Friday, August 30, 2013

ရည်းစားစုံတွဲထံမှ ပစ္စည်းများ လုထွက်ပြေးသူ(၃)ဦးကို ဖမ်းဆီးရမိ


၂၄-၈-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်နေ ကိုထထထထ (၃၆)နှစ်သည် ရည်စားဖြစ်သူ ဈေးရပ်ကွက်နေ မထထထထထ(၂၆)နှစ်နှင့်အတူ လွယ်တိန်ခမ်းဘုရားကုန်း၊ မိုင်းဖုန်း ဆရာတော်စေတီခြေရင်းတွင် ဗျြွဥ -၁၂၅ အနက်ရောင်ဆိုင်ကယ်အား ဇက်သော့ခတ်၍ စေတီရင်ပြင်တွင် စကားပြောနေခဲ့သည်။

ထိုသို့ စကားပြောနေစဉ် ၂၁၃၀ အချိန်ခန့်၌ အမည်မသိ လူ(၃)ဦးရောက်ရှိလာပြီး တစ်ဦးက ဓါးမြှောင်အနှောင့်ဖြင့် ကိုထထထထ၏ ဦးခေါင်းအား ထုရိုက်ထိုးနှက်ခဲ့မှုကြောင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ၀ဲပါးပြတ်ရှဒဏ်ရာ ၁ ချက်တို့ရရှိပြီး ၄င်းတို့ ၂ ဦးထံမှံ့ဗျွှနှု အမျိုးအစား လက်ကိုင်ဖုန်းအနက်ရောင် ၂ လုံး၊ မထထထထ၏ လည်ပင်းတွင်ဆွဲထားသည့် အလေးချိန် ၁ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ ငွေကျပ်(၂၀၀၀၀ိ။-)နှင့် ဗျြွဥ-၁၂၅ ဆိုင်ကယ်တို့ကိုပါ လုယူထွက်ပြေး သွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရလျှင်ရခြင်း မူဆယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေရဲကင်းများသို့အကြောင်းကြားပြီး လှည့်ကင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေခဲ့သည်။ ၂၃၅၀ အချိန်တွင် (၁၀၅)မိုင် အေးရှားဝေါတိုးဂိတ်၌ မူဆယ်မှလားရှိုးသို့ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ လင်းရင်စုကျေးရွာနေ ဝေဠု(၂၄)နှစ်နှင့် ဖြူးမြို့နယ်၊ ဖျဉ်ပင်အုပ်စု၊ လေးအိမ်စုရွာနေ ဇေယျာစိုး (၂၆)နှစ်တို့အား ဗျြွဥ-၁၂၅ ဆိုင်ကယ်နှင့်တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ ဇေယျာစိုးထံမှံ့ဗျွှနှု လက်ကိုင်ဖုန်း အနက်ရောင် ၂ လုံး၊ ငွေကျပ်(၁၄၂၀၀ိ။-)၊ ၁ ပေ ၈ လက်မခန့်ရှိ ဓါးရှည် တစ်ချောင်း၊ ဝေဠုထံမှ ရွှေဆွဲကြိုး ၁ ကုံးနှင့် ဗျြွဥ-၁၂၅ ဆိုင်ကယ်တို့အား သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ ဇေယျာစိုး၏ ၀ဲဘက်လက်တွင် ပြတ်ရှဒဏ်ရာ၊ ၀ဲ။ယာလက်ခုံများနှင့် ဂျင်းဘောင်း ဘီရှည်ဝဲဘက်တို့တွင် သွေးများစွန်းထင်းနေသည်ကို တွေ့ရှိရပြီး စစ်ဆေးချက်အရ ၄င်းတို့(၂)ဦးနှင့် အိုက်လှိုင်းတို့(၃)ဦးသည် ဆိုင်ကယ်ဖြင့် လွယ်တိန်ခမ်း ဘုရားကုန်းသို့သွားရောက် ခဲ့ကြောင်း၊ မိုင်းဖုန်းဆရာတော်စေတီရင်ပြင်တွင် သမီးရည်းစားစုံတွဲ(၁)တွဲတွေ့ရှိရ သဖြင့် ယောက်ကျားလေး၏ဦးခေါင်းအား ဓါးနှောင့်နှင့်ထု၊ လည်ပင်းအားဓါးနှင့်ထောက်ပြီး ဖုန်း(၂)လုံး၊ ငွေ(၂)သောင်းလုယူခဲ့ပြီး မိန်းကလေး၏ လည်ပင်းတွင်ဆွဲထားသည့် ရွှေဆွဲကြိုးအား ဖြုတ်ယူခဲ့ကြောင်း သိရှိရသည်။


ထို့နောက် အမှုနှင့်ပတ်သက်သည့် ထွက်ပြေးတိမ်းရှောင်နေသော လားရှိုးမြို့၊ ရပ်ကွက် (၁၂)နေ အိုက်လှိုင်း(ခ)အိုက်လှိုင်း(၁၈)နှစ်အား ၄င်းတည်းခိုနေထိုင်သည့် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းင်းတို့(၃)ဦးအား မူဆယ်မြို့မရဲစခန်း(ပ)၁၈၆။၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။



