Thursday, August 22, 2013
သူငယ်ချင်း ... ကားမောင်းတာတော့ သတိထား… (၁)
သူငယ်ချင်းရေ..
မင်းတို့ မိသားစု နေကောင်းကြတယ် မို့လား...။ သားတွေ သမီးတွေလည်း တော်တော်ကြီးရောပေါ့။ မင်းနဲ့ မတူဘဲ အမေ တူရင်တော့ အချောလေး တွေ နေမှာ :D  ကားတွေသွင်းပြီး အလုပ်အကိုင်လည်း အဆင်ပြေနေတယ် ကြားရတာ ၀မ်းသာတယ်ကွာ။ မန်းမှာနေတဲ့မင်း ကားတွေသွင်းပြီး ရောင်းနေတယ် ဆိုတော့ ရန်ကုန်-မန်း  အခေါက်ခေါက် အခါခါ ကားမောင်းနေရမှာဘဲ။
မောင်းတာတော့ သတိထားကွာ။ ဟိုတလောကဘဲ ခရီးသည်တင်ကား တစီး မှောက်လို့ လူ ၁၁ ယောက်လောက် သေသွားတာ ကြားရတာ စိတ်မကောင်းစရာဘဲကွ။ အခုတခါ အိမ်စီးကား ၂ စီး အိပ်ငိုက်ပြီး ကျော်တက်ရင်း တိုက်လို့ လူတွေ ထပ်သေပြန်ပြီ လို့ ကြားရတယ်။ ကိုယ့် မိဘ၊ ဆွေမျိုး သားချင်း၊ ခင်မင် ရင်းနှီးရတဲ့ မိတ်ဆွေ တယောက်ယောက် ဆိုတာမျိုး ကိုယ်ချင်းစာပြီး တွေးကြည့်ရင် one is too many ဘဲလေ။
လမ်းခင်းခဲ့တဲ့ အင်ဂျင်နီယာတွေရော၊ မောင်းတဲ့သူ ကိုယ်တိုင်ရော၊ ကားပေါ်လိုက်စီးတဲ့ ခရီးသည်တွေရော၊ ကား ပိုင်ရှင်တွေရော၊ ဌာနဆိုင်ရာ အာဏာပိုင်တွေရော အားလုံးကတော့ အက်စီးဒင့် ဖြစ်ပါစေ ဆိုတဲ့ ဆန္ဒ ရှိမှာ မဟုတ်ဘူး ဆိုတာတော့ သေချာတယ်ကွ…
ဖြစ်စေချင်တဲ့ ဆန္ဒ မရှိပေမဲ့ ဖြစ်တာတော့ ဖြစ်နေတာဘဲလေ။ အဲဒီတော့ ဒီ အက်စီးဒင့်တွေ ဘယ်လို လျှော့ချနိုင်မလဲ ဆိုတာ အပြစ်တင်နေတယ် လို့ မမြင်ဘဲ ဘယ်နေရာတွေ ချို့ယွင်းနေသလဲ ဘက်ပေါင်းစုံက စဉ်းစားဖို့ လိုမယ် လို့ ငါထင်တယ်ကွ။ Experience is simply the name we give our mistakes ဆိုတဲ့ စကား တောင် ရှိသေးတယ် မလား။ Civil engineer တယောက် အနေနဲ့ရော၊ UK full-licensed driver အနေနဲ့ရော၊ မြင်ဘူး တွေ့ဘူး တဲ့ စနစ်တွေကို အမြင်မျှဝေ ဖို့ ရည်ရွယ်ချက်နဲ့ပါ။
လူ တယောက် လမ်းမပေါ် ကားမောင်းပြီး accident ဖြစ်တာ လူ၊ လမ်း၊ ကား ဒီ ၃ ခု ထဲ က တခုခု ချို့ယွင်းလို့ဘဲကွ.... (မရှိမဲ့ ရှိမဲ့ မုတ်ဆိတ်မွေး ပွတ်.. ဆရာကြီး အထာ နဲ့ ပြောတယ် လို့ စိတ်ထဲမှာ မြင်ပြီး ဖတ်...)    ငါ့ကောင် ရ...  ဒီ ၃ ခု မဟုတ်လို့ ဘာဖြစ်စရာ ရှိသေးလို့လဲ မပြောနဲ့အုံး... အဓိပ္ပါယ်မရှိတဲ့ ကားပေါ်မှာ လိုက်လာတယ် တို့ …. သရဲမ လမ်းလည်ခေါင် ရပ်ပြီး ကားတားတယ်တို့… လမ်းစားတယ်တို့ ဆိုတာတွေ တို့ဆီမှာ ခေတ်စားလွန်းလို့ပါ။
 ပထမဆုံး လူပြောများနေတဲ့ လမ်း အကြောင်း ပြောကြဆိုကြတာတွေ စုလိုက်တော့ ဒါတွေ တွေ့တယ်ကွ။
ကွန်ကရစ်လမ်း
မင်းသိတဲ့ အတိုင်း တော်တော် hot သွားတဲ့ ခေါင်းစဉ်ဘဲကွ…။ ကားလမ်း (pavement) ကို အခြေခံ အနေနဲ့ Flexible (အရင်က ဒို့သိတဲ့ ကျောက်စီပြီးခင်းတဲ့ ကတ္တရာလမ်း)  နဲ့ Rigid (ကွန်ကရစ် အမာ အချပ်လိုက်) ၂ မျိုး ခွဲလို့ရတယ်။ ၂ မျိုး ရောသုံးတာပါ ထပ်ခွဲရင် Flexible, Flexible Composite နဲ့ Rigid, Rigid Composite ဆိုပြီး ၄ မျိုး ခွဲနိုင်တယ်ပေါ့ကွာ။ သိပ်ရှုပ်သွားမှာစိုးလို့ ဒီမှာ အကျယ် မပြောတော့ဘူး။ နည်းနည်း ပို သိချင်သေးရင်တော့ အနှစ်ချုပ်လေးတွေ http://www.dur.ac.uk/~des0www4/cal/roads/pavdes/pavedes.html မှာ ဖတ်ကြည့်။ ပုံလေး တွေ ထပ်ကြည့်ချင်သေးရင် အခုခေတ်ပေါ် အလွယ်ဆုံးနည်း ဖြစ်တဲ့ Googling လုပ်ကြည့်ပေါ့ကွာ :P
အတိုချုပ်ပြောရင်ကွာ ကွန်ကရစ် လမ်း ခင်းတာ သူ့ specification အတိုင်း လုပ်ရင် ဘာပြသနာမှ မရှိဘူး။ UK မှာတော့ ကွန်ကရစ်လမ်းကို Motorway တွေ အတွက် သုံးလို့ရတယ်။ ဒါပေမဲ့ UK က official design guide [http://www.dft.gov.uk/ha/standards/dmrb/] အရတော့ အပေါ်မှာ ကတ္တရာ တလွှာ ထပ်အုပ်ရမယ် လို့ သတ်မှတ်ထားတယ်။ အပေါ်လင့်က ပြောသလို ဆို Rigid composite လို့ ခေါ်မလား။ အခုတော့ အမြန်လမ်းကြီးလည်း တချို့နေရာတွေ ကတ္တရာ စအုပ်နေတာ တွေ့ခဲ့တယ်ကွ။
ကတ္တရာလမ်း (Flexible pavement) ကောင်းတယ်၊ ကွန်ကရစ် (Rigid Pavement) ကောင်းတယ် ငြင်းမှာ စိုးလို့လား တော့ မသိဘူးကွ ဒို့ ပျဉ်မနား ကနေ နေပြည်တော် မြို့တော်ခန်းမ ဘက်ထွက်တဲ့ လမ်းက ပထမခင်းထားတဲ့ ကတ္တရာလမ်းကို ဘေးက ကွန်ကရစ်လမ်း ၂ဘက် ညှပ်ပြီး Sandwich ခင်းပြစ်တာဟေ့... လန်းချက် :P
 Banking angle
အကွေ့မှာ လုပ်ပေးရတဲ့ လမ်းအစောင်း မမှန်ဘူး ထင်တယ်ကွ။ ကားရဲ့ speed နဲ့ အကွေ့မှာ ဖြစ်လာတဲ့ centrifugal force ကို ပြန်ချေဖို့ elevation စောင်းပြီး friction force ကို ဖန်တီးပေးရတာပေါ့။ အဲဒါနဲ့ ပတ်သက်လို့ http://blog.mechguru.com/heat-treatment/how-to-calculate-banking-angle-of-road/ မှာ ရှင်းထားတာလေး မဆိုးဘူးကွ။ ဒါတွေက undergrad လောက်မှာ သင်ရတာတွေပါ။ မသိလို့ မဟုတ်လောက်ဘူး။ Detailing နဲ့ QC အားနည်းခဲ့လို့ လို့ ထင်တယ်။ မင်းသိတဲ့ အတိုင်း ဒို့လူမျိုးက ဒီလောက်ဆို ရပါပြီကွာ ဆိုတာက အများသား မလား... ငါရောဘဲ ကွ .. ဟဲ. ဟဲ… ဒီမှာတောင် လစ်ရင် လစ်သလို တွယ်လိုက်တာ..။
 Tiredness/ Fatigue
လမ်း ဒီဇိုင်းမှာလည်း လုံးလုံးကြီး အဖြောင့်မဟုတ်ဘဲ Curvilinear (ခပ်ကွေးကွေး) လုပ်တာ tiredness/ fatigue (ငြီးငွေ့ပြီး ငိုက်တာမျိုး) လျှော့ပေးနိုင်တယ် ဆိုတယ်။ နောက် လမ်းဘေးမြင်ရတဲ့ မြင်ကွင်း အပြောင်းအလဲ ရှိနေအောင် ဖန်တီးပေးရတယ်တဲ့။ မြင်နေကြ ဟာကြီး ဘဲ အကြာကြီး မြင်ရတော့ ရိုးသွားပြီး ငိုက်သွားတာပေါ့ကွာ.. (အိမ်က ဟာကြီး တော့ မရိုးစေနဲ့ကွ... အဲဒါ ကွိုင်ရှိတယ် :P) ဆိုလိုတာက  ကားမောင်းတဲ့သူ ရဲ့ မျက်စိထဲ မြင်နေရမဲ့  လမ်းဘေး က တောတွေ တောင်တွေ၊ landscaping တွေ ရဲ့ view ကိုလည်း သတိထားဖို့ ပြောကြတာပါ။
 ဒီလမ်းကြီးပေါ် ခရီးရှည် ဆက်တိုက်မောင်းရတော့ လူတိုင်း  အိပ်ငိုက်လာတာ မဆန်းဘူးပေါ့ကွာ။ ဒီဘက်က အစိုးရ highway agency ကတော့ ပိုပြီး သတိထားမိအောင် ဆောင်ရန် ရှောင်ရန်တွေ ပညာပေးတာ လုပ်ပေးထားတာ ရှိတယ်။ မမောင်းခင် ညမှာ အိပ်ရေးမပျက်အောင်၊ ညကထဲက အရက် ဘီယာ ရှောင်သင့်တာ၊ ၂နာရီ လောက် မောင်းပြီး ၁၀ မိနစ်လောက် ခဏတဖြုတ် နားနားပေးရတာတို့ (နားလို့ရအောင်လဲ စီစဉ်ပေးဖို့ လိုတာပေါ့)၊ fresh air ရှု ရတာတို့၊ ည ၁၂ နာရီ နဲ့ မနက် ၄ နာရီ ကြား တတ်နိုင်ရင် မမောင်းဖို့၊ caffeine များများ ပါတဲ့ ကော်ဖီ တို့ ဘာတို့ သောက်တာ လုပ်ပေးရင် အိပ်ငိုက် ပြေတယ်ပေါ့ကွာ။ နောက်ဆုံး လုံးဝ မရရင်တော့ safe ဖြစ်တဲ့ နေရာတခုခုမှာ ခဏ အိပ်ပြစ်တာ အကောင်းဆုံးဘဲ။
Services
မြန်မာလို ဆိုရင်တော့ ယာဉ်ရပ်နားစခန်း ပေါ့။ ဒီမှာတော့ Service လို့ ခေါ်ကြတယ်။ အမြန်လမ်းပေါ်မှာ ၁၁၅ မိုင် နဲ့ ၁၀၅ မိုင် ၂ခု ထဲ ရှိတာတော့ နည်းသလို ဘဲကွ။ တယောက်နဲ့ တယောက် မောင်းလာတဲ့ မိုင်ချင်း၊ ပင်ပန်းတတ်တာချင်း လည်း မတူတော့ နားချင်တဲ့ အချိန် နားလို့ ရအောင် ခပ် စိတ်စိတ်လေး လုပ်ပေးသင့်တယ်။ ဆိုင်တွေ အများကြီး နဲ့ မလုပ်ဘဲ ဆီ ရေ လေ ဖြည့်လို့ရမယ်၊ အရေးပေါ် minor service လုပ်လို့ရမဲ့ ကားဆိုင်လေးတွေရယ်၊ စားသောက်ဆိုင် နည်းနည်း ရယ် ဆိုရင် မောင်းရင်း ပင်ပန်းလာလို့/ ငိုက်လာလို့ ခဏနားချင်တယ် ဆိုလဲ ပေကပ်ပြီး ၁၀၅ မိုင်တို့ ၁၁၅ မိုင်တို့ထိ မောင်းမနေရတော့ဘူးပေါ့။  သွားတဲ့ လာတဲ့သူတွေလည်း အဆင်ပြေ ၊ အမြန်လမ်း တလျောက် အနီးအနား ဒေသ က လူတွေလည်း အလုပ်ရကြတာပေါ့။
အော်.. အေး.. နောက်တခုက မူးရင် မမောင်းနဲ့ မောင်းရင် မမူးနဲ့ ပြောရုံတင်မကဘဲ ဒီလို ယာဉ်ရပ်နား စခန်းတွေမှာ အရက် ဘီယာ ရောင်းတာ ကန့်သတ်သင့်တယ်ကွ။ ငါလို အရက်ပုလင်း မြင်ရင် မနေနိုင်တဲ့သူမျိုးဆို လွယ်လွယ်ကူကူ မရတော့ တော်ရုံ မသောက်ဖြစ်တော့ဘူး ပေါ့ကွာ။
 Service ဆိုလို့ ငါတို့ နေပြည်တော်က ငလိုက်ဆည် နားနေစခန်း ဆိုတာ သွားသတိရတယ်ကွ။ အဲဒီ နေရာလေးက ဆည်ဘေးဆိုတော့ swimming area, hotel, restaurant အစုံ နဲ့ တော်တော်မိုက်တယ်။ နေပြည်တော် မြို့တော်ခန်းမ ကနေ မိုင် ၂၀ လောက် ဝေးတယ်…. အမြန်လမ်းမကြီးဘေး ကပ်လျက် ရှိတာ။ ကပ်လျက် ဆိုပေမဲ့ အမြန်လမ်း က လှည့်ဝင်ရင် ၅ မိုင်လောက် ပတ်ရတယ်ကွ။ ကပ်လျက် ကို ၅ မိုင်လောက် ပတ်ဝင် ရတယ် ဆိုလို့ မျက်စိလည်သွားသလား ဟရောင်...။ ဟုတ်တယ် မောင်..  အမြန်လမ်းကနေ ကိုက် ၂၀၀ လောက် ဘဲ ကွာတာကို လမ်းက ၅ မိုင်လောက် ပတ်ဖောက်ထားတာ။ မေးကြည့်တော့ အမြန်လမ်းမ ကြီးက နေ လမ်း ပေး မဖောက်လို့ လို့ ဆိုလား ဘာလား.. ဆောက်လုပ်ရေး နဲ့ ဆည်မြောင်း မတည့်ကြဘူး ထင်တယ်ကွ... ။ ပေးဖောက်ရင်တော့ နားစရာ တခု ရတာပေါ့ကွာ။
 Bridges
တံတားတွေက လမ်းထက် ကျဉ်းနေတာ တော့ လုပ်ရင်း ကိုင်ရင်း ဒီဇိုင်းပြောင်းသွားတာတွေ ကြောင့် ဖြစ်ခဲ့မယ် ထင်တယ်ကွ။ မင်းသိတဲ့ အတိုင်းဘဲ အရင်က ဒါဒီလိုလုပ် ဆိုပြီး နှုတ်မိန့်တွေနဲ့ လုပ်ကြရတာ မလား၊ ဒီတခေါက် ဒီလိုလုပ် ဆိုပေမဲ့ နောက်တခေါက်ကျတော့ ဟိုလိုလုပ် ဖြစ်သွားပြန်ရောလေ..။ အဲဒီတော့ မဖြစ်သင့်တဲ့ လမ်းထက် တံတားက ကျဉ်းတာတွေ ဖြစ်ကုန်တာပေါ့ကွာ။ အခုတော့ တံတားတွေ ထပ်ချဲ့ နေတာတော့ တွေ့တယ်။
