Thursday, July 25, 2013

သိသင့်မယ် ထင်တဲ့ ဟင်းချက်ရာ

သိသင့်မယ် ထင်တဲ့ ဟင်းချက်ရာတွင် ဟင်းသီးဟင်းရွက်များဧ။် မြန်မာ၊ အင်္ဂလိပ် အခေါ်အဝေါ်အများစုကို ဝေမျှပေးလိုက်ပါတယ်။ ကျန်တာတွေလည်း ဖြည့်စွက်ပေးကြပါနော်…း)

၁။ ချဉ်ပေါင်ရွက် = Sour green, Roselle, Sorrel kenaf

၂။ ဂေါ်ရခါးသီး = Chayote/ Marrow/ Chaico

၃။ ဂေါ်ဖီထုပ် = Cabbage

၎။ ကညွတ် = Asparagus

၅။ ဟင်းနုနွယ် = Spinach

၆။ ခရမ်းသီး = Egg plant

ရ။ မျှစ် = Bamboo shoot/ elephant bamboo shoot

၈။ ဌက်ပျောပင် = Banana Stem

၉။ ပဲပြား = Bean Curds

၁၀။ ပဲပင်ပေါက် = Bean Sprouts

၁၁။ ခရမ်းချဉ်သီး = Tomato

၁၂။ ဗူးခါးသီး = Gourd

၁၃။ ဘူးသီး = Calabash

၁၄။ ကြက်ဟင်းခါးသီး = Bitter grout/ karalla fruit

၁၅။ မုန်လာဥနီ = Carrrot

၁၆။ မုန်လာဥဖြူ အကြီး = White radish, turnip

၁ရ။ ပန်းဂေါ်ဖီ = Cauliflower

၁၈။ မုန်ညှင်းဖြူ = Chinese Cabbage

၂၀။ သခွာသီး = Cucumber

၂၁။ သခွားသီးအငယ်စား = Gherkin

၂၂။ ကျောက်ဖရုံသီး = White Pumpkin

၂၃။ ရွှေဖရုံသီး = Yellow Pumpkin

၂၄။ ရုံးပတီသီး = Okra, Lady’s Finger

၂၅။ ခ၀ဲသီး = Ridged-gourd/ Ribbed gourd

၂၆။ ကြောင်လျာသီး = Trumpet flower fruit

၂ရ။ ဒညင်းသီး = Daga, Danvo fruit, Fithio clobium

၂၈။ ဒန့်ဒလွန်သီး = Drumstick

၂၉။ ရွှေပဲသီး = Green peas, snow peas

၃၀။ ဘိုစားပဲ = French Bean

၃၁။ ပဲစောင်းလျာသီး = Goa bean/ winged bean

၃၂။ ပဲကြာဇံ = Vermicelli

၃၃။ ဆန်ကြာဇံ = Rice Noodle

၃၄။ မြင်းခွာရွက် = Indian penny wort leaf

၃၅။ ကိုက်လန် = Chinese Kale

၃၆။ ကန်စွန်းရွက် = Water Spinach/ Water convolvulus

၃ရ။ ကစွန်းဥ = sweet potato

၃၈။ စိမ်းစားဥ = White potato

၃၉။ ပဲမြစ် = Gea Beam roots

၄၀။ ဂျူးမြစ် = Chive roots

၄၁။ အာလူး = Potato

၄၂။ ပြောင်းဖူး = Corn

၄၃။ မုန်ညှင်းရွက် = Mustard leaf

၄၄။ ဆလပ်ရွက် = Salad

၄၅။ ရေမုန့်ညှင်း = water cress

၄၆။ မှို = mushroom

၎ရ။ ငရုတ်သီးပွစိမ်း = Green Pepper

By Wutyee Food House

ကမ္ဘာပေါ်မှာ ဘယ်သတ္တ၀ါ အကြီးဆုံးလဲ… ကြည့်ရအောင်

Thursday, July 25, 2013



အပြာရောင်ဝေလငါး (blue whale) ကသာလျှင် ကမ္ဘာပေါ်မှာ အကြီးဆုံး သတ္တ၀ါတော့ မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမယ့်လည်း အခု လောလောဆယ် တွေ့  ရှိခဲ့သမျှ သက်ရှိသတ္တ၀ါတွေထဲမှာ အကြီးဆုံးအဖြစ် ရပ်တည်နေဆဲပါ။

အပြာရောင်ဝေလငါး ( blue whale) ကို ကြည့်မယ်ဆိုရင် .. သူတို့ ဟာ ၃၃ မီတာ ( ၁၀၈ ပေ) အထိ ကြီးထွားတတ်ပြီး၊ အလေးချိန် အနေဖြင့် 181 metric tons (200 imperial tons) အထိ ရှိပါတယ်။ သူတို့ဟာ နှစ်ပေါင်း ၉၀ လောက်အထိ အသက် ရှင် ရပ်တည်နေနိုင်ပြီး၊ သူ့ ရဲ့ အစာအိမ်ကဆိုရင် တနေ့ ချင်းစီမှာ 3.6 metric tons (4 imperial tons) ကို စား သောက်နိုင်ပါ တယ်။

ကဲ.. ဒီလောက်ဆိုရင် ကမ္ဘာပေါ်မှာ ဘယ်သတ္တ၀ါ အကြီးဆုံးလည်း ဆိုတာ သိလောက်ပါပြီ။

Kaung Zay Yan
Guide Magazine

သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခြင်းအတွက် နစ်နာကြေးတောင်းသူ ရေနံချောင်းတောင်သူ ၂ ဦးကို တရားစွဲ


ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက် လိုင်းဖြတ်သန်းခြင်းအတွက် နစ်နာကြေး အသနားခံတင်ပြခဲ့သူ ရွှေတုတ်ကန် ကျေးရွာမှ တောင်သူ ၂ ဦးအား ယခင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းမှ တရားလိုပြု ၍ ရေနံချောင်းမြို့နယ်တရား ရုံးသို့ တရားစွဲဆိုကြောင်း သတင်းရရှိ သည်။