ရဲဇာနည်

မန်ချက်စတာယူနိုက်တက် ပရိသတ်ကို ရွန်နီ ကျေးဇူးစကားဆို


Friday, August 30, 2013

ယခုနွေရာသီ တစ်လျှောက်လုံး အသင်းနှင့် ပတ်သက်သည့် သဘောထားကို တစ်စုံတစ်ရာ မဖွင့်ဟခဲ့သည့် ဝိန်းရွန်နီသည် ယခုအခါ မန်ချက်စတာ ယူနိုက်တက် ပရိသတ်များကို ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီ ဖြစ်သည်။ ယူနိုက်တက်မှ ထွက်ခွာမည်ဟု သတင်းကြီးခဲ့သော်လည်း လက်ရှိ အခြေအနေတွင်မူ အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနှင့်အတူ အနာဂတ် ဆက်လက်ဖြတ်သန်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ရွန်နီကို အလေးအနက် ကမ်းလှမ်းခဲ့သော်လည်း အောင်မြင်မှု မရရန် သေချာသွားပြီးနောက် ယခုအခါ အန်းဇီးတိုက်စစ်မှူး ဆမ်မြူရယ်လ်အီတူးကို ခေါ်ယူရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ ရွန်နီသည် ချယ်လ်ဆီးနှင့် တနင်္လာနေ့ ညပိုင်းက ပွဲစဉ်တွင် အိုးလ်ထရက်ဖို့ဒ်၌ ပွဲချိန်ပြည့် ဝင်ရောက်ကစားသွားပြီး ယူနိုက်တက် ပရိသတ်များက ၎င်းကို နွေးထွေးစွာ ကြိုဆိုအားပေးခဲ့ကြသည်။

ရွန်နီက ချယ်လ်ဆီးနှင့်ပွဲမှ ဓာတ်ပုံအချို့ကို Facebookတွင် လွှင့်တင်
ခဲ့ပြီးနောက် "ဒီမှာ တနင်္လာနေ့ည ပွဲစဉ်က ဓာတ်ပုံတွေပါ။ ပရိသတ်တွေ
ဆီက တုံ့ပြန်ပုံက မယုံနိုင်လောက်အောင်ပါပဲ။ သိပ်ကို ကျေးဇူးတင်ပါတယ်။ ပရိသတ်ရဲ့ အားပေးမှုကို ကျွန်တော် တကယ့်ကို အသိအမှတ်ပြုရမှာပါ။ ဒါက ကျွန်တော့်အတွက် အများကြီး အဓိပ္ပါယ် ရှိစေတယ်လေ"ဟု ရေး
သားထားခဲ့သည်။ ထိုစဉ်က အိုးလ်ထရက်ဖို့ဒ်ထိ လိုက်ပါ အားပေးခဲ့သည့် ချယ်လ်ဆီးပရိသတ် အချို့သည်လည်း ရွန်နီ၏ အပြောင်းအရွှေ့ကို
မျှော်လင့်ပြီး "နောက်တစ်ပတ်မှာ ဆုံကြမယ်"ဟု အော်ဟစ်ခဲ့ကြသေးသည်။

ချယ်လ်ဆီးနှင့်ပွဲတွင် ရွန်နီကို ပရိသတ်များက ကြိုဆိုခြင်းအပေါ် မိမိ မအံ့ဩဟု ယူနိုက်တက် အသင်းခေါင်းဆောင် နီမန်ဂျာ ဗီဒစ်က ပြော
ကြားခဲ့သည်။ ဆာဘီးယား ခံစစ်မှူးကြီးက "အသင်းမှာ ပရိသတ်က ကစားသမားတိုင်းကို အမြဲတမ်း အားပေးကြတာချည်းပဲ။ ရွန်နီ့အပေါ် သဘောထားကလည်း တူတူပါပဲ။ ပြီးခဲ့တဲ့ နှစ်တွေမှာ ပရိသတ်က သူ့ကို အားပေးခဲ့သလို ချယ်လ်ဆီးနဲ့ပွဲမှာလည်း အားပေး ထောက်ခံကြမယ်ဆိုတာ ကျွန်တော် ကြိုတွေးလို့ ရပြီးသားပါ။ ရွန်နီဟာ ယူနိုက်တက်အတွက် ဂိုးတွေအများကြီး သွင်းယူပြီး ဆုဖလားတွေ ရယူပေးထားသူ ဖြစ်ပါတယ်။ သူ့ကို ပရိသတ်တွေက အမြဲတမ်း နွေးနွေးထွေးထွေး အားပေးနေမှာ
ပါ"ဟုလည်း သုံးသပ်သွားခဲ့သည်။

Planet Myanmar Network

ကျိုင်းတုံ မြို့နယ် ရေကြီးမှု ဒေသခံကြုံရ


သြဂုတ်လ ၃၀ ရက် ၂၀၁၃

ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် က ရွာပေါင်း ၁၂ရွာ၊ အိမ်ခြေပေါင်း ၁ဝဝ ကျော် ရေလွှမ်းမိုးမှု နဲ့ ကြုံနေရတဲ့ အတွက် နေထိုင် စားသောက်ဖို့ အခက်အခဲ တွေ နဲ့ တွေ့ကြုံ နေရပါတယ်။ လယ်ဧက ပေါင်း ၂ဝဝဝ နီးပါး ရေမြုပ်သွားတဲ့ အတွက် လုံးဝ ပျက်စီးတဲ့ လယ်ဧက ၂ဝဝ ကျော် ရှိပါတယ်။

ကျိုင်းတုံမြို့နယ် အနောက်မြောက်ဖက် ရှိ ကတ်ထိုက်၊ ကတ်တောင် အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာ က လူတွေ ဟာ တောင်ကုန်း တောင်စောင်း တွေပေါ်မှာ ဖြစ်သလို တဲထိုးနေရတဲ့ အကြောင်း ဒေသခံ က ဘီဘီစီ ကို ပြောပြပါတယ်။

အဆိုပါ ရေကြီးမှု ဟာ ပြီးခဲ့တဲ့ လဆန်း က မိုးသည်းထန်စွာ ရွာတဲ့ အတွက် ချောင်းရေ၊ တောင်ကျရေ တွေ ကြောင့် စီးဆင်းလာရာက လူတွေ အတိဒုက္ခ ရောက်ရာမှာ လူတယောက် ရေထဲ မျောပါ ပျောက်ဆုံးနေပြီး၊ ဒဏ်ရာ ရသူလည်း ရှိကြောင်း သိရပါတယ်။