တံတားတွေ မြင့်နေလို့ ဆိုပြီး တယောက်ပြောထားတာ လဲ တွေ့မိတယ်ကွ။ အဲဒါကို ငါလည်း သတိထားမိတယ်။ ချဉ်းကပ် လမ်း အတိုင်း တက်လာတာ တံတားက မြင့်နေတော့ တံတား ဟိုဘက် ဘာရှိတယ် ဆိုတာကို စောစော ကြို မမြင်ရဘူးကွ။ တံတားပေါ်ရောက်မှ ဗြုန်းကနဲ မြင်ရတော့ ကိုယ်က မြန်ပြီး ရှေ့ကား ကနှေးတာမျိုးတို့၊ အကောင် တကောင် တက်လာတို့ ဘာတို့ တခုခု ဆို ဘရိတ် အုပ်ချိန် မမှီတော့ဘူးကွ။
Stopping distance
ဘရိတ်ဆိုတာ အုပ် အုပ်ချင်း ရပ်တာ မဟုတ်ဘူး ဆိုတာ ကားမောင်းနေတဲ့ မင်းလည်း သိပါတယ်။ stopping distance လို့ ခေါ်တာပေါ့။ ဘရိတ်အုပ်စရာ တခု မြင်လိုက်ပြီ ဆိုတာနဲ့ “စဉ်းစား (thinking distance) +ဘရိတ်အုပ် (breaking distance)” ၂ခု တန်းလုပ်တာတောင် မိုင် ၆၀ နှုန်း နဲ့ သွားနေတဲ့ ကားတစီးက နောက်ထပ် ပေ ၂၄၀ အကွာ ကျမှ ရပ်တယ်ကွ။ မိုင် ၇၀ နှုန်း ဆို ၃၁၅ ပေ ထိ ရောက်တယ်။ အဲဒီတော့ အပေါ်က ပြောတဲ့ တံတားမျိုးမှာ ချဉ်းကပ်လမ်း က တံတား မရောက်ခင် ပျမ်းမျှ ပေ ၃၅၀ လောက် အကွာထိ မြင်ရသင့်တာပေါ့ကွာ။ တံတားမှတင် မဟုတ်ဘူးကွ။ အကွေ့လို့ နေရာမျိုး၊ လမ်းဆုံတွေလို နေရာမျိုး ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ထည့်စဉ်းစားရမဲ့ အကွာအဝေးပေါ့။
အောက်က ပုံမှာ မင်း မြင်တဲ့ အတိုင်းဘဲ.. ပေ တွေ မီတာတွေ ဆိုရင် သိပ် စာတတ်ပေတတ် မဟုတ်တဲ့ ကား ဒရိုင်ဘာတွေ မမှန်းတတ်မှာ ဆိုးလို့ ကားဘယ်နှစ်စီးစာလောက် ရှည်တယ်ဆိုတာပါ ပြောပေးထားတယ်။ မင်းသိတဲ့ အတိုင်းဘဲလေ လခစားနဲ့ ကားမောင်းစားတဲ့ ကား ဒရိုင်ဘာ ဆိုတာ ဘယ်အတိုင်းအတာထိ စာဖတ်ကြမှာလဲ၊ အဓိက က သူတို့ သိသွားဖို့ ဘယ်လို ပညာပေးကြမလဲ စဉ်းစားဖို့ လိုတယ်ကွ။ အခု ငါ့ note တောင် မင်းလို လူသာ ဖတ်တာကွ၊ ရန်ကုန်-မန်ုး  express ကားသမား တယောက်မှ ဖတ်မိမှာ မဟုတ်ဘူး။ ဒါတွေလည်း ထည့်စဉ်းစားစရာ တခုပေါ့ကွာ။
Road Signs
အမြန်လမ်းဘေး က တချို့ ဆိုင်းဘုတ်တွေ ငါ့ note လောက် နီးနီး ရှည်တာဟေ့။ ရပ်ပြီး စိန်ပြေနပြေ ဖတ်မှ အကုန် ဖတ်ပြီးမဲ့ သဘောရှိသကွ။ ကီလို ၁၀၀ နဲ့ မောင်းသွားတဲ့ ကားဆရာ ကတော့ ဖတ်နိုင်မယ် မထင်ဘူး။ ဘာသဘော နဲ့ ရေးထားတာလဲ တော့ မသိဘူး။ ဒို့ နိုင်ငံမှာကလည်း လိုက်မမှီတာတွေ အများသားကွ။ မဟုတ်မှ လွဲရော အဘ လာစစ်တုံးက မြင်အောင် ရေးပြထားတာ ထင်တာဘဲ။
ကချော်ကချွတ် sign တွေမှ မဟုတ်ဘူး ကားမောင်းတဲ့သူကို အာရုံလွှဲစေမဲ့ distract ဖြစ်မဲ့ဟာ ဘာမှ မရှိသင့်ဘူးကွ။ လို-တို-ရှင်း message တွေဘဲ ပေးရမှာ။ အမြန်နှုန်း နဲ့ မောင်းနေတဲ့သူတယောက်က speed limit ဆိုတာတောင် မျက်စိ နဲ့ ဖျတ်ကနဲ လှမ်းကြည့်ဖို့လောက် အချိန်ရတာလေ။
နောက်ပြီး sign တွေ ထောင်ထားတဲ့ နေရာတွေကိုလည်း ဂရုစိုက်ဖို့ လိုတယ်ကွ။ ဥပမာ အကွေ့မှာ ဒရိုင်ဘာ အနေနဲ့ ကား နဲ့ အရှိန်ကိုဘဲ ဂရုစိုက်နေရမဲ့ နေရာမှာ အာရုံလွဲစေမဲ့ ဆိုင်းဘုတ်တွေ ပွထ နေအောင် ထောင်ထားတာမျိုးပေါ့ကွာ။ Sign တွေကလည်း international highway codes တွေမှာ သတ်မှတ်ထားတဲ့ အရောင် အရွယ်အစား စတာတွေ အတိုင်း ဖြစ်သင့်တယ်ကွ။
Variable speed limits
ဒီဘက်က လမ်းမကြီးတွေမှာတော့ traffic အနေအထား အရ၊ လမ်း မြေပြင်အနေအထား၊ အကွေ့အကောက် တွေ အရ၊ ဒါမှမဟုတ် လမ်းပြင်တာတွေ ရှိနေတတ်တဲ့ အချိန်အခါ မျိုး လိုက်ပြီး speed limit ကို အပိုင်းလိုက် အပိုင်းလိုက် ပြောင်းပြီးတော့လည်း သတ်မှတ်တတ် ကြတယ်ကွ။ တလမ်းလုံး national speed limit မိုင် ၇၀ ဆိုတာမျိုး မဟုတ်ဘူး။ ဒီ နေရာကတော့ မိုင် ၅၀ ဘဲ သွားသင့်တယ် ထင်ရင် ၅၀၊ ပိုဆိုးတဲ့ နေရာဆို မိုင် ၄၀/ ၃၀။ ကောင်းသွားတဲ့ နေရာ ပြန်ရောက်သွားရင် ၇၀ ဆိုတာမျိုး အနေအထား အလိုက် သတ်မှတ်တယ်။ ဒို့ဆီလဲ တလမ်းလုံး ကီလို ၁၀၀ ဆိုတာမျိုး မဟုတ်ဘဲ စနစ်တကျ ပြန်စစ်ပြီး လျော့သင့်ရင် လျော့ရမဲ့ နေရာလေးတွေ ရှိနိုင်တယ်။
 Standards
Speed limit ကျတော့ km နဲ့ ရေးပြီး အကွာအဝေးကျ မိုင်တိုင်တွေ ဆိုတော့ ဒို့နိုင်ငံ official က ကီလိုမီတာ လား မိုင်လား၊ လမ်းလည် ကျွန်း တွေ၊ လမ်း Sign တွေ စနစ်မကျတာ၊ လမ်း sign ထောင်ထားတဲ့ နေရာ မမှန်တာ၊ National highway standards မရှိသေးတာ၊ Barrier တွေ မမှန်တာ စသဖြင့် အသေးစိတ် အကုန် လိုက်ကြည့်မယ် ဆိုရင်တော့ အများကြီးပေါ့ကွာ။
 အေးကွာ… နိုင်ငံတကာ အဆင့်မှီဖို့ တော့ ပြန်ပြင်သင့်တာလေးတွေ တော်တော်များများ ရှိတယ်လို့ မြင်တယ်ကွ။ မင်း ဖျတ်ကနဲ ပြုံးသွားတာ ငါ မြင်လိုက်တယ် သယ်ရင်း။  ငါတို့နိုင်ငံ ဒီလောက် ဆင်းရဲတာကို နိုင်ငံတကာ အဆင့် လာမပြောနဲ့ ဦး လေကွာ လို့ မင်းပြောချင်တာ မို့လား။ နိုင်ငံတကာ အဆင့်မှီ ကားတွေကို နိုင်ငံတကာ speed နဲ့ မောင်းမယ် ဆိုရင် နိုင်ငံတကာ အဆင့်မှီတဲ့ လမ်း ဖြစ်ဖို့လိုတယ် ဆိုရင်တော့ မင်း ငြင်းမယ် မထင်ဘူး။ မဟုတ်ရင်တော့ နိုင်ငံတကာ အဆင့်မှီ မီးသဂြိုလ်စက်ကြီး တည်ရလိမ့်မယ်။
 မင်းတို့ ငါတို့တွေ တစိတ်ရှိ အမြန်လမ်း အမြန်လမ်း အော်နေလို့ ဒို့ဘကြီး က အန်ကယ်ဆမ် ကို သွား အကူအညီ တောင်း လာတယ် ကြားတယ်ကွ။ အန်ကယ်ဆမ်ကြီး လာပြီး စနစ်တကျ လုပ်သွားရင်တော့ မင်းတို့ ငါတို့ အမြန်လမ်းမကြီး ကို လက်ညှိုးထိုး လို့ မရတော့ဘူး ပေါ့ကွာ။ ငှင်းငှင်းငှင်း (ဝန်ကြီး ဦးစိုးသိန်း WEF မှာ ရီတဲ့ပုံစံ နဲ့ ဖတ်ကွာ။ စကားမစပ် ငါတော့ ဘွင်းဘွင်းကြီး ပြောတတ်တဲ့ အဲဒီ လူကြီးကို နည်းနည်းတော့ သဘောကျသကွ။)
အဲဒီလို လမ်း ကောင်းသွားပြီ ဆိုရင်တော့ တခြား factor တွေက လူ နဲ့ ကားကွ။ လူတွေ အိပ်ငိုက်လို့၊ စည်းမဲ့ ကမ်းမဲ့ မောင်းလို့၊ သတ်မှတ်မိုင်ထက် ကျော်မောင်းလို့၊ ကားကြံ့ခိုင်မှု အားနည်းလို့ ဘာလို့ ညာလို့တွေ လာပြီ။ ဒါ ကားသမား နဲ့ ကားပိုင်ရှင် တွေမှာချည်းဘဲ တာဝန် ရှိသလား..၊ တခြား ဘယ်သူတွေမှာ တာဝန် ရှိသေးလဲ၊ ဘယ်လို လျော့ချနိုင်မလဲ..၊ ငါတို့ ထက် ကား အစီးရေ အဆ ၅၀ လောက်များတဲ့ UK မှာ ဘယ်လိုတွေ လုပ်ထားလဲ ဆိုတာနဲ့ ချိန်ထိုး စဉ်းစားကြည့်မိတယ်ကွ…။
 ငါစာရေးပျင်းတာလဲ မင်းသိသလို မင်းလဲ စာရှည်ရှည် မဖတ်ချင်တာလည်း ငါသိတယ်ကွ ဟဲဟဲ….။ လူ နဲ့ ကားအကြောင်း နောက်တပိုင်းမှ ဆက်ပြောတာပေါ့ကွာ။
မျက်နှာလှလျက် ဝက်ခြံကဖျက်
       ဝက်ခြံဟာ လူတိုင်း သိကြတဲ့ အရေပြား ရောဂါ တစ်မျိုးဖြစ်ပြီး ဆယ်ကျော်သက် မြီးကောင်ပေါက်စ လူငယ်လူရွယ်တွေမှာ အဖြစ်များပြီး လူလတ်ပိုင်းနှင့် လူကြီးပိုင်း တွေမှာလည်း ပေါက်တတ် ကြပါတယ်။
များသောအားဖြင့် ဝက်ခြံ ပေါက်လာပြီဆိုရင်လည်း ကိုယ့်ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝက်ခြံပျောက် ဆေးများသုံးပြီး အနီးစပ်ဆုံး ပျောက်ကင်းအောင် ကုသကြပါတယ်။ တချို့ အနာနဲ့ဆေး တစ်ထပ်တည်း ကျပြီး ပျောက်ကင်း သွားတာ ရှိသလို အချို့က အနာနဲ့ ဆေးမတည့်တဲ့ အတွက် အခြေအနေ ပိုဆိုးလာတာ ကိုလည်း တွေ့ရပါတယ်။ ဝက်ခြံမှာ အမျိုးအစားအများကြီး ရှိပါတယ်။ အဲဒီထဲက ဝက်ခြံမည်း၊ဆားဝက်ခြံဖြူ၊ ဆင်ဝက်ခြံတို့ပဲ ဖြစ်ပါတယ်။ ဝက်ခြံမည်း ဆိုတာက ဝက်ခြံရဲ့ ထိပ်ဆံကလေး မည်းနေတာ ဖြစ်တယ်။ ညှစ်ထုတ်လိုက်တဲ့ အခါမှာလည်း ဝတ်ဆံ အမည်းလေးတွေ ထွက်လာ တတ်ပါတယ်။ ဆားဝက်ခြံဖြူ ကတော့ ဝက်ခြံရဲ့ထိပ်ဆံက ဖြူနေပြီး ညှစ်ထုတ်လိုက်တဲ့ အခါ ဝတ်ဆံ အဖြူကလေးတွေ ထွက်လာပါတယ်။ မမှည့်ဘဲ ညှစ်လိုက်တဲ့ အခါမျိုးဆို နာနာကျင်ကျင် ခံစားရပြီး အနာဖြစ်သွား တတ်ပါတယ်။ ဆင်ဝက်ခြံ ဆိုတာကလည်း တော်တော် ဆိုးဝါးပါတယ်။ အဲဒီ ဆင်ဝက်ခြံ ပေါက်လိုက်လျှင် နှာခေါင်းဝ ထိပ်ဖျားကလေး တွေနဲ့ နှာခေါင်း အတွင်းပိုင်းတွေမှာ အပေါက်များပါတယ်။ အဲဒီဝက်ခြံ နှာခေါင်းထဲ ပေါက်ပြီဆို မျက်နှာ သစ်ရင်တောင် အထိမခံနိုင်ပါဘူး။ တချို့ဆို ဆင်ဝက်ခြံ နှာခေါင်းထဲ ပေါက်ပြီဆို အညှော်မိလို့ သေကြရတယ် ဆိုတာလည်း ကြားဖူးပါတယ်။ ဆင်ဝက်ခြံ နှာခေါင်းထဲမှာ ပေါက်တယ်လို့ သိရင် အညှော်ကို ရှောင်သင့်ပါတယ်။
       ဝက်ခြံ ပေါက်ရတဲ့ အကြောင်းကတော့ မျိုးရိုးဗီဇကြောင့် ဒါမှမဟုတ် ကိုယ်ဝန်ဆောင် နေချိန် စိတ်ဖိစီးမှု များခြင်း၊ အိပ်ရေးပျက်ခြင်း၊ ဓမ္မတာ လာနေချိန် ဟော်မုန်း ပြောင်းလဲခြင်း၊ အဆီပါဝင်မှု များတဲ့ အစားအစာတွေနဲ့ အချို၊ အငန်၊အစပ်တွေ အလွန်အကျွံ စားသုံးလျှင်လည်း ဝက်ခြံ ထွက်တတ်ပါတယ်။ များသောအားဖြင့် ဝက်ခြံတွေဟာ မျက်နှာနှင့် ပခုံးတို့မှာသာ အပေါက်များပြီး တစ်ခါတလေ လက်မောင်း၊ ရင်ဘတ်၊ ကျော ကုန်းတွေမှာလည်း ပေါက်တတ်ကြပါတယ်။ အဲဒီဝက်ခြံတွေ ပေါက်လာပြီဆိုရင် လက်နှင့် ဆိတ်တာတို့၊ ဖျစ်တာ၊ ညှစ်တာ၊ ဖဲ့တာတွေ မလုပ်မိဖို့ လိုပါတယ်။ အဲဒီလို လုပ်လိုက်တဲ့ အတွက် မိမိရဲ့လက်သန့်ရှင်းမှု မရှိတဲ့အခါ ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက် စေနိုင်ပြီး လက်ရောင်လိုက်ကာ အနာကို အခြေအနေ ပိုမို ဆိုးရွားစေပါတယ်။
