Saturday, August 31, 2013

အနားပေးခံရသော ဆရာမဒေါ်စိုးစိုးခိုင် အတွက် ဆရာမများတောင်းဆိုနေကြပြီ

အခုတလောသတင်းတွေထဲမှာ Hot နေတဲ့ သတင်းတစ်ခုဖြစ်သော ဆရာမဒေါ်စိုးစိုးခိုင်နှင့် ပတ်သတ်ပြီး ပြောချင် ပါတယ်။ ဆရာမဒေါ်စိုးစိုးခိုင်အနေနဲ့ ဘာကြောင့်ဖြစ်တယ်၊ ဘာလို့  ဖြစ်တယ် ဆိုတာ ရဲရဲတင်းတင်းမှန်မှန်ကန်ကန် ဖြေရှင်းသင့်ပါတယ်။ မသိရင် ၈၈၈၈ ငွေရတုပွဲတက်လို့ ပညာရေးဝန်ကြီးဌာနက အနားပေး သယောင်ယောင်ဖြစ်အောင် လုပ်နေ တာတွေ့ ရတာ စိတ်မ ကောင်း စရာပါ။ ပညာရေးဝန်ကြီး ဌာနကနေ ရှင်းထားတာခွင့်ရက် ကျော်လွန်လို့  အနားပေး လိုက်တယ် ဆိုတာတွေ့ရပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ အခုလိုပညာရေး အဆင့်မြှင့် တင် နေတဲ့ အချိန်မှာအခုလိုတာဝန်ချိန်လဲမလေးစား၊ ခွင့်ရက် တွေလဲကျော်ယူတယ်ဆိုတာ လုံးဝ မဖြစ်သင့် ပါဘူး။ အခုလို စံပြပုံစံမျိုးပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးပြီးကတည်းက အဘက်ဘက် ကနေ ဘက်စုံပြင်ဆင်နေသည်ဖြစ်ကာ ပညာရေးဘက်တွင်လည်း ပြုပြင်ပြောင်းလဲ မှုများကိုကြုံတွေ့ နေရ ပြီဖြစ်ပါတယ်။ ယခုလိုပြောဆိုခြင်းကြောင့် ကျမသည် အစိုးရဘက် တော်သားလဲ မဟုတ်ရပါ။ အတိုက်အခံ ဘက်တော်သားလဲ မဟုတ်ရပါ။ သမ္မတကြီး ဦးသိန်းစိန်နှင့် အန်တီစုတို့၏ ပူးပေါင်း လုပ်ဆောင်မှုများကို အမြဲတမ်းအားပေးနေသူပါ။ သမ္မတကြီးနှင့် အန်တီစုတို့ သည်လည်း ပညာရေးခေတ်မှီ တိုးတက်အောင်ဆောင်ရွက်နေ စဉ်လက်အောက်မှ လုပ်ဆောင်ကြသောဆရာ၊ ဆရာမသည်လည်း မိမိတာဝန်ကိုမိမိကျေပွန်အောင် ထမ်းဆောင်ကြမှသာလျှင် ပညာရေးသည် အမှန်တကယ်ခေတ်မှီ တိုးတက် မည်ဖြစ်ပါသည်။ ရှေ့မှလူကြီးများက လမ်းကြောင်းဖြောင့်အာင် သွားနေ စဉ် နောက်မှလိုက် သောသူများက လမ်းကြောင်း အကောက် လိုက်လျှင် ရည်မှန်းချက် ပန်းတိုင်ကို လွယ်ကူစွာ ရောက်မည်မဟုတ်ပါ။ ထို့ အတွက် မိမိတာဝန် မိမိကျေပွန်အောင် ထမ်းဆောင် ဖို့ လိုအပ်ပါသည်။
   ကျမအသိကျောင်းသားမိဘတစ်ယောက်ပြောဖူးတယ်။ "ဆရာမရယ်သားကို ကျောင်းသာ လွှတ်ရတယ်။ ဆရာ မလာရတာနဲ့၊ လာတဲ့ဆရာကလဲ စာသိပ်မသင်တာနဲ့ ကျမတို့ လဲ ဘယ်လို လုပ်ရပါ့ မလဲကို မသိပါဘူးတော်"ဟုပြောခဲ့ဖူးပါသည်။ အဲ့ဒီတုန်းကတောင် စဉ်းစား မိတယ်။ တချို့  ဆရာက ခွင့်ပြန်တာတို့ ဘာတို့ ဆို အစားဆရာတစ်ယောက် ၀င်ရတယ်။ အစားဝင်ပေး ရတယ် ဆိုတာ ကလဲ ကိုယ့်အချိန်ကိုယ် အပျက်ခံပြီးဝင်ရခြင်း မဟုတ်ပါ။ ကိုယ့်အချိန်လဲသင်၊ သူများ အချိန်လဲ ၀င်သင်ပေးရ တာပေါ့။ အဲ့ဒီမှာအခုဖြစ်သွားတဲ့ ဆရာမ လိုခွင့်ရက်တွေ အများကြီး ကျော်လွန်ပြီး နေမယ်ဆိုရင် သူ့ အစားဝင်သင်ပေးရတဲ့သူက ကောကြာလာရင် ဘယ်လုပ်ပြီး လုပ်ပေး ချင် ပါတော့မလဲ။ အဲ့တာတွေကို အခုလိုခွင့်ပြန် နောက်ကျတဲ့ ဆရာမဒေါ်စိုးစိုးခိုင် သေချာ စဉ်းစားသင့်တယ်။

    နောက်ပြီးအခုဖြစ်စဉ်ကို ခေါင်းစဉ်တပ်တာက ၈၈၈၈ငွေရတု ပွဲတက်လို့  ဆိုပြီးတော့ ခေါင်းစဉ် တပ်ထား တာတွေ့ ရပါတယ်။ တကယ်ကတော့ ကျမထင်တာ မဆိုင်ဘူး ထင်တယ်။ ကျမလဲ ၈၈၈၈ ငွေရတုပွဲမှာ ဒံပေါက်တောင် သွားစားကြသေးတယ်။ နောက်ပြီး ကိုမင်းကိုနိုင် တို့ စကားပြော တာ တွေတောင် နားထောင်ခဲ့ ပါသေးတယ်။ ကျမတစ်ယောက် ထဲမဟုတ်ပါ။ ကျမ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေလဲပါပါတယ်။ ၈၈၈၈ ငွေရတုပွဲတက် လို့ အလုပ်ဖြုတ်ကြေးဆိုရင် ကျမ တို့ သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး အလုပ်ဖြုတ်ခံရ မှာပေါ့။ အဲ့ဒီလို မဆိုင်ရာကို ခေါင်းစဉ် တက်တာ ကတော့ ၈၈၈၈ ငွေရတုပွဲ ကိုကော၊ အဲ့ဒီဆရာမကို ခွင့်ရက် ကျော်လို့ အနားပေး လိုက်တဲ့ သူတွေအတွက်ကော မကောင်း ဖြစ်သွားစေ ပါတယ်။ ကျမတို့  မြန်မာစကားပုံ လိုပေါ့။ "ထန်းသီးကြွေခိုက်၊ကျီးနင်းလိုက်ဆို သလို" သူ့ဟာ သူခွင့်ရက်တွေ ကျော်လွန်ပြီး ၀န်ထမ်း စည်းကမ်း ဖောက်ဖျက်တာ ၈၈၈၈ ပွဲနဲ့  တိုက်သွားတော့ အံဝင် ဂွင်ကျဖြစ်သွား တာပေါ့။

ကျမအနေနဲ့ ဆရာမအချင်းချင်း ကိုယ်ချင်းမစာလို့ ပြောတာ မဟုတ်ပါ။ကျမလဲ ၀န်ထမ်း တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင် နေရင်းခွင့် ရရင်ပြန်ဖြစ်ပါတယ်။ ခွင့်ရက် စေ့လို့ ပြန်ခါ နီးဆို ပြန်ဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးရတာ။ ခွင့်ရက်ကျော်မှာ စိုးရိမ်လို့ ပါ။ ခွင့် ရက် ကျော်လွန် တာထက် ကျမတပည့်လေးတွေနဲ့ ကျမပြန်မရောက်ရင် ကျမအစားဝင်ပေး မယ့် ဆရာ/ ဆရာမ တွေရဲ့  စိတ်တွေကို တွေးရင်းနဲ့ အချိန်မှန် ရောက်အောင်ပြန်ရတာပါပဲ။ ကျမတို့လိုကျောင်း ဆရာမ၀န်ထမ်းတွေ တင်မဟုတ်ပါဘူး။ ၀န်ထမ်းတိုင်းမှာ တာဝန်ချိန် ပျက်ကွက်ရင် ဘာဖြစ်တယ် ဆိုတာ သူ့ စည်းကမ်းနဲ့ သူ၊ သူ့ စည်းမျဉ်းနဲ့ သူ ရှိပါတယ်။ လက်နက်ကိုင် အဖွဲ့ အစည်းတွေ ဆိုပိုတောင် ဆိုးပါတယ်။ အခန့် မသင့်ရင်သေဒဏ်တောင် ကျနိုင်တဲ့ တာဝန်ချိန် ပျက်ကွက်မှု စည်းကမ်းတွေ ရှိပါတယ်။ ကျမတို့ နိုင်ငံသားတွေ အတွက် လဲ စိတ်မကောင်းတာ တစ်ခုက တစ်ခုခုဖြစ်ပြီ ဆိုဘယ်လို လုပ်စားမလဲ၊ ဘယ်လိုအကြောင်း ပြရမလဲဆိုတာပဲတွေးတတ်ကြပြီး ပြသနာကို ရဲရဲ တင်းတင်း ဖြေရှင်းဖို့ ဝန်လေးနေတတ်ကြ ပါတယ်။ အဲ့လိုတွေကြောင့်လဲ အခုလိုတွေဖြစ်နေ တယ်လို့ ထင်ပါတယ်။
     ကျမအနေနဲ့ အခုပြောချင်တာကတော့ အဲ့ဒီခွင့်ကျော်လွန် နေထိုင်ပြီး ၈၈၈၈ငွေရတုပွဲ တက်လို့ ဆိုပြီး ခေါင်းစဉ်တက်ထားတဲ့ ဆရာမဒေါ်စိုးစိုးခိုင် အနေနဲ့ ကိုယ့် တာဝန်ကို ကိုယ်တိုင် ဖြေရှင်းသင့်ပါတယ်။ ဆရာမအတွက် ၈၈၈၈ ငွေရတုပွဲကိုလဲ အကျည်းမတန် စေချင်ပါ။ ပညာရေးဝန်ကြီးဌာနကိုလဲ တောင်းဆိုချင်တာ ကတော့ နောင်လဲ စည်းကမ်း မလိုက်နာတဲ့သူ ဆိုလျှင် စာရေးသူ ကျမကစပြီး ထိထိရောက်ရောက် အရေးယူပေးပါလို့ တောင်းဆိုပါရစေရှင်။ သို့ မှသာလျှင် နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲ လျှက်ရှိတဲ့ ပညာရေး စနစ်သည်လဲ အမှန်တကယ် ထိရောက် မည်ဖြစ်ပါသည်။ ဒေါ်စိုးစိုးခိုင်အနေဖြင့် လဲ ကိုယ့် တာဝန် ကိုယ်ယူနိုင်သော ၀န်ထမ်းကောင်း တစ်ယောက် ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
ဒေါ်ခင်နွယ်ဦး(အ.ထ.ပြ)
အမှတ်( )၊အခြေခံပညာအထက်တန်းကျောင်း၊
ရန်ကုန်တိုင်းဒေသကြီး။

