Thursday, August 15, 2013
အလှအပမြတ်နိုးသူတိုင်း လိုက်နာသင့်သော နည်း ၁၀
မိန်းကလေးတိုင်း အလုပ်သွား အလုပ်ပြန်၊ ရုံးသွားရုံးပြန် အချိန်ပေးပြီး အလှပြင်ဆင် တတ်ကြ ပါတယ်။ သင်ပြင်ဆင်နေတဲ့ အလှပြင်ပစ္စည်းတွေကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့ အောက်ပါ အချက် တွေကို လှပလိုသူ မိန်းကလေးတိုင်း လိုက်နာသင့်ပါတယ်။
(၁) မှန်ကန်သော မျက်နှာသန့်စင်မှု နည်းလမ်းအတိုင်း လိုက်နာပါ
မှန်ကန်တဲ့ မျက်နှာသန့်စင်နည်းကို အသုံးပြုတာက အရေပြား ထိန်းသိမ်းမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ မျက်နှာသန့်စင်ရာမှာ အညစ် အကြေးတွေနဲ့ ဘက်တီးရီးယားကို စင်ကြယ်အောင် သန့်စင်ဆေးကြောပေးဖို့ လိုပေမယ့် အလွန်အကျွံ သန့်စင်တာများပါက အရေပြားခြောက်သွေ့ မှုကို ဖြစ်စေပါတယ်။ သန့်စင်ပစ္စည်း ဝယ်ယူရာမှာ ဓာတုပစ္စည်း မပါဝင်ဘဲ အက်စစ်-အယ်လ်ကာလီ မျှခြေ ဖြစ်နေတာမျိုး ရွေးရပါမယ်။
(၂) သဘာဝ ပါဝင်ပစ္စည်းများကိုသာ အသုံးပြုပါ
အခုခေတ်မှာ သဘာဝ ပါဝင်ပစ္စည်းတွေကို အသုံးပြုထားတာ၊ သြဂဲနစ်ပစ္စည်းတွေ အသုံးပြုထားတယ် ဆိုတာတွေ ခေတ်စားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတာတွေက အရေပြားကနေတစ်ဆင့် သွေးကြောထဲကို ဝင်ရောက်သွားပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော် စေတာကြောင့်ပါ။ သဘာဝ အသီးအနှံတွေနဲ့ မျက်နှာပေါင်းတင်တာ၊ ကြေးချွတ်တာတွေ ပြုလုပ်ပါ။
(၃) ရေဓာတ်ပြည့်ဝနေအောင် ထိန်းသိမ်းပါ
ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးပါက အသားအရေ ခြောက်သွေ့သူတွေ သာမကဘဲ အဆီပြန်သူတွေမှာလည်း သိသိသာသာ ခံစားရတတ်ပါတယ်။ ဘယ်လို အသားအရေမျိုးမဆို အစိုဓာတ်ကို ပုံမှန်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အစိုဓာတ်ထိန်းခရမ်င် လိမ်းတဲ့အခါ အရေးကြောင်း ဖြစ်လွယ်တဲ့ မျက်ဝန်းတစ်ဝိုက်၊ လည်ပင်းနဲ့ လက်တွေကို သေချာစွာ လိမ်းပေးပါ။
(၄) အလှမပျက်အောင် အိပ်စက်ပါ
ပုံမှန်အိပ်စက်မှု ရှိတာက သင့်အလှတရားကို ဖြည့်စွက်ပေးပါတယ်။ တစ်ညကို ရှစ်နာရီအိပ်စက်ပါ၊ အိပ်ရာမဝင်မီ မျက်နှာပေါ်က မိတ်ကပ်နဲ့ အညစ်အကြေးတွေကို သန့်စင်ဆေးကြောပါ၊ ချည်သားခေါင်းအုံးစွပ်က ပါးပြင်ပေါ်က အစိုဓာတ်ကို စုပ်ယူနိုင်တာကြောင့် ပိုးသားခေါင်းအုံးစွပ်ကို အသုံးပြုပါ၊ မျက်နှာမှာ အရေးကြောင်းတွေ မဖြစ်စေဖို့ ပက်လက်လှန်ပြီး အိပ်စက်ပါ။
(၅) ကြာကြာ ရေမချိုးပါနှင့်
အရေပြားပေါ်မှာ အကာအကွယ် ပေးထားတဲ့ အဆီလွှာရှိပြီး အစိုဓာတ်တွေ အပြင်မထွက်သွားအောင် ထိန်းပေးပါတယ်။ ရေအကြာကြီးချိုးတာ၊ ကြက်သီးနွေးရေ မဟုတ်ဘဲ အပူများတဲ့ရေ ချိုးတာတွေက အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားလိုက်တာကြောင့် အသားအရေ ခြောက်သွေ့ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော် စေပါတယ်။ အသားအရေ နူးညံ့စိုပြည်ပြီး နုပျိုလှပနေစေဖို့ ရေအကြာကြီး ချိုးတာကိုရှောင်ပါ၊ ရေနွေးနွေးနဲ့ ရေချိုးပါ။
( ၆) SPF ပါသော နေရောင်ကာခရင်မ် နေ့စဉ်လိမ်းပါ
အရေးကြောင်းတွေ ဖြစ်လာမှ အသားအရေ ထိန်းသိမ်းတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာက ပိုမိုထိရောက်မှု ရှိပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တာက အရေးကြောင်း ဖြစ်စေတဲ့ အကြောင်းတစ်ချက်ပါ။ အိမ်အပြင် ထွက်တဲ့အခါ ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်နိုင်အောင် အနည်းဆုံး SPF-15 ပါတဲ့ နေရောင်ကာခရင်မ် လိမ်းပါ။
(၇) အလှပြင်ရာတွင် အသုံးပြုသော ဘရပ်ရှ်များကို သန့်ရှင်းပါ
သင်မိတ်ကပ်လိမ်းရာမှာ နေ့စဉ်အသုံးပြုနေတဲ့ ဘရပ်ရှ်၊ တို့ဖတ်စတာက ဘက်တီးရီးယားတွေ အများဆုံး ကပ်ညိနေနိုင်တာကြောင့် ဒါတွေကို မကြာခဏ ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် စတာ တစ်မျိုးမျိုးနဲ့ ရေနွေးအသုံးပြုပြီး သန့်စင်ပါ။
(၈) နေထိုင်မှုပုံစံ ပြောင်းလဲကျင့်သုံးပါ
အများစုက လှပနုပျိုဖို့ တန်ဖိုးကြီး အလှပြင်ပစ္စည်းတွေကို ဝယ်ယူ အသုံးပြုတတ်ကြပါတယ်။ တကယ်တော့ သင့်အလှတရားကို ပြီးပြည့်စုံစေတဲ့ နည်းလမ်းကောင်းကို လုပ်ဆောင်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ သိပ်ကို လွယ်ကူတဲ့ နည်းလမ်းပါ။ သင်ရဲ့ နေထိုင်မှုပုံစံ ကို ပြောင်းလဲ လိုက်ရုံ ပါ။ ဆေးလိပ်၊ အရက်၊ သကြား၊ ဆား စားသုံးမှုများတာနဲ့ ညဥ့်နက်မှ အိပ်ရာဝင်တာတွေက သင့်ကို အိုမင်းရင့်ရော်မှု ဖြစ်စေတဲ့ အကြောင်းတွေ ဖြစ် တာကြောင့် ဒါတွေကို သတိနဲ့ ဆင်ခြင်ဖို့ လိုပါတယ်။
(၉) နုပျိုသောအသွင် ဖန်တီးပါ
သင့်ဆံပင်ပုံစံကလည်း သင့်အသွင်အပြင်ကို များစွာ ပြောင်းလဲနိုင်ပါတယ်။ နှစ်ပေါင်းများစွာ မပြောင်းလဲခဲ့တဲ့ သင့်ဆံပင်ပုံစံကို သင်နဲ့ လိုက်ဖက်မယ့် ပုံစံဖြစ်အောင် ပြောင်းလဲလိုက်ပါ။ သင်ပြင်ဆင်နေတဲ့ မိတ်ကပ်အရောင်၊ နှုတ်ခမ်းနီ အရောင်တွေကိုလည်း ပြောင်းလဲအသုံးပြုပါ။ ပုံစံ အသစ် ပြင်ဆင်ထားတာကြောင့် သင်က နုပျိုသွက်လက်တဲ့ လူငယ်လေးအသွင် ဖြစ်နေစေပါတယ်။
(၁၀) မိတ်ကပ်အသစ် လဲလှယ် အသုံးပြုပါ
မိတ်ကပ်ကို အသုံးပြုသင့်တဲ့ အချိန်ကာလ ကျော်လွန်ပြီး အသုံးပြုတာ၊ မိတ်ကပ်လိမ်းရာမှာ အသုံးပြုတဲ့ ဘရပ်ရှ်တွေ သန့်ရှင်းမှု မရှိတာတွေကြောင့် မိတ်ကပ်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်ပါတယ်။ မျက်လုံးအတွင်း ပိုးဝင်တာ မဖြစ်အောင် မျက်တောင်ကော့ဆေးရည် ကိုလည်း ခြောက်လထက်ပိုပြီး အသုံးမပြုသင့်ပါ။ တခြား အလှပြင်ပစ္စည်းတွေကိုလည်း ၁၈ လထက် ကျော်လွန် ပြီး အသုံးပြုတာမျိုးကို ရှောင်ပါ။
မြန်မာ့ငွေဈေး(15.8.2013 10:00AM)
ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 968(~) Ks 978(~)
1 စင်္ကာပူ SGD = Ks 762(~) Ks 774(~)
1 ဥရောပငွေ EUR = Ks 1282(~) Ks 1300 (~)
ကမ္ဘာ့ငွေဈေး(15.8.2013 10:00AM)
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2679(-0.0018)
ထိုင်း Baht 31.2530(~)
မလေးရှား Ringgit 3.2705 (-0.0045)
တရုတ် Yuan 6.1192(-0.0003)
အိန္ဒိယ Rupee 61.2950 (~)
ဘင်္ဂလားဒေ့ရှ် Taka 77.8750(~)
တောင်ကိုရီးယား Won 1117.3250 (-1.2750)
ထိုင်ဝမ် TWD 29.9450(-0.0730)
ဂျပန် Yen 97.8500 (-0.1950)
ဥရောပငွေ EUR 0.7519(-0.0023)
ၾသစေၾတးလ် AUD 1.0899 (-0.0062)
အင်္ဂလန် Pound 0.6442(-0.0009)
ကမ္ဘာ့ရွှေဈေး(15.8.2013 10:00AM)
1 အောင်စ USD 1340.6500(+4.6000)
မြန်မာ့ရွှေဈေး(15.8.2013 10:00AM)
ယမန်နေ့ပိတ်ဈေး
Ks 694,800
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကူညီပေးပို့ပါသည်)
ရန်ကုန်စက်သုံးဆီဈေး(15.8.2013)
Premium Diesel (1L) Ks 940
Diesel (1L) Ks 920
Octane (95) (1L) Ks 1090
Octane (92) (1L) Ks 930
