Friday, August 30, 2013

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်နိုင်ငံတွေဟာ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ်ပြုလုပ်ခဲ့ကြပေမယ့် စစ်ရေးအရ အရေးယူဖို့အတွက်တော့ တညီတညွတ်တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ သူတို့ရဲ့ ကြာသပတေးနေ့ အစည်းအဝေးဟာ တနာရီတောင်မကြာခဲ့သလို သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကိုလည်း ဘယ်သူကမှ ပြန်လည် မဖြေကြားခဲ့ပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကတော့ ကမ္ဘာအင်အားကြီးနိုင်ငံတွေ အနေနဲ့ ဆီးရီးယားကို စစ်ဝင်တိုက်ဖို့လုပ်ဆောင်မယ့် ဘယ်လိုကိစ္စမျိုးကိုမဆို ဆီးရီးယားမှာ ကုလသမဂ္ဂဓါတုလက်နက်စစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ငန်းတွေပြီးဆုံးတဲ့ချိန်အထိ ရပ်ဆိုင်းထားဖို့ တိုက်တွန်းလိုက်ပါတယ်။

စစ်ဆေးရေးအဖွဲ့ဝင်တွေဟာ စနေနေ့မှာ ဆီးရီးယားကနေ ထွက်ခွါမှာဖြစ်တယ်လို့ ကုလအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Farhan Haq ကပြောပါတယ်။ သူတို့အဖွဲ့မှာ ဆီးရီးယားမှာဖြစ်ပွါးခဲ့တဲ့ ကိစ္စဆိုင်ရာ အထောက်အထား အချက်အလက်အတော်များများ ပါလာခဲ့တာမို့ ဘာတွေဖြစ်ပွါးခဲ့တယ်ဆိုတာကို ပြန်လည်တင်ပြနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ စစ်ဆေးသူတွေထဲက အချို့ဟာ နယူးရောက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တွေ့ရှိချက်တွေကို တင်ပြမှာဖြစ်သလို တချို့ကတော့ သူတို့ ဆီးရီးယားကယူလာတဲ့ နမူနာပစ္စည်းတွေကို ဥရောပက ဓါတ်ခွဲခန်းတွေမှာ စစ်ဆေးဖို့ သယ်သွားကြမယ်လို့ ပြောပါတယ်။

VOA Burmese

ထိုင်းနှင့် မြန်မာ လက်ရွေးစင် ကစားသမားဟောင်းများ ယခုလ ၃၀ ရက်နေ့ ခြေစမ်းမည်


သြဂုတ်လ ၃၀ ရက်နေ့၊ ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည့် မြန်မာနှင့်ထိုင်း လက်ရွေးစင် ဟောင်းများ ခြေစမ်းပွဲ အတွက် မြန်မာ့ လက်ရွေးစင် ဟောင်းများအသင်း လူစာရင်းကို ထုတ်ပြန်လိုက်သည်။
မြန်မာ့ လက်ရွေးစင် ဟောင်းများ အသင်းကို အဖွဲ့ခေါင်းဆောင် အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်၊ အုပ်ချုပ်သူ ဦးမျိုးဝင်းညွန့်၊ ဦးလှရွှေလေး၊ အတွင်းရေးမှူး ဦးအောင်စိုးမိုး၊ နည်းပြများအဖြစ် ဦးအေးမောင်ကြီးနှင့် ဦးရဲညွန့်တို့မှ တာဝန်ယူကြမည် ဖြစ်သည်။
အဆိုပါ ခြေစမ်းပွဲတွင် ယှဉ်ပြိုင်ကြမည့် ထိုင်းနှင့်မြန်မာ နှစ်သင်းစလုံးမှ ကစားသမား ဟောင်းများသည် အသက်(၄၀)ကျော် ကစားသမားများ ဖြစ်ကြပြီး ၁၉၉၃ ဆီးဂိမ်းစ် ဗိုလ်လုပွဲတွင် ဆုံတွေ့ခဲ့ သည့် မြန်မာနှင့်ထိုင်း ကစားသမား အများစု ပါဝင်ကြမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် ဟောင်းများအသင်း

ဂိုး- အောင်ကျော်ကျော်၊ စိုင်းမောင်မောင်ဦး
နောက်တန်း- မင်းဇော်ဦး၊ စိုးနိုင်(ကြည်း)၊ မြင့်ကို၊ ရဲထွဋ်၊ သန်းဝေ၊ ထွန်းမြင့်လွင်၊ ငွေထွန်း၊ ချစ်နိုင်၊ အေးနိုင်၊ ဇော်လေးအောင်
အလယ်တန်း- တင်မျိုးအောင်၊ ကြည်လွင်၊ ကျော်မင်း၊ မောင်မောင်ဌေး၊ ကျော်လွင်၊ တင်မောင်ထွန်း၊ ထွန်းထွန်းထက်၊ သန်းတိုးအောင်၊ ဟန်ထွန်း၊
ရှေ့တန်း- ၀င်းအောင်၊ မျိုးလှိုင်ဝင်း၊ အောင်ထွန်းထွန်း၊ အောင်နိုင်၊ ဇော်ဝင်းထွန်း၊ တင်ထွေး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း က ရည်းစားဟောင်း ကို သတ်ပြစ် ရန် အမိန့် ပေး

30/8/2013 myanmarnewsupdates

အန်ဟာဆု အော်ခက်စတြာ တီးဝိုင်း က အဆို တော် ဟွန်ဆန်ဝိုလ်း ကို ညစ်ညမ်း ရုပ်ရှင် ဖန်တီးမှု နဲ့  မြောက် ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအန်း
က ပစ်သတ် ဖို့  အမိန့် ပေး ခဲ့ လို့  သြဂုတ် လ ၂၀ ရက် နေ့  မှာ သူ နဲ့  အခြား ၁၂ ဦး ကို သေနတ် နဲ့  ပစ်သတ် ပြီး အဆုံး စီရင် ခဲ့ ပါတယ်။

ဟွန်ဆန်ဝိုလ်း ဟာ မြောက် ကိုရီးယား ခေါင်းဆောင် ရဲ့  ရည်းစား ဟောင်း
ဖြစ် ပြီး လက် ရှိ အဆို တော် မလေး နဲ့  မတွဲ ခင် မှာ သူ တို့  တွေ့ ခဲ့ ကြတာ
ဖြစ် ပါတယ်။

ကင်ဂျုံအန်း က အခု လို သတ် ဖြတ် ဖို့  အမိန့် ပေး ခဲ့ တာ နိုင်ငံ ရေး ပယောဂ အရှုပ် အထွေး ကြောင့် ဖြစ် တယ် လို့  တောင် ကို ရီးယား ချိုဆန် နီလ် ဘို သတင်းစာ မှာ ဖော် ပြထား ပါတယ်။

ဟွန်ဆန်ဝိုလ်း တို့  တီးဝိုင်း အဖွဲ့  သား တွေ ကို သြဂုတ် လ ၁၁ ရက်နေ့ မှာ
ဖမ်းဆီး ပြီး ၉ ရက် အကြာ မှ ကွပ် မျက် ခဲ့ တာ ဖြစ် ပါတယ်။

သတင်းမော်ကွန်း

တရုတ်မြန်မာ ပိုက်လိုင်းတစ်လျှောက် လယ်ယာမြေ ပျက်ဆီးမှုတွေ ဖြစ်ပေါ်နေ


တရုတ် CNPC ကုမ္ပဏီက လုပ်ဆောင်နေတဲ့ မြန်မာ တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း တစ်လျှောက်မှာ မိုးတွင်းကာလအတွင်း လယ်ယာမြေ ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီက ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ရှမ်းပြည်နယ်အထိ သွယ်တန်း ထားတဲ့ တောင်တန်း တစ်လျှောက်မှာ လယ်ယာမြေ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာလို့ မြန်မာ- တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီဝင် စိန်းရောင်စို အဖွဲ့ ခေါင်းဆောင် ဦးတင်သစ်က ပြောပါတယ်။

“ရခိုင်တို့ ရှမ်းတို့မှာ ဆိုရင် တောင်တွေပေါ်ကနေ ဖြတ်ပြီးတော့ ပိုက်လိုင်းက တည်ဆောက်ထားတာ။ ဆောက်တဲ့အခါမှာ အဲဒီမှာ သူတို့ မြေတွေ အများကြီး ဖွပစ်တာရှိတယ်။ မြေတွေ ဖုံးထားတာရှိတယ်။ မိုးရွာတဲ့အခါကြတော့ အဲဒီမြေတွေ အကုန်လုံးက တောင်အောက်ကို စီးပြီးတော့မှ အဲဒီမြေဇာတွေကဘဲ ရေနဲ့ပါလာပြီးတော့ စိုက်ထားပျိုးထားတဲ့ အခင်းတွေထဲ ဝင်ကုန်တယ်။ အဲဒီ မြေဇာတွေထဲမှာ ခဲတွေ၊ ကျောက်တွေပါပါလာတယ်။ စိုက်ထားတဲ့အပင်ကော စိုက်တဲ့မြေတွေကော ထပ်ပြီး ပျတ်ဆီးတာ ရှိတယ်။ ဒါသူတို့ ပိုက်လိုင်းဖြတ်သွားတဲ့ မီတာ ၃၀ နဲ့ မဆိုင်ဘူးနော်။ တိုက်ရိုက်မဟုတ်ဘဲနဲ့ အခုမိုးရွာပြီဆိုတာနဲ့ ကြုံရတဲ့ ပြဿနာ တွေပဲ”

