Sunday, August 18, 2013

ယောက်ကျားလျာနဲ့ မိန်းမလျာတို့ အတူပေါင်းသင်းနေထိုင်




လောကကြီးမှာ အထူးအဆန်းတွေတော်တော် များလာတယ် ပြောရမလားပါဘဲ။ ဘန်ကောက်ပို့စ်မှာ ဖော်ပြ ထားတဲ့ သတင်းဗီဒီယို မှတ်တမ်း တခုကိုကြည့်လိုက်တော့ အံ့သြခဲ့ရပေမယ့် ဘ၀ဟာ တခါ တရံ ပြောင်း
ပြန်တွေက အတည့်ဖြစ်တာလည်း ရှိတယ်လို့ ယူဆမိလိုက်ပါတယ်။

ထိုင်းလူမျိုးတွေဖြစ်ကြတဲ့ လိင်ခွဲစိတ်ထားတဲ့ မိန်းမလျာ တဦးနဲ့ ယောင်္ကျားလျာ တဦးတို့ရဲ့ အချစ်နဲ့ သူတို့ အိမ်ထောင်ရေးဖြစ်ရပ်ကို မှတ်တမ်း တင်ထားတာပါ။ ရိုမန်တစ် အချစ်လို့တင်စားပြီး ဘန်ကောက် ပို့စ် က ဖော်ပြထားပါတယ်။

နောက်ဆုံးတော့လည်း ယောင်္ကျားနဲ့ မိန်းမ လက်ထပ်ဖြစ်တာတော့ မှန်ပေမယ့် ဓမ္မတာအတိုင်း မဟုတ် ဘဲ ယောင်္ကျားတဖြစ်လဲ မိန်းမနဲ့ မိန်းမ အသွင်ပြောင်း ယောင်္ကျာလျာ တို့ဖြစ်နေတာပါ။

သူတို့မှာ တရားဝင် လက်ထပ်စာချုပ်လည်း ရှိကြပါတယ်။ သူတို့ဘ၀ကို သူတို့က ပျော်ပိုက်နေကြတယ်လို့ ဆိုပါတယ်။ လူတွေက သူတို့ကို ထူးထူးဆန်းဆန်း အဖြစ် အမျိုးမျိုး ဝေဖန်ကြပေမယ့် သူတို့ အချစ်ကတော့ ပြိုလဲမသွားပါဘူးတဲ့။

သူတို့ ၂ ဦးရဲ့ အိမ်မက်မှာ သူတို့ ကိုယ်ပိုင် သားသမီး တဦးလိုချင်တာနဲ့ အိမ်ကောင်းကောင်းတလုံး ပိုင်ဆိုင် ချင်တယ်လို့လည်း ပြောထားပါတယ်။
ဓါတ်ပုံ - ယောင်္ကျားလျာနဲ့ မိန်းမလျာတို့ရဲ့ ဘ၀ ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်





By thantzaw

iphone လုယက်သူ မော်ဒယ်နိမ့်၍ ပိုင်ရှင်ထံပြန်လည်ပေးအပ်



အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဆယ်ကျော်သက် လူငယ်နှစ်ဦးသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမျိုးသမီးတစ်ဦးထံမှ iPhoneလုယက် ယူဆောင်လာခဲ့ပြီးနောက် အဆိုပါiPhoneသည် မော်ဒယ်နိမ့်နေသောကြောင့် ပိုင်ရှင်ထံပြန်လည် ပေးပို့ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦးထံမှ iPhoneတစ်လုံးကို လုယက်ယူဆောင်မှု ဖြစ်ပွားခဲ့သောကြောင့် စုံစမ်းရှာဖွေမှုများပြုလုပ်ခဲ့ရာ အသက်၁၇နှစ်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါလူငယ်နှစ်ဦးသည် အမျိုးသမီးထံမှ iPhoneလုယက်ခဲ့ပြီးနောက် မော်ဒယ်နိမ့်နေသောကြောင့် ရောင်းချရန်မဖြစ်နိုင်သဖြင့် ပိုင်ရှင်ထံ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ သို့ရာတွင် ထိုလူငယ်နှစ်ဦးသည် အမ်မရီဗယ်လီနှင့် အုတ်ကလန်ဒေသများတွင် အလားတူလုယက်မှုများ ကျူးလွန်သည်ကို စစ်ဆေး တွေ့ရှိရသောကြောင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
By ပြည်မြန်မာ

မိန်းကလေးများ သတိထားရမယ့် ဒီလိုယောက်ကျား



ယောကျာင်္းမရသင့်တဲ့မိန်းမတွေရှိသလို မိန်းမမရသင့်တဲ့ယောကျာင်္းတွေရှိတယ် မိန်းမမရသင့်သော ယောကျာင်္းတွေ
အကြောင်းကို စုမိစပ်မိသလောက်ပြောပြပေးလိုက်ပါတယ်


၁။အိုင်တွေ့ခြေဆေး၊ ဘိုင်ကျဗိုက်မှောက် အလကားနေ“တောက်”ခေါက်နေတတ်တဲ့ယောင်္ကျား

၂။ဘိုင်ပြတ်ကျရင် တိုင်ပတ်ကချင်တဲ့ယောင်္ကျား

၃။အွန်လိုင်းတက်ပြီး ဖူးစာရှာ ၊ ကြူတာတောင် အထာမကျတဲ့ယောင်္ကျား

၎။စိတ်ကပျို ကိုယ်ကမနု အပျိုဆို “အခု” “အခု” ဖြစ်နေတဲ့ယောင်္ကျား

၅။တရားဗန်းပြ သြကာသတောင် မရတဲ့ယောင်္ကျား

၆။နားကပ်တစ်ဖက်နဲ့ ရှိုးထုတ် အပုတ်အသိုးရုပ်နဲ့ကော်လီလုပ်ယောင်္ကျား

၇။ဗိုင်းကောင်းကျောက်ဖိဆိုပြီး မခုတ်တက်တဲ့ကြောင်ပုံစံနဲ့ နောက်ကွယ်အမတွေ အများကြီးရှိ တဏှာရူးတဲ့ယောင်္ကျား


၈။ရစ်ထုတ်ကြီးဘွဲ့နဲ့ ခွက်ပုန်းခုတ် အတင်းတုတ်ပြီးနေတဲ့ယောင်္ကျား

၉။ဘောင်းဘီဖင်ကျပ်နဲ့ လင်မက်တဲ့ယောင်္ကျား

၁၀။ဘီယာအလွန်ကြိုက် ဗိုက်အလွန်ရွှဲ အသားမဲတဲ့ယောင်္ကျား

၁၁။Talkyအရမ်းပြော ရုပ်မချောတဲ့ယောင်္ကျား

၁၂။ပိုက်ဆံချွေတာသုံး နှပ်ချီင်္းလုံးစားတဲ့ယောင်္ကျား

၁၃။Oneway ဆံပင်ထောင်နဲ့ ဘောင်းဘီတိုဖင်ပြောင်တဲ့ယောင်္ကျား

၁၄။ တစ်မျက်နှာလုံးအပေါက်ဖောက် စာခြောက်ရုပ်နဲ့တူတဲ့ယောင်္ကျား

၁၅။ပါးစပ်ဟောင်ဖွာပြော လူတောဆိုမတိုးတဲ့ယောင်္ကျား
၁၆။“မ”မြင်ရင် အရှိန်တက် နွားသိုးကြိုးပြတ်နဲ့ယောင်္ကျား