မှတ်ချက်။   ။ပေးပို့ ဆရာမ၏ ကျောင်းအမှတ်နှင့် မြို့ နယ်များကိုလိုအပ်ချက် အရဖြုတ်ထားပေး ပါသည်။

ရွှေတိဂုံစေတီပုံ ရိုက်နှိပ်ထားသော လက်ဖက်ခြောက်ဘူးများကို ပြန်လည်သိမ်းဆည်း



ရန်ကုန်၊ သြဂုတ် ၂၇

ဖူရှင်းဘရားသား(စ်) ကုမ္ပဏီက ရွှေတိဂုံ စေတီတော်ပုံရိုက်နှိပ်အသုံးပြုထားသော လက်ဖက် ခြောက်ဘူးများကို သာသနာရေးဝန်ကြီးဌာနမှ ပြန်လည် သိမ်း ဆည်းပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီမှ ထုတ်လုပ်သည့် စီးကရက် ဘူးပုံ လက်ဖက်ခြောက်ဘူးပေါ်တွင်လည်းကောင်း၊ ပစ္စည်းထည့်ဘူးပေါ်တွင် လည်းကောင်း ရွှေတိဂုံ စေတီတော်ပုံ ရိုက်နှိပ်ဖြန့်ချိထားခြင်းနှင့်ပတ် သက်၍ သာသနာရေးဝန်ကြီးဌာနမှ ယနေ့တွင် ကမ္ဘာအေးရှိ သာသနာရေးဝန်ကြီးဌာန၌ ရှင်း လင်းပွဲပြုလုပ်ခဲ့ရာတွင် အဆိုပါဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

”စေတီပုံနဲ့ ဈေးကွက်ထဲရောင်းဖို့တော့ မဟုတ်ဘူးဆိုပေမယ့် ဒါကလက်ဆောင် ပေး တာပဲယူသုံးသုံး တကယ်တော့ ရှင်းရှင်းပြောရရင် မသုံးသင့်ဘူးပေါ့”ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ လက်ဖက်ခြောက်ဘူး ၅ဝ ကို ဖူရှင်းဘရားသား(စ်)ကုမ္ပဏီက နီးစပ်ရာအသိုင်း အဝိုင်းများကိုလက်ဆောင်ပေးရန်အတွက် တရုတ် နိုင်ငံကူမင်းသို့မှာယူခဲ့ပြီး သြဂုတ်လဆန်းပိုင်း တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။

”နီးစပ်ရာ သူတို့စီးပွားရေး မိတ်ဆွေတွေ ရှိတယ်။ ပေးလိုက်တယ်။ ထင်တာက ပေးလိုက် တဲ့ တစ်ယောက်ကလည်း ဒါမျိုးက အထွဋ် အမြတ်ဆိုတော့ ဘုန်းကြီးကို လှူရင်းနဲ့မှ မြင် တာလို့ထင်တယ်”ဟု ဖူရှင်းဘရားသား(စ်) ကုမ္ပဏီမှ ဥပဒေရေးရာ အကြံပေး ဦးဇင်ဦးက ပြောသည်။

အဆိုပါ လက်ဖက်ခြောက်ဘူးမှာ ယူစဉ်တွင် ကုမ္ပဏီလိပ်စာ၊ လိုဂိုနှင့် ၄င်း တို့ပိုင်ဆိုင်သော စီးကရက်စက်ရုံ လိုဂို သာ ပေးလိုက်ခြင်းဖြစ်ပြီး ဘူးပုံစံနှင့် အသုံးပြုရ မည့်ပုံကို ပေးလိုက်ခြင်း မရှိ သဖြင့် ယခုကဲ့သို့ စေတီပုံကို ရိုက်နှိပ်၍ ဘူးပုံစံအား စီးကရက်ဘူးပုံစံ ပြုလုပ်၍ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ပြော သည်။

”ဗမာပြည်အတွက်လှတဲ့ပုံ၊ ကောင်း တဲ့ပုံကို လုပ်လိုက်ပါဆိုတော့ သူတို့ဘာ သူတို့ ဗမာပြည်ရဲ့ Sample ကို ရွှေတိဂုံ လို့ပဲ သူတို့ဘာသာ သူတို့ထင်ပြီး လုပ် လိုက်သလား မသိဘူး။ စီးကရက် စက် ရုံပါတဲ့အတွက်အထဲမှာ စီး ကရက်ဘူးပုံ ထွင်လုပ်လိုက်တယ်လို့ ထင်တယ်” ဟု ဦးဇင်ဦးက ဆက်ပြောသည်။

လက်ဆောင်ပေးရန် မှာယူထား သော ဘူး ၅ဝ တွင် ကုမ္ပဏီ၌ ကျန်ရှိ သော ၃၄ ဘူးကို သက်ဆိုင်ရာက ထိန်း သိမ်းပြီး လက်ဆောင်အဖြစ် ပေးအပ် ထားသော ၁၆ ဘူးကိုလည်း တတ်နိုင်သ လောက် ပြန်လည်သိမ်း ဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။

”လက်ရှိ အချိန်မှာတော့ ကိုယ့်ရဲ့ ဘာသာ သာသနာနဲ့ ပတ်သက်ပြီးတော့ အစွန်းထင်း အထိခိုက်မခံတဲ့ ကာလမှာ ဒီလိုက မဖြစ်သင့်ဘူး”ဟု သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖူရှင်းဘရားသား(စ်)ကုမ္ပဏီက မှာယူခဲ့သော လက်ဖက်ခြောက်ဘူး ၅ဝ ကိုသာသနာရေးဝန်ကြီးဌာနသို့ ပေးအပ် သွားမည်ဖြစ်ပြီးဈေးကွက်တွင်းရောင်းချ ရန်ရည် ရွယ်ချက်မရှိကြောင်းနှင့် စီးက ရက်ဘူးပုံဖြင့်ရွှေတိဂုံစေတီ ရိုက်နှိပ်ခြင်း အား ကုမ္ပဏီမှ အမှန်တကယ် မသိရှိခဲ့ ခြင်းဖြစ်ကြောင်းဦးဇင်ဦးကရှင်းပြသည်။

ဖူရှင်းဘရားသား(စ်) ကုမ္ပဏီသည် ပြည်ပသို့ ရော်ဘာတင်ပို့လျက်ရှိပြီး ပြည်တွင်းသို့ ဆောက်လုပ်ရေး သံ ချောင်း၊ နွားနီနို့မှုန့်နှင့် စားသောက်ကုန် သုံး ဓာတုပစ္စည်း အချို့ကို တင်သွင်း လျက်ရှိသည်။

ခိုင်နွယ်ဦး

နောက်ဆုံးအဆင့်ပြိုင်ပွဲက ၉ လပိုင်း ၆ ရက်နေ့ဖြစ်ပါတယ်.. (video)

မျှော်လင့်လို့ရမယ့်ဆုတွေကတော့ ..

Miss Supranational 2013

1st Runner-up

2nd Runner-up

3rd Runner-up

4th Runner-up

Top 10 (in order)

Top 20 (in order) တို့ ဖြစ်ပါတယ်...

အွန်လိုင်းမဲပေးစနစ် ကိုတော့ Miss Myanmar ခင်ဝင့်ဝါအတွက် အောက်ပါ Link တွင် Vote ပေးနိုင်ပါပြီ....
ခင်ဝင့်ဝါရဲ့  ဓာတ်ပုံ (သို့ မဟုတ်) အမည်ကို Click ပေးပြီး မဲပေးရမှာဖြစ်ပါတယ်....နေ့ စဉ်စိတ်ကြိုက်Click လုပ်နိုင်ပါတယ်...

