Saturday, August 24, 2013

The Contestants of Miss Supranational 2013

Miss Supranational Myanmar - Khin Wint Wah 

Miss Supranational Algeria - Sarah Tarchid

Miss Supranational Rwanda - Aurore Mutesi

Miss Supranational Canada - Suzette Hernandez



Miss Supranational Argentina - Juliana Kawka



Miss Supranational Poland - Angelika Ogryzek



Miss Supranational Indonesia - Cok Istri Krisnanda


Miss Supranational Haiti - Manouchka Luberisse

Miss Supranational Nigeria - Neri Omoregie 


Miss Supranational El Salvador - Metzi Solano 

Miss Supranational Belize - Jessel Lauriano

Miss Supranational Belarus - Veronika Chachina


Miss Supranational Mexico - Jacqueline Morales 

Miss Supranational Northern Ireland - Chloe Marsden

Miss Supranational Sri Lanka - Gayesha Wickramarachchige


Miss Supranational Romania - Natalia Rus


Miss Supranational Costa Rica - Elena Correa

Miss Supranational Ecuador - Giuliana Villavicencio



Miss Supranational Cameroon - Johanna Medjo


Miss Supranational Honduras - Andrea Lopez




Miss Supranational Luxembourg - Heloise Paulmier


Miss Supranational Russia - Yana Dubnik

Miss Supranational Latvia - Diana Kubasova


Miss Supranational Portugal - Bruna Monteiro


Miss Supranational Belgium - Karen Op't Eynde

Miss Supranational Azerbaijan - Samira Akmanova

Miss Supranational France - Camille René


Miss Supranational Dominican Republic - Alba Aquino

Miss Supranational Wales - Fallon Robinson



Miss Supranational Namibia - Salmi Nambinga



Miss Supranational Spain - Eva Rogel

Miss Supranational Switzerland - Joana Loureiro



Miss Supranational Norway - Marie Peter

Miss Suipranational Finland - Asal Bargh 

Miss Supranational Martinique - Cindy Joli



Miss Supranational Jamaica - Maurita Robinson


Miss Supranational Hong Kong - Sisi Wang


Miss Supranational Japan - Sayaka Ishii


Miss Supranational Albania - Deisa Shehaj


Miss Supranational Togo - Armande Akumah


Miss Supranational Kosovo - Ramela Koleci

Miss Supranational Uruguay - Agustina Mederos

Miss Supranational Germany - Jackeline Dobritzsch

Miss Supranational Thailand - Thanyaporn Srisen 

Miss Supranational Estonia - Xenia Likhacheva


Miss Supranational Philippines - Mutya Datul

Miss Supranational Suriname - Jaleeza Weibolt 


Miss Supranational Vietnam - Jewaria Luu


Miss Supranational Netherlands - Leila Aigbedion



Miss Supranational Curacao - Xiohenne Renita

Miss Supranational India - Vijaya Sharma 


Miss Supranational Zimbabwe - Rie Mathe


Miss Supranational Ethiopia - Nardos Kinde


Miss Supranational Gabon - Hillary Ondo


Miss Supranational USA - Kristy Abreu


Miss Supranational Hungary - Anett Szigethy


Miss Supranational Botswana - Shine Tlape


Miss Supranational Australia - Esma Voloder


Miss Supranational Moldova - Valeria Donu




Miss Supranational Equatorial Guinea - Lisa Ngonde



 


Miss Supranational Czech Republic - Lucie Klukava



Miss Supranational Nicaragua - Alejandra Gross 


Miss Supranational Italy - Laura Piras


Miss Supranational China - Qiang Liu


Miss Supranational Sweden - Sally Lindgren

Miss Supranational Denmark - Alexandria Eissinger 


Miss Supranational Brazil - Raquel Benetti


Miss Supranational Reunion Islands - Julie Nauche

Miss Supranational Bolivia - Teresa Talamas


Miss Supranational Tanzania - Winfrida Michael

Miss Supranational U.S. Virgin Islands - Esonica Veira


Miss Supranational Ivory Coast - Reine Victoire Aka

Miss Supranational Venezuela - Annie Fuenmayor

Miss Supranational Panama - Yinnela Yero



Miss Supranational Slovak Republic - Luciana Cvirkova

Miss Supranational Sierra Leone - Suad Dukuray


Miss Supranational Turkey - Leyla Köse



Miss Supranational Martinique - Cindy Joli


Miss Supranational Northern Ireland - Chloe Marsden





Miss Supranational Serbia - Tanja Cupic



Miss Supranational Guadeloupe - Elodie Odadan


Miss Supranational Ukraine - Kateryna Sandulova

Miss Supranational Guatemala - Ana Rodas



Miss Supranational Malaysia - Nancy Marcus


Miss Supranational Ghana - Getty Baffoa


Miss Supranational England - Rachel Christie 



Miss Supranational Belarus - Veronika Chachina


Miss Supranational New Zealand - Chané Berghorst

Miss Supranational Iceland - Fanney Ingvarsdottir

Miss Supranational Colombia - Isabel Cristina Asprilla




Miss Supranational Puerto Rico - Desiree Del Rio


Miss Supranational South Africa - Natasha Pretorius


Miss Supranational Bahamas - Lataj Henfield


Miss Supranational Macau - Sarah Leyshan 



Miss Supranational Georgia - Nino Gulikashvili 


Miss Supranational Scotland - Gemma Palmer



သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု ကျောင်းသားများနှင့် မသက်ဆိုင်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် သူငယ်တန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံမှုနှင့် ပတ်သက်၍ အခြေခံပညာ မူလတန်းကျောင်းရှိ အတန်းဖော် ကျောင်းသားများနှင့် ပတ်သက်မှုမရှိကြောင်း မှုခင်းတပ်ဖွဲ့ (CID) မှ ပြောကြားကြောင်း အဆိုပါ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက The Voice သို့ ပြောကြားသည်။