၁၇။ပိုက်ဆံကို အိမ်ပြန်ခိုး နှစ်လုံးထီလိုက်ထိုးတဲ့ယောင်္ကျား

၁၈။အသက်ကြီးပြီး အရာမထင် အလုပ်ပင် မယ်မယ်ရရ မရှိ သောက်ပျင်းကြီးတဲ့ယောင်္ကျား

၁၉။ဘောလုံးအကြောင်းမတရားပြော လ္ဘက်ရည်ဆိုင်အလွန်ထိုင် ရေနွေးကြမ်းကို ဖရီး(free) ကိုင်တဲ့ယောင်္ကျား

၂၀။လမ်းတကာသွားလေကျယ် လူတကာကြားလေလည်တဲ့ယောင်္ကျား

၂၁။စားသောက်ဆိုင်နေ့တိုင်သွား အဆိုတော်မလေးတွေကြားပန်းကုံးစွပ်တဲ့ယောင်္ကျား

၂၂။ပိုက်ဆံဆိုမရှိကြောင်းပြော ဘောပွဲ အသေအလဲလောင်းတဲ့ယောင်္ကျား


၂၃။နှမချင်းမစာနာ ပါးစပ်ဟောင်ဖွာပြောတတ်တဲ့ယောင်္ကျား

၂၄။ ပိုက်ဆံကို အလွန်သုံး အိမ်ကတောင်ပြန်ဘုံးတဲ့ယောင်္ကျား

၂၅။ တွေ့ကရာလူ မြှောက်ပင့်ကပ်စား အကျင့်တပြားမှ မကောင်းတဲ့ယောင်္ကျား
၂၆။ လိမ်ညာဖြီးဖြန်းမဟုတ်ရပါဘူးဗျာဆိုပီး ပလီပလာတီတီတာတာနဲ့..နောက်ကွယ်မှာ ခြေပုန်းခုတ်တဲ့ယောကျာ်း

Sex လုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ






အိမ်ထောင်သည်တို့ တစ်လင်တစ်မယားစနစ် ကျင့်သုံးပြီး လင်မယား အတူနေတာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

- စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။

- သွေးတိုးကို ကျစေပါတယ်။

- ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

- ကိုယ်လက် လှုပ်ရှားမှု လုပ်ဖြစ်စေပါတယ်။

- ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

- နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေပါတယ်။

- ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် တိုးစေပါတယ်။

- စိတ်ဓာတ် သန်မာစေပါတယ်။

- ကိုက်ခဲမှု သက်သာစေပါတယ်။

- အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

- တင်ပါးဆုံတစ်ဝိုက် ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

- နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

By ကေအမ်

သားသမီးလိုချင်သူများအတွက် သိထားရမည့်အချက်များ




သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထားသင့်တဲ့ အချက်တွေ ရှိနေပါတယ်။
(၁) အသုံးပြုနေသော သားဆက်ခြားနည်းများကို ရပ်ပါ
သားသမီး မလိုချင်သေးလို့ ပဋိသန္ဓေတားဆေး၊ ထိုးဆေးတွေ အသုံးပြုတာ၊ ကွန်ဒုံးသုံးတာ၊ အမျိုးသမီး သန္ဓေတားပစ္စည်း ထည့်တာ စတဲ့နည်းတွေနဲ့ သန္ဓေတားခဲ့တယ် ဆိုရင် သားသမီး လိုချင်ပြီ ဆိုရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေ တားနည်းတွေကို ရပ်လိုက်ပေမယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ်လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။
(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ
သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူးစက် မဟုတ်တဲ့ နာတာရှည် ရောဂါ (ဆီးချိုသွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာမှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။
(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ
သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အသားဓာတ်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံ ကွေကာတွေကို အဓိက စားသုံးပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေကိုတော့ လျော့စားသင့် ပါတယ်။
(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ
ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံ တစ်ခု ဖြစ်ပြီး သန္ဓေသားမှာ မွေးရာပါ ခိျု့ယွင်းချက် ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သန္ဓေသားမှာ မွေးရာပါ ခိျု့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ်ဝန်ရှိပြီလို့ မသိရှိခင်ကတည်းက ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီးယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့်စွက် သောက်သုံးဖို့ FDAက အကြံပြုထားပါတယ်။
(၅) ဆေးလိပ်နှင့် အရက် ဖြတ်ပါ
သားသမီးယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေ အနေနဲ့ ဆေးလိပ် သောက်တာ၊ အရက် သောက်တာတွေကို ဖြတ်ဖို့လိုပါတယ်။ ဒါတွေ သုံးစွဲတာက အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာကြောင့်ပါ။ ခရိုမိုဇုမ်း ပျက်စီးတာ၊ သုက်ကောင်လေးတွေရဲ့ လှုပ်ရှား ကူးခတ်နိုင်စွမ်း လျော့နည်းတာ၊ ပန်းသေပန်းညှိုးတာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။
(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ
ရာသီလာပြီး ၁၄ ရက်မြောက်နေ့မှာ သားဥကြွေကျပြီး သားသမီး ရရှိနိုင်တဲ့နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူနေတာက သားသမီးရရှိဖို့ အခွင့်အလမ်း များနိုင်ပါတယ်။ အမျိုးသမီးတစ်ဦးနဲ့ တစ်ဦးက ရာသီ စက်ဝန်းချင်း မတူညီတတ်ပါဘူး။ တခိျု့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာတတ်ပြီး တခိျု့လည်း အဲဒီထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီစက်ဝန်း မတူညီပေမယ့် အဲဒီ စက်ဝန်းရဲ့ အလယ်ရက်က သားဥကြွေရက်ပါ။
(၇) ကိုယ်အပူချိန်ကို လေ့လာပါ
ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေ အောင်စေနိုင်တဲ့ အကောင်းဆုံး အချိန်ကို ညွှန်ပြပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သားဥကြွေချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်း ထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူချိန်တက် အနည်းငယ် တက်နေတတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလိုအချိန်ကို အကောင်းဆုံး အသုံးချနိုင်ဖို့ လိုပါတယ်။
(၈) မိန်းမကိုယ်မှ ထွက်သော အချွဲအကျိများ သတိထားကြည့်ပါ
သားဥကြွေချိန်မှာ မိန်းမကိုယ်ကနေ ချောမွတ်တဲ့ အရည်ကြည်လေးတွေ ထွက်ပါတယ်။ သုက်ကောင်လေးတွေ အလွယ်တကူ ဖြတ်သန်း ၀င်ရောက်နိုင်အောင်ပါ။မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည်ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သားသမီး ရရှိနိုင်တဲ့ အချိန် ဖြစ်ပါတယ်။
(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ
အမျိုးသမီးတွေ အနေနဲ့ အတွင်းခံဘောင်းဘီ တင်းကျပ်လွန်းတာ၊ လေ၀င်လေထွက် မကောင်းတာတွေက ယောနိလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။အမျိုးသားတွေမှာတော့ အတွင်းခံဘောင်းဘီ ကျပ်လွန်းတာ၊ လေ၀င်လေထွက် မရှိတာတွေကြောင့် ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကို လျော့နည်းစေပါတယ်။
(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ
သားသမီး ရရှိဖို့က အမျိုးသားနဲ့အတူ သာယာကြည်နူးဖို့ အချိန်ပေးတာက အဓိက ကျပါတယ်။ စိတ်ဖိစီးမှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထားပြီး သာယာကြည်နူးမှုတွေကို ဖန်တီးယူပါ။
By Swesone Media