မမြင်နိုင်သော စပီကာ ထုတ်လုပ်ရောင်းချတော့မည်


တီထွင်အောင်မြင်တာ အရင်နှစ်ကတည်းက ပါ။ ယခုတော့ ဈေးကွက်ကို အမှန်တကယ် ဖြန့်ချိရောင်းချတော့မှာ ဖြစ်ပါတယ်။

Saltwater Gel နဲ့ လုပ်ထားတဲ့ ယင်းစပီကာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ထိုးဖောက်မြင်နေရမှာ ဖြစ်ပါတယ်။ ဒီတော့ အသံဘယ်လိုဖြတ်မလဲ ဆိုတာ မေးစရာ ရှိပါတယ်။ ဒီလိုရှိပါတယ်။ အီလက်ထရောနစ် ဗို့အားတစ်ခု သက်ရောက်စေပြီး ယင်းသက်ရောက်မှုကြောင့် တုန်ခါမှုတစ်ခုဖြစ်ပေါ်ပြီး အသံလိုင်း ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ယင်းအသံလိုင်းကနေပဲ အသံ မျိုးစုံ ထွက်ရှိနိုင်ပြီး စပီကာလိုမျိုးလုပ်ဆောင်မှာ ဖြစ်ပါတယ်။

ယင်း Gel ရဲ့  ထူးခြားချက်က အသားတု အစားထိုးမှုမှာလည်း အသံးပြု လို့ ရပါတယ်။ နောက်ဆိုရင် စပီကာနဲ့ အီလက်ထရောနစ် ပစ္စည်းမှာပါ မဟုတ်တော့ပဲ Human အစိတ်အပိုင်းမှာပါ အသုံးဝင်မယ့် နည်းပညာ အစိတ်အပိုင်း တစ်ခုဖြစ်လာမယ်လို့ ဆိုပါတယ်။

ယင်း Transparent speakers အလုပ်လုပ်ပုံကို အောက်ပါ ဗီဒိယို လခ့်မှာ ဝင်ရောက် လေ့လာကြည့်ရှု နိုင်ပါတယ်။

http://youtu.be/5K5KSDL1gXE

Aung Kham (TSJ team)

Twilight မင်းသမီးလည်း ဗုဒ္ဓဘာသာကိုကူးပြောင်း


နာမည်ကျော် Twilight မင်းသမီးလေးက ဗုဒ္ဓဘာသာဝင်ဖြစ်တယ်လို့
ဗုဒ္ဓအကြောင်းကိုအမြဲဖော်ပြလေ့ရှိတဲ့ thebuddhism.net ရဲ့ ဖော်ပြချက်အရ
သိရပါတယ်။

အသက်-၂၃ နှစ်အရွယ်ရှိ twilight မင်းသမီး Kristen Stewart ဟာအခြားနာ
မည်ကျော် အမေရိကန် မင်းသား၊မင်းသမီးတွေနည်းတူ ဗုဒ္ဓဘာသာရဲ့ လမ်း
စဉ်ကို နှစ်သက်တဲ့ အတွက် ကူးပြောင်းလာတယ်လို့ ဆိုထားပါတယ်။


ပြည်မြန်မာ

မီဒီယာ နှင့် Facebook များ မဟုတ်မမှန်ရေးသားမှုကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား







မီဒီယာ နှင့် Facebook များ မဟုတ်မမှန်ရေးသားမှုကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှ နေပြည်တော် ကော်မတီရုံးတွင် မီဒီယာများနှင့်တွေ့ဆုံချိန်မှာ မှာကြားလိုက်ပါတယ်။


လွှတ်တော်နောက်ဆုံးနေ့ မီဒီယာများနှင့် တွေ့ဆုံချိန်မှာ အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ Facebook များတွင် တင်ချင်တာ တင်နေကြကြောင်း၊ ရေးချင်တာ ရေးနေကြကြောင်း၊ မီဒီယာများ နှင့် Facebook များအနေနဲ့ မဟုတ်မမှန်ရေးသားမှုများကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လိုကြောင်းကို အခုလို ပြောကြားခဲ့ပါတယ်။

"Facebook တွေက တင်ချင်တိုင်းတင်တာပဲ... ရေးချင်တိုင်း ရေးတာပဲ.. ယုံတဲ့လူကလည်း ယုံတာပဲ.. ဘာမှလည်း တားဆီးလို့မရဘူး.. မီဒီယာများအနေနဲ့ မဟုတ်မမှန်ရေးသားတာကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ.. နောက်ဆုံးကျတော့ ဘယ်သူ့ကို ယုံရမှာလဲ.. မီဒီယာဆိုတာ သတင်းမှန်ပေးနေတာလား.. ကိုယ်ရေးချင်တာ ရေးနေတာလား.. မီဒီယာအချင်းချင်းဘယ်လိုပြန်ပြီးထိန်းမလဲ... ဘယ်လိုလုပ်မလဲ.. ဘယ်လိုစဉ်းစားလဲ... " လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည် တားမြစ်ပေမယ့် facebook ပေါ်က ဝါဒဖြန့်သူ အများစုအနေနဲ့ ဆင်ခြင်ကြမှာမဟုတ်ကြောင်း လေ့လာသူများက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ တစ်သန်းကျော်ရှိတယ်လို့ ခန့်မှန်းထားပြီး အများစုမှာ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် မျက်စိမှိတ် ထောက်ခံသူများဖြစ်ပါတယ်။

ပရင့်ဘိုတန်ကို ရှော်လ်ကေးခေါ်ယူလိုက်ပြီ


အေစီမီလန် ကွင်းလယ်လူ ဘိုတန်မှာ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကေးသို့
လေးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ယခုရာသီ ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲစဉ်များတွင် ရလဒ်ဆိုးများဖြင့် ကြုံတွေ့နေရသော
ရှော်လ်ကေးမှာ အေစီမီလန်နှင့် ဘိုတန် လမ်းခွဲလိမ့်မည်ဟု ယုံကြည်သောကြောင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပြီး ၎င်း၏ အကူအညီဖြင့် မိမိတို့အသင်းလမ်းကြောင်းမှန်ပေါ် ပြန်ရောက်
လိမ့်မည်ဟု ဆိုထားသည်။

ရှော်လ်ကေး အထွေထွေမန်နေဂျာ ဟို့စ်ဟက်ဒ်က “ဘိုတန်ဟာ အရည်အချင်း ပြည့်ဝသလိုခေါင်းဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ မီလန်နဲ့ သူလမ်းခွဲမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ သူ့အတွက် ကမ်းလှမ်းခဲ့တာပါ”ဟု ဖွင့်ဟသွားခဲ့သည်။ အေစီမီလန်မှာ ဂျူဗင်တပ် တိုက်စစ်မှူး မက်ထရီကို ယူရို ၁၁သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် ဘဏ္ဍာရေးအခြေအနေကြောင့် ဘိုတန်နှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ဘိုတန်အနေဖြင့် ရှော်လ်ကေးတွင်နံပါတ်(၉)ဂျာစီဝတ်ဆင်မည်ဖြစ်ပြီး လေဗာကူဆင်နှင့် ယှဉ်ပြိုင်မည့် ရှော်လ်ကေးအသင်း လူစာရင်းတွင် ပါဝင်လာခဲ့ပြီး ဒေါ့မွန်ကစားသမားဘ၀ပြီးနောက် ဘွန်ဒက်စ်လီဂါမြေသို့ တစ်ကျော့ပြန် ခြေချလာခြင်းလည်းဖြစ်သည်။

ဇော်ထွန်း(ရိုးရာလေး)

ဘရာဇီး နိုင်ငံစီးပွားရေး မြင့်တက်


ဘရာဇီးနိုင်ငံ ရဲ့ စီးပွားရေး အခြေအနေဟာ ၂၀၁၃ ခုနှစ် ဒုတိယ လေးလ ပတ် ကာလမှာ GDP ၁.၅ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း သိရပါတယ်။

ဘရာဇီးဟာ တောင်အမေရိကနဲ့ မြောက်အမေရိကန်မှာ အကြီးဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး လူဦးရေအသိပ်သည်းဆုံးနိုင်ငံစာရင်းထဲလည်း ပါဝင် ပါတယ်။ အဓိက စီးပွားရေး လုပ်ငန်းထဲမှာ သဘာဝ တွင်းထွက် ပစ္စည်းနဲ့ စိုက်ပျိုးရေး အဓိက ၂ မျိုးပါဝင်ပါတယ်။ ယင်း ၂ မျိုးကြောင့် နိုင်ငံ စီးပွားရေး မြင့်တက်ရခြင်း ဖြစ်ပြီး ကမ္ဘာ့မှာ အဆင့် ၇ ချိတ်တဲ့ ကုန်သွယ်ရေး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရဲ့  ဝင်ငွေကို တတိယ နေရာ ကနေ အရှာပေးနိုင်ဆုံးက ခရီးသွားလာရေး လုပ်ငန်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များ အလည်အပတ် များတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ် ပါတယ်။

နိုင်ငံရဲ့  လူတန်းစား ကွာဟမှုလည်း အင်မတန် သိသာပါတယ်။ နိုင်ငံရဲ့  အချမ်းသာဆုံး လူနည်းစုဟာ နိုင်ငံလူဦးရေရဲ့  ၁ ရာခိုင်နှုန်းသာ ရှိပြီး နိုင်ငံရဲ့  ငွေကြေးချမ်းသာမှုကို ၅၀ ရာခိုင်နှုန်းအထိ ကာမိစေခဲ့ ပါတယ်။ အင်မတန်ကို သိသာလွန်းတဲ့ လူတန်းစားကွာဟမှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ GDP တွက်ချက်မှုအရ ဘရာဇီးဟာ နောက်ကျကျန်ခဲ့ခြင်းဖြစ်ပြီး အမှန်တော့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။ ယခုတော့ တစ်ဦးချင်းစီ ဝင်ငွေနဲ့ GDP ကလည်း မြင့်တက်လာပါပြီ။ ၂၀၁၂ ခုနှစ်နဲ့စာရင် ၁ ရာခိုင်နှုန်းဝန်းကျင် အထိ မြင့်တက်လာတဲ့ နိုင်ငံ GDP ဟာ ၂၀၁၃ အကုန်မှာ အမြင့်ဆုံးအနေအထား တစ်ခုကို ရောက်ရှိမယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။
.
Ref:Xinhua
Aung Kham (ရိုးရာလေး)

ဆီးရီးယားကို တိုက်ဖို့ အိုဘားမား ဘယ်လိုဆုံးဖြတ်မလဲ


ပြီးခဲ့တဲ့ သြဂုတ် ၃၀ မှာ အမေရိကန် သမ္မတ အိုဘားမားဟာ ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံ စာရင်းမှာ ပါတဲ့ ပြင်သစ်နဲ့ ဗြိတိန်က ဝန်ကြီးချုပ် အသီးသီးကို ဖုန်းဆက်လို့ ဆွေးနွေးပွဲငယ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။