       ဝက်ခြံတွေ မထွက်အောင်၊ မဖြစ်အောင် ထိန်းသိမ်းရမည့် နည်းလမ်းတွေ ကတော့ တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိရမယ်။ အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရပါမယ်။ မျက်နှာကို အမြဲတမ်း သန့်ရှင်းအောင် ထားရပါမယ်။ မျက်နှာကို ကြေး၊ အညှော်တွေ ကပ်မနေအောင် မျက်နှာသစ် ဆပ်ပြာတွေနဲ့ ဆေးကြော သန့်စင် ပေးရပါမယ်။ ဆိုးဆိုးဝါးဝါး ဝက်ခြံတွေ ဆိုရင် နီးစပ်ရာ နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ကုသသင့်ပါတယ်။ ဝက်ခြံဟာ အရေပြား ရောဂါတစ်မျိုး ဖြစ်တဲ့အတွက် ပေါ့ပေါ့ဆဆ မနေဘဲ ပျောက်ကင်းအောင် ကုသကြရမှာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
မြဝတီ
ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးတွင် တစ်ပါး ပါဝင်သည့် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း
ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးတွင် တစ်ပါး ပါဝင်သည့် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း
ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို လေ့လာ ခဲ့ကြသော ကျွမ်းကျင်သူများက သူတို့၏ အမြင်ကို တစ်ယောက် တစ်မျိုးစီ ဖော်ပြ ပေးခဲ့ကြသည်။
ဘားနက်ကမ်းပါးစ် (Bernet Kempers)က ''ဘောရော ဗုဒ္ဓေါဟာ ဘောရော ဗုဒ္ဓေါပါပဲ'' ဟု ဆိုသည်။ အဓိပ္ပာယ်မှာ သူ့နည်းလမ်း နှင့်သူ အလွန် ထူးခြားနေကြောင်း၊ နောက်တစ်ဦးက ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို အလွန်ကြီးမားသည့် ကြာပဒုမ္မာသည် ပွင့်အန်လာတော့မည့် အခြေအနေ အဆင့်ရှိနေပြီး ရေကန် တစ်ကန်ထဲမှာ ပေါလော မျောနေဟန် ဖြစ်ကြောင်း နီအူဝင်ကမ့် (Nieuwenkamp) က အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ၎င်း၏ စိတ်ကူးကို ၁၉၈၇ ခုနှစ်တွင် အင်ရန်ကူတီ (N Rangkuti)က ထောက်ခံခဲ့သည်။ ကောင်းကင်ထဲမှ ကြည့်လျှင် ဘောရောဗုဒ္ဓေါ သည် ပေါလော မျောနေ ဟန် တွေ့ရသည်ဟု ဆိုသည်။ ဘူမိဗေဒဆိုင်ရာ လေ့လာမှုများ အရ ဘော ရောဗုဒ္ဓေါ ရှိနေသည့် နေရာသည် တစ်ချိန်တုန်းက ဧရာမ ရေကန်ကြီး တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက သက်သေ ပြုပေးနိုင်ခဲ့သည်။ ဘောရောဗုဒ္ဓေါ၏ ပတ်ဝန်းကျင် ရွာအများဆုံးသည် ပင်လယ်ရေ မျက်နှာပြင်၏ အထက် အမြင့်တူတွင် ရှိနေကြပေသည်။ အဆိုပါ ကုန်းမြင့်ပေါ်တွင် ပေါဝမ် (Pawon) နှင့် မန်ဒွတ်ဘုရားကျောင်း (Mendut) များ လည်း တည်ရှိနေခဲ့ကြသည်။ ဤသို့အား ဖြင့် အဆိုပါ ဧရိယာသည် ရေကန်၏ မျက်နှာပြင်ညီ အမြင့် ၂၃၅ မီတာ၏ အောက်တွင် ရှိနေခဲ့ကြပေသည်။
အေဒီ ၈၄၂ ခုနှစ်က ရေးထိုးခဲ့သည့် ကျောက်စာကို အခြေခံ၍ ဘောရော ဗုဒ္ဓေါ ကျောင်းတော်ကြီးသည် တစ်ချိန်တုန်းက ဝတ်ပြုဆုတောင်း ရာ နေရာတစ်ခု ဖြစ်ကြောင်း ကာ့ပါရစ် (Casparis) က အကြံပြုထားသည်။ ကျောက်စာတွင် ''Kawulani Bhumi Sambhara'' ''ကောဝုလန်နီ ဘူမိသမ္ဘာရ'' ဟု ရေးထိုး ထားသဖြင့် ကောဝုလန် (Kawulan)၏ မူလ အဓိပ္ပာယ်မှာ မြင့်မြတ်ခြင်း၊ အထွတ်အမြတ် ဖြစ်ခြင်းဟု ဆိုလိုပေသည်။ ''Bhumi Sambhara'' ''ဘူမိသမ္ဘာရ'' သည် ဘောရောဗုဒ္ဓေါ ဒေသမှ တစ်နေရာ၏ အမည်ဖြစ်သည်။ အားလုံးကို ခြုံ၍ သုံးသပ်ရသော် ဘောရောဗုဒ္ဓေါ ဘုရားကျောင်းသည် မြေညီကွင်းပြင်မှ ထူပါရုံဘုရား ဖြစ်သည်။ အခြား တစ်ဖက်တွင်လည်း ဘုရားကျောင်းသည် သံသရာ လွတ်မြောက်ရေး လောကုတ္တရာသို့ မျှော်မှန်းရာ ဖြစ်ပေသည်။ ထို့ကြောင့် ကန်တော့ပုံ တည်ဆောက်ထားသည့် အဆောက်အအုံ သည် နှစ်မျိုးဖော်ပြ ထားခြင်း ဖြစ်ကြောင်း ပေါလ်မာ့စ် (Paul Mus) က ပြောကြားခဲ့သည်။ တစ်စုံတစ်ဦးသည် ကျောင်းတော် အတွင်း ရောက်ရှိနေလျှင် ပိတ်ထားသော ကမ္ဘာ ''Closed World'' အဖြစ် ခံစားရပေမည်။ ထို့နောက် အတွင်းနံရံများ ပေါ်တွင် မျက်နှာပြင် အညီမှ ရုပ်ကြွထုလုပ် ပုံသွန်းရုပ်များကို မြင်တွေ့ရမည်။ ထို့ ပြင် ဝရန်တာများသည် အမြဲတမ်း စတု ရန်းပုံ ဆောင်နေကြ၍ ဘုရားကျောင်း၏ အခြားတစ်ဖက်သို့ အထပ်အလွှာ တစ်နေရာထဲတွင် ရှိနေစေကာမူ မြင်တွေ့ နိုင်ခြင်း မရှိပေ။ ဝိုင်းပတ်နေသော စင်္ကြံပေါ်တွင် ရောက်ရှိနေသူသည် အဆိုပါ အထပ်အလွှာ၏ ရှုခင်းကို ကျယ်ကျယ်ပြန့်ပြန့် မြင်ရမည် ဖြစ်သော်လည်း အောက်အဆင့်နှင့် အပေါ်အဆင့်သို့ မြင်နိုင်မည် မဟုတ်ပေ။ ပိန်းပိတ် နေသည့် အသွင်သဏ္ဌာန် ဆောင်ထားခြင်းသည် နည်းပညာ ဆိုင်ရာ ရည်ညွှန်းမှု မဟုတ်ဘဲ ဘာသာရေး ဆိုင်ရာ အယူအဆအရ တည်ဆောက် ထားခြင်း ဖြစ်ကြောင်း အခြား ကျွမ်းကျင်သူများက အကြံပြုထားသည်။
ဘောရောဗုဒ္ဓေါ ဘုရားကျောင်းတော်ကြီးကို ရှစ်ရာစုနှစ်က စန်မာရတ်တန်ဂါ့ (Sanmaratungga) က တည်ဆောက်ထားပြီး ၎င်းသည် ဗုဒ္ဓဘာသာ မဟာယ နဂိုဏ်းဝင် ဖြစ်သည်။ ၁၈၁၄ ခုနှစ်တွင် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း အကြောင်းကို ဆာသောမတ်စ် စတင်ဖို့ ရာဖေးလ်စ် (Sir Thomas Stanford Raffles)က ဖော်ထုတ် ပေးခဲ့သည်။ ကျောင်းတော်ကြီးသည် ထိုစဉ်က ပျက်စီး ယိုယွင်းလျက် ရှိနေပြီး မြေကြီးထဲတွင် မြုပ်နေသည်ဟု ဆိုသည်။
အဆောက်အအုံကြီး၏ အလုံးစုံ အမြင့်သည် ၄၂ မီတာရှိသည်။ သို့သော်လည်း ပြန်လည် ပြုပြင်လိုက်သော အခါ ၃၄ ဒသမ ၅ မီတာသာ ရှိတော့သည်။ ၎င်း၏ အတိုင်းအတာသည် ၁၂၃ x ၁၂၃ မီတာ (စတုရန်းမီတာ ၁၅၁၂၉) ရှိသည်။ ၁ဝ ထပ်ရှိကာ ပထမထပ်မှ ခြောက်လွှာအထိ စတုရန်းပုံ တည်ဆောက် ထား၍ ခုနစ်လွှာမှ ၁ဝ လွှာအထိ အ ဝိုင်းပုံစံ ရှိနေပေသည်။
ဘောရောဗုဒ္ဓေါ ဘုရားကျောင်းတော်ကြီးသည် အရှေ့ဘက်သို့ မျက်နှာမူထားပြီး နှစ်မီတာ အကျယ်စီ ရှိသော အကွက်အကန့် ၁၄၆ဝ ခုရှိသည်။ နံရံများ အားလုံး၏ အရွယ်အစားသည် စတုရန်း မီတာ ၂၅ဝဝရှိကာ ရုပ်ကြွ ပုံသွန်းရုပ်များကို အပြည့် ထုလုပ်ထားကြောင်း တွေ့ရ သည်။ အဆိုပါရုပ်ကြွ ပါသော အကွက်များမှာ ၁၂၁၂ ခုရှိသည်။ စစ်ဆေး ရေတွက်ကြည့်ပြီး ဗုဒ္ဓရုပ်တုတော် ၅ဝ၄ ဆူ ရှိနေရာ အကောင်းပကတိနှင့် အပျက်အစီးများ အပါအဝင်ဖြစ်ကြ
သည်။ အဆိုပါ ကျောင်းတော်ကြီးကို ၁၉ဝ၅ ခုနှစ်မှ ၁၉၁ဝ ပြည့်နှစ်အထိ ပထမဆုံး အကြိမ် ပြုပြင်ခဲ့ပြီး နောက်ဆုံးအကြိမ် အဖြစ် ၁၉၇၃ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ထပ်မံပြုပြင် မွမ်းမံခဲ့ကြောင်း သိရသည်။
ဘောရောဗုဒ္ဓေါ အကြောင်း
သိကောင်းစရာ
အဆောက်အအုံကြီးကို တောင်ကုန်း တစ်ခုပေါ်တွင် စတုရန်း ၅၅ဝဝဝ မီ တာ၊ မီးတောင်ချော်မှ ဖြစ်သော ကျောက်တုံးများကို ဆင့်ထားသည့် ပုံစံဖြင့် စတုဂံပုံ ခြောက်ထပ်၊ အဝိုင်းပုံ လှေကားထစ် သုံးခု၊ အလယ်တွင် စေတီပုံကို ထိပ်အထိ တည်ထားသည်။ အားလုံးခြုံငုံ၍ ကြည့်လျှင် ဗုဒ္ဓ၏ အထွတ်အမြတ် ကြာပဒုမ္မာ တစ်ပွင့်ပုံစံ ဆောက်ထား သည့် အဆောက်အအုံကြီး ဖြစ်ပေသည်။
ပတ်လည်သို့ လှည့်ပတ်၍ မျက်နှာမူ ထားသည့် တင်ပလ္လင်ခွေ ဗုဒ္ဓရုပ်တုတော် ၉၂ ဆူနှင့် ရုပ်ကြွ ရုပ်တုတော် အဆူ ၁၄၆ဝ ရှိသည်။ အောက်ဆုံး အဆင့်တွင် ရုပ်ကြွ ၁၆ဝ ဆူရှိသည်။ အလယ်အဆင့်တွင် ဗုဒ္ဓ၏ဖြစ်စဉ် ဇာတ်နိပါတ်တော် များကို ပုံဖော် ပေးထားသည်။ အမြင့်ဆုံး နေရာတွင် ရုပ်ကြွများသော် လည်းကောင်း၊ အလှဆင်ထား ခြင်းသော် လည်းကောင်း မရှိဘဲ လသာ ဆောင်တစ်ခုရှိပြီး စတုရန်းပုံနှင့်နံရံများ စသည့် အဝိုင်းပုံ ဖြစ် သည်။ စက်ဝိုင်းသည် အစမရှိ၊ အဆုံးလည်း မရှိပေ။ ဤနေရာတွင် စေတီပေါင်း ၉၂ ဆူ၊ အတွင်းစေတီ တစ်ဆူချင်းစီတွင် တင်ပလ္လင်ခွေ ဗုဒ္ဓ ဆင်းတုတော် တစ်ဆူစီ ထည့်သွင်း ပေးထားသည်။
ဗုဒ္ဓဆင်းတုတော်များအားလုံးသည် ဘူမိဖဿမုဒြာဟန်များဖြင့် မဟာပထဝီ မြေကြီးကို သက်သေ ပြုနေဟန်၊ မြတ်စွာ ဘုရား၏ တရားဟောနေ ဟန်ဖြစ်သည်။
ဘောရောဗုဒ္ဓေါ စေတီတော်ကြီးသည် ဗုဒ္ဓဘာသာဝင် တို့၏ အမြင့်မြတ်ဆုံးသော သင်္ကေတ လက္ခဏာ ဆောင်ထားသည့် အပြင် စကြဝဠာ တစ်တိုက်လုံး ၏ ကိုယ်ပွားလည်း ဖြစ်သည်။ ဗောဓိ သတ္တဘုရားလောင်း ဘဝဖြစ်စဉ် ဇာတ်ကြီး ၁ဝ ဘွဲ့ကို ဖော်ပြထားပြီး မြတ်စွာ ဘုရား၏ သဗ္ဗညုတ ဉာဏ်အလင်း ဆောင်ခဲ့ပုံကို ဖော်ညွှန်းထားခြင်း ဖြစ်ပေ သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား နေပြည်တော်၌ တွေ့ဆုံ
From : ..eleven
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်ကင်တားနားတို့ သြဂုတ် ၂၀ ရက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မစ္စတာကင်တားနား၏ ခရီးစဉ်နှင့် နိုင်ငံအတွင်း လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ မိတ္ထီလာ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့သော်လည်း အခြားခရီးစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားသည်။
ထို့အပြင် နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် ပတ်သက်၍ ပြောကြားခဲ့မှုအပေါ် "အားလုံးလွတ်မယ်လို့ ယုံကြည်ပါတယ်လို့ ပြောလိုက်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ်ကင်တားနားသည် ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်းပြည်နယ်နှင့် မိတ္ထီလာမြို့များသို့ သွားရောက်ခဲ့ပြီး ဒေသခံများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာတွင် ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့သည်။