ဘာသာမတူ၍ ဖခင်၏ အသုဘသို့ လိုက်ပို့ခွင့်မရတဲ့ သမီး၏အဖြစ်




စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာ၌၊ ဒေါ်စိုးစိုးလွင် အသက် (၃၆) နှစ်၏ ဖြစ်ရပ်မှန် အတွေ့ အကြုံလေးပါ။ဒေါ်စိုးစိုးလွင်၏ ဖခင်အမည်က ဦးတင်ငွေ (ကန့်ဘလူ)ပါ။ မူဆလင်အစစ်ပါ။ အမိအမည် က ဒေါ်ခင်ပြုံး (ကောလင်း) ဇာတိပါ၊ ဗမာ/ဗုဒ္ဓ ဖြစ်ပါတယ်။ ဒေါ်ခင်းပြုံးက ဦးတင်ငွေနှင့် လက်ထပ်သော အခါ အစ္စလာမ်ဘာသာ ခံယူပါတယ်။

သားသမီးတွေရသည့်အခါမှာတော့ ဒေါ်ခင်းပြုံးက ဗုဒ္ဓဘာသာကို ပြန်လည် ကိုးကွယ်ပါတယ်။ဦးတင်ငွေက မကြိုက်သော်လည်း မတားမြစ်ခဲ့ပါဘူး။ ဤသို့ဖြင့် သားဖြစ်သူက ဗုဒ္ဓဘာသာ၊ သမီးအကြီးဖြစ်သူက အစ္စလာမ် ဘာသာဝင်နှင့် အသီးသီး အိမ်ထောင်ကျသွားပါသည်။

အငယ်ဆုံး မစိုးစိုးလွင် ဗမာ/ဗုဒ္ဓ နှင့် အိမ်ထောင်ကျသွားသည့်အခါ ဦးတင်ငွေက ဒေါ်ခင်ပြုံးကို ကွာရှင်း ပစ်လိုက်ပါတယ်။ ဘုရားသွားကျောင်းတက်သည့်အခါ ကလေးတွေကိုခေါ်သွားသောကြောင့် ဘာသာခြားနဲ့ ညားရတယ်ဆိုပြီး စိတ်ဆိုးကွာလိုက်တာပါ။ သမီးဖြစ်သူ မစိုးစိုးလွင်ကိုလည်း အိမ်မှနှင်ချလိုက်ပါတော့တယ်။

မစိုးစိုးလွင်က ကိုမျိုးတင့် ဇာတိဖြစ်သော အလ္လကပ္ပရွာသို့ ပြောင်းရွှေ့နေထိုင် ကာ ဗုဒ္ဓဘာသာခံယူ လိုက်ပါတော့ တယ်။ ဒီလိုနဲ့ မိခင်ကော ဖခင်ပါ ကွယ်လွန်သွားခဲ့ပါပြီ။ မိခင်ကွယ်လွန်စဉ် မှာ ပြုစုခွင့်ရ ခဲ့သော်လည်း၊ ဖခင်ကွယ်လွန်သည့်အခါ အသုဘကိုတောင် လိုက်ပါပို့ဆောင်ခွင့် မရခဲ့ပါ။ ဖခင်၏ဆွေမျိုး များက ကန့်ကွက်သောကြောင့် ကန့်ဘလူးသို့ပင် သွားခွင့်မရခဲ့ပါ။

ယခုဆိုလျှင် ဖခင်ကြီး ဆုံးသွားသည်မှာ (၂) နှစ်ပင် ပြည့်ခဲ့ပါပြီ။ သားလေး စိုင်းဝဏ္ဏသည်ပင် အသက် (၉) နှစ် ပြည့်ခဲ့ပါပြီ။ ဒေါ်စိုးစိုးလွင်ဟာ ရွာသူ ရွာသားများထက် သီလမြဲပြီး ဝါတွင်းဖြစ်စေ ဝါပတ်ဖြစ်စေ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်လေ့ရှိသောကြောင့် ရွာသူ/သားများက ကျွန်မကို လေးစား ကြပါသည်။ သူမသည် စာရင်းငှားအလုပ်လုပ်ပြီး သူမခင်ပွန်းက ဖျာရက် ပါသည်။ ဖခင်နှင့် သမီးပင်ဖြစ်သော်လည်း၊ ဘာသာမတူရုံမျှဖြင့် ဖခင် ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့်မရခဲ့စဉ်က လွန်စွာထိုက်ခိုက် ခံစား ခဲ့ရကြောင်း မျက်ရည်စက်လက်ဖြင့် ရင်ဖွင့်ရှာပါသည်။

ကမ္ဘာသူ ကမ္ဘာသားအားလုံး လွတ်လပ်စွာကိုးကွယ်ခွင့်ရကြပါစေ။
သားသမီး အခွင့်အရေး၊
လူ့အခွင့်အရေး၊
အိမ်ရှင်မ အခွင့်အရေး၊
အမျိုးသမီးအခွင့်အရေး အပြည့်အဝ ရရှိကြပါစေ။....