လက်ရှိဆီးရီးယားအရေးနဲ့ ပက်သက်ပြီးတော့ပါ။ အမေရိကန် အိမ်ဖြူတော်လွတ်တော်အဖွဲ့မှ စစ်တိုက်ဖို့ မဲများနေချိန် သမ္မတ အိုဘားမား ဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုသာ စောင့်ကြည့်လျက်ရှိနေကြ ပါတယ်။ ဒါကြောင့်မို့ ဆုံးဖြတ်ချက် ပိုသေချာအောင် ပြင်သစ်နဲ့ ဗြိတိန်ကို ဖုန်းဆက်မေးမြန်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ အနေနဲ့ အမေရိကန်ရဲ့  ဆုံးဖြတ်ချက်ကို တားမြစ်စရာ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ဆီးရီးယား အစိုးရဟာ ဓာတု စစ်လက်နက် အသုံးမပြုရ ကမ္ဘာ့ စစ်ဥပဒေ အပြင် အခြားသော ဥပဒေများကိုပါ ချိုးဖောက်ထားတဲ့အတွက် အမေရိကန် နိုင်ငံအတွက် နောက်ထပ် အီရတ်နိုင်ငံတစ်ခု ဖြစ်လာနိုင်တယ်လို့တောင် တင်စားနေကြ ပါတယ်။

ဆီးရီးယား သမ္မတ Bashar Assad ကိုလည်း တားမြစ်မှု အကြိမ်ကြိမ်ပြုလုပ်ပေမယ့် ထူးခြား မလာပါဘူး။ ဓာတု စစ်လက်နက် ဘယ်သူ အသုံးပြုသလဲဆိုတာ သိအောင် ကုလအဖွဲ့ လွတ်၍ စစ်ဆေးခဲ့ရာ မထင်မှတ်စွာပဲ အစိုးရ စစ်တပ်မှ အသုံးပြုနေတာကို သိရှိတွေ့မြင်ခဲ့ကြရပါတယ်။ စစ်နိုင်ရန် ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ပြည်တွင်း သူပုန်တွေချေမှုန်းဖို့ ဓာတု လက်နက်အသုံးပြုမှုဟာ ပြည်သူတွေကို ပိုမို အထိနာစေခဲ့ပါတယ်။ ၂၀၁၁ မတ် ကတည်းက စတဲ့ စစ်ပွဲက ပြည်သူပေါင်း ၉သိန်းခွဲကျော်ကို အသက်ဆုံးရှုံးစေခဲ့ပါပြီ။ ယီမင် နိုင်ငံက ပြည်သူများကတော့ အမေရိကန်မှ ဆီးရီးယားကို တိုက်နိုင်ချေရှိတဲ့အနေအထားအား တားမြစ်ဆန္ဒပြကြပြီး ဆီးရီးယား အစိုးရကိုသာ ဆက်လက်ထောက်ခံပေးဖို့ တောင်းဆိုနေပါတယ်။

ကုလသမဂ္ဂအဖွဲ့အနေနဲ့ ဆီးရီးယား အစိုးရအပေါ် အရေးယူမှုပြုလုပ်ရတော့မှာပါ။ စူပါပါဝါနိုင်ငံဖြစ်တဲ့ အမေရိကန် ရဲ့  အရေးယူ တိုက်ခိုက်မှုကိုလည်း ဘယ်နိုင်ငံကြီးမှ ငြင်းဆန်နိုင်တော့မှာ မဟုတ်ပါဘူး။ စစ်ဖြစ်ရင် အမေရိကန်မှာလည်း ဆုံးရှုံးရမယ့် အရာတွေရှိပါတယ်။ ပြည်သူတွေလည်း အထိနာမယ့် အမေရိကန် လေကြောင်း တိုက်ခိုက်မှုကို တားမြစ်မယ့် နိုင်ငံတွေလည်း ရှိမှာပါ။ အထူးသဖြင့် အရှေ့ အလယ်ပိုင်း အုပ်စုနိုင်ငံ အချို့ က ဆန့်ကျင်မှာ ဖြစ်ပါတယ်။

ယခု ရက်ပိုင်းအတွင်း အမေရိကန် သမ္မတ အိုဘားမားရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာမှ နားဆွင့်လျက် ရှိပါတယ်။ အမေရိကန် အနေနဲ့ ဆီးရီးယားကို တိုက်မယ်မတိုက်မယ်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြင့်သာ ပြုလုပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ပြောဆိုခဲ့ ကြောင်း သိရပါတယ်။
.
Ref: Xinhua
Aung Kham (ရိုးရာလေး)

အမေရိကန် အကျဉ်းသားကိုလွတ်ပေးဖို့အား မြောက်ကိုရိးယားတို့ ငြင်းဆန်


မြောက်ကိုရီးယားတို့ ဖမ်းဆီးထားတဲ့ အမေရိကန် အကျဉ်းသားတစ်ဦးကို လွတ်ပေးဖို့ တောင်းဆိုချက်ကို မြောက်ကိုရီးယား (DPRK) မှ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ Kenneth Bae လို့အမည်ရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦး အဖြစ် မြောက်ကိုရီးယားသို့ သူသျှိုအဖြစ်ရောက်ရှိချိန် ဖမ်းဆီးလိုက်ခြင်း ဖြစ်ပါတယ။် ပြိးခဲ့တဲ့ နှစ် နိုဝင်ဘာလက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၁ နှစ်ပြည့်ပါတော့မယ်။ သူ့ကို DPRK က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ထားပါတယ်။ ယင်း ပြုမှုလုပ်ဆောင်ချက်အတွက် အမေရိကန်တို့ မြောက်ကိုရီးယားကို ပိုမို ဒေါသထွက်စေပြီး ဆက်ဆံရေး ပိုလို့ တင်းမာစေခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ပြေလှယ်ရန် ပြန်လည်ငြိနှိုင်းနေချိန် ယခုကဲ့သို့ ပြောဆို တုန့်ပြန်ချက်အပေါ် အမေရိကန်မှ မည်သို့အရေးယူ ပိတ်ဆို့မှု ပြုလုပ်မယ်ဆိုတာကို စောင့်ကြည့်လျက် ရှိကြ ကြောင်း သိရပါတယ်။
.
Ref: Xinhua
Aung Kham (ရိုးရာလေး)

ဖားခြေထောက်ဖြင့် မွေးလာသော မိန်းကလေး လမ်းလျှောက်နိုင်ပြီ

 
အခုချိန်မှာ အသက်လေးနှစ်အရွယ် ရှိပြီဖြစ်တဲ့ Lilliaဆိုတဲ့ သမီးငယ်ဟာ မွေးခါစမှာ ခြေတစ်ဖက်စီမှာ ကြွက်သားနှစ်ခုပဲ ပါဝင်လာတာကြောင့် တခြားကလေးတွေ လမ်းလျှောက်နိုင်တဲ့အရွယ်မှာ သူမအနေနဲ့ လမ်းမလျှောက်နိုင်ဘူးလို့ သိရပါတယ်။ လီလီယာဟာ မွေးရာပါြွကက်သားအားနည်း ရောဂါရှိခဲ့ပါတယ်။ ပုံမှန်အားဖြင့် ခြေထောက်တစ်ဖက်စီမှာြွကက်သား ၁၅ခုစီရှိရမယ့်အစား နှစ်ခုစီသာရှိတာကြောင့် သူမရဲ့ ဒူးခေါင်းဟာ အမြဲတမ်းကွေးနေတယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေက ဒူးခေါင်းနောက်က အရွတ်ကို ခွဲစိတ်ဖြတ်တောက်ပြီး ခြေထောက် ဆန့်နိုင်ရန်အတွက် ခြေထောက်ကို ညှပ်စည်း(Splint) ပေးခဲ့ပါတယ်။ လီလီယာ ခြေထောက်ခွင်နေတာကို သူမမိခင်က ကိုယ်ဝန်အပတ် ၂ဝကတည်းကစတင် သိရှိခဲ့ပါတယ်။
သူမကိုမွေးရမယ့် အချိန်ထက် လေးပတ်စောမွေးခဲ့ပြီး မွေးကင်းစအလေးချိန်က လေးပေါင်ငါးအောင်စ ရှိတယ်လို့ဆိုပါတယ်။ သူမအသက် ၁၇ပတ်အရွယ်မှာ သူမရဲ့ခြေထောက် ဖြောင့်ပေးဖို့အတွက် ဆရာဝန်တွေက အထူးပြုလုပ်ပေးထားတဲ့ ဘွတ်ဖိနပ်ကို စီးခိုင်းခဲ့ပါတယ်။ သူမကို ခွဲစိတ်မှု၁၃ကြိမ် ပြုလုပ်ခဲ့ပေးခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ဘူးလို့ သိရပါတယ်။ အခုအချိန်မှာ သူမရဲ့ခြေထောက်နှစ်ဖက်ကို ပုံမှာပြထားတဲ့ ပုံသဏ္ဌာန်အတိုင်း အထောက်အပံ့ပေးထား ခဲ့တဲ့အတွက်သူမအနေနဲ့ လမ်းလျှောက်နိုင်ပြီလို့ သိရပါတယ်။ သူမအနေနဲ့ ယင်းပစ္စည်းကိုဖြုတ်ကာ သက်သောင့်သက်သာ ထိုင်နိုင်တယ်လို့ ဆိုပါတယ်။
By ပြည်မြန်မာ

လူဇင်ဘတ်က ပထမဖြစ်နေပါသေးတယ်..


http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582#view/14286 .. link လေးကို ဖွင့်ပြီး photo အောက်မှာရှိတဲ့
Голосов

လေး ကို click နှိပ်ပေးပါနော်..♥♥♥
နေ့ စဉ်မဲပေးနိုင်ပါတယ်... သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးလို့ ရတာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရပါတယ်...
(Chrome ကနေ မဲပေးပြီးပေမယ့်လည်း Firefox နဲ့ဖွင့်ပြီးမဲ ပေးပါကလည်း မဲပေးလို့ ရ သဖြင့် Browser မတူ ပါက မဲ ထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ် ရှင့်.....)