''ကျွန်တော်တို့က အမှန်မို့လို့ အမှန်အတိုင်း တင်ပြတောင်းဆိုတာပါ။ ဘာမှ လိမ်လည်ခဲ့တာ မရှိပါဘူး။ လျော်ကြေးရဖို့ မြေတစ်ကွက် တစ် သောင်း ငါးထောင်နှုန်းနဲ့ တောင်းလို့ ဦးသူတော်က မပေးနိုင်လို့ မပေးခဲ့တာ။ ပေးနိုင် တဲ့ လက်ထုတ်ကန်ကွင်းနဲ့ ဝန် ရိုးကွင်းမြေယာပိုင်းအတွက် လျော်ကြေး ရတယ်ဗျာ။ မပေးတဲ့အပိုင်း မရဘူး။ ဒါ ကို အမှန်တင်ပြတာကို ကျွန်တော်တို့ကို ပြစ်မှု ဥပဒေပုဒ်မ (၁၈၂) နဲ့ တရားစွဲ တယ်'' ဟု တောင်သူကိုသန်းဦးမှ ပြော ပြသည်။ ပြစ်မှုကြီး အမှတ် (၅၂၆) ဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈၂) အရ ရွှေတုတ်ကန်ကျေး ရွာမှ တောင်သူ ဦး သန်းဦးနှင့် ဦးသူတော်တို့အား မြို့နယ် တရားရုံးတော်မှ ကြားနာစစ်ဆေးခံရန် လက်ခံခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ တရားစွဲဆိုရခြင်းမှာ တောင်သူ ၂ ဦးမှ ၄င်းတို့၏ ယာမြေပေါ် တွင် တရုတ်မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက် လိုင်း ဖြတ်သန်းရာတွင် အများနည်းတူ မြေယာနစ်နာကြေး မရရှိသဖြင့် နိုင်ငံတော်သမ္မတနှင့် သက် ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြ တိုင်တန်း ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ တိုင် တန်းရာတွင် တင်ပြမှုများ တွင်မှန်ကန် မှု မရှိ မိမိရယူလိုမှု ဆန္ဒတစ်ခုတည်း ဖြင့် အာဃာတတရား ရှေ့ ထားပြီး လိမ် လည်တိုင်တန်းသည်ဟု ဆိုကာ မကွေး ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ (၇-၆-၂ဝ၁၂) နေ့စွဲပါစာအမှတ်၊ ၂/ ၂၈-၂/ဦး၎ (၂၆၁၉)ဖြင့် တရားစွဲဆိုရန် ညွှန်ကြားစာထွက်ရှိခဲ့သည်ဟု သိရသည်။

ထိုညွှန်ကြားစာအရ ရေနံချောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ၏ ကိုယ်စားမြို့နယ်ဒုဦးစီးမှူးမှ လက်မှတ်ရေး ထိုးကာ ရွှေတုတ်ကန်ကျေး ရွာ အုပ်ချုပ် ရေးမှူးဟောင်း၊ ရွာခွဲရွာ အိမ်မှူး၊ မြေစာ ရင်းဦးစီးဌာန မှ မြေတိုင်းစာရေး ၂ ဦး အားတရားလိုပြုလုပ်တိုင်ကြားရန်အမိန့် စာအမှတ် ၂/၁၃-၁/ဦး ၄ (၇၅၃) ဖြင့် ၂ဝ၁၂ ခုနှစ်ဇွန်လ ၁၄ရက်တွင်ညွှန်ကြား ခဲ့ခြင်း ဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေးတို့ ၏ ညွှန်ကြားချက် စာ တစ်နှစ်အကြာတွင်မှ တရားစွဲဆိုခြင်း ဖြစ်သည်။ ယခုအခါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းလည်း စတင်ဆောင် ရွက်နေပြီ ဖြစ်သည်။

အမှုအား စတင်စစ်ဆေးကြားနာ နိုင်ရန်အလို့ငှာ ဇူလိုင် ၂၄ ရက် သို့ ပြန် လည် ဆင့်ဆိုလိုက်ပြီး တရားစွဲဆိုခံ တောင်သူများအနေဖြင့် မမှန်မကန် တရားစွဲဆိုထားခံရမှုအပေါ် နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာ တိုင်းခရိုင်ဌာန အသီးသီးသို့ အကူအညီတောင်းခံစာ များ ပေးပို့၍ တရားမျှတမှု ဖြစ်အောင် တင်ပြတောင်းဆိုသွားမည်ဟု သတင်း ရရှိသည်။

ဦးမင်း

အင်္ဂလန် ကမ်းခြေတစ်ခု၌ နဂါး ဦးခေါင်းရိုးတစ်ခု တွေ့ ရှိခဲ့သည်


တနင်္လာနေ့ မနက် ( ၁၅.၇.၂၀၁၃) က အင်္ဂလန် နိုင်ငံ၊ Jurassic ကမ်းခြေတစ်ခု မှာ နဂါး အရိုးဦးခေါင်ခွံ တစ်ခုကိုတွေ့ ခဲ့ရ လို့  အံ့သြမှင် သက်စွာ ကြည့်ရှု့ နေခဲ့ကြပါတယ်။ ဦးခေါင်းရိုးခွံရဲ့ အရွယ်အစာ ဘတ်စ် ကား တစ်စီးရဲ့ အရွယ်အစား လောက်ရှိပါတယ်။
တကယ့်နဂါး ဦးခေါင်းရိုးတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ UK နိုင်ငံမှာ ခေတ်းစားနေတဲ့ TV series တစ်ခုဖြစ်တဲ့ “Game of Thrones” season 3 အတွက် လူအများ စိတ်ဝင်စားလာမှု ရရှိအောင် ကြော်ငြာ ခြင်းပါ။
...
ဦးခေါင်းခွံရိုးက အရှည်ပေ ၄၀ ၊ အကျယ် ၈ ပေ နဲ့ အမြင့် ၉ ပေ ရှိပြီး၊ ပန်ပုဆရာ တစ်စု က အချိန် နှစ်လ ခန့် ကြာ အောင် ပုံဖော်ထုဆစ်ခဲ့ပြီး ဆေးခြယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကမ်းခြေကို လာရောက်အပန်းဖြေကြတဲ့ လူတွေ အံ့သြသွားစေရန် အတွက် ည သန်ခေါင်ကျော် အချိန်မှာ လန်ဒန် ကနေ သယ်ဆောင်လာပြီး Jurassic ကမ်းခြေမှာ တိတ်တဆိတ် ထားရှိ ခဲ့တာပါ။
ပန်းပုဆရာတွေက TV series ထဲမှ ဇာတ်ကောင် တစ်ဦးဖြစ်တဲ့ Arya Stark (Maisie Williams) ရှာဖွေ တွေ့ ရှိခဲ့တဲ့ နဂါး ဦးခေါင်းရိုး ကို ပုံတူပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Kaung Zay Yan
(August Myanmar Media Group)