Sexy ကျတဲ့ Model လေးများပုံ






















ဆင်တစ်ကောင်ကို မတော်တဆသတ်မိ၍ ဆင်များလက်စားပြန်ချေ




ပြီးခဲ့သည့် သီတင်းပတ်က စတင်၍ အိန္ဒိယ နိုင်ငံတွင် တောဆင်ရိုင်း တစ်အုပ်၏ မျိုးနွယ်စုအပေါ် သစ္စာစောင့်သိစိတ်ကြောင့် ကျေးရွာလေး တစ်ခုမှ ရွာခံများနှင့် တာဝန်ရှိသူများ ခေါင်းခဲနေရကြောင်း သိရှိရသည်။ အိန္ဒိယ အရှေ့ပိုင်း ဒေသရှိ မာတာရီ ရွာလေးတွင် မီးရထား တစ်စင်းသည် အလေ့ကျ လှည့်လည် သွားလာနေသည့် ဆင်ရိုင်းတစ်ကောင်ကို တိုက်သတ်မိခဲ့သည်။ ယင်းသည် ရည်ရွယ်ချက် မပါသော မတော်တဆ ကိစ္စသာဖြစ်ပြီး ရွာခံများပင် စိတ်မကောင်း ဖြစ်ခဲ့ကြသည်။ သို့သော်လည်း
တောဆင်ရိုင်းများ၏ တုံ့ပြန်မှုကမူ ရွာသားများအတွက် အံ့ဩ တုန်လှုပ်စရာ ဖြစ်လာသည်။ တောဆင်ရိုင်း (၁၅)ကောင်မျှသည် ၎င်းတို့၏ မျိုးနွယ်တူ ရဲဘော်ရဲဘက် သေဆုံးခဲ့သည့် နေရာတွင် ဝမ်းနည်းကြေကွဲစွာ လာရောက်စုရုံး အော်မြည်ခဲ့ကြသည်။


Times of India သတင်းစာတွင် ဖော်ပြထားသော ဆောင်းပါး၌ ယင်းဆင်များကို ခြောက်လှန့် မောင်းထုတ်ရန် ကြိုးစားခဲ့မှုမှာလည်း မအောင်မြင်ခဲ့ဟု သိရသည်။ ရလဒ်အနေဖြင့် ရထားသွားလာမှုများ ရပ်ဆိုင်းကုန်သည်။ ရက်ပိုင်းမျှ ကြာလာပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမူ ဆင်များသည် ပိုမို ဒေါသကြီးမားလာဟန်ရှိပြီး အနီးတဝိုက်ရှိ အိမ်ခြေများကိုပါ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျောင်းတစ်ကျောင်း၏ အစိတ်အပိုင်း အချို့ပါ ပြိုကျသွားခဲ့သည်။


ကျယ်လောင်စွာ မြည်ဟည်းပေါက်ကွဲသော ဗျောက်အိုးများကို အသုံးပြုပြီး ခြောက်လှန့်ခဲ့သော်လည်း ဆင်များကို ဖယ်ရှား၍ မရခဲ့ချေ။ ခေတ္တခဏမျှ ၎င်းတို့ ထွက်ခွာသွားပြီးလျှင်လည်း မိမိတို့၏ ရဲဘော်ရဲဘက် သေဆုံးခဲ့ရာ နေရာကို ပြန်လည်ရောက်ရှိ ပိတ်ဆို့ထားပြန်သည့် ဆင်များကြောင့် ခေါင်းခဲနေရကြောင်း သားရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ရှိသူ ဒီအက်စ် ဆရီဗာစတာဗာက ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိ အဆိုပါ ဆင်များသည် ၎င်းတို့၏ မိတ်ဆွေ သေဆုံးခဲ့ရာ နေရာကို မကြာခဏ ပြန်လာပြီး စုရုံးနေဆဲဟုလည်း သိရသည်။


"ရထားတိုက်မှု ဖြစ်ပြီးကတည်းက ဆင်တွေက အဲဒီနေရာကို ပြန်ပြန် လာကြတယ်။ သူတို့ရဲ့ သူငယ်ချင်းက ဒဏ်ရာပဲ ရသွားတာ၊ သူတို့ပြန်ကယ်ဖို့ ကြိုးစားရမယ်လို့ ထင်နေကြတာ ထင်ပါတယ်"ဟု ဆရီဗာစတာဗာ က ဆိုသည်။ ၎င်းက "ဆင်တွေရဲ့ သဘာဝ အလေ့အထအရ တစ်ကောင်ကောင် သဘာဝအတိုင်း သေသွားရင်တောင် အဖော်တွေက အလောင်းကို ခြုံပုတ်တွေ၊ သစ်ပင်ငယ်တွေ၊ သစ်ကိုင်းတွေနဲ့ ကာပေး
ထားတတ်တယ်"ဟုလည်း ရှင်းပြခဲ့သည်။ ဆရီဗာစတာဗာက ဆင်များကြား ထားရှိသည့် ခိုင်မာသော သစ္စာစောင့်သိမှုကြောင့် အဆိုပါ နေရာတွင် နောက်ထပ်လည်း ဆင်အုပ်များ အကြိမ်ကြိမ် ရောက်လာ မည်ကို မိမိ မျှော်လင့်ထားကြောင်း ဝန်ခံသွားသည်။


By Planet

ကိုမင်းကိုနိုင် နဲ့ ကိုကျော်သူ လူထု့အတွက် ဘယ်သူပိုအသုံးကျသလဲ?


From : ..မှန်မှန်ကန်ကန် မောင်ထိုက်စံ



ကိုမင်းကိုနိုင်ဆိုသည်မှ ၁၉၆၂ အောက်တိုဘာ (၁၈) တွင်မွေးဖွားခဲ့ပြီး အသက် ၅၁ နှစ် အရွယ်ရှိကာ ကျောင်းသားခေါင်းဆောင်တစ်ဦးအနေဖြင့် လူသိများသူတစ်ဦးဖြစ်သည်။ ကိုကျော်သူမှာ ၁၉၅၉ နိုဝင်ဘာ (၂) ရက်တွင် မွေးဖွားခဲ့ပြီး ယခု အသက် ၅၄ နှစ်ရှိကာ နာရေးကူညီမှုအသင်း ဥက္ကဌ အဖြစ် လူသိများသူဖြစ်သည်။ နှစ်ဦးလုံးသည် ကမ္ဘာမှ ချီးမြှင့်ထားသော ဆုများရရှိထားသဖြင့် ၎င်း တို့ (၂) ဦးတွင် လူထု့အတွက် မည်သူက ပိုအသုံးကျသလဲ ဆိုသည့် မေးခွန်းကို ဖြေဆိုရန်ခက်ခဲသည်။