ပိုက်လိုင်းတည်ဆောက်ထားတဲ့ မြို့နယ် ၂၁ ခုမှာ သိမ်းဆည်းခံထားရတဲ့ မြေယာတွေအတွက် လျော်ကြေးငွေတွေ အပြည့်အဝ မရရှိသေးသလို ဂက်စ်လိုင်းစတင်တဲ့ ရခိုင်ပြည်နယ် မဒေးကျွန်း ပင်လယ်ပြင်မှာ CNPC ကုမ္ပဏီကနေ လုပ်ငန်းအတွက် မိုင်းခွဲခဲ့တဲ့အတွက် သန္တာကျောက်တန်းတွေ ပျက်စီးခဲ့ပြီး ရေနေသတ္တဝါတွေ သေဆုံးခဲ့တဲ့အပြင် ငါးဖမ်းလုပ်ငန်းတွေလည်း အခက်အခဲတွေ၊ ကန့်သတ်ချက်တွေ လုပ်ခံနေတယ်လို့လည်း ဆိုပါတယ်။

စီမံကိန်းဒေသတွင်းမှာ ဒေသဖွံဖြိုးရေး လုပ်ငန်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေမယ်လို့ ပြောဆိုခဲ့ပေးမယ့်လည်း ကျောက်ဖြူမြို့နယ်မှာ အခုချိန်ထိ မီတာခ တစ်ယူနစ်ကို ကျပ်ငွေ ၆၀၀ လောက်ပေးဆောင်နေရဆဲ ရှိသေးတယ်လို့ ဦးတင်သစ် ကပြောဆိုခဲ့ပါတယ်။

ကော်မတီအနေနဲ့ ပိုက်လိုင်းတစ်လျှောက်က ထိခိုက်နစ်နာမှုတွေကို ကုမ္ပဏီအပြင် အစိုးရအဖွဲ့တွေကို တင်ပြထားပေမယ့် ကျေနပ်လောက်တဲ့ ဖြေရှင်းမှု မရှိသေးဘူးလို့ မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီက တာဝန်ခံ မစနိုးက ပြောပါတယ်။

“ပိုက်လိုင်းတစ်လျှောက်မှာရှိတဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေက လူမှုရေး ထိခိုက်နစ်နုာ ဆုံးရှုံးမှုတွေရှိတယ်။ သဘာဝပက်ဝန်းကျင် ဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေ ရှိတယ်။ အဲဒါတွေကို ကျွန်မတို့က အစီရင်ခံစာတွေ၊ ကြေညာစာတမ်းတွေ ထုတ်ပြီးတော့ ဒီသက်ဆိုင်ရာ ကုမ္ပဏီတွေကော၊ အစိုးရတွေကော ကျွန်မတို့က ဒါတွေကို ဖြေရှင်းပေးပါ။ ပြည်သူလူထုတွေက ဒီလိုဒီလိုမျိုး နစ်နာ နေတယ်ပေါ့နော်။ အချက်ကျကျ ဂျက်ကျကျစုံစမ်းပေးတယ်။တင်ပြထားတယ်။ ဒါပေမယ့် အစိုးရဘက်ကကော ကုမ္ပဏီ ဘက်က ကော ကျေနပ်လောက်တဲ့ အထိကို ဖြေရှင်းချက်မရှိဘူး။”

သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ကနေ အမ်းမြို့နယ်၊ အဲဒီကတစ်ဆင့် မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကိုဖြတ်ပြီး တရုတ်နိုင်ငံ နန်နင်းမြို့အထိ သွယ်တန်းထားတာဖြစ်ပြီး ရေနံပိုက်လိုင်းအရှည်က ၇၉၃ ကီလိုမီတာ ရှိတယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ် များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများထွက်ပေါ်


ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အမှိုက်ပုံ မြေနေရာတွင် လက်ရှိနေအိမ်များ ဖျက်သိမ်းပြောင်းရွှေ့ ပြီးပါက ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး စည်ပင်မှ ယင်းအမှိုက်ပုံဝင်းကို ခြံစည်းရိုး ခတ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနသည် အဆိုပါ အမှိုက်ပုံအနီး နေထိုင်သူများကို သြဂုတ် ၃၀ ရက် နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွှေ့ ပေးရန် အကြောင်းကြားစာ ပို့ထားကြောင်း ဒလမြို့နယ် စီမံရေးရာဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ဆိုသည်။

''ကျွန်မတို့ကို သြဂုတ် ၂၅ ရက်မှာ မြို့တော်စည်ပင်က ဒုဌာနမှူး ဗိုလ်ကြီးဦးခင်ဝင်းက ခေါ်တွေ့ပါတယ်။ ဒီနေရာကို ပြောင်းရွှေ့ပြီးရင် ပလတ်စတစ် အရည်ကျိုစက်ရုံ ဆောက်မယ်လို့လည်း ပြောတယ်။ ဒီမြေဟာ ခင်ဗျားတို့ စိမ်းလန်းနဲ့ မဆိုင်ဘူး။ စည်ပင်နဲ့ပဲ ဆိုင်တယ်လို့ ပြောတယ်။ အဲဒါကြောင့် နောက်လာမယ့် ၄ ရက်အတွင်း ပြောင်းရွှေ့ပေးပါလို့ ပြောပါတယ်'' ဟု အဆိုပါ အမှိုက်ပုံ အနီးတွင် နေထိုင်သော ဒေါ်စန်းရီက ပြောကြားသည်။

သို့သော် လက်ရှိနေထိုင်သူများက မိမိတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ ဒလမြို့နယ် စိမ်းလန်းစိုပြည်ရေး အတွက် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိလာ သူများဖြစ်ပြီး စီမံကိန်း(စိမ်းလန်း) မြေကွက်များ ဖြစ်ကြောင်းကို အထောက်အထား ခိုင်လုံစွာ ပြနိုင်ကြောင်း ဆိုပါသည်။

အဆိုပါ အမှိုက်ပုံ မြေနေရာတွင် ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည် ဟူသော သတင်းအပေါ် ဒလမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ခံ ဦးကျော်ဟိုးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ''ကျွန်တော့်မှာ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောပိုင်ခွင့် မရှိပါဘူး။ သိလည်းမသိပါဘူး။ အထက်ဌာနက ညွှန်ကြားတာပဲ သိရပါတယ်။ ဒီစီမံကိန်းကိုလည်း ဘာတွေဘယ်လို လုပ်မယ်ဆိုတာ မသိပါဘူး'' ဟုပြောကြားသည်။

ဒလမြို့နယ် စီမံရေးရာဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ''ဒီမြေနေရာဟာ စည်ပင်သာယာက သတ်မှတ်ထားတဲ့ ဌာနပိုင်မြေပါ။ အမှိုက်ကန် စလုပ်ကတည်းက စည်ပင်ပိုင်မြေ ဖြစ်သွားပါပြီ'' ဟု ပြောကြားခဲ့သည်။


ပလတ်စတစ် အရည်ကျိုစက်ရုံ တည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ်နေသော ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်အနီးရှိ ဧရာမ အမှိုက်ပုံကြီးကို သြဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)

EMG

တွံတေးမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၀ ခုမှ အိမ်ခြေ ၁၀၀၀ ကျော်အား စားကျက်မြေအတွင်း ပါဝင်သည်ဟုဆိုကာ ဖယ်ရှားခိုင်းထား

Friday, August 30, 2013

တွံတေးမြို့နယ်ရှိ ကျေးရွာအုပ်စု ဆယ်ခုမှ အိမ်ခြေ ၁၀၀၀ ကျော်အား စားကျက် မြေအတွင်း ပါဝင်သည်ဟု ဆိုကာ ဖယ်ရှားခိုင်း ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ရွေ့ပြောင်းခိုင်းမှုကို သြဂုတ် ၁၂ ရက်က ကျေးရွာအုပ်စု ဆယ်ခုရှိ အိမ်ခြေ ၁၀၀၀ ကျော်ထံသို့ ၁၅ ရက်အတွင်း ဖယ်ရှားပေးရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ၁၅ ရက် ပြည့်သော်လည်း ထပ်မံအကြောင်းကြားခြင်း၊ ဖယ်ရှားခိုင်းခြင်း မရှိသေးကြောင်း သိရသည်။

''ကျွန်တော်တို့ အုပ်စုမှာဆို ရွှေ့ခိုင်းတဲ့ အထဲမှာ ရွာသုံးရွာပါတယ်။ တစ်အုပ်စုလုံးတော့ မဟုတ်ဘူး။ စားကျက်မြေထဲ ကျူးကျော်တဲ့ ရွာတွေပဲ ဖယ်ခိုင်းတာပါ။ ကျွန်တော်တို့ အုပ်စုမှာရှိတဲ့ သုံးရွာမှာ ရွှေ့ပြောင်းရမယ့် အိမ်ခြေက ၂၇၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့က အသနားခံစာတွေ တင်ထားပါတယ်။ တရားဝင် အကြောင်းပြန်စာ မရှိဘူး။ ဒါပေမဲ့ အကြောင်းကြားတဲ့ရက် ကျော်သွားပေမယ့် ထပ်ပြီးညွှန်ကြားချက် မလာတော့ဘူး။ ကျွန်တော်တို့ လသာကျေးရွာဆိုရင် နေလာကြတာ နှစ် ၅၀ ကျော် ပါပြီ။ ဖယ်ပေးဖို့လည်း ဆန္ဒမရှိပါဘူး။ ဖယ်ပေးရရင်လည်း သွားစရာ နေရာမှ မရှိတာ'' ဟု ဖယ်ရှားခိုင်းသည့် ရွာများတွင် ပါဝင်သည့် ထော်သိုကျေးရွာအုပ်စု၊ လာသာကျေးရွာမှ ဦးစိုးတင့်က ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ''တွံတေးမြို့နယ်မှာ စုစုပေါင်း စားကျက်မြေဧက ၃၇၀၀ ကျော်၊ ခွင့်ပြုရမယ့် ဌာနတွေက ခွင့်ပြုပေးလိုက်တော့ ပယ်ဖျက်ခွင့် ကျသွားတာ ဧက ၁၀၀၀ ကျော်ရှိတယ်။ အဲဒီတော့ အခုလက်ရှိ စားကျက်မြေဆိုပြီး စာရင်းပေါက်တာက ၂၆၈၁ ဧကရှိပါတယ်။ အခုအဲဒီကျေးရွာ ဆယ်အုပ်စုပေါင်းမှာ ရှိတာပေါ့။ ကျွန်တော့်အနေနဲ့ ကျေးရွာအုပ်စု တွေကနေ တင်ပြတာကို ခရိုင်နဲ့တိုင်းကို ဆက်ပြီးတော့ တင်ပြထားပေးပါတယ်။ နှုတ်နဲ့လည်း လူကြီးတွေကို တင်ပြပေးထားတယ်။ ဧက ၂၀၀၀ ကျော်ထဲမှာ လူတွေ နေထိုင်နေတာက နှစ်ဘယ်လောက်ရှိပြီ၊ အိမ်ခြေဘယ်လောက်ရှိပြီ၊ စိုက်ပျိုးထားတဲ့ လယ်က ဘယ်လောက်ရှိပြီ။ သောက်ရေကန်တို့၊ သင်္ချိုင်းတို့က ဘယ်လောက်ရှိတယ် ဆိုတာကို နှုတ်နဲ့တင်ပြပြီးပြီ။ စာနဲ့လည်း အစီရင်ခံစာရေးပြီး ရွာတွေက တင်လာတာကို ခရိုင်၊ တိုင်းကို တင်ပေးမှာပါ'' ဟု ဆိုသည်။