အခု အချိန်ထိ ရေမကျသေးတဲ့ အပြင်၊ မိုးက ဆက်တိုက် ရွာနေဆဲ ဖြစ်တဲ့ အတွက် နေရေးထိုင်ရေး အခက်အခဲ ဖြစ်နေပါတယ်။ ဒေသခံ အာဏာပိုင်တွေ က လာရောက် ကြည့်ရှုပေမယ့် နေရာ ထိုင်ခင်း အတွက် အကူအညီ မပေးပါဘူး။ စားသောက် ဖို့တော့ အနီးအနား ရွာခံတွေ နဲ့ လူမှု အဖွဲ့အစည်း တချို့ က ကူညီ ကြပါတယ်။ ကျိုင်းတုံမှာ အခုလို ရေကြီးပြီး အိမ်နေရာ တွေ သဲသောင်ပြင် လို ဖြစ်သွားခြင်းဟာ ၊ ဒီတကြိမ် ပထမ ဆုံးလို့ ဒေသခံတွေ က ဘီဘီစီ ကို ပြောပါတယ်။

BBC

"အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်၏ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းခြင်း"


၂၇-၈-၂ဝ၁၃ နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ''အလယ်တန်းပြဆရာမရာထူးမှ ထုတ်ပယ်ခဲ့မှု တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ကန့်ကွက်ရှုတ်ချ'' ခေါင်းစဉ်ပါ သတင်းအပါအဝင် ပုဂ္ဂလိကသတင်းစာနှင့် စာစောင်အချို့တွ င် ဖော်ပြပါရှိခဲ့သော အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြ ဒေါ်စိုးစိုးခိုင် ၏ကိစ္စနှင့် ပတ်သက်၍ပညာရေးဝန်ကြီးဌာနက ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

ရှင်းလင်းချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အထက(၅)နေပြည်တော်မှ ဒေါ်စိုးစိုးခိုင် (အလယ်တန်းပြ) သည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်း ၄၃ ရက် ရှိခဲ့ပြီး ခွင့်ယူရက် လေးရက် ရှိခဲ့ပါသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ဇွန်လ ၃ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ပါသည်။ဒေါ်စိုးစိုးခိုင်သည် ၁ဝ-၆-၂ဝ၁၃ ရက်နေ့၊ ကျောင်းချိန်တွင်အတန်းမှူး ဦးတင်မောင်ဆွေ(အလယ်တန်းပြ)ထံသို့ တယ်လီဖုန်းဖြင့် ခွင့်တိုင်ပါသည်။ အတန်းမှူးမှ မည်သို့မျှပြန်မပြောနိုင်မီ ဖုန်းချသွားပါသည်။

ကျောင်းအုပ်ကြီးနှင့် အတန်းမှူးတို့က ဒေါ်စိုးစိုးခိုင်၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမပြုခဲ့ပါ။ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင်ကျောင်းအုပ်ကြီးက ထပ်မံဆက်သွယ်ရာ ဒေါ်စိုးစိုးခိုင်၏ မိခင်မှ ဖုန်းကိုင်ပါသည်။ ဒေါ်စိုးစိုးခိုင် အား ကျောင်းအုပ်ကြီးထံ အဆက်အသွယ်ပြုလုပ်ရန် ပြောကြား သော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိခဲ့ပါ။

ဒေါ်စိုးစိုးခိုင်သည် ၁၇-၆-၂ဝ၁၃ ရက်နေ့တွင်မှ ကျောင်းပြန်တက်ခဲ့ပါသည်။ ခွင့်မဲ့ပျက်ကွက်ရက်မှာ ၈-၆-၂ဝ၁၃ ရက်မှ ၁၆-၆-၂ဝ၁၃ ရက်နေ့အထိ ကိုးရက်ရှိပါသည်။ အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့်ကိစ်စနှင့် ပတ်သက်၍ခရိုင်ပညာရေးမှူးရုံးမှ ၂၄-၆-၂ဝ၁၃ တွင် ဌာနတွင်း စစ်ဆေးခဲ့ပါသည်။

ဒေါ်စိုးစိုးခိုင်သည် စစ်ဆေးဆဲ ၂၇-၆-၂ဝ၁၃ တွင်ခွင့်တင်ခဲ့ပြီး ၂၉-၆-၂ဝ၁၃ မှ ၁-၇-၂ဝ၁၃ အထိ သုံးရက်ထပ်မံ ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။ ၂-၇-၂ဝ၁၃ တစ်ရက်၊ ကျောင်းချိန်နောက်ကျ ကျောင်းပြန်တက်ပြီး ၃-၇-၂ဝ၁၃ နှင့် ၄-၇-၂ဝ၁၃ နေ့များတွင် ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။ အထက်ပါဖြစ်စဉ်များတွင်ဌာနတွင်း စစ်ဆေးမှုပြုလုပ်ရန်အတွက် ခရိုင်ပညာရေး မှူးရုံးသို့ ၂၈-၇-၂ဝ၁၃မှစ၍ တွဲဖက်အမိန့်ထုတ်ပြန်ခဲ့သော်လည်း လာရောက်ခြင်း၊ ဆက်သွယ်ခြင်းမရှိတော့ပါ။ ခရိုင်ပညာ ရေးမှူးရုံးမှ ဒေါ်စိုးစိုးခိုင်၏ အိမ်သို့ စာဖြင့်လေးကြိမ် သွားရောက်၍ ခရိုင်ရုံးသို့ ရုံးတက်ရန် အကြောင်းကြား ခဲ့သော်လည်း မလာရောက်ဘဲ အကြောင်းမဲ့(ခွင့်မဲ့) ပျက်ကွက်ခဲ့ပါသည်။

၁-၈-၂ဝ၁၃ ရက်နေ့တွင် ဒေါ်စိုးစိုးခိုင်မှာ အမှန်တကယ် ဆက်သွယ်ရမည့် ခရိုင်ပညာရေးရုံးသို့ မဆက်သွယ်ဘဲ အမှတ် (၂) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးသို့ Fax ဖြင့် လစာမဲ့ခွင့် တင်ခဲ့ပါသည်။

