Friday, September 6, 2013

ကျောင်းသူများကို စကတ်လှန်ခိုင်းသည့် ဆရာအား ဖမ်းဆီး အရေးယူ




ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အားလှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေးယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည် နယ် ကိုဝက်တာကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။


ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာလုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင်ဝက်ဘ် ဆိုက် ပေါ်တွင် တင်ထားခဲ့သည်။ ကျောင်းသူလေးများမှာ အိစ် ကိုဝက်တာအထက်တန်းကျောင်းမှဖြစ်ပြီး မဖွယ် မရာ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံထားကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့်သူများ၏ မဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို အများပြည်သူသို့ ဖော်ထုပ်ပြ ရန် ဥပဒေ အရ တားမြစ်ပိတ်ပင်ထားသည်။


ထိုကျောင်းသူများသည် မည်သူတို့ဖြစ်ကြကြောင်းကို အတန်းဖော်များက ကောင်းစွာသိကြပြီး ဆရာအား ကန့် ကွက်သည့် အီးမေးလ်များ ကျောင်းသို့အဆက်မပြတ်ရောက်လာကာ ဆရာကို အရေးယူပေးရန် တောင်း ဆိုကြ သည်။


ကျောင်းအုပ်ကြီးကလည်း ယခုဖြစ်ပျက်မှုသည် ကျောင်းအတွက်ပြန်လည်သုံးသပ်ရမည့် ကိစ္စဖြစ်ပြီး အမြန် ဆုံး အရေးယူပေးပါမည်ဟု မီဒီယာသို့ ပြောကြားခဲ့သည်။


ကျောင်းအုပ်ကြီးသည် အဖြစ်အပျက်ကို သိသိချင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ထိုဆရာကိုလည်း ကျောင်းမှထုတ်လိုက်ပြီး၊ ကျောင်းအတွင်းသို့ လုံးဝမလာရောက်ရန် အမိန့်ထုတ်လိုက်သည်။


ကျောင်းသူများ၏ ဓာတ်ပုံတွင် “ကျွန်တော့်အတန်းမှ ခပ်ဟော့ဟော့ ကောင်မလေးများ” ဟု စာတန်းရေးထိုး ထားသည့်အပြင် “စကတ်လန် ကောင်မလေးများ” ဟု ဖော်ပြထားချက်များ အပေါ် မိဘများက အပြင်း အထန် ကန့်ကွက်ခဲ့ကြသည်။


မိဘတစ်ဦးက “ကျွန်မတို့အနေနဲ့ ကျောင်းကို ယုံကြည်ပြီး သားသမီးတွေကို အပ်နှံထားခဲ့တာ။ ဒီလိုအဖြစ်မျိုး ရောက်အောင် ဆရာကလုပ်တယ်ဆိုတာ အံ့သြလို့မဆုံးဘူး” ဟုပြောကြားခဲ့သည်။


ကျောင်းမှတာဝန်ရှိသူများက ဆရာ၏အမည်ကို ဖော်ထုတ်ခြင်းမရှိပေ။ ရဲစခန်းမှ ထိုဆရာအားဖမ်းဆီးထား ကြောင်းသိရသည်။




မောင်ကျော်သီဟ blog

ကျပ်သိန်း ၁၅၀၀ အကြီးဆုံးဆု ပိုင်ရှင်မပေါ်


ရန်ကုန် ၊ စက်တင်ဘာ ၅။ ။ အောင် ဘာလေ သိန်းဆုဌာနခွဲတွင် ကျပ် သိန်း ၁၅၀၀ ဆုကြီးတစ်ဆုကို ယနေ့တိုင် လာရောက်ထုတ်ယူ ခြင်းမရှိသေးကြောင်း သိရသည်။ ဘဏ္ဍသိမ်းနှစ် ကျော်လွန်သွားပြီး လာရောက်ထုတ်ယူမှုမရှိ သော တန်ဖိုး နည်းဆု မဲများအပါ အဝင် တန်ဖိုးကြီးဆုမဲများမှာ နှစ် စဉ် ကျန်ရှိနေသော်လည်း ယခု ကျန်ရှိနေသော အောင်ဘာလေ ထီလောကတွင် ကျပ်သိန်း ၁၅၀၀ အနေဖြင့် ပထမဆုံးကြုံတွေ့ရခြင်း ဖြစ်ကြောင်း ထီလောကအသိုင်း အဝိုင်းမှ သိရ သည်။

''ဆုမဲလာမ ထုတ်တာတော့ နှစ်တိုင်းရှိတယ်။ ဆုမဲအကြီးတွေ တောင် လာမထုတ်တာမျိုးရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တစ်နှစ်စောင့်ပေးပါတယ်။ ဆုမဲ ကြေညာတဲ့ရက်ကစပြီး တစ်နှစ် အတွင်း တောင်းခံထုတ်ယူခြင်း မရှိရင်တော့ နိုင်ငံ တော် ဘဏ္ဍငွေ အဖြစ် သိမ်းယူပါတယ်''ဟု အခွန် ဦးစီးဌာနခွဲမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ဆုမဲများလာရောက်မထုတ် ယူမှုများ နှစ်စဉ်ရှိသော်လည်း တစ်နှစ်နှင့်တစ်နှစ် ပမာဏမတူ ညီကြောင်း၊ ယင်းပမာဏနှင့်အ ရေအတွက်ကို လည်း အတိ အကျ မပြောနိုင်ကြောင်း အဆိုပါတာ ဝန်ရှိသူက ဆက်လက်ပြောသည်။ ယခုကျန်ရှိနေသော ကျပ် သိန်း ၁၅ဝဝဆုမဲကို လာရောက် ထုတ်ယူရန် ထပ်မံကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ဆီက ပေါက် သူတွေကတော့ လာမထုတ်တာ မရှိပါဘူး။ ပေါက်တဲ့သူတိုင်း လာ ထုတ်ကြပါတယ်။ ဆိုင်အနေနဲ့က တော့ ရောင်းချပေးတဲ့ ထီတိုင်း ကို တိုက်ပေးပါတယ်။ အကြောင်း လဲ ကြားပေးပါတယ်'' ဟု မိတ်သစ် လွင်ထီဆိုင်ပိုင် ရှင်က ပြောသည်။ အောင်ဘာလေထီ ပုံမှန်ကံ စမ်းဖြစ်သူတစ်ဦးက ''ထီကိုတော့ လစဉ်ထိုးဖြစ်တယ်ဗျာ။ ထီတော့ ပုံမှန်မတိုက်ဖြစ်ဘူး။ ပေါက်ရင် တော့ ဆိုင်ကလာပြောမယ်ထင် တယ်။ အခုလိုဆုမဲအကြီးတွေကျန် တယ်ဆိုတော့ ဘာဖြစ်ဖြစ် နောက် ဆို သတိထားပြီးတော့ကို ထီတိုက် တော့မယ်ဗျာ''ဟု ပြောသည်။

ဝေဝေ
Yangon Media Group

မုဒိမ်းရဲနှင့်အတူ ပြည်သူ (၅) ဦးကို တရားစွဲ



ရွှေပြည်သာတံတားပေါ်တွင် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးကို ယင်းတံတား၌ တာဝန်ကျ ရဲတစ်ဦးက မှုဒိမ်းမှု ကျူးလွန်ခဲ့ပြီး မိန်းကလေးကို လာရောက်ကယ်သော ပြည်သူ (၅) ဦးနှင့်အတူ ၄င်းရဲကို လှိုင်သာယာ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။