“ကျောင်းကို အဲဒီနေ့ (သြဂုတ် ၇ ရက်နေ့) ညနေ ၃ နာရီခွဲ ကျောင်းလွှတ်ချိန်လောက်မှာ CID က ဆိုပြီး လူသုံးဦး လာတယ်။ မြေပြင်အနေအထားကို စစ်ဆေးတယ်။ ၈ ရက်နေ့ နံနက်မှာ တစ်ခေါက်လာပြီး သူတို့ စစ်ဆေးသုံးသပ်ချက်အရ ကျောင်းနဲ့ ပတ်သက်မှု မရှိပါဘူး။ ကလေးမိဘတွေကိုလည်း အကြောင်းကြားပေးပါလို့ ပြောသွား တယ်” ဟု ၎င်းက ဆိုသည်။

မုဒိမ်းမှု ကျူးလွန်ခံရသော ကျောင်းသူက အတန်းဖော်တစ်ဦးက ကျောင်း အိမ်သာတွင် ကျူးလွန်ပါသည်ဟု အဓမ္မပြုခံရသည့် ဒုတိယအကြိမ် ထွက်ချက်တွင် ပြောကြားချက်သည် ပထမအကြိမ် ထွက်ဆိုစဉ်က အချက်များနှင့် ကွဲလွဲနေသောကြောင့် သူငယ်တန်းအရွယ် ကျောင်းသားများ အစစ်ခံရမည်ကို ကျောင်းသားမိဘများက စိုးရိမ်ခဲ့ကြောင်း ကျောင်းသားမိဘများက ပြောကြားသည်။

“ကျွန်တော့်ဆီကိုတော့ CID တပ်ဖွဲ့ဝင်တွေ တစ်ရက်ခြား၊ နှစ်ရက်ခြားလောက် ရောက်လာကြတယ်၊ စစ်ဆေးနေဆဲပဲလို့ သိရတယ်။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်မသိဘူး” ဟု ရွှေပျောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

စာသင်ကျောင်းဝင်းအတွင်း အဓမ္မပြုကျင့်ခံရမှု ဖြစ်နိုင်ခြေ မရှိကြောင်းကို CID ၏ စစ်ဆေးချက်အရ သိရှိရသဖြင့် ကျောင်းသားမိဘများမှာ စိတ်ချမ်းသာကြောင်း အဆိုပါကျောင်းသူ အဓမ္မပြုကျင့် ခံရသည်နှင့် ပတ်သက်၍ သံသယဖြစ်သည်ဟု စွပ်စွဲခံရသူ အတန်းဖော်ကျောင်းသားများ၏ မိဘတစ်ဦးက The Voice သို့ ပြောကြားသည်။

အခြေခံပညာ မူလတန်းကျောင်းသည် အလျား ပေ ၁၀၀၊ အနံ ပေ ၁၀၀ ဝန်းကျင်သာရှိပြီး ကျောင်းနှင့် အိမ်သာမှာ ပေ ၂၀ ခန့်သာ ဝေးသဖြင့် ကျောင်းဧရိယာ ကျဉ်းကျဉ်းတွင် အဓမ္မမှု မဖြစ်နိုင်ကြောင်းကို ကျောင်းအုပ်ကြီးက ပြောကြားသည်။


အဓမ္မပြုခံရသည့် ကလေးငယ်သည် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မှုခင်းဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၊ မွေးစားမိခင်နှင့် ကျေးဇူးရှင် ဘုန်းတော်ကြီးတို့၏ ရှေ့မှောက်တွင် ကနဦး ထွက်ဆိုခဲ့စဉ်က ၎င်းနေထိုင်ရာ တည်းခိုရိပ်သာအတွင်းရှိ ကောက်ရိုးပုံတွင် လူကြီးတစ်ဦးက ပြုကျင့်ပါ သည်ဟု ထွက်ဆိုခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် မှုခင်းကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ ဆေးစစ်ချက်အရ အဓမ္မပြုကျင့်ခံရသည်မှာ သေချာကြောင်း သို့သော် ကလေးချင်း ကျူးလွန်ခြင်း မဖြစ်နိုင်ကြောင်းကို ဆေးပညာအရ သိနိုင် ကြောင်း ကျောက်တန်းမြို့နယ်ဆေးရုံမှ လက်ထောက်ဆရာဝန်တစ်ဦးက The Voice သို့ ပြောဆိုထားသည်။

ဖွေးဖွေး - မိန်းမပိုဆန်လာတာ ဘာကြောင့်လဲ မိန်းကလေးအချင်းချင်းပဲသိမှာပါ


ဖွေးဖွေးပါဝင်သရုပ်ဆောင် ထားတဲ့ Colourful Lesson ဇာတ် ကားက သူရိုက်ခဲ့တာ ရုပ်ရှင်ဆိုပြီး ရိုက်ခဲ့တာ ခုရုပ်ရှင်အဖြစ် ပြသခွင့် ပြန်တင်နေတာနဲ့ပတ်သက်ပြီး သူ နားမလည်ဘူး။ ထုတ်လုပ်သူပဲ သိပါ လိမ့်မယ်လို့ ပြောပါတယ်။ သူက တော့ သူပါဝင်တဲ့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုပဲဖြစ်ဖြစ် အကောင်းဆုံးကြိုး စားသရုပ်ဆောင်ခဲ့ပြီး ကြီးကြီးမား မားမျှော်မှန်းချက် ဘာမှမရှိဘူးလို့ ဆိုပါတယ်။ သူက ၀ါသနာပါတဲ့ အလုပ်တစ်ခုလို လုပ်ခွင့်ရနေတာနဲ့ တင်ပျော်ရွှင်ပါတယ်။ ၂၅နှစ်ပြည့် မွေးနေ့ပွဲအတွက် မေးထားတဲ့ မေး ခွန်းများကို ဖြေဆိုပေးခဲ့တဲ့ ပရိသတ် များကို ကျေးဇူးတင်ပါတယ်။ ဒီနှစ် မှာ မဆုံဖြစ်ခဲ့ပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဆုံနိုင်ခွင့်ရလိမ့်မယ် လို့ယုံကြည်ပါတယ်တဲ့ ...