စစ်ဆေးချိန်တွင် ခွင့်မဲ့ပျက်ကွက်ရက်များ၌ နေပြည်တော်တွင် အထွထွေသွေေးအားနည်း ရောဂါဖြင့် ဆေးကုသနေ ကြောင်း ပြင်ပဆရာဝန်၏ ဆေးလက်မှတ် တင်ပြလိမ်ညာခဲ့ပါသည်။ စစ်ဆေးရေးအဖွဲ့မှ သေချာစစ်ဆေး မေးမြန်း သောအခါ ရန်ကုန်သို့ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ၁၅-၆-၂ဝ၁၃ နေ့မှသာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ၎င်းမှဝန်ခံခဲ့ပါသည်။ ဝန်ထမ်းစည်းမျဉ်းအရ နယ်မြေကျော် လွန်သွားလာခွင့် တင်ပြရမည် ဖြစ်သော်လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်စိုးစိုးခိုင်သည် ဝန်ထမ်းစည်းကမ်းကို အကြိမ်ကြိမ် လိုက်နာမှု မရှိခြင်းကြောင့် အမှတ်(၂) အခြေခံ ပညာဦးစီးဌာန၏ (၄/၂ဝ၁၃) EC ဆုံးဖြတ်ချက်အရ ၁၅-၈-၂ဝ၁၃ ရက်နေ့တွင် မယူမနေရ အငြိမ်းစားပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများတွင် အလားတူ ခွင့်မဲ့ ပျက်ကွက်ခြင်းနှင့် အမိန့်မနာခံခြင်းများကို ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှားပါက removal (သို့မဟုတ်) Dismiss ပြစ်ဒဏ်များချမှတ်ခဲ့ပါသည်။ သို့ဖြစ်၍ ၁၇-၈-၂ဝ၁၃ နေ့တွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ EC ဆုံးဖြတ်ချက်အရ removal အမိန့်ထုတ်ပြန်ခဲ့ ခြင်း ဖြစ်ပါကြောင်းနှင့် ရှင်းလင်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက် http://www.moi.gov.mm/news/30/08/2013/id-796မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်

From > Popular Myanmar News Journal

သမ္မတဦးသိန်းစိန် ကိုရီးယား သမ္မတနိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေး ၀န်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယား သမ္မတနိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့စီမံ ခန့်ခွဲရေးဝန်ကြီး H.E. Mr. YOO Jeong Bok ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား သြဂုတ် ၂၉ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး အတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက် ရှိကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံက မြန်မာနိုင်ငံတွင် စံပြကျေးရွာများ ဖော်ဆောင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ကူညီပေးလျက် ရှိသဖြင့် များစွာ ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ဖွဲ့စည်းပြီး မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းဖြင့် ပြောကြားသည်။

ကိုရီးယား သမ္မတနိုင်ငံ လုံခြုံရေးနှင့် ပြည်သူ့ စီမံခန့်ခွဲရေး ၀န်ကြီးက ယခုအချိန်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံမှု ပိုမိုကောင်းမွန်လာပြီး အထူးသဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း လာပါကြောင်း၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီး ပါကြောင်း၊ ယင်းသို့ ဖွံ့ဖြိုးမှသာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ပြင် ကိုရီးယားနိုင်ငံမှ ဆမ်ဆောင်း ကုမ္ပဏီက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ညှိနှိုင်းဆောင်ရွက်နေမှု၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ဆက်သွယ်၍ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး တို့အတွက် ပူးပေါင်းဆောင်ရွက်နေမှု၊ ကိုရီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ချေးငှားရန် သဘောတူညီခဲ့မှု၊ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဉ် ရှစ်ရပ်ချမှတ်၍ ၀န်ကြီးဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက် နေမှုတိုနှင့် ပတ်သက်၍လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

Eleven Media Group

(၇၄) နှစ်မြှောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား မြန်မာနိုင်ငံ အနှံ့ ခန်းနားကြီးကျယ်စွာ ကျင်းပမည်


30/8/2013

စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ခန်းနားကြီးကျယ်စွာ ကျင်းပသွားမည်ဟု သတင်း ရရှိသည်။

ရန်ကုန်မြို့တွင် ကျင်းပမည့် (၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား အတွက် ကျင်းပရေး (စီမံခန့်ခွဲရေး ကော်မီတီ)ကို သြဂတ်စ်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့ရာ သဘာပတိ အဖွဲ့ဝင်များ အဖြစ် ဦးဇော်အေးမောင် ( ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး)၊ ပါမောက္ခငြိမ်း ဦးမင်းလွှင် (ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး)၊ ဦးကျော်စိန် (မျိုးစောင့်အုပ်စု)၊ ဦးသန်းမောင် (ဗဟိုတရားရုံးရှေ့နေကြီး)၊ ဒေါ်စောခင်တင့် ( ဥက္ကဌ- ရခိုင်စာပေနှင့် ယဉ်ကျေးမူ အဖွဲ့)တို့ပါဝင်သည်။

ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေး ကော်မီတီ (စီမံခန့်ခွဲရေး ကော်မီတီ) ဥက္ကဌ အဖြစ် ဒေါက်တာ စံလှကျော် (ငြိမ်း) က ဆောင်ရွက်မည် ဖြစ်ပြီး အတွင်းရေးမှူး အဖြစ် ဦးမြင့်ကျော်က ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကျင်းပရေး ကော်မီတီတွင် အဖွဲ့ဝင် ၃၇ ဦး ပါဝင်ကြောင်း သတင်း ရရှိသည်။

ရန်ကုန် (၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ကျင်းပနိုင်ရေး အတွက် ကျောက်သူဌေးကြီး ဦးသိန်းဟံနှင့် ဦးမြထွန်းစိန်တို့မှ အလှူငွေ ကျပ် (၁၀) သိန်းစီ ထည့်ဝင်ကြပြီး ဦးရွှေဝင်း (အိုကေ အင်တာနက်) မှ ကျပ် (၅)သိန်း ထည့်ဝင် လှူဒါန်းကြသည်ဟု သိရသည်။