သမ္မတ ဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) တို့ နေပြည်တော်၌ ပထမဆုံး တွေ့ဆုံမည်

သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီတွင် နေပြည်တော်၌ ပထမဆုံး တွေ့ဆုံမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတ ဦးသိန်းစိန်အား တွေ့ခွင့်တောင်းခဲ့ ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) နှင့် အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့ သွားရောက်တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံရာတွင် ဆွေးနွေးမည့်အကြောင်း အရာကို မသိရသေးဘဲ ပြန်ကြားရေး ၀န်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ပေးပို့ထားသည့် မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အတွက် မျော်လင့်ချက် ဟူသော တင်ပြချက်အပေါ် ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။
စာနယ်ဇင်းကောင်စီ (ယာယီ)သည် သြဂုတ် ၁၂ ရက်က ရန်ကုန်မြို့တွင် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် လည်းကောင်း၊ သြဂုတ် ၁၃ ရက်က နေပြည်တော် လွှတ်တော်ဝင်းအတွင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် လည်းကောင်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲတင်သွင်းပြီး စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ဂျာနယ်လစ် အဖွဲ့အစည်းများက လက်မခံသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်၌ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲ တင်သွင်းသည့် သတင်းမီဒီယာ ဥပဒေကြမ်းကိုလည်း အငြင်းပွားဖွယ်ရာ ပြင်ဆင်ချက်များဖြင့် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးထားပြီး ဖြစ်သည်။

Eleven

ပညာရေးဝန်ကြီးဌာနမှ အတိအကျထုတ်ပြန်သော်လည် ဒေါ်ခိုင်ခိုင်စိုးမှ ငြင်းပယ်


ဆရာမများ အနေနှင့် အခုလိုလုပ်တာဟာ စည်းကမ်းချိုးဖောက်တာ ဖြစ်ကြောင်း၊ ပညာရေး မြင့်မားရန် ကြိုးစားနေတဲ့ အချိန်မှာ အခုလို မလုပ်သင့်ကြောင်း၊ ဒါဟာ မိဘတွေကို စိတ်ပူစရာဖြစ်ကြောင်း၊ အခြား ဆရာမများအား စည်းကမ်းမလိုက်နာပါက ယခုကဲ့သို့ စံပြအရေးယူစေခြင်းကြောင်း မိဘများထံမှ သိရှိရ ပါတယ်။



ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာ  မှာ ဖော်ပြထားတာကတော့...
အထက (၅) နေပြည်တော်မှ ဒေါ်စိုးစိုးခိုင် (အလယ်တန်းပြ) သည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တွင်
ကျောင်းချိန်  နောက်ကျ ရောက်ရှိခြင်း ၄၃ ရက် ရှိခဲ့ပြီး ခွင့်ယူရက် လေးရက် ရှိခဲ့ပါသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ဇွန်လ ၃ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ပါသည်။

ဒေါ်စိုးစိုးခိုင်သည်၁ဝ-၆-၂ဝ၁၃ရက်နေ့၊ ကျောင်းချိန်တွင်အတန်းမှူးဦးတင်မောင်ဆွေ(အလယ်တန်းပြ)ထံသို့ တယ်လီဖုန်းဖြင့် ခွင့်တိုင်ပါသည်။ အတန်းမှူးမှ မည်သို့မျှပြန်မပြောနိုင်မီ ဖုန်းချသွားပါသည်။
ကျောင်းအုပ်ကြီးနှင့် အတန်းမှူးတို့က ဒေါ်စိုးစိုးခိုင်၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်း မပြုခဲ့ပါ။

၁၃-၆-၂ဝ၁၃ ရက်နေ့တွင်ကျောင်းအုပ်ကြီးက ထပ်မံဆက်သွယ်ရာ ဒေါ်စိုးစိုးခိုင်၏ မိခင်မှ ဖုန်းကိုင်ပါ သည်။ ဒေါ်စိုးစိုးခိုင် အား ကျောင်းအုပ်ကြီးထံ အဆက်အသွယ်ပြုလုပ်ရန် ပြောကြား သော်လည်း ပြန်လည် ဆက်သွယ်ခြင်းမရှိခဲ့ပါ။

ဒေါ်စိုးစိုးခိုင်သည် ၁၇-၆-၂ဝ၁၃ ရက်နေ့တွင်မှ ကျောင်းပြန်တက်ခဲ့ပါသည်။ ခွင့်မဲ့ပျက်ကွက်ရက်မှာ ၈-၆-၂ဝ၁၃ ရက်မှ ၁၆-၆-၂ဝ၁၃ ရက်နေ့အထိ ကိုးရက်ရှိပါသည်။

အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့်ကိစ္စနှင့် ပတ်သက်၍ ခရိုင်ပညာရေးမှူးရုံးမှ ၂၄-၆-၂ဝ၁၃ တွင် ဌာနတွင်း စစ်ဆေးခဲ့ပါသည်။

ဒေါ်စိုးစိုးခိုင်သည် စစ်ဆေးဆဲ ၂၇-၆-၂ဝ၁၃ တွင်ခွင့်တင်ခဲ့ပြီး ၂၉-၆-၂ဝ၁၃ မှ ၁-၇-၂ဝ၁၃ အထိ သုံးရက် ထပ်မံ ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။

၂-၇-၂ဝ၁၃ တစ်ရက်၊ ကျောင်းချိန်နောက်ကျ ကျောင်းပြန်တက်ပြီး ၃-၇-၂ဝ၁၃ နှင့် ၄-၇-၂ဝ၁၃ နေ့များ တွင် ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များတွင်ဌာနတွင်း စစ်ဆေးမှုပြုလုပ်ရန်အတွက် ခရိုင်ပညာရေး မှူးရုံးသို့ ၂၈-၇-၂ဝ၁၃ မှစ၍ တွဲဖက်အမိန့်ထုတ်ပြန်ခဲ့သော်လည်း လာရောက်ခြင်း၊ ဆက်သွယ်ခြင်းမရှိတော့ပါ။

ခရိုင်ပညာ ရေးမှူးရုံးမှ ဒေါ်စိုးစိုးခိုင်၏ အိမ်သို့ စာဖြင့်လေးကြိမ် သွားရောက်၍ ခရိုင်ရုံးသို့ ရုံးတက်ရန် အကြောင်းကြား ခဲ့သော်လည်း မလာရောက်ဘဲ အကြောင်းမဲ့(ခွင့်မဲ့) ပျက်ကွက်ခဲ့ပါသည်။

၁-၈-၂ဝ၁၃ ရက်နေ့တွင် ဒေါ်စိုးစိုးခိုင်မှာ အမှန်တကယ် ဆက်သွယ်ရမည့် ခရိုင်ပညာရေးရုံးသို့ မဆက် သွယ်ဘဲ အမှတ် (၂) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးသို့ Fax ဖြင့် လစာမဲ့ခွင့် တင်ခဲ့ပါသည်။


စစ်ဆေးချိန်တွင် ခွင့်မဲ့ပျက်ကွက်ရက်များ၌ နေပြည်တော်တွင် အထွေထွေသွေးအားနည်း ရောဂါဖြင့်
ဆေးကုသနေ ကြောင်း ပြင်ပဆရာဝန်၏ ဆေးလက်မှတ် တင်ပြ လိမ်ညာခဲ့ပါသည်။

စစ်ဆေးရေးအဖွဲ့မှ သေချာစစ်ဆေး မေးမြန်း သောအခါ ရန်ကုန်သို့ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင် သွားရောက် ခဲ့ပြီး ၁၅-၆-၂ဝ၁၃ နေ့မှသာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ၎င်းမှ ဝန်ခံခဲ့ပါသည်။

ဝန်ထမ်းစည်းမျဉ်းအရ နယ်မြေကျော် လွန်သွားလာခွင့် တင်ပြရမည် ဖြစ်သော်လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်စိုးစိုးခိုင်သည် ဝန်ထမ်းစည်းကမ်းကို အကြိမ်ကြိမ် လိုက်နာမှု မရှိခြင်းကြောင့် အမှတ်(၂) အခြေခံ ပညာ ဦးစီးဌာန၏ (၄/၂ဝ၁၃) EC ဆုံးဖြတ်ချက်အရ ၁၅-၈-၂ဝ၁၃ ရက်နေ့တွင် မယူမနေရ အငြိမ်းစားပေးရန် ဆုံးဖြတ်ခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများတွင် အလားတူ ခွင့်မဲ့ ပျက်ကွက်ခြင်းနှင့် အမိန့်မနာခံခြင်းများကို ဌာန ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှားပါက removal (သို့မဟုတ်) Dismiss ပြစ်ဒဏ်များ ချမှတ်ခဲ့ ပါသည်။

သို့ဖြစ်၍ ၁၇-၈-၂ဝ၁၃ နေ့တွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ EC ဆုံးဖြတ်ချက်အရ removal အမိန့် ထုတ်ပြန်ခဲ့ ခြင်း ဖြစ်ပါကြောင်းနှင့် ရှင်းလင်းအပ်ပါသည်။


