှစ်ဝက်မှစပြီး ပေါ် လာတော့ ကားရိုက်ရက်တွေ ကအစ ကိုယ့်အစီအစဉ် လေးတွေ လုပ်မယ့်ရက် ချန်ပြီးမှ ကားရိုက် လုပ် ဖြစ်တယ်။ တချို့ကား ရိုက်လေးတွေ လျှော့ လိုက်ပြီး အချိန်ချန် လိုက်တယ်။ ရာသီ ဥတုကလည်း ရှိသေး တော့လေ။ အကောင်း ဆုံးဖြစ် အောင် ကြိုးစားနေပါတယ်။ ဒီ အချိန်ဒီအလုပ်ကို တအား လုပ်ချင် နေတယ်။ ကိုယ်လုပ်နေတဲ့ အနုပညာ ရယ်၊ကိုယ်သာပရိသတ် တစ် ယောက် ဖြစ်ခဲ့ရင်ဒါတွေ အားလုံးကိုမျှေ တွးပြီး စဉ်းစားတော့ ဘာလုပ်ရင်ကောင်း မလဲဆိုပြီး ဒီအတွေးလေးက ခေါင်း ထဲ ဝင်လာတာ။ ကြိုတင်စဉ်းစားတာ မဟုတ်ဘဲ လုပ်ချင်တဲ့စိတ်အပြည့်အ ဝရှိတော့ မရရအောင် အကောင် အထည်ဖော်ဖြစ်တာ။ ဒါမျိုးက အမြဲတမ်းမလုပ်နိုင် ဘူး။ လုပ်နေတာနဲ့ ဖြစ်ချင်တာ တစ်ထပ်တည်း ကျနေ တဲ့အချိန် အမှတ်တရအနေနဲ့ လုပ် ဖြစ်တာပါ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

အမျိုးသမီးငယ်လေး ၁ ဦး သေစေလောက်တဲ့ အထိ လူအစုလိုက်အပြုံလိုက် အဓမ္မကျင့်သူ အမျိုးသား ၄ ဦး အပြစ်ရှိကြောင်း အိန္ဒိယတရားရုံး ဆုံးဖြတ်



From : ..voa





.



ပြီးခဲ့တဲ့နှစ်က ဘက်စ်ကားပေါ်မှာ အမျိုးသမီးငယ်လေး ၁ ဦး သေစေလောက်တဲ့ အထိ လူအစုလိုက်အပြုံလိုက် အဓမ္မကျင့်တဲ့အမှုမှာ အမျိုးသား ၄ ဦးကို အပြစ်ရှိကြောင်း အိန္ဒိယတရားရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နယူးဒေလီ တရားရုံးက တရားသူကြီးတွေကနေပြီး ဆုံးဖြတ်ချက်ကို ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပြီး ဗုဒ္ဓဟူးနေ့မှာ ပြစ်ဒဏ်ချမှတ်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တရားခံအမျိုးသားတွေကို ကြိုးပေးကွပ်မျက်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

သေဆုံးသူ အသက်၂၃ နှစ်အရွယ် အမျိုးသမီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သံတုတ်နဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာပါ။ သူနဲ့အတူပါလာတဲ့ အမျိုးသားအဖော်ကိုလည်း ရိုက်နှက်ခဲ့ပါတယ်။

အဓမ္မပြုကျင့်ပြီး နှစ်ပတ်ကြာတဲ့နောက်မှာတော့ အမျိုးသမီးငယ်လေးဟာ သူဆေးကုသမှုခံယူတဲ့ စင်္ကာပူဆေးရုံမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

ကုသိုလ်အလုပ်များ တားမိရင် သတိထားဖွယ်ရာ ကုသိုလ်အလုပ်များ တားမိရင်




ကုသိုလ်အလုပ်များ တားမိရင် ဆိုတဲ့အကြောင်းလေးဟာ လူတိုင်းလူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါ။ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်တွေ
ကို တားမိသလို ဖြစ်မသွားမိဖို့ အင်မတန်မှလည်း သတိထား လုပ်ကိုင်သင့်ပါ
တယ်။ လူတွေက ထင်ကြပါ့မယ်..။