စမတ်ဖုန်း သုံးစွဲမှုသည် အဝေး မှုန်ခြင်းကို ဖြစ်ပွား စေနိုင်ကြောင်း လေ့လာတွေ့ရှိ
လန်ဒန် သြဂုတ် ၂၀
စမတ်ဖုန်း အသုံးပြုခြင်းသည် အမြင် အာရုံကို ထိခိုက် စေနိုင်ပြီး အဝေး မှုန်ခြင်းကို ဖြစ်ပွား စေနိုင်ကြောင်း မျက်စိခွဲစိတ် ဆရာဝန် တစ်ဦးဖြစ်သူ ဒေးဗစ် အာလမ်ဘိုင်မ်က ထုတ်ဖော် ပြောကြားခဲ့ကြောင်း Femalefirst.co.uk ၀က်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
၁၉၉၇ ခုနှစ်တွင် စမတ်ဖုန်း စတင် ပေါ်ပေါက်လာစဉ် ကတည်းက ယင်းဖုန်းများကို သုံးစွဲမှုကြောင့် အဝေးမှုန်သူ ၃၅ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ကြောင်း focus ဆေးခန်းကို  တည်ထောင်သူ အာလမ်ဘိုင်မ်က ပြောကြားခဲ့ပြီး လာမည့် ၁၀ နှစ်အတွင်း လူငယ်များ အကြားတွင် အဝေးမှုန် ဝေဒနာ ခံစားရသူ ၅၀ ရာခိုင်နှုန်း အထိ  မြင့်တက် လာနိုင်ဖွယ် ရှိကြောင်း ၎င်းက သတိပေး ပြောကြားထားသည်။
ဗြိတိန် နိုင်ငံရှိ ပြည်သူ ထက်ဝက်ကျော်တွင် စမတ်ဖုန်း ကိုယ်စီ ပိုင်ဆိုင်ကြကြောင်း၊ ၎င်းတို့သည် တစ်နေ့လျှင် နှစ်နာရီနီးပါး စမတ်ဖုန်းကို အသုံးပြုလေ့ ရှိကြောင်း၊ မျက်မှောက် ခေတ်တွင် လူအများစုသည် ကွန်ပျူတာ၊ လက်ပ်တော့၊ Tablet နှင့် ရုပ်မြင်သံကြား များကို အသုံးပြုရင်း ၎င်းတို့၏ နေ့စဉ်ဘ၀ကို ကုန်ဆုံးလေ့ ရှိသည့်အတွက် လူငယ်များနှင့် ကလေးငယ် များသည် အမြင်အာရုံ ပျက်စီးခြင်းကို ခံစားရဖွယ် ရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။
သတင်းစာနှင့် စာအုပ်စာပေ များကို ဖတ်ရှုပါက မိမိ မျက်လုံးနှင့် ၄၀ စင်တီမီတာ အကွာတွင် ထားရှိရမည် ဖြစ်ပြီး ယခုအခါ အချို့သော သူများမှာ လက်ကိုင်ဖုန်း များကို ၁၈ စင်တီမီတာ အကွာမှ အသုံးပြုနေပြီး ပျမ်းမျှအားဖြင့် ၃၀ စင်တီမီတာ အကွာတွင် ထားရှိ၍ အသုံး ပြုနေကြောင်း သုတေသီ များက လေ့လာ တွေ့ရှိခဲ့သည်။
ယခုကဲ့သို့ ဆက်လက် အသုံးပြုနေမည် ဆိုပါက ၂၀၃၃ ခုနှစ် အရောက်တွင်  အသက် ၃၀ ၀န်းကျင် လူများအနက် လူဦးရေ ၄၀ မှ ၅၀ ရာခိုင်နှုန်း အထိသည် အဝေး မှုန်ခြင်းကို ခံစား ရလာနိုင်ကြောင်း၊ ထို့ကြောင့် စမတ်ဖုန်း များကို အသုံးပြုခြင်းနှင့် ရုပ်မြင်သံကြား များကို ကြည့်ရှုချိန်အား လျှော့ချသင့်ကြောင်း အာလမ်ဘိုင်မ်က ပြောကြားခဲ့သည်။
မျက်မှောက်ခေတ် ကလေးငယ် များသည် အဝေး မှုန်ခြင်းကို အများဆုံး ခံစားရဖွယ် ရှိသူများ ဖြစ်ကြောင်း၊ ၂၀၁၄ အရောက်တွင် အသက် ၁၂ နှစ်မှ ၁၇ နှစ် အရွယ်ကြားရှိ ကလေးငယ် များသည် စမတ်ဖုန်းကို အများဆုံး သုံးစွဲမည့် သူများ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်ဟု သိရသည်။
မြဝတီ
လူထုကို လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ပြုသည့်အတွက် မြန်မာအစိုးကို ကင်တားနား ဝေဖန်
From : ..voa
မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ အတွက် ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံအတွင်း လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့နေရာ အတော်များများကို သွားရောက် လေ့လာခဲ့တာမှာ အရင်အခေါက်တွေကနဲ့ မတူတဲ့ ကန့်ကွက် ဆန္ဒြုပပွဲတွေ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါ တယ်။
သူ့ခရီး ပထမဆုံး ခရီးတထောက်အဖြစ် ရခိုင်ပြည်နယ်ကို ရောက်သွားတဲ့အချိန် မစ္စတာ ကင်တားနားဟာ ဒေသခံ ရခိုင်လူမျိုးတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။
သူ ရခိုင်ပြည်ကို သွားရောက်စဉ် အဲဒီမှာ ဒေသခံ အာဏာပိုင်တွေအပြင် ရခိုင်ဗုဒ္ဓဘာသာဝင်တွေရော၊ မူဆလင် အသိုင်းအ၀ိုင်းနဲ့ပါ တွေ့ဆုံခွင့်ရခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
နောက် သူသွားခဲ့တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စတဲ့ ဒေသတွေမှာလည်း
ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လူမှုရေနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့အပြင် ယုံကြည့်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အင်းစိန်ထောင်မှာရော၊ ရခိုင်ပြည်နယ်အတွင်းမှာရော တွေ့ဆုံခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူ့ခရီးစဉ် အဆုံးမသတ်ခင် ၉ ရက်မြောက်နေ့က မိတ္ထီလာမြို့ကို ရောက်သွားတဲ့အခါမှာတော့ ဆန္ဒပြသူ လူအုပ်ကြီးက သူစီးလာတဲ့ကားကို ၀ိုင်းအုံလာပေမဲ့ အနားမှာရှိနေတဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
"ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကျနော့်လို ပုဂ္ဂိုလ်မျိုးကို အကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အဲဒီနေရာမှာ အစိုးရဘက်က အကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီကိစ္စကိုလည်း ကျနော် မြန်မာအစိုးရ ကို ထောက်ပြခဲ့ပါတယ်။"
သူ့အနေနဲ့ မိတ္ထီလာမြို့မှာရှိတဲ့ မူဆလင် အသိုင်းနဲ့ နောက်တနေ့မနက်မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမဲ့လည်း ညပိုင်း မိတ္ထီလာမြို့အ၀င်မှာ ကြုံတွေ့ခဲ့ရတဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် အဲဒီ အစီအစဉ်ကို ဖျက်လိုက်ရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မူဆလင် မိသားစုတွေအနေနဲ့ တအိမ်ထောင် ကလေး ၂ ယောက်ထက် ကျော်ပြီး မွေးခွင့်မရှိဘူးဆိုတဲ့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်လို့လည်း -
"ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မူဆလင် မိသားစုတွေအနေနဲ့ တအိမ်ထောင် ကလေး ၂ ယောက်ထက် ပိုမမွေးရဆိုတဲ့ ပေါ်လစီ ချမှတ်ထားခြင်း မရှိဘူးဆိုတာကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် သူက ကျနော်ကို ကတိပြု ပြောဆိုပါတယ်။ အဲဒီလို ပေါ်လစီမျိုး မရှိဘူးဆိုတာကိုလည်း ပြည်ထဲရေး ၀န်ကြီးကိုယ်တိုင်က ကျနော့်ကို ထပ်လောင်း အတည်ပြုပြောဆိုပါတယ်။ ဒါပေမဲ့ နစက လက်ထက်က အဲဒီလို ပေါ်လစီမျိုး ရှိကောင်း ရှိခဲ့နိုင်တယ်လို့တော့ ၀န်ကြီးက ပြောပါတယ်။"
မြန်မာနိုင်ငံမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ၊ အထူးသဖြင့်တော့ မတူညီတဲ့ ဘာသာအဖွဲ့အစည်းတွေကြား ဖြစ်ပေါ်နေတဲ့ သဘောထားကွဲပြားမှုတွေ ပြေလည်အောင် အစိုးရပိုင်းနဲ့ လူမှုအဖွဲ့အစည်းတွေက လုပ်ဆောင်နေတာတွေဟာ အောင်မြင်ပြီး မှန်ကန်တဲ့ဘက်ကို ဦးတည်နေတယ်လို့ သူ့အနေနဲ့ ယူဆကြောင်းလည်း မစ္စတာ ကင်တားနားက သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတာကြောင့် အစိုးရအနေနဲ့ အမြန်ဆုံး ပြန်လွတ်ပေး လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းလည်း မစ္စတာ ကင်တားနားက ပြောဆို သွားပါတယ်။
မြန်မာသံရုံးဗုံးခွဲဖို့ သံသယရှိသူ ၄ဦး ထပ်မံဖမ်းဆီးခံရ
22 August 2013,
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်မှုနဲ့ သံသယဖြစ်နေတဲ့ အမျိုးသားလေးဦးကို အင်ဒိုနီးရှားရဲတွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
သံသယဖြစ်ဖွယ်ရာ လူလေးဦးကို စနေနေ့ကနေ အင်္ဂါနေ့အထိ လိုက်လံဖမ်းဆီးမိခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ဖမ်းမိတဲ့ အမျိုးသားနှစ်ဦးဟာ အကြမ်းဖက်မှုနဲ့ ထောင်ဒဏ်ရှစ်နှစ် ကျခံရဖူးသူတွေဖြစ်ပြီးတော့ ၂၀၀၈ခုနှစ်ကမှ ပြန်လွတ်လာတာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ronny Sompie က ပြောပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ မွတ်စလင်တွေကြားက ပဋိပက္ခတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မွတ်စလင်လူမျိုးတွေကို အမျက်ဒေါသ ပိုမိုတိုးပွားစေခဲ့ပြီး အခုဖမ်းဆီးမိတဲ့ အမျိုးသားလေးဦးဟာ မြန်မာသံရုံးကိုဗုံးခွဲဖို့ကြံစည်မှုမှာ ပါဝင်တယ်လို့ သံသယဖြစ်ခံထားရသူတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။
မေလ ၂ရက်နေ့တုန်းက မြန်မာသံရုံးကို ဗုံးခွဲဖို့အတွက် ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံး ငါးလုံးသယ်ဆောင်လာတဲ့ အမျိုးသား ၂နှစ်ဦးကို အင်ဒိုနီးရှားရဲတွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အကြာသေးခင်ကပဲ ဂျာကာတာမှာရှိတဲ့ အက္ကယာန ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို မွတ်စလင် စစ်သွေးကြွအဖွဲ့တဖွဲ့ကနေ ဗုံးခွဲတိုက်ခဲ့ပြီး လူတဦးအနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ABC Radio
မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်
Z-22-8
     မာမက် (ခ) သိန်းအောင်                         အာဇတ်                 ယူနွတ် (ခ) လှမြင့်
       မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖောက်ခွဲရေးသမားများ သတင်းကြောင့် မြို့အ၀င်အထွက် လမ်းကြောင်းများ အပါအ၀င် ပင်လယ်ပိုင်းရှိ ကျွန်းများနှင့် ကျေးရွာများအထိ စနစ်တကျ စောင့်ကြည့် စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