ပညာရေးဝန်ကြီးဌာန 
 
 
နေပြည်တော်နယ်မြေ၊ အထက (၅) မှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ထုတ်ပယ်လိုက်ခြင်း အပေါ်မှာ ကာယကံရှင်၏ ထင်မြင်ယူဆချက်အား မေးမြန်းထားပါသည်။
မေး - ဆရာမတို့ ကျောင်းမှာရော အခြားလူတွေရော ခွင့်မဲ့ပျက်ကွက်တာ မရှိဘူးလား။
ဖြေ - ခွင့်မဲ့ပျက်ကွက်တာက အစ်မမှ မဟုတ်ပါဘူး။ ဒီတစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာ၊ ဆရာမ တိုင်းမှာ ရှိတာပဲ။ အလုပ်ဖြုတ်တယ် ဆိုတာ ခွင့်မဲ့ပျက်ကွက်တိုင်း ထုတ်လို့မရဘူး။ ခွင့်မဲ့ပျက်ကွက်တာကို အလုပ်ထုတ်ပိုင်ခွင့် မရှိဘူး။ များသောအားဖြင့် အလုပ်ထုတ်တဲ့ ပြစ်မှုတွေက စာရိတ္တ ဖောက်ပြားမှု၊ နောက်ပြီး ငွေကြေး အလွဲသုံးစားလုပ်မှု ဒါကိုပဲ အလုပ်ထုတ်ခွင့် ရှိတယ်။
မေး - အစ်မကို ခွင့်မဲ့ပျက်ကွက်တာ တစ်ခုတည်းနဲ့ အလုပ်ထုတ်တာက ဘာဖြစ်လို့လို့ထင်လဲ။
ဖြေ - အစ်မကို ဇွန်လအရေးအခင်းအတွက် စာနယ်ဇင်း ရှင်းလင်းပွဲ လုပ်လို့ဆိုပြီး စွဲချက်သုံးချက် တင်ထားတယ်။ (၁) ၁၀.၆.၂၀၁၃ မှ ၁၄.၆. ၂၀၁၃ အထိ ခွင့်မဲ့ပျက်ကွက်လို့၊ (၂)သက်ဆိုင်ရာ ကျောင်းအုပ်ကြီးကို အသိမပေးဘဲ ခရီးဝေး ထွက်ခွာခြင်း၊ (၃)နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက် ဆောင်ရွက်ခြင်းစတဲ့ သူတို့စွဲထားတဲ့ စွဲချက်တွေကို တောင်မှ ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘူး။ သူတို့စွဲချက်တင်တဲ့ အထဲမှာ ရန်တိုင်တိုင်း ဒေသကြီး အတွင်းရှိ၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သော ၈၈ အရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရန် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲသို့ တက်ရောက်မှု လို့ပြောခဲ့ပြီး အခုဘာကြောင့် အဲဒီအချက်ကို ဖျောက်ထားတာလဲ။ ဘာလို့ မစစ်ဆေး ရဲတာလဲ။ အခုမှ ခွင့်မဲ့ပျက်ကွက်တာတို့ ဘာတို့နဲ့ ပြောရတာလဲ။ အစ်မက ၈၈ မျိုးဆက် ကျောင်းသူမို့လို့ ဒီလိုလုပ်တာပါ။ ဒါက သေချာနေတာပဲ။
မေး - ဒီမိုကရေစီ စနစ်ဆီကို သွားနေတယ်လို့လဲ ပြောတယ်။ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းတွေက ဒီမိုကရေစီစနစ်နဲ့ ပဋိပက္ခဖြစ်နေတဲ့ အပေါ်မှာ အစ်မရဲ့အမြင်။
ဖြေ - အခွင့်အာဏာဆိုတာ လက်ရှိအချိန်မှာ သူတို့လက်ထဲမှာရှိတယ်။ အစ်မတို့ ပြည်သူတွေ အနေနဲ့ ၈၈ ကျောင်းသူ အနေနဲ့ လက်ရှိ အခြေအနေမှာ သူတို့ပဲ အုပ်ချုပ်ပြီး မင်းလုပ် နေဦးမယ်ဆိုရင် ပြည်သူတွေ အပေါ်မှာ ဆက်ပြီးတော့ မတရား လုပ်နေမှာပဲ ဖြစ်တယ်။ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းမှာ ငါးနှစ်ကင်းကွာ ပိုင်ခွင့်ရှိတယ်။ အစ်မကို အခုလို လုပ်တာက တရားနည်းလမ်းတကျ ဆောင်ရွက်ပေးတာ မဟုတ်ဘူး။ အာဏာကို အလွဲသုံးစား လုပ်တာပဲ ဖြစ်တယ်။

Eleven

=========

သတင်းမီဒီယာ ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ညှိနှိုင်းခြင်း မရှိဘဲ အငြင်းပွားဖွယ် ပြင်ဆင်ချက်များဖြင့် အမျိုးသား လွှတ်တော်တွင် အတည်ပြု

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ညှိနှိုင်းခြင်း မရှိဘဲ အငြင်းပွားဖွယ် ပြင်ဆင်ချက်များဖြင့် သြဂုတ် ၃၀ ရက်တွင် ပြုလုပ်သော အမျိုးသား လွှတ်တော်၌ အတည်ပြုခဲ့သည်။
အဆိုပါ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သြဂုတ် ၁၉ ရက်တွင် အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် လွှတ်တော် ကိုယ်စားလှယ် ငါးဦးက ပြင်ဆင် ပယ်ဖျက်သင့်သည့် အချက်များအား ဆွေးနွေးခဲ့ကာ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ကြားနာရန် ဆုံးဖြတ်ခဲ့သည်။
ထိုသို့ မဆွေးနွေးမီ တစ်ရက်အလိုတွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီသည် သြဂုတ် ၂၇ ရက်၌ ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများကို ဖိတ်ခေါ်၍ အစည်းအဝေး ပြုလုပ်ခဲ့ပြီး လိုအပ်ချက်များကို မေးမြန်း ဆွေးနွေးခဲ့ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ကိုမူ ခေါ်ယူဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။
''ကျွန်တော်တို့ကို တွေ့ဖို့ချိန်းတာရှိတယ်။ ပျက်သွားတယ်လေ။ သူတို့ အစီအစဉ် ဖျက်လိုက်တယ် ပြောတယ်။ ကျွန်တော်တို့ သွားတွေ့ဖို့ ရှိတယ်။ သူတို့ မတင်ခင်မှာ။ ကျွန်တော် ကြားသလောက်ကတော့ အဆင်ပြေပါတယ်ပေါ့ဗျာ။ ကျွန်တော်တို့တင်တဲ့ မူကြမ်းအပေါ်မှာ အကုန်လုံး နီးပါးကိုပဲ ဥပဒေကြမ်း ကော်မတီက သဘောတူတဲ့ အတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးစရာ မရှိဘူးလို့ သူတို့ပြောတယ်လို့ ကျွန်တော် ကြားတယ်လေ။ အဲဒီတုန်းက သူတို့သာ ကျွန်တော်တို့ကိုခေါ်ပြီး မရှင်းလင်းတာတွေ ရှိတာကိုပြောရင် ကျွန်တော်တို့ ဖြေနိုင်တာပေါ့'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ပြောကြားသည်။
ထိုသို့ ပြင်ဆင်ပြီး အတည်ပြုရာတွင် သတင်းသမားများကို ကာကွယ်စောင့်ရှောက် ရန်အတွက် ရည်ရွယ် ထည့်သွင်းခဲ့သော ဥပဒေကြမ်း အခန်း (၈) ပုဒ်မ ၂၅ တွင်ဖော်ပြခဲ့သည့် ''ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း တည်ထောင်ထားသော သတင်းမီဒီယာ လုပ်ငန်းအားလုံးရှိ သတင်းမီဒီယာ သမားတို့၏ တာဝန်၊ ကျင့်ဝတ်၊ သိက္ခာဖောက်ဖျက်မှုနှင့် တားမြစ်ချက်များကို ချိုးဖောက်သည့် အမှုများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များ အရသာ အရေးယူရမည်'' ဆိုသော အချက်ကို လုံးဝ ပယ်ဖျက်ခဲ့ခြင်း၊ ဂျာနယ်လစ် အဖွဲ့အစည်းများ လိုလားသည့် မူပိုင်ခွင့်နှင့် မော်ကွန်းဌာန စာသားကို သုံးစွဲခွင့် မပြုခြင်းများ အပါအ၀င် အခြားသော အချက်အချို့၌ အငြင်းပွားဖွယ် အချက်များ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခြားပြင်ဆင် အတည်ပြုလိုက်သော အချက်များမှာ ပုဒ်မ (၂)ပုဒ်မခွဲ(ည)ပါ ''အများပြည်သူ အကျိုးစီးပွား အလို့ငှာ'' စကားရပ်အား တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်လိုကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးခဲ့သော်လည်း ဥပဒေကြမ်း ကော်မတီက ယင်းစကားရပ်သည် ဥပဒေ အသုံးအနှုန်း တစ်ရပ်ဖြစ်ပြီး သီးခြားအဓိပ္ပာယ် ဖွင့်ဆိုရန် မလိုအပ်သဖြင့် ပယ်ဖျက်သင့်ကြောင်း အကြံပြုချက်အား လွှတ်တော်မှ အတည်ပြု၍ ယင်းပုဒ်မအား ပယ်ဖျက်ခဲ့သည်။
အလားတူ အဆိုပါပုဒ်မ(၂) ပုဒ်မခွဲ(ည)နှင့် ဆက်စပ်သော ပုဒ်မ (၈) ပုဒ်မခွဲ(က)ပါ ''ကျင့်ဝတ်နှင့်အညီ မိမိအမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူမည် ဖြစ်သော်လည်း အများပြည်သူ အကျိုးစီးပွား အလို့ငှာ စုံစမ်း ဖော်ထုတ်ရမည်'' စကားရပ်အစား ''ကျင့်ဝတ်နှင့်အညီ မိမိအမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူရမည်။ သို့ရာတွင် အများပြည်သူနှင့် သက်ဆိုင်သော ကိစ္စရပ်များဖြစ်သည့် ပြည်သူ့ကျန်းမာရေး၊ ပြည်သူတို့၏ ဘေးကင်းလုံခြုံရေးနှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို ထိခိုက်စေနိုင်သော ကိစ္စရပ်များ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် မမှန်မကန် ဆောင်ရွက်မှုများ၊ အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်ရန် မဖြစ်မနေ စုံစမ်းရမည်'' ဟု ပြင်ဆင် အတည်ပြုခဲ့သည်။

ကျွန်တော်တို့ကို တွေ့ဖို့ချိန်းတာရှိတယ်။ ပျက်သွားတယ်လေ။ သူတို့ အစီအစဉ် ဖျက်လိုက်တယ် ပြောတယ်။ ကျွန်တော်တို့ သွားတွေ့ဖို့ ရှိတယ်။ သူတို့ မတင်ခင်မှာ။ ကျွန်တော် ကြားသလောက်ကတော့ အဆင်ပြေပါတယ်ပေါ့ဗျာ။ ကျွန်တော်တို့တင်တဲ့ မူကြမ်းအပေါ်မှာ အကုန်လုံး နီးပါးကိုပဲ ဥပဒေကြမ်း ကော်မတီက သဘောတူတဲ့ အတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးစရာ မရှိဘူးလို့ သူတို့ပြောတယ်လို့ ကျွန်တော် ကြားတယ်လေ။ အဲဒီတုန်းက သူတို့သာ ကျွန်တော်တို့ကိုခေါ်ပြီး မရှင်းလင်းတာတွေ ရှိတာကိုပြောရင် ကျွန်တော်တို့ ဖြေနိုင်တာပေါ့...