ဓာတ်ဆီ (1L) Ks 814
SkyNet TV Browser
KNU နှင့် KNLA အချင်းချင်း ပစ်ခတ်မှုကြောင့် ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၃ဦးသေဆုံး
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ရှိ ဘင်ဂျီရွာတွင် သြဂုတ် ၁၃ရက်၊ နံနက် (၉)နာရီခွဲအချိန်က KNU/ KNLA Peace Council တပ်ဖွဲ့ဝင်လေးဦးတို့သည် ကားပေါ်မှာ အချင်းချင်းအကြား အငြင်းပွားကြပြီး သေ နတ်ဖြင့် ပစ်ခတ်ကြမှု ကြောင့် ၃ဦး သေဆုံးသွားခဲ့သည်။
၎င်းပစ်ခတ်မှုတွင် သေဆုံးသူများမှာ စောဘကျမ်း၊ စောထွန်းမြင့်၊ စောနေထူးတို့ဖြစ်ပြီး စောလှဝင်းဆိုသူ တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်ဟု KNU/KNLA PC ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောဂျိုးဇက်က ကေအိုင်စီသို့ ပြောသည်။
“ဖြစ်ပွားတာက အချင်းချင်းပဲ။ အသက်ရှင် ကျန်ရစ်သူတစ်ဦးကို အခု ဖားအံမြို့မှာရှိတဲ့ (မြန်မာအစိုးရ) တပ်မ(၂၂)က ခေါ်ယူစစ် ဆေးနေ တုန်းပဲ။ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု ဗိုလ်မှူးစောဂျိုးဇက်က ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ KNU/KNLA PC ဗျူဟာ(၁) တာဝန်ခံ ဗိုလ်မှူးစောအောင်ပိုင်သိမ်းက ထိုသို့ အခင်းမဖြစ် ပွားခင်တွင် ၎င်းတို့လေးဦးသည် နဘူးမြို့နယ်၊ ထို့ကော်ကိုးရွာတွင် ပြုလုပ်သည့် ကရင်အာဇာနည်နေ့ အခမ်းအနားသို့ အတူတူ သွားရောက်ခဲ့ကြသေး သည်ဟု ဆိုသည်။
သို့သော် ၎င်းတို့သည် သံလွင်မြစ်အနောက်ဘက်သို့အသွား ဘင်ဂျီရွာအရောက်တွင် ရုတ်တရက် အချင်းချင်း ပစ်ခတ်ခဲ့ကြရာမှ ယခုလို သေဆုံးမှုအထိ ဖြစ်ပွားရခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ကြသည့် ဘင်ဂျီရွာသားများက ပြန်လည်ပြောပြကြောင်း ၎င်းဗိုလ် မှူးက ဆက်ပြောသည်။
“သူတို့လေးယောက်က ကားတစ်စီးတည်း အတူတကွ စီးပြီး အခင်းမဖြစ်ခင် အဲဒီမနက်မှာပဲ အချင်းချင်း ရယ်ရယ်မောမောနဲ့ ကျနော် တွေ့ရသေးတယ်။ ရုတ်တရက် ဒီလိုဖြစ်ကြတာ အံ့သြမိတယ်”ဟု ဗိုလ်မှူးစောအောင်ပိုင်သိမ်းက ကေအိုင်စီသို့ ပြောဆို သည်။
လက်ရှိအချိန်တွင် ၎င်းပစ်ခတ်မှုအတွင်း သုံးခဲ့သည့် ပစ္စတို (၂)လက်ကိုလည်း အစိုးရစစ်တပ် တပ်မ(၂၂)က သိမ်းဆည်းထားပြီး အခင်းဖြစ်ပွားမှု အသေးစိတ်ကိုမူ ပြည်နယ်ရဲများက ကိုင်တွယ်ဖြေရှင်း အရေးယူသွားမည်ဟု ဖားအံမြို့နယ်မှ တာဝန်ကျ ရဲဝန် ထမ်းတစ်ဦးက ပြောသည်။
ဗိုလ်မှူးချုပ်စောထင်မောင် ဦးစီးလျှက်ရှိသည့် KNU/KNLA Peace Council အဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလက ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၇)မှ ခွဲထွက်၍ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး လုပ်ဆောင်ခဲ့သည့်အဖွဲ့ ဖြစ်သည်။
From : ..dvb
ကိုယ်ဝန်လွယ်ထားပြီး လက်ထပ်ခါနီးစုံတွဲ မိဘချင်းပေးတွေ့မှ မောင်နှမဖြစ်နေမှန်း သိလိုက်ရ
လောကကြီးဟာ ဆန်းကြယ်လွန်းတယ်... မရည်ရွယ်ပေမယ့်လည်း လူသားတွေကို အပြစ်တွေကျူးလွန်မိစေတယ်။ တိုက်ဆိုင်မှုတွေကလည်း တခါတလေမှာ ထူးဆန်းလွန်းလှပါတယ်။
ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ စုံတွဲဟာ တခြား သာမန် လူတွေလိုပါပဲ... တက္ကသိုလ်မှာ ကျောင်းတက်ရင်း နှစ်ဦးသားတွေ့ခဲ့ရာကနေ ချစ်ကြိုက်မိပြီး ငါးနှစ်ကြာ အတူနေထိုင်ခဲ့ပါတယ်။ ကောင်မလေးက ကိုယ်ဝန်လွယ်ထားတာ နောက်လထဲ မွေးဖွားရတော့မယ့် အခြေအနေမှာ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး သူတို့ဆီက ထုံးစံအတိုင်း မိဘချင်းပေးတွေ့ပြီး လက်ထပ်ကိစ္စစီစဉ်ဖို့ လုပ်ခဲ့ကြပါတယ်။ အဲဒီမှာပဲ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြတဲ့ မောင်နှမတွေမှန်း သိခဲ့ကြရပါတယ်။
သူတို့နှစ်ဦးစလုံးကို ယခုချိန်ထိ မိဘတစ်ဦးစီက ကျွေးမွေးစောင့်ရှောက်ခဲ့ကြပြီး ကောင်လေးက သူ့တို့အဖေနဲ့ ကောင်မလေးက သူတို့အမေနဲ့ ကြီးပြင်းခဲ့ကြတာပါ။ သူတို့ အဖေနဲ့ အမေဟာ ကောင်လေး အသက် ၂နှစ်ခန့်အရွယ်၊ ကောင်မလေး အသက် ၈လအရွယ်ခန့်မှာ အငြင်းပွားဖွယ် လင်မယားကွဲကွာခဲ့ကြပြီး အဲဒီတုန်းက အဖေဖြစ်သူက အမေဖြစ်သူကို သူ့အပေါ်လိမ်ညာနေတယ်လို့ ပြောပြီး ၁၉၈၃ခုနှစ်ကတည်းက သူမကိုစွန့်ခဲ့တယ်လို့ ဆိုပါတယ်။ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်လုံး သူတို့မှာ မောင်နှမရှိခဲ့ကြမှန်း လုံးဝ မသိခဲ့ပါဘူး...
သူတို့နှစ်ယောက်လုံး အခုချိန်ထိ အံ့သြပြီး ရှော့ခ်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတုန်းပါပဲ... ကောင်မလေးက ရှင်းပြရာမှာ ကျွန်မတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်ခဲ့တာပါ။ အဲအချိန်ကစပြီး ကျွန်မတို့ ရှေ့ရေးအတွက်ပဲ စဉ်းစားခဲ့ကြပြီး ဘယ်တော့မှ နောက်ပြန်ဆုတ်ဖို့ မစဉ်းစားခဲ့ကြပါဘူး.. ကျွန်မတို့ ကလေးတွေ အများကြီးယူပြီး ပျော်ရွှင်စရာ မိသားစုလေးတစ်ခုကို ဖန်တီးဖို့ ရိုးရိုးလေးပဲ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ အခုဒါကို သိလိုက်ရတဲ့အချိန်မှာ ဘာပြောလို့ ဘာလုပ်ရမှန်းတောင် မသိတော့လောက်အောင် ခံစားရပါတယ်။ ကောင်လေးကတော့ ကွဲကွာနေတဲ့ မိသားစုနှစ်ခုနဲ့ ဒီပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ လက်ထပ်ဖို့ကိစ္စကို လုံးဝ ဖျက်ပစ်လိုက်ကြပါပြီး...
သူတို့လူမှုအဖွဲ့အစည်းမှာတော့ သွေးနီးချင်း နှီးနှောတာကို လုံးဝလက်မခံတတ်ပါဘူး... ဒါဟာ စဉ်းတောင်မစဉ်းစားသင့်တဲ့ ကိစ္စလို့ ယုံကြည်ထားတဲ့ လူတွေဖြစ်ပါတယ်။ ဗြိတိန်က ဆေးဂျာနယ်ရဲ့ သုတသနမှာတော့ ဒီလိုကိစ္စဟာ မောင်နှမအရင်း၊ တစ်ဝမ်း နှစ်ဝမ်းကွဲမောင်နှမတွေ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘဲ ကြီးလာမှ ပြန်တွေ့ကြတဲ့အခါ ကာမရာဂနဲ့ ချစ်ကြိုက်မိတဲ့ စိတ်တွေ ဖြစ်ပေါ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီလို မောင်နှမနဲ့ ၀မ်းကွဲအချင်းချင်း အတူကြီးပြင်းခဲ့ရင်တော့ ဒီစိတ်တွေဟာ သွေးချင်းနှီးနှောလို့ မသင့်တော်ဘူးဆိုတဲ့ အသိစိတ်နဲ့ ကာမရာဂစိတ်တွေကို တွန်းလှန်ပြီးသား ဖြစ်သွားတယ်လို့ ဒီသုတေသနက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး ဒါကို သူတို့က Genetic Sexual Attraction (GSA) လို့ အမည်ပေးထားပါတယ်။ အောက်မှ အသေးစိတ် ရှင်းပြထားပါတယ်။ ဘာသာတော့ မပြန်တော့ဘူး... သတင်းဖတ်ပြီး ကိုယ်တိုင်လည်း အင်မတန်မှ ရှော့ခ်ရပြီး ကြောက်စရာကောင်းတယ်လို့ မြင်ပါတယ်။ ကိုယ်တွေ ဗုဒ္ဓဘာသာအမြင်နဲ့ဆိုရင် ၀ဋ်ကြွေးလို့ပဲ ပြောရမလားပါပဲ။
THE POWER OF GENETIC SEXUAL ATTRACTION
Genetic Sexual Attraction (GSA) is a term that describes the phenomenon of sexual attraction between close relatives, such as siblings, first and second cousins or a parent and offspring who first meet as adults.