အခြား လူမူ အဖွဲ့အစည်းများမှလည်း အလှူငွေများ ထည့်ဝင်ကြသည်ဟု ဆိုသည်။ နိုင်ငံခြားတိုင်းပြည်များမှ အလှူငွေများ ကောက်ခံမည်မဟုတ်ဟု သိရသည်။

(၇၄) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အား ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှန်း စင်တာ ( MCC) ခန်းမတွင် စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံခြား သံတမန်များ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ စိတ်ပါ ၀င်စားသူများ အားလုံးနှင့် ရခိုင်သူ ရခိုင်သားများ အား ဖိတ်ကြား သွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း အဖွဲ့အစည်း အသီးသီးမှ ဆရာတော် ဦးဥတ္တမနေ့အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။

ရသေ့တောင်မြို့တွင်လည်း ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စက်တင်္ဘာလ ၉ ရက်နေ့ နေ့လည် ၁၂ နာရီမှ စတင်ပြီး အောင်မြေဗောဓိ ဓမ္မရိပ်သာ (အလိုတော်ပြည့်ကျောင်း) တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ဆိုသည်။

ယခုအခါ ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေး ပိုစတာများကို လူအသွားအလာများသည့် သင်္ဘောဆိပ်တွင် စိုက်ထူထားသည်ဟု သိရသည်။

ရသေ့တောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် စာရေးဆရာမ ပံသုခင် (ရခိုင်ပြည်) နှင့် သားလှ (ရသေ့တောင်)တို့မှ ဟောပြောသွားမည်ဟု သတင်း ရရှိသည်။

narinjara

အသက် (၈၀)ကျော် အဘွားအိုအား အသက်(၂၀)အရွယ် လူငယ်တစ်ဦးမှ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်




စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊အောင်မြင်သာကျေးရွာတွင် ယခုလ ၂၇ ရက်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က အသက်(၈၀)ကျော် အဘွားအိုတစ်ဦးအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်နေသူ အသက် (၂၀)နှစ် အရွယ်လူငယ်တစ်ဦးအား သက်ဆိုင်ရာ ရဲဌာနမှ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းများ၌ ဖော်ပြထားသည်ဟု သိရသည်။

အဆိုပါ မှတ်တမ်းများတွင် အသက်(၈၀)ကျော်အရွယ်ရှိ အဘွားအိုနှင့် တူမတော်စပ်သူသည် ၎င်း၏ ဦးလေးဖြစ်သူ၏ နေအိမ်မှ အိမ်သို့ပြန်လာစဉ် အိမ်ရှေ့၌ မသင်္ကာဖွယ်ရာ စက်ဘီးတစ်စီးရပ်ထားသည်ကို မြင်တွေ့ရသဖြင့် နေအိမ်အိပ်ခန်းအ တွင်းသို့ ချောင်းမြှောင်းကြည့်ခဲ့ရာ အိပ်ခန်းအတွင်း၌ တစ်ရွာတည်းနေ အသက်(၂၀)နှစ်အရွယ် မောင်အံ့ကျော် ဆိုသူမှ အဘွားအိုအား သမားယားအဖြစ်ပြုကျင့်ရန် ကြံစည်နေသည်ကို အဘွားအို၏ တူမတော်စပ်သူ မအေးအေးမော်မှ မြင်တွေ့ခဲ့ရ သည်ဟုလည်း ဆက်လက်၍ ဖော်ပြထားသည်။

ထို့နောက် မအေးအေးမော်မှ နေအိမ်ပေါ်သို့တက်၍ မောင်အံ့ကျော်ဆိုသူအား အိမ်းတွင်းမှထွက်သွားရန် ပြောဆိုခဲ့စဉ် မောင်အံ့ကျော်မှ လက်သီးဖြင့် မအေးအေးမော်အား ထိုးမည်ဟု ပြုလုပ်ခဲ့သေးသည်။ ယင်းအချိန်၌ မအေးအေးမော်၏ ခင်ပွန်း ဖြစ်သူ ကိုတင်မျိုးဝင်း ရောက်ရှိလာသည့်အတွက် မောင်အံ့ကျော်မှာ နေအိမ်ထဲမှ ထွက်ပြေးသွားခဲ့ကြောင်း ၎င်း မှတ်တမ်း များ၌ ဖော်ပြထားချက်များအရ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ အလိုမတူဘဲ သားမယားအဖြစ်ပြု့ကျင့်ရန် ကြံစည်ခြင်းခံရသူက အသက်(၈၁)အရွယ် အဘွားကြီးဖြစ်ပါတယ်။ စိတ်ဝေဒနာရှင်တစ်ဦးလို့လည်း ယေဘူယျ ခန့်မှန်းသိရှိရပါတယ်..” ဟု ကလေး ရဲစခန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော ရဲအရာရှိ တစ်ဦးမှ တုန့်ပြန်ပြောကြားသည်။

အသက်(၈၀)ကျော် စိတ်ဝေဒနာရှင် အဘွားအိုအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့သူ ဟု စွပ်စွဲခြင်းခံရသူ မောင်အံ့ကျော်အား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကလေးမြို့မရဲစခန်း (ပ) ၃၇၅/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၅/၅၁၁ အရ အမှုရေးဖွင့်ကာ ဒုရဲအုပ် သီဟ ဆိုသူမှ မောင်အံ့ကျော်ဆိုသူအား အမြန်ဆုံး ဖမ်းဆီးရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း၊ ကိုတိုးကြီး
ref: သစ်ထူးလွင်

မြန်မာ့ငွေဈေး (30.8.2013 11:00AM)

ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 965(~) Ks 973(~)
1 စင်္ကာပူ SGD = Ks 757(~) Ks 767(~)
1 ဥရောပငွေ EUR = Ks 1278(~) Ks 1295 (~)