မ—-သည် ခင်ပွန်းဖြစ်သူနှင့် စကားများပြီး စက်တင်ဘာလ ၁ ရက် မနက် (၁) နာရီကျော်ခန့်တွင် တညင်းကုန်းရှိ မိဘများနေအိမ်သို့ ဆိုင်ကယ်ကယ်ရီငှား၍ သွားစဉ် ရွှေပြည်သာ တံတားပေါ် အရောက် ၄င်းတံတား၌ တာဝန်ကျ ဒုတပ်ကြပ်ဝင်းဌေးက ဆိုင်ကယ်ကို တားကာ ဆိုင်ကယ်ကြုံလိုက်ရန် ပြောဆိုရာမှ ကယ်ရီသမားနှင့် ရန်ဖြစ်ခဲ့ ကြသည်။

ကယ်ရီသမားမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ကျန်ရှိခဲ့သည့် မ—-သည် အဆိုပါ ရဲကင်းတွင် ရေတောင်း သောက်ရာမှ ၄င်းတာဝန်ကျ ရဲဝန်ထမ်းက အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ အဓမ်္မပြုကျင့်နေစဉ် ထွက်ပြေးသွားသော ကယ်ရီသမားအပါအ၀င် လူ (၅) ဦး ရောက်ရှိလာပြီး တာဝန်ကျ ရဲဝန်ထမ်းသုံးဦးနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သည်။ ၄င်းဖြစ်စဉ်များနှင့် စပ်လျဉ်း၍ လှိုင်သာယာရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ခဲ့ရာ နံနက်မိုးသောက်ချိန်တွင် ပါဝင်ကူညီသူ လူ (၅) ဦးအား ပြစ်မှုနှင့် မသက်ဆိုင်ဟူ၍ လွှတ်ပေးခဲ့ပြီး နောက်အချိန် အနည်းငယ်ကြာ ရဲစခန်းမှ စစ်ဆေးရန် ကျန်ရှိသည်ဟုဆိုကာ ဆိုင်ကယ်များသိမ်း၍ ယင်း (၅) ဦးကိုလည်း ရဲစခန်းမှ တရားစွဲဆိုခဲ့ကြောင်း မ—-က မြန်မာသံတော်ဆင့် သို့ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မှုဒိမ်းမှုကျူးလွန်သူ ဒုတပ်ကြပ် ၀င်းဌေးအား လှိုင်သာယာ ရဲစခန်း၌ ပုဒ်မ (၃၇၆) (ပ)၉၈၂/၁၃ ဖြင့် တရားစွဲဆိုထားပြီး ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ခံရခြင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရန် ထန်းတပင်မြို့နယ် သောင်ကြီးနှင့် အဖျောက်တို့မှ စခန်းမှူးသုံးဦး အဖွဲ့ဖြင့် ခုံရုံးဖွင့် စစ်ဆေး နေပြီဖြစ်ရာ လှိုင်သာယာ မြို့မရဲစခန်းက (ပ)၉၈၀/၁၃၊ ပုဒ်မ ၃၃၂/၁၁၄ ဖြင့် လည်းကောင်း၊ (ပ) ၉၈၁/၁၃၊ ပုဒ်မ ပပက၆ (၁) ဖြင့် လည်းကောင်း စစ်ဆေးလျက် ရှိသည်။

“အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်ပါတယ်””ဟူ၍ ပြစ်မှု ကျူးလွန်ခံရသော မ—- က ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က “သူကိုယ်တိုင်က ကာကွယ်ရမယ့်အစား အခုလို လုပ်တာ ခံယူချက် ကွာလို့ပါ။ တချို့ ရဲအ၀တ်အစား မ၀တ်ထားပေမယ့် ဒုက္ခရောက်ရင် ကူညီတယ်။ သူ့လုပ်ရပ်က ရဲတပ်ဖွဲ့ အားလုံးကိုတော့ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူ အဆင့်ဆင့်က သေချာစီမံပြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်သင့်တယ်။ ဒါမှ နောင်ဖြစ်လာမှာ မဟုတ်တော့ ဘူး”ဟု သုံးသပ် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ အချိန်နှင့်အမျှ သတင်းများ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း၊ ခုံရုံးအဖွဲ့ စစ်ဆေးမှုရလဒ်များမှ အရေးယူမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တို့ကို ပြန်လည် ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ “အခု ပြည်သူ ၅ ဦးကိုလည်း ဖမ်းထားသလို ရဲကိုလည်း ဖမ်းထားတယ်။ ခုံရုံးဖွဲ့ပြီး အဖြစ်မှန် ပေါ်ပေါက်အောင် စစ်ဆေးနေတယ်။ အဲဒီက အဖြေရလဒ် ထွက်လာတော့မှ သူ့ကို (ရဲ) လက်ရှိ ပြစ်မှုပြစ်ဒဏ်နဲ့အညီ အရေးယူရမှာမို့လို့ တစ်သက်တစ်ကျွန်းလည်း ဖြစ်နိုင်တယ်။ ပြစ်မှုအရ သူ့ပုဒ်မအလိုက် ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်။ အခု စစ်ဆေးနေတုန်းမို့ ဘာမှပြောလို့ မရသေးပါဘူး။ အခု ရဲကို ဘယ်မှာ ချုပ်ထားလဲဆိုတာ ပြောလို့ မရပါဘူး” ဟု ပြောသည်။

ချမ်းမြေ့ခိုင်

မြန်မာသံတော်ဆင့်

၈ နှစ်သားနဲ့ ၆၁နှစ်အရွယ်အမျိုးသမီးမင်္ဂလာပွဲ (video)






၈ နှစ်သားနဲ့ ၆၁နှစ်အရွယ်အမျိုးသမီးလက်ထပ်ပွဲဆင်နွှဲကြတယ်ဆိုယုံနိုင်ကြပါ့မလား။
ဒီလက်ထပ်ပွဲက တောင်အာဖရိက မှာတကယ်ပဲဖြစ်ခဲ့ပါတယ်။
Sanele Masilelaဆိုတဲ့ ရှစ်နှစ်သားလေးက သူ့ ရဲ့ ဘိုးဘေးတွေက အိမ်မက်ထဲမှာဒီလို လက်ထပ် ဖို့ အကြိမ်ကြိမ်လာပြီးပြောဆိုနေတာနဲ့  နတ်တွေပြစ်ဒဏ်မှာစိုးရွံ့ ပြီး ဒီလိုလက်ထပ်ပွဲဆင်နွှဲ ခဲ့ကြ တာပါ။သူလက်ထပ်ရမယ့်အမျိုးသမီးက အသက် ၆၁ နှစ်ရှိပြီး လက်ထပ်ပြီးသားဖြစ်ပါတယ်။
ပုံမှာတွေ့ ကြတဲ့အတိုင်းပဲမင်္ဂလာဝတ်စုံတွေဝတ်ဆင်ပြီး ပရိသတ် ၁၀၀ရှေ့ မှောက်မှာ အနမ်းတွေခြွေ ခဲ့ကြပါတယ်။ ဝေဖန်ပြောဆိုမှုတွေရှိပေမယ့် သူ့ မိသားစုကတော့ ဒါရိုးရာဖြစ်ပြီးတကယ့်တရားဝင်လက်ထပ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။





နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများအပိုင်း (၃)


အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားလုံးတွဲများ(Phrases) နှင့် စကားပြောပုံစံ (Pattern) များကိုဆက်လက် မျှဝေလိုက်ပါသည်။ 

ဖော်ပြထားသောဥပမာဝါကျများကိုအခြေခံကာလိုအပ်သလိုဆပွားအသုံးပြုနိုင်ပါသည်။

I would like to + (verb)- လုပ်ပါရစေ (လုပ်ချင်သည်ဟုလည်းဆိုနိုင်ပါသည်။)