Q. ဖွေး ဒီနှစ်ချစ်သူဆီက ဘာ လက်ဆောင်ရလဲ

A. ရှူးတိုးတိုး

Q. ဖွေးဖွေးကို ဘယ်လောက် သိလဲမေးခွန်းတွေက မများလွန်းဘူးလား

A. မေးခွန်းတွေက ဖွေးဖွေးရယ်၊ အမေရယ်၊ ကိုဝိုင်းရယ် တိုင်ပင်ပြီးမေးကြတာ။ ဖွေး ဒီအနုပညာ အလုပ်လုပ်ကတည်းက ပရိသတ်နဲ့ ရင်ဘတ်ချင်းဆက်ပြီး ခံစားတယ်။ ငါသာ ပရိသတ်နေရာမှာဆိုရင် ဒီ လိုမျိုးကြိုက်ပါ့မလားဆိုပြီး ပရိသတ် ဘက်ကအမြဲတွေးတယ်။ အဲဒီအတွက် ပရိသတ်နဲ့ဖွေးနှလုံးသားချင်း ရင်းနှီးနေတယ်လို့ ခံစားရတယ်။ ကတ်သီးကတ်သတ်မေးခွန်းလေးတွေ မေးတာက ပျော်စေချင်လို့မေးတာပါ။ ၂၅ခု မေးတာက ဖွေးအသက် ၂၅နှစ်အတွက် အမှတ်တရလုပ်ပေမယ့်အရမ်းများမှန်းသိတယ်။ အဲဒီ အတွက် အများဆုံးဖြေနိုင်တဲ့သူတွေ ကိုစုပြီး မွေးနေ့ Dinner ကျွေးတဲ့ သဘောမျိုးပါ။ တကယ် အဖြေမှန် တာတစ်ယောက်ပဲရှိတယ်။ သူ့ကို ဖွေး CASIO နာရီလေးလက် ဆောင်ပေးလိုက်တယ်။

Q. လက်ပံတုန်းကလည်း တစ်ကားလုံးက အနီရဲရဲဝတ်တယ် မွေးနေ့ဝတ်စုံက အနီဆိုတော့ အနီရောင်က ဖွေးဖွေးကို ကံကောင်းစေသလား

A. ဟုတ်။ အနီရောင်က ဖွေး အတွက်ကံကောင်းစေတယ်လို့ ပြောလို့ရပါတယ်

Q. အရင်ကဖွေးရဲ့ဝတ်စားဆင် ယင်ပုံက နည်းနည်းလေးယောက်ျား ဆန်ပေမယ့် ခုမိန်းမဆန်ဆန်ဖြစ် လာတာ အချစ်ကြောင့်လား

A. အစကတည်းက ဖွေးဖွေးရဲ့ အပြင်ကာရိုက်တာက ကနွဲ့ကလျမ လုပ်တတ်ဘူး။ ဖွေးက မင်းသမီး တစ်ယောက်ဖြစ်ဖို့ထက် သရုပ် ဆောင်ကောင်း တစ်ယောက်ဖြစ် ချင်ခဲ့တာ။ ကာရိုက်တာအကုန်ဝင် အောင်သရုပ်ဆောင်နိုင်သူ ဖြစ်ချင် တော့ အမာပဲဖြစ်ဖြစ် အပျော့ပဲဖြစ် ဖြစ် ပုံစံဝင်အောင်ပြောင်းဖြစ်ပါ တယ်။

Q. မိန်းမပိုဆန်လာတာ ဘာ ဖြစ်လို့လဲ ချစ်တတ်လို့လား

A. ရှင် ...အဲဒါမိန်းမအချင်း ချင်းပဲသိမှာပေါ့။

Q. ဖွေးဖွေး သီချင်းဆိုဖို့ကရော

A. Single ခွေထုတ်ဖို့က ဖွေးဖွေးရဲ့မဖြစ်သေးတဲ့ အိပ်မက်တစ်ခု။ ခုကအလုပ်တွေ ရှုပ်နေတော့ အဲဒီ အိပ်မက်ကလေးဖြစ်လာပါတော့မလားတောင်ဖြစ်နေတယ်။ သီချင်းကို ဖွေးက ကိုယ်တိုင်ရေးတယ်။ သံစဉ် ကလည်း ကိုယ်ပိုင်သံစဉ်ပဲလုပ်တယ်။ တီးတဲ့လူတွေနဲ့ကျတော့ ကိုယ်နဲ့မိသားစုလိုဖြစ်ပြီး စိတ်တိုင်း ကျတဲ့ လူတွေနဲ့ပဲဆိုတော့ ကြာဦး မယ်ထင်ပါတယ်။

8 DAYS A WEEK ENTERTAINMENT

ပန်ဝါဒေသတွင် ဖြစ်ပေါ်လျက်ရှိသောတိုက်ပွဲများအပေါ် KIA အား ဒေသခံပြည်သူများမှ မေးခွန်းထုတ်လျက်ရှိ