ကုသိုလ်လုပ်တာများ.. ဘာလို့တားရမှာလဲ.. မတားပါဘူးလို့ ပြောကြမယ် ထင်ပါတယ်။ တစ်ချို့ကျတော့လည်း.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်
ကို သိသိကြီးနဲ့ မလုပ်ဖြစ်အောင် တားဆီးကြတာရှိသလို.. မသိလို့ တားမိသ
လို ဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့တွေအများစုဟာ မိသားစုရဲ့ အဝေးမှာရောက်ရှိနေပြီး အပေါင်းအသင်းတွေနဲ့ ပေါင်းစုနေထိုင်
ရတဲ့အတွက် ပိုပြီးတော့ သတိထားသင့်ပါတယ်..။

ကိုယ့်ကုသိုလ်အလုပ်ကို ကိုယ်တိုင်မလုပ်တာဟာ ဘာမှမဖြစ်ပေမယ့်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်ကို တားမိသလို ဖြစ်သွားတာကျတော့ အင်မတန်မှ ဆိုးရွားပါတယ်နော်..။ ဒါမလို့လည်း မဖြစ်မိအောင် ဆင်
ခြင်စေလိုတာပါ။

မထင်မှတ်တဲ့ အသေးအဖွဲ အရာလေးတွေဟာ သတိမထားလိုက်မိတဲ့အခါ
မှာ သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေ တားမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ အတူနေသူငယ်ချင်းတွေ ရှိတဲ့အခါ ပိုပြီးသတိထားသင့်တဲ့ အရာလေးပါ။ သူငယ်ချင်းတစ်ယောက် တရားခွေလေးဖွင့်ပြီး နာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ ကိုယ်က ကက်ဆက်အကျယ်ကြီး ထဖွင့်လိုက်တာတို့.. အော်
ဟစ်ဆူညံစွာ ပြောဆိုနေတာတွေဟာ.. တကယ်တော့ သူတစ်ပါးလုပ်နေ
တဲ့ ကုသိုလ်အလုပ်တွေကို တားရာရောက်ပါတယ်။

သူတစ်ပါး တရားနာကြားနှလုံးသွင်းနေတဲ့ အချိန်မှာ သူတစ်ပါးကို စိတ်အ
နှောက်ယှက်ဖြစ်အောင် လုပ်လိုက်တာဟာ သူရရှိမဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်
တရားတွေကို မရရှိအောင် တားလိုက်သလို ဖြစ်တတ်ပါတယ်။

လူတစ်ယောက်ဟာ ဘယ်အချိန်မှာ တရားရမယ်.. ဘယ်အချိန်မှာ တရားမရဘူးဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် ဘယ်အချိန်မဆို သူတစ်ပါးရဲ့ ကုသိုလ်အလုပ်တွေကို မတားမိစေဖို့ လိုအပ်ပါတယ်။

သူတစ်ပါးရဲ့ ကုသိုလ်ကို နှောက်ယှက်ခဲ့တဲ့ကံတွေဟာကိုယ့်အလှည့်ကျရင်
လည်း တရားအားထုတ်လို့ တရားရတော့မယ့်အချိန်မှာ အနှောက်အယှက် အဖျက်အစီးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ဒ့ါကြောင့်မလို့လည်း သတိ
ထားစေချင်တာပါ။

နောက်တစ်ချက်ကတော့ သူတစ်ပါးတွေရဲ့ ဒါနကုသိုလ်တွေကို တားမိ
တဲ့ အတွက် နောက်ဘ၀ရောက်တဲ့အခါမှာ ပါးစပ်ပေါက်မပါတဲ့ပြိတ္တာ
ဖြစ်သွားရတဲ့ အကြောင်းအရာလေးပါ။ နှမြောတွန့်တိုတဲ့သူတွေ သတိ
ထားရမယ့် အကြောင်းအရာလေးပါပဲ။ အဖွားကြီးတစ်ယောက်ဟာ ကိုယ်တိုင်အလှူဒါနမပြုသလို သူရဲ့ မြေးတွေ သားတွေသမီးတွေ
လှူရင်လည်း မလှူဖို့ အမြဲတားတတ်ပါတယ်။