It is not the same as incest, though this is what it is called if a sexual relationship is then entered into.
The term GSA was coined 30 years ago by American Barbara Gonyo. She wrote a book about the lust she felt for the adult son she had given up for adoption 26 years earlier.
She never acted on her feelings.
GSA is rare between people raised together in early childhood due to a reverse sexual imprinting known as the Westermarck effect, which desensitizes them from sexual attraction.
Experts believe that this effect evolved to prevent inbreeding.
News Source:
http://www.dailymail.co.uk/news/article-2057081/Engaged-couple-disc...
သတင်းကိုဖတ်ပြီးတော့စိတ်မကောင်းပါဘူး
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ဂျပန်နိုင်ငံ ပါဝင်ရန် ဆွေးနွေးမှုအတွက် ဂျပန်က အဆိုပြုမည်
From : ..eleven
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ ပါဝင်ပေါင်းစည်းရန် မြန်မာ-ထိုင်း ၀န်ကြီးအဆင့်များ ပူးတွဲဖိတ်ကြား ထားသည့် ဖိတ်ကြားစာ ပို့ပေးပြီးနောက် ဂျပန်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ဆွေးနွေးမည့် ဆွေးနွေးပွဲ ပြုလုပ်ရန် ဂျပန်နိုင်ငံမှ အဆိုပြုမည် ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း ၀င်ရောက်ရင်းနှီး မြှုပ်နှံမှုများ ဆက်လက်ပြုလုပ်ရန် အလားအလာကောင်းများ ရှိနေသည့် ဂျပန်နိုင်ငံသည် လက်ရှိကာလတွင် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၌ ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်နေပြီး ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဖိတ်ခေါ်နေသကဲ့သို့ မြန်မာ-ထိုင်း နှစ်နိုင်ငံ ၀န်ကြီးများ တရားဝင်လက်မှတ် ရေးထိုးထားသည့် ဖိတ်ကြားစာအား ယခုနှစ် ဧပြီ ၂၄ ရက်က တရားဝင် ပေးပို့ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးပို့ပြီးနောက် ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ပါဝင်လာရေးအတွက် မြန်မာ-ထိုင်း-ဂျပန် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ထိုင်းနိုင်ငံတွင် ဇွန် ၁၇ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းအပြင် မြန်မာ-ဂျပန် သီးသန့် တွေ့ဆုံပွဲအား မြန်မာနိုင်ငံတွင် ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့သကဲ့သို့ ထိုင်း-ဂျပန် သီးသန့်တွေ့ဆုံပွဲကို ဇူလိုင် ၁၁ ရက်က ကျင်းပခဲ့သည်။
''ဂျပန်နိုင်ငံကို ကျွန်တော်တို့က ထားဝယ်အထူး စီးပွားရေးဇုန်ရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်နေတာ မဟုတ်ပါဘူး။ အကျိုးအမြတ် ခွဲဝေမှု မျှတရေး ဆောင်ရွက်ဖို့ မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ပါဝင်ပေါင်းစည်းဖို့ ဖိတ်ခေါ်နေတာပါ။ လက်ရှိကာလအထိ ပါဝင်မယ်၊ မပါဝင်ဘူး မသိရသေးပေမယ့် နောက်တစ်ကြိမ် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကိုတော့ ဂျပန်နိုင်ငံက အဆိုပြုမှာပါ'' ဟု ဦးဆက်အောင်က ဆိုသည်။ မြန်မာ့ရေမြေ သယံဇာတအား အမှီပြု တည်ဆောက်မည့် စီမံကိန်း အကျိုးအမြတ် ခွဲဝေရေးတွင် နစ်နာမှုမရှိရေး ဂျပန်ပါဝင်ရန် လိုနေကြောင်း သိရသည်။
ကင်တာနား၏ (၁၃.၈.၂၀၁၃) နေ့ စစ်တွေမြို့တွင်းခရီးစဉ် (အစ-အဆုံး)
From : ..(သာစွဌာနေ)
သောမတ်ကင်တာနာ၏ ယနေ့စစ်တွေမြို့တွင်းခရီးစဉ်ကို တင်ပေးပါမယ်-
နံနက်(၀၇း၀၀)နာရီမှာ စစ်တွေအကျဉ်းထောင်သို့ထွက်ခွာပါတယ်-အကျဉ်းထောင်မှာတော့ တွေ့နေကျ ဒေါက်တာထွန်းအောင်ဆိုသူကိုတွေ့ပါတယ်။ သူဟာ(၈.၆.၂၀၁၃) မောင်တောမြို့ ဗလီကအဆင်း၊ ဘင်္ဂလီလူအုပ်စုက ဗိုလ်မှူးရွာ(တိုင်းရင်းသားရွာ)ကို မိးရှို့မှုတွေအတွက် တရားရုံးက ထောင်ဒဏ်ချမှတ်ထားသူ ဖြစ်ပါတယ်-
ဦးကျော်လှအောင်နှင့်ကျော်မြင့်ဆိုသူကိုတွေ့ပါတယ်။ ဒီလူဟာလွန်ခဲ့တဲ့နှစ် စစ်တွေမြို့ ဘင်္ဂလီ-ရခိုင် အရေးအခင်းမှာ ပတ်သက်ကြောင်း စွဲချက်နဲ့ ပြစ်ဒဏ်ကျပြီး သမ္မတအမိန့်နဲ့ ပြစ်မှုကျင့်ထုံးပုဒ်မ ၄၀၁ အရ လွှတ်ထားသူဖြစ်ပါတယ်။ (၂၆.၄.၂၀၁၃)နေ့ဘင်္ဂလီဒုက္ခသည်စခန်းမှာ လ၀က က ဆွဲတင်စစ်လုပ်ငန်း ဆောင်ရွက်နေစဉ် လူမျိုးအမည်ကိစ္စအတွက် ၀န်ထမ်းများကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ကြိုးကိုင်စေခိုင်းသူ အဖြစ် တရားစွဲတင်ထားသူများဖြစ်ပါတယ်။ ယင်းနောက် အကျဉ်းသားတစ်ဦး အကျဉ်းသူတစ်ဦးကို တွေ့ရပါတယ်။
တွေ့ဆုံမှုတွေကို သီးခြားလွတ်လပ်စွာတွေ့ခွင့်တောင်းသဖြင့် သီးခြားစီစဉ်ပေးခဲ့ပါတယ်-
ယင်းနောက် စစ်တွေဆေးရုံမှာ၊ ဆေးကုသနေတဲ့ ဘင်္ဂလီ(၅)ဦးတွေ့ပါတယ်။ အဲဒီလူနာတွေက (၉.၈.၂၀၁၃)နေ့ အုန်းတောချေ၊ မှန်စီချောင်းဝ၊ ဂေါဒူဖ ဖြစ်စဉ်တွေမှာ အကြမ်းဖက်လို့ ရဲက လူစုခွဲရာမှာ ဒဏ်ရာရသူတွေဖြစ်ကြပါတယ်။ ရွှေစေတီဆရာတော်ကို ကင်တားနားသွားရောက်ကြည်ညိုပါတယ်။ ဆရာတော်က ဘင်္ဂလီကိစ္စ၊ ပဋိပက္ခကိစ္စ၊ ဘင်္ဂလီလူမျိုးကို ကိုလိုနီအင်္ဂလိပ်အစိုးရက သတ်မှတ်ခဲ့တဲ့ကိစ္စ၊ ရိုဟင်ဂျာမရှိကြောင်း လူအဖွဲ့အစည်းနှစ်ရပ် သင့်မြတ်ဖို့ ယုံကြည်မှုတည်ဆောက်ရမှာဖြစ်ကြောင်း ဘုန်းကြီးတို့ မေတ္တာဝါဒီသမားတွေက၊ တည်ငြိမ်အေးချမ်းပြီး၊ သင့်မြတ်ဖို့လိုလားပါကြောင်း၊ အစိုးရနှင့်ပူးပေါင်း လက်တွဲဆောင်ရွက်ကြရမှာဖြစ်ကြောင်း မိန့်ကြားပါတယ်။
နောက်ပြီး ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်နဲ့တွေ့ပါတယ်။ အကျဥ်းထောင်ထဲ ၎င်းတွေ့ခဲ့သောတရားခံများ၏ ပြောကြားချက်တွေကို အခြေပြုပြီး၊ တရားသူကြီးချုပ်ကို မေးခွန်းအချို့မေးပြီး၊ တိုက်တွန်းချက်တွေပြောဆိုပါတယ်။ တရားသူကြီးချုပ်က ခုအချိန်အခါ လွတ်လပ်စွာနဲ့ ဥပဒေနှင့်အညီ တရားစီရင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားစီရင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားခံအခွင့်အရေးလည်း၊ အပြည့်အ၀ပေးကြောင်း ပြောကြားပါတယ်။
ဆက်ပြီး အောင်မင်္ဂလာကိုသွားပါတယ်။ ဘင်္ဂလီတွေနဲ့တွေ့ပါတယ်။ ရပ်ကွက်အတွင်း လျောက်သွားပါတယ်။ အချိန်(၂)နာရီလောက်ကြာပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုတွေ့ပါတယ်။ မေးခွန်းအချို့မေးပါတယ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်ဆွေးနွေးပါတယ် ယင်းနောက် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်နဲ့ (၁း၁၅)နာရီမှာ ထွက်ခွာသွားပါတယ်။