နိုင်ငံတော်သမ္မတ၏ အမိန့်အရ KIA သောင်းကျန်းသူများအပေါ် တပ်မတော်မှ ဆက်လက် ထိုးစစ်ဆင်မှု မရှိတော့သော်လည်း ကချင်ပြည်နယ် ပန်ဝါ အခြေစိုက်ပြည်သူ့စစ်     တပ်ဖွဲ့ဝင်များအပေါ် KIA မှ တိုက်ခိုက်မှုများရှိနေသဖြင့်      တပ်မတော်မှ
ဝင်ရောက်ဖြေရှင်းပေးရန် ပန်ဝါဒေသရှိ ပြည်သူများမှ လိုလားလျက် ရှိနေကြောင်း သိရှိရသည်။

ကချင်ပြည်နယ်တွင် သေနတ်သံများ ငြိမ်နေသည်မှာ ကြာပြီဖြစ်သော်လည်း ကချင်ပြည်နယ် ပန်ဝါ အခြေစိုက် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ အကြား သြဂုတ် ၁၇ ရက်နှင့် ၁၉ နေ့မှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ဦးစခုံတိန့်ယန်းက တိုက်ပွဲစတင်မဖြစ်ပွားမှီ ၁၀ရက် အလိုခန့်က ကေအိုင်အေဘက်သို့ ပန်ဝါရှိ တပ်စခန်းများကို ဆုတ်ပေးရန် အိတ်ဖွင့်ပေးစာ ပို့ခဲ့ကြောင်း၊ ထိုသို့ပို့အပြီးတွင် ယခုကဲ့သို့ တိုက်ပွဲဖြစ်ရခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာထံမှ သိရသည်။

“နိုင်ငံတော်က ငြိမ်းချမ်းရေးကို လိုချင်လို့ အပစ်ခတ်ရပ်တာ နားလည်ပါတယ်။ ဒါပေမယ့် သူတို့က အဲဒါကို အခွင့်ကောင်းယူပြီး ဒေသခံတွေကို ဖမ်းတာတွေ၊ နှိပ်စက်တာတွေ လုပ်နေတာတွေ ရှိတယ်။ အမြတ်ထုတ်တာတွေ ရှိတယ်။ ဒီတော့ပြည်သူတွေက လက်မခံနိုင်တော့ဘူး။ သူတို့တပ်တွေ ရုတ်ရင်တော့ ဘာပြဿနာမှ မရှိဘူး။ သွားမတိုက်လို့ ရှိနေတာပါ။ တိုက်ရင် စောစောစီးစီး ဘယ်နေနိုင်မလဲ။ ပြည်သူတွေမှာ အိမ်မပြန်နိုင်ဘူး။ ကျောင်းမတက်ရဘူး။ အလုပ်မလုပ်ရဘူး။ ဒါကြောင့် တိုက်ရတာပါ” ဟု ဦးစခုံတိန့်ယန်းက ပြောသည်။

 ပြည်သူ့စစ်နှင့် ကေအိုင်အေတပ်တို့သည် သြဂုတ် ၁၇ ရက်နေ့ မနက် ၇ နာရီမှ ၉ နာရီခန့် တွင်တကြိမ်၊ အဆိုပါ ည ၁၀ နာရီတွင် တကြိမ်၊ သြဂုတ် ၁၉ မနက် ၆ နာရီခန့်တွင် တကြိမ် ပေါင်း ၃ကြိမ် ထိတွေ့မှုဖြစ်ခဲ့ကြောင်း၊ အဆိုပါ ထိတွေ့မှု အရ ကချင်တပ်တွင် ထိခိုက်မှုမရှိခဲ့ဟု ဗိုလ်မှုးကြီး မရန်ဇော်တောင်က ဆိုပြီး ပြည်သူ့စစ်ဘက်မှမူ ၁ ဦးကျဆုံး ကြောင်း ပန်ဝါ အခြေစိုက် ပြည်သူ့စစ်အဖွဲ့မှ သိရသည်။

တပ်မတော်မှငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်း KIA အဖွဲ့သည် လူသစ်စုခြင်း၊ တရားမ၀င်သစ်နှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားခြင်း များအပါအ၀င် သြဂုတ် ၁၉ ရက်နေ့ကလည်း ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နယ် စက်စဲချောင်းနှင့် စနစ်ချောင်း တစ်လျှောက်တွင် ရွှေတူးဖော်လုပ်ကိုင် လျက်ရှိသော စက်ဆိုင်း ပိုင်ရှင်များထံမှ ဆက်ကြေး အဖြစ် ရွှေများ လာရောက်တောင်းခံသွားကြောင်း   ဒေသခံ အချို့ထံမှ သိရသည်။

ယခုကဲ့သို့ တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသောကြောင့် သဘောထားကြီးစွာဖြင့် အပစ်အခတ် ရပ်စဲထား သည့် ကာလတွင် ကေအိုင်အေအဖွဲ့မှ နိုင်ငံတော်နှင့် တပ်မတော်၏   စေတနာကို သိရှိ နားလည်ခြင်းမရှိဘဲ ပြည်သူ့စစ် တပ်ဖွဲ့ဝင် များအား အတင်းအဓမ္မ တိုက်ခိုက်နေခြင်းအပေါ်  ဒေသခံ    ပြည်သူလူထုမှလည်း   များစွာ စိတ်ပျက်လျက်ရှိနေပြီး KIA ၏ အဆင်ခြင်မဲ့ လုပ်ရပ်များကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်နေကြကြောင်း၊ တပ်မတော်မှ ၀င်ရောက် ကိုင်တွယ် အရေးယူပေးရန်လည်း မျှော်လင့်လျက် ရှိကြပြီး KIA ဘာလဲ... ဘယ်လဲဟု မေးခွန်း ထုတ်နေကြကြောင်း  မြစ်ကြီးနားရှိ
မြို့ခံလူငယ်တစ်ဦးမှ  ပြောကြားခဲ့သည်။