စာကျက်မြေ ဧက ၂၆၀၀ ကျော်တွင် အိမ်ခြေ ၁၀၀၀ ကျော်၊ စိုက်ဧက ၂၀၀ ကျော်နှင့် ငါးကန် ဧက ၈၀၀ ခန့်ရှိသည်။

Eleven Media Group

ဖယ်ရှားခိုင်းထားသည့် လသာကျေးရွာအား သြဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမြင့်အောင်)

ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား

တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မြန်မာနိုင်ငံအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ရဲမေအင်အား ၆၀၀ ကျော်အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။
''ပြည်နယ်နဲ့တိုင်း အသီးသီးမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲမေတွေကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ သူတွေကို ရွေးချယ်ပြီးတော့ စက်တင်ဘာလမှာ သင်တန်းပေးပြီး ခန့်အပ်သွားမယ်။ ဒါ့အပြင် နောက်လမှာ ရဲဗဟို လေ့ကျင့်ရေး ကျောင်းကနေ သင်တန်းဆင်းမယ့် ဒုရဲအုပ် ရဲမေတွေထဲက ပြည်သူတွေကို အမှန်တကယ် ၀န်ဆောင်မှုပေးဖို့ စိတ်ဓာတ် အမှန်တကယ်ရှိတဲ့ ရဲမေအယောက် လေးဆယ်ကိုလည်း ခန့်သွားဖို့ စီစဉ်နေပါ တယ်'' ဟု ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။
စက်တင်ဘာလ အတွင်း သင်တန်းပေးသွားမည့် ရဲမေများမှာ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူ၊ အရပ်ငါးပေ လေးလက်မ အနည်းဆုံးရှိသူ၊ အိမ်ထောင်မရှိသူ၊ မျက်မှန်တပ်ဆင် မထားသူ၊ ရုပ်ရည်အသင့် အတင့်ရှိသူ စသည်တို့နှင့် ကိုက်ညီရမည် ဖြစ်ကြောင်း သိရသည်။
ရုပ်ရည်ချောမော ပြေပြစ်သည့် ရဲမေများကို ဦးစားပေး ခန့်သွားမည်နှင့် ပတ်သက်၍ ရဲမှူးကြီးကျော်ထွေးက ''အဓိကကတော့ နေ့စဉ် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ လမ်း အသုံးပြုသူတွေဖြစ်တဲ့ ယာဉ်မောင်းတွေ လမ်းလျှောက်သူတွေ စိတ်ကြည်လင်ဖို့ ဖြစ်ပါတယ်'' ဟု ဆက်လက် ပြောကြားသည်။
ဖွဲ့စည်းပုံ အသစ်အရ ရဲမေအင်အား ၆၀၀ ကျော် ရှိရမည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိအင်အားမှာ ၁၆ ရာခိုင်နှုန်းသာ ရှိသည်။

GSM/WCDMA / CDMA 800 တို့ရဲ့ အင်တာနက် setting များကို


ခလုတ်တစ်ချက်နှိပ်ရုံနဲ့ထည့်သွင်းပေးမယ့် app လေး Myanmar APN ကိုရေးသားပေးလိုက်ပါတယ် ။ ဒီ app လေးကိုအသုံးပြုဖို့အတွက် ဖုန်းမှာ Root access တော့ရှိဖို့လိုပါလိမ့်မယ်။

သုံးပုံသုံးနည်းအနေနဲ့ အခုပေးထားတဲ့ Application လေးကိုဖုန်းမှာ install လုပ်ပြီး check root access ကိုနှိပ်ပါ။ ဖုန်းမှာ root access ရတယ်ဆိုရင် system ထဲကိုနည်းနည်းဝင်နှိုက်ပြီး application ထဲကနေပြန်ထွက်သွားပါမယ်။ All Application ထဲမှာကြည့်လိုက်ပါ ။ Myanmar Apn ဆိုတဲ့နာမည်နဲ့ ဆော့ဝဲလေးတစ်ခုရောက်နေတာကိုတွေ့ရပါမယ်။ Myanmar Apn ထဲကိုဝင်ပြီး ကိုယ့်ဖုန်းအမျိုးအစားအလိုက် Apn setting ခလုတ်တစ်ချက်နှိပ်ရုံလေးပါပဲ။ setting ထည့်ပြီးဖြစ်ပါလိမ့်မယ်။

Myanmar APN (Beta) for Android ကိုအောက်က link မှာရယူပါ။

Download Link : http://www.mediafire.com/?y8mpo35afwo3i9x

ဒီ Beta Version မှာအဆင်မပြေသေးတဲ့အချက်တွေကတော့
- Resolution အမြင့် ၊ Screen အကြီးဖုန်းပေါ်မှာစမ်းသပ်ရေးသားထားတာဖြစ်တဲ့အတွက် တခြာ Resolution နည်းနည်းလျော့တဲ့ ဖုန်းတစ်ချို့ ၊ Screen အသေးဖုန်းတစ်ချို့မှာ Layout အမှန်မပေါ်တာမျိုးဖြစ်တတ်ပါတယ်။

-အခု beta version မှာ ၁၅၀၀ တန် CDMA အတွက်တော့ သိပ်အဆင်မပြေသေးပါ ။ ယင်းအတွက် ကြိုးစားနေပါတယ်။

Thet Naing Soe (Myanmar Mobile App Store)

၁၀တန်းကျောင်းသားလေး အုပ်စုဖွဲ့ရိုက်ခံရ၍ သေဆုံးမှု့ဖြစ်ပွား။


30.8.2013

၂၂.၈.၂၀၁၂ ရက်နေ့ ည ၁ဝ နာရီခွဲ အချိန်တွင် စာကျက်ဝိုင်းမှ ပြန်လာသော အထက (၇) ကျောင်းသာ ခွန်အောင်ခမ်းဦး အသက်(၁၆) နှစ် ၊

အောင်သိန်းဦး (၁၆) နှစ် ၁၀ တန်းကျောင်းသား တို့သည် စာကျက်ဝိုင်းမှ ဆိုင်ကယ်နှင့်ပြန်လာစဉ် အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်ခဲ့ ကြပါသည်။ည ၁၁

နာရီ အချိန်တွင် လှည့်ကင်းမှ တွေ့ရှိခဲ့ပြီး စပ်စံထွန်းဆေးရုံသို့ ဆေးကုသခဲ့ပါသည်။ ထိုနောက် ၂၃.၈.၂၀၁၂ မနက် ၁၀ နာရီ အချိန်တွင်

မန်းဒလေး ဆေးရုံကြီးသို့ ဆက်လက်ဆေးကုသခံယူသော်လည်း ညနေ ၇ နာ၇ီ ၄၅ မိနစ် အချိန်တွင် ရိုက်နှက်မှု့ဒဏ်ရာ နှင့်

သေဆုံးခဲ့ကြောင်းသိရပါသည်။ လတ်တလော အချိန်တွင် တရာခံပာု ယူဆရသော လူ(၃)ဦး အား ခေါ်ယူစစ်ဆေးနေပြီး ပုဒ်မ ၁၈၇ မှ ပုဒ်မ ၃၀၂

ဖြင့် အမှု့ဖွင့် အရေးယူထားကြောင်း သိရပါသည်။ ယခု သေဆုံးမှု့နှင့်ပက်သက်ပြီး အမည်အဖေါ်လိုသူ ဆရာမ တစ်ဦးပြောကြားချက်အရ ယခုလို တောင်ကြီးတွင် အုပ်စုလိုက်ဝိုင်းရိုက်မှု့များ

ယခင်ကလည်း ခဏခဏ ဖြစ်ပွားလျှက်ရှိသည်ပာုပြောပြပါသည်။ သေဆုံးသူ မိသားစုဘက်မှ အမှု့မှန်ပေါ်ပေါက်ရေးအတွက် မျှော်လင့်လျှက်ရှိပြီး

နောက်နောင် ဒီလို အုပ်စုလိုက်ရိုက်နှက်မှု့ မဖြစ်ပေါ်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း

ကျောင်းသားမိဘတစ်ဦးမှ ပြောပြပါသည်။

နေလင်းသိုက်

မောင်တော ပဋိပက္ခတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ ကျော်ကို ပြစ်ဒဏ်ချ



ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌် ပြီးခဲ့သည့်နှစ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မီးရှို့မှုများ ကျူးလွန်ခဲ့သူ ဘင်္ဂါလီ လူမျိုး ၇၄ ဦးကို ပြစ်မှုကျူးလွန်မှု အလိုက် တစ်သက် တစ်ကျွန်း၊ ၁၀ နှစ်၊ ခုနစ်နှစ်စသော ထောင်ဒဏ်များ ကျခံစေရန် မောင်တောခရိုင် တရားရုံးက သြဂုတ်လ ၂၁ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