အဲ့လိုမျိုး သူတစ်ပါးအလှူကို တားတဲ့အတွက် သေလွန်တဲ့အခါမှ သူ့မှာ
ရှိတဲ့ ဥစ္စာပစ္စည်းတွေ စွဲလမ်းပြီးသေလွန်တဲ့ အတွက် ပြိတ္တာဖြစ်ရပါတယ်။ ပြိတ္တာဖြစ်ယုံတင် မဟုတ်ပါဘူး.. သူတစ်ပါးလှူမယ့် အလှူဒါနကို တားစီး
ခဲ့တဲ့ကံကြောင့်လည်း ပါးစပ်ပေါက်မပါတဲ့ ပြိတ္တာဖြစ်ခဲ့ရပြန်ပါတယ်။ ဘယ်
သူက အမျှဝေေ၀ သာဓုခေါ်ခွင့်မရတဲ့ အခြေအနေဖြစ်သွားရတာပါ။

ဒီအကြောင်းအရာလေးဟာ တကယ်တော့ သူတစ်ပါးရဲ့ အလှူကို မလှူဖြစ်အောင်.. သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်အလုပ်ကို မလုပ်ဖြစ်
အောင် တားခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်ရတဲ့ အကြောင်းအရာလေး
ပါ။ ဒီဖြစ်ရပ်မှန်အကြောင်းအရာလေးဟာ လူတိုင်း သတိထားသင့်တဲ့ အရာလေးပါပဲ။

နောက်တစ်ချက်ကတော့.. သူတစ်ပါးရဲ့ ကုသိုလ်ပြုခွင့်ကို တားခဲ့တဲ့အတွက်.. ရဟန်းဘောင်မှာ ကြုံတွေ့ခံစားရတဲ့ အကြောင်းအရာလေးပါ။ ယခုမျက်
မှောက်ခေတ်က အကြောင်းအရာပါ။

လူတစ်ယောက်ဟာ သာသနာ့ဘောင် ၀င်ရောက်ဖို့ ရဟန်းခံပြီး သင်္ကန်းဝတ်မယ်ဆိုတဲ့အချိန်မှာ ခဏတာပဲ သင်္ကန်းဝတ်ခွင့်ရပြီး ကြာလာတဲ့အခါမှာ သင်္ကန်းဝတ်ရင်း ခန္ဓာကိုယ်တွေ ပူချစ်လာပြီး သင်္ကန်းဝတ်မရဖြစ်တာ.. သူတစ်ပါးထဲအတွက် ဆွမ်းဟင်းတွေ
ဟာ မကောင်းတဲ့ အနံ့အသက်တွေ ထွက်နေပြီး ဆွမ်ဘုန်းပေး
လို့မရ ဖြစ်တာတွေ ဖြစ်လာပါတယ်။

ရဟန်းဝတ်ချင်ပေမယ့် ရဟန်းဝတ်ခွင့်မရတာဟာ အရင်ဘ၀က သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားမြစ်ပိတ်ပင်ခဲ့တဲ့ အတွက်ပါ။ ဒီအကြောင်းအရာလေးဟာ အင်မတန် သတိထားသင့်ပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာလေးဟာ.. ယခုခေတ် မိဘတွေအတွက် သတိထားစရာ အချက်လေးပါ။ ယခုခေတ် ရဟန်းဘောင် ၀င်ရောက်ချင်တဲ့ လူငယ်တွေ သတိထားပြောသင့်တဲ့ အရာလေးပါ။ ရဟန်းဘောင်ဝင်မယ်ဆို မိဘတွေရဲ့ခွင့်ပြုချက်ရမှ ၀င်လို့ရတာပါ။