လှိုင်သာယာ ပဒံကျေးရွာ လယ်သိမ်းခံလယ်သမားတို့ လျော်ကြေးညှိနှိုင်းပေးရန် တောင်းဆို

Thursday, July 25, 2013

လှိုင်သာယာမြို့နယ်၊ ပဒံကျေးရွာရှိ လယ်သမားတို့က ၀ါဝါ၀င်းကုမ္ပဏီသည် လယ်မြေများ သိမ်းယူသည်ဟု စွပ်စွဲကာ လျော်ကြေးကိစ္စအတွက် ညှိနှိုင်းပေးရန် ဇူလိုင်လ ၂၄ ရက်တွင် တောင်းဆိုလိုက်သည်။ ပဒံကျေးရွာရှိ အနော်ရထာစက်မှုဇုန်တွင် လယ်သိမ်းခံလယ်သမားတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တောင်းဆိုခြင်း ဖြစ်သည်။ သိမ်းဆည်းထားသည့် လယ်မြေများကို အပိုင်း ၁ နှင့် ၂ ဟူ၍ နှစ်ပိုင်းခွဲထားရာ အပိုင်း ၁ လယ်သမားများက လျော်ကြေးရယူလိုခြင်း ဖြစ်သည်။

လယ်မြေ အပိုင်း ၂ ဘက်မှ လယ်သမားတို့သည် ဂရုဏာကြေး ရရှိဆဲဖြစ်သော်လည်း အပိုင်း ၁ ဘက်မှ လယ်သမားတို့မှာ နစ်နာကြေး မရရှိသေးဟု ဆိုသည်။ “အမြန်ဆုံး ညှိနှိုင်းပေးဖို့ တောင်းဆိုတာပါ။ သူတို့ ဘက်က လယ်သမားတွေကို နစ်နာကြေးပေးဖို့ ညှိနှိုင်းပေးခဲ့ပေမယ့် ခုချိန်ထိ မရရှိခဲ့ပါဘူး”ဟု အပိုင်း ၁ နယ်မြေမှ လယ်သမားကိုပေါက်က ပြောခဲ့သည်။

အပိုင်း ၁ တွင် အဆောက်အအုံဆောက်ထားသည့် လယ်ယာမြေများကို နစ်နာကြေး အမြန်ဆုံးပေးရန်၊ ခြံစည်းရိုးခတ်ထားသည့် လယ်ယာမြေများအတွက် ညှိနှိုင်းရန်နှင့် လစ်လပ်နေသည့် လယ်ယာမြေများကို ပြန်ပေးရန်လည်း လယ်သမားတို့က တောင်းဆိုသည်။
လယ်မြေများ သိမ်းယူသည်ဟု စွပ်စွဲခံထားရသည့် ၀ါဝါ၀င်းကုမ္ပဏီကမူ လယ်မြေများ ပြန်ပေးရန်မှာ ၀ါဝါ ၀င်းနှင့် သက်ဆိုင်မှုမရှိဘဲ လယ်ယာမြေ သိမ်းဆည်းခံရမှုများ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ကုမ္ပဏီ၏ အကြီးတန်းအရာရှိက မဇ္ဈိမကို ပြောသည်။

“လယ်ယာမြေတွေကို ပြန်ပေးဖို့က ၀ါဝါ၀င်းနဲ့ မဆိုင်တော့ပါဘူး။ လယ်ယာမြေ စုံစမ်းရေးကော်မရှင်နဲ့ ညှိ နှိုင်းထားပြီးသားပါ။ မပေးတာ မဟုတ်ဘူး။ အတိုင်းအတာတစ်ခုထိ ပေးတယ်။ သူတို့လက်မခံတာတော့ မသိဘူး။ ဒီမြေကလည်း နိုင်ငံတော်ကပိုင်တဲ့မြေတွေပါ။ ပိုင်ဆိုင်မှုတွေ အကုန်ရှိပြီးသားပါ”ဟု ပြောသည်။

အပိုင်း ၁မှ အသိမ်းခံ လယ်မြေဧကပါင်း ၃၇၀ ကျော်ရှိပြီး လယ်သမားဦးရေ ၄၀ ကျော်ရှိကာ ၎င်းင်းတို့မှာ ဂရုဏာကြေး လုံးဝ မရရှိသေးဟု လယ်သမားတို့က ဆိုသည်။ ၀ါဝါ၀င်း အပိုင်း၂ မှ အသိမ်းခံ လယ်ဧက ပေါင်း ၃၀၀ နီးပါးရှိကာ ဧက ၁၀၀ ကျော်မှာ ဂရုဏာကြေး ရရှိပြီဖြစ်ပြီး ကျန်ဧကများကို ဆက်လက်၍ ဂရုဏာကြေး ပေးနေဆဲဖြစ်ကြောင်း အပိုင်း ၁ ဘက်မှ လယ်သမားဖြစ်သူ ကိုကြည်ရွှင်က ပြောသည်။

လယ်မြေ သိမ်းခံရမှုများအတွက် လယ်သမားတို့က ပြီးခဲ့သည့်နှစ်တွင် ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြ သည်။

Mizzima News

အင်္ဂါဂြိုဟ်မှဟု ယူဆရသည့် အလွန်ကြီးမားသော ဗိုင်းရပ်စ်ပိုးသစ် တစ်မျိုး သိပ္ပံပညာရှင်များ တွေ့ရှိ


ပြင်သစ်သိပ္ပံ ပညာရှင်များသည် ကမ္ဘာပေါ်တွင် တွေ့ဖူးသမျှ ဗိုင်းရပ်စ် ပိုးများအနက် အကြီးမားဆုံးဟု ယူဆရသော ဗိုင်းရပ်စ်ပိုးသစ် တစ်မျိုးကို တွေ့ရှိထားကြောင်း သိရသည်။

၎င်းဗိုင်းရပ်စ်ပိုးကို Pandoravirus ဟု အမည်ပေးထားပြီး ၎င်း ဗိုင်းရပ်စ်ပိုး၏ အရွယ်အစားမှာ အခြားသော ဗိုင်းရပ်စ် ပိုးများ၏ အရွယ်အစား ဆယ်ဆခန့် အထိ ရှိသောကြောင့် အလွန်ကြီးမားသော ပိုးတစ်မျိုး ပင်ဖြစ်သည်။