မောင်တော မြို့နယ်တွင် သံဃာတော် တစ်ပါးကို သတ်ဖြတ်မှုဖြင့် ဘင်္ဂါလီသုံးဦးကို တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ၁၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။ မောင်တောမြို့နယ် ကံသာယာ အလယ်ရွာ မီးရှို့မှုကို ဦးဆောင်ခဲ့သူ ရော်ရှီတာမောက်ပါ အပါအဝင် ခုနစ်ဦး၊ မောရဝတီကျေးရွာ ကျန်းမာရေး ဆေးပေးခန်းကို မီးရှို့မှုဖြင့် ဘင်္ဂါလီ ခုနစ်ဦး၊ မောရဝတီ ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူဘီစလန် အပါအဝင် ၂၆ ဦး၊ ဘကုန်းနား ကျေးရွာအုပ်စုရှိ ဦးစောမောင် ပိုင်ဆိုင်သည့် ဗီဒီယိုရုံအား မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူလာမီပါ အပါအဝင် ၁၆ ဦးတို့ကို ထောင်ဒဏ် ခုနစ်နှစ်စီ အသီးသီးပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်တိုင်းရင်းသူ တစ်ဦးဖြစ်သူ မသီတာထွေးကို ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်မှု ဂယက်နှင့် ဆက်စပ်ကာ တောင်ကုတ်မြို့တွင် အစ္စလာမ် ဘာသာဝင် ၁၀ ဦး အသတ်ခံရ မှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် မောင်တောမြို့၌ ဇွန်လ ၈ ရက်နေ့တွင် ဗလီဝတ်ပြုရာမှ ပြန်လာသည့် ဘင်္ဂါလီများက အကြမ်းဖက်မှုများ ပြုလုပ်ရာမှ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က အစ္စလာမ် ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တောင်ကုတ်မြို့ ဒေသခံခုနှစ်ဦး ကိုလည်း ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၆ ရက်နေ့က ဒုတိယ အကြိမ်မြောက် တရားရုံးတင် စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်တွင် နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွား ခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှု ကျူးလွန်ခဲ့သည် ဟုဆိုကာ အမှုပေါင်း ၂၉၅ မှုဖြင့် ဒေသခံ တိုင်းရင်းသား များနှင့် ဘင်္ဂါလီများ စုစုပေါင်း ၁၁၈၉ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် အမှုပေါင်း ၁၉၅ မှုတွင် ပြစ်မှု ကျူးလွန်ခဲ့သူ တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ၅၀၇ ဦးကို ပြစ်ဒဏ်ချမှတ် ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်အမှုပေါင်း ၄၅ တွင် ပြစ်မှုကျူးလွန် ခဲ့သူဟု ဆိုသူ ၆၆၂ ဦးကို ဆက်လက်စစ်ဆေး အရေးယူနေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဇူလိုင်လ ၉ ရက်နေ့တွင် ပြောဆိုထားသည်။ ယင်းပဋိပက္ခ များကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံးပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။


ဆီးရီးယားကို အမေရိကန်တို့ တိုက်မည်မို့ အစ္စရေးတို့လည်း ပြင်ဆင်


အဆုံးမသတ်နိုင်တဲ့ ဆီးရီးယား ပြည်တွင်း စစ်အတွက် နောက်ဆုံးဖြေရှင်း နည်းအနေနဲ့ အမေရိကန်တို့ ဆီးရီးယား ကို ဝင်တိုက်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ဒါက အစ္စရေးဘက်က အတည်ပြု ပြောဆိုတဲ့ သတင်းပါ။ အမေရိကန်မှ မပြောသေးပါဘူး။

အစ္စရေးမှာ အမြင့်ဆုံးလုံခြုံရေးစနစ်များ ပြုလုပ်နေပါတယ်။ အကြောင်းကတော့ အမေရိကန်ရဲ့  လေကြောင်း တိုက်စစ်ကြောင့် ဆီးရီးယားလည်း အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ချေရှိကြောင်း သိရပါတယ်။ စစ်ပွဲကြောင်း ဆီးရီးယားဟာ အနီးစပ်ဆုံးဖြစ်တဲ့ အစ္စရေးကိုပဲ ပြန်တုန့်ပြန်နိုင်ချေရှိတာကြောင်း ဆီးရီးယားနဲ့ နီးစပ်တဲ့ ဒေသတွေတိုင်းမှာ ဒုံးဖျက် ယာဉ်များ၊ စစ်စခန်းများ ချထားလိုက်ပြီ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံရဲ့  လုံခြုံရေးအဆင့်မြင့်ဆုံးအခြေအနေတစ်ခုအထိ မြင့်တင်ထားလိုက်ပြီး ဆီးရီးယားဘက်မှ တိုက်စစ်ကို အကောင်းဆုံးခုခံသွားဖိုဇ့ အဆင်သင့်ရှိနေကြောင်း ဆိုပါတယ်။

ဒါက အစ္စရေးဘက်က ပြင်ဆင်ထားမှုပါ။ ဆီးရီးယားကတော့ သူ့ပြည်တွင်းစစ်နဲ့ပဲ အခြေအနေ အတော်ဆိုးနေပါတယ်။ ဓာတုလက်နက် အသုံးပြုတာ သူပုန်များ ဟုတ်မဟုတ်၊ အစိုးရဟုတ်မဟုတ် သေချာ ကွဲခြားရ ခက်နေချိန်မှာ အမေရိကန်ဟာ ကြားဖြတ်ဝင်တိုက်လိမ့်မယ်လို့ အားလုံးခန့်မှန်းပြီးသား ဖြစ်ပါတယ်။ သို့ပေမယ့် ဆီးရီးယားကို တိုက်ဖို့အတွက် အမေရိကန်မှ တရားဝင်ကြေညာချက် ထုတ်မထားသေးပါဘူး။ လက်ရှိ ဆိုးရွားတဲ့ နိုင်ငံရေးကိုဖြေရှင်းဖို့ ကုလမှ တာဝန်ရှိသူများ ဆီးရီးယားကို ရောက်ရှိနေပါတယ်။ အစ္စရေးကတော့ အမေရိကန်ဟာ ဆီးရီးယားကို တိုက်ခိုက်ဖို့အတွက် အဖြစ်နိုင်ဆုံးအခြေအနေမှာ ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
.
Ref: Xinhua
ရိုးရာလေး နိုင်ငံတကာ

တန်ဖိုးနည်း ၁၅၀၀ ကျပ်တန်ဆင်းကတ်များ ချထားပေးပြီးနောက် အင်တာနက်ဆိုင်တချို့ စီးပွားရေးအရ ပိတ်သိမ်းမှုများ ရှိလာ


ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဆင်းကတ်များ ချထား ပေးပြီးနောက် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ အင်တာနက်ဆိုင် တချို့ စီးပွားရေးအရ တွက်ခြေမကိုက် သဖြင့် ပိတ်သိမ်းမှုများ ရှိလာကြောင်း သိရသည်။

ငွေကျပ် နှစ်သိန်းတန်ဖုန်း စတင် ချထားပေးပြီး နောက်ပိုင်းမှ စ၍ အင်တာနက် ဆိုင်တချို့ ရပ်တည်ရန် ခက်ခဲလာကြောင်း ၊ ငွေကျပ် တစ်သောင်းဖြင့် ဖုန်း အင်တာနက် လျှောက်ထား နိုင်သဖြင့် ဆိုင်သို့ တကူးတက လာရောက် အသုံးပြုသူ နည်းပါး လာကြောင်း ၊ ၀န်ဆောင်မှု ကောင်းမွန်စွာ ပေးနိုင်မှု နှင့် ပုံမှန် အသုံးပြုသူ ရရှိထားသော ဆိုင်တချို့သာ ဆက်လက် ရပ်တည် နိုင်ကြောင်း သိရသည်။

" အခုဆိုရင် တန်ဖိုးနည်း ဖုန်းတွေ ချထားပေး နေတော့ လူအတော်များများ က ဖုန်းကိုင် လာနိုင်ကြတယ် ၊ ဖုန်း အင်တာနက် ကလည်း လျှောက်ရတာ လွယ်ကူပြီး သက်သာတော့ ဆိုင်လာပြီး အသုံးပြု တာမျိုးက တဖြည်းဖြည်း နည်းလာတာပေါ့ ၊ တချို့ဆိုင် တွေက တွက်ခြေ မကိုက်လို့ ပိတ်ကြတယ် ၊ တချို့ကလည်း ဂိမ်းဆိုင် အဖြစ် ပြောင်းလိုက် ကြတယ် ၊ ဂိမ်းနဲ့ အင်တာနက် တွဲလိုက်တော့ ဘာပဲ ပြောပြော တစ်ခုတည်း နဲ့ စာရင်တော့ လူပိုဝင် တာပေါ့ .... " ဟု အင်တာနက်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောကြား ခဲ့သည်။

လက်ရှိ လူငယ် အများစုသည် အင်တာနက် အသုံးပြုရုံ သက်သက်ဖြင့် ဆိုင်သို့ လာရောက်သူ နည်းပါးကြောင်း ၊ DOTA-2 ကဲ့သို့ အွန်လိုင်းဂိမ်း များ ဆော့ရန်အတွက် လာရောက် အသုံးပြု ကြကြောင်း ၊ ထို့ကြောင့် ဂိမ်း နှင့် အင်တာနက် နှစ်ခုတွဲဖွင့်မှသာ အင်တာနက် ဆိုင်များ အတွက် တွက်ခြေ ကိုက်မည် ဖြစ်ကြောင်း B-Net အင်တာနက်ဆိုင် မှ မန်နေဂျာ က သုံးသပ် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