ရွှေနိုင်ငံ

 ဦးဇခုန်တိန့်ယိန်း မှ ဂမ်ရှောင်၊ ဂွမ်မော် သို့ ပေးစာ (မူရင်း)


သူသည်... နိုင်ငံတော်အတွက်


သူသည်....
တစ်ချိန်တုန်းက တာဝန်များကို ထမ်းရွက်ကျေပြွန်ခဲ့သူ။
အသက် သွေးချွေး ပဓါနမထားပဲ တိုင်းပြည်နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ခဲ့သူ။
တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် ပေးဆပ်မှုဖြင့် လူတိုင်းနားမလည်သော ရင်ဘတ်တံဆိပ်များကို ရခဲ့သူ။
သစ္စာ(၄)ချက်ဖြင့် တိတ်တိတ်ဆိတ်ဆိတ် သမိုင်းရေးခဲ့သူ။

သူသည်...
စစ်စည်းကမ်းနှင့် ပျော်မွေ့ခဲ့သူ
ကျားကုတ်ကျားခဲ တိုက်ခိုက်ခဲ့သူ
ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သူအဖြစ် ကမ္ပည်းမထိုးပေမဲ့ မော်ကွန်းဝင်ခဲ့သူ။

သူသည်...
အိုမင်းရင့်ရော်လာတော့ ကိုယ့်အိမ် ကိုယ်ပြန်ရသူ။
နှစ်ရှည်တာဝန်များအတွက် ပုံမှန်မျှသော ခံစားခွင့်များဖြင့် နားခွင့်ရခဲ့သူ။
ပြည်သူတစ်ယောက်အဖြစ် ပြည်သူ့ဝန်တာများကို ဆက်လက်ထမ်းပိုးသူ။
တပ်မတော်၏ အရန်အင်အား ခေါင်းစဉ်အောက်တွင် အကျုံးဝင်နေသူ။
အငြိမ်းစား စစ်မှုထမ်း၊ စစ်ပြန်ဟောင်းကြီးပေါ့။

သူသည်...
ရင်ဘတ်တံဆိပ်ကပ် အမျိုးသားဝတ်စုံ ခပ်နွမ်းနွမ်းဖြင့် အထင်ကရ နှစ်ပတ်လည် ရက်စွဲများကို တစ်စိတ်တစ်ပိုင်း အရောင်တင်ပေးနေသူ။
ဇာတိမှန် မျိုးချစ်စိတ်အတွက် မထင်မရှား လက်ဆင့်ကမ်းဝေသူ။
မျိုးဆက်သစ်များအတွက် လက်ခုပ်တီးပေးနေသူ။
နိုင်ငံတော်အလံကို လက်သီးဆုပ် ဦးညွတ်ရင်း ရဲဘော်ရဲဘက်များအတွက် ဂုဏ်ယူ သတိရနေသူ။

သူသည်...
လူမသိ သူမသိ သူ။
အမည်နာမ မထင်ပေါ်သူ။
အသိအမှတ်ပြုခြင်း မပြုခြင်းကို စိတ်မဝင်စားသူ။
သမိုင်းဝင်သူတစ်ဦးအဖြစ် မိမိဖာသာမိမိ ကျေနပ်ရောင့်ရဲသူ။
မနက်ဖြန်များစွာတွင်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် တစ်ထောင့်တစ်နေရာက ရှိနေမည့်သူ။

သူသည်...
သူ့လိုလူများစွာ ရှိနေသော မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူ။

ဆရာဆောင်
(၂၇-၃-၂၀၁၃)

ကင်တားနားဘင်္ဂါလီအခွင့်အရေးအတွက်ခရီးစဉ် မအောင်မြင်ခဲ့ဟုဆို ထိုင်းနိုင်ငံတွင် ပြောပြန်ပြီ

က

The Voice Weekly


မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကုလသမဂ္ဂသို့ အစီရင်ခံ တင်ပြရန် လာရောက်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနား၏ ၁၁ ရက်ကြာ ခရီးစဉ်မှာ အောင်မြင်မှု မရှိကြောင်း မစ္စတာကင်တားနားက ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားသည် သြဂုတ်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်း ခြောက်ဖွဲ့နှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ကင်တားနားသည် ထိုင်း-မြန်မာ နယ်စပ် လူမှု ကူညီစောင့်ရှောက်ရေး အသင်း (TBBC)၊ ကရင် အမျိုးသမီး အစည်းအရုံး (KWO)၊ ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG)၊ ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း တာဝန်ရှိသူများ၊ မြန်မာပြည်သား မိတ်သဟာယအဖွဲ့ (BPS) နှင့် နိုင်ငံရေး အကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့ (AAPP) တို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ကင်တားနားက ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခွင့် တောင်းခဲ့သော်လည်း အစိုးရ တာဝန်ရှိသူများက ခွင့်ပြုခဲ့ခြင်း မရှိကြောင်း ကင်တားနားက အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည်။

၎င်း၏ ခရီးစဉ် အတွင်းတွင် ကချင်ပြည်နယ် ဒုက္ခသည် စခန်းများသို့လည်း သွားရောက် လေ့လာခွင့် မရခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရက လုံခြုံရေး အပြည့်အဝ ချထားပေးခြင်း မရှိသဖြင့် ဆန္ဒပြသူ အချို့၏ တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ကင်တားနားရဲ့ ပြောကြားချက်တွေက အရင် ခရီးစဉ်တွေတုန်းကလိုပဲ အခြေအနေမှန်နဲ့ လုံးဝ ကွဲပြားနေပါတယ်” ဟု နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