၎င်းပိုး၏ မျိုးဗီဇ ၆ ရာခိုင်နှုန်းသည် ယခင်ကမ္ဘာတွင် တွေ့မြင်ခဲ့ဖူးသမျှ ဗိုင်းရပ်စ်ပိုးအရွယ်နှင့် အတူတူပင်ဖြစ်သည်။

ထို့ကြောင့် အဆိုပါ ဗိုင်းရပ်စ်ပိုးသည် ရှေးခေတ် ကာလတစ်ခု သို့မဟုတ် အင်္ဂါဂြိုဟ်ကဲ့သို့သော အခြားဂြိုဟ် တစ်ခုမှ ရောက်လာ ဖွယ်ရှိသည်ဟု သိပ္ပံပညာရှင် များက ယူဆထားကြသည်။

Pandoravirus ပိုးများသည် ရေအောက်တွင် နေထိုင်တတ်ကြပြီး ၎င်းတို့ကို ချီလီကမ်းလွန် ရေပြင်များနှင့် သြစ တြေးလျရှိ ရေအိုင်တစ်အိုင်တွင်

Read More >> http://www.myawady.com.mm/knowledge/incredibleworld/other-case/item/20208-2013-07-22-13-49-35

မြန်မာ့ငွေဈေး(25.7.2013 3:00PM)

ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 974(~) Ks 984(~)
1 စင်္ကာပူ SGD = Ks 763(~) Ks 775 (~)
1 ဥရောပငွေ EUR = Ks 1279(~) Ks 1297 (~)

ကမ္ဘာ့ငွေဈေး(25.7.2013 3:00PM)
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2673(-0.0005)
ထိုင်း Baht 31.0800(+0.0800)
မလေးရှား Ringgit 3.1960 (+0.0065)
တရုတ် Yuan 6.1357 (-0.0048)
အိန္ဒိယ Rupee 58.9950 (-0.1412)
ဘင်္ဂလားဒေ့ရှ် Taka 77.9100 (+0.0650)
တောင်ကိုရီးယား Won 1116.0400(+2.4401)
ထိုင်ဝမ် TWD 29.9370(-0.0330)
ဂျပန် Yen 99.9270 (-0.3425)
ဥရောပငွေ EUR 0.7568(-0.0008)
ၾသစေၾတးလ် AUD 1.0936 (+0.0028)
အင်္ဂလန် Pound 0.6505 (-0.0025)

ကမ္ဘာ့ရွှေဈေး(25.7.2013 3:00PM)
1 အောင်စ USD 1320.0400(-1.7600)
မြန်မာ့ရွှေဈေး(25.7.2013 3:00PM)
Ks 698,600 (~)
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ကူညီပေးပို့ပါသည်)

ရန်ကုန်စက်သုံးဆီဈေး(25.7.2013)
Premium Diesel (1L) Ks 940
Diesel (1L) Ks 920

Octane (95) (1L) Ks 1080

Octane (92) (1L) Ks 920

ဓာတ်ဆီ (1L) Ks 814

SkyNet TV Browser

Wednesday, June 26, 2013

Evaer Video Recorder for Skype 1.3.6.22 For Pc 12MB





Evaer Video Recorder အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
နောက်ဆုံးထွက်လေးတင်ပေးလိုက်ပါတယ် အခုဗားရှင်းမှာ ၀င်းဒိုး 8 မှာလည်း အသုံးပြုလို့ရပါတယ်
Skype အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် တော်ကီပွားထားသမျှ ဗီဒီယိုချက်ထားမျှကို
အမှတ်တရလေးသိမ်းထားမယ်ဆိုရင် EvaerVideoRecorder လေးကို အသုံးပြုနိုင်ပါတယ်
http://www.evaer.com/ မှာလေ့လာပြီး ကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Download> http://www14.zippyshare.com/v/43010536/file.html

မောင်စွယ်စုံ

ဖုန်းအလကားပြောချင်သူများအတွက် ဆော့ဝဲကောင်းလေးတစ်ခု Viber








ဒီဆော့ဝဲလေးကတော့ အသုံးတည့်လို့  သုံးနေကြသူတွေ အများကြီးရှိပါတယ်

မသိသေးသူတွေ သုံးရအောင် ထပ်ဆင့်မျှဝေလိုက်ပါတယ် ။ ဖုန်းထဲမှာ Viber

ဆော့ဝဲထည့်ထားရင် ဆော့ဝဲရှိတဲ့ ဖုန်းအချင်းချင်း Gtalk ပြောသလိုပြောလို့ 

အဆင်ပြေတယ် ။အင်တာနက်တော့ ချိတ်ထားရမယ် ။ အဲ့ဆိုရင် ဖုန်းထဲက

ပိုက်ဆံ စားမသွားဘူး ။ မြန်မာပြည်ကလူတွေ ပြည်ပကို ခေါ်ချင်ရင်လည်း

အဆင်ပြေနိုင်သလို ၊ ပြည်ပကလူတွေ မြန်မာပြည်ကဖုန်းကို ခေါ်ဖို့ လည်း

ပိုက်ဆံကုန်သက်သာပါတယ် ။အဓိက အရေးကြီးတာက ဖုန်း၂လုံး စလုံးမှာ

အင်တာနက်ချိတ်ဖို့ နဲ့  ဆော့ဝဲရှိဖို့ ပဲလိုတယ် ။ ချက်တင်တွေလည်း ရသလို

ပုံတွေပို့ ရင်လည်း မြန်တယ် ။ ဖုန်းတိုင်းတော့မရပါဘူး ။ နောက်ပေါ်တဲ့ ဖုန်း

တွေမှာ ပိုအဆင်ပြေပါတယ် ။ Android နဲ့  IOS တွေ မှာ ပိုအဆင်ပြေတယ်

Samsung နဲ့  Iphone တွေမှာတော့ အဆင်ပြေနေကြတာ ။ကျန်တာတွေကို

ဆက်လက့်လေ့လာကြည့်ပေါ့ အဆင်ပြေနေတဲ့ ချစ်သူ ခင်သူတွေကတော့

ပိုပြီးကိုင်သင့်ပါတယ်။ ဖုန်းခလည်းသက်သာတယ် ။Viber ထည့်တဲ့ဖုန်းတွေ

အကုန် အလကားခေါ်.. .. အင်တာနက်ကလည်း DiGiလိုင်းသုံးရင် တစ်ရက်မှ

တစ်ကျပ် ၊ တစ်လ ဆို 30 RM ။ လိုင်းအား သိပ်မကောင်းပေမယ့် Facebook

Gtalk ၀က်ဆိုဒ်လျှောက်လည် စာဖတ်လို့ အေးဆေးပဲ ဗီဒီယိုတွေကြည့်ချင်ရင်

လိုင်းပိုကောင်းတာသုံးလိုက် ကဲ အဆင်ပြေချင်သူတွေ စမ်းကြည့်စေဖို့ .........။


ဒီမှာ Download ယူ - http://www.viber.com/

Download For - Samsung Model

Download For - Iphone ( IOS)