ကမ္ဘာ့ငွေဈေး(30.8.2013 11:00AM)
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2757(~)
ထိုင်း Baht 32.1200(~)
မလေးရှား Ringgit 3.2995 (-0.0150)
တရုတ် Yuan 6.1209(+0.0007)
အိန္ဒိယ Rupee 67.3425(+0.7425)
ဘင်္ဂလားဒေ့ရှ် Taka 77.6600(+0.1900)
တောင်ကိုရီးယား Won 1109.9900 (-2.8700)
ထိုင်ဝမ် TWD 29.9090 (-0.0390)
ဂျပန် Yen 98.2040 (-0.1140)
ဥရောပငွေ EUR 0.7552 (-0.0002)
ၾသစေၾတးလ် AUD 1.1176 (-0.0038)
အင်္ဂလန် Pound 0.6446(-0.0005)

ကမ္ဘာ့ရွှေဈေး(30.8.2013 11:00AM)
1 အောင်စ USD 1410.0500(+2.8501)
မြန်မာ့ရွှေဈေး(30.8.2013 11:00AM)
Ks 724,800
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကူညီပေးပို့ပါသည်)

ရန်ကုန်စက်သုံးဆီဈေး(30.8.2013)
Premium Diesel (1L) Ks 940
Diesel (1L) Ks 920

Octane (95) (1L) Ks 1090

Octane (92) (1L) Ks 920

ဓာတ်ဆီ (1L) Ks 814

ဗုဒ္ဓဘာသာဝင်တို့အတွက် ဥပုသ်စောင့်ပုံအစီအစဉ်


၁။ ဥပုသ်စောင့်မည်နေ့တွင် အရုဏ်တက်ချိန်ကပင်
ကိုယ်လက်များကို စင်ကြယ်အောင်ပြု၍ စိတ်
ကြည်လင်ရုံမျှ သန်ရှင်းသောအဝတ်များကိုဝတ်ဆင်
သင့်သည်။

၂။ ပန်းပန်ခြင်း နံ့သာလိမ်းခြင်းနှင့်အထူးတလည်
ပြင်ဆင်ခြင်းများကို ကြိုတက်၍လည်း မပြု
လုပ်သင့်။ဥပုသ်သီလနှင့် ဆန့်ကျင်သော ဖြီးလိမ်း
ချယ်လှယ်မှု မှန်သမျှ ရှောင်ကြဉ်ရသည်။

၃။ စောနိုင်သမျှ စောစွာ သီလ ဆောက်တည်သင့်သည်။

၎။ သင့်လျော်သောစိတ်ငြိမ်ရာ အရပ်၌ ဂုဏ်တော်
တစ်ပါးပါး ကိုဖြစ်စေ| ဘာဝနာတစ်ခုခု ကိုဖြစ်
စေ ဆင်ခြင်ပွားများနေသင့်သည်။

၅။ ကြာရှည်စွာတရားကို ဆင်ခြင်မ နေနိုင်လျှင် တရားစာ
များကို ကြည့်ရှု ရွတ်ဖတ်နေသင့်သည်။

၆။ တရားဟောမည့်သူရှိလျှင်တရားနာနေသင့်သည်။
အချင်းချင်းလည်း တရားစကားများပြောဆိုနေသင့်သည်။

၇။ ညဥ့်အချိန်ရောက်သောအခါ မိမိသီလစသည်
ကို ဆင်ခြင်ပြီးလျှင် မိမိသည်ယ နေ့အဖို့ မြတ်
သော သီလ|သမာဓိ|ပညာ တို့ဖြင့်အချိန်ကုန်လွန်
ရပုံကို အောက့်မေ့ကာ ဝမ်းသာကြည်နူးနေသင့်သည်။

ထာဝရအလင်းတန်းများ

စာသင်ကျောင်း ပေါ်ကို အစိုးတပ်တွေက ဗုံးကြဲချ


ဆီးရီးယားမှာ ဓါတု လက်နက်သုံး တိုက်ခိုက်နေမှု အပေါ် ဝင်ရောက် စွတ်ဖက်မှု လုပ်ဖို့ သင့်မသင့် ဆိုတာကို အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်ထိပ်တန်း အမတ်တွေကို မကြာခင် အချိန်ပိုင်း အတွင်း အစိုးရ အရာရှိတွေက တင်ပြ ဆွေးနွေး ကြတော့မှာ ဖြစ်ပါတယ်။

အခြေခံ သဘောအားဖြင့် ဆိုရင်တော့ တကယ်လို့အမေရိကန် အကျိုးစီးပွား ရှိမယ်ဆိုရင် အမေရိကန် အနေနဲ့ တဦးတည်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်နိုင်ပါတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က အစောပိုင်းတုန်းက ဆိုသွားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံက ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမယ့် သံတမန် သတင်းရပ်ကွက် အဆိုအရ ဆီးရီးယား သမ္မတ အာဆတ်ကို စစ်ရေးအရ အရေးယူချင်တဲ့ အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ်တို့နဲ့ အရေးမယူချင်တဲ့ ရုရှား ၊ တရုတ် တို့ အုပ်စု နှစ်ခုကြား သဘောထား တူညီချက် မရသေးဘူးလို့ သိရပါတယ်။

ဆီးရီးယားမှာ ဓါတု လက်နက်သုံး တိုက်ခိုက်မှုတွေကို စုံစမ်း နေတဲ့ ကုလသမဂ္ဂ စစ်ဆေးရေး အဖွဲ့ကတော့ နက်ဖြန် စနေနေ့မှာ ဆီးရီးယားက ထွက်ခွာလာတော့မှာ ဖြစ်ပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လာမယ့် စနေ တနဂနွေမှာ သူတို့ တွေ့ရှိသမျှကို နှုတ်နဲ့ အကြမ်းဖျဉ်း တင်ပြသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆီးရီးယား ဓါတုလက်နက်သုံး တိုက်ခိုက်ခဲ့မှုကို စစ်ရေးအရ အရေးယူ ဆောင်ရွက်ဖို့ စည်းရုံးနေတဲ့ ဗြိတိသျှ အစိုးရရဲ့ အစီအစဉ် အပေါ် ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်ရာမှာ အရေးနိမ့်သွားခဲ့ပါတယ်။