မစ္စတာ ကင်တားနား၏ မိတ္ထီလာ ခရီးစဉ် အစတွင် ၎င်းစီးနင်း လိုက်ပါ လာသော မော်တော်ယာဉ်တန်း နှင့်အတူ ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ တံတားပေါ်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင် ၂၆ ဦး၊ ယာဉ်ထိန်းရဲ ခုနစ်ဦးတို့က ဝန်းရံ၍ အပြည့်အဝ အကာအကွယ် ပေးအပ်ထားကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။

“ကားကို ကန်ကျောက်၊ ထုနှက်တယ် ဆိုတာ မဟုတ်ပါဘူး၊ ဆန္ဒပြ ပြည်သူတွေထဲက တစ်ဦးက မှန်တံခါးခေါက်ပြီး စာတစ်စောင် ပေး တာပါ” ဟု ၎င်းက ဆိုသည်။

မစ္စတာ ကင်တားနားသည် သြဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ၂၂ ရက်နေ့ မြန်မာနိုင်ငံသို့ ၁၁ ရက်ကြာ လာရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီး အချို့၊ လူ့အခွင့်အရေး ကော်မရှင်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ကို တွေ့ဆုံခဲ့သည်။


By The Voice Weekly

ပရဟိတနိုင်ငံတော်

        နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်သော်လည်း နှမ်းစေ့တစ်စေ့ချင်း ပေါင်းစပ်လိုက်ပါမှ ဆီဆိုသော အကျိုးရလဒ်ထွက်ပေါ်လာမည်ဖြစ်ပါသည်။ စီနီယာတစ်ယောက်ပြောဘူးသော စကားတစ်ခွန်းအရ ဖယောင်းတိုင် တစ်တိုင်တည်းဖြင့် လောကကြီးတစ်ခုလုံး မလင်းလက်နိုင်သော်လည်း ထိုဖယောင်းတိုင်နှင့် လက်တစ်ကမ်း အနီးဝန်းကျင်အတွက်တော့ ထွန်းလင်းတောက်ပနေမည်သာ ဖြစ်၏။ 
        ဆရာဖေမြင့်၏ နှလုံးသားအာဟာရ ရသစာစုများ အနက်မှ ဇာတ်လမ်းလေးတစ်ခုကို အမှတ်ရမိသည်။ လူတစ်ယောက်က ပင်လယ်ကမ်းခြေတစ်လျှောက် ရေလှိုင်းနှင့်အတူ မျောပါလာပြီး ကမ်းပေါ်သို့တင်ကျန်လာသော ငါးသေးအမွှား ရေသတ္တ၀ါလေးများကို တစ်ကောင်ချင်းကောက်ပြီး ပင်လယ်ထဲသို့ ပြန်လွှတ်ပေးနေသည်ကိုမြင်တော့ အခြားလူတစ်ယောက်က ဘာကြောင့်များ အပင်ပန်းခံနေရသလဲ၊ ကမ်းခြေတစ်လျှောက် မရေမတွက်နိုင်သည့် ငါးအများကြီးအတွက် ဘာများ အကျိုးထူးသွားပါ့မလဲဟု ပြက်ရယ်ပြုပြောဆိုသည်။ အဆိုပါ ငါးလွှတ်သည့် လူက အပြုံးမပျက်ပဲ စကားတစ်ခွန်းတည်းပြန်ပြောခဲ့သည် သူအခုလိုလုပ်နေတာ ကမ်းခြေတစ်လျှောက်လုံးက ငါးအများကြီးအတွက် အကျိုးမထူးနိုင်ပေမယ့် သူလွှတ်ပေးလိုက်လို့ ရေထဲပြန်ရောက်သွားတဲ့ ငါးတစ်ကောင်အတွက်တော့ ဘ၀ကြီးတစ်ခုလုံးအတွက် အကျိုးထူးသွားသည်မဟုတ်ပါလား တဲ့လေ။ 
       လက်တလော ကျနော်တို့နိုင်ငံတွင် ပရဟိတအဖွဲ့များ၏ လှုပ်ရှားမှုများ ခပ်စိတ် စိတ် တွေ့လာရသည်။ အဆိုပါ ပရဟိတအဖွဲ့လေးများတွင် အဓိကပါဝင်လှုပ်ရှားနေကြသူများမှာ လူငယ်များအများစုဖြစ်ကြသည်။ ၀မ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်၊ နှစ်ဆယ်ဝန်းကျင် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ အရွယ်တို့ မိမိတတ်စွမ်းသမျှ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေကြသည်ကို တွေ့မြင်နိုင်သည်။ မိမိတို့တတ်စွမ်းသမျှ ဆိုရာတွင် နွမ်းပါးချို့တဲ့သည့် အောက်ခြေလူတန်းစား မိဘပြည်သူတို့ကို အခမဲ့ ဇီဝိတဒါန ဆေးကုသမှု ပေးကြသည်၊ သွေးလှူဒါန်းကြသည်၊ ကျန်းမာရေးအသိ ပညာ များ ဖြန့်ဝေပေးကြသည်။ မိဘမဲ့ကလေးသူငယ်များ၊ ကျောင်းပညာရေး ဆက်လက်သင်ကြားရန် အခက်အခဲ ရှိကြသည့် ဆင်းရဲသား ကျောင်းသားလူယ်တို့အတွက် ပညာဒါန စာသင်ကြားပေးကြသည်၊ ပညာသင်ထောက်ပံ့စရိတ်နှင့် စာရေးကိရိယာအစရှိသည့် လိုအပ်ချက်များကို တတ်စွမ်း သမျှ ဖြည့်ဆည်းပေးကြသည်။ အာဟာရငတ်မွတ်ရှားပါးနေကြသူများအတွက် စားရေရိက္ခာ များ ဝေမျှပေးကမ်းကြသည်။ သဘာဝဘေးအန္တရာယ်၊ စစ်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသူများ အတွက် ကူညီဖေးမပေးကြသည်။ နာရေးကူညီမှုအသင်းကဲ့သို့သော လူမှုရေးကူညီမှု များ ပြုလုပ်လာကြသည်။