ကင်တာနား ခရီးစဉ်တစ်လျောက် အစီအစဉ်ပါအတိုင်းသွားလာရေး၊ တွေ့ဆုံရေးများတွင် ရခိုင်ပြည်နယ် ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့က ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
နံနက်(၀၇း၀၀)နာရီမှာ စစ်တွေအကျဉ်းထောင်သို့ထွက်ခွာပါတယ်-အကျဉ်းထောင်မှာတော့ တွေ့နေကျ ဒေါက်တာထွန်းအောင်ဆိုသူကိုတွေ့ပါတယ်။ သူဟာ(၈.၆.၂၀၁၃) မောင်တောမြို့ ဗလီကအဆင်း၊ ဘင်္ဂလီလူအုပ်စုက ဗိုလ်မှူးရွာ(တိုင်းရင်းသားရွာ)ကို မိးရှို့မှုတွေအတွက် တရားရုံးက ထောင်ဒဏ်ချမှတ်ထားသူ ဖြစ်ပါတယ်-
ဦးကျော်လှအောင်နှင့်ကျော်မြင့်ဆိုသူကိုတွေ့ပါတယ်။ ဒီလူဟာလွန်ခဲ့တဲ့နှစ် စစ်တွေမြို့ ဘင်္ဂလီ-ရခိုင် အရေးအခင်းမှာ ပတ်သက်ကြောင်း စွဲချက်နဲ့ ပြစ်ဒဏ်ကျပြီး သမ္မတအမိန့်နဲ့ ပြစ်မှုကျင့်ထုံးပုဒ်မ ၄၀၁ အရ လွှတ်ထားသူဖြစ်ပါတယ်။ (၂၆.၄.၂၀၁၃)နေ့ဘင်္ဂလီဒုက္ခသည်စခန်းမှာ လ၀က က ဆွဲတင်စစ်လုပ်ငန်း ဆောင်ရွက်နေစဉ် လူမျိုးအမည်ကိစ္စအတွက် ၀န်ထမ်းများကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ကြိုးကိုင်စေခိုင်းသူ အဖြစ် တရားစွဲတင်ထားသူများဖြစ်ပါတယ်။ ယင်းနောက် အကျဉ်းသားတစ်ဦး အကျဉ်းသူတစ်ဦးကို တွေ့ရပါတယ်။
တွေ့ဆုံမှုတွေကို သီးခြားလွတ်လပ်စွာတွေ့ခွင့်တောင်းသဖြင့် သီးခြားစီစဉ်ပေးခဲ့ပါတယ်-
ယင်းနောက် စစ်တွေဆေးရုံမှာ၊ ဆေးကုသနေတဲ့ ဘင်္ဂလီ(၅)ဦးတွေ့ပါတယ်။ အဲဒီလူနာတွေက (၉.၈.၂၀၁၃)နေ့ အုန်းတောချေ၊ မှန်စီချောင်းဝ၊ ဂေါဒူဖ ဖြစ်စဉ်တွေမှာ အကြမ်းဖက်လို့ ရဲက လူစုခွဲရာမှာ ဒဏ်ရာရသူတွေဖြစ်ကြပါတယ်။ ရွှေစေတီဆရာတော်ကို ကင်တားနားသွားရောက်ကြည်ညိုပါတယ်။ ဆရာတော်က ဘင်္ဂလီကိစ္စ၊ ပဋိပက္ခကိစ္စ၊ ဘင်္ဂလီလူမျိုးကို ကိုလိုနီအင်္ဂလိပ်အစိုးရက သတ်မှတ်ခဲ့တဲ့ကိစ္စ၊ ရိုဟင်ဂျာမရှိကြောင်း လူအဖွဲ့အစည်းနှစ်ရပ် သင့်မြတ်ဖို့ ယုံကြည်မှုတည်ဆောက်ရမှာဖြစ်ကြောင်း ဘုန်းကြီးတို့ မေတ္တာဝါဒီသမားတွေက၊ တည်ငြိမ်အေးချမ်းပြီး၊ သင့်မြတ်ဖို့လိုလားပါကြောင်း၊ အစိုးရနှင့်ပူးပေါင်း လက်တွဲဆောင်ရွက်ကြရမှာဖြစ်ကြောင်း မိန့်ကြားပါတယ်။
နောက်ပြီး ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်နဲ့တွေ့ပါတယ်။ အကျဥ်းထောင်ထဲ ၎င်းတွေ့ခဲ့သောတရားခံများ၏ ပြောကြားချက်တွေကို အခြေပြုပြီး၊ တရားသူကြီးချုပ်ကို မေးခွန်းအချို့မေးပြီး၊ တိုက်တွန်းချက်တွေပြောဆိုပါတယ်။ တရားသူကြီးချုပ်က ခုအချိန်အခါ လွတ်လပ်စွာနဲ့ ဥပဒေနှင့်အညီ တရားစီရင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားစီရင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားခံအခွင့်အရေးလည်း၊ အပြည့်အ၀ပေးကြောင်း ပြောကြားပါတယ်။
ဆက်ပြီး အောင်မင်္ဂလာကိုသွားပါတယ်။ ဘင်္ဂလီတွေနဲ့တွေ့ပါတယ်။ ရပ်ကွက်အတွင်း လျောက်သွားပါတယ်။ အချိန်(၂)နာရီလောက်ကြာပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုတွေ့ပါတယ်။ မေးခွန်းအချို့မေးပါတယ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်ဆွေးနွေးပါတယ် ယင်းနောက် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်နဲ့ (၁း၁၅)နာရီမှာ ထွက်ခွာသွားပါတယ်။
ကင်တာနား ခရီးစဉ်တစ်လျောက် အစီအစဉ်ပါအတိုင်းသွားလာရေး၊ တွေ့ဆုံရေးများတွင် ရခိုင်ပြည်နယ် ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့က ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီး နစ်မြုပ်ခဲ့သည့် သင်္ဘောမှ မြန်မာသင်္ဘောသား ၂၁ ဦးအား ဒေါ်လာတစ်သန်းကျော် လျော်ကြေးပေးအပ်
From EMG
ဖိလစ်ပိုင်နိုင်ငံ SAUL ဆိပ်ကမ်းအနီးတွင် ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က နစ်မြုပ်ခဲ့သည့် MV.HARITA BAUHITE သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသား ၂၁ ဦးတို့မှ သေဆုံးသူ၊ ပျောက်ဆုံးသူ၊ ဒဏ်ရာရရှိသူများကို လျော်ကြေးငွေ ဒေါ်လာ ၁ သန်းကျော်ကို သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ရှိ Dolphin Restaurant တွင် ပေးအပ်ခဲ့သည်။
အဆိုပါ သင်္ဘောပေါ်တွင် သေဆုံးသူ ကပ္ပတိန်တစ်ဦး၊ ပျောက်ဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ နှစ်ဦး၊ အသက်ရှင် လွတ်မြောက်လာသူ ခုနစ်ဦးတို့အတွက် စုစုပေါင်း လျော်ကြေးငွေ ဒေါ်လာတစ်သန်းကျော် ပေးအပ်ခဲ့ပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူ (office engineer) တစ်ဦးအတွက် ဒေါ်လာရှစ်သောင်း၊ crew တစ်ဦးအတွက် ဒေါ်လာခြောက်သောင်းတို့ကို ပေးလျော်ခဲ့သည်။
ထို့အပြင် သေဆုံးနှင့် ပျောက်ဆုံးသင်္ဘောသားများထဲတွင် အသက်၂၁ နှစ်အောက် သားသမီးများ ကျန်ရှိခဲ့ပါက တစ်ဦးလျှင် ဒေါ်လာငါးထောင်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
"အခုနစ်မြုပ်တဲ့ သဘောင်္က နီကယ်သယ်တဲ့ သင်္ဘောပါ။ စက်ပျက်တာရယ်၊ ရာသီဥတုရယ်၊ အခြားစက်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကြောင့် တစ်စင်းလုံး နစ်မြုပ်သွားတာပါ။ အမေရိကန် နိုင်ငံက ABS အာမခံ ကုမ္ပဏီမှာ အာမခံ ထားရှိတာဖြစ်တဲ့အတွက် လျော်ကြေးငွေအတွက် သူတို့ဘက်ကပဲ ပေးလျော်တာပါ။ ပျောက်ဆုံးသွားတဲ့ သူတွေကိုလည်း အာမခံ ကုမ္ပဏီက နေပြီးတော့ နစ်မြုပ်တဲ့ အချိန်ကနေစပြီး တစ်နှစ်ကြာတဲ့အထိ ရှာဖွေဦးမှာပါ" ဟု SSR ကုမ္ပဏီမှ ကိုယ်စားလှယ် ဦးသန်းနိုင်က ဆိုသည်။
ယခု နစ်မြုပ်ခဲ့သည့် သင်္ဘောသည် အင်ဒိုနီးရှားပိုင်ဖြစ်ပြီး၊ စင်ကာပူနိုင်ငံရှိ Ocean Sentinels Ship Management PTE.Ltd မှ စီမံခန့်ခွဲကာ မြန်မာနိုင်ငံရှိ Siam Sea Ray & Big Trans Shipping company မှ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ယူထားကြောင်း သိရသည်။
ဓမ္မမိတ်ဆွေအပေါင်း

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။
ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ မှန်သမျှတို့
ပြည့်စုံနိုင်ကြပါစေ။
မြတ်စွာဘုရား၏ တရားဓမ္မများကို နာယူမှတ်သား နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်တို့၏ အမြတ်ဆုံး ပန်းတိုင်ဖြစ်သော မြတ်နိဗ္ဗာန်
သို့ ရရှိ ရောက်ရှိနိုင်ရန် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ။
Photo Credit : Original Uploader
သန္ဓေတားသောအခါ
ဆုံးဖြတ် ရပါသည်။ သန္ဓေတားနည်း တစ်ခုခုကို ရွေးချယ် တော့မည်ဆိုလျှင် မိမိ ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိရဲ့လားဟု စတင် စဉ်းစားရပါမည်။