       ယခုလလယ်ပိုင်းမှ စတင်ပြီး မြိတ်မြို့သို့ ဖောက်ခွဲရေးသမားသုံးဦး ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ၀င်ရောက်လာနိုင်ကြောင်း သတင်းများ ရရှိခဲ့ရာ လုံခြုံရေး တိုးမြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖောက်ခွဲရေးသမားသုံးဦး ရောက်ရှိနေသည့် သတင်းမှာ ဓာတ်ပုံများနှင့်အတူ အာဏာပိုင်များထံသို့ ရောက်ရှိနေပြီး ရပ်ကွက်အလိုက်၊ ကျေးရွာများအလိုက် လုံခြုံရေး တိုးမြှင့်ခဲ့သလို လူဝင်လူထွက်များ သိရှိနိုင်ရန် ဧည့်စာရင်းများစစ်ခြင်း၊ မြို့အ၀င်ထွက်များတွင် စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
        "ဖောက်ခွဲရေးသမား သုံးဦးကတော့ အခုထိ မမိသေးပါဘူး။ သတင်းတွေ အမျိုးမျိုး ထွက်နေပေမယ့် လုံခြုံရေးကိုတော့ စနစ်တကျ လုပ်ဆောင်နေပါတယ်။ ကျေးရွာနဲ့ ရပ်ကွက်တွေအလိုက် ဆယ်အိမ်စု၊ ရာအိမ်စုမှူးတွေအထိ အဆင့်ဆင့် စောင့်ကြည့်တဲ့ စနစ်နဲ့ လုပ်ဆောင်နေသလို ပင်လယ်ထဲက ကျွန်းတွေ၊ ဆိပ်ကမ်းအ၀င်အထွက်ကိုလည်း စောင့်ကြည့်စစ်ဆေးနေတယ်။ သတင်းရပြီးတာနဲ့ လုံခြုံရေးကို ယခင်ကထက် ထပ်တိုးထားပါတယ်။ သြဂုတ် ၁၇ နေ့ကစပြီး နေ့ရောညပါ လူတစ်ဦးချင်းအလိုက် ရှာပါတယ်။ ဆိုက်ကားတွေ ဆိုင်ကယ်တွေကို တစ်စီးချင်း ရှာပါတယ်။ ညပိုင်းဆိုရင် မြစ်ထဲမှာ လှေတွေနဲ့ ကင်းလှည့်စောင့်ကြည့် ပါတယ်။ ရွာတွေက လှေဆိပ်လေးတွေအထိ လိုက်စစ်နေပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ထပ်တိုးထားတာပဲ ရှိပါတယ်။ ဘယ်နေ့ဘယ်ရက်အထိ ချမယ်ဆိုတာမျိုး မရှိပါဘူး။ ရက်အကန့်အသတ်မရှိ ဆောင်ရွက်မှာပါ" ဟု ကျွဲကူးတံတားတွင် တာဝန်ကျနေသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
       သြဂုတ်လလယ်ပိုင်းတွင် ဖောက်ခွဲရေးသမားသုံးဦး ထိုင်းနိုင်ငံမှတစ်ဆင့် ပင်လယ်ရေကြောင်း ခရီးဖြင့် ၀င်ရောက်လာကြောင်း၊ ကော့သောင်-ဘုတ်ပြင်းဘက်မှ ရေလမ်းခရီးကို အသုံးပြုကာ ၀င်ရောက် လာခြင်းဖြစ်ကြောင်း သတင်းများ ရရှိပြီးနောက်ပိုင်း မြိတ်မြို့တွင် လုံခြုံရေး တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
      သက်ဆိုင်ရာမှ ထုတ်ပြန်သည့် ဖောက်ခွဲရေးသမား သုံးဦးမှာ မာမက် (ခ) သိန်းအောင်၊ အာဇတ်နှင့် ယူနွတ်တို့ဖြစ်ပြီး မာမက် (ခ) သိန်းအောင်မှာ ယခင် မြန်မာနိုင်ငံသားဖြစ်ပြီး ယခု ထိုင်းနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ကာ မြန်မာနိုင်ငံ၌ အသက် (၁၂) အထိ နေထိုင်ခဲ့ကြောင်း၊ အာဇတ်မှာ အင်ဒိုနီးရှားတွင် နေထိုင်ကာ နိုင်ငံသား စိစစ်ဆဲဖြစ်ကြောင်းနှင့် ယူနွတ် (ခ) လှမြင့်မှာ ရခိုင်ပြည်နယ် ဇာတိဖြစ်ကာ ယခုထိုင်းနိုင်ငံသား ခံယူထားကြောင်း သိရပြီး ၎င်းတို့ သုံးဦးစလုံးမှာ မြန်မာစကား ကို ကောင်းမွန်စွာ ပြောဆိုနိုင်ကြောင်းလည်း သိရသည်။
      ယင်းတို့နှင့် ပတ်သက်၍ ပြင်ပတွင် သတင်းမျိုးစုံ ထွက်ပေါ်နေသော်လည်း ၎င်းတို့အား ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
Eleven
ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ ၀န်ထမ်းတွေကျင့်ဝတ်ကို သိကြရဲ့လား???
လက်ရှိ  ၀ဘ်ဆိုဒ်တွေ၊ လူမှုကွန်ယက် တွေပေါ်မှာ သတင်းကြီးနေတဲ့ အင်ပါယာသတင်းစာကိုထုတ်ဝေတဲ့ ဦးကောင်းမြင့်ထွဋ် ရဲ့ အသံဖိုင်ကို နားထောင်လိုက်ရပါတယ်။ ကျနော်အဲဒီမှာ တစ်ခုစဉ်းစားလိုက်မိတယ်။ အဲတာဘာလဲဆိုတော့ ၀န်ထမ်းတွေ ၀န်ထမ်းကျင့်ဝတ်ကို လိုက်နာဖို့လိုနေသေးတာပါပဲ။
ဝန်ထမ်းဆိုတာ ဟိုးထိပ်ပိုင်း သမ္မတကနေ အောက်ခြေအဆင့် စာရေးအထိ အကုန်ဝန်ထမ်းပါပဲ။ ကျနော် လည်း ၀န်ထမ်းတစ်ယောက်ပါ။ ကျနော်မှာ အထက်အရာရှိဆိုတာ ရှိပါတယ်။ သူ့ရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါ ကျနော့်ကို ခိုင်းပါတယ်။ အဲဒီလို ခိုင်းတဲ့နေရာမှာ တော်ရင်တော်သလို ချီးမြှောက်သလို ညံ့ရင်လည်း အဆူခံ အပြောခံရပါတယ်။ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးတာပါ။ အလုပ်တစ်ခုလုပ်တဲ့အခါ လက်အောက်ငယ်သားတွေ လုပ်ချင်ကိုင်ချင်စိတ်ရှိလာအောင် တော်တဲ့အခါမှာ ချီးမွန်းမယ်။ ချီးမြှောက်မယ်။ ညံ့တဲ့အခါမှာလည်း ဆူချင်ရင်ဆူမယ်။ ဆဲတဲ့အခါလည်း ဆဲပါတယ်။ ဒါပေမယ့် ဒါဟာ အလုပ်တစ်ခုကို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်စေချင်တဲ့ ဆန္ဒသပ်သပ်နဲ့ပါ။ ဒါကို ကျနော်တို့ လက်အောက်က ၀န်ထမ်းတွေအနေနဲ့ ဘယ်လိုခံယူကြမလဲ။
ချီးကျူးခံ ဆုချခံရတဲ့အခါ မိန့်မိန့်ကြီးပြုံးပြီး ကိုယ်တိုင်ကျေနပ်နေပြီး ဆူခံဆဲခံရရင် အထက်အရာရှိအပေါ် မကျေနပ်ချက်နဲ့ တိုင်မှာလား။ လူအများသိအောင် အင်တာနက်ပေါ်တင်ပြီး အထက်အရာရှိကို သိက္ခာချမှာ လား။ ဒါမှမဟုတ် အထက်အရာရှိကို မကျေနပ်တာနဲ့ပဲ ရုံးမှာရှိတဲ့ လုပ်ငန်းနဲ့ ပတ်သက်တဲ့စာတွေကို ဓာတ်ပုံ ရိုက်၊ မိတ္တူကူးပြီး လုပ်ငန်းတစ်ခုလုံးကို ထိခိုက်အောင်လုပ်မှာလား။ အကြောင်းအမျိုးမျိုးရှိပါတယ်။ အဲလိုတွေ လုပ်လိုက်ရင် ဘာတွေဖြစ်ကုန်မလဲ ဆိုတာမိမိကိုယ်တိုင် သေချာသိရဲ့လား။ အထက်အရာရှိအပေါ် အဲလိုလုပ်လိုက်လို့ အရာရှိ အလုပ်ပြုတ်သွားရင်၊ အရှက်ကွဲ သိက္ခာကျသွားရင် ကျေနပ်နေမှာလား။
ဒီအတွေးတွေဟာ မှားယွင်းပါတယ်။ ၀န်ထမ်းတစ်ယောက်အနေနဲ့ ၀န်ထမ်းကျင့်ဝတ်ဆိုတာ ရှိပါတယ်။ ၀န်ထမ်းဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ လျှို့ဝှက်အက်ဥပဒေကို လိုက်နာရပါမယ်။ နိုင်ငံတော်ရဲ့ သစ္စာကို စောင့် သိရမယ်ဆိုတာ ရှိပါတယ်။ ဒါတွေကို မလိုက်နာ မစောင့်ထိန်း ဖောက်ဖျက်မယ်ဆို ဘယ်လိုဖြစ်သွားမလဲ။  သေချာပါတယ် အဲလူဟာ ၀န်ထမ်းကောင်းတစ်ယောက် မဟုတ်နိုင်သလို ၊ ကိုယ့်နိုင်ငံအပေါ် ကိုယ့်အလုပ်ရှင်အပေါ်မှာ သစ္စာဖောက်ဖျက်တဲ့ သစ္စာဖောက် တစ်ယောက်ဖြစ်သွား မှာပါ။ 
အခုဆိုရင် အင်ပါယာသတင်းစာတိုက်ပိုင်ရှင် ဦးကောင့်မြင့်ထွဋ် အနေနဲ့ သူ့ဝန်ထမ်းတွေ အပေါ်မှာ ပြောခဲ့ ဆိုခဲ့တာတွေက သူ့ရုံးတွင်းကိစ္စတွေပါပဲ။ သူ့အနေနဲ့ အလုပ်နဲ့ ပတ်သက်ပြီး ဆူမယ်၊ ပြောမယ် ဒါတွေဟာ အလုပ်ရှင်တစ်ယောက်အနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ပါပဲ။ သူ့ရဲ့ အကျိုးစီးပွားအတွက် အလုပ်  လုပ်တဲ့ နေရာမှာ အောင်မြင်လာအောင် သူ့ဝန်ထမ်းတွေအပေါ်မှာ သွန်သင်မယ် ဆုံးမမယ်။ ဘယ်လို လုပ်ရ ကိုင်ရမလဲဆိုတာ သင်ပေးမယ်။ သူ့အကျိုးစီးပွားအောင်မြင်မှ သူခန့်ထားတဲ့ ၀န်ထမ်းတွေလည်း ခံစားခွင့်တွေရလာမယ်။ မအောင်မြင်ရင် ၀န်ထမ်းတွေပါ ခံစားခွင့်တွေ ရသင့်ရထိုက်တာထက် လျော့နည်း လာမယ်။ ဒီ့အတွက် သူ့ဝန်ထမ်းတွေကို သွန်သင်ဆုံးမတာ မထူးဆန်းပါဘူး။ နှစ်ဦးနှစ်ဖက်အကျိုး အတွက် ကောင်းမွန်အောင်သူလုပ်တာပါ။ ၀န်ထမ်းတွေအနေနဲ့လည်း ဒါကို သိနားလည်ရမယ်။ သူ့ကုမ္ပဏီမှာ အလုပ်လုပ်မယ်ဆိုရင် သူ့ကုမ္ပဏီက ထုတ်ထားတဲ့ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းတွေကို လိုက်နာနိုင်ရမယ်။ ဒါတွေကို လိုက်နာဖို့လည်း ဦးကောင်းမြင့်ထွဋ်အနေနဲ့ အလုပ်စခန့် ကတည်းက စာချုပ်မချုပ်ခဲ့ဘူးလား။ ဒါတွေဟာ သင်ခန်းစာယူစရာပါ။
အစိုးရ၀န်ထမ်း၊ ဒါမှမဟုတ် ကုမ္ပဏီဝန်ထမ်း ဘယ်က၀န်ထမ်းပဲဖြစ်နေပါစေ ၀န်ထမ်းတွေဟာ မိမိတို့ကို ထမင်းကျွေးနေတဲ့ မိမိရဲ့အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိရပါမယ်။ ၀န်ထမ်းကျင့်ဝတ်တွေကို လိုက်နာရပါ မယ်။ ဒီလိုမှ မဟုတ်ရင် ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ၀န်ထမ်းတွေချည်းပဲ လိုက်နာရမှာတွေ ပြောနေတာမဟုတ်ပါဘူး။ အလုပ်ရှင် အကြီးအကဲကလည်း လက်အောက်အပေါ်မှာ တရားမျှတစွာ ဆက်ဆံဖို့လိုပါတယ်။ 
ဝန်ထမ်းတွေအနေနဲ့လည်း မတရားတာလုပ်ခံရရင်ခါင်းငုံ့ခံနေရမယ်လို့လည်း မဆိုလိုပါဘူး။ လစာမရလို့  တိုင်မယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကို တိုင်လို့ရပါတယ်။ မိမိဘက် က ၀န်ထမ်းကျင့်ဝတ်နဲ့ အညီ ဖြေရှင်းလို့ရပါတယ်။ ဒီလိုမှမဟုတ်ရင်တော့  တဖက်သား သိက္ခာကျအောင် အရှက်ရအောင် Personal ကိစ္စတွေကို လူသိရှင်ကြားနဲ့ ဖွတာ ပြောတာ လုပ်တာတွေ လုပ်မယ်ဆိုရင်တော့  ဒါဟာ ၀န်ထမ်းကျင့်ဝတ်နဲ့မညီတဲ့ အင်မတန်ရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်ပါပဲ။ နှစ်ဖက်လုံးလည်း အကျိုးမရှိပါဘူး။ ၀န်ထမ်းတွေအနေနဲ့ မိမိတို့အပေါ် သတ်မှတ်ထားတဲ့ အလုပ်နဲ့ ပတ်သက်သည့် စည်းကမ်းများကို လိုက်နာ၍သာ အလုပ်လုပ်သင့်ပါတယ်။
ဒါနဲ့ ပတ်သက်၍ "မိမိလေ့လာခဲ့ဖူးသည့် အဖွဲ့အစည်းများတွင် အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူမှလွဲ၍ မီဒီယာကို စကားပြောခွင့် မရှိကြောင်း၊ အဖွဲ့အစည်း တိုင်းတွင် စည်းကမ်း သတ်မှတ်ချက်များ ရှိသောကြောင့် ယင်း စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာ နိုင်မှသာလျှင် လက်မှတ်ထိုး စာချုပ်သင့်ကြောင်း" Yangon Times နေ့စဉ်သတင်းစာ ထုတ်ဝေသူ ဦးကိုကိုက ပြောသည်။
နိုင်ငံသစ်
ယာဉ်မောင်းစဉ်သတိထားသင့်သော အချက်တချို့...