အရပ်သားတွေကို သမ္မတ အာဆတ် အစိုးရက ဓါတုလက်နက်သုံး တိုက်ခိုက်ခဲ့တယ် ဆိုတာ ကုလသမဂ္ဂ စုံစမ်းရေးမှုတွေက စစ်ဆေး တွေ့ရှိခဲ့လို့ ရှိရင် ဆီးရီးယားကိုစစ်ရေး အရ ဝင်ရောက် အရေးယူဖို့ ဗြိတိန် ညွန့်ပေါင်း အစိုးရ အဖွဲ့က ပါလီမန်မှာ အဆိုတင်ပြပြီး မဲခွဲ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

အခုအဆိုကို ထောက်ခံမဲ ၂၇၂ ကန့်ကွက်မဲ ၂၈၅နဲ့ ၁၃မဲနဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

အခုလို အရေးနိမ့်သွားခဲ့ပြီးတဲ့နောက် ပါလီမန်က စစ်ရေး အရ ဝင်ရောက်စွတ်ဖက်မှုတွေ မလုပ်ချင်ဘူး ဆိုတာ အထင်အရှား ပါဘဲလို့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ပြောပါတယ်။

ဆီးရီးယားကို အရေးယူတဲ့ အထဲ ဗြိတိန်က ပါဝင်ဖို့ ဆိုရင်တော့ နောက်ထပ် မဲခွဲမှု တခု လုပ်ဖို့ လိုလိမ့်မယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

ဆီးရီးယား အစိုးရ တပ်တွေဟာ အရပ်သားတွေ အပေါ် ထပ်မံ ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။

အခု သီတင်းပတ် အစောပိုင်း တုန်းက နိုင်ငံမြောက်ပိုင်းက စာသင်ကျောင်း ပေါ်ကို အစိုးရတွေက မီးလောင်ဗုံးလို လောင် ကျွမ်းစေတဲ့ ဒြပ်သတ္တိပါတဲ့ ဗုံးတလုံး ကြဲချခဲ့တာကြောင့် အနည်းဆုံး ကလေးဆယ်ယောက် သေဆုံးသွားပြီး ကလေးအများအပြားဟာလည်း အရေပြား ပေါ်မှာ ဆိုးရွားတဲ့ မီးလောင်ဒဏ်ရာတွေ ရခဲ့ပါတယ်။

မျက်မြင်သက်သေတွေ အပြောအရ ကျောင်းပေါ် ဗုံးကြဲချ မခံရခင် အစိုးရ ဂျက်တိုက် လေယာဉ် တစင်း ပျံသန်းသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သားတွေ ထိခိုက် ဒါဏ်ရမှုဟာ ထင်မထားလောက်အောင်ကို အများအပြား ရှိနေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပြီး လူမှုကယ်ဆယ်ရေး လိုအပ်နေတဲ့ နေရာတွေ အားလုံးကို ချွင်းချက်မရှိ သွားလာ ဝင်ထွက် ကူညီခွင့် ပေးဖို့ ပန်ကြားထားပါတယ်။

BBC Burmese

ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြု

ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြုတယ်


ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။

သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ “နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ” လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့
စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကိုချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။




၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။



၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။




၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံးဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။




၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကိုနမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။




ဟုတ်ရော ဟုတ်ရဲ့လား

သံလွင်ဆီ၏ ဆေးဘက်ဝင်အာနိသင်များ


ကမ္ဘာတ၀န်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့ ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။ ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာ ဖြစ်စေ၊ အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ရာမှာ ဖြစ်စေ သံလွင်ဆီရဲ့ အာနိသင်ဟာ
သူမတူအောင် ထူးခြားလှပါတယ်။ သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


အာဟာရဓါတ်ကြွယ်ဝတဲ့အတွက် အားအင်ချို့တဲ့သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာလံထစလူနာများကို အားဖြည့်ဆေးအဖြစ် တိုက်ကျွေးနိုင်ပါတယ်။

သံလွင်ဆီကို မှန်မှန်လိမ်းပေးရင် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။ ခရုသင်းရောဂါ ဖြစ်ပွားတဲ့နေရာကို သန့်ရှင်း လတ်ဆတ်သောဂျုံမှုန့်နှင့် ရောစပ်လိမ်းကျံပေးပါက အံ့သြလောက်အောင် ပျောက်ကင်း သက်သာစေပါတယ်။

အအေးမိခြင်း၊ ကိုယ်လက်လေးလံညောင်းညာကိုက်ခဲခြင်းနှင့် ရင်ကြပ်၊ ပန်းနာရောဂါများအတွက် အာနိသင်ထက်မြက်တဲ့ ရင်လူးဆေးတစ်လက်လည်းဖြစ်ပါတယ်။

သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးနာ စတဲ့ သွားနဲ့ခံတွင်းရောဂါများအတွက် ထိရောက်တဲ့ ထည့်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ခဲ့လျှင် သံလွင်ဆီကို ကင်းဆိပ်ဖြေဆေးအဖြစ် သုံးနိုင်ပါတယ်။

ဝမ်းမီးကိုတောက်စေတဲ့အတွက် သူချည်းသက်သက်ဆိုလျှင် အကောင်းဆုံးအစာကြေဆေးနှင့် နှုတ်မြိန်ဆေးတစ်လက်လည်း ဖြစ်ပါတယ်။

ဝမ်းမီးအပူအပုပ်အချွဲများကို ဖယ်ရှားခြင်း၊ ၀မ်းမှန်စေခြင်း စတဲ့အာနိသင်များကြောင့် အစာအိမ်ရောဂါ၊ အူသိမ်အူရောင်ရောဂါ များကို ကုသပျောက်ကင်းနိုင်ပါတယ်။