တစ်စုံတစ်ခုကိုလုပ်ချင်သောအခါ ပုံမှန်အားဖြင့် ‘I want to + (verb)’ ပုံစံကိုသုံးနိုင်ပါသည်။ သို့ရာတွင် ပိုမိုယဉ်ကျေးစွာသုံးနှုန်းပြောဆိုလိုသောအခါ ယခုဖော်ပြထားသော “I would like to + (verb)” ပုံစံကိုအသုံးပြုနိုင်ပါသည်။ လုပ်ပါရစေဟု ဘာသာပြန်နိုင်သော်လည်း လုပ်ချင်သည်ဟုလည်း ဘာသာပြန်နိုင်ပါသည်။ အဆင်ပြေသလို ဘာသာပြန်နိုင်ပြီးအရေးကြီးသည်မှာ ပိုမိုယဉ်ကျေးသည့် အသုံးအနှုန်းအဖြစ် သုံးခြင်းကို နားလည်ရန်သာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ “I’d like to” ဟုအတိုကောက် ပုံစံဖြင့်လည်းတွေ့ရတတ်ပါသည်။

- I would like to answer that question.
ဒီမေးခွန်းကို ကျွန်တော် ဖြေပါရစေ။

- I would like to compete in a cooking contest.
ဟင်းချက်ပြိုင်ပွဲမှာ ကျွန်တော် ဝင်ပြိုင်ပါရစေ။

- I would like to explain myself.
ကျွန်တော်ကိုယ်တိုင် ရှင်းပြပါရစေ။

- I would like to practice.
ကျွန်တော် လေ့ကျင့်ပါရစေ။

- I would like to become a doctor.
ကျွန်တော် ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။

- I would like to see you more often.
ငါ မင်းကိုဒီထက်ပိုပြီးမကြာခဏတွေ့ပါရစေ။


I plan to + (verb) - စီစဉ်ထားသည်။

မကြာခင် ကာလတွင် လုပ်ဆောင်ချင်သည့်၊ လုပ်ရန် အစီအစဉ်ရှိသည့် ကိစ္စများကိုပြောဆိုရာတွင် သုံးနိုင်ပါသည်။

- I plan to find a new apartment.
တိုက်ခန်းအသစ် တစ်ခန်းရှာဖို့ စီစဉ်ထားတယ်။

- I plan to relax on vacation.
အားလပ်ရက်မှာအနားယူဖို့ စီစဉ်ထားတယ်။

- I plan to wash my car.
ကားရေဆေးဖို့ စီစဉ်ထားတယ်။

- I plan to adopt a child.
ကလေးလေးတစ်ယောက်လောက် မွေးစားဖို့ စီစဉ်ထားတယ်။

- I plan to watch a movie.
ရုပ်ရှင်ကြည့်ဖို့ စီစဉ်ထားတယ်။

- I plan to save more money.
ပိုက်ဆံတွေ ပိုစုဖို့ စီစဉ်ထားတယ်။

I've decided to + (verb) - တစ်စုံ၊ တစ်ခုကိုလုပ်ရန် ဆုံးဖြတ်ချက် ချသည်။

'I've'သည် 'I have' ၏ အတိုကောက်ရေးသားထားသောပုံစံဖြစ်ပြီး အဆင်ပြေသလိုရေးသားနိုင်ပါသည်။
တစ်စုံ၊ တစ်ခုကိုပြုလုပ်ဆောင်ရွက် ရန်အတွက်ဆုံးဖြတ်ချက်ချ သည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။

- I've decided to accept the job.
ဒီအလုပ်ကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ။

- I've decided to change my bad habits.
အကျင့်တွေ ပြင်ဖို့ ဆုံးဖြတ်လိုက်ပြီ။

- I've decided to extend my membership at the gym.
အားကစားရုံမှာအသင်းဝင် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပြီ။

- I've decided to hand over my responsibilities.
ကျွန်တော့် တာဝန်တွေကိုလွှဲပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။


I was about to + (verb) - အဆင်သင့် ဖြစ်နေသည်။

မကြာခင် လုပ်ဆောင်တော့မည့် ကိစ္စရပ် တစ်ခုခုကိုလုပ်တော့မည်၊ အဆင်သင့် ဖြစ်နေသည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။

- I was about to go out.
အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ၊ အပြင်သွားတော့မလို့။

- I was about to go to dinner.
ညစာစားဖို့ အဆင်သင့် ဖြစ်နေပြီ။

- I was about to go to bed.
အိပ်ရာဝင်ဖို့ အဆင်သင့် ဖြစ်နေပြီ၊ အိပ်ရာဝင်တော့မလို့။

- I was about to go to work.
အလုပ်သွားဖို့ အဆင်သင့် ဖြစ်နေပြီ။

- I was about to call you.
မင်းကို ငါ ဖုံးဆက်တော့မလို့။

- I was about to mow my grass.
မြက် ရိတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။

- I was about to order us some drinks.
ငါတို့ အတွက် သောက်စရာတစ်ခုခုမှာတော့မလို့။

“အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်းအင်္ဂလိပ်စာအရည်အသွေးတိုးတက်ပါစေ …………………”

အောင်ကိုဦး(UMK)
www.siraungkou-umk.blogspot.com" class="scaledImageFitWidth img" src="http://sphotos-b.ak.fbcdn.net/hphotos-ak-ash4/p480x480/268920_569923603039342_275413585_n.jpg" style="top: -32px;" height="182" width="136" />
အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားလုံးတွဲများ(Phrases) နှင့် စကားပြောပုံစံ (Pattern) များကိုဆက်လက် မျှဝေလိုက်ပါသည်။
ဖော်ပြထားသောဥပမာဝါကျများကိုအခြေခံကာလိုအပ်သလိုဆပွားအသုံးပြုနိုင်ပါသည်။


I would like to + (verb)- လုပ်ပါရစေ (လုပ်ချင်သည်ဟုလည်းဆိုနိုင်ပါသည်။)


တစ်စုံတစ်ခုကိုလုပ်ချင်သောအခါ ပုံမှန်အားဖြင့် ‘I want to + (verb)’ ပုံစံကိုသုံးနိုင်ပါသည်။ သို့ရာတွင် ပိုမိုယဉ်ကျေးစွာသုံးနှုန်းပြောဆိုလိုသောအခါ ယခုဖော်ပြထားသော “I would like to + (verb)” ပုံစံကိုအသုံးပြုနိုင်ပါသည်။ လုပ်ပါရစေဟုဘာသာပြန်နိုင်သော်လည်းလုပ်ချင်သည်ဟုလည်းဘာသာပြန်နိုင်ပါသည်။ အဆင်ပြေသလိုဘာသာပြန်နိုင်ပြီးအရေးကြီးသည်မှာပိုမိုယဉ်ကျေးသည့် အသုံးအနှုန်းအဖြစ် သုံးခြင်းကိုနားလည်ရန်သာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ “I’d like to” ဟုအတိုကောက် ပုံစံဖြင့်လည်းတွေ့ရတတ်ပါသည်။


-       I would like to answer that question.

ဒီမေးခွန်းကို ကျွန်တော် ဖြေပါရစေ။

-       I would like to compete in a cooking contest.

ဟင်းချက်ပြိုင်ပွဲမှာ ကျွန်တော် ဝင်ပြိုင်ပါရစေ။

-       I would like to explain myself.

ကျွန်တော်ကိုယ်တိုင်  ရှင်းပြပါရစေ။

-       I would like to practice.

ကျွန်တော် လေ့ကျင့်ပါရစေ။

-       I would like to become a doctor.

ကျွန်တော် ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။

-       I would like to see you more often.

ငါ မင်းကိုဒီထက်ပိုပြီးမကြာခဏတွေ့ပါရစေ။


I plan to + (verb) - စီစဉ်ထားသည်။


မကြာခင် ကာလတွင် လုပ်ဆောင်ချင်သည့်၊ လုပ်ရန် အစီအစဉ်ရှိသည့် ကိစ္စများကိုပြောဆိုရာတွင် သုံးနိုင်ပါသည်။


-       I plan to find a new apartment.