Download For - Balckberry

TSF Shell v1.9.9.5.4 (Louncher )

TSF Shell v1.9.9.5.4 (Louncher ) လေးပါ

ဖုန်းလေးမှာ ပုံစံ အသစ်ကလေးနဲ့ အရမ်းမိုက်တဲ့ အကောင်လေးပါ ..


ကြိုက်တဲ့ ပုံစံလေးတွေ ပြောင်းသုံပေါ့ ..





ဒါလေးဆိုရင် အရေမ်းကောင်းတယ် 3D ပုံစံ လေး










သုံးမယ်ဆိုရင် ဒေါက်လိုက်နော်


To Down>> http://www6.zippyshare.com/v/47065372/file.html

post..http://thodarmgmg.blogspot.com/


အဆင်ပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ..

Tuesday, June 18, 2013

ခံစားမူဘဏ်ထဲ ဘာတွေစုဆောင်းမလဲ?.....


ဇနီးရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) မနက်ခင်းမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုပေးပါ
၂) သူ့အစား ကော်ဖီ၊ လက်ဖက်ရည်ဖျော်ပါ
၃) သူ့အစား အိပ်ရာခင်းတွေ ခေါက်ကူပါ
၎) ညအချိန်မှာ အမှိုက်သိမ်း/ သွန်ကူပါ
၅) ကလေးကို ကျောင်းပို့ပါ
၆) သူ့မိဘကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ
၇) အင်္ကျီကူခေါက်ပါ
၈) မွေးနေ့လက်ဆောင်ပေးပါ
၉) အိမ်စရိတ် ကူညီထောက်ပံ့ပါ
၁ဝ) ဂရုစိုက်၊ နွေးထွေးတဲ့စကားတွေပြောပါ

ခင်ပွန်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) အလုပ်ကပြန်လာတဲ့သူ့ကို ကြိုဆိုပါ
၂) သူ့အလုပ်အကိုင်ကို ဂရုပြု(စောင့်ရှောက်)ပါ
၃) ညစာကို စားချင်စဖွယ်ပြင်ဆင်ပါ
၎) သူ့စိတ်လိုအင်ကို ဖြည့်ပါ
၅) မင်္ဂလာနှစ်ပတ်လည်မှာ သူအံ့သြပျော်ရွှင်အောင် လက်ဆောင်ပေးပါ
၆) သူ့လုပ်ရည်ကိုင်ရည်၊ သူ့အကျင့်စရိုက်ကို လေးစားတန်ဖိုးထားပါ
၇) အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးမှ ပြဿနာကို ဆွေးနွေးတင်ပြပါ
၈) သူနှစ်သက်တဲ့ ဘောလုံးပွဲကိုကြည့်ပါစေ
၉) ကိုယ့်ကိုအမြဲ လှပသန့်ရှင်းအောင် ပြင်ဆင်ပါ
၁ဝ) သူ့မိဘကို ပြုစုစောင့်ရှောက်ပါ

ချစ်သူရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) သူပြောတာ၊ လုပ်တာကို ယုံကြည်ပါ
၂) သူ့ကိုအလေးထား ဂရုစိုက်ပါ
၃) ခွင့်လွတ်နားလည်မှုတွေ ပေးပါ
၎) သူနှစ်သက်တဲ့အလုပ်၊ ပွဲတွေမှာ ပါဝင်ပါ
၅) သူပြောချင်တာကို နားထောင်ပေးပါ
၆) နေ့တိုင်း ချစ်သူများနေ့လို ချိုချိုမြိန်မြိန်ဖြတ်သန်းပါ
၇) ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားမှာ ချိတ်ထားစရာမလိုပေမယ့်
ရင်ထဲမှာ အမြဲထည့်ထားပါ
၈) စိတ်ကြည်နူးစေတဲ့ လက်ဆောင်လေးတွေ တစ်ခါတရံပေးပါ
၉) သူ့အလုပ်ကို ကူလုပ်မပေးခင် ကြည်နူးနှစ်သက်တဲ့ စကားအကောင်းကိုပြောပါ
၁ဝ) သူ့ကောင်းကွက်ကို ပိုမြင်ပြီး ဆိုးကွက်ကို လျှော့ကြည့်ပါ

သူငယ်ချင်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) သူရင်ဖွင့်တဲ့စကားကို နားထောင်ပေးပါ
၂) သူလုပ်ချင်တဲ့အလုပ်ကို ထောက်ခံအားပေးပါ
၃) သူအခက်ခဲကြုံချိန်မှာ ကူညီပါ
၎) သူအမှားလုပ်မိချိန်မှာ လမ်းပြညွှန်ကြားပါ
၅) သူဝမ်းနည်းထိခိုက်ချိန်မှာ ဖေးမအဖော်ပြုပါ
၆) သတိရချိန်မှာ ဖုန်းဆက်ပြီး သူ့ကိုကိုယ်သတိရကြောင်း ပြောပါ
၇) မကြာမကြာ သူရဲ့အခြေအနေ (အဆင်ပြေ မပြေ)ကို ဂရုစိုက်ပါ
၈) စိတ်ဝိညာဉ်ချင်း ဖလှယ်ပါ
၉) ကိုယ့်စီမှာရှိတဲ့ ပျော်စရာ၊ ကောင်းတဲ့ပစ္စည်းတွေ သူ့အတွက် တစ်ပုံအမြဲရှိပါစေ
၁ဝ) ကိုယ့်ခံစားချက်ကို သူနဲ့အတူ မျှဝေပါ