စီးပွားရေးသမားတစ်ဦး၏ အကျင့်စာရိတ္တ


အကျင့်စာရိတ္တက စကားလုံးများထက် တာသွားလှပေသည်။ အပွေးမြင် အပင်သိဆိုသလို
သင့်ဘ၀ အခြေအနေ ကို ကြည့်ကာ သင်မည်သူဖြစ်သည်ဆိုသည်ကို
ဆုံးဖြတ်နိုင်ပါတယ်။
ထို့ကြောင့် ကျွန်မတို့ရဲ့ လုပ်ငန်းတစ်ခု စတင်
တည်ထောင်တော့မယ်ဆိုရင် ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကို ဦးစွာ
အာရုံစူးစိုက်ရပါမယ်။ အကျင့်စာရိတ္တဆိုသည်မှာ ကျွန်မတို့ အမှန်တကယ်
ပြုမူလုပ်ဆောင်နေသော အရာများကို ဆိုလိုပါတယ်။

လူတစ်ယောက်ရဲ့လုပ်ဆောင်ချက်ကို ကြည့်ခြင်းအားဖြင့် သူ၏ အကျင့်စာရိတ္တကို သိနိုင်မည်။

ကျွန်မတို့ လူဘ၀ဖြစ်တည်လာမည့် နေရာ၊ မိဘ၊ ကလေးဘ၀ စသည်တို့ကို
မရွေးချယ်နိုင်ပါ။ ယင်းအပြင် ကျွန်မတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ထူးချွန်မှုနှင့် ဥာဏ်ရည်ဥာဏ်သွေးတို့ကို မရွေးချယ်နိုင်ပါ။

သို့သော်ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကိုမူ ရွေးချယ်မှု ပြုနိုင်ပါတယ်။

တကယ်တော့ အကျင့်စာရိတ္တကောင်းများက တာရှည်ခံတဲ့ အောင်မြင်မှုများကို
ပေးစွမ်းပါလိမ့်မယ်။
သင့်အကျင့်စရိုက်များက သင့်ဘ၀ကိုတည့်မတ်ပေးနိုင်သလို ဖြိုဖျက်ပစ်နိုင်ပါတယ်။ အနှေးနှင့် အမြန်ဆိုသလို
သင့် အကျင့်စာရိတ္တများ ဗူးပေါ်သကဲ့သို့ ပေါ်လာပြီး သင် စိုက်သည့်အတိုင်းရိတ်ရမှာပါ။

တကယ့်အခက်အခဲ အကြပ်အတည်း ဖိစီးမှုတွေနဲ့ကြုံတွေ့လာခဲ့ချိန်မှာ သင့်အကျင့်စာရိတ္တအမှန်က သင့်ကို တည့်မတ်သော
ဘ၀လမ်းကြောင်းပေါ်သို့ ပို့ပေးမည်ဖြစ်ပြီး တဖြည်းဖြည်းချင်းဖြတ်သန်းကျော်လွှားသွားခွင့်ကို ပေးပါတယ်။

တစ်ခါတလေ ပြုပြင်သင့်သည်များကိုပြုပြင်ဖို့ လိုပါတယ်။ ဒီလိုအချိန်ကျရင် ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကို
ပိုမိုကောင်းမွန်လာစေရန် မည်ကဲ့သို့ ပြုကျင့်ရ မည်နည်း။
အချက် သုံးချက်ပဲအရင်ရှာဖွေပါ။

တစ်အချက်က အားနည်းချက်များကို ရှာထားပါ။
နှစ်အချက်က နောင်တရပါ။
သုံးအချက်က ဘ၀သစ်ကို စတင်ပါလို့ ပြောပါရစေ။

သင်မှာ မည်သည့်အားနည်းချက်မျိုး ရှိနေတယ်၊ သင့်ဝန်းကျင်မှ သူများအောက်
နိမ့်ကျနေသော အရာများကို အချိန်ယူကာ ပြန်စဉ်းစားပါ။

စွဲနေသောအမှားများကို တွေ့အောင်ရှာကာ သင် သိရှိသဘောပေါက်လျှင် ၀န်ခံပါ၊
နောက်တရပါ။ သင့်အားနည်းချက် များ၏ အကျိုးဆက်ကို ခံယူပါ။

ပြီးလျှင်ဘ၀အသစ်ကို စတင်ပါ။

ကောင်းသော အကျင့်စရိုက် လက္ခဏာများ စတင်ပြုကျင့်ပါ။

မှန်ကန်သော လမ်းကြောင်းဖြင့် အမှားအမှန်ကို ဝေဖန်ထောက်ရှုပြီး
ပြုပြင်ပြောင်းလဲ သွားကြမယ်ဆိုရင်တော့ ပိုမို တိုးတက်ကောင်းမွန်လာမယ်လို့
ကျွန်မ မြင်မိပါတယ်။

အရေးကြီးဆုံးအချက်ကတော့ အောင်မြင်သော စီးပွားရေးသမား
တစ်ဦးသည် သူ၏ လုပ်ငန်းအပေါ် အပြည့်အ၀ တာဝန်ယူတတ်ရပါမယ်။

သူ တာဝန်ယူလုပ်ကိုင်သည့် မည်သည့် အလုပ်ကိုမဆို အောင်အောင်မြင်မြင် လုပ်တတ်ရပါမယ်။

မည်သူမဆို ကိုယ့်တာဝန် ကိုယ် ကျေပွန်အောင် လုပ်ဆောင်မယ် ဆိုရင်တော့
လုပ်ငန်းတွေမှာ တိုးတက်ပြီး ပျော်ရွှင်တဲ့ဘ၀လေးတွေ ပိုင်ဆိုင်ကြရမှာပါ။

ဒီတော့ ဘယ်အရာတွေကို သတိပြုရမလဲဆိုတာ ကျွန်မ သိသလောက်လေး ပြောပြပါဦးမယ်။
၁။ မိမိအမှားကို ၀န်ခံပါ။
၂။ လုပ်ငန်းပျက်ကွက်မှု မရှိခြင်း
၃။ ငွေအပို မသုံးခြင်း
၎။ အသေးစိတ်ကအစ ပြန်လှန်စစ်ဆေးတတ်ခြင်း
၅။ တိကျသော အနာဂတ်ထားရှိခြင်း
၆။ တစ်ပါးသူကို အမှီသဟဲ မပြုခြင်း
၇။ ကြီးမားသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ခဲရင်းသော်လည်း တုန်လှုပ်မှု မရှိခြင်း
၈။ အစပြုခဲ့သည့်အရာများကို လက်စသတ်တတ်ခြင်း ဆိုတဲ့ အကြောင်းလေးတွေကိုသာ
လိုက်နာနေတယ်ဆိုရင်တော့ သင်ဟာ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ဦးဆိုတာ
ယုံမှားသံသယမရှိတော့ပါဘူး။

သင့်လုပ်ငန်းကို အောင်မြင်သင့်သလောက် မအောင်မြင်ရန် ဟန့်တားနေသည့်အရာမှာ
စိုးရွံ့ထိတ်လန့်တတ် ခြင်းပင် ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းအောင်မြင်အဆင်ပြေရန် ကြီးမားသော တံတိုင်းဖြစ်သည့် စိုးရွံ့ကြောက်ရွံ့ခြင်း ဆိုသည့်
တံတိုင်းကို ကျော်ဖြတ်ရပါမည်။

သင်မှာ ရင်ဆိုင်ရဲသည့် သတ္တိ အမှန်ပင်မွေးမြူနိုင်ပြီးဆိုရင် သင့်ဘ၀ စတင် နိုင်ပြီလို့ မှတ်ထားလိုက်ပါ။

အများစုမှာ အန္တရာယ်ကင်းကင်းနှင့် မိမိ၏အားကို မစိုက်ထုတ်ဘဲ လုပ်သားများ
ငှားရမ်းကာ အလုပ်လုပ်လိုကြပါတယ်။

စွန့်စားခြင်းကို ပြုသည့် ခြေလှမ်းကိုမလှမ်းရဲလျှင် ရှေ့တွင် စောင့်နေသည့် အခွင့်အလမ်း များအား
လက်လွတ်ဆုံးရှုံးရပါမယ်။

လူအတော်များများက ပေါ်ပေါက်လာမည့်အခွင့်အရေးများကို တစ်ဖက်သတ် စောင့်မျှော်လျက်ရှိကြတာကို တွေ့ရှိရပါတယ်။

သို့သော် ကျွန်မတို့သည် အခွင့်အရေးကို ကိုယ်တိုင်ဖန်တီးသူနှင့်အခွင့်အရေးများ ကျွန်မတို့အပေါ်သို့ သက်ရောက်လာရန်
ကိုယ်တိုင်ပြုလုပ်နိုင်သူများ ဖြစ်ပါတယ်။

အမှန်တကယ်တော့ အခြားသူများကသင့်ကို တွန်းအားပေးမည့်အဖြစ်၊ လက်ခံမည့်အဖြစ်၊ အကူအညီတို့ကို
စောင့်မနေဘဲ သင်က စတင် လှုပ်ရှားပါ။

ခုရှုပ်မှ နောင်ရှင်းဆိုသည့်အတိုင်းနောင်ဖြစ်လာမည့် ပြဿနာများအတွက် ယခုကတည်းက ကြိုတင် ရှင်းထုတ်လိုက်ပါ။

စွန့်ဦးတီထွင်ကြသူများသည် အမှားများ၊ ပြဿနာများနှင့်အများဆုံးကြုံတွေ့ကြရသူများဖြစ်ပြီး အောင်မြင်ခြင်း အသီးအပွင့်ကိုလည်း
စံစားကြရပါတယ်။

လုပ်ငန်းတစ်ခုလုပ်တာပဲဖြစ်ဖြစ်၊ စီးပွားရေးတစ်ခုကိုစတင်တော့မည့်သူပဲဖြစ်ဖြစ် အရင်ဆုံး သင်ဘာလိုချင်သည်ကို သင်ကိုယ်တိုင်
သိနေရပါမယ်။