တိုက်ခန်းအသစ် တစ်ခန်းရှာဖို့ စီစဉ်ထားတယ်။

-       I plan to relax on vacation.

အားလပ်ရက်မှာအနားယူဖို့ စီစဉ်ထားတယ်။

-       I plan to wash my car.

ကားရေဆေးဖို့ စီစဉ်ထားတယ်။

-       I plan to adopt a child.

ကလေးလေးတစ်ယောက်လောက် မွေးစားဖို့ စီစဉ်ထားတယ်။

-       I plan to watch a movie.

ရုပ်ရှင်ကြည့်ဖို့ စီစဉ်ထားတယ်။

-       I plan to save more money.

ပိုက်ဆံတွေ ပိုစုဖို့ စီစဉ်ထားတယ်။


I've decided to + (verb) - တစ်စုံ၊ တစ်ခုကိုလုပ်ရန် ဆုံးဖြတ်ချက် ချသည်။


'I've'သည် 'I have' ၏ အတိုကောက်ရေးသားထားသောပုံစံဖြစ်ပြီးအဆင်ပြေသလိုရေးသားနိုင်ပါသည်။ တစ်စုံ၊ တစ်ခုကိုပြုလုပ်ဆောင်ရွက် ရန်အတွက်ဆုံးဖြတ်ချက်ချ သည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။


-       I've decided to accept the job.

ဒီအလုပ်ကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ။

-       I've decided to change my bad habits.

အကျင့်တွေ ပြင်ဖို့ ဆုံးဖြတ်လိုက်ပြီ။

-       I've decided to extend my membership at the gym.

အားကစားရုံမှာအသင်းဝင် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပြီ။

-       I've decided to hand over my responsibilities.

ကျွန်တော့် တာဝန်တွေကိုလွှဲပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။


I was about to + (verb) - အဆင်သင့် ဖြစ်နေသည်။


မကြာခင် လုပ်ဆောင်တော့မည့် ကိစ္စရပ် တစ်ခုခုကိုလုပ်တော့မည်၊ အဆင်သင့် ဖြစ်နေသည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။ 

-       I was about to go out.

အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ၊ အပြင်သွားတော့မလို့။

-       I was about to go to dinner.

ညစာစားဖို့ အဆင်သင့် ဖြစ်နေပြီ။

-       I was about to go to bed.

အိပ်ရာဝင်ဖို့ အဆင်သင့် ဖြစ်နေပြီ၊ အိပ်ရာဝင်တော့မလို့။

-       I was about to go to work.

အလုပ်သွားဖို့ အဆင်သင့် ဖြစ်နေပြီ။

-       I was about to call you.

မင်းကို ငါ ဖုံးဆက်တော့မလို့။

-       I was about to mow my grass.

မြက် ရိတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။

-       I was about to order us some drinks.

ငါတို့ အတွက် သောက်စရာတစ်ခုခုမှာတော့မလို့။


အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်းအင်္ဂလိပ်စာအရည်အသွေးတိုးတက်ပါစေ ………

ကမ္ဘာဂြိုဟ်မှသက်ရှိများ၏အစသည် အင်္ဂါဂြိုဟ်မှဖြစ်ကြောင်း သိပ္ပံပညာရှင်များပြော





ကမ္ဘာပေါ်တွင် သက်ရှိများမပေါ်ပေါက်မီအချိန်တွင် မားစ်ဂြိုဟ်၌သက်ရှိများပေါ်ပေါက်ခဲ့ချေရှိဟု သိပ္ပံ ပညာရှင်များက ပြောကြားလိုက်ကြောင်း သြဂုတ် ၂၉ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

လေ့လာတွေ့ရှိချက် အသစ်များအရလွန်ခဲ့သည့်နှစ်ပေါင်း ဘီလီယံများစွာက သက်ရှိများစတင်ရန် မားစ် ဂြိုဟ်မှာ ကမ္ဘာဂြိုဟ်ထက် ပို၍ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်းဆိုသည်။

ယင်းတွေ့ရှိချက်မှာ သက်ရှိများစတင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ပထမဆုံးသော မော်လီကျူးများ မည်သို့ စုစည်းခဲ့သည်ဆိုသည့်အပေါ် အခြေခံသည်။

တွေ့ရှိချက်အားရှင်းပြသည့် သီအိုရီအသေးစိတ်အား ပါမောက္ခစတိဗ်ဘန်နာက အီတလီနိုင်ငံ ဖလော့ရင့် မြို့တွင်ကျင်းပခဲ့သည့် Goldschmidt အစည်းဝေးပွဲတွင် ရှင်းပြခဲ့သည်။

သိပ္ပံပညာရှင်များအနေဖြင့် သက်ရှိများဖြစ်ပေါ်ရန်အတွက် အလွန်ရေးပါသည့် မော်လီကျူးအစိတ်အပိုင်း သုံးခုဖြစ်သော အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA, DNA နှင့် ပရိုတိန်းများ ပထမဆုံးအကြိမ်အဖြစ် မည် သို့အတူတကွတည်ရှိခဲ့သည်အား စိတ်ဝင်စားနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မျိုးရိုးဗီဇဆိုင်ရာ ဒြပ်ထုများပေါင်းစပ်ဖြစ်ပေါ်စေသည့် အဆိုပါမော်လီကျူးများမှာ ကမ္ဘာပေါ်တွင် နှစ်ပေါင်း သုံးဘီလီယံခန့်က ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ ပေါင်းစပ်ဖြစ်တည်မှုမှာ ကာဗွန်အခြေခံ ဓာတ် သတ္တိများဖြစ်သော သက်ရှိများအား ဖြစ်ပေါ်လာစေသည့် အော်ဂဲနစ်ဓာတ်ပေါင်းများထက် ပိုမိုရှုပ်ထွေး သည်ဟုသိရသည်။ RNA မှာ အထက်ဖော်ပြပါ မော်လီကျူးသုံးခုအနက် အစောဆုံးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

သက်ရှိများဖြစ်ပေါ်လာစေရန်အတွက် အခြေခံကြသည့် အော်ဂဲနစ်မော်လီကျူးများအား အပူနှင့်အလင်း တို့အား ပေါင်းထည့်လိုက်ခြင်းဖြင့် RNA, များ ရိုးရှင်းစွာ ဖြစ်ပေါ်လာခြင်း မရှိပေ။ ယင်းအစားမည်းနက် ထူ ထပ်သည့် အရာများသာ ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။

အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA မှာသတ္တုဓာတ်များ၏ သလင်းကျောက်မျက်နှာပြင်ရှိ အက်တမ်ပုံစံ ပြားဖြင့်ပုံသွင်းရန် လိုအပ်သည်။

RNA အားပုံသွင်းရန် အကောင်းဆုံးဖြစ်သည့် သတ္တုများမှာ ကမ္ဘာ့အစောပိုင်းကာလများတွင် ပင်လယ်ပြင် အတွင်း၌ ပျော်ဝင်နေသည်ဟု သိရသည်။ သို့သော်၎င်းတို့ မှာ မားစ်ဂြိုဟ်ပေါ်တွင် ပိုများသည်ကို တွေ့ရှိ ရကြောင်း ပါမောက္ခဘန်နာကဆိုသည်။ ယင်းတွေ့ရှိချက်အရ သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ ပြီးယင်း၏ဂြိုဟ်အပိုင်းအစများ ကမ္ဘာပေါ်သို့ ကျရောက်လာသည့်အတွက် ကမ္ဘာပေါ်တွင် သက်ရှိများပေါ် ပေါက်လာသည်ဟုအမေရိကန်နိုင်ငံ Gainesville ရှိသိပ္ပံနှင့် နည်းပညာဆိုင်ရာ Westheimerတက္ကသိုလ် မှ ပါမောက္ခဘန်နာက ပြောကြားလိုက်သည်။

သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ပြီး၊ ယင်းမှတစ်ဆင့် ကမ္ဘာဂြိုလ်ပေါ်သို့ ရောက်ရှိခဲ့သည်ဆို သည့်ယူဆချက်မှာ ယခင်ကတည်းကရှိနှင့်ခဲ့ပြီး ဖြစ်သည်။ သို့သော် ပါမောက္ခဘန်နာ၏ ယူဆချက်မှာ ယခင်တည်ရှိခဲ့ပြီးဖြစ်သည့် သက်ရှိတို့၏ ဒေသအစနှင့် သက်ဆိုင်သည့် သီအိုရီအား အားနည်းသွားစေခဲ့သည်။

သို့သော် ကမ္ဘာကြီးကဘယ်အချိန်က စတင်ခဲ့သလဲဆိုသော ပြဿနာနှင့်ပတ်သက်ပြီး မေးခွန်းများက တော့ကျန်နေဆဲဖြစ်သည်။ သို့သော်ကမ္ဘာပေါ်တွင် သက်ရှိများစတင်ရန်အတွက် လိုအပ်သော မော်လီ ဘက်နမ်နှင့် ဘိုနိုဓာတ်သတ္တုများဖွဲ့တည်နိုင်သည့် အခြေအနေတော့
မဟုတ်သေးပေ။ မားစ်ဂြိုဟ်အနေ ဖြင့် ခြောက်သွေ့သော ပတ်ဝန်းကျင်ရှိခြင်းကလည်းသက်ရှိများဖြစ်ပေါ်ရန် ကောင်းမွန်သော အခြေအနေ တစ်ရပ်ဖြစ်ခဲ့သည်။

လျှို့ဝှက်ချက်










ဇနီးသည်မှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရှိလာတာ သိရတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ဒီမင်္ဂလာရှိတဲ့ သတင်းကို လူတိုင်းကို အသိပေးချင်လာတယ်..။

အဲဒါနဲ့ ဇနီးသည်ရဲ့ ဟန်းဖုန်းကို ယူပြီး သူမဖုန်းထဲမှာရှိတဲ့ အဆက်အဆံရှိတဲ့သူတွေကို “ငါ့မှာ ကိုယ်ဝန်ရှိနေပြီ”လို့ message တွေ ပို့လိုက်သတဲ့..။

သိပ်မကြာပါဘူး ဇနီးရဲ့ အမေက စာပြန်တယ်… “နင့်ယောက်ျားက မြ…ုံနေ တာဆို..။ နင့်အရင်ဘဲနဲ့ ပြန်ဆက်သွယ်နေပြန်တာလား.။”

ခဏနေတော့ ခဲအိုကစာပြန်တယ်.. “မင်းဘယ်လို ဖြေရှင်းမယ်စိတ်ကူးလဲ”

ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်က “ငါတို့တွေ မတွေ့တော့တာ ၆လကျော်ပြီနော် ငါ့ခေါင်းပေါ်ပုံဖို့တော့ စိတ်မကူးနဲ့”

လုပ်ဖော်ကိုင်ဖက်က “ဟုတ်ပမလားကွာ..။ ၂ရက်ပဲရှိသေးတာကို”

… သူဌေးက “ငါမင်းကို သိန်း၁၀၀ပေးမယ်… မင်း ခဏလောက် နားနေလိုက်ကွာ”

ဖောက်သည်က “အေးပါကွာ..။ မင်းငါ့ကို မခြောက်ပါနဲ့တော့..။ မနက်ဖြန် ငါ့အိမ် တစ်ခေါက်ထပ်လာခဲ့…ငါ စာချုပ်မှာ လက်မှတ်ထိုးပေးပါ့မယ်..။”

သူစိမ်းတစ်ယောက်က “မင်းကွာရှင်းလိုက်ပါ..။ ငါတို့ ဒီကလေးကို မွေးကြမယ်..”

နောက်သူစိမ်းတစ်ယောက်က “အဲဒီနေ့က မစ္စတာ Z လည်း ပါတာပဲ..။ ငါလို့တော့ မင်းမပြောပါနဲ့…”

နောက်ထပ် သူစိမ်းတစ်ယောက်က “မနောက်ပါနဲ့ကွာ..။ ငါသားကြောဖြတ်ထားတာ ကြာပြီကွ…။”

ကြည့်ရတာ ဇနီးသည်မှာ လျှို့ဝှက်ချက်တွေ တော်တော်များပုံရတယ်..။

credit - original uploader
စိတ္တဇ ဟာသများ

လည်ချောင်းကင်ဆာ ၊ ခံတွင်းကင်ဆာ ဆိုသည်မှာ ဆေးလိပ် ၊ အရက် ကြောင့်တွင်သာမက လွန်ကဲသော လိင်ဆက်ဆံမှုမှ HPV (Human Papilloma Virus )လို့ လိင်ဆက်ဆံမှုမှ ရရှိတက်တဲ့ ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်စေနိုင်




လိင်ဆက်ဆံရာတွင် ကူးစက်တက်သော HVP ဗိုင်းရပ်စ် သည် သားအိမ်ခေါင်းကင်ဆာနှင့် စအိုကင်ဆာ တို့ကိုဖြစ်စေတက်ပါသည်။ ပုံမှန်မဟုတ်သော လိင်ဆက်ဆံမှုများတွင် အထူးသဖြင့် ပါးစပ် ကို အသုံးပြုခြင်းကြောင့် ခံတွင်းကင်ဆာ နှင့် လည်ချောင်းကင်ဆာ ဖြစ်ပွားမှုတို့၏ ဆက်စပ်သော အကြောင်းတရပ်ဖြစ်လာနိုင်သည်ဟု ယခုအခါ ယူဆမှုတွေ ထွတ်ပေါ်လာနေသည်။

လွန်ခဲ့သော ဆယ်စုနှစ်တွေမှာ HVP ဗိုင်းရပ်စ်ကြောင့် ကင်ဆာဖြစ်ပွားမှုနုန်းသိသာစွာ တိုးမြင့်လာခဲ့ပြီး( HVP -16 (positive) )ဖြစ်သူ ၅၇ % မှာ ကင်ဆာရောဂါ ခံစားလာနိုင်ကြောင်းကို လေ့လာတွေ့ရှိခဲ့ကြသည်။ HVP ဗိုင်းရပ်စ် သည် မျိုးပေါင်း (၁၀၀)ကျော် ရှိပြီး လူ့ခန္ဓာကိုယ်တွင် ပုံစံမျိုးစုံဖြင့် ကူးစက်ပြန့်ပွားနေတက်သည် ။ အထူးတလည် လက္ခဏတွေမပြတက်ပေမဲ့လည်း တခါတရံတွင်မူ ကြွက်နို့ပုံသဏ္ဍန်ဖြစ်ပေါ်နေတက်သည် ။ အရေပြားခြင်း ထိစပ်ရာမှာ လည်း ကူးစက်တက်သောကြောင့် လိင်ဆက်ဆံရာမှလည်း ပျံနှံ့တက်ပါသည်။ ယခုအခါ အသက် (၂၅) ဝန်းကျင် လူငယ် အများစု၏ မျိုးဆက်အင်္ဂါ တွင် HVP ကူးစက်မှု (၉၀)% အထိရှိနေနိုင်ခြင်းသည် လွန်ကဲသော လိင်ဆက်မှု များမှတဆင့် ကူးစက်လာခြင်း ဖြစ်နိုင်ကြောင်းကို ယုံကြည်လာကြသည်။ အဘယ်ကြောင့် ဆိုသော် HVP ဗိုင်းရပ်စ် (၁၅) မျိုးသည် ကင်ဆာရောဂါနှင့် ဆက်စပ်ကြောင်း ၊ ခံတွင်းကင်ဆာ (၂၅-၃၅) % သည် အဆိုပါ HVP ဗိုင်းရပ်စ်ကြောင့်ဟု လေ့လာတွေ့ရှိခဲ့ကြသည်။