လူ့ဘဝက ရှုတ်ထွေးပွေလီလှတယ်။ တစ်ခါတရံမှာ ထိန်းချုပ်မှုတွေ ကင်းလွတ်ပြီး ကိုယ့်ချစ်သူ၊ ကိုယ့်ကြင်ဖော်၊ ကိုယ့်သူငယ်ချင်းတွေကို ထိခိုက်နာကျင်တဲ့စကားတွေ ပြောဆိုမိတတ်တယ်။ ခံစားမှုဘဏ်တိုက် အကောင့်လေး overdraft မဖြစ်အောင် အကောင်းဆုံးနည်းက - ကောင်းတဲ့စကား၊ ကြည်နူးတဲ့စကား၊ ပြုစုယုယမှုတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေပုံမှန်စုဆောင်းတာပဲ ဖြစ်ပါတယ်။

အင်တာနက်ပေါ်က "အချစ်"





(၁)
ချစ်သူသေဆုံးပြီးနောက်
အသက်ရှင်ကျန်ရစ်သူက
မေ့မရနိုင်တဲ့ အမှတ်တရတွေနဲ့
ချစ်သူကို ဆက်ပြီးချစ်နေသတဲ့...

ဒါကြောင့်...
အချစ်အတွက် အသက်ပေးရတာကို
"အချစ်"လို့ မထင်လိုက်နဲ့...
တကယ်ချစ်ရင်
ချစ်သူအတွက် အသက်ရှင်ပါ
အိုမင်းတဲ့အထိ အသက်ရှင်ပါ....


(၂)
ကိုယ့်ကို သူမချစ်တော့တဲ့အခါ
ခွဲသွားတော့မယ့်အခါ
သူ့ကိုချစ်သေးလားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။
ကိုယ်လည်းသူ့ကို မချစ်တော့ဘူးဆိုရင်
ကိုယ့်ကိုယ်ကိုသနားပြီး သူ့ကိုမခွဲနိုင်မဖြစ်ပါနဲ့

တကယ်လို့ သူ့ကို ကိုယ်ချစ်သေးတယ်ဆိုရင်
သူပျော်ရွှင်တာကိုပဲ ကိုယ်မြင်ချင်ခဲ့တယ်။
သူပျော်ရွှင်ဖို့ သူချစ်တဲ့သူနဲ့ အတူနေခွင့်ပေးလိုက်ပါ
သူထွက်သွားဖို့ မတားပါနဲ့

သူပျော်ရွှင်ဖို့ ကိုယ်တားခဲ့မိရင်
သူ့ကို ကိုယ်တကယ်မချစ်တော့လို့ပါပဲ
သူ့ကို တကယ်မချစ်တော့ဘူးဆိုမှတော့
သူနောက်တစ်ယောက်ပြောင်းတာကို
ကိုယ်ဘာလို့ ငြိုငြင်နေဦးမလဲ?


(၃)
ချစ်သူတွေ လမ်းခွဲပြီးနောက်
သူငယ်ချင်းဆက် မဖြစ်နိုင်တော့ဘူး
တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာရခဲ့စေလို့

ချစ်သူတွေ လမ်းခွဲပြီးနောက်
ရန်သူလည်း မဖြစ်နိုင်ဘူး
တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ဖူးလို့

ချစ်သူတွေ လမ်းခွဲပြီးနောက်
အရင်းနှီးဆုံး သူစိမ်းတွေပဲ ဖြစ်ခဲ့ကြတယ်။


(၄)
ကိုယ်ချစ်တဲ့မိန်းကလေးကို မင်္ဂလာဝတ်စုံ ဝတ်မပေးနိုင်ရင်
ကျေးဇူးပြုပြီး သူ့အင်္ကျီကြယ်သီးကို ဖြုတ်နေတဲ့ ရှင်လက်တွေ ရပ်လိုက်ပါ။


(၅)
ကိုယ်တကယ်ချစ်တဲ့ လူတစ်ယောက်အတွက်
"သူ့ကိုဘာကြောင့်ချစ်ရတယ်"ဆိုတဲ့
အကြောင်းပြချက်တွေ မလိုဘူး

ကိုယ်ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ
ကိုယ့်ဘေးမှာ သူရှိစေချင်ခဲ့တယ်

တကယ်အချစ်ဆိုတာ
အခက်အခဲကြုံချိန်
လက်တွဲမဖြုတ်ခဲ့ဘဲ
တောင်းဆိုမှုတွေ မများဘဲ
အချင်းချင်း ပေးဆပ်နေတာပဲဖြစ်တယ်။


(၆)
ကမ္ဘာပေါ်မှာ
ထက်မြက်တဲ့ယောက်ျား
လှပတဲ့မိန်းကလေးတွေ အများကြီးရှိတယ်
ဒါပေမယ့် ကိုယ်နဲ့သင့်တော်တာ တစ်ယောက်ပဲရှိတယ်။

သူတစ်ပါးရဲ့အမြင် အပြောကြောင့်
ကိုယ့်အချစ်ကို မပြောင်းလဲလိုက်ပါနဲ့
သူတစ်ပါးရဲ့အမြင်ထဲမှာ ရှင်သန်ပြီး
ကိုယ့်ကိုမပျောက်ဆုံးစေနဲ့
နောက်ပြီး လောဘမကြီးပါနဲ့....


(၇)
တကယ်လို့ လူတစ်ယောက်က
ကိုယ့်ကို "ချစ်တယ်" လို့ပြောတဲ့အခါ
သူ့ကို ယုံကြည်လိုက်ပါ။

တကယ်လို့ ကိုယ့်ကို
"မချစ်တော့ဘူး" လို့ပြောတဲ့အခါ
သူ့ကို ယုံကြည်လိုက်ပါ။

ဘယ်အချိန်ပဲဖြစ်ဖြစ်
ကိုယ့်ကိုမချစ်တော့တဲ့လူတစ်ယောက်
ကိုယ့်အနားက ခွဲထွက်သွားတာကို
ကံကောင်းခြင်းတစ်မျိုးလို့ မှတ်ယူလိုက်ပါ....


(၈)
လူတစ်ယောက်ကိုချစ်တယ်ဆိုရင်
သင့်တော်တဲ့အချိန်မှာ
သူ့ကိုချစ်ကြောင်း ဖွင့်ပြောပါ

အဖြေမရခဲ့လည်း
အနည်းဆုံးတော့ ကိုယ်ကြိုးစားခဲ့ဖူးလို့
နောင်တဆိုတာ ရှိမှာမဟုတ်ဘူး...