ပုဒ်မ (၆) ပုဒ်မခွဲ (က)တွင်လည်း မူလပြဋ္ဌာန်းချက်ထဲမှ စကားရပ် အချို့အား နုတ်ပယ်၍ ''အများပြည်သူ သိခွင့်ရှိသော သတင်းအချက် အလက်များကို သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရဌာန၊ အဖွဲ့အစည်း များထံမှ တောင်းယူ ကြည့်ရှုခွင့်ရှိသည်'' ဟု လည်းကောင်း၊ ပုဒ်မ (၁၁) တွင် ဖော်ပြထားသည့် ''သတင်းမီဒီယာသည် သက်ဆိုင်ရာ လုပ်ငန်း အမျိုးအစားအလိုက် ၀န်ကြီးဌာန၏ မူပိုင်ခွင့်နှင့် မော်ကွန်းဌာနတွင် မှတ်တမ်းတင် စာရင်းပေးသွင်း၍ ထိုသို့ ပေးသွင်းပြီးကြောင်း အထောက်အထား လက်မှတ်ရယူရမည်'' ဟူသော စကားရပ်အစား ''သတင်း မီဒီယာလုပ်ငန်း လုပ်ကိုင်လိုသူသည် သက်ဆိုင်ရာ လုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာ ဥပဒေနှင့်အညီ လုပ်ငန်းအ သိအမှတ်ပြု လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင် ရယူရမည်'' ဟု လွှတ်တော်က ပြင်ဆင် အတည်ပြုခဲ့သည်။
ယင်းပုဒ်မ (၁၁) ကို ပြင်ဆင် အတည်ပြုရာ၌ လွှတ်တော် သဘော၏ သဘောတူ၊ မတူ တောင်းခံရာတွင် လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မူလပြဋ္ဌာန်းချက်တွင် ပါဝင်သော ''လုပ်ငန်း အမျိုးအစားအလိုက် ၀န်ကြီးဌာန၏ မူပိုင်ခွင့်နှင့် မော်ကွန်းဌာနတွင်'' စကားရပ်အား ''လုပ်ငန်း အမျိုးအစားအလိုက် ၀န်ကြီးဌာနတွင်'' ဟု ပြင်ဆင်ပြီး မူလပြဋ္ဌာန်း ချက်အတိုင်း အတည်ပြုသင့်ကြောင်း ကန့်ကွက်သဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ဦးဖုန်းမြင့်အောင်၏ အဆိုမှာ ရှုံးနိမ့်ခဲ့သည်။
ဥပဒေကြမ်းပါ ကောင်စီနှင့် ပတ်သက်၍ ပုဒ်မ (၁၂) တွင်လည်း ''ကောင်စီသည် သတင်းမီဒီယာ သမားများ'' စကားရပ်အစား ''ကောင်စီသည် စာနယ်ဇင်းသမားများ'' ဟု လည်းကောင်း၊ ကောင်စီရန်ပုံငွေ ထူထောင်ရာတွင် လှူဒါန်းမှုများနှင့် ပတ်သက်၍ ပုဒ်မ (၁၉) ပုဒ်မခွဲ (ခ) (ဂ)တွင်''နှောင်ကြိုးမဲ့'' စကားရပ်အစား ''စေတနာအလျောက်'' ဟုလည်းကောင်း၊ နစ်နာသူများမှ တိုင်ကြားမှုများအား အရေးယူခြင်းနှင့် ပတ်သက်၍ ပုဒ်မ (၂၁) တွင် ''ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားရမည်'' စကားရပ်အစား ''ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်'' ဟု ပြင်ဆင် အတည်ပြုခဲ့သည်။
ထို့အပြင် ပုဒ်မ (၂၇) ''မည်သည့် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူမဆို သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့် မရှိဘဲ ယင်းလုပ်ငန်း လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်းအထိ ချမှတ်ရမည်'' ဟု ပြဋ္ဌာန်းချက်တို့အား ပယ်ဖျက်သင့်ကြောင်း အကြံပြုခဲ့ပြီး လွှတ်တော်မှ ပယ်ဖျက်ခြင်းကို အတည်ပြုခဲ့သည်။
သတင်းမီဒီယာ ဥပဒေကြမ်း၏ ပုဒ်မ (၃၅) ပုဒ်မခွဲ (ခ) တွင် ''မူပိုင်ခွင့်နှင့် မော်ကွန်းဌာနတွင် စာရင်းတင်သွင်းခြင်းတို့ ပြုလုပ်ခွင့်ရှိသည်'' စကားရပ်အစား ''၀န်ကြီးဌာနသို့ စာရင်းတင်သွင်းခြင်းတို့ ပြုလုပ်ခွင့်ရှိသည်'' ဟု ပြင်ဆင် အတည်ပြုခဲ့သည်။
ထိုသို့ ဥပဒေကြမ်းပါ အချက်များအား ကိုယ်စားလှယ်များ ဆွေးနွေးချက်များနှင့် ဥပဒေကြမ်း ကော်မတီမှ ပြန်လည်ညှိနှိုင်း သဘောတူညီ ချက်များအား လွှတ်တော်မှ တစ်ပိုဒ်ချင်းအလိုက် အတည်ပြု ခဲ့သော်လည်း ပုဒ်မ (၃၆) ''၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ထုတ်ပြန်ခဲ့သည့် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကို ကန့်သတ်တားမြစ်သော အမိန့်များ၊ ညွှန်ကြားချက်များ၊ အမှာစာများနှင့် ထုတ်ပြန်ချက်များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်သမျှ ပျက်ပြယ်သည်ဟု မှတ်ယူရမည်'' ဟု ပြဋ္ဌာန်းအား ပယ်ဖျက်ရန် မပါဝင်ဘဲ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ အတည်ပြု ထုတ်ပြန်ကြေညာပါက အဆိုပါ ပုဒ်မမှာ မလိုအပ်ကြောင်း သတိပေး ပြောကြားပြီး ဥပဒေကြမ်း ကော်မတီ အနေဖြင့် မည်သို့လုပ်ဆောင်မည်ကို မေးမြန်းခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှလည်း ပုဒ်မ(၃၆)မှာ မလိုအပ်သဖြင့် ပယ်ဖျက်ပေးပါရန် အဆိုတင်သွင်းမှုအား လွှတ်တော်မှ အတည်ပြုခဲ့ပြီး ယင်းပုဒ်မအား ပယ်ဖျက်ခဲ့သည်။
အမျိုးသား လွှတ်တော်၌ အတည်ပြုခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ ပေးပို့မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်၌ ဆက်လက် ဆွေးနွေးမည် ဖြစ်ပါသည်။
အမျိုးသား လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်သည့် အမြင်များ
၇၅၊ ၈၀ ရာခိုင်နှုန်း လောက်ကတော့ ကျေနပ်စရာ ကောင်းတယ်။ သို့သော် အရေးကြီးတဲ့ သတင်းသမားတွေကို  အကာအကွယ် ပေးနိုင်တဲ့ အချက်ကတော့ ပယ်ဖျက်ခံလိုက်တယ်။ နောက်တစ်ချက်ကတော့ သတင်းသမားတွေ စိုးရိမ်တဲ့ ပြစ်ဒဏ်ပေါ့နော်။ ပြစ်ဒဏ်က သူတို့ပြင်ဆင်တဲ့ အတိုင်းဆိုရင် ကျန်တဲ့တည်ဆဲ ဥပဒေတွေနဲ့ရော၊ သတင်းမီဒီယာနဲ့ဆိုင်တဲ့ ကျင့်ဝတ်ဖောက်ဖျက် မှုတွေက ကျန်တဲ့ ဥပဒေတွေနဲ့ပါ နှစ်ထပ်ကွမ်း အရေးယူခံရမယ့် သဘောမျိုး ဖြစ်နေတာပေါ့နော်။ ပြစ်မှုတစ်ခုတည်းကို နှစ်ထပ်ကွမ်း အရေးယူခံရမယ့်၊ အရေးယူစေချင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ အဲတာကတော့ သတင်းသမားတွေဘက်က နစ်နာနိုင်တဲ့ အချက်ပေါ့။                                                                                                                               
-  ဦးကျော်မင်းဆွေ(အတွင်းရေးမှူး၊ စာနယ်ဇင်းကောင်စီ-ယာယီ)

ကျွန်တော်တို့ အမျိုးသား လွှတ်တော်မှာတော့ အတည်ပြုတယ်ပေါ့။ ဥပဒေတစ်ခု ပြုတယ်ဆိုတာက ဥပဒေရေးတဲ့သူရော၊ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ၀န်ကြီးဌာနတွေရော သူ့အမြင် ကိုယ့်အမြင်နဲ့ လုပ်ကြတဲ့ အခါကျတော့ ကိုယ်ဖြစ်ချင်သလို ရာနှုန်းပြည့် ဖြစ်ဖို့ဆိုတာတော့ မလွယ်ဘူးလေ။ ဒါကတော့ ကြိုတင်လက်ခံ ထားပြီးသားပါ။ ယျေဘုယျ အားဖြင့်တော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ အချက်ကို ပယ်ဖျက် လိုက်တာတော့ စိုးရိမ်စရာပေါ့။ သို့သော် တစ်ဖက်မှာ သူတို့က ဘာပြန်ဖြစ်လဲ ဆိုတော့ ကျွန်တော်တို့ ဥပဒေမှာပါတဲ့ ရေးသားချက်နဲ့ ဆိုလိုရင်းတွေ အပေါ်မှာ သဘောပေါက်မှုတွေ လွဲတယ်လို့ ကျွန်တော်မြင်တယ်ဗျ။ ဆက်ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် ကျန်ပါသေးတယ်။ ရှေ့ဆက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာကြောင့် ကျွန်တော်တို့ ထည့်သွင်းတယ်ဆိုတာ သိအောင်လို့တော့ လုပ်ရမယ်။ ကျွန်တော့် ကိုယ်ပိုင်ယူဆချက်ကတော့ (လွှတ်တော် ကိုယ်စားလှယ်တွေ) စိုးရိမ်စိတ် များသွားပုံရတယ်။                                                                                               
- ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်၊ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်)