မိမိ ရွေးချယ်မည့် နည်းလမ်းသည် ကိုယ်ဝန်မရစေရန် မည်မျှကာကွယ်ပေးနိုင်မည်လဲ။ ဤအချက်ကို သိရှိရန် အတွက် မိမိရွေးချယ်မည့် သန္ဓေ တားနည်းကို အသုံးပြုလျက်ရှိသော အမျိုးသမီးဦးရေ (၁၀၀)ကို လေ့လာ ကြည့်ရပါမည်။ တစ်နှစ် ကြာသောအခါ အမျိုးသမီးဦးရေ (၁၀၀) အနက် ဦးရေ မည်မျှတွင် မလိုချင်ဘဲ ကိုယ်ဝန်ရရှိ သွားသည်ကို သိရှိရန်လိုပါသည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက် များလျှင် သင်ရွေး ချယ်မည့် နည်းလမ်းသည် ထိရောက်မှုနည်းသည်ဟု ကောက်ချက် ချရပါမည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက် နည်းလျှင် သင်ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိသည်ဟု ကောက်ချက် ချရပါမည်။
အကယ်၍ သင်တို့ စုံတွဲသည် မရည်ရွယ်ဘဲ ကိုယ်ဝန် ရရှိခြင်းကို လုံးဝ လက်မခံ နိုင်သော သူများ ဖြစ်ပါက ထိရောက်မှု အရှိဆုံးသော သန္ဓေတား နည်းလမ်းကို အသုံးပြု သင့်ပါသည်။ အကယ်၍ သင်တို့စုံတွဲသည် ကိုယ်ဝန် ရခြင်းကို ရှောင်ရှားလိုသည်။ သို့သော် မရည်ရွယ်ဘဲ ကိုယ်ဝန် ရရှိလာ ပါကလည်း ၀မ်းမြောက် ၀မ်းသာ လက်ခံနိုင် သည်ဆိုပါက ထိရောက်မှု နည်းပြီး သက်သောင့်သက်သာ ရှိသော သန္ဓေတား နည်းလမ်း ကို အသုံးပြု နိုင်ပါသည်။
မိမိ အသုံးပြု လိုသည့် သန္ဓေတား နည်းလမ်းသည် ထိရောက်မှု ရှိ/မရှိ ရွေးချယ် ဆုံးဖြတ် ပြီးသောအခါ နောက်တစ်ဆင့် အားဖြင့် ကုန်ကျ စရိတ်ကို စဉ်းစား ရပါမည်။ ကုန်ကျစရိတ်သည် ရေရှည်တွင် မိမိ တတ်နိုင်သည့် ပမာဏ အတွင်း ရှိနေရန် လိုအပ် ပါသည်။ နောက်ထပ် စဉ်းစားရန် တစ်ခုမှာ ကျန်းမာရေး ထိခိုက်မှု ရှိ/မရှိ ဖြစ်ပါသည်။ ဥပမာ- အသက် (၃၅)နှစ် ကျော်နေပြီ ဖြစ်သော အမျိုးသမီးသည် ဆေးလိပ် သောက်တတ်သူ အမျိုးသမီး ဖြစ်ပါက သန္ဓေတား သောက်ဆေးများ သုံးစွဲရန် မသင့်လျော်ပါ။
အမျိုးသား ဖြစ်သူ၏ အခြေအနေ ကိုလည်း ထည့်သွင်း စဉ်းစား ရပါမည်။ သင်၏ အမျိုးသားသည် သင်ရွေးချယ် သော သန္ဓေတားနည်းလမ်းကို ကျေနပ်လက်ခံသူဖြစ်ပါက သင့်အဖို့ ရွေးချယ်ရ လွယ်ကူ ပေလိမ့်မည်။ သန္ဓေ တားနည်းကို ဘယ်လောက်ကြာကြာ အသုံးပြုမည်ဟူသော သင်၏ဆုံးဖြတ်ချက်သည် သင်ရွေးချယ်မည့် သန္ဓေ တားနည်းလမ်းအပေါ် သက်ရောက်မှုရှိပါသည်။ သင်သည် ယာယီသန္ဓေတားလိုပါက ထိရောက်မှု နည်းသော နည်းလမ်းများ ကို အသုံးပြုရမည်ဖြစ်ပြီး တစ်သက်လုံး သန္ဓေတားလိုသည်ဆိုပါက ထိရောက်မှုအရှိဆုံး သန္ဓေတားနည်းများကို အသုံးပြု နိုင်မည် ဖြစ်ပါသည်။
HIV ကူးစက်ရောဂါနှင့် လိင်မှတစ်ဆင့်ကူး စက်တတ်သောရောဂါများအား ကာကွယ်နိုင်မှု ရှိ/မရှိကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။ သန္ဓေတားနည်း အများစုသည် ကူးစက်ရောဂါများကို ကာကွယ်နိုင် စွမ်းမရှိပါ။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် အဖော်ဟု ခေါ်ဆိုကြသော ကွန်ဒုံးများက ကူးစက်ရောဂါများကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသည်။ အဖော်ကို အဖိုသုတ်ကောင်သတ်ဆေးရည် (Spermicide) များနှင့် တွဲဖက်အသုံးပြုပါက လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် ပိုမိုထိရောက်မှု ရှိပါသည်။
အလွယ်တကူ ရရှိနိုင်မှုသည်လည်း အရေးကြီးပါသည်။ မိမိရွေးချယ်သည့် သန္ဓေတားနည်းလမ်းသည် ဆရာဝန်ညွှန်မှ အသုံးပြု၍ ရနိုင်သလား၊ အဖွဲ့အစည်းများထံမှ အခမဲ့ အလွယ်တကူ ရနိုင်သလား၊ ၀ယ်ယူ အသုံးပြုနိုင်သလား စသည်တို့ အပေါ်မူတည်၍ ရွေးချယ်ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်များအပေါ် မူတည်၍ မိမိနှင့် သင့်လျော်သည့် သန္ဓေတားနည်းကို စနစ်တကျ စဉ်းစားရွေးချယ် အသုံးပြုခြင်းသည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရန်အတွက် အကောင်းဆုံး အထောက်အကူ ဖြစ်စေပါသည်။
သန္ဓေတားနည်းလမ်းများစွာကို စုစည်း၍ အဓိကအားဖြင့် အုပ်စုသုံးစုခွဲ၍ ပြောနိုင်ပါသည်။ ၎င်းတို့မှာ -
၁။ အကာအကွယ် အသုံးပြုခြင်း (Barrier Method)
၂။ ဟိုမုန်းဓာတ်ဖြင့် သန္ဓေတားခြင်း (Hormonal Method)
၃။ သားကြောဖြတ်ခြင်း (Permanent Method) စသည်တို့ ဖြစ်ကြပါသည်။
၁။ အကာအကွယ် အသုံးပြုခြင်း
(က) ကွန်ဒုံး
ကွန်ဒုံးတွင် အမျိုးသားများ အသုံးပြုသော ကွန်ဒုံး(အဖော်)နှင့် အမျိုးသမီးများ အသုံးပြုသော ကွန်ဒုံးဟူ၍ နှစ်မျိုးရှိ ပါသည်။ ကိုယ်ဝန်ရှိခြင်းကို ကာကွယ်ရန်အတွက် လိင်ဆက်ဆံသည့် အကြိမ်တိုင်းတွင် အမျိုးသား ကွန်ဒုံး (သို့မဟုတ်) အမျိုးသမီး ကွန်ဒုံး တစ်မျိုးမျိုးကို အသုံးပြုရပါမည်။ ကွန်ဒုံးကို ဆေးဆိုင်များတွင် ဆရာဝန် ညွှန်ကြားချက် မလိုဘဲ လွတ်လပ်စွာ ၀ယ်ယူ ရရှိနိုင် ပါသည်။ အချို့ ဆေးခန်း များတွင် အခမဲ့ ပေးဝေလေ့ ရှိပါသည်။
(ခ) သားအိမ်ခေါင်းဖုံး
သားအိမ် ခေါင်းဖုံးသည် ကွေးခေါက်၍ရသော သားရေ အဖုံးဖြစ်ပြီး အဖို သုတ်ပိုးကို သေစေနိုင်သည့် ကရင်မ် သို့မဟုတ် ဂျယ်လီ သုတ်လိမ်းထားပါသည်။ အဖိုသုတ်ကောင်များ သားအိမ်ခေါင်းသို့ မရောက်စေရန် အတွက် လိင်ဆက်ဆံခြင်း မပြုမီတွင် သားအိမ်ခေါင်းဖုံးကို သားအိမ်ခေါင်းတွင် တပ်ဆင် ထားရပါသည်။ လိင်ဆက်ဆံပြီးသောအခါ ချက်ချင်း ပြန်မထုတ်ရပါ။ ၆ နာရီမှ ၈ နာရီခန့်ကြာအောင် ဖုံးထားရပါသည်။ သားအိမ်ခေါင်းဖုံးကို အသုံးပြုမည်ဆိုပါက မိမိနှင့်သင့်တော်သော အရွယ်အစားနှင့် အမျိုးအစားကို ကျွမ်းကျင်သော သူ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။ သားအိမ်ခေါင်းဖုံး အသုံးပြု ခြင်းကြောင့် သားရေ သို့မဟုတ် ဂျယ်လီနှင့် ဓာတ်မတည့်ခြင်းကြောင့် ယောင်ယမ်းယားယံခြင်းဖြစ်နိုင်ပါသည်။ ဆီးလမ်း ကြောင်းပိုးဝင်နိုင်ရန် အခွင့်အရေး များစေပါသည်။ အချို့သောသူများတွင် သားအိမ်ခေါင်းဖုံးကို အချိန်ကြာမြင့်စွာ မဖြုတ်ဘဲ ထားမိပါက (Toxic shock syndrome) ဟုခေါ်သော အသက်အန္တရာယ်ရှိသည့် ရောဂါဖြစ်နိုင်ပါသည်။
(ဂ) သုတ်ပိုးသတ်သည့်ဂွမ်း
သုတ်ပိုးသတ်သည့် “ဂွမ်း” ဆိုသည်မှာ နူးညံ့သော စက်ရုံထုတ်ဂွမ်းဖြစ်ပြီး သုတ်ပိုးသတ်သည့် ဆေးရည်ဖြင့် စိမ်ထား ပါသည်။ လိင် ဆက်ဆံခြင်း မပြုမီ သုတ်ပိုး သတ်သည့် ဂွမ်းကို စွတ်စိုအောင် ပြုလုပ်၍ အမျိုးသမီး အင်္ဂါအတွင်းရှိ သားအိမ်ခေါင်း အ၀အနီးသို့ ထည့်သွင်းထားရပါမည်။
၂။ ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားခြင်း
ဟော်မုန်းဓာတ်ပါဝင်သော သန္ဓေတားဆေးများတွင် ပရိုဂျက်စတင် တစ်မျိုးတည်းပါသော သန္ဓေတားဆေးများ ရှိသကဲ့သို့ ပရိုဂျက်စတင်နှင့် အီထရိုဂျင် နှစ်မျိုးလုံးပါဝင်သော ဆေးလည်းရှိပြီး အမျိုးသမီးများ၏ သားဥ အိမ်မှ သားဥကြွေကျခြင်းကို တားဆီးပေးပါသည်။ ပရိုဂျက်စတင် တစ်မျိုးတည်းပါဝင်သော ဆေးများသည် အမျိုးသမီး၏ သားအိမ်ခေါင်း အနီးတစ်ဝိုက်ရှိ သဘာဝအတိုင်း ထွက်ရှိသော အကျိအချွဲများကို ပိုမို ထူပျစ်စေးကပ်အောင် ပြုလုပ်ခြင်းဖြင့် အမျိုးသား၏ သုတ်ပိုးများအား အမျိုးသမီး၏ သားအိမ်အတွင်းသို့ မ၀င်ရောက်နိုင်အောင် တားဆီးပေးပါသည်။