အင်တာနက်ပေါ်ကတွေ့တဲ့ "အချစ်"တွေပါ။ ဘာသာပြန် မျှဝေပါတယ်.....

နိုင်းနိုင်းစနေ

Monday, June 10, 2013

ဆေးဖက်ဝင် ကင်ပွန်းချဉ်




ပူပြင်း ခြောက်သွေ့သော နွေကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။ ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာသူ အတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။

ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင် ချုံပင်မျိုး ဖြစ်သည်။ ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။ အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။ အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။ အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။ အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။ မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။

ကင်ပွန်းချဉ်သည် အသည်းအတွက် အစွမ်းထက် အသုံးဝင်သည်။ ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ်ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုနိုင်သည်။ အရွက်နုကို ငရုတ်ကောင်း အရည်တွင် စိမ်၍ ဆား၊ မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင် အသည်းရောင်အသား ဝါရောဂါ၊ သည်းခြေ ရောဂါတို့ကို သက်သာ စေသည်။ အရွက်နုကို ကြိတ်ပြီး အသည်းရောင်သည့် နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါက ရောဂါ သက်သာသည်။

အရွက်နုကို ညက်အောင်ထောင်း တစ်ညသိပ်ပြီး သကြား အနည်းငယ် ထည့်၍ ရေကျက် အေးနှင့် နေ့စဉ်မှန်မှန် သောက်ပေးလျှင် အဖျဉ်းရောဂါ ပျောက်သည်။
ကိုယ်ဖော ကိုယ်ရောင် အူရောင် မြင်းသရိုက် လေနာမြစ် ခြောက်နာ စသည် တို့ကိုလည်း နိုင်သည်။

ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး သောက်က ဝမ်းချုပ်လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့ ဝမ်းမှန် စေသည်။ ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။ လေနာ လေအောင့်လေထိုး လေစူး သက်သာသည်။ ကင်ပွန်းရွက် ဟင်းချိုသည် လူနှင့် အခါခပ်သိမ်း တည့်သည်။ ကိုယ်တွင်း အပူကို ငြိမ်းစေသည်။ ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်သည်။ ဆီးပူဆီး အောင့်ညောင်းကျ ပန်းသေ ပန်းညှိုးမှ အစကောင်းမွန်သည်။ သွေးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါ နုပျိုကြည်လင်ကာ အဆီကျ ပေါ့ပါး စေပါသည်။

ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့် ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူတို့ အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံး သင့်သည်။ နှလုံးရောဂါ ရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက် ၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ် မှီဝဲ စေသင့်သည်။ နာလန်ထစ လူမမာအား ကင်ပွန်းရွက် ဟင်းချိုနှင့် ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့ အတူ ကျွေးပါက စားရသူ လူမမာ အလွန်အဆင် ပြေသည်။ ကင်ပွန်းရွက်ကို အသားငါး တစ်မျိုးမျိုးနှင့် ရောနှော၍ ကြော်စားလျှင် ထမင်းမြိန်ပါသည်။ အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများ အတွက် ကင်ပွန်းချဉ်ကို အချဉ်ချက်ပြုတ် စားပေးရန် လိုသည်။

ကင်ပွန်းရွက်နုကို အမှုန့်ရအောင် လှီးပြီး ကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့ သင့်ရုံထည့်၍ ဆီဖြင့် နှံ့အောင်နယ်ပါ။ ဂျုံမှုန့်နှင့် အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှင့် ထုပ်ပါ။ ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက်အောက်လှန် မီးကင်လျှင် အနံ့သင်းသင်း ကင်ပွန်းရွက်ကင်ကို ရသည်။ နေမကောင်းသူများ၊ ခံတွင်း ပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံး စေနိုင်သည်။

ကင်ပွန်းရွက် ရင့်ရင့်ကို ဆားအနည်းငယ်နှင့် ညက်ညက်ထောင်း၊ သတ္တုရည် ညှစ်ယူပါ။ အရည်ကို အနည်အဖတ် မပါအောင် သန့်ရှင်းသော အဝတ်ပါးပါးနှင့် စစ်ယူ၍ မျက်စဉ်း ခတ်လျှင် မျက်စိနာ၊ မျက်ရိုးကိုက် ကင်းစင်သည်။ မျက်ရည်ပူနှင့် အခိုးအငွေ့ထွက် သဖြင့် မျက်စိ ကြည်လင်သည်။

ကင်ပွန်းသီးကို ပြုတ်၍ ဝမ်းပျော့ဆေး အဖြစ် သုံးနိုင်ပြီး အသီးကို ကြိတ်၍လည်း အရေပြား ရောဂါများကို လိမ်းပေး နိုင်သည်။ စိန်နှင့် သံပရာစား မိပါက ကင်ပွန်းသီး ပြုတ်ရည် လက်ဖက်ရည် ပန်းကန်တစ်လုံးခန့် တိုက်ပေးပါက ပြန်အန် ထွက်စေသည်။ မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌ ကင်ပွန်းသီးကို အသုံးချ နိုင်သည်။

ကင်ပွန်းသီး ပြုတ်ရည်ကို တရော်ပင် အခေါက်နှင့် တွဲ၍ အမျိုးသမီးများက ဆံပင်သန်ဆေး အဖြစ် ခေါင်းလျှော်လေ့ ရှိကြသည်။ ကင်ပွန်းသီး ပြုတ်ရည်က ဆံပင်တွင် ကပ်ငြိနေသော ကြေးညှော်ကို တိုက်ချပေးသည့် အပြင် ဦးရေကို အေးစေသဖြင့် အနံ့အသက် ကင်းသန့်ရှင်းပြီး ဆံပင်သန်စွမ်း ဖြောင့်စင်း မည်းနက်သည်။ မြန်မာနှစ်ဦး နှစ်သစ်ချိန်ခါ ခေါင်းလျှော်ဓလေ့ အစဉ်အလာတွင် တရော်ကင်ပွန်း အသုံးပြုသည်ကို တွေ့ရသည်။