သူတို့ဖျက်လိုက်တဲ့ ပုဒ်မက ဥပဒေကြမ်းမှာ အဟန့်အတား သဘောမျိုး ရှိသင့်တယ်လို့ ထင်တယ်။  တခြားဥပဒေတွေအရ မလိုတစ်မျိုး၊ လိုတစ်မျိုး ဆွဲဆန့်လို့ရတဲ့ အချိန်မှာ၊ ဥပမာ- တကယ်အန္တရာယ်ရှိလို့ ပယ်ဖျက်ပေးဖို့ တောင်းဆိုနေတဲ့ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းဥပဒေတို့ အဲတာမျိုး တွေကို ပီပီပြင်ပြင် မပယ်ဖျက် ပေးနိုင်သေးတဲ့ အချိန်မှာ အဟန့်အတားမျိုး ရှိသင့်တာပေါ့။ အဲတာကို ဖျက်လိုက်တာက သတင်းသမားတွေ အတွက် ပိုပြီး အန္တရာယ် ရှိသွားတယ်။ check and balance ရှိရမှာကိုတော့ ကျွန်တော်တို့ နားလည်ပါတယ်။ လိုသလို ဆွဲဆန့်လို့ရတဲ့ ဥပဒေတွေ ရှိနေတဲ့အတွက် အဲတာကို ပယ်ဖျက်တာကို ကျွန်တော်တို့ လက်မခံဘူး။                                                                     
- ဦးအောင်လှထွန်း (စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်)

အတည်ပြုပြီးတော့လည်း ဘယ်တတ်နိုင်မလဲ။ ကျွန်တော်တို့က သူတို့ကို ယုံကြည်ပြီး အပ်နှံထားတာပဲ။ စောစောစီးစီး ကတည်းက ကျွန်တော်တို့ ကန့်ကွက်ထားတာပဲ။ ကျွန်တော်တို့ကတော့ လက်ရှိ အနေအထား အရဆို ဆက်ပြီး ကန့်ကွက်နေမှာပဲဗျ။ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ ဆိုရင်လည်း ကန့်ကွက်မှာပဲ။ ပြောတာ ဆိုတာလေးတွေ၊ ဦးလှဆွေဆိုတဲ့ အမတ်ပေါ့ဗျာ။ ကျွန်တော်တို့ကပဲ သိပ်အာဏာ လိုချင်တဲ့ အဖွဲ့အစည်းလိုလို၊ အဲလိုပြောတာတွေကို ကျွန်တော်က သိပ်မကြည်ဘူး။ မီဒီယာသမားက အာဏာထူထောင်တာ မဟုတ်ဘူးဗျ။ သြဇာထူထောင်တာ။ ကျွန်တော်တို့က အာဏာထူထောင်ချင်ရင် နိုင်ငံရေး ၀င်လုပ်မှာပေါ့။                                                                                             
- ဦးခင်မောင်လေး(ဖိုးသောကြာ) (ဒုတိယ ဥက္ကဋ္ဌ၊ စာနယ်ဇင်းကောင်စီ-ယာယီ)

၇၅၊ ၈၀ ရာခိုင်နှုန်း လောက်ကတော့ ကျေနပ်စရာ ကောင်းတယ်။ သို့သော် အရေးကြီးတဲ့ သတင်းသမားတွေကို  အကာအကွယ် ပေးနိုင်တဲ့ အချက်ကတော့ ပယ်ဖျက်ခံလိုက်တယ်။ နောက်တစ်ချက်ကတော့ သတင်းသမားတွေ စိုးရိမ်တဲ့ ပြစ်ဒဏ်ပေါ့နော်။ ပြစ်ဒဏ်က သူတို့ပြင်ဆင်တဲ့ အတိုင်းဆိုရင် ကျန်တဲ့တည်ဆဲ ဥပဒေတွေနဲ့ရော၊ သတင်းမီဒီယာနဲ့ဆိုင်တဲ့ ကျင့်ဝတ်ဖောက်ဖျက် မှုတွေက ကျန်တဲ့ ဥပဒေတွေနဲ့ပါ နှစ်ထပ်ကွမ်း အရေးယူခံရမယ့် သဘောမျိုး ဖြစ်နေတာပေါ့နော်။ ပြစ်မှုတစ်ခုတည်းကို နှစ်ထပ်ကွမ်း အရေးယူခံရမယ့်၊ အရေးယူစေချင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ အဲတာကတော့ သတင်းသမားတွေဘက်က နစ်နာနိုင်တဲ့ အချက်ပေါ့။                                                                                                                                                                     -  ဦးကျော်မင်းဆွေ(အတွင်းရေးမှူး၊ စာနယ်ဇင်းကောင်စီ-ယာယီ)
ကျွန်တော်တို့ အမျိုးသား လွှတ်တော်မှာတော့ အတည်ပြုတယ်ပေါ့။ ဥပဒေတစ်ခု ပြုတယ်ဆိုတာက ဥပဒေရေးတဲ့သူရော၊ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ၀န်ကြီးဌာနတွေရော သူ့အမြင် ကိုယ့်အမြင်နဲ့ လုပ်ကြတဲ့ အခါကျတော့ ကိုယ်ဖြစ်ချင်သလို ရာနှုန်းပြည့် ဖြစ်ဖို့ဆိုတာတော့ မလွယ်ဘူးလေ။ ဒါကတော့ ကြိုတင်လက်ခံ ထားပြီးသားပါ။ ယျေဘုယျ အားဖြင့်တော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ သတင်းသမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ အချက်ကို ပယ်ဖျက် လိုက်တာတော့ စိုးရိမ်စရာပေါ့။ သို့သော် တစ်ဖက်မှာ သူတို့က ဘာပြန်ဖြစ်လဲ ဆိုတော့ ကျွန်တော်တို့ ဥပဒေမှာပါတဲ့ ရေးသားချက်နဲ့ ဆိုလိုရင်းတွေ အပေါ်မှာ သဘောပေါက်မှုတွေ လွဲတယ်လို့ ကျွန်တော်မြင်တယ်ဗျ။ ဆက်ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် ကျန်ပါသေးတယ်။ ရှေ့ဆက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာကြောင့် ကျွန်တော်တို့ ထည့်သွင်းတယ်ဆိုတာ သိအောင်လို့တော့ လုပ်ရမယ်။ ကျွန်တော့် ကိုယ်ပိုင်ယူဆချက်ကတော့ (လွှတ်တော် ကိုယ်စားလှယ်တွေ) စိုးရိမ်စိတ် များသွားပုံရတယ်။                                                                                                                                                                                                                                                           -  ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်၊ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်)
သူတို့ဖျက်လိုက်တဲ့ ပုဒ်မက ဥပဒေကြမ်းမှာ အဟန့်အတား သဘောမျိုး ရှိသင့်တယ်လို့ ထင်တယ်။  တခြားဥပဒေတွေအရ မလိုတစ်မျိုး၊ လိုတစ်မျိုး ဆွဲဆန့်လို့ရတဲ့ အချိန်မှာ၊ ဥပမာ- တကယ်အန္တရာယ်ရှိလို့ ပယ်ဖျက်ပေးဖို့ တောင်းဆိုနေတဲ့ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းဥပဒေတို့ အဲတာမျိုး တွေကို ပီပီပြင်ပြင် မပယ်ဖျက် ပေးနိုင်သေးတဲ့ အချိန်မှာ အဟန့်အတားမျိုး ရှိသင့်တာပေါ့။ အဲတာကို ဖျက်လိုက်တာက သတင်းသမားတွေ အတွက် ပိုပြီး အန္တရာယ် ရှိသွားတယ်။ check and balance ရှိရမှာကိုတော့ ကျွန်တော်တို့ နားလည်ပါတယ်။ လိုသလို ဆွဲဆန့်လို့ရတဲ့ ဥပဒေတွေ ရှိနေတဲ့အတွက် အဲတာကို ပယ်ဖျက်တာကို ကျွန်တော်တို့ လက်မခံဘူး။                                                                       -  ဦးအောင်လှထွန်း (စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်)
အတည်ပြုပြီးတော့လည်း ဘယ်တတ်နိုင်မလဲ။ ကျွန်တော်တို့က သူတို့ကို ယုံကြည်ပြီး အပ်နှံထားတာပဲ။ စောစောစီးစီး ကတည်းက ကျွန်တော်တို့ ကန့်ကွက်ထားတာပဲ။ ကျွန်တော်တို့ကတော့ လက်ရှိ အနေအထား အရဆို ဆက်ပြီး ကန့်ကွက်နေမှာပဲဗျ။ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ ဆိုရင်လည်း ကန့်ကွက်မှာပဲ။ ပြောတာ ဆိုတာလေးတွေ၊ ဦးလှဆွေဆိုတဲ့ အမတ်ပေါ့ဗျာ။ ကျွန်တော်တို့ကပဲ သိပ်အာဏာ လိုချင်တဲ့ အဖွဲ့အစည်းလိုလို၊ အဲလိုပြောတာတွေကို ကျွန်တော်က သိပ်မကြည်ဘူး။ မီဒီယာသမားက အာဏာထူထောင်တာ မဟုတ်ဘူးဗျ။ သြဇာထူထောင်တာ။ ကျွန်တော်တို့က အာဏာထူထောင်ချင်ရင် နိုင်ငံရေး ၀င်လုပ်မှာပေါ့။                                                                                                                            - ဦးခင်မောင်လေး(ဖိုးသောကြာ) (ဒုတိယ ဥက္ကဋ္ဌ၊ စာနယ်ဇင်းကောင်စီ-ယာယီ)

Eleven

Related Posts Plugin for WordPress, Blogger...