ပရိုဂျက်စတင် ပါဝင်သောကိရိယာ (Implant) ကို ခန္ဓာကိုယ် အရေပြားအောက်တွင် ခွဲစိပ်ထည့်သွင်းရသည့် နည်းလမ်းလည်း ရှိပါသည်။ ၎င်းကိရိယာမှ ပရိုဂျက်စတင် ပမာဏကို စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားပေးပါသည်။ တစ်လခံဆေး၊ သုံးလခံဆေး စသည်ဖြင့် အလွယ်တကူခေါ်ကြသော ဒီပို (Depo Injection) ဆေးများကို ကြွက်သား အောက်သို့ တစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ်ထိုးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။ ဒီပိုထိုးဆေးသည် ပရိုဂျက်စတင် ပါဝင်သော ထိုးဆေးဖြစ်ပါသည်။
အရေပြား ပေါ်တွင် ကပ်ခွာ ပုံစံဖြင့် ကပ်ထား နိုင်သည့် သန္ဓေတား နည်းလည်း ရှိပါသည်။ ၎င်းကပ်ခွာမှ ပရိုဂျက် စတင်နှင့် အီစထရိုဂျင် ဟော်မုန်း ဓာတ်များကို အဆက်မပြတ် ထုတ်လွှတ် ပေးခြင်းဖြင့် သန္ဓေတားပေး ပါသည်။ အခြားသော ဟော်မုန်း တားဆေးများ ကဲ့သို့ပင် ကပ်ခွာ ပုံစံသည်လည်း ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ အသုံးပြု ရပါမည်။ Vaginal Ring ဟုခေါ်သည့် ဟော်မုန်း ဓာတ်ပါသော ကွင်းငယ်အား အမျိုးသမီး အင်္ဂါအတွင်းသို့ ထည့်သွင်းခြင်းဖြင့် သန္ဓေတားနိုင် ပါသေးသည်။ ၎င်းကွင်းငယ်မှ ပရိုဂျက်စတင်နှင့် အီစထရိုဂျင် ဟော်မုန်း ဓာတ်နှစ်မျိုးလုံး ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။ အရေးပေါ်တားဆေး ဟုခေါ်ဆိုသည့် Emergency Pill များသည်လည်း ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားသောဆေးများ ဖြစ်ပါသည်။
Intra Uterine Device (IUD) ဟုခေါ်သည့် သန္ဓေတား ပစ္စည်း များလည်း ရှိပါသည်။ IUD သည် သေးငယ် သော ပလတ်စတစ် (သို့မဟုတ်) ကော့ပါး ကိရိယာ တစ်ခု ဖြစ်ပါသည်။ IUD ကို အမျိုးသမီး၏ သားအိမ်ခေါင်း အား ဖြတ်သန်းကာ သားအိမ် အတွင်းသို့ ရောက်အောင် ကျွမ်းကျင်သော ဆရာဝန်များမှ ထည့်သွင်း ပေးပါသည်။ အချို့သော IUD များတွင် ပရို ဂျက်စတင် ဟော်မုန်း ပမာဏ အနည်းငယ် ထုတ်လွှတ် ပေးအောင် ဖန်တီး ထားပါသည်။ IUD တစ်ကြိမ် ထည့်သွင်း ထားလျှင် ၅နှစ်မှ ၁၀နှစ်အထိ သန္ဓေတား ပစ္စည်းအဖြစ် အသုံးပြု နိုင်ပါသည်။
IUD အသုံးပြု ခြင်းသည် ထိရောက်သော သန္ဓေတား နည်းတစ်ခု ဖြစ်ပါသည်။ IUD နည်းဖြင့် သန္ဓေတားလျက် ကိုယ်ဝန် ရရှိနှုန်း တစ်နှစ် အတွင်း၌ အမျိုးသမီး (၁၀၀)တွင် (၁) ယောက် ထက် နည်းပါသည်။ ဆိုးကျိုး အနေနှင့် ဆီးစပ် ကိုက်ခြင်း၊ သွေးဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အခန့်မသင့်လျှင် သားအိမ်ပေါက် ခြင်းမျိုး ဖြစ်နိုင် ပါသည်။ ပရိုဂျက်စတင် ဟော်မုန်း ထည့်သွင်း ထားသော IUD များသည် သားအိမ် အတွင်း ထည့်သွင်း ပြီးနောက် အချိန်မှန် မဟုတ်ဘဲ သွေး အနည်းငယ် ဆင်းနိုင် ပါသည်။ ၎င်းသန္ဓေ တားနည်း အသုံးပြုသူ အမျိုးသမီး ဦးရေ၏ ထက်ဝက်ခန့်တွင် IUD ထည့်ပြီး တစ်နှစ်ကြာသောအခါ သွေးပေါ်ခြင်း လုံးဝမရှိတော့ပါ။ IUD ကို ပြန်ထုတ် လိုက်လျှင် သွေးပေါ်ပါသည်။
၃။ သားကြောဖြတ်ခြင်း
အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ နှစ်ဦး စလုံးဖြစ်စေ နောင်အနာဂတ်တွင် ကလေး မယူတော့ရန် သေချာ သောအခါ ဤနည်းလမ်းကို အသုံးပြု နိုင်ပါသည်။ အမျိုးသား၏ ကပ္ပါယ်အိတ် အတွင်းမှ သုတ်ပြွန် တစ်ခုကို ဖြတ်တောက်ခြင်း (Vasectomy) ဖြင့် အမျိုးသားအား တစ်သက်လုံး ကလေးမရစေရန် ပြုလုပ် နိုင်ပါသည်။ အမျိုးသမီး၏ ၀မ်းဗိုက် ကိုဖွင့်၍ သားအိမ်၏ ဘေးတစ်ဖက် တစ်ချက်မှ သားဥ ပြွန်နှစ်ချောင်း ကို ဖြတ်တောက် ခြင်းဖြင့် အမျိုးသမီးများအား တစ်သက်လုံး ကလေး မရစေရန် ပြုလုပ်နိုင်ပါသည်။
၎။ မမှန်ကန်သောနည်းလမ်းများ
တချို့ အမျိုးသား များသည် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး သုတ်လွှတ်ကာနီးတွင် အမျိုးသမီး အင်္ဂါတွင်းမှ ထုတ်ကာ သုတ်လွှတ်လေ့ ရှိကြပါသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကလေး မရနိုင်ဟု မှားယွင်းစွာ မှတ်ယူ တတ်ကြ ပါသည်။ သုတ်လွှတ်ခြင်း မပြုလုပ်မီ အမျိုးသား အင်္ဂါမှ ထွက်သော အကျိအချွဲတွင် သုတ်ကောင် အနည်းငယ် ပါဝင် နိုင်ပြီး ထိုပမာဏသည် အမျိုးသမီးအား ကိုယ်ဝန် ရရှိစေ နိုင်ပါသည်။
တချို့သော စုံတွဲများတွင် အကာအကွယ်မဲ့ လိင်ဆက်ဆံ ပြီးသောအခါမှ ပြီးလျှင်ပြီးချင်း အမျိုးသမီး အင်္ဂါဇာတ်ကို ရေဆေးခြင်းဖြင့် ကိုယ်ဝန် မရနိုင်ဟု မှားယွင်းစွာ မှတ်ယူ တတ်ကြပါသည်။ အမျိုးသားမှ သုတ်လွှတ်ပြီး စက္ကန့် (၉၀)အတွင်း၌ သုတ်ကောင်သည် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်အတွင်းသို့ ၀င်ရောက်ပြီး ဖြစ်သည့်အတွက် ရေဆေးခြင်းဖြင့် ကိုယ်ဝန် ရရှိခြင်းကို မတားဆီးနိုင်ပါ။ ကလေးမွေးပြီး ကလေးအား အမေနို့ တိုက်နေစဉ် ကာလ အတွင်း လိင်ဆက်ဆံလျှင် ကလေး မရနိုင်ဟု ယူဆသူများ ရှိပါသည်။ ကလေးအား နို့တိုက် နေသည့် ကာလအတွင်း လိင်ဆက်ဆံပါက ကိုယ်ဝန် ရရှိ နိုင်ခြေ ရှိပါသည်။
ကလေး မလိုချင်သော မောင်နှံများ မမှန်ကန်သော အယူအဆ များကို ရှောင်ကြဉ်ကာ စနစ်ကျသော သန္ဓေ တားနည်း များကို အသုံးပြုခြင်းဖြင့် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရှားသင့်ပါသည်။ အထက် တွင် ဖော်ပြခဲ့သော သန္ဓေ တားသည့် နည်းလမ်းများ အကြောင်း ပိုမို သိရှိ လိုပါက တတ်ကျွမ်း နားလည်သည့် သားဖွား မီးယပ် အထူးကု ဆရာ ၀န်ကြီးများနှင့် ဆက်လက် တိုင်ပင် သင့်ပါသည်။
အကယ်၍ သင်သည် သန္ဓေတားနည်း တစ်မျိုးမျိုးကို အသုံး မပြုဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမိ လျှင်သော် လည်းကောင်း၊ ကွန်ဒုံး အသုံး ပြုသော်လည်း ကွန်ဒုံး ပေါက်ပြဲခြင်း ဖြစ်ခဲ့လျှင်သော်လည်းကောင်း (၇၂) နာရီထက် နောက်မကျစေဘဲ တတ်နိုင်သမျှ ဆောလျင်စွာ ဆရာဝန်နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး သင့်ပါ သည်။ စာဖတ် ပရိသတ်များ မှန်ကန်သော နည်းလမ်းများဖြင့် သန္ဓေတားနိုင်ကြပါစေ။ ၀တ္ထုများ၊ ဆောင်းပါး များ၊ ဥာဏ်စမ်းများ၊ ကာတွန်းများ၊ ဟာသများ ထပ်မံ ဖတ်ရှု လိုပါက ‘ကျန်းမာရေး မဂ္ဂဇင်း’ ၏ facebook account ကို like လုပ်ခြင်းဖြင့် အချိန်နှင့် တပြေးညီ ဖတ်ရှုနိုင်ပါသည်။
ဘေဂျင်းရှိ အထပ်မြင့်တိုက်ပေါ်မှ တောင်ပေါ်နန်းတော်ကို ဖြိုချရန် စီစဉ်