အပြင်ပန်းမှ အလုပ်များကို ချောမွတ်အောင် ဦးစွာ လုပ်ပါ။

သင်လည်း ၀င်ဆန့်နိုင်စေပါ။ ပြီးမှ သင်၏အိမ်ကို တည်ဆောက်ပါ။

လက်တွေ့လုပ်ဆောင်ဖို့ တွန်းအားပေးပါ။ ကျွန်မတို့ရဲ့ လုပ်ငန်းအခြေအနေတည်ငြိမ်ရေးကို ဦးစားပေးပြီးမှ ကျွန်မတို့ရဲ့ကိုယ်ရေးကိုယ်တာနှင့်အိမ်တွင်းရေးကို ပို၍ သာယာအောင် စွမ်းဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။

စွန့်စားခြင်းတွေကိုလည်း လုပ်ဆောင်ဖို့ရန် မိမိကိုယ်၌ ဆန္ဒရှိဖို့လိုအပ်လှပါတယ်။

နောက်တစ်ချက်ကတော့ မှားရဲပါ။ အမှားသိပြီးအမှန်ပြင်နိုင်ဖို့ ကြိုးစားစေချင်ပါတယ်။

စွန့်ဦးတီထွင် ဦးရဲမြင့်ပြောသော စကားများလည်း ပြန်လည်တင်ပြချင်ပါသေးတယ်။
ကိုယ်ကျင့်တရား လက္ခဏာ (၂) ခုကတော့
၁။ အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး၊ ယဉ်ကျေးတာနဲ့ ရိုင်းစိုင်းတာကို
ခွဲခြားသိတဲ့ အရည်အချင်း။
၂။ မှန်တာ၊ ကောင်းတာ၊ ယဉ်ကျေးတာကို လုပ်ဖို့ သန္နိဌာန်ပဲ ဖြစ်တယ် လို့ ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက်-
စီးပွားရေးလုပ်ငန်းတစ်ခု ကြီးပွားတိုးတက်ဖို့အတွက်-
မိသားစုတစ်စုကြီးပွားတိုးတက်ဖို့အတွက်-

- ကိုယ်ကျင့်သီလဆိုတဲ့ အုတ်မြစ်ပေါ် တည်ဆောက်ရမယ်။

- ဒီကိုယ်ကျင့်သီလဟာ ကြီးပွားတိုးတက်ဖို့အတွက် အဓိက အစိတ်အပိုင်းဘဲ။

- အဓွန့်ရှည်ဖို့နဲ့ ကြီးပွားတိုးတက်ဖို့ တစ်ခုတည်းသော အာမခံချက်ဘဲ။

လုပ်ငန်းလုပ်ဆောင်စဉ် မလုပ်မဖြစ် လုပ်ဆောင်တတ်ရမည့် အရာမှာစုစည်းဦးဆောင်တတ်ရန် ဖြစ်ပါတယ်။

အရာရာကို စည်းစနစ်တကျ ထားရှိတတ်ခြင်းသည်သင့်လုပ်ငန်းကို ပို၍ လွယ်ကူချောမွတ်စွာ လည်ပတ်စေပါတယ်။

ကိုယ့်လုပ်ငန်းကို ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းတည်ဆောက်တတ်ဖို့အရေးကြီးပါတယ်။

သင် ပိုင်ဆိုင်သည့်အရာများကို စာရင်းအတိအကျသိခြင်း၊
သင့်လုပ်ငန်းတည်ရာ၏ ပတ်ဝန်းကျင်အနေအထားများကို လေ့လာခြင်း၊
သင့်စားသုံးသူများ၏ အမှာစာများ စာရင်းကို တိတိကျကျ ထားသိုမှတ်ထားခြင်း၊
နောက် ရှင်းလင်းကာ နားလည်လွယ်သည့် အလုပ် ညွှန်ကြားချက်များနှင့်
သင့်ဝန်ထမ်းများရဲ့ အ၀င်အထွက် စာရင်းများကိုလည်း ပြုစုရေးသားထားဖို့
လိုပါတယ်။
လူအများကို စုစည်းဦးဆောင်နိုင်သည့် အရည်အသွေးသည် အခြားသောအရည်အသွေးများကဲ့သို့ တစ်စတစ်စ တိုးပွားလာစေရန် ပြုလုပ်ယူနိုင်ပါတယ်။

ဒီအပိုင်းမှာဆိုရင် သင်က အားနည်းသည်ဆိုရင် ထိုအရာကိုရှောင်တိမ်းခြင်းမပြုဘဲ တိုးတက်အောင် လုပ်ဆောင်စေချင်ပါတယ်။

ဦးစီးဦးဆောင်မှုအရာ၌ ကျွမ်းကျင်သူအား အားကိုးကာသင့်လုပ်ငန်းတိုးတက်ရေးအတွက် ကြီးကြပ် အကြံပြုဖို့ တိုက်တွန်းပါတယ်။

သတိကြီးစွာ ထားပြီး ဆက်လက်လုပ်ဆောင်သွားရင်း သင်ယူသွားမယ်ဆိုရင် တော့သင်ရဲ့ ဦးစီးဦးဆောင်နိုင်တဲ့ အရည်အချင်းတွေ တိုးတက်လာမယ်လို့ ကျွန်မပြောပါရစေ။

ပညာရှင်တစ်ဦး၏ ဖွင့်ဆိုချက်လေးကလည်း မှတ်သားစရာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

- `ပညာရေး´ ဆိုတာ နိုင်ငံသားကောင်း (Good Citizen) မွေးထုတ်ခြင်းကို
ရှေးဂရိခေတ်မှသည် မျက်မှောက်ခေတ် ပညာရေး ဒဿနထိ လက်ခံထားပါသည်။

- `နိုင်ငံသားကောင်း´ ဆိုတာ `ကိုယ်ကျင့်တရား´ (Ethics) ကောင်းပြီး
နိုင်ငံအကျိုး၊ အများအကျိုးကို လိုလားတဲ့ စိတ်ထား အခြေခံပြီးအလုပ်လုပ်တဲ့သူပါ။

Message : ကိုယ်ကျင့်တရားကောင်းမှ နိုင်ငံ့သားကောင်း ဖြစ်ပါမည်။

ဂုဏ်သိက္ခာ
`ကိုယ့်မှာရှိတာလေးနဲ့ လောက်အောင်နေတာလောက် အထင်ကြီးစရာကောင်းတဲ့ ဂုဏ်သိက္ခာမရှိဘူး။
(There is no dignity quite so impressive as living within your means)
Calvin Coolidge
(30th President of USA)

အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တွေကို ကြည့်မယ်ဆိုရင် ဘာကြောင့်အောင်မြင်ကြသနည်း။

ဘယ်အရာ က သူတို့မှာ ပိုမိုတိုးတက်အောင်ကြံဆောင်ပေးနေသလဲ။ ကျွန်မ လေ့လာမိသလောက် ပြောရရင်ဖြင့် အောင်မြင်သည်
ဆိုသူများသည် အခြားတစ်ပါးသော သူများထံမှ ကြိုးကြိုးနွံနွံသင်ယူခံကြသူများ ဖြစ်ကြပါတယ်။

စိတ်နူးညံ့သိမ်မွေ့သော သူတို့သည်မင်္ဂလာရှိကြပါတယ်။

စိတ်နှလုံးနှိမ့်ချတတ်သောသူများက အများအားဖြင့်နားထောင်ပြီး ရှင်သန်ကြီးထွား နိုင်ကြပါတယ်။ နှိမ့်ချခြင်းဆိုတာမှာလည်း
အတိုင်းအတာ အကန့်အသတ်လေးတွေ ရှိကြပါတယ်။

အခြားသူတွေကို သူတို့ကစုံလုံးပစ် မှီခိုခြင်း မဟုတ်ကြပါဘူး။

နှိမ့်ချလိုက်ခြင်း၊ကြိုးနွံခြင်းတို့ရဲ့ နောက်ကွယ်မှာသင်ယူရန်၊တိုးတက်ရန်လက်စဖွင့်လိုက်ခြင်းတွေသာ ဖြစ်ကြပါတယ်။ နှိမ့်ချခြင်းဟာ လူအများနှင့်ပေါင်းသင်း ဆက်ဆံမှုအတွက် ပေါင်းကူး တံတားကြီးပင် ဖြစ်ပါတော့တယ်။

မနောဖြူလေး

မိန်းမနဲ့ပတ်သက်သော အဆိုအမိန့်များ

 


ကမ္ဘာကျော်ပညာရှင်ကြီးများရဲ့ ( မိန်းမနဲ့ ) ပတ်သက်သော အဆိုအမိန့်များ
ကမ္ဘာကျော်ပညာရှိကြီးများတောင် အဆိုအမိန့်တွေနဲ့ ထားခဲ့လောက်အောင် ကိုယ်တို့မိန်းမသားများရဲ့ လက္ခဏာတွေဟာ ထင်ရှားကျော်ဇောခဲ့ပါတယ် ။
ဒါကြောင့် မိန်းမဆိုတဲ့ဘ၀ကို ခပ်ပေါ့ပေါ့လေး နိမ့်ကျပါတယ်လို့ထင်မြင်ယူဆနေတတ်တဲ့ သူများအတွက် ဘယ်လိုကမ္ဘာကျော်များက သြချခဲ့ရတဲ့ မိန်းမတွေ ပတ်သပ်တဲ့ အဆိုအမိန့်တွေကို သုတတခုအနေနဲ့ တင်ပြပေးပါ့မယ် ။ သင်တို့အလေးအမြတ်ထားတဲ့ အမေဆိုတာ မိန်းမကနေသက်ဆင်းလာတာပါ ။