နိုင်ငံကျော်တေးသံရှင် ဆိုတေး အမြန်လမ်းပေါ် ကားအက်ဆီးဒင့် ဖြစ်တဲ့သတင်းနှင့်အတူ ယခုတလော ခပ်စိပ်စိပ် ဖြစ်လာတဲ့ အက်ဆီးဒင့်တွေကြောင့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးရဲ့ အရည်အသွေးကို လူအများက မေးခွန်းထုတ်စရာ ဖြစ်လို့လာပါတယ်။
မည်သို့ဆိုစေ? လမ်းဟောင်းက သွားမလား? ဒီအမြန်လမ်းပေါ်က သွားမလား ? ဆိုရင်တော့ (၁၀၀)မှာ (၉၉)ယောက်က ဒီအမြန်လမ်းပေါ်က သွားဘို့ဘဲ ရွေးချယ်ကြမှာပါဘဲ။ ထိုသို့ရွေးချယ်သူများအတွက် ယာဉ်မောင်းစဉ် သတိထားသင့်သော အချက်(အချို့) ကို ဝေမျှလိုပါသည်။
(၁) လမ်းသည် အဆင့်မီ အမြန်လမ်းတစ်ခု၏ အကျယ်အ၀န်း မရှိကြောင်း သိရှိပြီးဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ကားကျော်တက်စဉ် အထူးသတိထားရန် လိုပါသည်။ မြန်နှုန်းမြင့် မောင်းနှင်နေစဉ်တွင် ကားကျော်ပါက မြို့တွင်းလမ်းများကဲ့သို့ စတီယာရင် ချိုးကွေ့၍ ကျော်တက်လို့ မရပါ။ တစ်ဖြည်းဖြည်းချင်း တိမ်းကာကျော်ရခြင်းဖြစ်သည်။
ထို့ကြောင့် မိမိမှ ကျော်တက်လိုလျှင်-
(a)ကျော်တက်မည့် ယာဉ်ကြောကို ကြို၍ နေရာယူပါ။
(b) မိမိရှေ့မှကားသည် မိမိကျော်တက်လိုသည့်အကြောင်း သိရှိပါစေ။
(c) အကွေ့တွင် မကျော်တက်ပါနှင့်။
(d) ယာဉ်ကြီးများအား ကျော်တက်စဉ် စတီယာရင်အား မြဲမြံစွာ ကိုင်တွယ်ထားပါ။ ကားကြိးများမှ ဖြစ်ပေါ်လာသော လေအားကြောင့် သင်၏ယာဉ် ယိမ်းခါသွားနိုင်ပါသည်။
နောက်ကားမှ ကျော်တက်စေရန်
(a) လမ်းကြောသည် အကွေ့အကောက် မရှိသော လမ်းဖြစ်ရပါမည်။
(b) ယာဘက်သို့ တတ်နိုင်သလောက် ကပ်ထားပေးပါ။
(c) ကျော်တက်ရန် မီးဖြင့် အချက်ပြပါ။
(d) မိမိအားကျော်တက်ခွင့်သာစေရန် နှင့် မြန်မြန်ကျော်နိုင်စေရန် မိမိ၏ ယာဉ်သွားနှုန်းအားလျော့ချပေးပါ။
(၂) ယခုလို မိုးတွင်းအခါ နှင့် ညအချိန်များတွင် မောင်းနှင်သည့်အခါ
(a) မိမိကားရှေ့တွင် မိမိထက် မီးကောင်း၍ မိမိယာဉ်သွားနှုန်းနှင့် မတိမ်းမယိမ်းရှိသော ယာဉ်တစ်စီးအား ရှေ့ပြေးတင်ထားပါ။ ၄င်း၏ မီးနှင့် မိမိယာဉ်၏မီး ပေါင်းသော် မြင်နိုင်စွမ်းသော အကွာအဝေးသည် (၂)ဆ ဖြစ်လာပါသည်။
(b) အရမ်းလည်း မကပ်ပါစေနှင့်။ ၄င်းအက်ဆီးဒင့်ဖြစ်လျှင် ကိုယ်ရှောင်တိမ်း (သို့) ရပ်တန့်ရန် လုံလောက်သော အကွာအဝေး အထိ ခွာထားပါ။
(c) ရေအိုင် (သို့) အခြားအဟန့်အတားများကို မိမိ မဖြတ်သန်းခင် ၄င်းဖြတ်သန်းသည်ကို လေ့လာ၍ ကြိုတင်ကာကွယ်နိုင်ပါသည်။ ဥပမာ- ကားလမ်းယာဘက်ခြမ်းတွင် အိုင်နေသော ရေအိုင်အား ၄င်းဖြတ်သန်းသွားပါက မိမိက ၀ဲဘက် ယာဉ်ကြောသို့ ပြောင်းလဲ မောင်းနှင်ကါ ရှောင်ရှားနိုင်ပါသည်။
(၃) တံတားများကို ဖြတ်သန်းတိုင်း အရှိန်လျှော့၍ ဖြတ်သန်းပါ။ တံတားနှင့် လမ်း အဆက်တွင် မညီညာမှုကြောင့် ယာဉ်တည်ငြိမ်မှု ထိခိုက်နိုင်ပါသည်။
(၄) လမ်းအကွေ့တိုင်းတွင် အရှိန်လျှော့ကါ ဖြတ်သန်းပါ။ အချို့နေရာများတွင် လမ်းသားသားသည် ကွေ့မည့်ဘက်သို့ တိမ်းစောင်းပေးရမည့်အစား ဆန့်ကျင်ဘက်သို့ တိမ်းစောင်းနေသော နေရာများ ရှိပါသည်။ လမ်းအကွေ့တွင် ယာဘက် လမ်းပုခုံးပေါ်သို့ မနင်းမိပါစေနှင့်။ ကွန်ကရိ ပုခုံးသားပေါ်တွင် ချိုင့်ခွက် ရှိနေပါက အဆိုပါချိုင့်ထဲကျပြီး အက်ဆီးဒင့် ဖြစ်နိုင်ပါသည်။
(၅) ညအချိန်များတွင် မီးကို တသမတ်တည်း အသုံးမပြုပါနှင့်။ မီးချလိုက်၊ မိးကြီးထိုးလိုက် လှုပ်ရှားပေးခြင်းဖြင့် အမြင်အာရုံကို ဖြတ်လတ်နေစေပါသည်။ တသမတ်တည်း အချိန်ကြာမြင့်စွာ ထိုးထားသည့်အခါ လမ်းပျောက်သွားတတ်ပါသည်။
(၆) လမ်းဘေးဝဲယာအား အမြဲ လေ့လာပါ။ လမ်းလယ်ကျွန်းပေါ်တွင် လွှတ်ကျောင်းထားသော နွားသည် အချိန်မရွေး လမ်းပေါ်ဆင်းလာနိုင်ပါသည်။ ကျောင်းဆင်းပြန်လာသော ကလေးများသည်လည်း လေတိုးမှုကြောင့် လမ်းပေါ် လက်ကိုင်လည်ကာ အချိန်မရွေး ရောက်လာနိုင်ပါသည်။
ငါး နှင့် ကျန်းမာရေး
ကျွန်မတက္ကသိုလ်တက်တုန်းက စကားပြောသင်တန်းတစ်ခု တက်ဖူးပါတယ်။ တနေ့ကျွန်မတို့ကို သင်ပေးတဲ့ နိုင်ငံခြားသူက သင်တန်းသားတစ်ယောက်ကို ဟင်းတစ်မျိုး စီချက်ခိုင် ပါတယ်။ တကယ်ချက်ရတာမဟုတ်ပါဘူး။ သဒ္ဒါစစ်တဲ့အနေနဲ့ အက်ဆေးပုံစံမျိုး ရေးခိုင်းတာပါ။ ကျွန်မလည်း ဘာဟင်းချက်တဲ့အကြောင်းရေးရမလဲမသိဘူး။ ဒါနဲ့ မျက်စိထဲမှာ လွယ်လွယ်မြင်တဲ့ “ငါးကြော်” ကြော်ပြလိုက်ပါတယ်။ အညှီနံ့တွေ ဘာတွေမထွက်အောင် နနွင်းမှုန့်တွေနယ်ပြီး အသေအချာချက်ပြပေမယ့် သဘောကျတဲ့ပုံ မပြဘူး။ “မင်းရဲ့ ငါးကြော်က အရမ်းစားလို့ ကောင်းမယ့်ပုံပဲ။ ဒါပေမယ့် မင်းချက်တာဘာငါးလဲ၊ ရေချိုငါးလား၊ ရေငန်ငါးလား၊ အဲဒီငါးထဲမှာ ပြဒါးမပါဘူးလို့ မင်းပြောနိုင်မလား” တဲ့။ ဒီအချက်တွေကို ကျွန်မတစ်ခါမှ မစဉ်းစားမိပါဘူး။ ကျွန်မတို့ဆီမှာက ရေချိုငါးရော၊ ရေငန်ငါးရောစားပေမယ့် ပြဿနာသိပ်မဖြစ်ပါဘူး။ “ငါးကြောင့် ပြဒါးအဆိပ် သင့်နိုင်တယ်” ဆိုတာ ပထမဆုံး ကြားဖူးခြင်းဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာ ငါးစားတဲ့ပုံစံဟာ ကျွန်မတို့ဆီမှာစားတာနဲ့ သိပ်မတူပါဘူး။ ငါးအစိမ်းကို အသားလွှာစား တာမျိုးက ကျွန်မတို့ဆီမှာ ရေပန်းမစားသေးပါဘူး။ ဒီတော့ ဝမ်းဗိုက်နဲ့ပတ်သတ်တဲ့ပြဿနာကို ကျွန်မတို့ထက် သူတို့က ပိုခံစားရတယ်။ ငါးအစိမ်း၊ မကျက်တကျက်တွေမှာ salmonella လိုပိုးကောင်တွေ ပါပါတယ်။ သေသေချာချာ မချက်ပြုတ်ရင် ဗိုက်နာတာ၊ ဝမ်းလျှောတာ၊ အန်တာ၊ မအီမသာဖြစ်တာတွေခံစားရတတ်ပါတယ်။ ရေမသန့်တဲ့နေရာက ဖမ်းမိတဲ့ငါးဆိုရင် ပိုဆိုးပါတယ်။ ငါးတင်မဟုတ်ပါဘူး။ ပုစွန်စားရင်လည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် ငါးစားရင် ဘာငါးအမျိုးအစား၊ ဘယ်ကရသလဲဆိုတာ သိပ်ပြီး စိတ်ဝင်စားပါတယ်။
အမှန်တော့ ငါးဟာ ကျွန်မတို့အားလုံးကို အကျိုးပြုတဲ့အစားအစာပါ။ ဆေးပညာနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်တဲ့သူတွေကတော့ ငါးကို အရမ်းသဘောကျကြပါတယ်။ “ငါးနဲ့နှလုံး” “Fish & Heart”တဲ့။ သူတို့သတ်မှတ် ကြတာပါ။ မိမိရဲ့နှလုံးကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် အသားတွေမစားကြပါနဲ့။ ငါးတွေစားပါတဲ့။ တစ်ပတ်ကို ငါးတစ်မျိုး၊ နှစ်မျိုးလောက်စားရင်တောင် ပြင်းထန်တဲ့နှလုံးရောဂါဖြစ်ပွားနိုင်မှုဟာ ၃၆ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားတယ်လို့ ဆိုကျပါတယ်။ ချောင်းမြောင်းတွေပေါများတဲ့ ကျွန်မတို့အတွက် ဒီအချက်ကို လိုက်နာဖို့ အရမ်းလွယ်ပါတယ်။ တချို့ငါးရှားတဲ့နေရာတွေရှိတော့ ရှိကြပါတယ်။ ဒါပေမယ့် တစ်ပတ်ကို တစ်ကြိမ်လောက်တော့ စားဖြစ်ပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေထက် ကျွန်မတို့ဆီမှာ နှလုံးရောဂါ ဖြစ်ပွားမှုနည်းတာ ဖြစ်ပါလိမ့်မယ်။
ဒီနေရာမှာ ကျွန်မတို့ဟာ ငါးရဲ့အဆီ (Fish Oil) ကို ကျေးဇူးတင်သင့်ပါတယ်။ သူ့အထဲမှာ Omega 3 Fatty Acid တွေကို သဘာဝအတိုင်း ပေါပေါများများတွေ့ရပါတယ်။ အဲဒီအက်ဆစ်ဟာ နှလုံးကို ကာကွယ်ပေးတဲ့ အဓိကမဏ္ဍိုင်ကြီးဖြစ်ပါတယ်။ ငါးရဲ့အဆီဟာ နှလုံးခုန်သံကို မှန်ကန်စေပါတယ်။ သွေးကြောတွေကို ကျဉ်းပိတ်စေတဲ့ Triglycerides လို့ခေါ်တဲ့ အဆီတွေကိုလည်း လျော့ချပေးပါတယ်။ သွေးကြောတွေရောင်တာ၊ ပိတ်တာကို ကျစေတဲ့အတွက် သွေးတိုးရောဂါကိုလည်း ကာကွယ်ပေးပြီးသားဖြစ်နေပါတယ်။ တခြားအသားဟင်းတွေထက် ကယ်လိုရီပါဝင်မှု၊ အဆီပါဝင်မှုကလည်းနည်းပါတယ်။ ဒါကြောင့် အိမ်ရှင်မတွေအနေနဲ့ ဟင်းစားစဉ်းစားတဲ့အခါမှာ အားလုံးအတွက် အဆင်ပြေတဲ့ငါးဟင်းကိုသာ ထိပ်ဆုံးထားပြီးစဉ်းစားသင့်ပါတယ်။
ကျွန်မတို့ပြင်ဆင်ထားတဲ့ ထမင်းဝိုင်းမှာ ငါးဟင်းသာပါမယ်ဆိုရင် အိမ်သူအိမ်သားအားလုံးရဲ့ နှလုံးအတွက်သာ စိတ်ချရတာတင်မကပါဘူး။ ဦးနှောက်အတွက်ပါ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ Omega 3 Fatty Acid ဟာ ဦးနှောက်ကို ပုံမှန်အတိုင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ နေ့စဉ်လုပ်နေကျ အလုပ်တွေ အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့၊ ခန္ဓာကိုယ်လုပ်ဆောင်မှုတွေ ပုံမှန်အတိုင်းထိန်းထားနိုင်ဖို့ကို ကူညီပေးပါတယ်။ သွေးကြောအတွင်း သွေးမခဲအောင် ဟန့်တားနိုင်တဲ့အတွက် ဦးနှောက်သွေးကြောပိတ်ပြီး လေသင်တုန်းဖြစ်တာ၊ လေဖြတ်တာမျိုးတွေလည်း နည်းသွားပါတယ်။ အတိအကျပြောရရင် ၄၄ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။