ကိုကျော်သူသည် လူချစ်လူခင်များသော ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး တစ်ပြည်သူမရွှေထား ဇတ်ကားဖြင့် အကယ်ဒမီရရှိထားသူဖြစ်သည်။ ၁၉၈၀ နှင့် ၁၉၉၀ ကြားကာလတွင် ရုရှင်မင်းသားများတွင် အဆင့် (၁) နေရာသို့ ရှိခဲ့ပြီး ၁၉၈၈ တွင် ကျောင်းသားများဆန္ဒပြနေချိန်တွင် နာမည်ကြီးမင်းသား တစ်ဦးအနေဖြင့် ဂုဏ်သိက္ခာမဲ့ အလုပ်များတွင် ဝင်မပါပဲ ၎င်းစတိုင်နှင့် ၎င်း သီးခြားနေသဖြင့် လူထုမှ ပိုမိုနှစ်သက်ခဲ့သည်။ အရေးအခင်းနောက်ပိုင်း စစ်ကား နှင့် ပေါ်လစီ ကားများလည်း ပါဝင်ရိုက်ကူးခဲ့ကာ “လှလေးစိန်” ဇတ်ကားမှာ အထူးလူကြိုက်များသော စစ်ကားတစ်ကားဖြစ်သည်။
ပညာအရည်ချင်းအားဖြင့် ကိုကျော်သူသည် နောက်ဆုံးနှစ် တွင် စာမလိုက်နိုင်၍ ကျောင်းထွက်ခဲ့ရကာ ယခုထိ ဘွဲ့မရသေးပေ။ ၂၀၀၅ ခုနှစ်တွင် နာရေးကူညီမှုအသင်း နာယက ဦးသုခ ဆုံးပြီးနောက်ပိုင်းတွင် ကိုကျော်သူလည်း ရုပ်ရှင်မင်းသား အလုပ်ကို စွန့်လွှတ်ကာ နာရေးကူညီမှုလုပ်ငန်းများ နှင့် အခြား လူမှု ကူညီရေးလုပ်ငန်းများကို စောက်ချ လုပ်ကိုင်ခဲ့သည်။ ကိုကျော်သူကြောင့် ရန်ကုန်မြို့နယ်တွင်းရှိ ပြည်သူအများမှာ အခက်အခဲပေါင်းများစွာ အဆင်ပြေစေပြီး အကျိုးကျေးဇူးများစွာ ရရှိစေခြင်းကြောင့် ကျေးဇူးတင်မဆုံးဖြစ်လျှက်ရှိသည်။ လူအများကလည်း ကိုကျော်သူကို လေးစားလျှက်ရှိပြီး စေတနာရှင်အများအပြားကလည်း အလှူငွေများ ထည့်သွင်းရန် အမြဲဆန္ဒရှိနေသည့် အသင်းတစ်ခု ဖြစ်လာသည်။

ကိုမင်းကိုနိုင်သည် ၁၉၈၀ မင်းသားကျော်သူ နာမည်ကြီးနေချိန် တလျှောက်လုံးတွင် ကိုမင်းကိုနိုင် ဘာလုပ်နေသည်ကို မည်သူမျှ မသိရပေ။ ကိုမင်းကိုနိုင်၏ ပြန်လည်ပြောဆိုမှုအရ ကဗျာရေးခြင်း၊ ကာတွန်းဆွဲခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။ သို့သော် ၁၉၈၈ မတိုင်ခင်ထိ ၎င်း ကို မည်သူမျှ မသိကြချေ။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးတွင် ကျောင်းသားခေါင်းဆောင်ဟု နာမည်ထွက်လာကာ ၈၉ ခုနှစ်တွင် ဖမ်းဆီးခံရမှ အထူးထင်ရှား နာမည်ကြီးလာပြီး ခေါင်းဆောင်ချက်ခြင်းဖြစ်ခဲ့သည်။ ထို့နောက် နောက်ကြည့်မှန် ဟူသော စာအုပ်တစ်အုပ် ရေးသားခဲ့ပြီး ပရိတ်သက်က လက်မခံခဲ့ပေ။
ယခုအခါ ၈၈ မျိုးဆက် ကျောင်းသားများတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ရှိနေပြီး အမေရိကန် နှင့် ဥရောပနိုင်ငံများမှ ဖိတ်ခေါ်ဆုချခြင်း၊ ပြည်တွင်း ရှိ နောက်ကြောင်းပြန် နှစ်ပတ်လည် အခမ်း အနား အများ အပြားတွင် မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်လျှက်ရှိသည်။

ယနေ့ မြန်မာပြည်သူအချို့အတွက် ကိုကျော်သူသည် မရှိမဖြစ် လိုအပ်လျှက် ရှိပေမယ့် ကိုမင်းကိုနိုင် မရှိလျှင်တော့ ဘာမှမဖြစ်ပေ။ ကိုကျော်သူ၏ အားနည်းချက်မှာ ဇနီးဖြစ်သူ ဒေါ်မြင့်မြင်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်က နိုင်ငံရေး ကိစ္စအချို့တွင် ပါဝင်ခဲ့သော ဦးဥတ္တမ၊ ဦးဝိစာရ နှင့် စက်တင်ဘာဘုန်းကြီးများကို စော်ကားပြောဆိုသည်ကို မထိန်းနိုင်ခြင်း နှင့် မင်းသားဘဝ မှလာသည့်အတွက် နားကဒ် တပ်ဆင်ကာ အဝတ်ဖြူကြီးဝတ်ကာ စတိုင်ထုတ်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် ကိုမင်းကိုနိုင်က အချင် (သို့) မွန် ပုဆိုးဝတ်ကာ အကျီအဖြူဖြင့် လူထုအတွက် အရေးပါသူ၊ အလုပ်လုပ်နေသူ ဟန်ဖြင့်နေတတ်သည်။ သို့သော် ကိုကျော်သူမျှ အလောင်းအချို့ကို ကိုယ်တိုင် အခေါင်းထမ်း ကူညီနေချိန်တွင် ကိုမင်းကိုနိုင် ဘာမှမလုပ်ပေ။ တနေ့ အခေါင်း ၃၊ ၄ ခု ဖြင့် အလုပ်ရှုတ်နေသော ကိုကျော်သူသည် စီးစရာ နိဗ္ဗန်ယာဉ် ကားတစ်စီးသာ ရှိသော်လည်း အလုပ်မရှိသည့် ကိုမင်းကိုယ်နိုင်မှာ နောက်ဆုံးပေါ် တန်ဖိုးမြင့်ကားကြီးများ၊ အစားသောက်ကောင်းများ နှင့် တိုက်ကြီးတာကြီးဖြင့် နေနိုင်ပြီဖြစ်သည်။ ရန်ကုန်လူထု ကို စစ်တမ်းကောက်ယူချိန်တွင် လူ ၁၀၀၀ တွင် ကို ကျော်သူကို လိုအပ်ပြီး ကိုမင်းကိုနိုင် မရှိလျှင် ဖြစ်သူမှာ ၉၆၆ ဦး ရှိပြီး ကိုမင်းကိုနိုင်လိုအပ်ပြီး ကျော်သူမရှိလျှင် ဖြစ်သူမှာ ၃၄ ဦးသာရှိသည်။ ရာခိုင်နှုံးအားဖြင့် ကိုကျော်သူဘက်တွင် ၉၇% ရှိပြီး ကိုမင်းကိုနိုင်ဖက်တွင် ၃% နှုံးသာ ရှိပေသည်။ သို့ဖြစ်၍ စစ်တမ်းအရ ကိုမင်းကိုနိုင်နှင့် ကိုကျော်သူတွင် ကိုကျော်သူကသာ လူထုအတွက် ပိုမို အသုံးကျသူဟု ကောက်ချက်ချနိုင်ပေသည်။

မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်မည့် မာဒေးကားဖလား ပွဲစဉ်များထုတ်ပြန်


ရန်ကုန် ၊ ၁၈-၈-၂၀၁၃

မလေးရှား အမျိုးသား အထိမ်းအမှတ် အဖြစ် ကျင်းပမည့် ၂၀၁၃ မာဒေးကား ဘောလုံးပြိုင်ပွဲ ကို မြန်မာလက်ရွေးစင် ယူ-၂၃ အသင်း ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာလ ၇ ရက်တွင် မြန်မာ အသင်းသည် ထိုင်း လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်မှုအဖြစ် မလေးရှား ဘောလုံး အဖွဲ့ချုပ်က ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင် ၄ သင်းဖြစ်သည့် အိမ်ရှင် မလေးရှား ၊ စင်ကာပူ ၊ မြန်မာ နှင့် ထိုင်း အသင်းတို့သည် ယူ-၂၃ အသင်းများဖြင့် ၀င်ရောက် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

၂၀၁၃ ခုနှစ် မာဒေးကားဖလား ပြိုင်ပွဲ ပွဲစဉ်များကို

(၇-၉-၂၀၁၃)
ညနေ(၅း၃၀) မလေးရှား - စင်ကာပူ ( Darul Malcumur Stadium )
ညနေ(၈း၄၅) မြန်မာ - ထိုင်း ( Darul Malcumur Stadium )

(၉-၉-၂၀၁၃)
ညနေ(၅း၃၀) ထိုင်း - စင်ကာပူ ( Darul Malcumur Stadium )
ညနေ(၈း၄၅) မလေးရှား - မြန်မာ ( Darul Malcumur Stadium )

(၁၁-၉-၂၀၁၃)
ညနေ(၈း၄၅) မလေးရှား - ထိုင်း ( Darul Malcumur Stadium )
ညနေ(၈း၄၅) စင်ကာပူ - မြန်မာ ( Temerolh Stadium )

(၁၄-၉-၂၀၁၃)
ညနေ(၅း၃၀) တတိယလုပွဲ
ညနေ(၈း၄၅) ဗိုလ်လုပွဲ

ဘောပွဲ ကြိုက်သူများအတွက်





ဘောပွဲ ကြိုက်သူများအတွက်

Premier League 2013 - 2014 ရာသီလဲ စပြီဆိုတော့ မိမိဖုန်းထဲမှနေ၍ အင်တာနက်ရှိရုံနဲ့ Premier League သတင်းတွေ ပွဲစဉ်ဇယားတွေ ပွဲရလဒ်တွေကို ကြည့်ရှုနိုင်မဲ့ Android အတွက် Apk လေးပါ ဒီတစ်ခေါက် Apk လေးကတော့ တော်တော်လေးစုံတယ်ဗျ မိမိ စိတ်ကြိုက်အသင်းတစ်ခုကို ရွေးထားပြီးတော့ အသင်းရဲ့ အခြေအနေတွေကိုလဲ ကြည့်ရှုနိုင်ပါတယ် ။ ပွဲမကြည့်လိုက်ရလို့ အနိုင်အရှုံးတစ်ခုထဲတာမကပဲ ပွဲရဲ့ အခြေအနေ ဂိုးသွင်းမှု ဘယ်လောက်အကွာအဝေးကနေသွင်းခဲ့တယ် က အစ ပွဲတစ်ခုလုံးရဲ့ အကျဉ်းလေးကိုပါကြည့်ရှုနိုင်ပါတယ် ။ သိပြီးရှိပြီးသူများလဲ ရှိမှာပါ ပြန်လည်မျှဝေရုံသက်သက်ပါ အောက်ပါ Link လေးကနေ ဒေါင်းလုပ်ယူနိုင်ပါတယ်။

Apk Download Link > ဒီမှာ

အီဂျစ်အဓိကရုဏ်း လျော့ပါးဖွယ်မရှိ



Sunday, August 18, 2013

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူအများစုကို ဗလီကနေ ရှင်းထုတ်ပစ်လိုက်လို့ သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ အပါအဝင် တဘက်နဲ့တဘက် တင်းတင်းမာမာနဲ့ ရှေ့တိုးနောက်ဆုတ် မရ ဖြစ်နေတဲ့ အခြေအနေ ပြီးဆုံးသွားခဲ့ပါတယ်။ ကိုင်ရိုမြို့တော်နဲ့ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေကနေ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အမျက်ဒေါသတွေ ခြုံလွှမ်းတဲ့နေ့ ဆိုတဲ့ သောကြာနေ့ နောက်ပိုင်းမှာ၊ အာဏာက ဖယ်ရှားခံ သမ္မတ မိုဟာမတ်မော်စီ (Mohamed Morsi) ကို ထောက်ခံသူတွေ ဝင်ရောက်ခိုလှုံနေတဲ့ al-Fatah ဗလီကို လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တာပါ။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဗလီကို သေနတ်နဲ့ လှမ်းပစ်ခတ်နေတာတွေ၊ ဗလီထဲမှာ လူတွေ အကာအကွယ် ပြေးယူရင်း ဝရုန်းသုန်းကား ဖြစ်နေကြတာတွေကို ရုပ်မြင်သံကြားသတင်းတွေမှာ တွေ့ရပါတယ်။ ဗလီမျှော်စင်ပေါ်ကနေ အနည်းဆုံး လူတဦးက ပြန်ပြီး ပစ်ခတ်နေတယ်လို့လည်း သတင်းရရှိပါတယ်။ ဒီအတောအတွင်းမှာပဲ ညမထွက်ရအမိန့်ကို အာခံတဲ့အနေနဲ့ ကိုင်ရိုမြို့တော် Alexandria မြို့နဲ့ တခြားမြို့ အများအပြားမှာ သမ္မတ မော်စီကို ထောက်ခံ သူတွေ စနေနေ့ကပဲ လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ကြွေးကြော်သံတွေဟစ်အော်၊ အလံတွေလွှင့်ထူပြီး သမ္မတ မော်စီ ရဲ့ ဓာတ်ပုံတွေ ကိုင်ဆောင်လာတာကို လည်း ရုပ်မြင်သံကြားသတင်းမှာ ကြည့်ရပါတယ်။ ရဲတပ်ဖွဲ့ဘက်ကရော အရပ်သားတွေဘက်ကပါ ဘယ်ဘက်ကမှာ လျှော့မယ့်ပုံမရှိဘူးလို့ ကိုင်ရိုမြို့တော်မှာ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