ဆေးဖက်ဝင် ကင်ပွန်းချဉ်၏ ရုက္ခဗေဒ အမည်မှာ အေကာစီယာ ကွန်စင်းနား (Acacia concinna) ဖြစ်သည်။ သမားလက်စွဲခေါ် ဆေးအဘိဓာန် အဖွင့်ကျမ်းတွင် ''ကင်ပွန်း ရွက်သည် အပူကြောင့် ဖြစ်သော အခိုးအကင်းကို လည်းကောင်း၊ ဝမ်းရပ်ခြင်းကို လည်းကောင်း ပြုတတ်၏။ သည်းခြေကို ငြိမ်းစေ၏''ဟု ဖော်ပြထားသည်။ ဤသို့ ပူပြင်းသော ရာသီဥတုနှင့် လိုက်ဖက် လှသော ဆေးဖက်ဝင် ကင်ပွန်းချဉ်ကို ကျန်းမာသုတ အဖြစ် ရေးသား တင်ပြ လိုက်ရပါသည်။ ။

Monday, June 3, 2013

VZO CHAT ကို ANDROID ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ


Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ ။ ဖုန်းကနေ PC သို့ ။ PC ကနေ ဖုန်းသို့ လှန်းပြီး Video Call ချက်နိုင်ပါပြီ ။


တကယ်တော့ VZO Chat ဆော့ဝဲကိုဟာ မြန်မာ Developer တွေ ရေးထားတဲ့ Program တစ်ခုပါ ။
ယခုအခါမှာ Android ဖုန်းအတွက်လဲ မြန်မာDeveloper များ ထွက်ရှိပေးလို့ လာပါပြီ ။


VZO Chat ဆော့ဝဲကိုလဲ Conferendo Video Chat ဆိုပြီးနာမည် ပြောင်းလိုက်ပါပြီ ။ သင့် PC မှာရှိတဲ့ VZO ဆော့ဝဲကို အပ်ဒိတ်လုပ်လိုက်ပါ ။


www.vzochat.com ကိုလဲ www.t3.conferen.do/en/ သို့ အမည်ပြောင်းလိုက်ပါပြီ ။


"""" သင့်လက်ရှိ VZO အကောင့်ကို ထည့်ပြီး အသုံးပြုနိုင်ပါပြီ """"


VZO ဆော့ဝဲကို လိုချင်သူများ ဒီမှာဒေါင်းယူပါhttp://freemobilesharing.blogspot.com/2013/05/conferendo-video-chat-for-android-pc.html#.UZbXlhIrZFg


website နှင့် VZOchat application တို့ကို မွမ်းမံပြင်ဆင်ကာ နောက်ဆုံးပေါ် version အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ တင်ဆက်ပေးလိုက်ပါပြီ။ ယခုအချိန်မှစပြီး ၀န်ဆောင်မှုကို မြန်မာဘာသာဖြင့် မြင်တွေ့နိုင်ပါ ပြီ။ အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရှိပါလျှင် ကျွန်ုပ်တို့အား လွတ်လပ်စွာ ဆက်သွယ်ပြောဆို ပြင်ဆင်ပေးနိုင်ပါတယ်ခင်ဗျာ ။
ကျေးဇူးတင်ပါ တယ် ခင်ဗျား။


မူရင်းဆိုက်ရဲ့ အပေါ်နားမှာ နိုင်ငံအလံတွေပြထားပါတယ် နှိပ်လိုက်ပြီး ကြိုက်တဲ့နိုင်ငံအလံကိုရွေးလိုက်ပါ ဆိုက်ကို Language ပြောင်းပြီးဖတ်ရှု လေ့လာနိုင်ပါတယ် ။ မြန်မာအလံကိုနှိက်လိုက်ရင် မြန်မာဘာသာနဲ့လေ့လာနိုင်ပါတယ် တိုက်ရိုက်သွားချင်ရင်တော့ ဒီမှာနှိပ်ပါ


http://t3.conferen.do/my/


လေးစားစွာဖြင့်၊ VZOchat အသင်း
www.vzochat.com
www.conferendo.com
www.facebook.com/conferendo




အားလုံးပဲ အဆင်ပြေကြပါစေ.....။

Sunday, June 2, 2013

အိမ်

အိမ်မှာနေရတာ မွန်းကျပ်လို့
အိမ်နဲ့ဝေးရာ ထွက်သွားချင်နေလား?
အိမ်ပြန်ချင်တာ တပိုင်းသေပြီး
အခြေအနေကြောင့် အိမ်နဲ့ဝေးနေရသူတွေ
ဒုနဲ့ဒေးရှိတယ်။

အိမ်မှာအမေက ပူညံပူညံလုပ်လွန်းလို့
တစ်ယောက်ထဲ နေချင်နေလား?
အမေ့အသံ တမ်းတလွန်းလို့
ဖုန်းပြောပြီး ကျေနပ်နေရသူတွေ
တစ်ပုံကြီးရှိတယ်။

အိမ်မှာအဖေက တဖွဖွဆုံးမလွန်းလို့
နားညီးတယ်ဆိုပြီး စိတ်လေနေသလား?
ပြသနာဖြစ်ရင် တိုင်ပင်စရာမရှိ
အဖေ့ တ ပြီး မှားမှားမှန်မှန်
ကိုယ်မှားကိုယ်ခံ အဖေ့အဆုံးအမခံချင်သူတွေ
အများကြီးရှိတယ်။

နေမကောင်းဖြစ်ရင် ကိုယ့်ကိုကိုယ်ဆေးကုရတာ
သူများမိသားစုတွေတွေ့ရင် အားကျရတာ
လဲကျသွားလည်း ကိုယ့်ဘာသာကိုယ်ကုန်းရုန်းထရတာ
အဆင်မပြေမှူ့တွေ အားငယ်မှူ့တွေ
ကိုယ့်ဘာသာကိုယ် ကျိတ်မှိတ်မြိုချရတာ
အိမ်ပြန်လာလို့ ကြိုဆိုသူမရှိ
အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်
စက်ရုပ်တရုပ်လို ဖြတ်သန်းရတာ
ခြောက်ကပ်ကပ်ထမင်းဝိုင်းကြည့်ပြီး အိမ်ကအမေ့လက်ရာ
တမ်းတနေသူတွေ အများကြီးကြားထဲမှာ
အိမ်နဲ့ဝေးရာ သွားချင်တယ်ဆိုရင်တော့
နင့်မှအပြင် ငမိုက်သားရှိပဦးမလား။

မိသားစုတန်ဖိုးနားလည်တတ်ကြပါစေ။

Related Posts Plugin for WordPress, Blogger...