ပြည်ထောင်စုရွေးကောက်ပွဲကော
ရွေးကောက်ပွဲကော်မရှင်က တင်သွင်းထားတဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့
၃၀-၈-၂၀၁၂ ရက်ထုတ် သတင်းစာတွေမှာဖော်ပြထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်
ကြံ့ခိုင်ရေးကိုယ်စားလှယ်အမ
(၁) ရွေးကောက်ပွဲကော်မရှင်က တင်လာတဲ့ ဥပဒေကြမ်းဟာ မဆလခေတ် ကဟာကို ကိုးကား ထားတယ်။ တစ်ပါတီစနစ်မှာပဲ ကျင့်သုံးတယ်။ အခုက ပါတီစုံခေတ်ရောက်နေပြီ။ မလျော်ညီတော့ဘူး။
(၂) ၁% ဆိုတာကတော့ နည်းလွန်းတယ်။ နိုင်ငံတကာမှာ ဖြုတ်ချတဲ့ဟာတွေက ၁% မကဘူး။
(၃) လောလောဆယ် အခြေခံဥပဒေပြင်ဆင်ရေး သုံးသပ်နေတယ်။ ဒီတော့ ဒီဟာကိုလည်း ဆိုင်းငံ့ ထားသင့်တယ်။
ဒီတော့ တပ်မတော်သားကိုယ်စားလှယ်(၃)
(၁) ၄၇ အခြေခံဥပဒေ၊ ၇၄ အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ (၃)ခေတ်စလုံးမှာပါတယ်။ ဒီတော့ တစ်ပါတီစနစ်မှာပဲ သုံးတယ် ဆိုတာ မဟုတ်ဘူး။
(၂) ၁% ဆိုပေမယ့် ကော်မရှင်က တင်တဲ့ ဥပဒေကြမ်းအရ ၅၀% နဲ့ ဖြုတ်ချမှ ပြုတ်မှာ။ သတ္တိရှိရှိ လုပ်ပါ။ မကြောက်ပါနဲ့။
(၃) အခြေခံဥပဒေမှာ သမ္မတနဲ့ ဒုသမ္မတတွေ ဖြုတ်ချရင် စွပ်စွဲပြစ်တင်လို့ ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြုတ်ချချင်ရင် ဒီအခွင့်အရေးပဲ ရှိတယ်။
(၄) အခုဆိုရင် (၂)နှစ်ခွဲကျော်လာပြီ။ အခြေခံဥပဒေက ပေးထားတဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကို ပိတ်ပင်ခြင်းမပြုသင့်ဘူး။ အခြေခံဥပဒေက ပေးထားတဲ့အခွင့်အရေးကို ပိတ်ပင်တာဟာ အခြေခံဥပဒေ ကို ကျော်လွန်ရာရောက်နိုင်တယ်။
ဒီမှာပဲ ဦးမောင်တိုး ဆိုတဲ့ မင်းလှမြို့နယ် ကြံ့ခိုင်ရေးအမတ်က သူလည်း တပ်မတော်သားဟောင်း ဖြစ်ကြောင်း ပြောပါတယ်။ လွှတ်တော်ဥက္ကဌဟာ တင်လာတဲ့ ဥပဒေကြမ်းတွေကို ဆွေးနွေးချင် ဆွေးနွေးမယ်၊ မဆွေးနွေးချင် မဆွေးနွေးဘူး ဆိုပြီး ပြောပါတယ်။ ပြီးတော့ ရွေးကောက်ပွဲ ၀င်ပြိုင်ရတာ မလွယ်ပါဘူး လို့ ပြောပါသေးတယ်။ “လွှတ်တော်ဟာ စစ်တပ်မဟုတ်ဘူး” ကိုယ်စားလှယ်တွေ လွတ် လွတ်လပ်လပ် နေမယ် လို့ ပြောခဲ့ပါတယ်။
တပ်မတော်သားကိုယ်စားလှယ်တစ်
တစ်လောက တပ်မြေသိမ်းကိစ္စတွေ ပြောရာမှာ အတားခံရတဲ့ ရခိုင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဆိုင်းငံ့ဖို့ ထောက်ခံကြောင်း ထပြီး ပြောတယ်။
နောက်ဆုံးမှာ လွှတ်တော်အဆုံးအဖြတ် ယူတဲ့အခါ ဆိုင်းငံ့ထားဖို့ အတည်ပြုလိုက်ကြပါတယ်။ လွှတ်တော်အမတ်တွေကို ဖြုတ်ချဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားတာ လေးငါးဦး ရှိတယ် လို့ သိရပါတယ်။ ဒီထဲမှာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ကြံ့ခိုင်ရေးပါတီက ဘင်္ဂါလီအမတ်(၃)ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
အခုတော့ အဲဒီဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက
ပြီးတော့ အခြေခံဥပဒေမှာ တရားဝင် ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေကို လွှတ်တော်က မျက်ကွယ်ပြုပြီး အခုလို လုပ်ကိုင်ဆောင်ရွက်ခဲ့တာဟာလ
( မြန်မာ့နိုင်ငံရေးဆောင်းပါး







.jpg)

.jpg)
.jpg)
.jpg)
















.jpg)