      ကျနော်တို့နိုင်ငံ၏ အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် ပဒေသရာဇ်စနစ် ချုပ်ငြိမ်းပြီး ဗြိတိသျှနယ်ချဲ့တို့၏ သူ့ကျွန်လက်အောက်တွင် အနှစ်တစ်ရာကျော်၊ လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီစနစ် ၁၀နှစ်ခန့်၊ တစ်ပါတီစနစ်ကျင့်သုံးမှုအောက်တွင် ၂၆နှစ်ခန့်၊ တပ်မတော်အုပ်ချုပ်မှုအောက်တွင် ၂၃နှစ်ကျော်ကြုံတွေ့ခဲ့ရပြီး၊ ဒီမိုကရေစီခရီးလမ်းပေါ်သို့ စတင်လျှောက်လှမ်းခဲ့သည်မှာ နှစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ဆိုလိုချင်သည်မှာ ယနေ့အချိန်ကာလသည် ကြုံတွေ့ခဲ့ရသော ခေတ်စနစ်မျိုးစုံ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံကို ပြန်လည် တည်ထောင် နေချိန်ဖြစ်သည်။ တစ်ချိန်က ကိုယ်နှင့်တန်းတူ၊ ကိုယ့်အောက်မှ အိမ်နီးချင်းနိုင်ငံတို့သည် အရှိန်အဟုတ်လျင်မြန်စွာဖြင့် ကျနော်တို့နိုင်ငံကို ကျော်ဖြတ်သွားကြပြီ။ ကျနော်တို့နိုင်ငံမှာတော့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ ယခုထိရုန်းမထွက်နိုင်သေး။ ခေတ်ဆိုး၊ စနစ်ဆိုး၊ အုပ်ချုပ်သူတို့၏ မှားယွင်းသော စီမံခန့်ခွဲမှု၊ အဂတိလိုက်စားမှု စသည့်အကြောင်းအရာမျိုးစုံ၊ အချက်အလက်များစွာ တို့ကြောင့်ဟု ခေါ်ဆိုနိုင်ပါသည်။
    သို့သော် တစ်ခုစဉ်းစားရန်မှာ အတိတ်မှကိစ္စတို့သည် အတိတ်တွင်ကျန်ရစ်ခဲ့ပြီ။ အတိတ်ကို မေ့ပျောက်ဖို့မဆိုလိုပါ၊ အတိတ်သမိုင်းသည် မေ့ပျောက်ဖို့မဟုတ်ပါ၊ အတိတ်သမိုင်းမှ ကောင်းမွေ ဆိုးမွေများကို နမူနာယူ၊ အတူယူပြီး ရှေ့ဆက်ပြီး ယခင်ကလို ခေတ်၊စနစ် အခြေအနေဆိုးများ ထပ်မံမပေါ်ပေါက်လာအောင် မည်သို့မည်ပုံ တားဆီးကြမည်နည်း။ ကျနော်တို့ အတိတ်ကို သင်ခန်းစာယူ၍ အနာဂတ်ကို မည်သို့ထုဆစ်ပုံဖော်ကြမည်နည်း။ သို့တည်းမဟုတ် အနာဂတ်အတွက် အစီအစဉ်များမချမှတ်မီ အတိတ်ကအကြောင်းအရာ ဒဏ်ရာဒဏ်ချက်တို့ကို ပြန်လည် အနာဟောင်းဆွပြီး လုပ်စရာရှိသည်တို့ မလုပ်နိုင်သေးပါက ရှေ့ခရီးလမ်း နှောင့်နှေးနေပေလိမ့်မည်။ အဓိကသည် အလုပ်မဖြစ်ခဲ့သည်တို့ကို ပြန်ပြောင်းပြောဆိုနေချိန်မဟုတ်တော့၊ ရှေ့လျှောက် အလုပ်ပြီးမြောက်အောင်မြင်ရန်သာ အဓိက ပဓါနဖြစ်သည်။
        ကျနော်တို့နိုင်ငံသည် စာမျက်နှာများပေါ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဟုသာ စကားလုံးလှအောင် သုံးထားသော်လည်း တကယ်တော့ ဖွံ့ဖြိုးတိုးတက်ဖို့ အတော့်ကို လိုအပ်ချက်တွေ ရှိနေသေးသည့် နိုင်ငံတစ်နိုင်ငံသာဖြစ်ပါသည်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးပိုင်းဆိုင်ရာ စသည့် နေရာတိုင်းတွင် လိုအပ်ချက်များရှိနေသည်။ အဆိုပါ လိုအပ်ချက် ကွက်လပ်များကို နိုင်ငံ့ရင်သွေး လူငယ်တို့၏ ပရဟိတအဖွဲ့လေးများဖြင့် တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနေခြင်းသည်ကား ၀မ်းမြောက်ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။
   မိမိတို့ပတ်ဝန်းကျင်မှ လိုအပ်ချက်ကလေး တစ်ခုကို ဖြည့်ဆည်းပေးချင်း သည်ပင် လျှင် နိုင်ငံကိုကျေးဇူးဆပ်ခြင်း မည်ထိုက်ပေသည်။ပရဟိတအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းဆောင်ရွက်ရန် သိပ်မခက်ခဲပါ၊ ပရဟိတအလုပ်လုပ်ဆောင်ရန်လည်း မခက်ခဲပါ၊ မိမိတို့ စတင်ခဲ့သော ပရဟိတ အသိုက်အ၀န်းလေးတစ်ခု ရေရှည် တည်တံ့ခိုင်မြဲစေရန်သာ ခက်ခဲပါသည်။ အောင်မြင်ပြီး ရေရှည် တည်တံ့သော ပရဟိတအဖွဲ့တစ်ခုအတွက် မရှိမဖြစ်လိုအပ်ချက်များမှာ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအတတ်ပညာတို့နည်းတူ ပရဟိတစိတ်ဓါတ်ရှိသူချင်း ညီညွှတ်ခြင်း စွမ်းပကားတို့ပင်ဖြစ်သည်။ သူတစ်လူငါတစ်မင်း ခေါင်းဆောင်မှုကင်းမဲ့ကာ ကိုယ်သန်ရာ ကိုယ့်အတ္တနှင့် ယှဉ်ပြီးလုပ်ဆောင်ကြပါက ကောင်းသောရည်ရွယ်ချက်ပင်ဖြစ်လင့်ကစား ရေရှည်တည်တံ့ခိုင်မြဲသော ပရဟိတအဖွဲ့ကောင်းတစ်ခုဖြစ်မလာနိုင်ပါ။ 
  အစိုးရသည် နိုင်ငံတစ်နိုင်ငံ၏ မိဘအုပ်ထိန်းသူတစ်ယောက်ဖြစ်သည်။ သားသမီးဖြစ်သော ပြည်သူလူထု၏ အရေးကိစ္စတို့သည် မိဘဖြစ်သော အစိုးရတွင်တာဝန်ရှိသည် မှန်ပါသည်။ ထိုသားသမီးတို့သည်လည်း မိဘကိုချည်းအားကိုးနေ၍မဖြစ်သေး။ မိဘမတတ်နိုင်သည့် ကိစ္စအ၀၀တို့ကို တတ်နိုင်သည့် သားသမီးတို့က မတတ်နိုင်သည့် သားသမီးတို့အတွက် တတ်စွမ်း သမျှ ဖြည့်ဆည်းပေးနိုင်လျှင် ထိုမိသားစု အခြေအနေ သာယာစိုပြည်မနေနိုင်ဘူးလား။ ပရဟိတလုပ်ငန်း များကို လုပ်ဆောင်နေသူတို့သည် အစိုးရ၏ လုပ်ငန်းဆောင်တာတို့ကို ပိုမိုထိရောက်အောင်မြင်စေရန် တစ်ဖက်တစ်လမ်းမှ ကူညီစွမ်းဆောင်ပေးနေသူများပင် မဟုတ်ပါလား။ ထိုသူတို့ကိုလည်း အစိုးရအနေဖြင့် အသိအမှတ်မပြုသင့်ပေဘူးလား။ လိုအပ်သည်တို့ကို တတ်နိုင်သည့်ဘက်မှ လမ်းညွှန်မှု၊ ကူညီစောင့်ရှောက်မှုတို့ မပြုသင့်ပေဘူးလား။ အဆိုပါ ပရဟိတအဖွဲ့တို့အတွက် ၀န်ထုပ်ဝန်ပိုး ကဲ့သို့ဖြစ်စေမည့် ဥပဒေ၊တားမြစ်ချက်များကို သက်ညှာစွာဖြင့် နားလည်မှုပေးပြီး စဉ်းစားသင့်ပါသည်၊ ပရဟိတလုပ်ငန်းများ ကျယ်ပြန့်စွာ အောင်မြင်နိုင်စေရန် အားပေးလုပ်ဆောင်သင့်ပါသည်။
 