VOA Burmese

မောင်တောနယ်စပ်မှာ မူဆလင်အကြမ်းဖက်အဖွဲ့ RSO နှင့် မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲ များ ပြင်းထန်

From : ..rsv




မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဗန္ဓုလ နစက နယ်မြေအတွင်း မူဆလင်အကြမ်းဖက်တပ်ဖွဲ့ RSO နှင့် မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့တို့အကြား လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ညက တိုက်ပွဲ များ ပြင်းထန်စွာဖြစ်ပွားကြောင်း ဘင်္ဂလားဒေ့ရှ် နေ့စဉ်ထုတ် သတင်းစာများတွင် မနေ့ကရက်စွဲဖြင့်ဖော်ပြသည်။

တိုက်ပွဲများဖြစ်ပွားသည့်နေရာမှာ မြန်မာပိုင်နက် နယ်စပ်မှတ်တိုင်အမှတ် ၅၄ နှင့် ၅၅ အနီး နယ်မြေ (၁) တွင်ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်း သတင်းစာများကဖော်ပြသည်။

သို့ရာတွင် အဆိုပါတိုက်ပွဲမှာ မည်သည့်အတွက် ဖြစ်ပွားရကြောင်းနှင့် မည်သည့်ဘက်က ထိခိုက်မှုများရှိသည်ကို ဖော်ပြထားသည်ကို မတွေ့ရပေ။

တိုက်ပွဲမှာ ဗုဒ္ဓဟူးနေ့ ည ၉ နာရီခန့်မှ စတင်ပြီး ညလုံးပေါက်ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းစာများတွင် ရေးသားထားသည်ကိုတွေ့ရသည်။

လက်ရှိတွင် မူလင်အကြမ်းဖက်အဖွဲ့ RSO မှာ နယ်စပ်မှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ စိမ့်ဝင်လာနေသည်ဟု ယူဆရသည့်အတွက် မောင်တောခရိုင်တစ်ခုလုံးကို လုံခြုံရေးများတိုးချဲ့ချထားပြီး ခရိုင်အတွင်းက သက်ဆိုင်ရာဌာန အသီးသီးသို့လည်း လုံခြုံရေးသတိဖြင့်နေထိုင်ကြရန် အထက်မှ ညွှန်ကြားထားသည်ဟု သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် RSO အဖွဲ့နှင့် မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာများတွင် တစ်စုံတစ်ရာဖော်ပြခြင်းများကို မတွေ့ရှိရပေ။

(အောက်ပါလင့်ခ်များမှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသော ဘင်္ဂလားဒေ့ရှ် သတင်းစာအချို့ဖြစ်ပါသည်။)

http://www.samakal.net/

ဝံသာနုစိတ်ဓာတ်ဖြင့် ပြောရပါလျှင်...



၂၀၁၅ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ အခြေခံဥပဒေပြင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တင်မြှောက်ဖို့အရေးကိုပဲ NLD မှ အထူးအာရုံစိုက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူမ သမ္မတဖြစ်လိုကြောင်း အကြိမ်ပေါင်းများစွာ မရေတွက်နိုင်အောင် ပြောခဲ့ပြီးဖြစ်သလို ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်စေချင်တဲ့ မီဒီယာအများအပြားကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ဇောင်းပေး ရေးလာကြပါတယ်။ အဓိကပြင်ချင်ကြတာကတော့ အခြေခံဥပဒေ ပုဒ်မ ၅၉။ (စ) မှာပါတဲ့ ဒုတိယသမ္မတ လောင်း၏ မိဘ၊ သားသမီး နှင့် ခင်ပွန်း၊ ဇနီး များက နိုင်ငံခြားသား မဖြစ်စေရဟူသောဥပဒေ ဖြစ်ပါတယ်။ ပြင်ဆင်စေချင်တဲ့ ရည်ရွယ်ချက်ကလည်း ၂၀၁၅ နဲ့ ၂၀၂၀ ကာလ ကြား ၅ နှစ်တာကို ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတဖြစ်စေချင်တာကြောင့်ပါ။ ထို ပုဒ်မ ၅၉။ (စ) အချက်မျိုးကို ဘယ်သူကစပြီး ဥပဒေထဲ ထည့်စေချင်တာလဲ၊ ၂၀၂၀ ကျော်သွားလျှင်ရော ဒီဥပဒေနဲ့ အဆင်ပြေပါ့မလား၊ ဒေါ်အောင်ဆန်းစုကြည်လို နိုဘယ်လ်ဆုရရှိထားတဲ့ အရည်အချင်းရှိ ပုဂ္ဂိုလ်တစ်ယောက်ကရော သမ္မတထိုင်ခုံမှ ထိုင်ရမှ ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်မှာလား ဆိုတဲ့ မေးခွန်းတွေလည်း မေးစရာရှိလာပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉။ (စ) ပါ အချက်သည် သမိုင်းအခေါ် ဝံသာနုစိတ်ဓာတ်၊ နိုင်ငံရေးအခေါ် အမျိုးသားရေး စိတ်ဓာတ်၊ ယနေ့ခေတ်အခေါ် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အနာဂါတ်မြန်မာနိုင်ငံအတွက် ရည်ရွယ်ကာ လွတ်လပ်ရေးမရခင်ကတည်းက ထည့်သွင်းထားသည့်အချက်ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးစွဲချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းပြုပြည်ပြုလွှတ်တော်မှ ထည့်သွင်းခဲ့သော ဥပဒေ ဖြစ်ပြီး ထိုစဉ်က မြန်မာခေါင်းဆောင်များနှင့် မြန်မာလူထု တစ်ရပ်လုံးက မြန်မာနိုင်ငံကို မြန်မာစစ်စစ်၊ အခြား နိုင်ငံသားများနှင့် ပတ်သက်ဆက်နွယ်မှုမရှိသူကိုသာ နိုင်ငံတစ်ခုလုံးကို ပုံအပ်ချင်နေချိန်ပါ။ သို့သော် လွတ်လပ် ရေးရပြီး ၆၅ နှစ်ကြာလာချိန်မှာ မြန်မာပြည်သူအချို့စိတ်ထဲမှာ ဝံသာနုစိတ်ဓာတ် (သို့) အမျိုးသားရေးစိတ်ဓာတ် (သို့) ပြည်ထောင်စုစိတ်ဓာတ်တွေ ခေါင်းပါးလာကြပါတယ်။ လူ သန်းပေါင်း ၆၅ သန်းကျော်ရှိတဲ့ ပြည်ထောင်စုထဲက ပြည်ထောင်စုသား အများအပြားရှိတဲ့အထဲမှာမှ နိုင်ငံခြားသားနှင့် လက်ထပ်ပေါင်းသင်း နေသူတစ်ဦးတည်းသာ သမ္မတအဖြစ် ရွေးချယ်ဖို့ သမိုင်းထဲက ခေါင်းဆောင်များ ရေးဆွဲထားတဲ့ ဥပဒေကို ပြင်ဆင်ကြမယ်ဆိုရင် အတိတ်က ခေါင်းဆောင်တွေလက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်သလို ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ်လည်း မကောင်းနိုင်ပေ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ၎င်း ရဲ့ ဖခင် ကိုယ်တိုင် ဝံသာနုစိတ်ဓာတ်အပြည့်နဲ့ ထည့်သွင်းထားတဲ့ ဥပဒေကို နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ သမီးက ပြန်ဖျက်ပြီး သမ္မတ လုပ်ရလောက်အောင် မမိုက်မဲသင့်ဘူးထင်ပါတယ်။