အမျိုးသားသုံးအားဆေးအဖြစ်လည်းကောင်း၊ တိုင်းရင်းလိမ်းဆေးများဖြစ်တဲ့ ဒဏ်ကျေလိမ်းဆေး၊ အကြောဖြေလိမ်းဆေးများ ဖော်စပ်ရာမှာလည်းကောင်း အစွမ်းထက်သော ဆေးအမည်အဖြစ် အသုံးပြုနိုင်ပါတယ်။

သင့်ဆံကေသာအား လိမ်းပေးခြင်းဖြင့် ဦးခေါင်းအား အေးမြစေပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေ၍ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်အရောင်ပြောင်းခြင်းတို့မှ အထူးကာကွယ်ပေးပြီး ဗောက်၊ ဒက်များ တွယ်ကပ်ခြင်းမှ ကင်းဝေးစေပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စဉ်ကာလ ၀မ်းဗိုက်အားလိမ်းပေးပါက ဗိုက်ကြောမပြတ်အောင် ကာကွယ် ပေးသည့်အပြင် မွေးကင်းစ ကလေးသူငယ်များမှာ ဖြစ်တတ်သော အရေပြားယားယံခြင်းများကို အထူးပျောက်ကင်းစေပါတယ်။

ဒေါက်တာအောင်နိုင်

Laptop သုံးစွဲသူများ သတိပြုရန်အချက်များ




၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။
ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။

၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။

၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။
သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။
Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။

၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။

၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင် သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

Credit - Original up-loader

မြေယာသိမ်းပိုက်တဲ့ တရုတ်ဘူဒိုဇာကြောင့် ၄ နှစ်သမီးငယ်သေဆုံး

Friday, 30, August, 2013

တရုတ်နိုင်ငံမှာ မြေယာပိုင်ဆိုင်မှုအတွက် အငြင်းအခုန်ဖြစ်ရာက ဘူဒိုဇာနဲ့ ၀င်တိုက်ခဲ့တဲ့အတွက် ၄ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးသွားခဲ့သလို၊ ဒီဖြစ်ရပ်အတွက် အင်တာနက် အွန်လိုင်းပေါ်မှာ လည်း ဒေါသတကြီး တုန့်ပြန်မှုတွေ ပေါ်ပေါက်လာပါတယ်။

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Fujian ပြည်နယ်မှာ သေဆုံးသူ မိန်းကလေးငယ် မိသားစုနေထိုင်ရာ နေရာအနီး မြေညှိနေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက အလုပ်သမားတွေကို တားဆီးဖို့ မိဘတွေက ကြိုးပမ်းရင်း ဗုဒ္ဓဟူးနေ့ကပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

သေဆုံးသူ ၄ နှစ်သမီးအရွယ် Hong Xiaorou ရဲ့ အဖြစ်အပျက်ကိုတော့ အခင်းဖြစ်ပြီး မကြာမီမှာပဲ တရုတ်လူမှုဆက်သွယ်ရေး ကွန်ရက်တွေမှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသခံ အာဏာပိုင်တွေကတော့ မတော်တဆမှုလို့ ပြောပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေ အားကောင်းလာနေတဲ့ တရုတ်နိုင်ငံမှာ မြို့ပြချဲ့ထွင်လာရာက နစ်နာကြေး အနည်းအကျဉ်းလောက် ပဲပေးပြီး အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတာတွေ မကြာခဏဆိုသလို ကြုံနေရတဲ့အတွက်လည်း ဒေါသထွက် မကျေနပ်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

VOA Burmese

ချန်ပီယံလိဂ် 2013-2014 အုပ်စုအဆင့် မဲခွဲမှု


အုပ်စု (A)

မန်ချက်စတာယူနိုက်တတ် (အင်္ဂလန်)

ရှက်တာဒိုးနတ် (ယူကရိန်း)

လေဗာကူဆင် (ဂျာမနီ)

ရီးရဲယ်ဆိုစီဒက် ( စပိန် )



အုပ်စု (B)

ရီးရဲယ်မက်ဒရစ် (စပိန်)

ဂျူဗင်တပ်စ် (အီတလီ)

ဂါလာတာစာရေး (တူရကီ)

ကိုပင်ဟေဂင် (ဒိန်းမတ်)


အုပ်စု (C)

ဘင်ဖီကာ (ပေါ်တူဂီ)

ပီအက်ဂျီ (ပြင်သစ်)

အိုလံပီယာကော့စ် ( ဂရိ )

အန်းဒါးလက်ခ်ျ ( ဘယ်ဂျီယံ )


အုပ်စု (D)

ဘိုင်ယန်မြုးနစ် ( ဂျာမနီ)

စီအက်ကေအေမော်စကို (ရုရှား)

မန်ချက်စတာစီးတီး (အင်္ဂလန်)

ပလာဇန် (ချက်စ်)


အုပ်စု (E)

ချယ်ဆီးလ် (အင်္ဂလန်)

ရှော်ကေးလ် (ဂျာမနီ)

FC ဘေဆယ် (ဆွစ်ဇာလန်)

စတူအာဘူဂါရက်စ် (ရိုမေးနီးယား)


အုပ်စု (F)

အာဆင်နယ် (အင်္ဂလန်)

မာဆေးလ် (ပြင်သစ်)

ဒေါ့မွန် ( ဂျာမနီ )

နာပိုလီ ( အီတလီ )


အုပ်စု (G)

ပေါ်တို (ပေါ်တူဂီ)

အက်သလက်တီကိုမက်ဒရစ် (စပိန်)

ဇင်းနစ် (ရုရှား)

သြစတြီးယားဝိန်း


အုပ်စု (H)

ဘာစီလိုနာ(စပိန်)

အေစီမီလန် (အီတလီ)

အေဂျက် (နယ်သာလန်)

ဆဲလ်တစ် (စကော့တလန်)



Ref : 90:00 Minutes Sports Journal

Related Posts Plugin for WordPress, Blogger...