Omega 3 Fatty Acid ဟာ ဦးနှောက်ရဲ့ Chemicals တွေဖြစ်တဲ့ Seretonin နဲ့ Dopamineပမာဏကို မြင့်တက်စေပါတယ်။ အဲဒီ Chemicals တွေဟာ စိတ်ကျရောဂါကို ကာကွယ်နိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုဖြစ်စေတဲ့ Chemicals တွေကိုတော့ လျော့နည်းစေပါတယ်။ ဒါကြောင့် ငါးဟာ ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်တင် အရေးပါတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ စိတ်နေစိတ်ထားတွေအတွက်ပါ အထောက်အကူပြုနေပါတယ်။
ကိုယ်ဝန်ဆောင်သည် မိခင်တစ်ယောက်ဆိုရင်လည်း ငါးကို ပုံမှန်စားပေးသင့်တဲ့အကြောင်းအရင်းက အခိုင် အမာကို ရှိနေပါတယ်။ ငါးဟာ ကလေးရဲ့ အာရုံကြောဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ငါးစားတဲ့မိခင် တစ်ယောက်ကမွေးတဲ့ကလေးဟာ တခြားကလေးတွေထက် ပိုထူးချွန်ကြပါတယ်။ အထူးသဖြင့် နှုတ်နဲ့ ပတ်သက်တဲ့ ဥာဏ်ရည်စမ်းသပ်မှုတွေမှာ ပိုထက်မြက်တာကို တွေ့ရပါတယ်။ စကားအရာမှာလည်းြွကယ်ဝပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်သည်တွေဟာ ငါးစားသင့်ပါတယ်။ တချို့ငါးညှီနံ့မခံနိုင်တဲ့သူတွေဟာ ငါးမစားချင်ဘူးဆိုရင်လည်း ဆရာဝန်တွေနဲ့တိုင်ပင်ပြီး Omega 3 Fatty Acid ပါတဲ့ ဖြည့်စွက်အားဆေးတွေ သောက်သင့်ပါတယ်။
အရွယ်ရောက်နေတဲ့အမျိုးသားတစ်ယောက်ဟာ တစ်ပတ်မှာငါးတစ်ကြိမ်လောက်စားရင် သူတို့ရဲ့ဥာဏ်ရည် ဥာဏ်သွေးဟာ တခြားသူတွေထက် ၁၁ ရာခိုင်နှုန်း ပိုထက်မြက်ပါတယ်။ ဒါ့အပြင် ငါးစားသုံးတဲ့သူတွေဟာ စိတ်ပျံ့လွင့်တဲ့ရောဂါ (Dementia) ဖြစ်နိုင်ချေတွေနည်းလာပါတယ်။ ဒါကOmega 3 Fatty Acid ပါတဲ့ ငါးအကြီးတွေ ကိုပြောတာပါ။ လေးဘက်နာရောဂါ၊ အဆစ်အမြစ်ရောင်ကိုက်တာတွေကိုလည်း သက်သာစေပါတယ်။ နှင်းခူ၊ တင်းတိပ်တို့လို အရေပြားနဲ့ ပတ်သက်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေမှာ အသက်ကြီး လာရင် ဖြစ်တတ်တဲ့ အရိုးပွရောဂါဖြစ်ပွားမှုကိုလည်း လျော့ချပေးပါတယ်။
အရိုးပါစားလို့ရတဲ့ငါးအသေးလေးတွေကလည်း ကျွန်မတို့အတွက်ကောင်းတာပါပဲ။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ခေါင်းတရာသားဖြစ်တဲ့ ငါးအသေးအနုတ်၊ ပုစွန်ဆိတ်တွေကိုစားပေးရင် အရိုးအတွက်ကောင်းပါတယ်။ အခု နောက်ပိုင်းကျတော့ ဒါဟာ သွေးကြောနဲ့ပတ်သတ်တဲ့ရောဂါအတွက် ကောင်းတယ်လို့ဆိုလာကြတယ်။ ရင်ကျပ်ပန်းနာ၊ မိဘမျိုးရိုးနဲ့ပတ်သက်တဲ့ရောဂါတွေမှာ ငါးစားပေးရင် အကျိုးရှိမရှိကိုလည်း သုတေသနပြုနေတဲ့သူတွေက ထပ်ပြီး ရှာနေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့အားလုံးအတွက် ငါးဟာ အစားသင့်ဆုံးလို့ ပြောရမှာပါပဲ။
ဒါပေမယ့် ငါးပိ၊ ငါးခြောက်တွေကိုတော့ သတိထားပြီးစားသုံးသင့်ပါတယ်။ ငါးကနေ ငါးပိ မြန်မြန် ဖြစ်အောင်ဆိုပြီး တချို့က ယမ်းစိမ်းတွေထည့်တယ်လို့ ဆိုကြပါတယ်။ ငံပြာရည်ဆိုရင် ဒီအတိုင်းပါပဲ။ ဒီလိုမျိုး ယမ်းစိမ်းပါတဲ့ အစားအစာတွေကိုသာ စားမိရင် အစာအိမ်နဲ့ အူလမ်းကြောင်းတွေမှာ ကင်ဆာရောဂါကို အစပျိုး စေပါတယ်။ တချို့ဈေးရောင်းတဲ့သူတွေကျတော့ သူတို့ရဲ့ ငါးပိပုံမှာ ယင်မနားအောင် ဆပ်ပြာအရည်ကို ရေမြှုပ်ဖတ် လေးနဲ့တို့ပြီး သပ်သပ်ပေးပါတယ်။ အမြင်မှာ ယင်မနားပေမယ့် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အတွက်တော့ လုံးဝမသင့် တော်ပါဘူး။ ဒီလိုမျိုးဓါတုဗေဒပစ္စည်းတွေပါတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့တော့ လိုအပ်ပါတယ်။
ကျွန်မတို့ငယ်ငယ်တုန်းက ပုစွန်ထုပ်တွေကို မီးဖုတ်ပြီးစားလေ့ရှိပါတယ်။ မီးဖိုထဲ ပစ်ထည့်၊ ပုစွန်ကကွေးသွားပြီ ဆိုရင် ဆယ်ပြီးစားပါတယ်။ ဒီအတိုင်းစားလို့လည်းရတယ်။ သုပ်စားရင်လည်း တထုပ်ထုပ်နဲ့ စားလို့အရမ်းကောင်းပါတယ်။ နည်းနည်းသေးတဲ့အကောင်တွေဆိုရင် ဝါးတံလေးနဲ့ထိုးပြီး မီးကင်စားပါတယ်။ ငါးတွေဆိုရင်လည်း အဲဒီလိုမျိုးပဲ လုပ်စားဖြစ်တယ်။ အခုပြန်စဉ်းစားကြည့်မိတော့ ကျွန်မတို့အရမ်းကံကောင်းတယ်လို့တောင် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးမကျက်တကျက်၊ အစားအစာတွေကြောင့် ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိခဲ့လို့ပါ။ ဒါပေမယ့် အခုအချိန်စားမလားဆိုရင်တော့ မစားရဲတော့ပါဘူး။ နောက်ထပ် ကျွန်မတို့ကံကောင်းတဲ့အချက်က ကျွန်မတို့ အနားမှာ စက်ရုံတွေမရှိခဲ့လို့ပါ။
စက်ရုံတွေနဲ့နီးတဲ့နေရာတွေသာဖြစ်ခဲ့ရင် ပြဒါးအပါအဝင် တခြားသတ္တုပစ္စည်းတွေ စွန့်ထုတ်မှုတွေ အနည်းနဲ့ အများဆိုသလို ရှိလာနိုင်ပါတယ်။ အဲဒီနားတစ်ဝိုက်မှာရှိတဲ့ မြစ်ချောင်းတွေထဲက ငါးတွေစားသောက်လိုက်တဲ့ အစာတွေထဲမှာ သတ္တုတွေပါဝင်လာပါတယ်။ ကျွန်မတို့စားလိုက်တဲ့ငါးတွေထဲမှာ ပါလာနိုင်တဲ့ ဆိုးဆိုးရွားရွား အန္တရာယ် ဖြစ်စေတဲ့ သတ္တုပစ္စည်းဟာ ပြဒါးပါပဲ။ ခန္ဓာကိုယ်ထဲမှာ ပြဒါးတွေစုပုံများပြားလာတဲ့အခါ ဖွံ့ဖြိုးတိုးတက်နေတဲ့ ဦးနှောက်ကို လာပြီးအနှောက်အယှက်ပေးပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေ ပျက်စီးလာပါတယ်။ သင်ယူနိုင်စွမ်း လျော့ကျလာ ပါတယ်။ အထူးသဖြင့် ဘာသာစကားနဲ့ပတ်သတ်ပြီး သင်ယူမှုတွေလျော့သွားတယ်။ နှုတ်ရေးနှုတ်ရာမှာ ဆွံ့အလာတယ်။ ဒါကို ပြဒါးဆိပ်သင့်ခြင်းလို့ သတ်မှတ်ကြပါတယ်။ ဒီပြဿနာက စက်မှုနိုင်ငံတော်တော်များများကို တိုက်ခိုက်နေပေမယ့် ကျွန်မတို့ဆီမှာ သိပ်ပြီး မဖြစ်ပါဘူး။
အရင်ကတည်းက ကျွန်မတို့အရှေ့တောင်အာရှလူမျိုးတွေ စားသောက်တဲ့အစားအစာတွေထဲမှာ အမဲသား၊ ဝက်သားတွေကို ဦးစားပေးပြီးစားတာ အရမ်းနည်းပါတယ်။ ငါးနဲ့အသီးအရွက်ကိုသာ အဓိကထားပြီး စားပါတယ်။ နောက်ပိုင်း လူဦးရေတိုးလာတာ၊ မြို့ပြပိုဆန်လာတာတွေကြောင့် အသားစားသုံးမှု တရှိန်ထိုးမြင့်တက်လာတယ်။ ငါးတွေကို သိပ်ပြီးဦးစားမပေးတော့ဘူး။ တခြားပြုပြင်ပြောင်းလဲထားတဲ့ အစားအစာတွေ၊ ရေရှည်ခံအောင် စီမံထားတဲ့ အစားအသောက်တွေကိုသာ ဦးစားပေးပြီး စားလာကြပါတယ်။ ဒါတွေဟာ ခဏတာအတွက်သာ အရသာရှိပြီး ရေရှည်မှာ အန္တရာယ်ရှိလာတယ်။ ငါးစားတာကသာ အာဟာရတန်ဖိုးမြင့်မားရနိုင်သလို အကုန်အကျလည်းနည်းစေပါတယ်။ ဒါကြောင့် အစားအသောက်တစ်မျိုးကို ရွေးချယ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပြီး ရွေးချယ်စေချင်ပါတယ်။
“ဥာဏ်ကောင်းချင်ရင် ငါးစားပါ”
“နှလုံးရောဂါကို ကာကွယ်ဖို့ငါးစားပါ”
“သတိမမေ့အောင် ငါးစားပါ”
တညင်းသီး အဆိပ်သင့်ခြင်း (တညင်းတောက်ခြင်း) အတွက် သိကောင်းစရာ ဆေးမြီးတို
တောင်ငူ-ဒေးဒေးဖိုး
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် တညင်းသီးပင်များ အောင်မြင် ဖြစ်ထွန်း ကြပါသည်။
တညင်းသီးကို မေလဆန်းတွင် စတင် ခူးဆွတ် စားသုံးရပြီး သြဂုတ်လကုန်တွင် တညင်းသီးရာသီ ကုန်သွားပါသည်။ ရှမ်းပြည်နယ် အောင်ပန်းဒေသနှင့် ကချင်ပြည်နယ် မြစ်ကြီးနား ဒေသထွက် တညင်းသီးများမှာ အောက်တိုဘာ၊ နိုဝင်ဘာ လအထိ ရရှိကြောင်း သိရပါသည်။ တညင်းသီးကို နေရာဒေသ အသီးသီးတွင် ချက်ပြုတ်၍ နှစ်ခြိုက်စွာ စားသုံး ကြပါသည်။ တညင်းသီး အနုများကို အစိမ်းလိုက် ငါးပိရည်ဖြင့် တို့မြှုပ် စား၍သော် လည်းကောင်း၊ ဆားရေစိမ်၍ လည်းကောင်း၊ မီးဖုတ်၍ လည်းကောင်း၊ ပြုတ်ပြီး ထောင်းထု၍ ဝက်သား သုံးထပ်သားဖြင့် ဆီပြန်ချက်၍ သော် လည်းကောင်း၊ တညင်းသီး ရင့်မှည့်၍ စေးသော တညင်းသီးကို ပြုတ်ပြီး ထောင်းထုကာ အုန်းနို့ဆမ်း၍ သော် လည်းကောင်း နည်းမျိုးစုံဖြင့် စားသောက်ကြသည်။ ထို့ပြင် တညင်းသီး အလုံးကြီးများကို ရေဖျန်း၍ တညင်းဝက်အဖြစ် အခြမ်းကြီးများ ဖြစ်လာအောင် တစ်လခန့် ထားပြီး တညင်းဝက် ခြမ်းများကို အစိမ်းလိုက် ငါးပိရည်ဖြင့် တို့မြှုပ်၍သော် လည်းကောင်း၊ ဆီနှင့်ကြော်၍ နူးအိလာမှ ငါးပိရည်ဖြင့် တို့မြှုပ်၍ သော်လည်းကောင်း စားသုံးကြသည်။
တညင်းသီးသည် စား၍ အရသာရှိသော်လည်း လွန်ကြူးအောင် စားသုံးလျှင် ကျောက်ကပ်ရောဂါ ဖြစ်ခြင်း၊ ဆီး မသွားနိုင်ခြင်း၊ သွေးတိုးခြင်း၊ ဆီးသွားလျှင် သွေးပါခြင်း၊ ခေါင်းမူး၍ မအီမသာ ဖြစ်ခြင်းတို့ကြောင့် သတိထား ဆင်ခြင်၍ စားသုံးရန် လိုအပ်ပါသည်။ ''တန်ဆေး လွန်ဘေး'' ဆိုသကဲ့သို့ စည်းကမ်းမဲ့စွာ စားသုံး ပါက အန္တရာယ် ရှိနိုင်ပါသည်။