အဆိုပါ လေ့လာတွေ့ရှိချက်များ ၊ ယူဆချက်များအပေါ်( HVP-16 (positive) )ကြောင့် ဖြစ်ပွားသော ခံတွင်းကင်ဆာနှင့်လည်ချောင်းကင်ဆာကို အပြီးသတ်ကုသနိုင်ခြေရှိကြောင်း ၊ ကင်ဆာရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပါးစပ် ဖြင့် လိင်ဆက်ဆံမှုပြုမှုခြင်းသည် HPV ဗိုင်းရပ်စ် ဝင်ရောက်နှုန်းကို ပိုမိုစေခဲ့ပြီး ခန္ဓာကိုယ်မှာ ယင်း ဗိုင်းရပ်စ်ပိုး ခံနိုင်ရည်ကို မြင့်တက်လာစေခဲ့ခြင်းသာ ဖြစ်စေနိုင်ပြီး ဆေးပညာအရ အတည်ပြုပေးနိုင်သော သက်ရောက်မှုတစ်ခုတော့ မဟုတ်သေးကြောင်း ၊ ထိုကြောင့် ဆယ်ကျော်သက်များအနေဖြင့် HVP ဗိုင်းရပ်စ် ကာကွယ်ဆေးများထိုးထားခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ နှင့် ခံတွင်းကင်ဆာ ဖြစ်ပွားမှုတို့ကို ရှောင်ရှားနိုင်၊ အကာကွယ်ပေးနိုင်ကြောင်းကို လန်ဒန် ဆေးရုံ ၊ ဦးခေါင်းနှင့် လည်ချောင်းပိုင်းဆိုင်ရာခွဲစိတ်အထူးကု ဒေါက်တာကူးမား က ပြန်လည်ဖြေရှင်းထားပါသည်။

ကဲ ... ကင်ဆာ အဖြစ်ခံမှာလား ပုံမှန်လေးပဲပေါ့နော်



စာအုပ်စာပေ လူ့မိတ်ဆွေ

ရေခဲတောင်မှာ ဇာတ်ကားရိုက်ဖို့ စီစဉ်နေတဲ့ သားညီ






သားညီက ကိုယ်တိုင် ဒါရိုက်တာအဖြစ် ” ၄” ဆိုတဲ့ ဇာတ်ကားကို ကချင်ပြည်နယ်က မင်းသား၊မင်းသမီးတွေဖြစ်တဲ့ ဒေါင်လွဏ်း၊ အော်လာရီ၊ အမရာဆိုင်းနော် တို့နဲ့ အတူ မြစ်ကြီးနားမှာ ရိုက်ကူးနေပါတယ်။ အရင်တုန်းကလည်း ငါးမန်းဇာတ်ကားတစ်ကားကိုကချင်စကားပြောနဲ့ ရိုက်ကူးခဲ့ပြီး အခုဒုတိယ အကြိမ် မြောက် ကချင်စ ကားပြော ဇာတ်ကား ရိုက်ကူးတာဖြစ်ပါတယ်။ ဒီ ဇာတ်ကားတွေကို မြန်မာ စာတန်းထိုးမှာဖြစ်ကြောင်း သားညီက ပြောပါတယ်။ ကချင်လူမျိုးတွေနဲ့မြစ်ကြီး နားမှာရိုက် ကူးရတဲ့ အတွေ့အကြုံတွေကို သားညီက ” ကျောင်းသားလူငယ်လေး ယောက် ရဲ့ဘဝပဲ။ လူငယ်တွေ ကြားမှာ မူးယစ်ဆေးဝါးဆိုတာ မကောင်းဘူးပေါ့။ အခုလောေ လာဆယ် ဖြစ်နေတဲ့ လူငယ်တွေနဲ့ မူးယစ် ဆေးဝါးအကြောင်းလေးပါ။ မြစ် ကြီးနားမြို့ပေါ်မှာ ရိုက်တယ်။ ရေတံခွန်ပါတယ်။ မြစ်ဆုံနည်း နည်းပါတယ်။ ကချင်လူမျိုးတွေ ပဲဆိုတော့ သူတို့ပြောတာတွေ ကျွန်တော်နား မလည်ဘူးလေ။ ကျွန်တော်က မြန်မာလို ဇာတ်ညွှန်းအရင်ရေးလိုက်တယ်။ ပြီးတော့မှ ကချင်လို ဘာ သာပြန်ပြီး ပြောကြတ ယ်။ ကျွန်တော်က မြန်မာလိုတစ်ခေါက် သရုပ်ဆောင်ပြတယ်။
ပြီးတော့ သူတို့ကချင်လို တစ်ခေါက်သရုပ်ဆောင်ကြတယ်။ အခုနည်းနည်းတော့ ကျွန်တော်လည်း ကချင်လို နားလည်စပြုလာပြီ။ ကျွန်တော်တို့ ရောက်မှ ဒီမှာမိုး က တော်တော်ရွာတော့ တော်တော် ဒုက္ခရောက်တယ်။ ကိုယ့်ရဲ့နယ်မြေမဟုတ်တဲ့အတွက် လိုကေးရှင်း အခက်အခဲတွေ ရှိ တာပေါ့။ဒါပေမဲ့ဒီက သရုပ်ဆောင် တွေ အကုန် လုံးက မိုက်တယ်။ ကြိုက်တဲ့ အိမ်မှာ ကြိုက်တဲ့ အချိန်တက်ရိုက်လို့ရတယ်။ ပိုက် ဆံလည်းပေးစရာမလိုဘူး။ လို ချင်တဲ့လူခေါ် ရိုက်လို့ရတယ်။ ဝါသနာလည်းပါကြ တယ်။ အမိန့် လည်းတအားနာခံတယ်။အဲဒါ က အမှတ်တရပါပဲ” လို့ ပြောပါ တယ်။သြဂုတ်လ ၁၉ ရက်နေ့က သား ညီရဲ့မွေးနေ့ပဲ ဖြစ်ပါ တယ်။ မွေးနေ့ တစ်ရက်လုံးကို ရှုတင်မှာ ပဲ ဖြတ်သန်းဖြစ်ပြီး ညပိုင်းမှ ဘုရားသွားဖြစ်ကြောင်း သားညီက ပြောပါတယ်။ သူ့ မွေးနေ့နဲ့ပတ်သက်ပြီး သား ညီက..
” မွေးနေ့တိုင်းမိသားစုနဲ့ ဖြတ်သန်းနေကြပါပဲ။ ဒီတစ်ခါပဲ အတူ မဖြတ်သန်းဖြစ်တာ။ ရှုတင်ကမနက် ၃နာရီလောက် မှ ပြီးတာဆိုတော့ အိပ်ပျော်သွားတယ်။ မနက်အေ စာကြီး ဘုရားသွားမယ်ဆိုပြီး ဘယ် လိုမှ မနိုးကြဘူး။ သြဂုတ် လက ကျွန်တော့်အတွက် ဝမ်းနည်းစရာလည်း ရှိတယ်။ ပျော်ရွှင်မှုလည်းရှိတယ်။ ဘာ လို့လဲဆိုတော့ သြဂုတ် လ ၃၁ ရက်နေ့က ကျွန်တော့် မေမေဆုံး တဲ့ နေ့လေ။ ကျွန်တော့် မွေးနေ့ ရယ်၊မေမေဆုံးတဲ့နေ့ရယ်ရှိတယ်။ ကျွန်တော့်မေမေက ၁၉၉၇ ခုနှစ် ကဆုံးသွားတာပါ” လို့ပြောပါတယ်။သားညီက ကချင်ပြည်နယ်က ဒေါင်လွဏ်းတို့နဲ့အတူ ရေခဲတောင်မှာဇာတ်ကားသွား ရိုက်ဖို့ စီစဉ်နေပြီး ဝတ်စုံတစ်ခုလို အပ်နေတာ ကိုစီစဉ် ပြီးရင် တော့ သွားရိုက်ကူးမှာ ဖြစ်ကြောင်း သားညီက ပြောပါတယ်။
ခိုင်ဝေလွင်
Popular