အထပ်မြင့် တိုက်တစ်လုံး၏ ခေါင်မိုးပေါ်တွင် တောင်ပေါ်စံနန်းတစ်ခု တည်ဆောက်ထားသည့် တရုတ်နိုင်ငံသား တစ်ဦး အနေဖြင့် ၎င်း၏ လက်ရာကို ပြန်လည် ဖျက်သိမ်းရရန် နီးစပ်နေကြောင်း သိရှိရ သည်။ ဘေဂျင်းတွင် နေထိုင်ပြီး မီဒီယာများက ပရော်ဖက်ဆာဇန်ဟုသာ အမည်ဖော်ပြသူ တစ်ဦးသည် အထပ်မြင့် တိုက်တစ်လုံး၏ အမိုးပေါ်တွင် (၂)ထပ်အမြင့်ရှိ တောင်ပုံသဏ္ဍန် ဗိမာန် အဆောက်အအုံ တစ်ခုကို တိုးမြှင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စိတ်ကူးကောင်းသော ဇန်သည် အဆိုပါ တည်ဆောက်မှုကို တောင်စောင်းတစ်ခုသဖွယ် ပုံသဏ္ဍန်ချ ဖန်တီးထား သည်။ Beijing Morning Post သတင်းစာက မြို့လယ်တွင် တည်ဆောက် ထားသော ဗိသုကာ လက်ရာကို တောင်ပေါ်စံနန်း တစ်ခုသဖွယ် ညွှန်းဆို ခဲ့သည်။
ဇန်သည် (၂၀၀၇)ခုနှစ်က အဆောက်အအုံ၏ အပေါ်ဆုံးအဆင့် (၂၆)ထပ်ကို ဝယ်ယူခဲ့ပြီးနောက် အမိုးပေါ်တွင် ယင်းတည်ဆောက်မှုကို စတင်ခဲ့သည်။ (၆)နှစ် ကြာမြင့်ခဲ့ပြီးနောက် ကျောက်ဆောင်ဥယျာဉ် တစ်ခုသဖွယ် ရုပ်လုံးပေါ် လှပလာသော နေရာသည် ယခုအခါ ဖျက်သိမ်းခံရရန် နီးစပ်နေပြီ ဖြစ်သည်။ ကျောက်ချွန်းများ၊ ခြုံနွယ်များဖြင့် သဘာဝဆန်ဆန် ဖန်တီးထားသော အဆောက်အအုံသည် လုံခြုံရေး စံနှုန်းများနှင့် မညီဘဲ ဖြစ်နေကြောင်း သိရသည်။ အောက်ထပ် တွင် နေထိုင်သူများက ထုရိုက်သံများ ဆူညံကြောင်း တိုင်ကြားခဲ့သလို တိုက်ခန်းအချို့တွင် အမိုးအက်မှုများ၊ ရေစိမ့်မှုများပါ ဖြစ်ပေါ်လာသည်။ အချို့သည်လည်း တိုက်ခန်းများမှ ပြောင်းရွှေ့သွားကြောင်း သတင်းများ က ဖော်ပြခဲ့သည်။
ဘေဂျင်း မြို့ခံတစ်ဦးက သေချာတာကတော့ တရားဝင် ခွင့်ပြုချက် မရဘဲ ဆောက်လုပ်ခဲ့တယ် ဆိုတာပဲလေဟု ဆိုသည်။ ဘေဂျင်း မြူနီစီ
ပယ် အဖွဲ့အနေဖြင့် အဆောက်အအုံထိပ်တွင် တည်ရှိနေသော နေရာကို မည်သို့မည်ပုံ ဖြိုချရမည်ကို စဉ်းစားမရ ဖြစ်နေဆဲဟု သိရသည်။ ဗြိတိန်မှ အိမ်ရာဆောက်လုပ်မှု ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ ပေါလ်ဂါရတ် က ဘေဂျင်း အာဏာပိုင်များ အနေဖြင့် ယင်းကို ဖျက်ဆီးသင့်ကြောင်း
ထောက်ခံခဲ့သည်။ မြင်သာတဲ့ စိုးရိမ်စရာ အချက်ကို အရင်ဆုံး ကြည့် ရအောင်။ အောက်ထပ်မှာ နေသူတွေဟာ သူတို့ရဲ့ အထက်မှာ ဝန်အား အပိုကြီး တင်ထားရပါတယ်။ တခြား သက်ရောက်မှုတွေလည်း ရှိသေး တယ်။ နောက်တစ်ချက်က တန်ချိန် အများကြီးရှိတဲ့ ကျောက်စိုင်ခဲတွေကို ချိတ်ဆက်မှု နည်းနည်းလေးနဲ့ အမြင့်ကြီးမှာ တင်ထားတာ စိုးရိမ်စရာပဲလေဟု ပေါလ်က ရှင်းပြသွားသည်။
Planet Myanmar Network
ဘင်္ဂါလီဘက်လိုက်လို့ ဆန္ဒပြခံရသည့် ကင်တားနား ၈၈ မျိုးဆက် ဦးမြအေးတို့နှင့် အထူးအဆင်ပြေ
From : ..မြန်မာ့ခေတ်
ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ်အိုးဟေး ကင်တားနား(Thomas Ojae Quintana) သည် ယမန်နေ့ည ရှစ်နာရီ က ၈၈မျိုးဆက်ကျောင်းသားများ၏ ပွင့်လင့်လူ့အဖွဲ့အစည်း ရုံးသို့ သွားရောက်တွေ့ဆုံးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သူနဲ့တွေ့တဲ့အခါ မီဒီယာ လွတ်လပ်ခွင့်တွေ၊ အသင်းဖွဲ့ဥပဒေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ မီဒီယာဥပဒေတွေ အသင်းဖွဲ့ ဥပဒေတွေ ပြုစုတော့မယ်ဆိုရင် သဘောထားကြီးဖို့နဲ့ ကျယ်ပြန့်ဖို့လည်း လိုသလို လူ့အခွင့်အရေး ရှုထောင့်ကလည်း လေးလေးနက်နက် ထည့်သွင်း စဉ်းစားဖို့ လေးလေးနက်နက် လိုတယ် ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူကလည်းပဲ
လွှတ်တော်ထဲက လူတွေနဲ့ စကားပြောကြည့်တဲ့အခါ တခြားအဖွဲ့ အစည်းတွေနဲ့ တွေ့ရှိတဲ့အခါမှာ သူသိရှိရတယ် သူ့အနေနဲ့လည်း အလေးထား ဆောင်ရွက်ပေးမယ်လို့လည်း ပြောသွားပါတယ်”ဟု ပွင့်လင်း လူ့အဖွဲ့စည်း၏ လူ့အခွင့်အရေး တာဝန်ခံဖြစ်သူ ကိုပြုံးချိုက
ပြောကြားသည်။
ယင်းကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ကင်တာနားသည် မြန်မာနိုင်ငံသို့(၇)ကြိမ်မြောက် ပြန်လည် ရောက်ရှိ
လာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်စဉ် ရခိုင်ပြည်သူများမှ ဆန္ဒပြခြင်း ခံခဲ့ရသည်။ ဆက်လက်၍ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့ကိုလည်း သွားရောက်မည်ဖြစ်ကြောင်း ဆက်လက် သိရသည်။
ဦးဥတ္တမ အောက်မေ့ဖွယ် အခမ်းအနား ရခိုင်ပါတီ များသာ ကျင်းပပြီး အခြားပါတီများ နှင့် ၈၈ မျိုးဆက်များ၊ ဗကသ များ ကျင်းပခြင်းမရှိ
From : ..ဇော်နိုင်ဝင်း
ကိုလိုနီ လက်အောက်မှ လွတ်မြောက်ရန် ဦးဆောင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ (၇၄) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင် တိုင်းရင်းသား နိုင်ငံရေးပါတီ နှစ်ခုနှင့် ရခိုင် လူမှု အဖွဲ့အစည်းများ ပူးပေါင်း ကျင်းပမည် ဖြစ်ကြောင်း ရက္ခ အလင်းတန်းအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းတေဇက ပြောကြားသည်။
ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရန်အတွက် သြဂုတ်လ ၁၁ ရက်နေ့တွင် ရခိုင်ပါတီ နှစ်ပါတီနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက အခမ်းအနား ဖြစ်မြောက်ရေး အကြို ဆွေးနွေးပွဲ ပြုလုပ်ရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်သွား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ရန်ကုန်မှာ နေကြတဲ့ ရခိုင်တွေ အားလုံး ပါဝင်ပြီး အခမ်းအနားကို ကျင်းပမယ်။ နောက်ပြီး ဦးဥတ္တမ ပန်းခြံကို ကန်တော်မင် ပန်းခြံလို့ သုံးနှုန်း ထားတာကို ပြန်ပြောင်းပေးဖို့ တောင်းဆိုမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။
အဆိုပါ အခမ်းအနားကို အစီအစဉ် ၁၂ ရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း၊ အခမ်းအနားကျင်းပရေး အကြို ညှိနှိုင်းပွဲတွင် ဆုံးဖြတ်ခဲ့ကြောင်း ယင်းအစည်းအဝေး တက်ရောက်သူများထံမှ သိရှိရသည်။
မောင်တောတွင် လုံခြုံရေး အထူးဂရုစိုက်ရန် သတိပေး
From : .the voice
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက်နိုင်သည်ဆိုသည့် သတင်းများကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် တောင်ပြိုလက်ဝဲမြို့နယ်ခွဲအတွင်းရှိ ဌာနဆိုင်ရာရုံးများကို လုံခြုံရေးအစီအစဉ်များချကာ အထူးဂရုစိုက်ရန် ညွှန်ကြားထားကြောင်း မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မောင်တောမြို့နယ်ရှိ ဌာနဆိုင်ရာရုံးအဆောက်အအုံများကို လုံခြုံရေးအထူးဂရုပြုရန် သြဂုတ် (၇) ရက်နေ့တွင် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။