မထေမဲ့ခြင်း မိန်းမများအပေါ်မှာ ယူဆခြင်း အထင်အမြင်သေးခြင်းတွေစုပုံနေတတ်သူတွေအတွက် မိန်းမဆိုတာအမေတစ်ပါးမို့သင့်ရဲ့လက်တွဲဖော်ကိုသင့်ရဲ့အမေသို့မဟုတ်အမညီမလေးကဲ့သို့
မြင်အောင်ရူ့၍ လေးစားချစ်ဝင် ကြီးမြတ်စေချင်တဲ့ စေတနာကြောင့် ယခုတင်ပြပေးလိုက်တဲ့ အဆိုအမိန့်တွေကိုသင်နားလည်လက်ခံသဘောပေါက်မယ်ဆိုရင် ကောင်းခြင်းဆိုးခြင်းဒွန်တွဲနေတတ်တဲ့
လောကသဘာဝအရ အသိအမြင်ကျယ်ပြန့်စွာနဲ့ သက်ဝင်ခံစားနိုင်ပါစေလို့..။



ဂျော့ကုတ်လိုင်းကတော့ ............မိန်းမအတွက် သင်ကိုယ်တိုင် လုပ်ထားတာကို မိန်းမတွေက မမြင်တတ်ကြဘူး လုပ်မပေးရသေးတာကိုပဲမြင်တတ်ကြတယ် လို့ဆိုပါတယ် ။

မာနထောင်လွှားတဲ့ မိန်းမဟာ အရှက်တကွဲဖြစ်တတ်ပြီး စိတ်နှိမ့်ချတဲ့ မိန်းမက ပညာတတ်ဖြစ်တယ်လို့ပညာရှင်တစ်ယောက်ကဆိုပါတယ် ။

နေရူးကတော့.....................ကျွန်ုပ်ဇနီးရဲ့ မြင့်မြတ်တဲ့ အပြုအမူကြောင့် ကျွနုပ်ဟာ ကျေးဇူးကြွေးမြီတင်ရှိနေပါတယ်လို့ဆိုပါတယ် နော်...။

လော့ကင်နီဝင်က....................ကျွနုပ်ရဲ့ အောင်မြင်ခြင်းတွေမှာ ကျွနုပ်မိန်းမရဲ့ အထောက်အပံ့ တစ်ဝတ်ပါတယ်လို့ ပြောသွားပါတယ်။
မိန်းမမျက်ရည်ဟာ အသံမထွက်တဲ့ ဟောပြောချက်ပါလို့............ဖလက်ဖျာအင်ပိုးမွန်က ဆိုပါတယ်.......။



ဗြူမောင်ကတော့............မိန်းမတွေရဲ့ အချစ်ရှိရာ သွားရာလမ်းများထဲမှာ သနားကြင်နာမူတည်းဟူတဲ့ လမ်းဟာ အဖြောင့်တန်းဆုံးလို့သူကဆိုပါတယ် ။

သီအိုဒိုလိုက်ကတော့..........................မိန်းမတွေရဲ့ ပတ်သက်လာရင် ပညာအရှိဆုံးဆိုသူတွေတောင် မိမိကိုယ်ကို အရူးအဖြစ်ခံကြတယ် ။
ယောကျာ်းတွေနဲ့ပတ်သက်လာရင်တော့အမိုက်မဲဆုံးမိန်းမတွေတောင်အသိဥာဏ်မမဲ့ကြဘူးလို့ပြောပါတယ်။

ကလေးတစ်ယောက် စာရိတ္တကောင်းလာမယ် မကောင်းလာဘူးဆိုတာ မိခင်အပေါ်မှာ မူတည်ပါတယ်လို့ နပိုလီယန် ကဆိုခဲ့ပါတယ် ။

ရှိတ်စပီးယားကတော့................မိန်းမပေါ့တစ်ဦးဟာ ခင်ပွန်းသည်ကိုဝန်တာလေးစေသူလို့ဆိုခဲ့ပါတယ် ။

ဖရက် ဒရီကာဖရီးမာရီကတော့........................မိန်းမတစ်ယောက်ဟာ လောကရဲ့ လူ့ဘ၀နဲ့ အလှတရားကို သိရှိနားလည်လို့ရှိရင် လင်ကို လုပ်ကျွေးပြီးပျော်ရွင်စေရမယ်လို့ပြောပါတယ် ။

ဆင်နိုမိုက်က.....................လောကရှိ ကောင်းမြတ်တဲ့ အရာတွေထဲမှာ အကောင်းဆုံးတွေထဲမှာ ဇနီး မိန်းမကောင်းလည်း ပါပါတယ်လို့။

ဒေါက်တာ ဂျေ၊ ဗီ ၊ စီ စမစ်ကတော့.....................မိန်းမတို့သည် မျက်လုံး၏ အစွမ်းဖြင့် စစ်သူရဲကောင်းကြီးများကို ဒူးထောက်လာအောင် ပြုနိုင်စွမ်းတယ်လို့ ဆိုခဲ့ပြန်တယ်နော် ။

ယူဂျင်းဆူးကတော့........................မျက်လုံးတို့သည် အပျိုမတို့၏ အသည်းနှလုံးပြတင်းပေါက်များဖြစ်သည်။ သင်သည် ထိုလမ်းမှ ၀င်ရာ၏လို့လမ်းညွန်ခဲ့တယ်နော် ....။

မစ္စစ် ဆီဂါနီ က.........................မိန်းမတို့၏ ၀ိညာဉ်သည် ချစ်ခြင်းမေတ္တာ၌မွေ့လျော်သည်လို့ဆိုပါတယ် ။



အယ်လ်ဖုန်းဆိုကားကတော့......................မိန်းမတို့၏ အကြည့်များသည် သူတို့နူတ်မှ မထွက်ရဲသော စကားများကို ပြောကြသည်တဲ့ ။

သက္ကရေး ဆိုသူကတော့..................မိန်းမတို့၏ သဘာဝကို ယောကျာ်းသည် တဖြည်းဖြည်း အသက်ကြီးပြင်းလာမှသာ သိနားလည်လာကြတယ်လို့ဆိုခဲ့တယ် ။

ဝိုတ်တလီကတော့..................မိန်းမသည် ကျူပင်နှင့်တူ၏ ။ ကျူပင်သည် လေပြေ လေညင်းတိုက်ခတ်ရုံနှင့်ယိမ်းနွဲ့တတ်၏။သို့သော်မုန်တိုင်းတိုက်သော်မှမကျိုးပြတ်ချေ။

ဘိုင်ရွန်ကတော့......................ယောကျာ်းတစ်ယောက်ရဲ့ အချစ်ဟာသူဘ၀ရဲ့အစိတ်အပိုင်းလေးတစ်ခုပါ ။
မိန်းမရဲ့ အချစ်ကတော့သူ့ဘ၀တစ်လျောက်လုံးအတွက်ဖြစ်တယ်လို့ဆိုပါတယ် ။

အော်စကာ ၀ိုင်းလ်က............................ယောက်ျားများသည် ဘ၀၏ အကြောင်းကို စောစောသိကြတယ် ။ မိန်းမတို့က နောင်းမှသာသိကြတယ်လို့ ဆိုခဲ့ပါတယ် ။

ဗောမောင့်ကတော့......................မိန်းမတစ်ယောက်ရဲ့ အချစ်ကို ရဖို့ ဦးတည်နေတဲ့ လမ်းများအနက် သနားကြင်နာခြင်းဆိုတဲ့ လမ်းကအဖြောင့်တန်းဆုံးလို့ဆိုပါတယ် ။

ဘားနက်ရှောကတော့.........................အိမ်သည် မိန်းမပျို၏ အကျဉ်းထောင်ဖြစ်ပြီး အိမ်ရှင်မ၏ အလုပ်စခန်းဖြစ်တယ်တဲ့။

ဂျိုးအင်ဒန်ဘွန်ဒယ်ကတော့.......................မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ထောင်ထက် ပိုပြီးစွမ်းအားရှိပါတယ်တဲ့ ။

အိုင်ဖင်တာဂျန်ဖ်ကတော့........................ယောက်ျားတွေဟာ အားငယ်တတ်တယ် မိန်းမကစိတ်ဓာတ်ခိုင်မာတယ်လို့ဆိုတယ် ။

သီရှီဒိုဘွန်ဟစ်ပတ်ကတော့..................မိန်းမတွေဟာ လူသားအစဉ်အဆက်ရဲ့ရှေးဦးပထမ ပညာပေးသူများပါတဲ့ ။

ဘားလ်ဝါးကတော့ ..................မိန်းမတို့ရဲ့ အသည်းနှလုံးဟာ စဉ်းစာတတ်ကြပါတယ် အဲဒါကြောင့်ဘယ်အရာမဆို ပြုတိုင်းမှာ သုံးပုံနှစ်ပုံမှားယွင်းပြီးဒုက္ခရောက်ကြတယ်လို့။

မေဒမ်ဒူဒန်က...........................အချစ်သည် မိန်းမတို့၏ပါရမှီ ဖြစ်တယ်လို့ဆိုခဲ့ပါတယ် ။

ဆိုင်းရပ်ကတော့............မိန်းမဆိုတာချစ်ရင်ချစ်တယ်မုန်းရင်မုန်းတယ်သူတို့မှာအချစ်အမုန်းမရှိပါဘူးတဲ့ ။

ဘေကွန်ကတော့....................ဇနီးမယားဟာ လူငယ်များအတွက် အိမ်ရှင်မများဖြစ်ကြတယ် လူလတ်များအတွက် အဖော်မွန်တွေဖြစ်ပြီးအသက်ကြီးသူတွေအတွက်တော့ သူနာပြုတွေလို့ဆိုခဲ့ပါတယ် ။

ဘော်လ်ဇတ် ဆိုသူက....................မိန်းမတို့၏ ဘ၀ကားသူတို့ချစ်အပ်သော ယောကျာ်းများးးအတွက် သာယာခြင်း ချစ်ခြင်းနှင့် ဒုက္ခခံစားခြင်းတို့သာဖြစ်ပါတယ်တဲ့ ။

ကားတစ်စ်ကတော့....................လူ့ယဉ်ကျေးမူ့ကို ချိန်ဆနိုင်ဖို့ မိန်းမတို့ကို ခန့်မှန်းရန်လိုပါတယ်တဲ့ ။