ရေခဲသေတ္တာအသုံးပြုနည်း (အစားအသောက်များကို နည်းလမ်းမှန်စွာသိမ်းကြမယ်)






၁။ ပထမဆုံးရေခဲသေတ္တာအပူချိန်ကို စစ်ပေးပါ။ 40F (5C) ထက်နည်းရပါမယ့် မဟုတ်ရင်တော့ အန္တရယ်ရှိသော အစားအသောက်ပိုးမွှားများ ပေါက်ဖွားမှုကို ဖိတ်ခေါ်သလိုဖြစ်နေပါလိမ့်မယ်။

၂။အရွက်များသိမ်းတဲ့ ပုံးမှာ အပူချိန်ပါရင်လည်း အဲဒီအပူချိန်ကိုစစ်ပေးဖို့လိုပါ တယ်။ တွေ့ဖူးတဲ့ ရေခဲသေတ္တာအများစုမှာတော့ မပါကြပါဘူး။

၃။ကျန်သေးတဲ့ဟင်းများကို ပုံပါအတိုင်း ဗူးအကြည်နဲ့ထည့်ပေးပါ။ ဒါမှဘာကျန်နေသလဲဆိုတာကို မြင်ပြီး မြန်မြန်စားဖြစ်မှာဖြစ်ပါတယ်။

၎။ အသီးအရွက်များနဲ့ သစ်သီးများကို ရောပြီး တစ်နေရာထဲမှာ ရောပြီးမသိမ်းသင့်ပါဘူး။

၅။ နွားနို့အစရှိတဲ့ မြန်မြန်ပျက်လွယ်သော အစားအသောက်များကို ရေခဲသေတ္တာဘောင်မှာ မထားသင့်ပါဘူး။ ထိုနေရာများဟာ အပူချိန်အတက်၊အကျ မြန်တာကြောင့် မြန်မြန်ပျက်လွယ်စေပါတယ်

၆။ သားစိမ်းငါးစိမ်းများကို ရေခဲသေတ္တာအောက်ထပ်ထဲမှာ သိမ်းဆည်းဖို့လိုလာလျှင် အောက်ဆုံးအဆင့်မှာသာထားရပါမယ်။ မဟုတ်ရင် သားစိမ်းငါးစိမ်းများက အရည်က တခြားအစားအသောက်တွေပေါ်ကို ဖိတ်ကျနိုင်စေတာကြောင့်ပါ။

၇။ ရေခဲသေတ္တာထဲမှာ ပစ္စည်းများကို ပြည့်ကျပ်နေအောင်မထည့်သင့်ပါဘူး။ လေ လည်ပတ်မှုကောင်းစေရန်အတွက် တစ်ခုနဲ့တစ်ခုကြားနေရာနည်းနည်းချန်ထားနိုင်ရင်ပိုကောင်းပါတယ်။ ဒါဆိုရင် အစားအသောက်များလည်း ကြာကြာပိုခံပါတယ်

၈။ ဘယ်အစားအစာ၊ အသီးအရွက်ကိုမှ လှီးပြီး၊အတုံးတုံးပြီးမှ မသိမ်းသင့်ပါဘူး။ ပန်းသီးကို အလုံးလိုက်သိမ်းတာက အစိပ်စိပ်ပြီး သိမ်းတာထက် ပိုပြီးတာရှည်ခံတာက ဥပမာတစ်ခုပါပဲ။

၉။ ဈေးမသွားခင်မှာ ရေခဲသေတ္တာအနောက်နားမှာ ထည့်ထားတဲ့ အစားအသောက်များကို အရင်ရှင်းပါ။ ဒါမှမိမိဆီမှာ ဘာကျန်သေးလဲ၊ဘာထပ်ဝယ်ရမလဲဆိုတာကို သိမှာပါ

၁၀။ နောက်ဆုံး အချက်အနေနဲ့ ဘာပဲဖိတ်ဖိတ် ချက်ခြင်းသုတ်ပစ်ပြီး ရေခဲသေတ္တာကိုပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။

Ref : Internet, photo courtesy of Google image
ဘာသာပြန် - Evy's Kitchen

အပြင်လောကက တကယ့်ဟီးရိုးအစစ်







ရုပ်ရှင်မင်းသား Vin Diesel ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်။Fast & Furious ဇတ်လမ်းနဲ့ xXx ကားတွေနဲ့ နာမည်ကြီးတဲ့သူပါ။သူက တစ်နေ့တော့ သူ့ဆိုင်ကယ်နဲ့ ကယ်လီဖိုးနီးယားမြို့ထဲမှာ ပတ်မောင်းနေပါတယ်။သူ့ရဲ့ အရှေ့ကကားဟာ အရှိန်မထိမ်းနိုင်ပဲ အပူလွန်ကဲကာမီးထလောင်ပါတော့တယ်။သူက ဆိုင်ကယ်ကို ချက်ချင်းရပ်ပြီး မီးလောင်နေတဲ့ ကားနောက်ခန်းထဲက ကလေးနှစ်ယောက်ကို ဆွဲထုတ်ပါတယ်။ပြီးတော့ ဒရိုင်ဘာကိုပါ ဆွဲထုတ်ပါတယ်။မိနစ်အနည်းငယ်ကြာတဲ့အခါ ကားတစ်စီးလုံး မီးလောင်သွားပါတယ်တဲ့။ဇတ်လမ်းတွေထဲမှာသာ လူစွမ်းကောင်းမဟုတ်ဘဲ အပြင်လောကမှာပါ လူတွေကို ကူညိတတ်တဲ့ Diesel ကို လေးစားပါတယ်. . .

မောင်စိုင်း
(ကနောင်)

ဘင်ဒင်ဇယ် မိသားစု

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ






မိန်းကလေးတွေဟာ အလှအပနောက်ကိုလိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာတွေကို အလေးမထားမိတာမျိုး ဖြစ်တတ်ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစားတတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာတွေနဲ့ အစားထိုးလုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာမှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ် ဆိုပေမယ့် အစားအသောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကိုမဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုးဝင်တာတွေကို ဖြစ်စေပါတယ်။
ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေးနိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင်တန်းကာ မူးယစ်သောက်စားတတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။
လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါ လိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့်စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင်သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာအနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။
သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ်အစားကို သေချာစွာသိအောင်လေ့လာပါ။ ဘရာစီယာဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေးနိုင်ပြီး သင့် ရင်သားအရွယ်အစားနဲ့ ကိုက်ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။
သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေ ထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေအသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲလေးတွေ ဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော်အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင်တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ်မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေး ပျက် တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာ မှုအ ရ သိရပါတယ်။အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေ ကလည်း မြင့်မားစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက် အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင်ထိန်းသိမ်း ရတဲ့ တာဝန်လည်းရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရပါတယ်။
အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန်အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်းထားပါ။

အင်းလေးမီဒီယာ

ပညာရေး နှင့် မကင်းသူတိုင်း ၊ ကျောင်းသားမိဖတိုင်း ၊ မြန်မာ့ယဉ်ကျေးမှုကို ထိမ်းသိမ်းလိုသူတိုင်း များရင်ထဲသို့..