ဒီတော့.. မိဘတွေကို အရင်ဆုံး ခွင့်တောင်းမှဖြစ်ပါမယ်။ ဒီလိုခွင့်တောင်း
တဲ့အခါမှာ မိဘတွေက အတင်းတားမယ်.. မ၀င်ပါနဲ့လို့ ပြောမယ်ဆိုရင်.. ဒါဟာ သူတစ်ပါးရဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ရမယ့် အခွင့်အရေးတွေ.. တရား
ထူးရမယ့် အခွင့်အရေးတွေကို တားဆီးရာ ရောက်ပါတယ်။ သူတစ်ပါးရဲ့ ရဟန်းပြုခွင့်ကို တားတာဖြစ်တဲ့အတွက် တားမိတဲ့သူတွေဟာ..နောက်ဘ
ဝရောက်ရင် သင်္ကန်းဝတ်ခွင့်.. ရဟန်းဝတ်ခွင့် ဘယ်လိုမှ မဖြစ်နိုင်တော့
ပါဘူး.. ဒါ့ကြောင့် ဒီအချက်လေးကို အထူးမှာလိုပါတယ်။

လူငယ်တွေဘက်ကလည်း ကိုယ်ဖြစ်ချင် ကိုယ်လုပ်ချင်တဲ့ ဆန္ဒတွေကို
ကြီးမကြည့်ပဲနဲ့ မိဘတွေ သဘောတူမတူကို အရင်စဉ်းစားပြီး ပြောဆို
လုပ်ဆောင်သင့်တယ်လို့ အကြံပေးလိုပါတယ်..။ ဒီလိုမှ မဟုတ်ရင် ကိုယ့်အပေါ်မူတည်ပြီး ကိုယ့်ရဲ့မိဘတွေပါ နောက်ဘ၀တွေကျရင် ရဟန်းခံခွင့် ရဟန်းဝတ်ခွင့်မရ ဖြစ်သွားတတ်ပါတယ်။ ဒီအကြောင်း
အရာလေးကို လူငယ်တွေရော လူကြီးတွေရော အထူးအလေးနက်
ထား သိစေချင်ပါတယ်။

အဓိကအနေနဲ့ပြောလိုတာကတော့ သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်ကို မတားမိစေဖို့ကို ပြောလိုတာပါ။ အမှတ်တမဲ့ သတိလက်လွတ်ပြောလိုက်
တဲ့ အကြောင်းအရာလေးတွေဟာ သူတစ်ပါးအတွက် ကုသိုလ်လုပ်ခွင့်ကို တားသလိုဖြစ်သွားရင် ကိုယ့်အတွက် တရားရခွင့်တွေကို ကိုယ်ကိုယ်တိုင် လိုက်လံတားဆီးပြစ်ရာ ရောက်ပါတယ်။

ဒါ့ကြောင့်လည်း ဘယ်စကားပဲပြောပြောဘာအလုပ်ပဲလုပ်လုပ် သတိလေး
နဲ့ အမှားမပါအောင်.. သူတစ်ပါးရဲ့ ကုသိုလ်လုပ်ခွင့်တွေ မတားဖြစ်အောင်
ပြောဆိုလုပ်ကိုင်စေလိုတာပါ။ ကိုယ်ကိုတိုင် ကုသိုလ်တွေ လုပ်နေယုံနဲ့ မပြီးသေးပါဘူး.. ကိုယ့်ကြောင့်လည်း သူများတွေမှာ ကုသိုလ်တွေ လုပ်
ခွင့်ရအောင်.. အကုသိုလ်တွေ ပယ်ဖျောက်ခွင့်ရအောင် လုပ်ဆောင်ပေး
ဖို့လည်း လိုအပ်ပါတယ်။

သူများတွေရဲ့ ကုသိုလ်တရားတွေကို မပိတ်ပင် မတားဆီးမိအောင် သတိထားလုပ်ကိုင်နိုင်ပြီးတော့ ကိုယ်တိုင်လည်း တရားထူးတရားမြတ်
ရရှိအောင် ကျင့်ကြံလုပ်ကိုင်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါ
တယ်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး
တစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဝီရဓမ္မ

Related Posts Plugin for WordPress, Blogger...