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့နယ်ခွဲ အတွင်းရှိ ကျောင်းကုန်းကျေးရွာမှ ဒေသခံ ကရင် အမျိုးသားကြီး တစ်ဦး၏ ပြောကြားချက် အရ တညင်းသီးကို အစားများလျှင် သော်လည်းကောင်း၊ အစိမ်း စားလိုက်၊ မီးဖုတ် စားလိုက်၊ ပြုတ်စားလိုက်နှင့် တစ်နေ့တည်း အမျိုးမျိုး လုပ်စားလျှင်သော် လည်းကောင်း တညင်းသီး အဆိပ်သင့်ခြင်း သို့မဟုတ် ဒေသအခေါ် (တညင်း တောက်ခြင်း)ကြောင့် ဆီးမသွားနိုင်ခြင်း၊ ဆီးသွား သွေးပါခြင်းများ ဖြစ်ပါက ဆေးမြီးတို အဖြစ် ကြက်တောင်ပံမွေးကို မီးမြှိုက်၍ရသော ပြာဖြင့် အရက် (မည်သည့် အရက်မဆို) ရော၍ သောက်ပါက ခဏနှင့် ပျောက်ကင်းကြောင်း သိရပါသည်။
နောက် တစ်နည်းမှာ တပ်မတော် အငြိမ်းစား (ဗိုလ်မှူးအဆင့်) အရာရှိ တစ်ဦး ပြောကြားသည်မှာ ''ကျွန်တော်တို့ ကရင်ပြည်နယ်ကို စစ်ဆင်ရေး ထွက်တုန်းက ကျွန်တော့် တပည့်တွေ တညင်းသီးကို ပြုတ်လိုက်၊ မီးဖုတ်လိုက်နဲ့ စားတာ များသွားတော့ တညင်းသီး အဆိပ်သင့်ပြီး ဆီးမသွားနိုင်ဘဲ အော်နေ ရတယ်။ ဒါနဲ့ ဒေသခံ တိုင်းရင်းသား တစ်ဦးက နာနတ်သီး ထိပ်ပိုင်း အဆူးနဲ့ အရွက်ချွန်ချွန်ကို ထောင်းထုပြီး သကြား အနည်းငယ်နဲ့ ရောတိုက်လိုက်တာ တစ်နာရီလောက်နဲ့ သက်သာ ပျောက်ကင်း သွားတယ်ဗျာ'' ဟု ပြောကြားကြောင်း သိရသည်။
သို့ဖြစ်ရာ တညင်းသီး အဆိပ်သင့်ခြင်း (တညင်းတောက်ခြင်း) ဖြစ်ပါက အထက်ပါ ဆေးမြီးတိုများဖြင့် ကုသ ပျောက်ကင်းနိုင်ကြောင်း ရေးသား တင်ပြ အပ်ပါသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အစိုးရက တားဆီးကို ပျက်ကွက်ခဲ့ကြောင်း ကင်တားနား ပြောကြား
From : ..eleven
ကင်တားနား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာသော်လည်း တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရာတွင် ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေဆဲဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက ပြောကြားသည်။
သြဂုတ် ၂၁ ရက်၊ ည ၇ နာရီခန့်က မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် ရှင်းလင်းပွဲ ပြုလုပ်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ကြေညာချက်ကို ဖတ်ကြားရာ၌ ကင်တားနားက ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
"မြန်မာနိုင်ငံဟာ ကဏ္ဍတော်တော်များများမှာ တိုးတက်လာနေပါတယ်။ ဒါကြောင့်လည်း လူ့အခွင့်အရေး အခြေအနေတွေဟာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲ နေပါတယ်။ ဒါပေမဲ့လည်း တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်တဲ့ နေရာမှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ အစိုးရ ထိပ်ပိုင်းကနေ အပစ်အခတ် ရပ်စဲဖို့ လုပ်ဆောင်တာကို အောက်ခြေကပါ လိုက်နာဖို့ လိုပါတယ်။ ဒီလိုပါပဲ။ အောက်ခြေဒေသခံ အသိုင်းအ၀ိုင်း အခြေအနေကြားမှာ နားလည်မှုနဲ့ သင့်မြတ်မှု တည်ဆောက်ဖို့ လိုပါတယ်" ဟု ကင်တားနားက ဆိုသည်။
ထို့ပြင် ကင်တားနားက မြန်မာအစိုးရသည် မိမိအား ကာကွယ်ပေးရန် တာဝန်ရှိသော်လည်း မိတ္ထီလာမြို့တွင် ကာကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ အကျိုးဆက် အနေဖြင့် ယခုခရီးစဉ် မတိုင်မီက သွားရောက်လေ့လာရန် စနစ်တကျ ပြင်ဆင်ခဲ့သော မွတ်စလင် ၁၆၀၀ ခန့် နေထိုင်သည့် ဒုက္ခသည်စခန်းအား သွားရောက်မည့် အလည်အပတ် ခရီးစဉ်ကို လုံခြုံရေး ပြဿနာများကြောင့် ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။
ဆီးဂိမ်းတွင် အာဆီယံနိုင်ငံများသို့ ခေါ်ဆိုရန် အော်တိုဖုန်း ၃၀ဝကျော်ထားမည်
From : ..YMG
ဆီးဂိမ်းပွဲ တော်တွင် အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် အော်တိုတယ်လီ ဖုန်းအလုံးပေါင်း ၃၀ဝကျော်ကို အားကစားရုံများတွင် အသုံးပြုနိုင် ရန် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအော်တိုတယ်လီဖုန်း များကို ပြည်ပမှလာရောက်ယှဉ် ပြိုင်ကြမည့် အားကစားသမားများ အသုံးပြုနိုင်ရန်ရည်ရွယ်၍ သီးသန့် ထားရှိပေးခြင်းဖြစ်ပြီး အာဆီယံ နိုင်ငံများအား စိတ်ကြိုက်မိနစ်အ ကန့်အသတ်မရှိ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။
''ဖုန်းအလုံးပေါင်း ၃၀၀ လောက်တပ်ဆင်ပေးမယ်လို့ ပြင် ဆင်ထားပါတယ်။ အဲဒီအတွက်လဲ လုပ်ကိုင်ဖို့ အထက်ကိုစာတင်ထား ပါတယ်။ ဖုန်းအလုံးရေလိုအပ်ရင် ထပ်တိုးချဲ့ပေးဖို့လဲရှိတယ်။ အဓိက က နိုင်ငံခြားသားတွေအသုံးပြု နိုင်ဖို့အတွက်ပါ။ ခွင့်ပြုချက်ရပြီး တာနဲ့ ဒီလအတွင်းစလုပ်တော့မှာ ပါ''ဟု VMG Telecom မှ အထွေ ထွေမန်နေဂျာ ဦးအောင်မင်းသိန်း ကပြောသည်။
အဆိုပါအော်တိုကြိုးဖုန်း များကို ဆီးဂိမ်းပွဲတော်ကျင်းပမည့် ရန်ကုန်၊ နေပြည်တော်၊ ပုသိမ်၊ ငွေဆောင် အစရှိသည့်နေရာများ တွင်အသုံးပြုနိုင်ရန် တပ်ဆင်ပေး သွားမည်ဖြစ်ပြီး ယင်းစနစ်အား ဆီးဂိမ်းပွဲတော် တစ်လျှောက်လုံး အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
''ပြည်ပကအားကစားသမား တွေအတွက် အဓိကလုပ်ပေးရတာ က သူတို့အားကစားပွဲပြိုင်ပြီးလို့နိုင်တယ်ဆိုရင် သူတို့နိုင်ငံက မိ သားစုတွေကို ချက်ချင်းပြောနိုင် အောင်လို့ ရည်ရွယ်ပြီးလုပ်ပေးတာ ပါ။ ဒီက ကစားသမားတွေကတော့ ဖုန်းအလွယ်တကူရှိတော့ ရှိဖို့မလို အပ်ဘူးလေ။ ထားပေးတဲ့ဖုန်းတွေ ကလဲ အာဆီယံနိုင်ငံတွေကိုပဲခေါ် လို့ရမှာပါ''ဟု ယင်းကဆက်လက် ပြောသည်။
ဆီးဂိမ်းပွဲတော်တွင် အာဆီ ယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကြိုးဖုန်းတပ်ဆင်နိုင်ရန်အတွက် VMG Telecom ကုမ္ပဏီ၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာ ပုံတယ်လီပို့ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိ ရသည်။
VMG Telecom သည် လွန် ခဲ့သည့်ခုနစ်နှစ်ခန့်က လန်ဒန်တွင် စတင်အခြေစိုက်တည်ထောင်ခဲ့ ပြီး ၂၀၁၂ခုနှစ် ဖေဖော်ဝါရီမှစတင် ၍ မြန်မာနိုင်ငံတွင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်၍ ဆိုင်ကယ် မောင်းလာသည့် တပ်မတော်သား ပွဲချင်းပြီး သေဆုံး
From : .. the voice
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၈၇/၀နှင့် ၁၈၇/၁ ကြား တောင်နန်ချွန် ကျေးရွာ ဆည်မြောင်းရုံး ရှေ့တွင် သြဂုတ်လ ၁၈ ရက် ည ၇ နာရီခန့်က တပ်မတော်သား တစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်ကို ယာဉ်တစ်စီး အနောက်မှ ဝင်တိုက်သဖြင့် ဆိုင်ကယ် မောင်းနှင်လာသူ တပ်မတော်သား သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
သေဆုံးသူသည် တောင်ငူမြို့နယ် ကေတုမတီမြို့သစ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စခန်းမှူးရုံးမှ မှန်စီကျေးရွာ တပ်ပိုင် လယ်တွင် တာဝန်ကျနေသူ အသက် ၄၇ နှစ်အရွယ် တပ်သား ဝင်းကို ဖြစ်ပြီး ၎င်းကို ဝင်ရောက် တိုက်မိသော မော်တော်ယာဉ်မောင်းသည် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ထပ်မံ စုံစမ်း စစ်ဆေးလျက် ရှိပြီး မော်တော်ယာဉ် မောင်းနှင် ထွက်ပြေးနိုင် သည့် လမ်းကြောင်းများနှင့် လမ်း အသုံးပြုခ ကောက်ခံသည့် CCTV များမှ တစ်ဆင့် လိုက်လံ စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။
သေဆုံးသူသည် ၎င်းစီးလာသည့် Kenbo 110.CC အစိမ်းရောင် မော်တော် ဆိုင်ကယ်ဘေးတွင် ဦးခေါင်း၊ အောက်ပိုင်း၊ ဗိုက်ပွင့်ကာ သေဆုံးခဲ့ကြောင်း အဆိုပါ ရဲစခန်း၏ စစ်ဆေးချက်များအရ သိရှိရသည်။
ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ ပွဲချင်းပြီး သေ ဆုံးခြင်းဖြစ်ကြောင်းနှင့် ညအချိန် ဖြစ်၍ မျက်မြင်သက်သေလည်း မရှိဘဲ အမှု အမြန် ပေါ်ပေါက်ပါစေဟု အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိ ခဲ့သူ ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။
ယင်း ယာဉ်တိုက်ခံရ၍ သေဆုံးမှုကို ယာဉ် (ပ) ၁၉/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄ (က) အရ အမှုဖွင့် အရေးယူထားကြောင်း ရေတာရှည် မြို့နယ် မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...