     နိုင်ငံအ၀ှမ်း လူငယ်ကျောင်းသားတို့ စိတ်နှလုံးတွင် ပရဟိတစိတ်ဓါတ်များ ငယ်စဉ်ကတည်းက ကိန်းဝပ်ရှင်သန်နေရန်လိုအပ်ပါသည်။ မိရိုးဖလာဗုဒ္ဓဘာသာဝင်တို့အတွက် ပရဟိတစိတ်ဓါတ်များ ရှင်သန်စေရန်အတွက်မခက်ခဲလှပါ။ သုံးလောကထွတ်ထား မြတ်ဘုရားကိုယ်တော်တိုင်သည်ပင် ပရဟိတသမားတစ်ယောက်မဟုတ်ပါလား။ မြန်မာ့စိတ်ရင်းသည် ဖြူစင်ပြီးသား၊ မြင့်မြတ်ပြီးသားဖြစ်သလို
 မြန်မာ့စိတ်ဓါတ်သည် တစ်ခါတစ်ရံ ဗိုလ်ချုပ်ပြောခဲ့သလိုပင် မနာလိုတတ်၊ ၀န်တိုတတ်၊ စိတ်ပျက်အားလျော့တတ်၊ စည်းလုံးမှုပြိုကွဲတတ်သည်၊ ပန်းတိုင်မရောက်မီ တက်ထောင်တတ်သည်။ မိမိ၏ အတ္တနှင့် ပရစိတ်ဓါတ်တို့ကို မျှတစွာ ချင့်ချိန်သုံးသပ် သင့်ပါသည်။ လူတစ်ဦးချင်းစီ၏ ပင်ကိုယ်စိတ်ဓါတ် ကောင်းမွန်မှုတို့ဖြင့် ပရဟိတအဖွဲ့ကောင်းတစ်ခု မှသည် ပရဟိတနိုင်ငံတော်အဖြစ် ကမ္ဘာ့အလည်တွင် ဂုဏ်ရှိန်တင့်တယ်နိုင်ပေတော့မည်။
 ကိုရွှေ
 

Related Posts Plugin for WordPress, Blogger...