မြန်မာပြည်ကို သူတို့ထင်တိုင်းကြဲလို့ရတဲ့ နေရာလို့ထင်လာကြပြီ ။


တစ်ဖြည်းဖြည်း သွေးတိုးစမ်းလာသည့် Muslim community .
ပညာရေးဋ္ဌာန ၀န်ကြီးအပါအ၀င် တာဝန်ရှိသူများ မျက်ကွယ်ပြုနေကြပါသလား ။


ဤကဲ့သို့ ၀တ်ဆင်မှုကို သက်ဆိုင်ရာကျောင်းအုပ်ကြီးက အဘယ့်ကြောင့် ခွင့်ပြုပါသနည်း ။
ရှမ်း ချင်း ကရင် ၀တ်စုံကို အဖြူအစိမ်း လုပ်ပြီး ကျောင်းတက်လျင် လက်ခံပါမည်လား ။
မူဆလင်ကျောင်းသူများ ယခင်နှစ်များနှင့်မတူ ယခုနှစ်ခါမှ အဘယ်ကြောင့် ဤသို့ဝတ်၍ ကျောင်းတက်လာကြပါသနည်း ။


မိမိတို့ တိုင်းရင်းသား ကျောင်းသူများထက် ပိုလွန်သော ၀တ်စားဆင်ယင်
ကျောင်းတက်လာမှုကို ပညာရေးဋ္ဌာနမှ တာဝန်ရှိသူများ တားဆီးပေးကြပါ။
စာသင်ခန်းထဲတွင် ယောက်ကျားလေးကျောင်းသားများတောင် ဦးထုပ်ဆောင်းခွင့်မရှိပါ ။
အစ္စလာမ်ယဉ်ကျေးမှု နယ်ချဲ့လွှမ်းမိုးမှု မခံရအောင် ဆရာ / မ များနှင့် တားဝန်ရှိသူများ ကြပ်ကြပ်မတ်မတ်
သတ္တိရှိရှိ ၀ိုင်းဝန်းတားဆီးသင့်ကြပြီ ။

( Than Tun Than )

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ပြည်ပထောက်ပံ့ငွေ အလွဲသုံးစားလုပ်ခဲ့မှုများ ဖွင့်ချ


From : .. YPI



နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကိုလက်ကျန်နိုင်ငံရေး အကျဉ်းသားစီစစ် ရေးကော်မတီ မှထုတ်ပယ်ပေးရန် နိုင်ငံတော် သမ္မတထံ တင်ပြတောင်း ဆိုမည်ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သော နိုင်ငံရေး အကျဉ်းသားဟောင်းအင်အားစု(ယာယီ) စတင်ဖွဲ့စည်းခြင်းအခမ်းအနားတွင် ၎င်းအဖွဲ့ဝင် ကိုရဲထွဋ်ခေါင်မှ ပြောသည်။

ထိုသို့တောင်းဆိုရခြင်းမှာ နိုင်ငံတကာအကူညီများကို AAPP (AssistanceAssociation for Political Prisoners) နေဖြင့် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ရာတွင်ငွေစာရင်းကွာဟမှုများရှိနေကြောင်း ၎င်းကပြောဆိုပြီး ပွင့်လင်းမြင်သာမှုရှိအောင် စာရင်းဇယား အတိအကျ ရှင်းလင်းပြရန်နှင့် စာရင်းကွာဟမှုများရှိနေပါကဥပဒေအရအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ရှင်းပြသည်။

“၁၂နှစ်တာကာလ အတွင်းမှာ AAPP အနေနဲ့ ငွေကြေးအလွဲသုံးစားလုပ်ခဲ့တာ မြန်မာငွေနဲ့ ကိန်းဂဏန်းပေါင်း ရင်တောင်ပေါင်းလို့တောင် ရတော့မှာမဟုတ်ဘူး”ဟု ကိုရဲထွဋ်ခေါင်က မှတ်ချက်ပြုသည်။

ဆက်လက်၍ ၂၀၀၇ စက်တင်ဘာ သံဃာအရေးအခင်းတွင် ထောင်ဒဏ်ကျခံခဲ့ရသောကိုကြည်ဖြူကလည်း AAPP အနေဖြင့် ငွေကြေးထောက်ပံ့ရာတွင်နာမည်မကြီးသောသာမန် နိုင်ငံရေးအကျဉ်းသားများကို ချန်လှပ်ထားလေ့ရှိကြောင်းနှင့် သူတွေ့ကြုံဖူးသမျှနိုင်ငံရေးအကျဉ်းသားများထဲတွင်လည်း AAPP ၏မူအတိုင်း ရရှိကြသူများမှာ နာမည်ကြီး နိုင်ငံရေးအကျဉ်းသာများသာဖြစ်ကြောင်းယခုလို ပြောသည်။

“AAPP ဆိုတာ နာမည်ကြီးနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးပါဗျာ”

ကိုရဲထွဋ်ခေါင်က AAPP ကိုတစ်ဖက်သတ် စွပ်စွဲပြောဆိုခြင်းမဟုတ်ကြောင်းနှင့်သူတို့ထံတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၇၅၀ ခန့်၏ ထောက်ခံမှုကိုရရှိထားကြောင်း ပြောသည်။

AAPP ၏စာရင်းဇယားများတွင် စာရင်းအတုများသာရှိနေကြောင်းစွပ်စွဲလိုက်ပြီးတိုက်ဆိုင် စစ်ဆေးလျှင်အဖြေမှန်ထွက်လာရန်အတွက် ၎င်းတို့အဖွဲ့မှ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံရှင်းပြခဲ့သည်။

ယခုအခမ်းအနားသို့ AAPP တာဝန်ရှိသူ ဦးဘိုကြည်နှင့် ဦးတိတ်နိုင်တို့ကိုဖိတ်ကြားထားသော်လည်းလာရောက်ခြင်းမရှိကြောင်း ကိုရဲထွဋ်ခေါင်ကပြောသည်။

ဦးဘိုကြည်နှင့်ဦးတိတ်နိုင်တို့အား မော်ကွန်းမဂ္ဂဇင်းက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်းဖုန်းပိတ်ထားပါ သည်ဟုသာ အလိုအလျောက်ပြန်လည်ဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် AAPP အဖွဲ့သည် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို၁၃နှစ်ကြာ ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ပြီး ယခုနှစ် ဇန်န၀ါရီတွင် အစိုးရက ပြည်တွင်း သို့ဖိတ်ခေါ်ကာလက်ကျန်နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီ တွင်ပါဝင်စေခဲ့သည်။

Eleven က ဒါတွေဆို အရမ်း up to date ဖြစ်တာ


သင်္ဃကျွန်းက ဓနိမိုး အာရဗီစာသင်ကျောင်းကို
ဒီဇယ်အိတ်မှာ မီးရှို့ပြီး ပစ်တယ်လို့ Eleven က
တင်သွားတယ်။

ဒါမျိုးကျတော့ အသံထွက်တယ်။  ရွှေပြည်သာမှာ
ဘုန်းကြီးဓါးခုတ်ခံရတော့ ...........ထားတယ်။

တိုက်ကြီးမှာ ကုလားမက ပါးရိုက်တော့လဲ .......ထားတယ်။

လသာဘက်မှာ ဆွမ်းခံကိုယ်တော်တွေ အကြမ်းဖက်သမားလို့
သတ်မှတ်ခံရတော့ ......... ထားတယ်။

ရွှေပြည်သာမှာ ကုလားအဖိုးကြီးက မိန်းမ ၂ယောက်ရှိရက်နဲ့
ကောင်မလေးကို မုဒိမ်းကျင့်တော့ ...............ထားတယ်။

ဘာရေးထားလဲလို့ သွားဖတ်ကြည့်တော့ အစိုးရက အဲ့ဒီစာသင်
ကျောင်းကို သွပ်မိုးပြင်ဆင်ခွင့် မပြုလို့ ဆိုတဲ့အကြောင်း ဇောင်းပေး
ရေးထားတယ်။

......................  မျိုးဖျက်တွေအတွက် အလွန်ချိုပါတယ်

 အဖြူရောင် သူငယ်ချင်း

Related Posts Plugin for WordPress, Blogger...