ဖူးလားဆိုသူက....................အိမ်ထောင်ပြုတော့မယ်ဆိုရင်မိန်းမကောင်းတစ်ဥင်္ီး၏သမီးကိုသာ
ရွေးချယ်ပါတဲ့ ။

ဒူဗေ ဆိုသူကတော့........................မိန်းမသည် ယောကျာ်းထက် အချစ်ပိုသည်ကို မဆုံးဖြတ်နိုင် သို့သော် ချစ်ရာတွင် မိန်းမက ပိုသည်မူကားမငြင်းနိုင်ပါဘူးတဲ့ ။

အော်စကာဝိုင်းလ် ဆိုသူက......................ဆေးခြယ်ထားသော မိန်းမနှင့် သဘာဝအတိုင်းလှနေသော မိန်းမဆိုပြီး နှစ်မျိးနှစ်စားရှိပါတယ်တဲ့။

ပညာရှိတစ်ယောက်ကတော့ ဇနီးကောင်းတစ်ဦးရထားရင် ဆင်းရဲနေလည်းအရေးမကြီးပါဘူးတဲ့ ဇနီးကောင်း မရှိတော့ ချမ်းသာနေလည်းအလကားပါတဲ့နော် ။

ဂျော့အဲလစ် ကတော့...........................မိန်းမတွေမိုက်ကန်းတယ်ဆိုတာ မငြင်းဘူး ဘုရားသခင်ကလည်း မိန်းမတွေကို ယောကျာ်းတွေနဲ့ယှဉ်ပြိုင်ဖို့ ဖန်တီးခဲ့တာကိုးတဲ့ ။

လော့ဘီဂါကတော့......................မိန်းမတစ်ဦးရဲ့ စိတ်သဘောထားဟာ အစွန်းနှစ်ဖတ်ပေါ်မူတည်နေပါတယ် အဲဒါက ချစ်ခြင်းနဲ့ကလဲ့စားချေခြင်း။

အိုဘစ်က.............................မိန်းမတစ်ယောက်ဟာ ချစ်တယ်ပြောပြော မုန်းတယ်ဆိုဆို ချစ်ပါရစေလို့ပြောတာကို အမြဲလိုလားနှစ်သက်နေတာပါတဲ့ ။

အင်ဒရိမော်ရိ ဆိုသူက.........................မိန်းကလေးကပြောလို့ ယောက်ျားတွေ ချစ်တာမှမဟုတ်တာဘဲ မိန်းကလေးကိုချစ်လို့သာ မိန်းကလေးပြောတဲ့စကားကို နှစ်သက်တာပါတဲ့ ။

ပလူတဆိုသူကတော့.................မိန်းမတစ်ယောက်ရဲ့ အလုပ်ဆိုတာ အိမ်မှာနေရမယ် စကားများများ အပြောပဲ ဆိတ်ဆိတ်နေရမယ်လို့ဆိုပြန်ပါတယ် ။

ဘာဂျီဆိုသူက..........................မိန်းမဆိုတာ အမြဲပြောင်းလည်းနေတယ် စိတ်မတည်ငြိမ်ဘူးဆိုပါတယ် ။

ဘိုးဖို့ကီ ကတော့...............................လူ့ရဲ့ အနာဂတ်ဟာ မိန်းမရဲ့ ရင်ခွင်မှာပါ လောကကြီး ဆုံးရုံးတာကို ကယ်နိုင်ဖို့ မိန်းမတွေသာ ရှိပါတယ်တဲ့ ။

ဒေါ်ရော်သီဒစ်ကတော့................................လင်နဲ့မယားတစ်ရာမှာ ငါးဆယ် စိတ်မချမ်းသာဖြစ်ရတာဟာ တစ်ဦးကိုတစ်ဦး ဆူပူကြိမ်းမောင်းနေကြလို့ပါတဲ့ ။

ဝါနာဘတ်စတာ ကတော့..............................မိန်းမတွေ လင်နဲ့ နေရတာ ပျော်တယ်ဆိုတာ တခြားမဟုတ်ဘူးတဲ့ လင်ရဲ့ချီးကျူးတာနဲ့မယားအပေါ်စွဲစွဲလမ်းလမ်း ရှိတဲ့ အရသာကို ခံစားတာပဲဖြစ်တယ် လင်ရဲ့စွဲလမ်းခြင်းနဲ့ ချီးကျူးခြင်းတွေက အစစ်အမှန်ဖြစ်ရင် လင်ဖြစ်သူမှာလည်းအလိုလို ချမ်းသာလာပါလိမ့်မယ်တဲ့ ။



ဂျော့ဖာကူယာ ကတော့........................မာနဟာ မိန်းမရဲ့ ဘဝပါတဲ့ မြောက်ပင့်ပေးတာက သူရဲ့နေ့စဉ်အစားအစာပါတဲ့ ။

ဂျာမန်စကားပုံတစ်ခုကတော့ မိန်းမတွေရဲ့ နာက အချစ် စတင်ဝင်ပေါက်ပါတဲ့ ။

အဲဟစ်ကောင်းသွန်နေး ကတော့............................မိန်းမ မိခင် မရှိတဲ့ နန်းတော်ထက် ပိုမိုကြီးမြတ်တတတတဲ့အဆောက်အအုံဟာအိမ်မဟုတ်မိခင်နေထိုင်တဲ့တစ်ဘတ်ရပ်တဲ့ကလေးသာ
ဖြစ်ပါတယ် လိုဆိုပါတယ် ။

အက်ဒ၀စ် ဆိုသူကတော့...........................မိန်းမမိခင်တွေရဲ့ အလှအပ စွမ်းအားသတ္တိ အင်အားကြီးမူ့မကို ဘယ်ဘာသာစကားကမှ ပြည့်စုံအောင် မဖော်ကျူးနိုင်ပါဘူးတဲ့နော် ။

မစ္စက်ဖလက်ရှာ ဆိုသူကတော့.....................မေတ္တာတရားခေါင်းပါး၍ အကြင်နာတရားကင်းမဲ့သော ဤကမ္ဘာမြေကြီးမှာ စွမ်းအားအကြီးမားဆုံး အနက်ရိုင်းဆုံးနှင့် ထာဝရ ရှင်သန်နေသော မေတ္တာကို မိန်းမ မိခင်တွေရဲ့ နှလုံးသား မှာ အစဉ်တွေ့မြင်နိုင်ပါတယ်လို့ ဆိုခဲ့ပါတယ် ။

ဒါကြောင့် မိန်းမ မရှိတဲ့ ကမ္ဘာလောကကြီးဟာ ဆိတ်သုံးပျောက်ကွယ်သွားနိုင်တာမို့ မရှိလည်းကောင်းရှိလည်းသာယာချမ်းမြေ့မူ့များစွာပေးစွမ်းနိုင်တဲ့မိန်းမတွေကိုကံကောင်းခြင်းလက်ဆောင်
တွေသယ်ဆောင်ပေးပြီး အမှားရှိကလမ်းမှန်ပြ၍ ကိုယ်၏ အမိ နှမ ညီမလေးကဲ့သို့ စိတ်ကိုယ်မှာတွေ့လို့သာသာယာယာခွန်းတုန့်စွာဖြင့် ကိုယ်ကျင့်တရားယွင်းမမှားစေပဲ သိက္ခာကိုခြုံ ကိုယ်ကိုလုံစေအပ်၍ မိန်းကလေးများကလည်း တော်ဝင်မြင့်မြတ် မိန်းမဆိုတဲ့ဘ၀ကို တန်ဘိုးမြင့်၍ ကိုယ့်ကို ကိုယ်သင် လမ်းကောင်းထွင်၍ နှင်းဆီ သဇင် တော်ဝင်မြတ်ပန်း လူတိုင်းကမ်းချင်တဲ့ မိန်းမကောင်းလေးများအဖြစ် ကိုယ့်ဘ၀ကို ကိုယ်ဆင့်၍ မြင့်မားတော်ဝင် ပွဲတိုင်းဝင်သော အမျိုးသမီး မိန်းမကောင်း မိန်းမမြတ်များ ဖြစ်ပါစေလို့ ဆုမွန်ချွေရင်

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ



(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက် ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။
(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေ နဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြ ပါတယ်။

(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုး စားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာ ခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်း ရှိပါတယ်။ဦးနှောက်ရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက် သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ် တန့်သွားပြီး နှာခေါင်းနဲ့နားရွက် ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။

(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုး အဆစ်တွေ ဟာ နေ့ခင်းပိုင်း မှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ် သွားလေ့ရှိပါတယ်။

(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး ဖြစ်ပါတယ်။

(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက် တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။

(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ။

(30)မိနစ်တိုင်းမိနစ်တိုင်းမှာခန္ဓာကိုယ်ပေါ်ကမီလျံသန်းတစ်ရာမျှသောဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ ကြာ အသက်ရှင်နေနိုင်ပါ တယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ် ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ် ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်။

(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေး အမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုးအစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေ အသက် ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါ တယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရ ပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲ သုံးစရာလိုပါတယ် တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန် ရအောင် အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။တကယ်လို့များပေါ့...ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့ လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ် သက်ကြောင်းလည်းအမူအရာနဲ့မျက်မှောင်ကြုတ်ပြမနေပါနဲ့...။အလွယ်ဆုံးနည်းဖြစ်တဲ့...ကြွက်သားလေးခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...

(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သောအံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာ ရှင်တွေ ယနေ့တိုင်ရှာတွေ့နေ ဆဲပါ။ ဒီပိုစ့်နဲ့ပတ်သက်သော အချက်အလက်များ ကိုတော့ OddStuff Magazine ပါ ဆောင်းပါးတစ်ပုဒ်မှ Share လုပ်ခြင်း ဖြစ်ပါကြောင်း)

Credit to : နေခရမ်း

Related Posts Plugin for WordPress, Blogger...