မြန်မာလူထုအနေနဲ့ ၂၀၁၅ မှ ၂၀၂၀ ကာလအတွင်းကိုသာ မကြည့်ဘဲ ၂၀၂၀ ကျော်သွားချိန် ဒီဥပဒေ နဲ့ အဆင်ပြေပါ့မလား ဆိုတာကို အလေးအနက်ထား စဉ်းစားဖို့လိုပါတယ်။ ဒီကနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ နိုင်ငံခြားသားများ စိမ့်ဝင်ထိုးဖောက်မှုပြဿနာကို နိုင်ငံငယ်များသာမက နိုင်ငံကြီးများကပါ ရင်ဆိုင်နေရပြီး ဖြေရှင်းဖို့ အသည်းအသန်ကြိုးစားနေရတာ အားလုံးအသိပဲဖြစ်ပါတယ်။ အထူးသဖြင့် လူဦးရေ အများဆုံး နိုင်ငံကြီး (၂) နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိကြားမှာရှိတဲ့ မြန်မာနိုင်ငံတွက် ဒီအန္တရာယ်ကို ကြိုတင်ပြင်ဆင် ထားဖို့လိုပါတယ်။ လက်တလော ဘင်္ဂလားဒေ့ရှ်က လူဦးရေအများအပြား စိမ့်ဝင်မှုကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောမှာ ရခိုင်တိုင်းရင်းသား မရှိသလောက် နေရဖယ်ပေးလိုက်ရပြီဖြစ်ပါတယ်။ လွှတ်တော်နိုင်ငံရေး အခင်းအကျင်းအရ ၎င်းကဲ့သို့သော ဒေသများကလည်း လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်လာမှာဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်လိုက်ပါက ဒုသမ္မတအရွေးခံကာ သမ္မတထိုင်ခုံပေါ်ထိ ရောက် သွားကြမှာပါ။ သမ္မတကို လွှတ်တော်ကပဲ ရွေးခွင့်ရှိပြီး ပြည်သူတစ်ရပ်လုံးက ရွေးခွင့်မရှိတဲ့အတွက် လွှတ်တော် ထဲမှာ ဘင်္ဂါလီ (သို့) မွတ်ဆလင် (သို့) နိုင်ငံခြားသားအထင်ကြီးသူ အများအပြား ရောက်လာရင်တောင် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ပြင်ဖို့ စိုင်းပြင်းနေကြသူတွေအနေနဲ့ ၅ နှစ်တာ ကာလ ကို မကြည့်ဘဲ နောင်နှစ်ပေါင်းများစွာကို ကြည့်ဖို့လိုပါတယ်။

မြန်မာ့နိုင်ငံရေး သမိုင်းအဆက်ဆက်ကို လေ့လာကြည့်ပါက ဒီကနေ့ နိုင်ငံရေး အခြေအနေက အားရ စရာ အကောင်းဆုံး အခြေအနေလို့ပြောလို့ရပါတယ်။ အစိုးရနဲ့ အတိုက်အခံပူးပေါင်းပြီး နိုင်ငံတိုးတက်အောင် လုပ်ဆောင်နေကြသလို လွှတ်တော်ထဲမှာလည်း တိုင်းရင်းသားပေါင်းစုံပါဝင်ကာ ဥပဒေပြုရေးလုပ်ဆောင်နေ တာကြောင့် တစ်ကမ္ဘာလုံးက ချီးကျူးနေကြတာ သက်သေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို အရည် အချင်းရှိသူတစ်ဦးကလည်း လွှတ်တော် နာယက ဖြစ်မှ၊ သမ္မတ ဖြစ်မှ မဟုတ်ပါဘူး၊ ဘယ်လိုအခြေအနေမဆို ပြည်သူ့အကျိုး ဆောင်ရွက်နိုင်မှာပါ။ ကမ္ဘာပေါ်မှာလည်း အခြားငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အများအပြားက သမ္မတမလုပ်ပဲ လူထုအကျိုးဆောင်ရွက်နေကြသူတွေ အများပြားရှိပါတယ်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သမ္မတလုပ်မည့်အစား သမ္မတအကြံပေးတစ်ဦးအဖြစ် တာဝန် ထမ်းဆောင် ကာ ငယ်ရွယ်ထက်မြတ်တဲ့ ပြည်ထောင်စုသားတစ်ဦးကို သမ္မတထိုင်ခုံပေါ် ထိုင်ခိုင်းရင်လည်း သင့်တော်ပါတယ်။

အချုပ်အားဖြင့် ယခု တစ်ကြိမ်ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်မယူဘဲ နေလိုက်ခြင်းဖြင့် လူတိုင်းလည်း အခြေခံဥပဒေကို လေးစားလာမည်ဖြစ်သလို နောက်နောင် ဘယ်နိုင်ငံခြားသား မျိုးနွယ်ဝင်များ ကလည်း မျှော်မှန်းရဲမည်မဟုတ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ပိုမိုလေးစားပြီး သမိုင်းကောင်း ကျန်ခဲ့မှာပါ။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲထားတဲ့အချက်ကို သမီးဖြစ်သူက သမ္မတလုပ်ချင်လို့ ဖျက်မယ်ဆိုပါလျှင် အနာဂါတ်မှာ ဥပဒေပြင်ဖို့ ခက်ခဲသွားပြီး ဒေါ်အောင်ဆန်းစုကြည်လည်း သမိုင်းတရားခံ ဖြစ်သွားပါလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံ၊ အထူးသဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်အစဉ်အလာ ကြီးမားတဲ့ ထေရဝါဒဗုဒ္ဓဘာသာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတစ်ခုလုံးကို စိတ်တိုင်းကျ စီမံအုပ်ချုပ်ပိုင်ခွင့် ပေးရမည့်သူတစ်ယောက်အတွက် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းကမ်းချက်လေး (၇) ချက်လောက် ကိုတော့ ပြည့်စုံကိုက်ညီသင့်ပေသည်။

Hot Myanmar Models




























You might also like:

Related Posts Plugin for WordPress, Blogger...