မွတ်ဆလင်နိုင်ငံပေါင်း ၂၀ ကျော်တွင် အကြမ်းဖက်မည့်သတင်းထွက်ပေါ်နေပြီး အာဖဂန်နစ္စတန်နိုင်ငံက သင်တန်းပေးရန် ဖောက်ခွဲရေးသမားရာပေါင်းများစွာ အိန္ဒိယနိုင်ငံကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်ရောက်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုံခြုံရေးအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး ပြောဆိုထားကြောင်း၊ ယင်းသတင်းနှင့် ဆက်စပ်ကာ မောင်တောမြို့တွင်လည်း အထူးသတိထားရမည့် ကာလအဖြစ် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန် ညွှန်းကြားခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။
ဌာနဆိုင်ရာရုံးများ အပြင်မြို့တွင်း တွင်လည်း လုံခြုံရေးအစီအမံများကို ဂရုစိုက် လုပ်ဆောင်ထားကြောင်း အဆိုပါ ရုံးအဖွဲ့က ထပ်မံပြောကြားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နေရာများတွင် လုံခြုံရေး ပိုမိုတိုးမြှင့်ထားပြီး မောင်တောမြို့ပေါ်နှင့် လူနေရာဒေသများတွင် လုံခြုံရေးတိုးမြှင့်ထားသည်ကို တွေ့ရှိရကြောင်း မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်သမားများက မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ရခိုင်ပြည်နယ်တွင် ဗုံးဖောက်ခွဲမှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားမည့် ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သဖြင့် မြန်မာ-ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်စပ်အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ မေလ ဒုတိယပတ်တွင် လုံခြုံရေးတင်းကျပ်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
မြန်မာနိုင်ငံ၏ အနောက်ဘက် တံခါးကို ကာကွယ်ရန် တပ်မတော်က လုံခြုံရေး အင်အားတိုးမြှင့်ချထားပြီး ဒေသလုံခြုံရေးကို အထောက်အကူပြုစေရန် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တိုင်းရင်းသားကျေးရွာလေးရွာတွင် လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များကို အမာခံ (၁၀) ဦး၊ အရန် (၂၀) ဦးစီဖြင့် ဖွဲ့စည်းပေးထားကြောင်း၊ တပ်မတော် (ရေ) ကလည်း စစ်ရေယာဉ်များဖြင့် ရေပြင်လုံခြုံရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြည်သူ့လွှတ်တော်၌ ဇူလိုင် ၂၄ ရက်နေ့တွင် ဖြေကြားထားသည်။
မစ္စတာကင်တားနား လူကြီးလူကောင်း ပီသပါ
From : ..ဦးပဉ္ဇင်း
ဝီရသူ (မစိုးရိမ်)
.jpg)
မစ္စတာ သောမတ်အိုဟေး ကင်တားနားကို စတင်သိရှိခဲ့သည်မှာ ၂ဝဝ၉-ခုနှစ် ဖေဖော်ဝါရီလမှာ ဖြစ်သည်။ ထိုစဉ်က စစ်အစိုးရခေတ်၊ အာဏာရှင်ခေတ်- ခေတ်ဆိုး- ခေတ်ယုတ်- စနစ်ဆိုး- စနစ်ယုတ်။
မစ္စတာကင်တားနားလာမည်ဟု သတင်းကြားရတော့ မန္တလေးအိုးဘိုထောင် တစ်ထောင်လုံး ပျော်ရွှင်သွားသည်။ အားတက်သွားသည်။ အားကိုးကြသည်။ ယုံကြည်ကြသည်။ လေးစားကြသည်။ ကြည်ညိုကြသည်။ မစ္စတာကင်တားနားကား ကျနှုပ်တို့အားလုံးအတွက် မြက်တစ်ပင်။
အားကိုးရကျိုးနပ်သည်။ ယုံကြည်ရကျိုးနပ်သည်။ မစ္စတာကင်တားနားကြောင့် ရွှေဝါရောင် အဓမ္မအကျဉ်းသားအချို့ လွတ်မြောက်ကြသည်။ နှစ်ကြီးသမားများ အယူခံတွေအောင်ကြသည်။ အယူခံအောင်၍ နှစ်လျော့သွားသည့်ထဲတွင် လူရွှင်တော် ဇာဂနာ (ကိုကတုံး) လည်း ပါသည်။ လွတ်မြောက်သွားသူများတွင် သက်ကြီးဝါကြီး သီလရှင်ဆရာကြီးလည်းပါသည်။
မစ္စတာကင်တားနားသည် ကျနှုပ်တို့အကျဉ်းသားများအတွက် ဘုရားသခင်။
မစ္စတာကင်တားနား ခရီစဉ်အတွင်းမှာပင် ကျနှုပ်ထံ ထောင်ဝင်စာအမြဲလာတွေ့နေသော တပည့် မောင်ဝင်းညွန့်နှင့် တူမ မသောင်းသောင်းတို့ မောင်နှံစုံတွဲမှ သားကလေး တစ်ယောက်မွေးဖွားသည်။ တနင်္လလာနေ့မှာ မွေးဖွားခြင်းကြောင့်လည်းကောင်း၊ မစ္စတာကင်တားနား ခရီစဉ်နှင့်တိုက်ဆိုင်နေသောကြောင့်လည်းကောင်း၊ တပည့်+တူမ မောင်နှံ၏ သားကလေးကို အိမ်နာမည် “ကင်တားနား” ဟု အမည်မှည့်ပေးခဲ့သည်။ ယခုအချိန်ထိ ထိုကလေးကို ကင်တားနားဟုပင် ခေါ်လျက်ပင်ရှိသေး၏။
၂ဝ၁၂-ခုနှစ်မှာလည်း မစ္စတာကင်တားနား ခရီးစဉ်နှင့် ကြုံရသည်။ သည်တစ်ခါတွင်မူ အိုးဘိုထောင်မှာထက် သတင်းအချက်အလက်တွေ စုဆောင်းမိလာ၏။
၂၀၁၂ခရီးစဉ်သည် ကျနှုပ်တို့ တိုင်းရင်းသားများအတွက် အဆိပ်ခွက်ဖြစ်ခဲ့ချေပြီ။ ဘင်္ဂါလီခေါင်းဆောင်တွေနှင့် ကြိုတင်ချိန်းချက်ကာ လျှို့ဝှက်တွေ့ဆုံပြီးမှ ရခိုင်ဒုက္ခသည်စခန်းသို့ လိုက်ကြည့်တော့၏။ သတင်းမှန်ကိုလိုချင်သည်ထက် အလာပြရုံလေးသဘောလုပ်လာ၏။ ဖြစ်ရပ်မှန်ကိုသိရှိဖို့ထက် မျက်ရည်မထွက်ဘဲ ငိုပြသူတို့ကို စာနာသည့် အရိပ်လက္ခဏာက အကဲသာနေ၏။
ရခိုင်ဒုက္ခသည် စခန်းရောက်တော့လည်း ထောင်ပိုင်ပတ်သလို ဝတ်ကျေတန်းကျေ။ တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေကို လေ့လာသလိုမျိုးလောက်သာ လုပ်လာ၏။ ရှိုက်သံမပါဘဲ ကျသည့် မျက်ရည်များကို ဥပေက္ခာပြုခဲ့၏။
၂၀၁၂ ခုမှာမူ မစ္စတာကင်တားနားသည် ကျွန်ုပ်တို့အတွက် ဟီးရိုးမဟုတ်၊ ဇီးရိုးသာ ဖြစ်ခဲ့၏။ ဇီးရိုးသည်လည်း နောက်မှနေသော ဇီးရိုးမဟုတ်-အမြီးဇီးရိုးမဟုတ်၊ ရှေ့မှာနေသော ဇီးရိုး၊ ဦးခေါင်းဇီးရိုးဖြစ်ခဲ့လေတော့၏။ အပေါင်းလက္ခဏာတောင် မဆောင်၊ အနှုတ်လက္ခဏာ ပြခဲ့လေတော့၏။
ထိုအခါ အမျိုးသားရေးဝါဒီ ဝီရသူ-မစ္စတာကင်တားနားကို မကြည်ညို၊ မလေးစားတော့ပြီ။ ထို့ကြောင့် “သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကာကွယ်ပါ” စာတန်းကိုင်ဆောင် ဆန္ဒပြရန် မစ္စတာကင်တားနားပုံကို ကြက်ခြေခတ်လိုက်ရလေတော့၏။
၂၀၁၃-မှာ ပိုဆိုးလာသည်။ အာရဗီ စာသင်ကျောင်း မီးလောင်သည့်ကိစ္စ-မစ္စတာကင်တားနား မစူးစမ်း မဆင်ခြင်ပဲ အဝေးမှ ထအော်၏။ အစိုးရကပဲ လုပ်သယောင်၊ တိုင်းရင်းသားတွေကပဲ လုပ်သယောင်၊ အငိုသန်သောယောကျာ်းရင့်မာကြီးများ၏ မျက်ရည်ခံထိုးမှုကို ခံလိုက်ရလေတော့သည်။
ယခုလည်း မစ္စတာကင်တားနား လာချေပြန်ပြီ။ မစ္စတာကင်တားနားသည် ကျွနုပ်တို့အတွက် လာခြင်းကောင်းသော ဧည့်သည်တော်မဟုတ်တော့ပြီ။ မူဆလင်နှင့်မြန်မာ ပဋိပက္ခတွေမှာ မူဆလင်ကို စုံစမ်းစစ်ဆေးရေးလုပ်ခိုင်သည့် UN ကိုလည်း အံ့သြမိ၏။
၂၀၁၂ မှာလည်း ကန့်ကွက်ခံရဖူးပြီ။ လွှတ်တော်အမက် နိုင်ငံရေးပါတီများကပင် နှာခေါင်းရှုံ့လာကြပြီဖြစ်သော မစ္စတာကင်တားနားကို ကမ္ဘာ့ပြည်သူတို့ကို ချွေးနည်းစာများ အကုန်အကျခံသုံးစွဲခွင့်ပေးရသည့်နေရာမှာ ဆက်လက်ခန့်ထားဦးမည်ဆိုလျှင် UN သည်ပင် မစင်တစ်စက် ဒဏ်ခံရတော့ နတ်သုဒ္ဓါအိုးကြီး ဖြစ်သွားရတော့မည်မှာ သေချာသလောက်ပင်။
မစ္စတာ သောမတ်အိုဟေး ကင်တားနားရေ
ကျနှုပ်တို့ မြန်မာပြည်သူများအတွက် ခင်ဗျား၏ သည်ခရီးစဉ်သည်
လာခြင်းကောင်းသောခရီးစဉ် မဖြစ်နိုင်တာကြောင့် Get Out ပါဗျာ။
မစ္စတာကင်တားနား ဂတ်တောက်ပါ။






.jpg)


.jpg)

.jpg)
.jpg)